နဂါးလေးတို့ပြည် သို့ (၂)
ပါရို မြို့က ဘူတန်ရဲ့ ဒုတိယမြို့တော်ဆိုပေမဲ့ ကျွန်တော်တို့ဆီက မြို့ငယ်လေးတစ်ခုသာသာပါ နေထိုင်တဲ့လူတွေရဲ့ အမူအကျင့်တွေကလဲ မြန်မာပြည်က နယ်မြို့လေးတစ်ခုကို ရောက်တဲ့အချိန် မြင်ရတဲ့ မြင်ကွင်းမျိုးလေးတွေပဲ မပဒုမ္မာပြောသလို “နိုင်ငံလေးက အေးအေးချမ်းချမ်းရှိပြီး ရောင့်ရဲတတ်တဲ့သူတွေ နေနေကြသလိုဘဲ။ပုံလေးတွေကြည့်ရတာ မောင်ထွန်းသူ ဘာသာပြန်တဲ့ ရှန်ဂရီလာဆိုတဲ့ ဝတ္ထုကို သတိရတယ်။တိဗက်တောင်ကြားမှာ အသက်ရာကျော်ရှည်အောင် လုပ်ပြီးနေကြတဲ့သူတွေအကြောင်းလေ” ဆိုတာ ကွက်တိဘဲလို့ ပြောရမယ် ကျွန်တော် ရောက်ခဲ့တဲ့ ၃၊၄ ရက်အတွင်း ရောက်ခဲ့တဲ့ နေရာ တွေ့ခဲ့ရတဲ့ သူတွေကတော့ အဲဒီပုံမျိုးလေးတွေပဲ ၊ အဲဒါကြောင့်ပဲ Business Week မဂ္ဂဇင်း က ၂၀၀၆ မှာ တစ်ကမ္ဘာလုံးကို ကောက်ထားတဲ့ စာရင်းအရ ဘူတန်ဟာ အာရှမှာ ပျော်စရာ အကောင်းဆုံးတိုင်းပြည် ကမ္ဘာမှာ ၈ နိုင်ငံမြောက် ပျော်စရာအကောင်းဆုံးတိုင်းပြည်လို့ ပြောထားတာ ၊နောက် မပဒုမ္မာပြောသလို မြန်မာဆရာဝန်တွေလဲ ဘူတန်မှာရှိတယ် မနှစ်ကလောက်ထင်တယ် ဂျီတူဂျီ လွှတ်ဘို့ သတင်းစာထဲမှာ ခေါ်တာတွေ့တယ် အရေအတွက်တော်တော်များတယ် ကျွန်တော်ရောက်တဲ့အချိန်မှာ မြန်မာဆရာဝန်နဲ့ မတွေ့ခဲ့ရပေမဲ့ ဘူတန်မှာ အလုပ်လုပ်ပြီး မြန်မာပြည် ပြန်သွားတဲ့ ဆရာဝန်တစ်ယောက်အကြောင်းကိုတော့ မေးခံရတယ် သူကတော်တယ် သဘောကောင်းတယ် သူ့ကို အရမ်းခင်တယ် အရမ်းသတိရတယ်ဆိုတဲ့အကြောင်းလဲ ပြောကြတယ် အဲဒီဆရာဝန်က ဘယ်သူဆိုတာ မသိပေမဲ့ မြန်မာတစ်ယောက်အနေနဲ့ ဝမ်းသာ ဂုဏ်ယူကျေနပ်မိတာပေါ့..
