အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း (၅၀)
ဆယ်နာရီထိုးပြီ။ တွဲထဲကလူတွေလည်း အိပ်ဖို့ပြင်ကြပြီပေါ့။အက်ခ်ရှေး အမေက ခရီးဆောင်အိတ်ကြီးထဲကနေ
မိသားစုလေးယောက်စာအတွက် အိပ်ယာခင်းတွေ ဘာတွေထုတ်ပြီး အိပ်ဖို့ ခင်းကျင်းနေတယ်။ ကလေးပေါက်စနဲ့
အမျိုးသမီးကတော့ ကျွန်တော့်ဘေးက အိပ်စင်အောက်ထပ်မယ် အိပ်ပျော်နေပြီ။ခေါင်းအုံးတွေ အိပ်ယာခင်းတွေ
ဘာတွေလည်း မရှိရှာပါဘူး။ကျွန်တော့်မှာလည်း အဲဒါတွေမပါဘူး။သိပ်လည်း အိပ်ချင်စိတ်မရှိသေးတာနဲ့ ပြတင်းပေါက်
နားကပ်ထိုင်ပြီး အပြင်ကိုငေးနေမိတယ်။ပြတင်းပေါက်က လေအေးတွေ ကျွန်တော့်မျက်နှာကို ဖြတ်တိုက်နေတာနဲ့
အိပ်ချင်စိတ်ပြေသလိုဖြစ်နေတာ။ရထားကြီးကတော့ အမှောင်ထဲမှာ တဂျုံးဂျုံးနဲ့ ပြေးလွှားလျက်ပေါ့ဗျာ။
ကျွန်တော်နဲ့ မျက်နှာချင်းဆိုင် အောက်ဘက်အိပ်စင်မှာ အက်ခ်ရှေး အမေကြီးအိပ်တယ်။အဲဒီအပေါ်မှာကျတော့
မီးနက်ခ်ရှီ။ကျွန်တော့် အပေါ်မှာ အဖေလုပ်တဲ့သူက တက်အိပ်တယ်။ အက်ခ်ရှေးကတော့ ကျွန်တော့်ဘေးက သား
အမိနှစ်ယောက် အပေါ်ထပ်မယ် အိပ်တယ်။သူတို့ အဖေကြီးကတော့ ချက်ချင်းလိုလို အိပ်ပျော်သွားပုံပဲ။သူ့ဟောက်သံ
က ခဏနဲ့ ထွက်လာတာကိုး။အမေကြီးကတော့ သူ့ကိုယ်ကို တစ်ဘက်လှည့်ပြီး စောင်လေးဆွဲခြုံလို့ ။ကျွန်တော်လည်း
ခေါင်းလေး အသာထောင်ပြီး မီးနက်ခ်ရှီကိုများ မြင်ရမလားဆိုပြီး ကဲ ကြည့်မိတယ်။ ရွှေလက်ကောက်လေး ဝတ်ထား
တဲ့ ညာဘက် လက်ကလေးပဲ မြင်ရတာ။ ကြည့်နေတုန်း သူက ဖြုန်းခနဲ ထပြီး သူ့ဖိနပ်ကို ချွတ်ချတော့ သူ့ရင်ဘက်ပေါ်
လွှမ်းထားတဲ့ ပုဝါလေးက လျှောကျသွားတော့တာပဲ။အဲဒီခဏလေးမှာ..လည်ပင်းဟိုက်ဟိုက်ချုပ်ထားတဲ့ သူ့အကျင်္ ီ
ကြောင့် ရင်သားနှစ်မြွာအပေါ်ပိုင်းကို ရှင်းရှင်းကြီး မြင်လိုက်ရပါသကော။အဲဒီမြင်ကွင်းကြောင့် အသက်ရှူမှားမတတ်ပဲ။
