Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တိုင်းပြည်နှင့် လူမျိုးအတွက် အသက်စွန့်ရန် အသင့်ဟု ဦးတေဇ ပြောကြား

moonpoemOctober 11, 20111min85940

ရဟတ်ယာဉ် ပျက်ကျပြီး နောက်ပိုင်းတွင် မိမိဘဝ သက်တမ်း တစ်လျှောက် မြန်မာနိုင်ငံအတွက် တန်ဖိုးရှိသော လူတစ်ယောက် အဖြစ် ကျင့်ကြံ နေထိုင်သွားပြီး တိုင်းပြည်နှင့် လူမျိုးအတွက် လိုအပ်ပါက အသက်ကိုပင် ပဓာနမထားဘဲ စွန့်လွှတ်စွန့်စားရန် အသင့်ရှိကြောင်း မြန်မာနိုင်ငံတွင် အကြီးဆုံး စီးပွားရေး လုပ်ငန်းစုကြီး တစ်ခုဖြစ်သော ထူး ကုမ္ပဏီအုပ်စု ဥက္ကဋ္ဌ ဦးတေဇက ပြောကြားသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စက်တင်ဘာလ ၂၄ ရက်နေ့တွင် ကျင်းပသော ရဟတ်ယာဉ် ပျက်ကျစဉ်က ပါဝင်ခဲ့သော လေယာဉ်မှူး ဦးမောင်မောင်သန်းကို ကြိုဆိုပွဲတွင် သတင်းထောက်များကို ပေးအပ်ခဲ့သည့် “ဝတိံဖျားက နတ်ရေကန်သို့အသွား မရဏတရား၏ ခံတွင်းမှအပြန်”ဟု အမည် ပေးထားသော ရဟတ်ယာဉ် ပျက်ကျပြီး နောက်ဆုံး အသက်ပြန်ရှင်ခဲ့ပုံကို ၎င်းကိုယ်တိုင် ရေးသားခဲ့သော မှတ်တမ်းတွင် အထက်ပါအတိုင်း ဖော်ပြထားသည်။
【News from The Voice Weekly】
ဦးတေဇသည် သူတို ့ရဟတ်ယာဉ်ပျက်ကျစဉ်က အသက်စွန် ့ကာ ကယ်ခဲ့သည် ့ ရဟတ်ယာဉ်မောင်း ဦးမောင်မောင်သန်ုးအတွက် ဓာတ်လှေကားပါဝင်သည့် အဆင့်မြင့် တိုက်ခန်းတစ်ခန်း၊ ကားတစ်စီး၊ သားသမီးများအတွက် တစ်လလျှင် ပညာသင်စရိတ်အဖြစ် ဒေါ်လာတစ်ထောင်၊ ပညာသင်ပြီးပါက အလုပ်အကိုင်ရရှိသည်အထိ တာဝန်ယူသွားမည်ဟု သိရသည်။
ဦးမောင်မောင်သန်းသည် ဦးတေဇအပါအဝင် အဖွဲ ့သားများကို ကယ်တင်ခဲ့ပြီး နှင်းကိုက်သည့်ဒဏ်ကြောင့်
စင်ကာပူသို ့သွားရောက်ကာ ၆လကြာဆေးကုသခဲ့သော်လည်း ခြေထောက်ဖြတ်ခဲ့ရသူဖြစ်သည်။
ဒီတော့ ဦးမောင်မောင်သန်း ဘဝက ကံဆိုးတယ်လို ့ပဲ ပြောရမလား ကံကောင်းတယ်လို့ပဲ ပြောရမလားမသိပေမယ့်
ဦးတေဇကတော့ တိုင်းပြည်အတွက် အသက်စွန့်မည် ဆိုပြီး လူကြားကောင်းအောင်ငပိဖုတ်နေပြန်ပါပြီ။

