ရွှေစံချိန်စံနစ်ဆိုရာဝယ်..

thit minOctober 8, 20111min2267

{ပထမတော့ကိုနေဝန်းနီးကိုကော်မန့်ရေးနေတာပဲ၊ နောက်တော့ရေးရင်းနဲ့ဆွေးနွေးစေချင်လို့ပို့စ်ဖြစ်သွား ပါတယ်၊ }

ရွှေစံချိန်စံနစ်(gold standard)ကို၁၈၁၃ ခုနှစ်ဂရိတ်ဗြိတိန်မှာ စခဲ့ပြီး၁၈ရာစုအလယ်လောက်က

ဥရောပမှာကျင့်သုံးရင်းကနေ တဖြည်းဖြည်းပြန့်နှံ့လာခဲ့ရာက၊ ၁၉၃ဝခုနှစ်ရဲ့

(စူးအက်တူးမြောင်းအပြီးမှာဝယ်မဲ့သူမှန်းပြီး ပစ္စည်းတွေစွပ်ထုတ်တာကစတဲ့)ကမာ္ဘစီးပွါးပျက်ကပ် ကြောင့်

အဲဒီတကြိမ်(ကျင့်သုံးနေခဲ့တဲ့ဥရောပနိုင်ငံ)တချို့က မကျင့်သုံးခဲ့တော့တာရှိခဲ့ပါသေးတယ်။

၁၉၄၄ ခုနှစ်မှာဘရိုက်တန်ဝုဒ်(Bretton Woods, New Hampshireမှာကျင်းပခဲ့တာပါ)

သဘောတူညီချက်နဲ့အပြည်ပြည်ဆိုင်ရာငွေကြေးရံပုံငွေအဖွဲ့(International Monetary Fund- IMF)

ကိုထူထောင်ခဲ့ပါတယ်။

၁၉၄၆ခုနှစ်မှာ ကုန်သွယ်ရေးလိုအပ်ချက်အရအမေရိကန်ဒေါ်လာကိုချိတ်ဆက ်(Peg)ပြီး၊ ရွှေကိုပုံသေ တန်ဖိုး(fix)

ထားတဲ့ရွှေစံချိန်စံနစ်ကို အဲဒီတုန်းကလက်မှတ်ထိုးခဲ့ကြတဲ့ ၄၅ နိုင်ငံက သဘောတူခဲ့ကြပါတယ်။ ၁၉၄၇

ခုနှစ်မှာအဲဒီဘရိုက်တန်ဝုဒ်ကပဲဂတ်(General Agreement on Tariffs and Trade-GATT)ကိုထူထောင်ခဲ့ပြီးအဲဒီ

(GATT)အဖွဲ့ကြီးကပဲ ၁၉၉၅ ခုနှစ်မှာ (World Trade Organization- WTO) ရယ်လို့ဖြစ်လာတာပါ။

ရွှေစံချိန်စံနစ်က အားသာချက်တွေရှိပေမဲ့အားနည်းချက်တွေများခဲ့တဲ့စံနစ်တခုပါ။

အားနဲချက်များစွာထဲကထင်ရှားတာ တခုကိုပြောရရင်တူးလို့ရတဲ့ရွှေပမာဏဟာနိုင်ငံတကာ

ကုန်သွယ်ရေးအားကောင်းလာတဲ့ရေရှည်မှာ ကိုယ်နိုင်ငံကလည်ပတ်သုံးစွဲနေတဲ့ငွေကြေး(circulation money)

ကို ကာဗာ မဖြစ်နိုင်တော့ပါဘူးတဲ့။

ဒီလိုနဲ့၁၉၇၁ခုနှစ်ဩဂုတ်လ၁၅ ရက်နေ့မှာရွှေစံချိန်စံနစ်ကိုဖျက်သိမ်းခဲ့တယ်လို့ဆိုပါတယ်။