ပြီးတော့ ပျော်သလိုလို ဘာလိုလို စိတ်ထဲဖြစ်လာမိတယ်။သူကလည်းကျွန်တော်ကြည့်နေတာ မြင်သွားပုံရတယ်ဗျာ။
ဘာလို့လဲဆိုတော့ လျှောကျသွားတဲ့ ခြုံပုဝါကို ချက်ချင်း ရင်ဘက်ပေါ်ပြန်တင်လိုက်လို့ပါပဲ။ မျက်စောင်းတစ်ချက်လည်း
ဒိုင်း ခနဲ ထိုးလိုက်သေးတာ။
သိပ်မကြာဘူး ကျွန်တော်လည်း အိပ်ပျော်သွားတော့တာပဲ။အိပ်မက်ထဲမှာ တွေ့ကရာ ပစ္စည်းပေါင်း သောင်းခြောက်
ထောင်ဝယ်နေတာတဲ့ဗျာ။အနီရောင် ဖာရာရီ ကားတစ်စီးလည်းပါတယ်။နောက်ပြီးတော့ အပြာရောင် ဆယ်လ်ဝါခါမိဇ်
အကျင်္ ီဝမ်းဆက်နဲ့ သတို့သမီးလှလှလေးတစ်ယောက်။အိုး..ဒါတွေ အားလုံးက ရူးပီးငါးသောင်းထဲနဲ့ ဖြစ်လာတာတဲ့။
******************************
ဗိုက်ကို တစ်ခုခုနဲ့ လာထိုးနေလို့ ကျွန်တော် လန့်နိုးသွားတယ်။ကျွန်တော်လည်း အိပ်ချင်မူးတူးနဲ့ မျက်လုံးဖြဲကြည့်တော့
နှုတ်ခမ်းမွှေးထူထူနဲ့လူညိုညိုတစ်ယောက်က တုတ်ချောင်းလေးနဲ့ လာထိုးနေတာကိုး။ဟာ..အဲဒါတုတ်ချောင်းလေး
မဟုတ်ဘူးဗျို့။သေနတ်ဗျ..သေနတ်။အဲဒီလူ ညာဘက်လက်မှာကိုင်ထားတယ်။ ဘယ်သူ့ရယ်တော့ ဒဲ့ကြီး ချိန်မထားဘူး။
အဲဒီလူက ခပ်အေးအေးပဲ။လေသံမှန်မှန်လေးနဲ့ ဒီလို ကြေညာတယ်။
“ဟုတ်ကဲ့..ကျွန်တော် ဓားပြတစ်ယောက်ပါ..ဒီနေ့ က ဗုဒ္ဓဟူးနေ့”
ဓားပြကောင်က ရှပ်အကျင်္ ီအဖြူရောင်၊ ဘောင်းဘီရှည် အနက်နဲ့။ ဆံပင်ကလည်း ခပ်ရှည်ရှည်ပဲ။လူကတော့ခပ်ငယ်ငယ်ပဲ
ရှိဦးမယ်။ရိုမီယို စတိုင်နဲ့ဗျာ။ဓားပြ ရိုမီယို၊လမ်းပေါ်က ပလက်ဖောင်းမင်းသား ရိုမီယို ပေါ့။ အဲ..ကောလိပ်ကျောင်းသားလည်း
ဖြစ်နိုင်တာပဲ။ပြောသာပြောရ..ဓားပြဆိုတာ ရုပ်ရှင်ထဲသာမြင်ဖူးတာ။ အပြင်မှာတော့ ဒါပထမဦးဆုံးပါပဲ။အင်း..ရုပ်ရှင်ထဲက
ဓားပြတွေက အပြင်က ကောလိပ်ကျောင်းသားတွေနဲ့ ဝတ်စားပုံတူတာပဲလား မသိပါဘူး။ ဓားပြက ဆက်ပြောတယ်။
“ကဲ..အားလုံးကိုယ့်အိပ်ယာပေါ်ကနေ အေးအေးဆေးဆေး ဆင်းလာကြပါ..ဟီးရိုးလုပ်ဖို့ မစဉ်းစားပါနဲ့..