သူတို့နိုင်ငံရဲ့ အဓိက ဝင်ငွေက စိုက်ပျိုးရေး သစ်တောနဲ့ ရေအားလျှပ်စစ်ကနေ ရတယ် အဲဒါကြာင့်ဖြစ်မယ် မြို့သေးသေးမှာ ၂၄ နာရီ မီးလင်းနေတာ ဒီနေ့ ငါတို့ မီးလာရက် ဟေ့ ဆိုတဲ့ အသံလဲ မကြားခဲ့ရဘူး သစ်တောကတော့ ထင်းရှုးပင်တွေပဲ တွေခဲ့တယ် အဆောက်အဦတွေကလဲ ထင်းရှုးသားကိုပဲ အဓိကသုံးတယ် စိုက်ကြပျိုးကြ လုပ်နိုင်ပေမဲ့ အသားကတော့ နိုင်ငံခြားကနေ ပြန်သွင်းရတယ်လို့ မှတ်မိနေတယ် သူတို့နိုင်ငံအတွက် သွင်းတာ အားလုံးနီနီးက အိန္ဒိယ ကဝင်တယ် ၊ အဲဒီနှစ်နိုင်ငံရဲ့ ဆက်ဆံရေးကတော်တော်ကောင်းတယ် ကျောင်းတွေမှာ သချင်္ာလို ဆရာမျိုးတွေက အိန္ဒိယဆရာတွေ သင်ကြတယ်တဲ့ အိမ်တအိမ်ကို လေ့လာရေး သဘောရောက်လို့ ကလေးမလေး တွေ့ တာနဲ့ မေးကြည့်တော့ ၆ တန်းတဲ့ သူစကားပြောတာက မြန်မာပြည်က ကလေးတွေထက်သာတယ် သူတို့ဆီက ဘွဲ့ရပညာတတ်တွေ အားလုံး အင်္ဂလိပ်စာကို ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်ကြတယ် ကျွန်တော်တို့ဆီမှာက တရုတ် ထိုင်းတို့ထက် သာတယ်ဆိုပေမဲ့ ဘရုတ်ကန်းတွေက ခပ်များများရယ် သေသေချာချာ လည်လည်ပတ်ပတ် ပြောနိုင်ဘို့ အများကြီး ကြိုးစားရဦးမယ်..
ဒေသခံတွေ လိုက်ပို့တာနဲ့ အရင်ဆုံး ရောက်ဖြစ်တာက ခံတပ် တစ်ခုပဲ မွန်ဂိုတွေ လာတိုက်တာကို ကာကွယ်ဘို့ ဆောက်ထားတယ် ဆိုတာလောက် မှတ်မိတော့တယ် ၊ ရွာသားဖြစ်ပြီးမှသာ သွားရရင် တော်တော်လေးမှတ်မိမှာ ၊ နောက် တစ်နေရာက ဘူတန်ရဲ့ နာမည်ကြီးနေရာ တစ်ခုဖြစ်တဲ့ Taktsang Palphug Monastery ဆိုတဲ့ နေရာပါ The Tiger’s Nest လို့လဲ လူသိများပါတယ် တောင်စောင်းကြီးပေါ်မှာ တည်ရှိနေတာပါ မှတ်တမ်းအရ ၁၆၉၂ ကတည်ဆောက်တယ်လို့ ဆိုပါတယ် အဲ ရောက်တယ်ဆိုပေမဲ့ တောင်ပေါ် ဘုန်းကြီးကျောင်းနေရာထိ မဟုတ်ပဲ တောင်ခြေ လှမ်းမြင်ရတဲ့ နေရာကိုပဲ ရောက်ခဲ့ရတာပါ တောင်ပေါ်ထိ တက်ဘို့ကတော့ သိပ်မလွယ်ဘူး ကျွန်တော်တို့ရောက်သွားတဲ့ အချိန် ဂျပန်လူမျိုး ၁ဝ ယောက်လောက်ပါတဲ့ တောင်တက်အဖွဲ့ နဲ့ ဆုံခဲ့တယ် မေးကြည့်တော့ ဘူတန်က ကမာ္ဘလှည့်ခရီးသွားတွေ ကို အခွန်များများကောက်တယ် ဗီဇာမှာ ကန့်သတ်တယ် လို့ပြောတယ် ဘာဖြစ်လို့ အဲဒီလိုလုပ်တာလဲ လူများများလာတော ့ မကောင်းဘူးလား ဆိုတော့ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေချင်လို့ဖြစ်မယ် လို့ သူ့အမြင်ကို ပြောတယ် သူပြောတာ ဘယ်လောက်မှန် မမှန် မသိပေမဲ့ နိုင်ငံခြားသား ခရီးသွားကတော့ ဂျပန်အဖွဲ့ တွေ့လိုက်တာကလွဲလို့ တခြားလူတွေ မတွေ့မိဘူး ..
