အမှတ်တမဲ့မှ အမှတ်တရသို့

unyuntsoeOctober 4, 20111min1070

အမှတ်တမဲ့ မှ မမျှော် လင့် ပဲဖြစ်တာလေးတွေကိုနောင်ကာလများစွာကုန်လွန်သွားသော်လည်းကိုစိုးလူ

အတွေးမှာ အမှတ်တရနေ့များစွာသို့……..

ဆယ်တန်းအောင်ပြီးတော့ဒေသကောလိပ်ကျောင်းစတက်တဲ့နေ့မှာ..ကျောင်းသူတွေကရှေ့မှာထိုင်ကြတယ်ကို

စိုးလူတို့ကျောင်းသားတွေက မေဂျာတူကျောင်းသူအချောအလှလေးတွေကိုရွေးပြီးပါလာတဲ့ဗလာစာအုပ်ထဲက

စာရွက်ယူပြီးမျှားကလေးတွေလုပ်ပြီးပစ်ကြတယ်…မောင်မယ်သစ်လွင်တွေဆိုတော့မချောလေးတွေရဲ့
ဆံပင်တွေထဲမှာ မျှားတွေစိုက်သွားတယ်..သူတို့ စိတ်ဆိုးတဲ့အမူအယာမပြတော့ ကိုစိုးလူလည်းအား
ကျပြီးပစ်ဖို့လုပ်တယ်..ခုံတန်းမှာအတူထိုင်နေတာကကိုစောအောင်(ရန်ကုန်သား)၊ကိုစိန်ဝင်း၊ကိုမြင့်ဦးတို့
လို… လိုက်ပစ်ဖို့လုပ်တယ် .. ရှေ့မှာကပ်လျှက် မချောလေးယောက်လည်းထိုင်နေတယ်…အတုမြင်
အတတ်သင် ကိုစိုးလူလိုက်လုပ်တာပါပဲ… ကိုစိုးလူရှေ့ဆုံးတန်းကို လှမ်းပစ်တယ် … စာရွက်မျှားလေး
ပေါ့… အရှိန်အားထဲ့ပစ်လိုက်တယ်… ရှေ့ဆုံးကို မသွားပဲ ရှေ့ခုံမှာကပ်ထိုင်နေတဲ့ မချောလေးရဲ့ဆံပင်
ထဲကိုစိုက်ဝင်သွားတယ်.. အဲဒီအချိန်မှာ ကိုစိန်ဝင်းတို့လည်း ရှေ့ကိုပစ်ဖို့အားယူနေတုန်း မချောလေး
လှည့်အကြည့်နဲ့တွေ့ပြီး“ ဘယ်လိုဖြစ်နေတာလည်း အိန္ဒြေကိုမရဘူး”
“ အယ်.. သူများလည်းဟုတ်ပဲနဲ့ ..”
လို့သူငယ်ချင်းတွေကပြောကြတယ်.. ဒါပေမယ့် သူခေါင်းကို အရှိန်ပြင်းပြင်းစိုက်ဝင်သွားတာ
ဖြစ်တဲ့အတွက် သူ့မျက်နှာဖြူဖြူလေးဟာ ပန်းရောင်သမ်းပြီး စိတ်ဆိုးနေတယ်.. ကိုစိုးလူလည်း ငြိမ်နေမိ
တယ် သူငယ်ချင်းတွေကတော့ တို့လည်းဟုတ်ပဲနဲ့တို့လည်းဟုတ်ပဲနဲ့လို့ ကြားအောင်ပြောနေတယ်..
အဲဒီမှာ ကဗျာတစ်ပုဒ်ကို ကိုစိုးလူစပ်မိတယ်…အဲဒီကဗျာလေးကို သူတို့ရှေ့ခုံတန်းကို ပေးဖတ်လိုက်
တယ်….အဲဒီကဗျာလေးဖတ်ပြီးချိန်မှာတော့ မချောလေးရဲ့ စိတ်ဆိုးနေတဲ့မျက်နှာလေးဟာ အပြုံးပန်း
လေးဆင်ပြီး ခင်မင်မှုစကားများ ရရှိစေခဲ့ပါတယ်..ကြည်မသာမျက်နှာထားနဲ့မြင်သူများ စိတ်ပျက်ဖွယ်၊

အကြောင်းရယ်ဘယ်ကစပြောပြပါကွယ်။မျက်ထားရယ်ညိုပါနဲ့လားစိတ်ထားရယ်ဖြူစွာကွဲ့ထား၊
သည်မူယာမင်းမှာ ကျင့်လျှင်ကောင်းမယ်ထင်သား ။အဲဒီကဗျာလေးကို စပ်ပြီးတော့ ကိုယ့်သူငယ်
ချင်းတွေ အချင်းချင်းဖတ်ပြီး ရှေ့ခုံကိုပို့လိုက်တယ်ရှေ့ခုံက မချော်လေးအဖွဲ့နဲ့ ကိုစိုးလူတို့အဖွဲ့ ရင်းနှီး
ခင်မင်မှု ကျောင်းစတတ်တတ်ခြင်းနေ့မှာပဲ ရရှိခဲ့ပါတယ်… ကိုစိန်ဝင်းတစ်ယောက်ကတော့ ကျောင်းပြီး
သည်အထိ ချစ်သူအဖြစ်တွဲပြီး အိမ်ထောင်ကျသည်အထိ စက္ကူမျှားလေးရဲ့ ဖူးစာပါပဲ…
ကိုစိုးလူတစ်ယောက်မှာတော့ စက္ကူမျှားလေးဟာ ကဗျာလေးကို မွေးဖွားပေးခဲ့ပါတယ်.. ခင်မင်
ရင်းနှီးပျော်ရွှင်မှုများကို လည်းရရှိခဲ့ပါတယ်.. သို့သော်တက္ကသိုလ်ကျောင်းသားများ အဖြစ်မေဂျာများကွဲသွား
ကြတယ် …. အမှတ်တမဲ့မှ အမှတ်တရ ခင်မင်မှုများအနေဝေးသွားကြတော့ ကြားလေပဲသွေးသလား
ကိုစိုးလူမစဉ်းစားမိတတ်ပါဘူး … နုနယ်တဲ့အရွယ်မှာ ဘယ်ဟာအမှန် ဘယ်ဟာအမှားလည်း မခွဲခြား
တတ်လေတော့ ကောလိပ်တက္ကသိုလ် အမှတ်တမဲ့နဲ့
အမှတ်တရများစွာဟာ အဖြေမသိသော ပုဒ်စာများတွက်ရင်း ယနေ့တိုင် အဖြေရှာဆဲပါပဲလေ….
(ရွှေရည်စိုး)