အင်တာဗျူး နှင့် အဘ ( FR ) ( ပထွေး ရင်ခွင်မှာပဲ ခိုလှုံလိုက်ရတာပေါ့ )
အင်တာဗျူး နှင့်
အဘ ( FR )
ထုံးစံအတိုင်း ပါပဲ
အစ ကတော့
ဆရာ Kai ရဲ့
” အင်ကြင်းခိုင် “
အင်တာဗျူး မှာ
မထိတထိ လေး
ဝင် Comment ပေးတာ ။
ပြောရင်း ပြောရင်း
ဒေါမနဿ ကပါလာပြီး
Post ကြီးဖြစ်ရပြန်ပေါ့ ။
အဲဒီတော့ကာ
အဲဒီ ” အင်ကြင်းခိုင် ” Post နှင့်
တွဲဖတ်မှ
ဇတ်ရည်လည်မဗျ ။
ဟီဟိ ။
ရွာသူား တွေကတော့
သတ်ချင်တော့ မှာပဲ ။
ရွာသူားများလည်း
ဝဋ်ပါလာတယ်
သဘောထားပြီး
သည်းခံဖတ်ပေါ့ဗျာ ။
အဘကိုသာ MG ကသာ
အင်တာဗျူးလာမေးလို့ကတော့ ၊
သူကလေး ထက်သာအောင် ဖြေပြလိုက်ဦးမှာ ။
” မော်တော်ကားဆိုရင် ရိုးရွိုက်စ်
ဒါမှမဟုတ် ဟမ်းမား မှစီးချင်တာ “
ဆိုတဲ့အကြောင်း ။
ဘာလုပ်မလဲ မာစီးဒီး ဘီအမ်ဒဗလျူ
လူလတ်တန်းစားတွေစီးတာ ၊
စိတ်ကူးယဉ်မဲ့ယဉ်မှတော့
ခပ်မြင့်မြင့်ကိုယဉ်ပစ်လိုက်စမ်းဘာ ။
နောက်တာပါကွယ် စိတ်မရှိကြပါနှင့် ၊
တကယ်က အဘစိတ်ရင်းက
အဲဒီလို ငယ်ငယ်ချောချော
သမီးလေးတွေ ကဆို
ဘာပဲပြောပြော ဘာပဲလုပ်လုပ်
အကုန်လုံးကို သဘောကျ ပြီသား ၊
အကုန်လုံးကို ခွင့်လွှတ် ပြီသား ။
နဲနဲလေးမှကို အပြစ်မမြင်တတ်တာ ၊
အကောင်းမြင်သမားကြီး ဘဘ ပေါ့လေ ။
ဒါနှင့် စကားမစပ်
အဲဒီ အင်တာဗျူးဖြေပုံအရဆိုရင်
” အမေရိကန်တွေ ကမာ္ဘမှာ သချင်္ာအရမ်းညံ့တယ် ”
ဆိုတဲ့ အဆို မှန်နေပြီပေါ့ ။
ကမာ္ဘကြီး တခုလုံးကို ဘာပညာနှင့်များ
မှောက်လိုမှောက် သွန်လိုသွန် အုပ်စိုးနေပါလိမ့် ။
အင်းးးးးးး
နိုင်ငံရေး စနစ်လေး တစ်ခု မှန်သွားပြန်တော့လဲ ။
ကမာ္ဘ့ ရှိရှိသမျှ အတော်ဆုံးဆိုတဲ့ ပညာတတ်တွေ
သူဌေးတွေကလဲ USA ပဲသွားချင်နေတာကိုး ။
အဲဒီတော့ ကိုယ်တွေ တိုင်းပြည်ထဲမလဲ
သူ့ ရွေးကျ တွေချည်း ကျန်ရစ်တာကိုး ။
အဲဒီတော့ မစခင် ကတည်းက ရှုံးနေတာလေ ။
ဘယ်လိုပြိုင်လို့နိုင်တော့မလဲ ။
အဖြေက ရှင်းနေတာပဲဟာ ။
ဟိုတစ်ခါကြားလိုက်ပါသေး
Australia ဝန်ကြီးချုပ်တောင်
ဝမ်းနည်းပြီး မျက်ရည်ကျတယ်တဲ့ ။
သူ့ Australia တိုင်းသူပြည်သားတွေကို ၊
USA ထက်သာအောင် လိုလေသေးမရှိထားပေမယ့် ၊
