အိုဘယ့် သူဌေးမင်း
ပြည်သူတိုင်းသား ၊ ရင်ဝယ်သားသို့၊ သနားမကင်း ၊ အရှင်မင်း။ ကျွန်ရင်းမှန်စွာ၊ ဖျာ့ကျွန်မှာလျှင်
ရှေ့ခါလက်တွင်း ၊ နွားတစ်ရှဉ်းနှင့် ၊ စိုက်ခင်း လယ်ယာ ၊ ထွန်ရပါ၏။
ခုခါ တစ်ဖက် ၊ သေသည့်တွက်ကြောင့် ၊ နှစ်ဖက် ပြည့်အောင် ၊ နွားတစ်ကောင်ကို ၊ စောင်မ သနား
ပေးပါဖျာ့ဟု၊ လျှောက်ထားနည်းကောင်း ၊ သား အလောင်းက ၊ ကြောင်း ကားသွန်သင် ၊ နှုတ်တက်ကျင့်မှ
နန်းရင်ပြင်မှောက်၊ မင်းရှေ့ရောက်သော် ၊ ရွှံ့ကြောက် ပညာ ၊ နည်းလေရှာ ရု် ၊
ကျွန့်မှာ ရှိရင်း ၊ နွားတစ်ရှဉ်းဖြင့် ၊ စိုက်ခင်းလယ်ယာ ၊ ထွန်ရပါ၏ ။ ခုခါတစ်ဖက် ၊ သေသည့်တွက်ကြောင့် ၊
ကျန်လျက်ရှိသော ၊ တစ်ကောင်နွားကို၊ မင်းဖျားယူပါ ၊ လျှောက်ဆိုရှာရု်၊ ညီလာသဘင် မင်းရင်ပြင်၌ ၊ မင်းပင်အခ
ပြုံးရယ်ကြသည်၊ ဧရာ့ သူဌေးမင်းပေ……….
ဟူသတတ်။………..ဒုကနိပါတ်သောမဒတ္ထဇာတ်လာ……ဟသရသမှ ကူးယူဖော်ပြပါသည်ခင်ဗျားးးးးးးးး
2 comments
windtalker
October 19, 2011 at 12:06 pm
သူဌေးမင်းပေ ဆိုတာလေးကို မြင်တော့
ကျုပ်များ ရေးထားတာလား လို ့
ဟားဟား
thit min
October 19, 2011 at 4:08 pm
သူတို့ အချင်းချင်း ဂွင်ရိုက်နေပုံပဲ။
ဒါဘဲ
လူကုန်တော့ ကူးနဲ့နော်။ ဖုန်းဆက်လိုက်ရမလား ဖြစ်သွားမယ်။