40 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 11, 2011 at 4:01 pm

    ဘာဘဲဖြစ်ဖြစ် ဒီလိုအရည်ချင်းရှိတဲ့လူတွေ တိုင်းပြည်တွက်အလုပ်လုပ်သင့်တယ်
    ကျုပ်က စောက်သုံးမကျလို့ 😀
    သူ့လိုအသုံးကျလို့ကတော့ တစ်ကယ်လုပ်တယ်
    လုပ်ဘို့လည်း တိုက်တွန်းပါတယ်ဗျာ
    ကိုယ့်ရှိတဲ့ပိုက်ဆံတွေ တစ်ပုံတစ်ခေါင်းကြီး ဘယ်သူ့ကိုယ်မှ ပုံပြီးပေးစရာမလိုပါဘူး
    မြန်မာပြည်တွက် အခြေခံကြတဲ့ ထုပ်ကုန်တွေကို ဖန်တီးနိုင်တဲ့စက်ရုံတွေတည်ဆောက်ပါဗျာ
    မြန်မာပြည်သားတွေ အငြိုးမကြီးကြပါဘူး ကျေးဇူးမကန်းတတ်ကြပါဘူး
    တိုင်းပြည်အကျိုးပြု စက်ရုံအလုပ်ရုံတွေတည်ဆောက်ပြီး ပြည်တွင်းထုပ်ကုန်တွေတွက်
    ဦးဆောင်ပါဗျာ လုပ်ပါဗျ
    ပြည်သူ့မေတ္တာဆိုတာ လူတိုင်းခံစားရခဲတယ်
    ဘာမဟုတ်တဲ့နတ်ပွဲက .. တဲ့ အခြောက်ဇာတ်မင်းသားက
    ပြည်သူ့မေတ္တာခံယူမဲ့သား ဗေဂျိဗေဂျိနဲ့လုပ်စားနေတာတောင် ထမင်းနပ်မှန်သေးတာ
    တစ်ခုတော့ရှိတာပေါ့ လူကြီးမင်းရယ် စက်ရုံတွေ စိုက်ပျိုးရေးတွေလုပ်မယ်ဆိုပြီး
    ဟိုလူ့ခြံသိမ်း ဒီလူ့လယ်သိမ်းတော့ မလုပ်နဲ့ပေါ့ 😀 😀 😀
    ဘာဘဲဖြစ်ဖြစ်ပါ အပျင်းပြေဘဲပြောပြော ပြောခြင်သလိုပြောပါ
    ဒီစကားကို ဦးတေဇ တစ်ကယ်ပြောတယ်ဆိုရင်
    ကျွန်တော် မိုက်ကယ်ဂျော်နီအောင်ပု မှသားဓုတစ်ခါခေါ်ပြီး
    အမှန်အကန်လုပ်မယ်ဆိုရင် အရက်ဖြတ်ပါ့မယ်ခင်ဗျ

    • kai

      October 11, 2011 at 4:10 pm

      ကြားထဲက..အရက်က အဆက်ဖြတ်ခံရသေး..။
      အရက်သာအသက်ရှိရင်.. အလိုမတူပေါင်းသင်း..အလိုမတူကွာရှင်းမှုနဲ့..တရားတေ့ာအစွဲခံရဖို့ အသေအချာပဲ..။

  • lone

    October 11, 2011 at 4:03 pm

    တိုင်းပြည်အတွက်ဘာမဆိုလုပ်ပေးမယ်ပြောပြီး သူ့ကုမ္ပဏီတွေမှာ တော်ရုံတန်ရုံလျှောက်လို့မရဘူး…
    အကပ်ရှိမှ ရမှာ… အမှန်တကယ်ဆို သူသာတကယ်လုပ်ပေးချင်ရင် လုပ်ပေးစရာတွေ တစ်ပုံကြီးပါလို့…
    ပါးစပ်နဲ့ပဲပြောမနေပဲ… ဦးတေဇတကယ်လက်တွေ့နဲ့…. ပြည်သူတွေကို ကယ်တင်တာမြင်ချင်ပါသည်…

    • moonpoem

      October 11, 2011 at 4:08 pm

      ဟုတ်တယ်နော်။ သူပိုင်တဲ့ ဟိုတယ်တွေ၊တခြားသောဘယ်လုပ်ငန်းမှာမဆို စစ်ဘက်အာဏာရ လူကြီး၊ဝန်ကြီးနဲ ့အကပ်မရှိလို့ကတော့ မိုးပျံအောင်တော်နေပါစေ အလုပ်မရဘူးလို ့ကြားဘူးတယ်။ ဒါတွေကနေစပြီး ပြင်ဆင်သင့်တယ်။
      အလုပ်ဆိုတာ သင့်တော်တဲ့သူကို ခန် ့ရတာပါ။ အကပ်ရှိမှ ရတယ်ဆိုတာ မဖြစ်သင့်တော့ပါဘူး။ အစိုးရအလုပ်တွေမှာလည်း ဒီလိုပါပဲ။

      • koyokesoe

        October 11, 2011 at 4:21 pm

        moonpoem ပြောသလိုပါဘဲ အရည်အချင်းရှိတဲ့သူတွေအတွက် အကပ်ဆိုတာ
        မလိုပါဘူး၊ အဲလူတွေအတွက် အခွင့်အလမ်းတွေ ဖွင့်ပေးသင့်ပါတယ်..
        အသက်စွန့်ဖို့အထိ မလိုပါဘူး ၊ မြေတောင်မြှောက်ပေးရင်ဘဲ အားလုံးက ဆုတောင်းပေးနေမှာပါ