ပြေးဖို့ မကြိုးစားပါနဲ့..ကျုပ်လူတစ်ယောက် တံခါးပေါက်နားမယ် စောင့်နေလို့..ဟုတ်ပြီလား..ဘယ်သူမှ
ရုတ်ရုတ် ရုတ်ရုတ်မလုပ်ဘူး..ပြဿနာမရှာဘူးဆိုရင်..ဘာမှမဖြစ်စေရဘူး..ခင်ဗျားတို့ အသာတကြည်
ရှိတာထုတ်ပေးရင် ..ဆယ်မိနစ်အတွင်း ပြီးသွားမယ်..”
အက်ခ်ရှေး တို့မိသားစုလည်း သေနတ်နဲ့ထောက် အနှိုးခံရတော့ ဂယောင်ချောက်ခြား ဖြစ်နေကြတယ်။ညကြီးသန်းခေါင်
တကယ့်ကို အိပ်ပျော်နေတုန်းအတင်းအနှိုးခံရပြီဆိုရင် ဦးနှောက်က အခြေအနေကို ချက်ခြင်း တုန့်ပြန်နိုင်မှာမဟုတ်လောက်ဘူး။
အချိန်နည်းနည်းတော့ ပေးရမယ်။
ခု ကျွန်တော်တို့ အားလုံး အောက်မှာ ငုတ်တုတ်ေလေးတွေထိုင်နေရတယ်။ အက်ခ်ရှေးတို့ သားအဖနဲ့ ကျွန်တော်က တစ်ဖက်
ထိုင်တယ်။မီးနက်ခ်ရှီတို့သားအမိနဲ့ ကလေးအမေကတစ်ဖက် ထိုင်တယ်။ကလေးပေါက်စက တွန့်လိမ်လာပြန်ပြီ။ဟော..စပြီ..ငိုပြီ။
သူ့အမေလည်း ချော့တာပဲ။မရဘူး။ကလေးဆိုတာ ဘာသိတာမှတ်လို့။ဓားပြတိုက်နေတာလည်း မသိဘူး။ သေနတ်ကြီးနဲ့
ပစ်ထည့်လိုက်ရင် သေသွားမှာလည်း မသိဘူး။သူအလိုမကျရင် ငိုမှာပဲ။ကလေးအသံကို ပိုကျယ်လာတယ်။ဓားပြကလည်း
ကလေးကို နို့တိုက်လိုက်လို့ လှမ်းပြောတယ်။ ကလေးအမေလည်း အူတိအူကြောင်ဖြစ်နေရှာတာ။ ကလေးကိုနို့တိုက်တာမှာ
နို့တစ်လုံး အသာကလေးလှန်ပြီးတိုက်လို့ရသားနဲ့ အကျင်္ ီကိုစုံပင့်လိုက်တော့..ဓားပြလည်း ပြုံးဖြဲဖြဲဖြစ်သွားတယ်။လွတ်နေ
တဲ့ နို့သီးတစ်လုံးကို ဓားပြက သွားညှစ်တော့ ကလေးအမေလည်း စူးစူးဝါးဝါးထအော်ပြီး အင်္ကျ ီနဲ့ ပြန်ဖုံးရှာတယ်။ဓားပြက
ရီ ပြီးတော့ –
“ဟားဟား..နောက်တာပါ..ဒီလိုအချိန်မှာ ဒီစိတ်မျိုး လာဖို့ မဖြစ်နိုင်ပါဘူးဗျ..ရင်သားဗလာ ထက် ခင်ဗျားတို့ခေါင်းကို
ချိန်ထားတဲ့ ကျည်အပြည့်နဲ့ သေနတ်ကိုပဲ အာရုံထားရမှာပေါ့ဗျ..မဟုတ်ဘူးလား..”