အတော်ဆုံးဆိုတဲ့ Australia ပညာတတ်တွေက
USA ပဲသွားနေနေလို့တဲ့ ။
ငါတို့ မြန်မာပြည်က ချုပ်ချုပ်ကြီးတွေနှင့်များ
တွေးပုံခေါ်ပုံ တိုင်းပြည်အကျိုးကြည့်ပုံတွေမှာ ကွာပ ။
ဒီမှာကဖြင့် ပညာမတတ်လေ ဆင်းရဲလေ ၊
ဘာအသံမှမထွက်တော့ အုပ်ချုပ်ရတာလွယ်လေ ဆိုပြီး ။
ပညာတတ်တွေ သူဌေးတွေကို ၊
ကြိုးစား ပမ်းစားကို မနည်း နှင်ထုတ်နေရတာ ။
သူများတိုင်းပြည်ရောက်သွားရပေမယ့်
ကိုယ်ဆွေမျိုးညာတိ နှင့် မွေးရပ်မြေကို
မမေ့ပျောက်နိုင်သေးလို့ ဆိုပြီး
နိုင်ငံတကာမှာ မျက်နှာအငယ်ခံပြီး
စာအုပ်အနီလေး ဆက်ကိုင်ထားမိပါတယ်
သက်ဆိုင်ရာနိုင်ငံအသီးသီးက
မြန်မာသံရုံး အသီးသီးကနေဆက်ပြီး
ဘဘ ချုပ်ချုပ်ကြီးတွေရဲ့
ပညာတတ် နှိမ်နင်းရေး Policy အောင်မြင်ရအောင် ဆိုပြီး ။
ဝိုင်းပြီး ပညာပြ နည်းမျိုးစုံ ဥပဒေမျိုးစုံနှင့်
နင့်အလှည့်ကျမှတော့ မနွဲ့ရအောင်
ဆက်လက်ပြီး နှိပ်စက်ပေးလိုက်တာ ။
နောက်ဆုံးမတော့
အဲဒီ ပညာတတ်လေးတွေ ခမြာ
စိတ်ဆင်းရဲခြင်းကြီးစွာ နှင့်ပဲ
( တချို့ဆို စိတ်နာစွာ နှင့်ပဲ )
မြန်မာနိုင်ငံသားဘဝကို စွန့်လွတ်ပြီး
စိမ်းနေသေးပေမယ့်လည်း
တရားမျှတမှုရှိမှာ သေချာတဲ့
ပထွေး ရင်ခွင်မှာပဲ ခိုလှုံလိုက်ရတာပေါ့ ။
ဇတ်သိမ်းတော့ ဘာဖြစ်လဲ ။
ပညာတတ်လေး ခမြာမှာ တော့ ၊
မျိုးချစ်စိတ်ဓါတ် ခေါင်းပါးတဲ့ ၊
နိုင်ငံ နှင့် လူမျိုး အပေါ် သစ္စာ မထားနိုင်တဲ့ ၊
အမေကျော် ဒွေးတော်လွမ်းသူကြီး ကိုဖြစ်လို့ ။
အမိ နိုင်ငံတော် ခမြာမှာ လည်း ၊
သူ တယုတယ ကျွေးမွေး ပြုစုလာခဲ့တဲ့ ၊
သူ့ရဲ့ အတော်ဆုံး အထူးချွန်ဆုံး ပညာအတတ်ဆုံး ၊
အားအကိုးသင့်ဆုံး အမျှော်လင့်ဆုံး ၊
( အချစ်ရဆုံး လည်းဖြစ်ဖို့များတဲ့ )
သားကောင်း သမီးကောင်း လေးတွေကို ၊
အစုလိုက် အပြုံလိုက် စွန့်လွှတ်ရ ။
( စကားသာပြောနိုင်ရင် သူလည်း
ငိုကြွေးလို့ကို ဆုံးမှာ မဟုတ်ဘူး )
ပထွေးနိုင်ငံ ( နိုင်ငံခြား ) ကတော့ ၊
သူ့ကို အခွန်တွေ နင့်နေအောင် ဆောင်ပေးမယ့် ၊
ခူးပြီး ခတ်ပြီသား ပညာတတ်လေးတွေ ရ ။
Australia Fellow ဆရာဝန် တစ်ဦး ( တစ်ဦး ) ကို