        • windtalker

          October 11, 2011 at 7:02 pm

          အရည်အချင်း ရှိတဲ့သူဟာ
          သူ ့ရဲ ့အရည်အချင်း ကို အစွမ်းကုန်
          အသုံးချပြီး
          ကိုယ်လိုချင်တဲ့ ကိုယ်ဖြစ်ချင်တဲ့
          နေရာရောက်အောင်
          အစွမ်းကုန် လုပ်သွားရမှာပါပဲ

      • htoosan

        October 12, 2011 at 10:28 pm

        သူ ့ Hotel တွေ Airline Ground staff , tour တွေမှာ ဒေသခံတွေ အများ ကြီး အလုပ်ရကြပါတယ်.. အကပ်နဲ့မှ ရတယ်ဆို တာ အား လုံးသော ဝန်ထမ်းတွေ အတွက်တော့ မဟုတ်ပါဘူး .. အကပ်မပါ ကြောထောက်နောက်ခံ မပါဘဲ ရကြတာ အများကြီးပါ.. ကုမ္မဏီ အများစုဟာ ရိုး သား ကြိုးစား သော အရည်အချင်း ရှိသူများ လိုအပ်နေကြတာပါ။ ဦးတေဇ ကုမ္မဏီ လဲ အပါအဝင်ပါ။
        သူ့ပြောစကား ကတော့ ပြောတဲ့အတိုင်း လုပ်မလုပ်စောင့်ကြည့်ယုံပါဘဲ။

  • faker

    October 11, 2011 at 4:20 pm

    သူပြောတဲ့အတိုင်း ဖြစ်လာရင် တော်တော်လေးကောင်းသွားမှာပါ ။ အသက်အန ္တရာယ် နဲ့ရင်ဆိုင်ရစဉ်
    စိတ်ကောင်းနှလုံးကောင်းလေးများ ဝင်ရောက်ကိန်းအောင်းသွားသလား ။ သေငယ်ဇောနဲ့ ဒုက္ခရောက်
    စဉ် အများကောင်းကျိုး လုပ်ချင်တဲ့ ကုသိုလ်တွေ အများကြီး ရယူချင်တဲ့ စိတ်တွေ ဝင်ရောက်လာ
    သလား ၊ အဲဒီလို ဆန္ဒ တစ်ကယ်ဖြစ်လာတယ်ဆိုရင် သူ့အနေနဲ့ ပြည်သူလူထုကို အများကြီးကူညီ
    နိုင်ခွင့်ရ မှာပါ ။ ဒါပေမဲ့ စောင့်ကြည့်ရမှာပေါ့နော် ။

  • MaMa

    October 11, 2011 at 4:31 pm

    ကြားဖူးတဲ့ ဟာသလေးတစ်ခုကို ပြောပြချင်ပါတယ်။
    ရေလယ်ခေါင်မှာ ရေမကူးတတ်လို့ ရေနစ်သေမလို ဖြစ်နေတဲ့ အမျိုးသမီးတစ်ယောက်ဟာ ကယ်ပါယူပါ အော်ရင်းနဲ့ သူ့ကိုကယ်ရင် ရှိသမျှစည်းစိမ်အကုန်ပေးပါမယ့်လို့ ပြောတယ်။ အော်သံကြားတော့ အဲဒီနေရာနားမှာ ရှိနေတဲ့လူတစ်ယောက်က သွားကယ်တယ်။ လာကယ်တဲ့လူနဲ့တွေ့တဲ့အခါ သူမသေနိုင်ဘူးဆိုတာကို သိလိုက်တော့ အဲဒီအမျိုးသမီးက (သူ့စည်းစိမ်ကို အကုန်ပေးလို့ မဖြစ်ဘူး။ သူ သုံးဖို့ စားဖို့ ချန်ထားရဦးမယ်လို့ တွေးမိပြီး) သူ့ကိုကယ်တင်တဲ့အတွက် သူ့စည်းစိမ်တဝက်ပေးပြီး ကျေးဇူးဆပ်ပါ့မယ်လို့ပြောတယ်။
    အဲဒီလိုနဲ့ ကမ်းပေါ်လည်းရောက်ရော စောစောက ကယ်ခဲ့တဲ့လူက ခင်ဗျားစည်းစိမ်တဝက်ပေးမယ်ဆိုတာ ပေးလေလို့ ပြောတော့ စောစောက ကြောက်အားလန့်အားနဲ့ ဂယောင်ခြောက်ခြားဖြစ်ပြီး ပြောမိပြောရာ ပြောမိတာပါ။ မမှတ်မိတော့ပါဘူးတဲ့။ 🙁

  • villager

    October 11, 2011 at 4:43 pm

    ဂလိုဖစ်ရင်တော့ ဒွတ်ခ
    ဖွ ဟဲ့…. ဥုံ ကွိစိကွစ အမြင်မှန် အမှန်အကန် ရပါစေ ..