ဘူတန်နိုင်ငံရဲ့ အမျိုးသား အားကစားက မျှားပစ်ပါ မြို့ထဲသွားရင်း လူအုပ်စုတစ်ခုတွေ့လို့ မေးကြည့်တော့ မျှားပစ်နေကြတာလို့ပြောတယ် ပစ်တဲ့သူ၊ ကြည့်နေတဲ့သူ အများကြီးပဲ တကယ့်ကို အားရပါးရပဲ အဲဒါ ပြိုင်ပွဲရှိလို့ လုပ်နေတာ မဟုတ်ပဲ နေ့စဉ်ပုံမှန်ပဲတဲ့ ရပ်ကွက်ထဲ ဘောလုံးချိန်းကန်သလိုပဲ ဖြစ်မယ် ကျွန်တော် တို့ကိုတော့ နောက်တစ်နေရာမှာ ရှိတဲ့ မျှားပစ်ကွင်းကို ခေါ်သွားတယ် သူတို့ အတွက်ကတော့ အလွယ်ပဲ ချိန်တယ် ပစ်တယ် ပစ်မှတ်မထိတောင် ပစ်မှတ်ဘေးပဲ (ပစ်မှတ်က ပေ ၂၀ဝ ကျော်မှာ ရှိတာ )တခြားနိုင်ငံက လူတွေအတွက်ကတော့ ခပ်ဝေးဝေးရောက်ဘို့တောင် မလွယ်ဘူး ဂျူမုံတို့ပြည်က တစ်ယောက်ကတော့ သိပ်မဆိုးဘူး…
နောက်ဆက်သွားဖြစ်တာက အမျိုးသားပြတိုက်နဲ့ ဘုန်းကြီးကျောင်းကြီးတစ်ခုပဲ ပြတိုက်က (၆)ထပ်ရှိတယ် ပြတိုက်ထဲမှာ သူတို့ ရဲ့ သမိုင်းဝင် ပစ္စည်းတွေ၊ရုပ်ထုတွေ၊တံဆိပ်ခေါင်းတွေ တော်တော်စုံစုံ ပြထားပါတယ် ပြတိုက်ထဲကတော့ ဓါတ်ပုံ ရိုက်ခွင့်မရှိလို့ မရိုက်ခဲ့ရဘူး
ဒါက ပါရိုမှာ မြင်ခဲ့ရတာတွေပါ နောက်ပို့စ်ကျမှ သင်ဖူးကိုသွားတုံးက မြင်ခဲ့တာလေးတွေ ပြောပြမယ် ၊ အကြောင်းအရာ အရ က ဘာမှ မရှိပါဘူး ဓါတ်ပုံတွေ များနေလို့ သာ ပို့စ်တွေကို ခွဲလိုက်ရတာပါ ဒါတောင် ဓါတ်ပုံ ၄၀ဝ ကျော်ထဲက ၄ဝ လောက် ပဲ ကျန်အောင် ဖြုတ်ရတဲ့ အလုပ်က တော်တော်မလွယ်တာပါ နောက်ပို့ဆိုရင်တော့ ပြီးပါပြီ
21 comments
thit min
October 21, 2011 at 4:31 pm
ကောင်းချက်ဗျာ၊ ထောင်းနှက်သလိုဘဲ။
ရိုက်ချက်ကလဲပီ၊ စာစီကလဲလန်း၊
မှန်းမှန်းဆဆနဲ့ တမ်းတမ်းတအောင်
ပုံဆောင်တင်ပြ
အလို
ကို နိုဇိုမိတဲ့လားဗျာ။
nozomi
October 21, 2011 at 6:21 pm
ဝုတ်ပ ကိုသစ်မင်းရေ 🙂
အဲဒီလို အားပေးတဲ့သူတွေဆီက ရတဲ့ ပီတိ လေးတွေနဲ့ ဆက်တင်နေရတာပါ
ကျေးဇူးတင်ပါတယ်
pooch
October 21, 2011 at 4:50 pm
လိုင်းမကောင်းလို့ တော်တော်လေး စောင့်လိုက်ရတယ် ပုံတွေ ကြည့်ဖို့..
ဘုန်းကြီးကျောင်းက တော်တော်လေးကို ခဲရာခဲဆစ်ဆောက်ခဲ့ ကြတယ် ထင်တယ် .. တော်တော်လေး သဘောကျတယ် ..ရှေးမူမပျက် နေကြတာ… ရိုးရာဓလေ့တွေကို… မြတ်နိုးတဲ့ လူမျိုးဆိုတော့ အတော်လေးတော့ … စိတ်လက် ချမ်းသာရှိကြမှာပဲ..