(အာမခံရွှေတွေလဲပြန်ထုတ်ယူခဲ့ကြတဲ့အသေးစိတ်ကိုတော့မသိပါဘူးနော်)  ပြီးတော့ငွေကြေး

ပေါ်လစီအရချိတ်သင့်ချိတ်၊ မျှောသင့်မျှောရမဲ့ဒီလိုခေတ်မှာရွှေစံချိန်စံနစ်က သုံးလို့မရနိုင်တော့ပါဘူး။

ငွေမာတယ်ဆိုတာ အဲဒီနိုင်ငံရဲ့ကုန်သွယ်ရေးအသာရမှု(Trade surplus)နဲ့သာ

တိုင်းတာတဲ့ခေတ်ကိုရောက်သွားပါပြီ။  ခုဆို၂၀၁ဝခုနှစ်မှာကုန်သွယ်ရေး လိုငွေပြမှု(Trade deficit)

အတွက်ပြည်ပငွေပေးငွေယူရှင်းတမ်း မှာအန်ကယ်ဆမ်ကြီး(USA)ကပေါက်ဖော်တရုတ်ကိုဘီလီယံ ၅၀၀

ကျော်ပေးစရာရှိသွားခဲ့ပါတယ်။ ဈေးကွက်ရှယ်ရာကြီးသူနိုင် စတမ်းဖြစ်လို့အသာစီးမရတော့တဲ့

အန်ကယ်ဆမ်ရဲ့ငွေကြေးဈေးကွက ်ပျက်ပါတော့တယ်။  ဘာဘဲဖြစ်ဖြစ်တွက်ချက်ရလွယ်ကူအောင်၊

နားလည်လွယ်အောင်အိုင်အမ်အက်ဖ်ကတော့ကန်ဒေါ်လာနဲ့ သူ့ရဲစာရင်းဇယားများကိုဖော်ပြနေရမှာပါ။

ခုနေလုပ်ချင်ရင်တော့တခုတော့ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ငွေကြေးစံနစ်ကိုအာဆီယမ်နိုင်ငံတခုခုနဲ့

ချိတ်ဆက်တဲ့နည်းပါပဲ။  ဒါကလဲ ကြွက်နဲ့ဖားကြိုးတူတူချည်ထားတာမျိုးပါပဲ။  ကုန်းပေါ်မှာတော့အိုကေမှာပါ။

ဖားရေထဲဆင်းရင်ကြွက်သေရမှာပါ။  အကောင်းဆုံးကတော့နိုင်ငံတခုအနေနဲ့နိုင်ငံတကာဈေးကွက်မှာ

သင့်သလောက်ကုန်သွယ်မှု ှုဈေးကွက်ရှယ်ရာပါနိုင်ရနိုင်ရေးပါ။  သယံဇာတတွေဒီအတိုင်းရောင်းစားမဲ့အစား

ကုန်ချောထုတ်ရောင်း (Value added)စံနစ်ကိုကျင့်သုံးရမယ် ဆိုတာလူတိုင်းသိတဲ့ကိတ်စပါ။

ကိုယ်နိုင်ငံမှာစက်ကိရိ ယာနဲ့နည်းပညာမပြည့်စုံရင်အခုကိုယ်သယံဇာတကိုဝယ်ပြီး

ကုန်ချောထုတ်နေတဲ့နိုင်ငံကိုဒီမှာလာထုတ် ဆိုပြီးအကျိုးတူပူးပေါင်းတဲ့နည်းရှိပါတယ်။

ဒီအတိုင်းတော့မရောင်းတော့ဘူးဆိုရင်သူတို့လဲလာရမှာပါ။  ဝက်သားထုတ်ထိုး

သယ်ဝက်သားရှိရာလာရမှာပေါ့မဟုတ်ဘူးလား။  ဒို့ကပစ္စည်းဆိုက်မယ်မင်းတို့က စက်နဲ့ငွေစိုက်ပေါ့နော်။

