Best Teacher(15) အတန်းပိုင်ဆရာမ နှင့် ဒွေး
Best Teacher (15) အတန်းပိုင်ဆရာမ နှင့် ဒွေး
အတန်းပိုင်ဆရာမ တစ်ယောက် ဘဝမှာ အင်မတန် မှတာဝန်ကြီးလှပါတယ်။ မိမိအတန်းရဲ ့ ကျောင်းခေါ်ကြိမ်စာရင်း၊ အချိန်ပိုင်း လူခေါ်စာရင်း၊ ကျောင်းလခစာရင်း၊ စာရင်းပြီး စာရင်း
စာရင်းပုံထဲမှာနစ်နေမတတ်ပါပဲ။
ကျောင်းခေါ်ကြိမ်စာရင်း စာအုပ်ကို ကျောင်းအုပ်ကြီးဆီကို တစ်လတစ်ခါ တင်ရပါတယ်။
ဒီစာအုပ်ထဲမှာ ကျောင်းသားတွေရဲ ့ ကျောင်းဝင်အမှတ်၊ မွေးသက္ကရာဇ်၊ မိဘအမည်၊ နေရပ်
လိပ်စာ၊ စသဖြင့် စုံလင်စွာ ရေးဖြည့် ထားရပါတယ်။
တစ်လကျောင်းတက်ရက် တွေ ကော်လံမှာ နံနက်တစ်ကြိမ်၊ ညတစ်ကြိမ်၊ အတွက် အခြစ်
နှစ်ခြစ် ခြစ်ရပါတယ်။ ခွင့်ဆိုရင် (ခ)၊ ခွင့်မတိုင်ရင် (ခမ)၊ ရေးရပါတယ်။ လကုန်တဲ့အခါ
စာရင်းရှိ ဦးရေ၊ ပျက်ကွက်ဦးရေ၊ လာလူဦးရေ၊ ကို % ဖွဲ့တွက်ပြရပါတယ်။
ဟိုခေတ်တုန်းက (၉)တန်း (၁၀)တန်း ကျောင်းလခက တစ်လ (၆) ကျပ်ပါ။ ဒီငွေစာရင်း
ကိုလည်း ကျောင်းလခ လွတ်ငြိမ်းသူ ဖယ်ပြီး ကျောင်းစာရေးကြီးထံအပ်ရပါတယ်။စာရေး
ကြီးက ငွေလက်ခံရရှိကြောင်းလက်မှတ်ထိုးပြီးမှ စာရင်းအချုပ်ကိုကျောင်းအုပ် လက်မှတ်ထိုး
ပြီးမှ တစ်လစာ ဒီတစ်အုပ်အတွက် အလုပ်ပြီးပါတယ်။
ပထမအစမ်း၊ ဒုတိယအစမ်း၊ အတန်းတင် စတဲ့ စာမေးပွဲ အသီးသီး အတွက် ဘာသာရပ်
အသီးသီးက တက်လာတဲ့ ရမှတ်တွေကို အမှတ်စာရင်း ချုပ်မှာရေးသွင်းရပါတယ်။ ပြီးရင်
အမှတ်ပေါင်း၊ အဆင့်ခွဲ၊ အောင်ရှုံးခွဲ၊ (၃)ဘာသာနှင့် အထက်ကျသူ ကလေးတွေ မိဘခေါ်၊
ကလေးရဲ ့ ပညာရည်တိုးတက်မှုမှတ်တမ်း ကို တစ်ဦးချင်းအတွက် ရေးသွင်းပြီး အိမ်ပို့ရပါတယ်။
မိမိစာမေးပွဲကျတာ မိဘမသိစေချင်တဲ့ ကလေးတွေ မိဘလက်မှတ်ခိုးထိုးတာ ဖမ်းရပါတယ်၊
စစ်ရပါတယ်။ နှစ်စမိဘတွေနဲ့ တွေ့ထားကတည်းက လက်မှတ် မိတ္တူယူထားရပါတယ်။
မိဘခေါ်ခံရတဲ့ ကလေးတွေ တစ်ချို့ ဆိုက်ကားဆရာခေါ်လာတတ်ပါတယ်။ သူတို့က အပီ သင်ထားတဲ့ ဆိုက်ကားဆရာ နှစ်ဦး သုံးဦး ကျမ အညာခံရဘူးပါတယ်။
ကျမ သူတို့မိဘအမည်တွေကိုတော့ လတိုင်းရေးရလို့ မှတ်မိနေပေမဲ့ လူတွေကိုမှတ်မိဖို့ အတော်ခက်ပါတယ်။ ဒါကြောင့် မိဘအရင်းနော် လို့ အူကြောင်ကြောင်မေးခွန်းမျိုးတွေ မေးမိ
တတ်ပါတယ်။ အချို ့မိဘတွေ လည်း မအားလပ်ကြတော့ ဦးလေး၊ အဒေါ် စသဖြင့် လွှတ်ကြ
တာပေါ့။ဒီမှာတင်ကလေးတွေဆိုက်ကားဆရာကြီးတွေကိုခဏအဖေတော်လိုက်ကြတော့