အခွန်ဒေါ်လာ တစ်သိန်း နီးပါး နှစ်စဉ် ၊
မြန်မာငွေ နှင့်ဆို သိန်း ရှစ်ရာကျော်
ဝင်ငွေခွန်ချည်းပဲ နှစ်စဉ် ဆောင်ရတယ်ဗျ ။
နည်းမှတ်လို့ ။
ဆရာဝန် ဆယ်ယောက်ဆိုရင်ပဲ
တနှစ် ဝင်ငွေခွန်ချည်းပဲ
ဒေါ်လာ တစ်သန်း ဖြစ်နေပြီ ။
တခြား အခွန်တွေ မပါသေးဘူး ။
ကိုယ်တွေ့ ကိုယ်တွေ့
အခွန် ဘောက်ချာတွေတောင် ပြလို့ရသေး ။
တကယ်က စနစ်သာ ကောင်းရင် မှန်ရင်
ဒါတွေက အမိမြန်မာနိုင်ငံတော်ကြီး ရရမှာဗျ ။
ရင်နာချက် ။
အခုမှတော့ ပြန်ပြင်လို့ မရတော့ဘူး ။
လွန်တဲ့ဟာတွေလည်း လွန်ကုန်ပြီ ။
စိတ်နာတဲ့သူတွေကလဲ စိတ်နာသွားပြီ ။
မြန်မာပြည်ကို ဒီတသက် မပြန်တော့ဖူး
ပြောတဲ့သူတွေတောင် ရှိပါ့ ။
နောက်ဆုံး အကျိုးရှိသွားတာဆိုလို့
ဘဘ ချုပ်ချုပ်ကြီးတွေ ကတော့
နောက်ထပ် နှစ်တရာ လာထားပဲ ။
အဲဒီလို အထက်က Policy ချထားတာတွေ ၊
အောက်က လုပ်ဆောင်နေတာတွေကို ၊
မသိရတဲ့ တိုင်းသူပြည်သားတွေကများ ၊
သူတို့တိုင်းပြည်ကြီးကို
တိုးတက်စေချင်ကြသေးတယ် ။
မျှော်လင့် နေကြသေးတယ် ။
ဒီလို Policy ဒီလို Idea မျိုးနှင့်ကတော့
ဟို ကျော်ဟိန်း ရုပ်ရှင်ထဲကလို
ဆယ်နှစ် ဆယ်နှစ် ( ဆက်စောင့် ) မဟုတ်ဘူး ။
ဆယ်သက် ဆယ်သက် ( ဆက်စောင့် ) လို့ပဲ
အော်ပစ်လိုက်ချင်တယ် ။
တော်သေးဘီ ။
ဇါတ်နာစရာတွေ ဆက်ပြောမိရင် ၊
စိတ်နာလာပြီး ကိုယ်ပါ နိုင်ငံခြားသား ခံမိတော့မယ် ။
အင်းးးးးးးး
ကံစွပ် ပြီး ၊
ပြည်သူ ချစ်တဲ့ ပြည်သူတွေရဲ့ ၊
တရားမျှတတဲ့ ၊
ပြည်သူ့အစိုးရများ တက်လာခဲ့ရင်တော့ ၊
ကိုယ့် လုပ်အားခကရတဲ့ ၊
ဖြူစင်တဲ့ အခွန်ငွေလေးတွေ နှင့် ၊
တိုင်းပြည်ကြီးကို အတုံ့အလှည့်
ကျေကျေနပ်နပ် ကြီး ၊
ပြန် တာဝန်ထမ်းချင်ပါဘိ ။
အင်းးးးးး
ရွာသူား တွေကတော့ နောက်ဆို
အဘ ကို Comment တောင်ပေးရေးပါတော့မလားပဲ ။
Comment တစ်ခါရေးလိုက်
Post တစ်ခု ဖြစ်သွားလိုက်နှင့် ။
မျက်စိကိုနောက် နေတော့မှာဘဲ ။
ဟီဟိ ။
တောင်းပန်ပါတယ် ။
ခွေးလွှတ် ကြပါ ။
15 comments
small cat
October 21, 2011 at 6:50 am
ကောင်းလိုက်တဲ့စာပါလားဗျာအကိုဖောရေ။