  • blackchaw

    October 11, 2011 at 5:16 pm

    လှိုက်လှဲစွာ ကြိုဆိုပါတယ် လို့ ပြောဘို့
    ကျွန်တော်တို့ ဘာမှ ရင်းနှီးဘို့ မလိုပါဘူးဗျာ။
    သူကမှ နည်းနည်း အရင်းအနှီးကြီးသေးတယ်။
    ကျွန်တော်တို့က သောက်တလွဲပြောတာလား
    တကယ်ပြောတာလားဆိုတာ စောင့်ကြည့်ပြီး
    မဟန်ရင် ဆဲလို့ရသေးတယ်။
    အခုတလော မိုက်ကယ်ဂျော်နီအောင်ပု ရဲ့ မန်းချက်တွေ
    တော်တော်မိုက်တယ်ဗျ။ တစ်ခုတော့ရှိတယ်။
    သူ့ဘဝနဲ့ သူ ကိုယ့်ဘဝနဲ့ ကိုယ်
    ဒီလောက်ချစ်စရာကောင်းတဲ့ အရက်ကိုတော့ စိမ်းစိမ်းကားကား မလုပ်သင့်ဘူးထင်ပါတယ်။
    ကျွန်တော်ကတော့ ဦးတေဇ ရဲ့ စကားကို ကြိုဆိုပါတယ်။

  • icecube

    October 11, 2011 at 5:27 pm

    ဦးတေဇ က သူပြောတဲ့အတိုင်း အတ္တ နည်း တဲ့ ပရ ဟိတ သဘောဆောင်တဲ့ ကိစ္စရပ်တွေကို
    အမြန်ဆုံး အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ပါစေ ။

  • piti

    October 11, 2011 at 6:17 pm

    အဲလိုဆိုရင် ကောင်းပါတယ်။ အသက်စွန့်စရာမလိုသေးပါဘူး။ အခုလောလောဆယ် ပြည်သူတွေစိုးရိမ်နေတဲ့ မြစ်ဆုံစီမံကိန်းမှာ အကျိုးအမြတ် နည်းနည်းစွန့်ချင်စွန့်ရပါစေ ပြည်သူတွေဘက်က နေမပေးချင်ဘူးလားမသိဘူနော်….

  • chityimhtoo

    October 11, 2011 at 6:26 pm

    အသက်ဘဲစွန့်မယ် ဥစ္စာမစွန့်ဘူးကွ။

  • ကြားကောင်းအောင် ငပိဖုတ်တာထက်ဆိုးနေပါလား။တကယ်တော့နော် မောင်တေဇ. ဆိုသူရဲ ့ကျောထောက်နောက်ခံကြွယ်ဝ မှုမှန်သမျှဟာ တချိန်က သန်းရွှေ ခိုးယူခဲ့တဲ့ တိုင်းပြည်ရဲ ့ပြည်သူ ပိုင်ပစ္စည်းတွေသာဖြစ်ပါတယ်။

  • meocyrus

    October 11, 2011 at 6:57 pm

    ကြားရတာဝမ်းသာစရာပဲ။ သေလိုက်ဟေ့ရောင်။ သေလိုက်။

  • koyinmaung

    October 11, 2011 at 7:25 pm

    (နောက်ဘဝကျယင်)တိုင်းပြည်နှင့် လူမျိုးအတွက် လိုအပ်ပါက အသက်ကိုပင် ပဓာနမထားဘဲ စွန့်လွှတ်စွန့်စားရန် အသင့်ရှိကြောင်း မြန်မာနိုင်ငံတွင် အကြီးဆုံး စီးပွားရေး လုပ်ငန်းစုကြီး တစ်ခုဖြစ်သော
    ထူး ကုမ္ပဏီအုပ်စု ဥက္ကဋ္ဌ ဦးတေဇက ပြောကြားသည်။ သတင်းကဒါပါဘဲရှင်….

