“ကိုပေါက်လမ်းသလားနေသည် အပိုင်း(11)” (တောင်ပေါ်က စေတီနဲ့ တောင်ပေါ်ရူ့ခင်း)
“ကိုပေါက်လမ်းသလားနေသည် အပိုင်း(11)”
(တောင်ပေါ်က စေတီနဲ့ တောင်ပေါ်ရူ့ခင်း)
အရှေ့ဘက်ခြမ်းကိုသေချာကြည့်တော့ ရင်ပြင်တော်ကိုစီးမိုးထားတဲ့တောင်ကြီးရဲ့အရိပ်ကြောင့်
ပိုပြီးအေးချမ်းသွားသလိုခံစားရပါတယ်။
ရင်ပြင်တော်ကနေလက်ျာရစ် ပတ်ပြီးကြည့်ပြန်တော့ တောင်ကြီးရဲ့အောက်ခြေမှာ အိမ်ကလေးတွေ စီတန်း
အဝါရောင်အပွင့်တွေဖုံးနေတဲ့မယ်ဇလီပင်တွေကိုတွေ့ရပါတယ်။
အုံ့မိူင်းနေတဲ့မိုးတိမ်ကြားက အားယူလို့ထွက်လာတဲ့နေမင်းအရောင်က မပြူတပြူဆိုတော့
တတောင်လုံးကလဲ မပီမပြင် ဝိုးတဝါး ၊သစ်ပင်ဝါးပင်တွေနဲ့ညို့ဆိုင်းဆို်င်း၊

သစ်ပင်လေးတွေက တန်းစီလို့နေပါတယ်။
(စေတီနဲ့တောင်ထွတ်)

စိမ်းရိပ်ညိုမှောင် တောတောင်အေးရိပ်

မပီတပီနေမင်းနဲ့တောင်တန်း

(

လှပသောမြင်ကွင်းအစုံ)




မြောက်ဘက်ခြမ်းရင်ပြင်ရဲ့ဘေးမှာရှိနေတဲ့သစ်ပင်ပေါ်မှာတော့ ချစ်ခွန်းဖွဲ့သီနေတဲ့ငှက်မောင်နှံ
(စောစောစီးစီး ချစ်တေးသီတဲ့လူမောင်နှံကိုတွေ့ပေမယ့် အဆော်ခံရမှာစိုးလို့ လက်မဆောာ့ရဲပါဘူး)
အနောက်ဘက်ခြမ်းမှာ တော့ နေပူစာဘဲလှုံနေတာလား ချစ်ခွန်းဖွဲ့သီဘို့ဘဲဂွင်တွေဆင်နေသလားမသိတဲ့
ငှက်ကလေးကစုစုပေါင်း လေးကောင်။
နောက်တော့ နှစ်ကောင်တစ်တွဲစီဖြစ်လို့သွားပါတယ်။
ဒါတောင်အဖော်ကွဲနေတဲ့ငှက်ကလေးတစ်ကောင်ဘေးမှာတော့ ဘယ်ဆီကိုမသိပျံနေတဲ့ငှက်ကလေးကတစ်ကောင်
သစ်ပင်ပေါ်ကငှက်ကလေး

ငှက်ကလေးတစ်ကောင်ကတော့ အဖော်မဲ့နေသလို

ငှက်ကလေး ကလေးသုံးကောင် နားနေတဲ့ပုံပါ

ငှက်ကလေးတွေကလဲ နေပူစာလုှံတယ်ထင်ပါရဲ့

အခုတော့လေးကောင်အားလုံး စုံသွားပြီ

အရေးထဲတစ်ကောင်ဘယ်ပျောက်သွားလဲမသိဘူးနော်

ရင်ပြင်တော်ကနေအနောက်ဖက်ခြမ်းကိုကြည့်လိုက်တော့ မိုးပြာရောင်လွင်ပြင်ကြီးအောက်
ဟိုးဝေးဝေးမှာရှိနေတဲ့ တောင်တန်းပေါ်ကအိမ်တွေက တသီတတန်းကြီး။
လှမ်းမြင်ရတာ တိမ်ပင်လယ်ထဲမှာအိ်မ်တွေလွင့်နေသလိုပါဘဲ။
မြင်ရတဲ့မြင်ကွင်းက စိတ်ကို တကယ်ကြည်နူးစေပါတယ်။