တည့်တည့်ကြီး ကိုထောက်ပြလိုက်တာပါလား။
အဝေးကနေ ရေးခွင့်ရနေတဲ့သူတွေ များများလေးရေးပေးကြပါ။
ခက်နေတာက ပြည်သူအများစုက အင်တာနက်မကြည့်နိုင်လေတော့
လူနဲစုလေးပဲ ဒီလိုအသိအမြင်တွေကို သိခွင့်ရနေကြတာ။
လူလတ်တန်းစား ရဲ့ ၃ပုံ၁ပုံလောက်က ဒီဗွီဘီကြောင်း အသိအမြင်နဲနဲကျယ်လာကြပေမဲ့
အခုတော့ ၈ ပေစလောင်းတွေနေရာမှာစကိုင်းနက်တွေ တဖြည်းဖြည်းနေရာယူလာနေပြီ။ နောင်ဆိုရင် ၈ ပေတွေတဖြည်းဖြည်းပျောက်
သွားနိုင်တယ်။
MaMa
October 21, 2011 at 7:09 am
ပြည်တွင်းကနေ မှိုတက်နေတဲ့ ဦးဏှောက်တွေကနေ ထွက်ကျလာတဲ့ သဘောတရားတွေကို ဘယ်လိုမှ သဘောမထားပါနဲ့လို့ တောင်းပန်ပါတယ်။
အဲဒါကြောင့် တစ်ခါက FR ကို ရေးမိတာ မှတ်မိဦးမလား မသိဘူး။ မြန်မာပြည်ကနေ ဂုဏ်ယူစရာကို ပြပါဆိုရင် FR ကိုယ့်ကိုကိုယ်သာ လက်ညှိုးထိုးပြလိုက်ပါလို့။ မြန်မာတစ်ယောက်အနေနဲ့ နိုင်ငံရပ်ခြားမှာ တင့်တင့်တယ်တယ် ထယ်ထယ်ဝါဝါ နေနိုင်တာ မြန်မာပြည်အတွက်၊ ပြည်တွင်းကလူတွေ အတွက် ဂုဏ်ယူစရာလို့ ထင်ပါတယ်။ ပြောရရင် မြန်မာတွေ မညံ့ဘူးပေ့ါ။
padonmar
October 21, 2011 at 7:53 am
“ကိုယ့် လုပ်အားခကရတဲ့ ၊
ဖြူစင်တဲ့ အခွန်ငွေလေးတွေ နှင့် ၊
တိုင်းပြည်ကြီးကို အတုံ့အလှည့်
ကျေကျေနပ်နပ် ကြီး ၊
ပြန် တာဝန်ထမ်းချင်ပါဘိ ။”
FR တို့ အသက်လောက်ကပြန်လာချင်တာတောင် နောက်generation ကလေးတွေက ဖုံထူခြင်ကိုက်မီးပျက်တဲ့ ဒီပြည်မှာမနေပါရစေနဲ့လို့ပြောလာရင် ဘယ်လိုလုပ်ရပါ့မလဲ။
သူတို့လေးတွေ ဟိုမှာနေမပျော်ခင် မြန်မြန်ပြန်နိုင်မှ ပြန်ရောက်ကြမယ်ထင်ပါတယ်။
inz@ghi
October 21, 2011 at 8:40 am
ကမာ္ဘ့နိုင်ငံ အသီးသီးအတွက် သားကောင်းရဒနာ လေးတွေ မွေးထုတ်ပေးနေတဲ့…
ချုပ်ချုပ်ဂျီးဒွေရဲ့ စေဒနာ ဗလဘွ တွေပါ အန်ကယ်ဖော ရယ် …
(အဲ့လူဂျီးဒွေ အကြောင်း ပြောရင် အော်ဂလီဆန်ပီး အရင်နေရာဂျီးက အောင့်အောင့် လာလို့ အဘလို့ မခေါ်ဘဲ အန်ကယ်ဖော လို့ ပြောင်းခေါ်လိုက်ပါသီ …)
Moe Z
October 21, 2011 at 8:54 am
ပြောရရင်ပို့စ်တစ်ပုဒ်နဲ့လည်းမလောက်ပါဘူး ဦးဦး FR ရယ်..