  • naywoonni

    October 11, 2011 at 7:41 pm

    လူပြောမသန်…။ လူသန်းမပြောတဲ့..။ ကြားဖူးတာပဲ…။

  • nature

    October 11, 2011 at 7:58 pm

    …ဦးမောင်မောင်သန်ုးအတွက် ဓာတ်လှေကားပါဝင်သည့် အဆင့်မြင့် တိုက်ခန်းတစ်ခန်း၊ ကားတစ်စီး၊ သားသမီးများအတွက် တစ်လလျှင် ပညာသင်စရိတ်အဖြစ် ဒေါ်လာတစ်ထောင်၊ ပညာသင်ပြီးပါက အလုပ်အကိုင်ရရှိသည်အထိ တာဝန်ယူသွားမည်ဟု သိရသည်။…
    အိမ်ထောင်ဦးစီးတယောက် အလုပ်မလုပ်နိုင်တော့ဘူးဆိုရင် သူ့မိသားစုဟာ ဘဝပျက်သွားစေနို်င်ပါတယ် ။ အခုထောက်ပံ့မှုတွေဟာလည်း ပြည်တွင်းနှုံးနဲ့ တွက်ရင် မနဲပါဘူး.။ အခြားအလုပ်တခုမှာ အလုပ်သမား တယောက်ယောက်သာ ခြေထောက်၂ဖက်ပြတ်ခဲ့ရင် ဒီလိုခံစားမှုတွေ မရနိုင်ပါဘူး။ သူ့သားသမီးတွေ အလုပ်အကိုင်ရရှိသည်အထိ ထောက်ပံ့ပေးနိုင်ရင် သူတို့ဘဝပူပင်စရာမလိုတော့ပါ။ ဒီလိုထောက်ပံ့ပေးတဲ့ဦးတေဇကို သာဓုခေါ်ပါတယ်။ ဒါလည်းမနဲကုန်မယ်ထင်ပါတယ်။ ဒီလိုစိတ်ကောင်းစေတနာနဲ့ တကယ်ကူညီတဲ့အတွက် နောင်တချိန် ဦးတေဇမှာ စီးပွားရေး အခက်အခဲတွေ ကြုံခဲ့သည်ရှိသော် ကိုယ်ပြုထားတဲ့ ကုသိုလ်ကံက ကံဆက်ဖို့အခွင့်အလမ်းတွေ အထောက်အပံ့တွေဖြစ်လာပါလိမ့်မယ်။ တရားသဘောက ပေးတဲ့သူကရတယ်။ ရတဲ့သူကပေးရတယ်တဲ့။ နားလည်ဖို့အင်မတန်ခက်ပါတယ်။ ပေးတဲ့သူကလည်း ပေးတတ်မှ ရပါတယ်။ ရတဲ့သူက မယူတတ်မှ ပေးရတာပါ။ သာဓု ၊ သာဓု ၊ သာဓု ပါ ဦးတေဇ။

  • amatmin

    October 11, 2011 at 9:00 pm

    ဦးကျော်ဆန်းကြီးတောင်မှ မျက်ရည်တွေဘူးသီးလုံးလောက်နဲ့
    သနားမလားလို့ ကြံခဲ့သေးတာလေ..
    သူက ပါးစပ်ကလေးနဲ့ အသက်စွန့် ပြရတာဆိုတော့…
    ယုံချင်စရာကြီးတော့ခပ်ကောင်းကောင်းဗျ….
    ပြည်သူ့ပိုက်ဆံတွေတင်မက..ဟိုအစိုးရမင်းတွေဆီက.ပညာတွေလဲ
    အပြည့်ရထားပုံပေါက်တယ်…..

  • thit min

    October 12, 2011 at 7:52 am

    ချိမ်းကားချိမ်း၏မရွာ………ဆိုတာမျိုးလားတကယ်လားဆိုတာကတော့
    Time is judge ပါပဲ။တခုပဲကိုဇာတို့ကိုမောင်တို့ကအဲဒီလိုမျိုးတွေပြောတာမကြားဖူးဘူးနော်။
    အလုပ်ကလေးနဲ့သက်သေပြပါဗျာ။
    လူပြောမသန်လူသန်မပြောဆိုတော့ပြောမိတဲ့စကားကတာဝန်ကြီးတယ်လေ။
    {{{အဲ~~တခုတော့ရှိတယ်နော်၊အသက်စွန့်ရန်အသင့်လို့ပြောတာ၊
    ၁.အသက်စွန့်မယ်လို့အာမခံနေတာမဟုတ်ဘူး။
    ၂.အသက်ပဲစွန့်မှာနော် ကျန်တာနဲနဲမှအထိမခံနိုင်ဘူး၊လို့လဲစဉ်းစားလို့ရတယ်}}}
    အင်းမြန်မာစကားကအမျိုးမျိုးကိုစဉ်းစားလို့ရနေတာပါလားဗျို့။