{အဲဒီလောက်တော့လဲ(Economic and Social Commission for Asia and the Pacific-Escap)မှာ

အကြာကြီးလုပ်လာခဲ့တဲ့ ဒေါက်တာမောင်မြင့်ပြောမယ်လို့ထင်ပါတယ်။ ထားပါတော့။ }

နိုင်ငံတနိုင်ငံဟာသူ့ဝင်ငွေရဲ့၁ဝရာခိုင်နှုန်း ကိုပြန်လည်ရင်းနှီးမြုပ်နှံမှုမပြုနိုင်သရွေ့တိုးတက်ဖို့ မဖြစ်နိုင်ပါဘူးတဲ့။

လွယ်လွယ်စဉ်းစားရင်မြန်မာပြည်ကလူတယောက်စီတိုင်းက ကိုယ်ဝင်ငွေရဲ့ဆယ်ပုံတပုံကိုစုနိုင်ဘီဆို ရင်အဲဒီနေ့

ကစပြီးစီးပွါးဖွံ့ဖြိုး တိုးတက်မဲ့လမ်းကြောင်းပေါ်ရောက်ပါပြီ။ အရှိန်မပျက်တော့ဂရုစိုက် ရအုန်းမှာနော်။

ငါးနှစ်ဆက်တိုက်သွားနိုင်ရင်တော့အိုကေပါတယ်တဲ့။  နိုင်ငံတကာဈေးကွက်မှာသင့်

သလောက်ကုန်သွယ်မှုဈေးကွက်ရှယ်ရာပါနိုင်လာပြီဆိုတဲ့ အဆင့်တခုကိုရောက်လာရင်

ဘယ်လိုငွေကြေးစံနစ်ကျင့်သုံးရမယ်ဆိုတာ(ထိုင်းတို့လို)မုဆိုး စိုင်သင်ဖြစ် လာမှာမို့

ငွေကြေးပေါ်လစီအတွက်ဆိုရင်တော့ခုနှယ်ခါ(သုမောင်၏စကားလုံး) စဉ်းစားရင်စောနေပါသေးတယ်လို့

ထင်မြင်မိပါကြောင်းပါခင်ဗျာ။

7 comments

  • padonmar

    October 8, 2011 at 4:22 am

    “(Value added)စံနစ်ကိုကျင့်သုံးရမယ် ဆိုတာလူတိုင်းသိတဲ့ကိတ်စပါ။ကိုယ်နိုင်ငံမှာစက်ကိရိ ယာနဲ့နည်းပညာမပြည့်စုံရင်အခုကိုယ်သယံဇာတကိုဝယ်ပြီးကုန်ချောထုတ်နေတဲ့နိုင်ငံကိုဒီမှာလာထုတ် ဆိုပြီးအကျိုးတူပူးပေါင်းတဲ့နည်းရှိပါတယ်။ဒီအတိုင်းတော့မရောင်းတော့ဘူးဆိုရင်သူတို့လဲလာရမှာပါ။ ဝက်သားထုတ်ထိုးသယ်ဝက်သားရှိရာလာရမှာပေါ့မဟုတ်ဘူးလား။ ဒို့ကပစ္စည်းဆိုက်မယ်မင်းတို့က
    စက်နဲ့ငွေဆိုက်ပေါ့နော်။
    {အဲဒီလောက်တော့လဲ(Economic and Social Commission for Asia and
    the Pacific-Escap)မှာအကြာကြီးလုပ်လာခဲ့တဲ့ ဒေါက်တာမောင်မြင့်ပြောမယ်လို့ထင်ပါတယ်။”
    အခုထိတော့ အဲဒီလို မမူနိုင်သေးဘူး၊ဆန်တောင်မှ ၂၅မှတ်ဆန်မှ ပို့လို့ရမယ်ဆိုတော့ ဆန်ကောင်းတွေကို ဆန်ကွဲနဲ့ ပြန် ရောပို့ကြရတယ်။
    ပဲဆိုလည်း အခွံချွတ်ရောင်းတာလေးတောင် မှန်မှန်မလည်ပတ်နိုင်သေးဘူး၊
    အစိုးရပိုင်းကလည်း value added လုပ်မယ့်သူတွေကို privilege ပေးတာမျိုးလေးတွေ လုပ်ပေးနိုင်ရင် ပိုကောင်းမှာပါ။