မိုးစက်ရဲ့ ဘကြီးတစ်ယောက်ဆိုရင် ဝန်ကြီးဌာနတစ်ခုမှာ ညွှန်ကြားရေးမှူးဖြစ်ကာနီးမှ သူများနိုင်ငံသားခံယူလိုက်တဲ့သားနဲ့သမီးကြောင့် အလုပ်ကထွက်ပြီး
သူပါအဲဒီမှာသွားလိုက်နေလိုက်တယ် ကောင်းရော
Shwe Ei
October 21, 2011 at 11:16 am
စိတ်နာနာနဲ့ ချစ်နေမိဒယ် =))
ကြောင်ကြီး
October 21, 2011 at 11:50 am
သမဒဂျီးဦးသိန်းစိန်က အရင်အစိုးရလက်ထက် ဝံဂျီးခြုပ်ဘဝမှာ ပြောဖူးပါတယ်။ မြန်မာပြည်မှာ အလုပ်အကိုင်တွေပေါလွန်းလို့ တိုင်းပြည်ချစ်ရင် ပြန်လာကြပါတဲ့၊ တောရွာတွေမှာ မစိုက်မပျိုးရသေးတဲ့ လယ်မြေတွေ ဖော်ထုတ်ပေးပါမယ်တဲ့။ ဩဇီဦးဖောတို့လို ကိုယ်ပိုင်တနိုင်စီးပွားရေးလုပ်ချင်ရင်လည်း လယ်လုပ်ခွင့်ပေးပါမယ်၊ ဆရာဝန်ဆိုရင်လည်း တောရွာတွေမှာ စိတ်ကြိုက်ကုသခွင့်ပေးပါမယ်တဲ့။ စိန်လား..
windtalker
October 21, 2011 at 12:20 pm
အေးဗျာ
ဖတ်ရင်းဖတ်ရင်း နဲ ့
ကိုယ်ချင်းစာစိတ်တွေ ဖြစ်လာရပါတယ်
အဘ တို ့မျှော်လင့်တဲ့ အနေအထားတွေ နဲ ့
ပြည့်စုံတဲ့ နေ ့ မျိုး ရောက်လာပါစေ လို ့ပဲ…
နွယ်ပင်
October 21, 2011 at 12:59 pm
လာတော့ လာမယ်တဲ့ ဒါပေမယ့် စောင့်ပါဦးတဲ့
နှစ်အကန့်အသတ်တော့ မပြောတက်သေးဘူး မေပေါင်ရေ ……. 😛
aungnng87
October 21, 2011 at 12:20 pm
ဟုတ်ပနော်…။အဲဒီဩစီတို. u.sကို ukတို့မှာ ဘယ်သူတွေများစိုက်ပျိုရေးလုပ်ငန်းတွေလုပ်ကိုင်ကြသလဲမသိဘူးနော်။ အင်တာနက်မှာလည်းသိပ်မတွေ့မိဘူး။ ဗမာပြည်မှာတော့ ကျေးလက်ကလူတွေကလုပ်ကိုင်ကြတယ်။အခုတော့ သူတို့လည်းအပင်ပမ်းမခံ ချင်တော့နိုင်ငံခြားတွေထွက်ကုန်ကြပြီ။
TTCG
October 21, 2011 at 5:12 pm
In UK, most of the farmers are very very rich and millionaires. The government wants farmers to grow / breed as much as they can because they want to save money for importing goods outside of UK. So, farmers got special favors from the government such as tax reliefs, subsidies, etc. As long as they do farming, they become more and more rich.