တခေါက်လောက်တော့ ရောက်ဖူးချင်ပါတယ်လေ..
nozomi
October 21, 2011 at 6:23 pm
ဟုတ်တယ် pooch ရေ ကျွန်တော် လဲ ပို့စ် တင်ပြီးစမှာ လိုင်းပြုတ်ကျသွားလို့ တော်သေးရဲ့လို့ တမိတယ် တင်ရင်းတန်းလန်းဆို သွားပြီး ရသမျှ ဂါထာရွတ်ပြီး မနည်း အားစိုက်တင်နေရတာ
ခက်ခက်ခဲခဲ ကြားက ဝင်ကြည့်ပေးတဲ့ အတွက် ကျေးဇူးပါ
Diamond Key
October 21, 2011 at 4:50 pm
ကိုနိုဇိုမိရေ၊ တွေ့ရခဲတာတွေ တွေ့ခွင့်ရတယ်ဗျာ။
aungnng87
October 21, 2011 at 5:01 pm
ပုံလေးတွေကတော်တော်ကောင်းတယ်နော်။ နံရံ ဆေးရေးပန်းချီကြီးက ဖောင်းကြွနေသလားလို့။
koyinmaung
October 21, 2011 at 5:47 pm
ကျောင်းသူလေးတွေ ဝတ်ထားတာ မြန်မာမိန်းခလေးတွေဝတ်တဲ့
ထမီနဲ့အတော်တူတယ်နော်…
padonmar
October 21, 2011 at 6:37 pm
Tiger’s nest ဘုန်းကြီးကျောင်းပုံကို World most beautiful temples ထဲမှာတွေ့ဖူးကတည်းက သိပ်သဘောကျပါတယ်။ရောက်ဖူးချင်လိုက်တာ။India နဲ့နီးပေမယ့် ကြည့်ရတာ တရုတ်ရှေးဟောင်း(အခုခေတ်တရုတ်ပြည်ထဲက တရုတ်မဟုတ်) ယဉ်ကျေးမှု၊မျက်နှာသွင်ပြင်က လည်း mongoloid ၊ဆိုတော့ပုံပြင်ထဲက တရုတ်တွေနဲ့ဘဲတူပါတယ်။
hmee
October 21, 2011 at 6:50 pm
သူတို့ အဝတ်အစားက တမျိုးပဲနော်။ အပွင့်အခက်မပါဘူး အကွက်တွေကြည့်ပဲ။ မပုဒုမ္မာပြောသလို တကယ်ကို တရုပ်မျက်နှာတွေနဲ့ တူတယ်။ တကယ့်ကို ရိုးရာ အမွေအနှစ်ကို ထိမ်းသိမ်းထားတာများ အတုယူစရာ။
MaMa
October 21, 2011 at 7:18 pm
မျက်နှာအမူအယာ ဝတ်ပုံစားပုံ နေထိုင်ပုံတွေ ကြည့်ရတာ မြန်မာပြည်က တောရွာလေးနဲ့ တူပေမယ့်၊ အဆောက်အဦတွေ ကြည့်ပြန်တော့ မြို့နဲ့တူနေပြန်ရော။ သဂျီးကိုလည်း အားနာတယ်။ ဓာတ်ပုံ ၄၀ဝ ကို ကြည့်ချင်စိတ်ပေါက်နေတယ် နိုဇိုမိ ရေ။
(အင်းးးးးး သူများတွေ ရပ်ရွာဖွံ့ဖြိုးရေးအတွက် အသီးသီး လှူမယ်ဆိုတုန်းကတော့ ဘာမှမပြောပဲ…..) 😀
nozomi
October 21, 2011 at 7:24 pm
ဓာတ်ပုံ ၄၀ဝ ကို ကြည့်ချင်စိတ်ပေါက်နေတယ် နိုဇိုမိ ရေ
မမ ဘာကို ဆိုလိုတာလဲ မသိ စဉ်းစားလို့ မရဘူး
MaMa
October 21, 2011 at 8:50 pm
(ဓါတ်ပုံ ၄၀ဝ ကျော်ထဲက ၄ဝ လောက် ပဲ ကျန်အောင် ဖြုတ်ရတဲ့ အလုပ်က တော်တော်မလွယ်တာပါ ) ဆိုလို့ပါ nozomi ရေ။
weiwei
October 21, 2011 at 8:08 pm
ကြည့်ရတာ တရုတ်ပြည်အနောက်ပိုင်း ပြည်နယ်တွေနဲ့ တော်တော်ဆင်တူတယ် … အရောင်တွေသုံးတာက တိဗက်နဲ့တူနေတယ် …
windtalker
October 21, 2011 at 8:44 pm