တာပါပဲရှင်။ နောက် အပြင်မှာ အမှတ်မထင် ဆိုက်ကားစီးရင်းနဲ့ ဆုံတော့ မှ ကျောင်းသားမိဘ
အတုတွေ ကိစ္စသိတာလေ။
ကျမ ဆရာအတတ်သင်၊ ပညာရေးကောလိပ် စသည်တို့ကို ပြောင်း ရွှေ့တာဝန်ထမ်းဆောင်ပြီး
တဲ့နောက်ပိုင်း အတန်းပိုင်လည်း မကိုင်တော့တာကတစ်ကြောင်း၊ သင်တန်းသူ သင်တန်းသား
တွေကို ဆရာတို့ ဆရာမတို့ လို့ ခေါ်တာက တစ်ကြောင်းတို့ကြောင့် သူတို့နာမည်တွေလည်း
မမှတ်မိ တော့ပါဘူး။ ပြန်ဆုံကြတဲ့အခါ တီချာကြီး ကျမ/ ကျနော်က A1 ကပါ ၊ S2 ကပါ…
ဆိုမှ ခပ်ရေးရေးမှတ်မိတော့တယ်လေ။
သင်တန်းသူသင်တန်းသားတွေကတော့ ကျမကို မှတ်မိကြသူများမယ်ထင်ပါတယ်။ ကျမ
Phonetics သင်ပါတယ်။ သူတို့ကျမကို မမေ့နိုင်စရာ Embarrassing ဖြစ်စရာကြုံခဲ့ရပါတယ်။
ကျမ ပို့ချချက်မှာ (44) English Sounds ရှိကြောင်း၊ (8) Vowels, (12) Diphthongs,
(24) Consonants ရှိကြောင်း ရှင်းပြတယ်၊ အသံတွေထွက်ပြတယ်၊ အင်တိုက်အားတိုက်
ကြီးသင်တယ်၊သင်တယ်ပေါ့လေ။ ရှင်းတဲ့ အထဲမှာ Diphthongs အသံထဲမှာ /ခu/ ဆိုတဲ့
အသံတစ်ခုရှိတယ်။ ( ကျမ Phonetics Symbol ရေးမရလို့ အနီးဆုံးတူတာရေးတာပါ။)
ဒီအသံက (အိုအွတ်) မြန်မာအသံကို ချိတ်ဆိုသံမျိုးပါ။ နှုတ်ခမ်းကိုချွန်ပြီး အောက်မေးရိုက်
ထွက်ရတာမျိုးပါ။ ဥပမာ။ ။ Go ကို (ဂိုးအွတ်) လို့ လှိမ့်ဆိုရတာပါ။ ဆိုပြလိုက်ချင်ပါတယ်၊
ရေးပြရတာခက်လို့ပါ။
ကျမ သင်တန်းသား/သူတွေကိုရှင်းပြတယ်၊ အသံထွက်ပြတယ်၊ သူတို့နည်းနည်း စိတ်ရှုပ်
ပုံပေါ်နေတယ်။ ဒါနဲ့ ကျမ ရုပ်သံကြော်ငြာတစ်ခုကို ဥပမာပေးပါတယ်။ အဲဒီတုန်းက ဒွေး
…ဟုတ်ပါတယ် ဒွေး ကျော်ကြားစဉ်ကာလပါ။ တစ်ချို ့မိတ်ဆွေတွေ မှတ်မိကောင်း မှတ်မိ
မယ် ထင်ပါတယ်။ ဒွေးက ကယ်ဆမ်ကွေကာ သောက်ပြီး “ ကယ်ဆမ်ကွေကာ ဂွတ်တယ်
ဗျာ” လို့ ပြောတော့ သူ့အနားက သူ့ရဲ ့ ဘူးဒေါ့ခွေးကြီးက အောက်မေးကြီးလှုပ်ပြီး သူပါ
သောက်ချင်တဲ့ ပုံစံပြတဲ့ ကြော်ငြာလေးပါ။
ကျမက သင်တန်းသူ/သားတွေကို ဒီ (အိုအွတ်)ဆိုတဲ့ အသံထွက်တာမှာ မေးရိုး လှုပ်သွားပုံ
အကြောင်းပုံစံက “ကယ်ဆမ်ကွေကာ ဂွတ်တယ်ဗျာ” ကြော်ငြာထဲက ဒွေးရဲ ့ ခွေးကြီး လို
အောက်မေးရိုးလှုပ်ပြီးအသံထွက်ရမယ်လို့ ကျမမေးရိုးကိုပါ လှုပ်ပြပြီး သင်ပါတယ်။
ကျမလေ ပြောချင်ဇောတွေ များပြီး ဒွေးရဲ့ခွေးကြီးလှုပ်သလို လို့ ပြောရမှာကို
(ဒွေး ရဲ့ ဂွေးကြီး လှုပ်သလို) လို့ ပြောလိုက်မိပါတယ်။ (How embarrassing!!!)