kai
October 22, 2011 at 4:16 am
ယူအက်စ်မှာလည်း.. လယ်သမားက သူဌေးကြီးတွေပဲ..။
စက်မှုနိုင်ငံဆိုတော့.. မျက်စိတဆုံးလယ်တွေကို..တယောက်၂ယောက်ပဲ အလုပ်လုပ်နေတာ မြင်ရတယ်..။ မိုးအတုရွာ..။ ပိုးသတ်ဆေးဖြန်း… အသီးအနှံဆွတ်အကုန် စက်တွေနဲ့လုပ်တာကိုး…။
တလောကတင်.. ဆန်ဖရန်စစ္စကိုဖက်သွားရင်း… ခရမ်းချဉ်သီးစိုက်ခင်းတွေဖြတ်ခဲ့တာ…
၁ဝတန်ထရပ်တွေနဲ့.. မျက်စိတဆုံးကားတန်း.. ခရမ်းချဉ်သီးတွေ.. သယ်နေတာ..။ အလုပ်လုပ်နေသူတွေက.. စုစုပေါင်းအယောက် ၂ဝမရှိချင်ဘူး..။
ဘာရယ်မဟုတ်.. မင်းထင်ကိုကိုကြီးရဲ့.. အင်းသီး (Floating tomatoes)ကြည့်ရင်း… ကြည်ရင်း နှိုင်းတွေးမိပါရဲ့..။
.. ဪ..ငါတို့ရဲ့ အဖမြန်မာပြည်…။
မိုက်ကယ်ဂျော်နီအောင်ပု
October 21, 2011 at 12:30 pm
လိုက်ပြောနေဂျဒယ် ဒါမြန်မာပြည် ဘာမှတ်ဂျသဒုံး
အစဉ်လာကိုထိမ်းသိမ်းထားဒါ
ဟိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးရှေးရှေးအစဉ်လာအရဂိုဂ
သရဲဂေါင်းဒွေ တော်ဒဲ့တတ်ဒဲ့လူဒွေဆိုဒါ
ဘင်ဖရားဂျီးဂို သစ္စာခံရဒယ်
တော်ခြင်သလောက်တော် တတ်ခြင်သလောက်တတ်
အောက်မှာနေရင်နေရာပေးမယ်
ကျေနပ်ရင်လုပ် မကျေနပ်ရင်မလုပ်နဲ့
ဒါဗျဲ
ပုံ
တပ်ချုပ်ကြီး
manawphyulay
October 21, 2011 at 1:34 pm
ဒီလိုကျတော့လည်း အင်း ဘယ်လိုမျိုး ပြောမလဲ ပြောရမလဲပေါ့နော်။ ဒီထက် ကွာခြားလို့ အဲဒီကိုရောက်သွားတာမလား။ ဒီတော့ ဒီထက်တော့ နည်းနည်းသာတာပေါ့နော်။ နိုင်ငံခြားဆိုတာကြီးကို မရောက်ဖူူးတော့ ငယ်တုန်းကတော့ သွားချင်ခဲ့မိတယ်။ နောက် ဒီဗီပေါက်တော့လည်း သွားရင်ကောင်းမလား မကောင်းလား စဉ်းစားပြီး ကုန်စရာငွေကြေးမရှိလို့ မသွားခဲ့တော့တာခုချိန်တိုင်ပါပဲ။
ပေစုတ်စုတ်
October 22, 2011 at 3:22 am
ကွန်းမန့်တစ်ခုကနေ ဒီပို ့စ်ဖြစ်လာတယ်ဆိုပေမဲ့… ကွန်းမန့်နဲ့ မတိုက်ဆိုင်တဲ့ အခါတွေများလဲ ပိုစ့်တွေ တင်ပေးနိုင်လျှင်တင်ပေးဖို ့ တောင်းဆိုပါတယ် ဦးကြီး FR.. MG မှာစဝင်ဖတ်ကတည်းက စားရေးတဲ့ပုံစံ(မြန်မာ+အင်္ဂလိပ်)ဆန်းလို ့သတိပြုခဲ့မိပါတယ်.. နောက်ပိုင်းတော့ ရေးတဲ့ကွန်းမန့်တိုင်းဟာလဲ သူ ့ဟာနဲ့သူ အဓိပါယ်အပြည့်အဝရှိတာသတိထားမိလို ့ တွေ ့တဲ့ကွန်းမန့်တိုင်းဖတ်ဖြစ်ပါတယ်… အခုလည်း စားရေးတဲ့ပုံစံပြောင်းပြီး ပို့စ်တွေပါတွေ ့တွေ ့လာရတော့ အလွန်သဘောကျပါတယ်… နောက်နောင်ရေးမယ့်ပို့်စ်တိုင်းအတွက်လဲ အမာခံပရိတ်သတ်အဖြစ်ရှိနေမည်ဖြစ်ပါကြောင်း.. .ဦးကြီး FR… ကျန်းမာချမ်းသာပါစေခင်ဗျာ…
——-မောင်ပေစုတ်—–