    ငွေကြေးစနစ်အရတော့ အသားကျနေတဲ့ ကန်ဒေါ်လာကနေဘဲ အခြေခံရမယ်ထင်ပါတယ်။

  • kai

    October 8, 2011 at 5:48 am

    က်ိုရင်နေဝန်းနီစာမှာပြန်စာရေးပြီးမှ.. ဒါဖတ်မိတာမို့.. ကျန်လူတွေလည်းဖတ်မိအောင်.. ရွှေစံချိန်အကြောင်း ဆက်ကူးတင်လိုက်ပါတယ.်.။
    ငွေကြေးအကြောင်းလည်း ပါတာမို့.. ဖတ်ရင်အကျိုးရှိမယ် ထင်တာပါပဲ..။
    မြန်မာပြည်က..မြေပေါ်မြေအောက် သယံဇာတ၊ပယံကတတွေ အဓိကထုတ်ရောင်းရပ်တည်နေတဲ့.. တိုင်းပြည်မို့..value added လုပ် နိုင်ရင်..ဘာလုပ်လုပ်အကျိုးရှိမယ်ထင်မိတယ်.။

    နောက်တခုက.. အကြွေးစံနစ်သေချာလုပ်နိုင်ဖို့.. အင်မတန်လိုနေတယ်ထင်မိတယ်..။ လူတွေကို..များများ အကြွေးချပေးစေလိုတာပါ..။ 🙂

    =============
    What Was The Gold Standard?
    The Gold Standard vs. Fiat Money

    From Mike Moffatt, former About.com Guide

    Definition of the Gold Standard
    My normally extensive Economics Glossary does not have an entry on the gold standard, so we’ll have to look elsewhere for a definition. An extensive essay on the gold standard on The Encyclopedia of Economics and Liberty defines the gold standard as “a commitment by participating countries to fix the prices of their domestic currencies in terms of a specified amount of gold. National money and other forms of money (bank deposits and notes) were freely converted into gold at the fixed price.” A county under the gold standard would set a price for gold, say $100 an ounce and would buy and sell gold at that price. This effectively sets a value for the currency; in our fictional example $1 would be worth 1/100th of an ounce of gold. Other precious metals could be used to set a monetary standard; silver standards were common in the 1800s. A combination of the gold and silver standard is known as bimetallism.
    A Very Brief History of the Gold Standard
    If you would like to learn about the history of money in detail, there is an excellent site called A Comparative Chronology of Money which details the important places and dates in monetary history. During most of the 1800s the United States was had a bimetallic system of money, however it was essentially on a gold standard as very little silver was traded. A true gold standard came to fruition in 1900 with the passage of the Gold Standard Act. The gold standard effectively came to an end in 1933 when President Franklin D. Roosevelt outlawed private gold ownership (except for the purposes of jewelery). The Bretton Woods System, enacted in 1946 created a system of fixed exchange rates that allowed governments to sell their gold to the United States treasury at the price of $35/ounce. “The Bretton Woods system ended on August 15, 1971, when President Richard Nixon ended trading of gold at the fixed price of $35/ounce. At that point for the first time in history, formal links between the major world currencies and real commodities were severed”. The gold standard has not been used in any major economy since that time.