  • ရွှေဘိုသား

    October 12, 2011 at 8:46 am

    ဂျာနယ် တစ်စောင်က ဖဲ့လိုက်တာဖတ်ရသေးတယ်
    အသင်းကို ဆုငွေ ဒေါ်လာ သုံးသိန်း ဆုချတော. ဘယ်လောက်တောင် မြတ်နေလို. အဲဒီလောက်
    ဆုချတာလဲတဲ့
    မမြတ်ပါဘူး သူတို့က ခွဲတမ်းအရ လုပ်ရတာပါ မဟုတ်ပါဘူး မှားလို့ မြန်မာဘောလုံးလောက တိုးတက်အောင်
    လုပ်တာပါ

  • chitmg

    October 12, 2011 at 9:23 am

    အိုကေပါ၊ကြားလို့တော့ကောင်းသွားပြီ၊ မြင်လို့ကောင်းဘို့တဆင့်တက်ဘို့လိုတယ်။
    ဒါမှယုံကြည်ကြမှာ၊သိတဲ့အတိုင်းပဲ အက ချိုမိုင်မိုင် တွေ တွေ့ရတာဖန်၁၀ဝရှိပီမို့။

  • မှော်ဆရာ

    October 12, 2011 at 12:56 pm

    အရင်တုန်းက ဒီအသံမျိုး မကြားရပဲ အခုမှ ဒီအသံမျိုးကြားရတာ တိုးတက်လာတဲ့ သဘောပဲ …
    သစ်တပင် ကောင်းရင် ငှက်တစ်သောင်း နားနှိုင်ပါတယ်
    ကုမ္ပဏ္ဏီ ဝန်ထမ်းတွေ ပိုသိပါတယ် . အထက်က လူကြီးက အောက်က လူတွေကို ဂရု မစိုက်ရင် နေရထိုင်ရ အတော် ဆိုးပါတယ် .
    တိုင်းပြည်အတွက် ထားပါဦး ၊ သူတကယ် စိတ်ကောင်း ထားပြီဆိုရင် သူ့လက်အောက်က လူတွေ စိတ်ချမ်းသာ ကိုယ်ချမ်းသာ နေရတော့မှာပေါ့ ။
    သူ့လိုလူ တစ်ယောက်ကလဲ သူပြောထားတဲ့ စကားကို တည်လောက်မှာပါ ။

  • ပုံပြောသူ

    October 12, 2011 at 3:22 pm

    ငှက်တစ်သောင်းနားနိုင်ရင် အရမ်းကောင်းမယ်ဗျာ..
    ဖြစ်နိုင်ချေ များမယ်လို့ တွေးမိပါရဲ့..
    ဦးတေဇကြီး ခင်ဗျာ…
    တစ်ခုခု ထပြီး လုပ်ပြဖို့ အချိန်အခါကောင်း ရောက်နေပါပြီ…
    အလုပ်နဲ့ သက်သေပြပါတော့လား…။

  • aungnng87

    October 12, 2011 at 3:58 pm

    ကောင်းပါတယ်လို့ဘဲပြောရမှာပါဘဲ။

  • okermg

    October 12, 2011 at 4:07 pm

    MaMa ပြောသလို ဖြစ်နေရင် တော့ ကိုယ်ကျိုးနည်း ပါပြီ..။
    ဘုရား…ဘုရား…ကယ်တော်မူပါ…။
    ရေနစ်လို့ ဂယောင်ခြောက်ချား ပြောမိတဲ့ ပုံစံမျိုးမဖြစ်ပါစေနဲ့…။
    အတိတ်ဘဝ ကုသိုလ်ကံကြောင့် မျက်မှောက်အကျိုးသယ်ပိုးနိုင်သော
    ပြည်သူ့အကျိုးသယ်ပိုးနိုင်သော ဦးတေဇ ဖြစ်ပါစေသား…။

  • unclegyi1974

    October 12, 2011 at 9:27 pm

    ပြောနဲ့အလုပ် အလုပ်နဲ့အပြော
    စောင့်ကြည့်သေးတာပ
    သာဓုတခွန်းကို စ မခေါ်သေးဖူး
    ကြည့်အုန်းမယ်