အခုတော့ ဓားပြကို ကျွန်တော်တို့ အားလုံး တထိတ်ထိတ်နဲ့ အာရုံစိုက်မိကြရပြီ။ဓားပြကတော့ သူ့အလုပ်သူစ လုပ်တယ်။ သူ့ဘယ်
ဘက်လက်ထဲမှာ အညိုရောင် အိတ်ကြမ်းကြီးတစ်လုံးကို မြှောက်ကိုင်ပြီး ညာဘက်လက်ထဲက သေနတ်ကိုဝှေ့ရမ်းလို့ –
“အိုခေ..အားလုံးပဲ ဟောဒီအိတ်ထဲကို ခင်ဗျားတို့ရဲ့ အဖိုးတန်ပစ္စည်းမှန်သမျှ ထည့်ကြပေတော့..ပိုက်ဆံအိတ်၊နာရီ..၊လက်ကိုင်အိတ်၊
ဆွဲကြိုး၊လက်ကောက်၊ နားကပ်၊ခြေကျင်း..အကျင်္ ီအိတ်ထဲက ပိုက်ဆံတောင် မချန်နဲ့ အကုန်ထည့်..ဟုတ်လား..အူကြောင်ကြောင်
လုပ်လို့ကတော့ နေရာတင် အသေပစ်သတ်မယ်..”
ဓားပြက အဲဒီလိုလည်း ပြောရော မီးနက်ခ်ရှီ အမေနဲ့ ကလေးပေါက်စ အမေတို့ နှစ်ယောက်စလုံး တစ်ပြိုင်တည်းလိုလို လန့်ဖျန့်ပြီး
အော်မိကြတယ်။ ရထားတွဲ ဟိုဘက် တစ်ခြမ်းမှာလည်း အော်သံတွေကြားရတယ်။ကြည့်ရတာ ဒီဓားပြရဲ့ ပါတနာ နောက်ဓားပြ
တစ်ကောင်လည်း လုပ်ငန်းစနေပြီ ထင်ပါရဲ့။
ဓားပြက သူ့အိတ်ကြီးကိုဖွင့်ပြီး တစ်ယောက်ချင်းစီရှေ့ရပ်လို့ ပစ္စည်းတွေ ထည့်ခိုင်းတယ်။ ကလေးပေါက်စ အမေ ကို
ဦးဆုံးထည့်ခိုင်းတာ။ကလေးအမေလည်း တုန်တုန်ရီရီနဲ့ သူ့အိတ်ညိုလေးကိုယူပြီး အထဲက နို့သီးခေါင်း နဲ့ နို့ဘူးကိုထုတ်လို့
ကျန်တာ ဓားပြအိတ်ထဲ ထည့်လိုက်တယ်။အဲဒီမှာ ကလေးက နို့လွတ်သွားလို့ ထငိုလိုက်သေးဗျ။မီးနက်ခ်ရှီကတော့ တောင့်
တောင့်ကြီးရပ်ပြီး သူ့လက်ကောက်ကိုချွတ်လို့ ဓားပြအိတ်ထဲ ထည့်ခါနီး ဓားပြက အိတ်လွှတ်ချပြီး သူ့လက်ကို ဖမ်းညှစ်လိုက်
တယ်။
“အို..မင်းက ရွှေလက်ကောက်လေးထက်တောင် ချစ်စရာကောင်းသေးတယ်..ဟင်..အချစ်ကလေး..”