    What Do We Use Today?
    Almost every country, including the United States, is on a system of fiat money, which the glossary defines as “money that is intrinsically useless; is used only as a medium of exchange”. We saw in the article “Why Does Money Have Value” that the value of money is set by the supply and demand for money and the supply and demand for other goods and services in the economy. The prices for those goods and services, including gold and silver, are allowed to fluctuate based on market forces. Next we’ll look at how the monetary system used can change other variables in the economy.

    The Benefits and Costs of a Gold Standard
    The main benefit of a gold standard is that it insures a relatively low level of inflation. In articles such as “What is the Demand for Money?” we’ve seen that inflation is caused by a combination of four factors:

    The supply of money goes up.
    The supply of goods goes down.
    Demand for money goes down.
    Demand for goods goes up.

    So long as the supply of gold does not change too quickly, then the supply of money will stay relatively stable. The gold standard prevents a country from printing too much money. If the supply of money rises too fast, then people will exchange money (which has become less scarce) for gold (which has not). If this goes on too long, then the treasury will eventually run out of gold. A gold standard restricts the Federal Reserve from enacting policies which significantly alter the growth of the money supply which in turn limits the inflation rate of a country. The gold standard also changes the face of the foreign exchange market. If Canada is on the gold standard and has set the price of gold at $100 an ounce, and Mexico is also on the gold standard and set the price of gold at 5000 pesos an ounce, then 1 Canadian Dollar must be worth 50 pesos. The extensive use of gold standards implies a system of fixed exchange rates. If all countries are on a gold standard, there is then only one real currency, gold, from which all others derive their value. The stability the gold standard cause in the foreign exchange market is often cited as one of the benefits of the system.

    The stability caused by the gold standard is also the biggest drawback in having one. Exchange rates are not allowed to respond to changing circumstances in countries. A gold standard severely limits the stabilization policies the Federal Reserve can use. Because of these factors, countries with gold standards tend to have severe economic shocks. Economist Michael D. Bordo explains:

    “Because economies under the gold standard were so vulnerable to real and monetary shocks, prices were highly unstable in the short run. A measure of short-term price instability is the coefficient of variation, which is the ratio of the standard deviation of annual percentage changes in the price level to the average annual percentage change. The higher the coefficient of variation, the greater the short-term instability. For the United States between 1879 and 1913, the coefficient was 17.0, which is quite high. Between 1946 and 1990 it was only 0.8.

    Moreover, because the gold standard gives government very little discretion to use monetary policy, economies on the gold standard are less able to avoid or offset either monetary or real shocks. Real output, therefore, is more variable under the gold standard. The coefficient of variation for real output was 3.5 between 1879 and 1913, and only 1.5 between 1946 and 1990. Not coincidentally, since the government could not have discretion over monetary policy, unemployment was higher during the gold standard. It averaged 6.8 percent in the United States between 1879 and 1913 versus 5.6 percent between 1946 and 1990.”

    So it would appear that the major benefit to the gold standard is that it can prevent long-term inflation in a country. However, as Brad DeLong points out, “if you do not trust a central bank to keep inflation low, why should you trust it to remain on the gold standard for generations?” It does not look like the gold standard will make a return to the United States anytime in the foreseeable future.

  • koyinmaung

    October 8, 2011 at 9:58 am

    ဒီလိုအကျိုးရှိမဲ့စာမျိုးများများရေစေချင်ပါတယ်
    အားပေးပါတယ်….
    ကိုယ်မသိသေးတဲ့အကြောင်းအရာတွေပါ…..
    ဗဟုသုတရပါတယ်….