Trainees တွေ ရယ်ကြတယ်၊ရယ်ကြတယ်။ ကျမ ချွေးပြန်တယ်၊ချွေးပြန်တယ်။ ဘာဆက်
သင်ရမှန်းကို မသိတော့ဘူး။
ဒီလိုနဲ့နှစ်တွေ ကြာ…လို့ ဒီဆရာ/ ဆရာမတွေနဲ့ ပြန်ဆုံ ဖြစ်ပါတယ်။ ဒါလည်း သူတို့ လာနှုတ်
ဆက်လို့ မှတ်မိသွားတာ။ တီချာကြီးသင်လိုက်တဲ့ /ခu/ sound ကို ကျမတို့ အမြဲမှတ်မိနေပြီ
လို့ပြောကြပါတယ်။ ကျမလည်း သိပ်မရှက်တတ်တော့တဲ့ အဘွားကြီးအရွယ်ရောက်ပြီမို့ သူတို့
နဲ့ရောရယ်နိုင်ခဲ့ပါတယ်။ တော်ပါသေးရဲ ့ သူတို့ အသံထွက်မှတ်မိသွားလို့ ဆိုပြီး တော့လေ။
ဒွေးဆုံးတော့တောင် ဒီအကြောင်း သတိရနေမိသေးတယ်။
12 comments
TTNU
October 14, 2011 at 1:32 pm
ကို Windtalker ရေ
မောင်ရင်ပြောသလို counting number လေးတွေ ပေါ်လာပြီးမှ Publish တာ။ ဒီတစ်ခါ Copy/ Paste ပေါ်လာပြန်ပြီတော့။ ရ တယ် မဟုတ်လားဟင်။
windtalker
October 14, 2011 at 8:40 pm
ဒီလို ပါ ဆရာမ
ကောင်းတင်း နံပါတ် ပေါ်ပေါ် ၊ မပေါ်ပေါ်
ဆရာမ တင်ချင်တဲ့ အကြောင်းအရာ အားလုံး ပြည့်စုံလို ့
publish လုပ်တော့မယ် ဆိုရင်
မလုပ်ခင်မှာ
publish နှိပ်စရာ ရဲ ့အောက်ဘက်မှာ
categories ဆိုတာ ပါပါတယ် ဆရာမ
အဲဒီမှာ မှ
ဆရာမ ရဲ ့အခုလို ပို ့စ်မျိုးဆိုရင်
Creative Writing မှာ တစ်ချက်ရွေး
နောက်ပြီး My Dear Diary မှာ တစ်ချက်ရွေးပြီး မှ
ပက်ဘလစ် ကို နှိပ်ရင်
ကော်ပီ/ပေ့စ် လုံးဝ ဖြစ်တော့မှာ မဟုတ်တဲ့အကြောင်း ပါ ဆရာမ
TTNU
October 14, 2011 at 11:09 pm
ကျေးဇူးနော် ကိုဝင်းထော်လခါရေ
နောက်တစ်ပုဒ်ကျအဲလိုလုပ်ကြည့်မယ်နော်။
ဂရုစိုက်ပေးတာ ကျေးဇူးတင်ပါတယ်ကွယ်။
manawphyulay
October 14, 2011 at 3:22 pm
ဆရာမကတော့ အရင်ထဲက ဒွေးကို သတိရနေတာနဲ့ အတော်ပဲဖြစ်သွားတာပေါ့နော်။ ခုထိ သတိဒွေးကို ရင်ထဲထားတုန်းထင်တယ်။ Copy Past ကို ကလစ်ဖြုတ်လိုက် ဆရာမရေ… ဒါဆို အိုကေသွားလိမ့်မယ်။
nozomi
October 14, 2011 at 3:48 pm
တစ်ခါတစ်လေ ကြိုတင်မရည်ရွယ်ပဲ လုပ်မိလိုက်တဲ့ ဖြစ်ရပ်လေးတစ်ခု က ဘဝတစ်သက်လုံး သတိရသွားတတ်တယ်
အခုလို ကောင်းသော သတိရခြင်းကတော့ ပိုကောင်းတာပေါ့
ဆရာမကြီးရဲ့ ပို့စ်တွေ ဖတ်ဖြစ်ပါတယ် ၊ အခုမှပဲ မန်းဖြစ်လို့ပါ