မီးနက်ခ်ရှီလည်း ပြုတ်တူလို သန်ပုံရတဲ့ ဓားပြရဲ့လက်ထဲက လွတ်အောင် ကြံမိကြံရာ ရုန်းနေရှာတယ်။ဓားပြက သူ့လက်ကို
လွှတ်ပေးပြီး အကျင်္ ီ ကိုဆွဲတယ်။ မီးနက်ခ်ရှီက ပြန်ဆောင့်ရုန်းတော့ အကျင်္ ီက ပြဲထွက်သွားတယ်။အကျင်္ ီပြဲသွားတော့ အောက်က
ဘရာစီယာက ပေါ်လာတာပေါ့။ကျွန်တော်တို့လည်း လန့်ပြီး ကြောင်နေမိတယ်။မီးနက်ခ်ရှီ အဖေကတော့ ချက်ချင်း သတိပြန်ဝင်
လာပြီး သည်းမခံနိုင်တော့လို့ –
“ခွေးမသား..” ဆိုပြီး ထထိုးပါလေရောဗျို့။ဓားပြကလည်း သစ်နက်တစ်ကောင်လိုပဲ လျင်လိုက်တာ။မီးနက်ခ်ရှီကိုလွှတ်ပြီး
သူ့အဖေကြီးကိုသေနတ်ဒင်နဲ့ ကျွေးလိုက်တာ ဘိုးတော် နဖူးကွဲပြီး ပစ်လဲကျသွားတော့တာပဲ။ကွဲသွားတဲ့ ဒဏ်ရာက မသေးဘူး။
အတော်နက်တယ်။သွေးတွေ ထွက်လာတော့ ဘွားတော် ထအော်ပြန်တယ်။
“တိတ်စမ်း..အကုန်လုံးသတ်ပစ်လိုက်မယ်..”
ဓားပြက ကြိမ်းလိုက်တော့ ကျွန်တော်တို့လည်း မလှုပ်ရဲတော့ဘူး။ဟုတ်တယ်လေ..ဒီဓားပြကောင်က တကယ်ဆော်မဲ့ပုံ။ဆော်လည်း
ဆော်ပြီးပြီ။နောက်တစ်ခါဆို သေနတ်နဲ့ပစ်ဖို့ပဲရှိတော့တာ။ကျွန်တော်လည်း ကြောက်လွန်းလို့ ရင်ဝမှာ အလုံးကြီး ဆို့တက်လာသလိုပဲ။
ခြေဖျားလက်ဖျားတွေ အေးစက်ကုန်ပြီ။ ကျန်တဲ့လူတွေလည်း အသက်တောင် မှန်မှန်မရှူနိုင်တော့ဘူး။မီးနက်ခ်ရှီကတော့ ခပ်တိုးတိုး
ရှိုက်နေတုန်း။ သူ့အမေက လက်ကောက်တွေနဲ့ ပိုက်ဆံအိတ်ကို ဓားပြအိတ်ထဲထည့်လိုက်တယ်။ ဘိုးတော်လည်း ကတုန်ကရင်နဲ့
သူ့နာရီရယ် ပိုက်ဆံအိတ်ရယ်ကို ထည့်လိုက်တယ်။အက်ခ်ရှေးက သူ့ကာတွန်းစာအုပ်တွေပါ ထည့်ရမလားလို့ ဓားပြကိုသွားမေး
တယ်။ဓားပြက အက်ခ်ရှေးကို မျက်လုံးပြူးပြီးကြည့်တယ်။အက်ခ်ရှေးက တော့ အတည်ပေါက်မျက်နှာနဲ့။ဓားပြက တင်းသွားပြီး-
“စောက်ကလေး..ဟာသလုပ်တာလား..စောက်ခွက်မပြောင်နဲ့”
ပြောပြောဆိုဆိုနဲ့ ဓားပြက အက်ခ်ရှေးကို ပါးဖြတ်ရိုက်လိုက်တာ အက်ခ်ရှေးလည်း တစ်ချက်အော်ပြီး လည်ထွက်သွားတယ်။
ပြီးတော့ သူ့ပါးကိုပွတ်ပြီးဓားပြကို ကြောက်လန့်တကြားပြန်ကြည့်နေတာပေါ့။အဲဒီမြင်ကွင်းကြည့်ပြီး ကျွန်တော်လည်း
ရီချင်သလိုဖြစ်သွားတယ်။သဲထိတ်ရင်ဖို ရုပ်ရှင်ကားထဲမှာဟာသခန်းတွေ့ရသလိုပဲ။အဲဒါကို ဓားပြက မြင်သွားပြီး ကျွန်တော့်ကို
ဟောက် တယ်။
“ဟေ့ကောင်..မင်းကရော..ဘာဖြစ်လို့ ဖြီး နေတာလဲ..ကဲ..မင်းမှာ ဘာရှိလည်း ထည့်စမ်း..”