  • naywoonni

    October 8, 2011 at 10:34 pm

    ဒါဖြင့် ဒီလိုမျိုးနဲ့ မိုးချုပ်သွားမယ်နဲ့တူပါရဲ့ ကိုရင်သစ်မင်းရေ………

    • thit min

      October 10, 2011 at 1:35 am

      ကိုနေဝန်းနီရေ………
      စီးပွါးရေးပညာမှာကိုယ်ပျောက်လက်ဆိုတာရှိပါတယ်။
      ၁၇၇၆ခုနှစ်မှာ Adman Smith ပြောသွားခဲ့တာပါ။အခုအစိုးရသစ်လက်ထက်မှာကိုယ်ပျောက်လက်အစွမ်းပြ
      မယ်ထင်ပါရဲ့။

  • unclegyi1974

    October 8, 2011 at 11:22 pm

    သူကြီးသူကြီးနဲ့နာမည်ကြီးနေတာမြန်မာနိုင်ငံလို
    အကြွေးရဆင်သက်စေ့လှူ နောက်မှနောက်ဆိုတဲ့လူတွေများတဲ့နိုင်ငံမှာအကြွေး
    များများပေးစေချင်နေတာလူတွေအကုန်ထောင်ထဲပို့နေတာလားဟင်

    • kai

      October 10, 2011 at 10:55 am

      ဒီလို.. အန်ကယ်ကြီးရဲ့..။
      ယူအက်စ်နဲ့..မစ်ဒယ်အိစ်နဲ့.. ၉၊၁၁ အပြိး..တင်းမာမှုတွေဖြစ်တော့..
      အာရပ်သူဌေးတွေက.. ယူအက်စ်မှာရင်းနှီးမြုတ်နှံတာတွေမလုပ်ကြဖို့.. နိုးဆော်ကြတယ်..။
      အဲဒီစာတန်းဖတ်ဖူးတယ်.။
      အဲဒီမှာ.. အမေရိကားထဲ..ကက်ရှ်(ငွေသား) ၁ဒေါ်လာရင်းနှီးမြုတ်နှံရင်.. ယူအက်စ်အစိုးရရဲ့ဖန်တီးထားမှုနဲ့.. စံနစ်တွေကြောင့်.. ကမ္ဘာ့ငွေကြေးလည်ပါတ်မှုထဲ.. ရဆတက်..ရဒေါ်လာဖြစ်သွားတယ်.. တဲ့..။

      မြန်မာတွေမှာ..အကြွေးစံနစ်မရှိဘူး..။
      ငွေကက်ရှ် တသိန်းသမားက.. ၁သိန်းပဲသုံးတယ်..။ သုံးနိုင်တယ်..။
      တကယ်က..ကက်ရှ် ၁သိန်းအပေါင်..အာမခံထားပြိး. ၂သိန်းချေးလို့ရသင့်တာပေါ့.။
      ချေးရငွေ ၂သိန်းကို.. ၁လနောက်ဆုတ်ပြီး မှပြန်ဆပ်လို့ရသင့်တာပေါ့..။
      ခွဲခြမ်းပြီး.. လစဉ် ပြန်ဆပ်လို့ရသင့်တာပေါ့..။

      ကုမ္ပဏီတွေရဲ့.. ယုံကြည်နိုင်မှု..ဖြစ်လာနိုင်ချေကြည့်ပြီး.. စတော့ရှယ်ယာဝယ်.. ရင်းနှိးမြုတ်နှံခွင့်ရသင့်တာပေါ့…။ အတိုးတွေ..အရင်းတွေ..ကစားသင့်တာပေါ့..

      အဲဒါမျိုးဖြစ်မှသာ.. အကြွေးလည်ပင်းနစ်နေတဲ့.. လူတွေကိုအလုပ်လုပ်စေမဲ့.. တွန်းအားတွေထွက်လာမှာပေါ့…။
      လုပ်အားတွေထွက်လာမှာပေါ့..။ ညစ်ထုတ်ကြတော့မှာပေါ့..။
      လူတွေကို တဦးချင်းစီက.. ဘယ်လောက်ယုံကြည်ရသလည်း.. တိုင်းတာနိုင်မဲ့.. စံနှုန်းတခုဖြစ်တဲ့.. အကြွေးသမိုင်း(credit history) ဖန်တီးနိုင်မှာပေါ့..

      အဲဒီလို..။ 🙂

Leave a Reply