ဘုရားပေါ်ကနေမြင်ရတဲ့ အဝေးကအိ်မ်ကလေးတွေ

လှသောမြင်ကွင်းလေးတွေပါ

ကျနော်တို့ကသာ နေပုံထိုင်ပုံ ပုံစံမကျတဲ့လူငယ်တွေကိုဘဲအပြစ်တင်နေကြ၊
“ငါတို့တုုံးကလိုကို မဟုတ်ဘူး”ဆိုတဲ့စကားလုံးကြီးနဲ့ဖိနှိပ်လို့ ပြောနေကြတာများပါတယ်။
အခုဒီဘုရားပေါ်မှာသန့်ရှင်းရေးတွေလုပ်တံမျက်စည်းတွေလှည်းနဲ့
ဘယ်သူ့တိုက်တွန်းချက်မှာမပါဘဲ ကိုယ့်အသိစိတ်နဲ့ကိုယ် ကောင်းတဲ့အမှု့ကိုပြုနေတဲ့
လူငယ်တွေကို မြင်ရတော့ ကင်မရာတစ်လုံးနဲ့လက်ဆော့နေတဲ့ ကျနော်တောင်
စိတ်မလုံသလိုလို ရှက်မိသလိုလို။
ဘယ်သူဘယ်ဝါတွေမှန်းမသိပေမယ့် “လေးစားပါတယ် “လို့ စိတ်ထဲကဘဲ ချီးမွမ်းလိုက်ပါတယ်။

ဒါကတော့ အာရုဏ်ခံထဲမှာ

ဒါကတော့ရင်ပြင်တော်ပေါ်မှာ တစ်စုတစ်ဝေး

ဘယ်အချိန်ဘယ်ကာလမှာမှ ပြန်ရောက်မယ်ဆိုတာမသိတဲ့စိတ်နဲ့ဘုရားကနေပြန်ဆင်းလာခဲ့ပါတယ်။

အပြန်မှာတော့ အငှားကားတစ်စီးကိုလက်ပြ လို့စီးအပြန်၊
လမ်းမှာမြင်သမျှ လှပအေးချမ်းတဲ့ သဘာဝရူ့ခင်းတွေကိုမှတ်တမ်းတင်လို့ ဟိုတယ်ကိုပြန်ခဲ့ပါတယ်။
အပြန်လမ်းက မြင်ကွင်းက လွမ်းမောစရာ