ကျွန်တော် အကျင်္ ီအိတ်ကပ်ထည့်က အိတ်စောင့် ငွေအကြွေလေးတွေထုတ်ပြီး ဓားပြအိတ်ထဲထည့်လိုက်တယ်။ လပ်ကီးအကြွေစေ့
လေးတော့ ချန်ထားတာပေါ့။နောက်..ကျွန်တော့်နာရီကို ချွတ်မယ်လုပ်တော့ ဓားပြက တစ်ချက်ကြည့်ပြီး –
“ထားလိုက်ဟေ့ကောင်..အဲဒါ အင်ကြီး ..မလိုချင်ဘူး”
ဓားပြလည်း အခန်းထဲရှိသမျှလူတွေဆီက ပါသမျှရပြီဆိုတော့ စိတ်ကျေနပ်ပြီး လှည့်ထွက်ဖို့အလုပ် အက်ခ်ရှေးက ထအော်တယ်။
“နေဦး..ခင်ဗျား.မသိတာ..တစ်ခုရှိသေးတယ်..”
ကျွန်တော်လည်း ဓားပြ ဖျတ်ခနဲ ပြန်လှည့်လာတာကို စလိုးမိုးရှင်းပြသလို မြင်နေမိတယ်။အက်ခ်ရှေးက ကျွန်တော့်လက်ညိုးထိုးပြီး –
“ဒီကောင့်ဆီမှာ ရူးပီးငါးသောင်းတောင် ပါတယ်”
အက်ခ်ရှေး ပြောလိုက်တာ ခပ်တိုးတိုးရယ်ပါ။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ ရထားတစ်စီးလုံးကြားသွားမတတ်ပဲ။
ဓားပြက အက်ခ်ရှေးကို ခက်ထန်တင်းမာတဲ့ မျက်နှာနဲ့ ကြည့်ပြီးတော့ –
“ဘာလဲ..စောက်ကလေး..နောက်ဟာသတစ်ခုလား..စောက်ခွက်ထပ်ပြောင်တာလား..ဟေ”
“မ..မဟုတ်ပါဘူး..ကျွန်..ကျွန်တော် ကျိန်ပြောရဲတယ်..”
ဓားပြက ကျွန်တော့်ဘက်တစ်ချက်လှည့်ကြည့်ပြီး –
“သူ့သေတ္တာထဲမှာလား..”
“ဟင့်အင်း..သူ့အတွင်းခံထဲမှာ စာအိတ်နဲ့ထည့်ဖွက်ထားတာ..”
ဒီတစ်ခါတော့ အက်ခ်ရှေးက ငကြွားကောင် မှတ်ဟ ဆိုတဲ့ မျက်နှာမျိုးနဲ့ ပြုံးဖြီးဖြီး လုပ်နေတယ်။ သွားပြီ..။အက်ခ်ရှေးရဲ့
ညစ်ကျယ်ကျယ်အပြုံးကို ကြည့်ပြီး ကျွန်တော် တုန်တုန်ရင်ရင် ဖြစ်လာတယ်။ကြောက်တာလား၊ ဒေါသထွက်တာလားတောင်
ကိုယ့်ဟာကိုယ် မကွဲပြားတော့ဘူး။
“အဟေး..ဟေး..” ဓားပြက ကျွန်တော့်နားကပ်လာပြီး ခပ်အေးအေး တစ်လုံးချင်းပြောတယ်။
“ကောင်လေး..မင်း ဘာသာထုတ်ပေးမလား..အားလုံးရှေ့မှာ မင်းဘောင်းဘီကို ချွတ်ပြီး ရှာယူရမလား..”