  • taungpawthar

    October 13, 2011 at 3:56 pm

    သေဘေးနဲ ့ကြုံတွေ ့လိုက်ရတဲ ့သူတွေ မှာ အဲဒီလို ကောင်းတဲ့စိတ် ဝင်လာတတ်ပါတယ် ဖြစ်ခါစမှာ အဲလို စိတ်အားကြီးတတ်ပြီး ကြာသွားရင်တော့ ပုံ မှန်အတိုင်း ပြန်ဖြစ်သွား တတ်ကြတယ် ခုလို လူသိရှင်ကြားထုတ်ပြောလာတာ က တော်တော်ကောင်းပါတယ် သူ ့ကို သူ ပြန်ပြီး တွန်းအားပေးနေသလိုဖြစ်စေတယ်

  • moonpoem

    October 14, 2011 at 2:50 pm

    ကဲ ရွာသားတို ့ရေပြောတဲ့အတိုင်းလည်းလုပ်နိုင်ပါစေ၊လုပ်တဲ့အရာတိုင်းလည်းကောင်းနိုင်ပါစေလို ့ဆုတောင်းကြရအောင်လားဗျာ

  • ba gyi

    October 14, 2011 at 3:28 pm

    ဒုက္ခကြားမှ သိလာသောအသိဖြစ်သဖြင့်၊ ထိုအသိခိုင်မြဲစေကြောင်းဆုတောင်းပေလိုက်ပါသည်။
    ရယူပြီး/ ပြန်ပေးတတ်သောသူတစ်ဦးဖြစ်ကြောင်း သူ့လုပ်ငန်းတွင်လုပ်ဖူးသူသူငယ် ချင်းများ၏စကား အရ သိ နေတာတော့ကြာပြီ၊ ယ္ခု ဦးမောင်မောင်သန်း အဖြစ်အကြောင်းအရဆိုရင်တော့—- ကိုတေရေ ဆက်လုပ်
    —- ဆက်လုပ် ဝမ်းသာကြောင်းပါခင်ဗျား။

  • ုုko sai naung

    October 16, 2011 at 11:40 am

    ဦးတေဇခင်ဗျာ။ မြန်မာပြည်မှာ အခုလောလော ဆယ် အမှန်တကယ်လိုအပ်ပြီးတော့ ခင်ဗျာ လည်းခြေနိုင်လက်နိုင် ရှိမယ့် လုပ်နိုင်မယ့် အရာတွေကို အနည်းအကျဉ်း ချပြလိုက်မယ်ဗျာ
    ၁။ ရန်ကုန် မြို့တွင်း ပျက်စီး ယိုယွင်းနေသော လမ်းများ ပြုပြင်ရန် ( ကုသိုလ်ဖြစ် )
    ၂။ ပြုန်းတီး သစ်တောများအတွက် သစ်ပင် ဧက ၁ဝ သန်းခန့် ပြန်လည် စိုက်ပျိုးပေးရန်
    ၃။ အစိုးရ ဘတ်ဂျက် မလုံလောက်သောကြောင့် ရပ်တန့်ထားရသော မွေးကင်းစ ကလေးငယ်များအား အသည်းရောင် အသားဝါ B ကာကွယ်ဆေး ကို တ နိုင်ငံ လုံး အတိုင်းအတာ ဖြင့် ၁ နှစ်စာလှူဒါန်ရန်
    ၎င်း ( ၃ ) ချက်ကို အရင် လုပ်ပေးပါခင်ဗျာ။ နတ်လူ ကောင်းချီးပေးမှာပါ ။

    • kai

      October 17, 2011 at 6:23 am

      ၃။ အစိုးရ ဘတ်ဂျက် မလုံလောက်သောကြောင့် ရပ်တန့်ထားရသော မွေးကင်းစ ကလေးငယ်များအား အသည်းရောင် အသားဝါ B ကာကွယ်ဆေး ကို တ နိုင်ငံ လုံး အတိုင်းအတာ ဖြင့် ၁ နှစ်စာလှူဒါန်ရန်
      အဲဒါမျိုးတွေ..လုပ်ရင်.. ထူးကို.. စမတ်ဆန်ရှင်လုပ်ထား..ဘန်းထားတဲ့..နိုင်ငံတွေ ဖြေလျှော့မယ်လို့ ထင်မိတယ်..။
      သူတို့လည်း ပူးပေါင်းပါဝင်လာမှာပဲ…။