ဆရာတွေနဲ့ တပည့်တွေကြားက သံယောဇဉ်တရားကတော့ ကြုံဖူးတဲ့သူ၊နားလည်ခံစားတတ်တဲ့ ပတ်ဝန်းကျင်မှာ ရှိမှ နားလည်ခံစားနိုင်မှာပါ၊
နောက်ပို့စ်တွေကို စောင့်ဖတ်နေပါမယ်
hmee
October 14, 2011 at 6:30 pm
တီချယ်ရယ် ဘာပဲပြောပြော ထူးခြားမှုလေးနဲ့မို့ တသက်လုံး မေ့မှာတောင် မဟုတ်တော့အောင် အမှတ်ရနေကြမှာပါ။
thit min
October 14, 2011 at 6:39 pm
ဟုတ်ကဲ့ ဘာဘဲဖြစ်ဖြစ် သူတို့မှတ်မိလွယ်သွားမှာမို့ အကျိုးရှိပါတယ်။
ပေါက်ဖော်
October 14, 2011 at 9:44 pm
တီချယ်နု..
တပည့်တွေကို သပ်တတ်စေချင်လွန်းလို ့.
.ဒွေးရဲ့….ခဝေး..ကနေ..ဂဝေး..ဖစ်တွားတာ
အဟိ..
padonmar
October 14, 2011 at 11:02 pm
TT ရဲ့ best teacher postတွေ အကျိုးရှိပါတယ် ၊သင်တန်း တက်နေပါတယ်
TTNU
October 14, 2011 at 11:30 pm
မနောဖြူလေးပြောသလို Copy and Paste ကို ကလစ်ဖြုတ်လိုက်ဆိုတာက View Post ပေါ်လာမှလား။ လုပ်ကြည့်မယ်နော်။ ကျေးဇူးပါ။
ကောင်းသော သတိရခြင်းကတော့ ပိုကောင်းတာပေါ့ ဆိုတဲ့ Nozomi ရေ စောင့်ဖတ်တာကျေးဇူးနော်။
ဟုတ်ပါ့ မှီရယ်။ထူးခြားမှုလေးနဲ့မို့ တသက်လုံး မေ့မှာတောင် မဟုတ်ပေမဲ့ တီချာကိုက အဲလို Spoonerism ခဏခဏဖြတ်တတ်တာ ရှက်စဖွယ်နော။
ဆရာသစ် မှတ်ထဲမှာ ကဗျာဖွဲ့သွားမှဒုက္ခ။
ကိုပေါက်ဖော်ရေ ရှင့် Bottle ကြီးရမ်းနေတာ ကျုပ် Bottom ကြီးရမ်းနေတယ်ပြောမိရင် စိတ်မဆိုးနဲ့နော်။
ပဒုမ္မာရေသင်တန်းတက်ပေးတာ ကျေးဇူးပါနော်။
htoosan
October 15, 2011 at 9:43 am
ဆရာမ ချွေးပြန်ခဲ့တာ မှန်ပေမဲ့ အခု သူကြီး Best Joke for the Month ဆုပေးရင် ဆရာမ ရမှာသေချာတယ်…
Trainees တွေ ရယ်ကြတယ်၊ရယ်ကြတယ် .. ဆရာမ ပြောသလို အခု ကျွန်တော်လဲ ဖတ်ကြည့်လိုက် ရယ်လိုက် ပြန်ဖတ်လိုက် ရယ်လိုက် ဖြစ်နေတယ်..
ကျွန်တော်လည်း ဆရာမကို သေသေချာချာမှတ်မိသွားပြီ ..မေ့မှာ မဟုတ်တော့ဘူး..
လေးစားစွာဖြင့်..
ကြောင်ကြီး
October 15, 2011 at 10:44 am
သူ့အမေကမွေး
သူ့အဖေကကျွေး
ငယ်စဉ်မှာဖွေး
ကြီးလာတော့ထွေး
ရုပ်ရှင်မင်းသားဒွေး
နံပါတ်ဖိုးနဲကွေး
တီချာပေးတဲ့အမည်ဂွေး..။ 😎