“မလုပ်နဲ့..ဒါ..ကျုပ်ပိုက်ဆံတွေ..”
ကျွန်တော်လည်း ကြုံးအော်ပြီး ဖရီးကစ်ကို ကာကွယ်မဲ့ ဘောလုံးသမားတွေလို လက်ကလေးနှစ်ဘက် ရှေ့မှာ ယှက်လို့ ကာ
ထားမိတယ်။
“ဒါ..ကျွန်တော့်လုပ်အားနဲ့ ရှာထားတဲ့ ပိုက်ဆံတွေ..ခင်ဗျားကိုမပေးနိုင်ဘူး..ခင်ဗျားနာမည်တောင် သိတာမဟုတ်ဘူး..”
လူလည်း ကြံရာမရဖြစ်ပြီး ပါးစပ်ထဲတွေ့တာလျှောက်ပြောမိတယ်။ဪ..ဓားပြတိုက်ပါတယ်ဆိုမှ..မှတ်ပုံတင်တောင်းကြည့်ရမလို
ဖြစ်နေပြီ။ဓားပြက ထ ရီတာပေါ့။
“ဟားဟား..ကျလည်းကျတဲ့ကောင်..ဓားပြကွ..ဓားပြတွေ ဘာလုပ်လည်း မင်းမသိဘူးလား..ဓားပြဆိုတာ
သူများပိုက်ဆံ ယူတာပေါ့ကွ..ဓားပြက မှတ်ပုံတင်ပြပြီး ပိုက်ဆံတောင်းရမှာလား..ကဲ..အပိုတွေလုပ်မနေနဲ့..
ပိုက်ဆံထုတ်မပေးရင်တော့ ငါကိုယ်တိုင်..မင်းဘောင်းဘီ ဆွဲချွတ်ရလိမ့်မယ်..ကောင်လေး..”
သူ့လက်ထဲက သေနတ်နဲ့ မျက်နှာနားကပ်ချိန်တော့ ကျွန်တော်လည်း မတတ်သာတော့ဘူး။
3 comments
windtalker
October 10, 2011 at 2:36 pm
ဟိုက်ရော
ဒီအပိုင်းကိုတော့ လွှတ်ကြိုက်တယ်ဗျို ့
လက်ကမြင်းတဲ့ ဓါးပြကောင် ၊ ကလေး နဲ ့ချိုလုတဲ့ ဓါးပြကောင်
ကိုဘလှိုင် ကို ဘောင်းဘီ ချွတ်မယ့် ဓါးပြကောင်
ဘောင်းဘီချွတ်ခ ငါးသောင်းပေးရမှာလား ဆိုတာကို သိရဖို ့
ဆက်စောင့်နေမယ် ဗျို ့
မောင်ဘလိူင်
October 10, 2011 at 3:39 pm
ဘယ့်နှယ်ဗျာ..အိုင်ဆေး ကိုပေ..ကျုပ်ကို ဓားပြက ဘာလို့
ဘောင်းဘီချွတ်ရမှာတုန်းဗျ..ဇာတ်လိုက်က ကျုပ်မှ မဟုတ်
တာရယ်..ဒီအမှုကိုတော့ ကျုပ်တို့ရွာက စုံထောက်ရှော်ကြီး
ဦးလန်ဘား အပ်ရလိမ့်ဗျို့။ဒါမှ ဇာတ်လိုက်လွတ်မှာ.. 🙂
MaMa
October 10, 2011 at 6:27 pm
ဒီလိုဖြစ်လာမယ်လို့ အစောကြီးကတည်းက ထင်ပြီးသား။ ဒါပေမယ့် အိမ်မက်များ ဖြစ်နေမလား မသိ။ 😛