      နိုင်ငံရေးလည်း ကစားတတ်ပါစေ..။

    • ကြောင်ကြီး

      October 17, 2011 at 9:13 am

      တထေးဂျီးဦးတေဈ၏ပြန်ကြားချက်။
      မောင်စိုင်း၏ အကြံပေးချက်အရ အောက်ပါအတိုင်း ဆောင်ရွက်ပေးမည်။ လက်ခံရင်ခံ မခံရင်… 👿
      ၁။ လမ်းပြင်ရန် အုတ်ခဲကျိုးကားအစီး တထောင်စာ စီမံပေးမည်။ မြို့နေလူထုမှ လုပ်အားလှူရန်။
      ၂။ သစ်ပင် ၁ဝဧကအတွက် အပင်မျိုးစေ့ ပေးရန်သဘောတူ၏။ ရေလောင်း၊ ပေါင်းသင်၊ ခြံခတ် နောက်ပိုင်း တာဝန်များအားလုံးကို လူထုမှ တာဝန်ယူရန်။
      ၃။ အသည်းရောင် အသားဝါဘီ ကာကွယ်ဆေး တနိုင်ငံလုံးစာအတွက် ဦးတစ္ဆေတံဆိပ် အသည်းအားတိုးဆေး ဘိန်းဆီလျက်ဆားကို ၁နှစ်တိတိ အခမဲ့ ဖြန့်ဖြူးပေးမည်။ ထို့နောက်တွင် ကုမ္မဏီသတ်မှတ်ဈေးအတိုင်း ဝယ်ယူသုံးစွဲရန်။
      ကျေနပ်ပလား..။ 😎

  • aye.kk

    October 16, 2011 at 1:30 pm

    အသိတရားနဲ ့အမှန်တရားဟာလူတိုင်းအတွက်မရှိလျှင်မဖြစ်တဲ့အရာပါတန်ဖိုးလဲမဖြတ်နိုင်ပါ

  • ko Kyaing

    October 16, 2011 at 3:54 pm

    အပိုတွေမပြောဘဲ ကိုကျော်သူရန်ကုန်နာရေးအသင်းကိုနမူနာယူပြီး အလုပ်နဲ့သက်သေပြလိုက်ပါ။

  • htoosan

    November 3, 2011 at 3:35 pm

    မြန်မာတိုင်းမ် က သတင်း တို ပါ။
    ထူးဖောင်ဒေးရှင်း လှုဒါန်း

    ပခုက္ကူ၊ ပေါက်၊မြိုင် နှင့် ဆိတ်ဖြူ မြို့နယ်တို့ရှ်ိ ရေဘေးသင့် ပြည်သူများ အတွက် အောက်တိုဘာလ ၂၅ ရက်နေ့က စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၁၀ဝ တန်ဖိုးရှိ ဆန်၊ဆီ ၊ ဆား၊ပဲ ၊ဆေးဝါး ၊ ခေါက်ဆွဲခြောက် များနှင့် အလှုငွေ ကျပ် သိန်း ၂၇၀၊ ရေမျော ပျက်စီးခဲ့သည့် နေအိမ်များ ပြန်လည် တည်ဆောက်ရေးအတွက် ကျပ်သိန်း ၂၀၀၀၊ စုစုပေါင်း လှုဒါန်းငွေ ကျပ်သိန်း ၂၃၇ဝ ကို ထူး ဖောင်ဒေးရှင်း မှပေးအပ် လှုဒါန်းခဲ့သည်။

    • kai

      November 3, 2011 at 4:11 pm

      သာဓုခေါ်လိုက်ပါတယ်..။
      စကားမစပ်.. တခြားသူဌေးတွေက.. ဘာလုပ်နေကြပါလိမ့်နော..
      အဓိက ..အေရှားဝေါက.. ပုဂ္ဂိုလ်တွေ..။
      လုပ်ကြပါ.. လှူကြပါဗျာ..။

      ဆန်ရှင်ဖယ်ရင်.. ဘလက်လစ်စာရင်းထဲကဖယ်ပေးအောင်.. မီဒီယာအနေနဲ့အော်ပေးပါ့မယ်..။ 😆

    • nature

      November 3, 2011 at 7:36 pm

      သာဓု၊ သာဓု၊ သာဓု ပါဦးတေဇ။ လှုတဲ့အခါ ရော့အင့် မလုပ်ပဲ ဆင်းရဲဒုက္ခရောက်နေသော သူများ ချမ်းသာပါစေလို့ စေတနာလေး ထည့်လှုမယ်ဆိုရင် ပိုပြီးအကျိုးများပါတယ်။

  • jmaungmg

    November 3, 2011 at 8:31 pm

    ယောက်ခထီးကြီးပါဝါမရှိတော့လို့သွေးရူးသွေးတန်းရှောက်ပြောနေတာ

Leave a Reply