လမ်းဘေးက သက်ရင်ပင့် ဒီအပင်မျုးိရဘို့နှစ်အများကြီးကြာမယ်နော်

အပြာရောင်က ရင်ကိုအေးမြစေပါတယ်။

ဝိုးတစ်ဝါးမြင်ကွင်းကတော့ ရင်ကို လွမ်းမောစေပါတယ်

ဒီလမ်းလေးအတိုင်းပြန်လာခဲ့ပါတယ်။

ကားပေါ်ကနေ ငေးမောနေရင်း ဈေးဖွင့်ချိန်ရောက်ရင်တော့အလုပ်တွေလုပ်ရမှာ၊ကုန်သည်တွေနဲ့တွေ့ရမှာ၊
ပြီးရင်အောင်ပန်းကလော လွိုင်ကော်ဘက်ကို သွားရမယ်ဆိုတဲ့ အတွေးတွေ တသီတတန်းနဲ့ဘဲ
………………………………………………………………………………….
ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး
(10-10-2011)
ဆက်လက်ဖော်ပြပါမည်။
10 comments
ပေါက်ဖော်
October 11, 2011 at 11:55 am
ရှုခင်းတွေ..
အပြင်မှာ..တစ်ကယ်ကြည့်လိုက်ရရင်တော့..ခေါင်းထဲ ရှင်းထွက်သွားမယ်ထင်တယ်..
ရှယ်ဘဲ..
meelay
October 11, 2011 at 12:39 pm
လေးပေါက်ရဲ့ ကျေးဇူးကြောင့် နေရာ အတော်များများကို ပုံထဲကနေ ရောက်ဖူးသွားတယ် …. တောင်ကြီး တန်ဆောင်တိုင်ကို အရမ်းသွားချင်တာပဲ ……….
နွယ်ပင်
October 11, 2011 at 12:53 pm
လောက်လောက်ပေးရဲ့ ကောင်းမူနဲ့ တောင်ပေါ်က စေတီကို ဖူးသွားသလို တောင်ပေါ်ရူ့ခင်းကိုလည်း
ခံစားသွားပါတယ်နော် …
windtalker
October 11, 2011 at 2:09 pm
တောင်ပေါ်က ဦးပေါက်
ကင်မရာ ထမ်းလို ့လျှောက်
ချောတဲ့ရှမ်းမ က ချော
လန်းတဲ့ပအို ့မ က လန်း….
ကိုပေါက်(မန္တလေး)
October 11, 2011 at 10:15 pm
မန်းလေးက ကိုပေါက်
လမ်းသလားလို့လမ်းတကာလျှောက်။
လူကဝဝ ကင်မရာက ပေါက်စန၊
ရောက်ရာအရပ်မှာ တချောက်ချောက်၊
thit min
October 11, 2011 at 10:29 pm
လှချက် ဗျာ။ကိုပေါက်ရဲ့ ဖန်တီးမှုလေးတွေကတော့
~~~~~~အထူးပြောစရာမရှိ
နဖူးကြောသာကြည့်~~~~~
~~~~~~ဦးဩဘာ တပည့်ပါပဲ။
kai
October 12, 2011 at 6:22 am
အင်တာနက်ရယ်.. မီးရယ်သာမှန်ရင်.. အဲဒီမြို့မှာ.. နေချင်စိတ်တောင်ပေါက်သွားတယ်..။
အေးချမ်းသာယာပုံရလို့ပါ..။
တခါမှမရောက်ဖူးဘူး..။
ကြောင်ကြီး
October 12, 2011 at 9:28 am
ပျက်တဲ့အခါပျက်
နှေးတဲ့အခါနှေး
တောင်ပေါ်ရှမ်းလေး
ဘာလဲလို့မေး
အဲဒါအင်တာနက်
ဦးပေါက်နေ့စဉ်တက်..။ 😛
chitmg
October 12, 2011 at 9:36 am
တော်တော်လျှောက်နိုင်တဲ့သဘောဆောင်တယ်နော်၊
ကိုပေါက်ရဲ့ငယ်နာမည်က ကိုလျှောက် ဖြစ်ရမယ်။ကောင်းပဓာတ်ပုံတွေ။ကျေးဇူးအကြီးကြီးတင်၏။
ကိုပေါက်(မန္တလေး)
October 12, 2011 at 10:17 pm
တောင်ကြီးမြို့မှာ နေတဲ့ရက်
လျှပ်စစ်မီးကတော့ လုံးဝမပျက်။
ဆိုင်သွားသုံးတဲ့ အင်တာနက်
မေးလ်ဖွင့်ဘို့ကသိပ်မခက်၊
ဂျီတော့ဆိုလဲ ချက်ခြင်းတက်၊
ကြူဘို့ သိပ်မခက်၊
စိတ်ပျက်စရာ ကြုံရတာ
ဓါတ်ပုံတင်မှာဗျာ။
တစ်ပုံတင်ရင် ပုံမတက်၊
ဆို်င်ရှင်နှင်မှ ဆိုင်ကထွက်
ကော်နက်ရှင်ကိုသိပ်စိပ်ပျက်။
ရာသီဥတုသာသာယာ
အေးချမ်းလွန်းလှတာ၊
မြင်လိုက်ရသမျှ မိန်းမချော
ဖြူဖွေးသန့်လို့ ငေးငေးမော။
ခလုပ်တိုက်မှာစိုးတယ်နော………………..