နောက်နေ ့ဘော်ဒါတွေ နဲ ့ဆုံရင်တော့
ကိုနိုဇိုမီ ကောင်းမှု နဲ ့
ဘူတန်အကြောင်းတွေ ပြောစရာ ရသွားပြီဗျို ့
parlayar46
October 21, 2011 at 11:01 pm
nozomi ရေ
request လုပ်ပါရစေ-
နောက်ပိုစ့်မှာ သူတို့ငွေကြေးတန်ဘိုးနဲ့ စီးပွားရေးအခြေအနေလေးပါထည့်ပြောပေးပါဦး။
blackchaw
October 21, 2011 at 11:10 pm
ကိုနိုဇိုမီရေ။
အခုမှ ဖတ်ပြီးလို့ မန်းလိုက်တာပါ။
ဗဟုသုတလည်းရတယ်။ ဓါတ်ပုံလေးတွေကလည်း
တော်တော်မြင်ရခဲတဲ့ ဓါတ်ပုံလေးတွေပါ။ ကျေးဇူးတင်ပါတယ်။
kai
October 22, 2011 at 5:10 am
ဂျပန်တွေမှာ.. မေးစကားတခုရှိတယ်..။
တောင်ရယ်..ပင်လယ်ရယ်..ဘယ်ဟာကို ပိုချစ်သလည်းတဲ့..။
ကျုပ်က..ပင်လယ်ပိုချစ်ပါတယ်..။
ခုကျောက်ဆောင်နံရံမှာ ကပ်နေတဲ့.. ဘုန်းကြီးကျောင်းတွေ့မိမှ.. တောင်ကိုလည်း ချစ်သွားတယ်..။
အဲဒီဘုန်းကြီးကျောင်းမှာ..ထိုင်ပြီး.. ဟိုးးးးး တောင်ခြေတကြောက..သစ်တောနဲ့မြို့လေးကို.. ညနေဆည်းဆာမှာ.. ဝိုင်လေးသောက်ရင်း ကြည့်ရင်.. တော်တော်လှနေမှာနော..။ 😆
ကြောင်ကြီး
October 22, 2011 at 9:36 am
လောတက တူဘန်လူသေး ရဘင့်နားသဲ့ ဂင်္လမာတောင်ဆဲ့တသင်း တင်နာမက်အာ လွေ့တိုက်တရယ်။ လောင်မကေးလ တအော်တောချယ်၊ ရအပ်လူသေး။ ကျဲထီးဘက် နားငစ်တယ်ငယ်။ စဦးလနုံး အူရက်စ် ကူရေ ရဲ့တဘွေ။
ဤဇမ္ဗူတခွင် ကြောင်စကားနားလည်သူ ရှိငြားအံ့လော၊ ငါမထင် ငါမထင်………. 😀
thit min
October 22, 2011 at 9:53 am
ကြားစကောင် ကို ဒါမှီ နောင်ထား ကျော့လ
(ကြောင်စကားကိုဒီမှာနားထောင်ကြလော့)
တလောက ဘူတန်သူလေး ဘုရင့်သားနဲ့မင်္ဂလာဆောင်တဲ့ သတင်း အင်တာနက်မှာတွေ့လိုက်ရတယ်။
ကောင်မလေးက တော်တော်ချောတယ်၊ အရပ်သူလေး။ ဘဲကြီးထက်ငါးနှစ်ငယ်တယ်။နှစ်ဦးစလုံး ယူအက်စ် ၊ယူကေ ဘွဲ့ရတွေ။
ကိုကြောင် အိုကေလား? (^^)
ကြောင်ကြီး
October 22, 2011 at 10:29 am
တော်ပါပေတယ် ဆရာသစ်။ အခုအချိန်ကစပြီး ကိုယ့်နာမည်ကိုယ် cat min အဖြစ်ပြောင်းခွင့် ရသွားပါပြီ။
မယူရင်အဆုံး
မူလျင်အပုန်း
ဂူပြင်ငတုံး
ကြူစဉ်မရှုံး
အလှူရှင်အပြုံး…။
Tiger mg
October 22, 2011 at 10:40 am
ကျေးဇူးပဲ နိုဇိုမိေ၇။ နဂါးလေးတို့ဆီမှာ တော်တော်လေးအေးချမ်း သာယာမယ်ထင်တယ်နော်..ပုံလေးတွေက ရိုက်ချက်တွေလဲမိုက်တယ်။ မရောက်ဖူးတဲ့အရပ်ကိုအရောက်ခေါ်သွားတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်။ နောက်ထပ်
ထင်မယ့် ပုံလေးတွေကိုစောင့်မျှော်နေတယ်နော်….