အိမ်အိုတော့ ကျားကန် …..လူအိုတော့ပန်းပန်(၄)
နောက်ဆုံးကျန်တာကတော့ အိမ်ရှင်လင်မယားရဲ့ မိဘတွေပဲ…။ သူတို့က အိမ်အပေါ်ထပ် အိမ်ဦးခန်းမှာ မျက်နှာချင်းဆိုင် နှစ်ခန်းယူထားတာ…။ ကြားထဲမှာ ဘုရားခန်း ရှိတယ်..။ အဲအိမ်နောက်ခန်းမှာတော့ ညီအမ သုံးယောက်အိပ်တယ်…။ ထမင်းချက်တဲ့ ကောင်မလေးရယ်….. ချဲရောင်းတဲ့ ကောင်မလေးရယ်… . ဈေးဆိုင်မှာ အလုပ်လုပ်တဲ့ကောင်မလေးရယ်လေ………။ သူတို့က နေ့ခင်းဆို အိမ်ပေါ်မှာ တက်တာမဟုတ်ဘူး….။ ထမင်းချက်တဲ့ ကောင်မလေးကလည်း တစ်နေကုန်အောက်မှာပဲ ချက်ပြုတ်လျော်ဖွတ်နဲ့…။ အဲ….သူတို့အခန်းနဲ့ မျက်နှာချင်းဆိုင်မှာ အိမ်ရှင်လင်မယား ရဲ့အခန်းရှိတယ်…။ သူတို့လည်း မနက်လင်းကတည်းက ထွက်သွားလိုက်တာ ညမိုးချုပ်မှ ပြန်ရောက်တာများတယ်…။ ကျောင်းသားနှစ်ယောက်ကတော့ အရက်သမားနဲ့ ကပ်ရက် အောက်ထပ်က အခန်းထဲမှာ အိပ်စေတယ်…။ ငယ်သေးလို့ သူတို့ အတွက် သီးခြားအခန်းကန့်မပေးသေးဘူးတဲ့…။ အဲဒိတော့ အိမ်ကြီးပေါ်မှာ အဘိုးကြီးနှစ်ယောက်နဲ့ အဘွားကြီးနှစ်ယောက်ပဲ ရှိနေတတ်တာများတယ်……။ အိမ်အပေါ်ထပ်မှာ သူတို့ သဘောရှိဖြစ်နေတာပေါ့….။ မနက်ဆယ်နာရီခွဲလောက်ဆိုရင် အလတ်မက ထမင်းနဲ့ ဟင်း အပေါ် ပို့ပေးရတယ်…။ ပြီးရင် လျော်စရာ အဝတ်တွေ ယူပြီး လျော်ပေရော့….။ အဝတ်လျော်တဲ့ အခါမှာ သတိထားမိတာ ရှိလာတယ်…။ အဝတ်တွေ ရေစိမ်လိုက်တဲ့ အခါ ရေမွှေးနံ့ ရလာတယ်…။ အဲဒိရေမွှေးနံ့က ဘုရားဆောင်မှာ ထားတဲ့ ရေမွှေးအနံ့ ဖြစ်နေတာ ကြောင့် ကောင်မလေး အဝတ်လျော်ရင်း ပြုံးတယ်…။ ဟို ကလေးကြီးတွေက ဘာသိမှာတုန်း…။ ထမင်းစားပြီးတာနဲ့ အိပ်ခန်းနှစ်ခန်း ကြားက ဘုရားဆောင်ထားတဲ့ ကွက်လပ်မှာ စောင်ကြား တစ်ထည်ခင်းပြီး ဝိုင်းထိုင်နေကြပြီ…။ သူတို့ အခေါ် ကုလားကားကြည့်တယ်လို့ပြောတာပဲ…။ ဟော်လီးဝုဒ်တာ….။ ကစားချိန်ကြားပြိး အနိုင်အရှုံးနဲတဲ့ ကစားနည်းတစ်ခုလို့ ထင်ပါတယ်…..။ နေ့လည် နှစ်နာရီ နဲ့ သုံးနာရီကြားလောက်မှ ရေချိုး ဆင်းကြပြီး သုံးနာရီကျော်တာနဲ့ မြို့ထဲကို ထွက်လည်ကြတာပါပဲ….။ လည်တယ်ဆိုတာ သူတို့ အပြောပါ….။ တစ်ကယ်က သူ့တို့ရ စရာရှိတဲ့ သူတွေ ဆီပဲ သွားတာပါ…။ အဲဒိမှာ နေဝန်းနီ ပြောချင်တဲ့ အကြောင်းရောက်လာပြီ…။ သူတို့ ထွက်ရင် အဘွားကြီးတွေ ပန်ဘို့ ပန်းကို ထမင်းချက်တဲ့ ကောင်မလေးက ခူးပေးထားရတာပဲ….။ ညနေ ရောက်ရင် မြို့ထဲက ပန်းသည်တွေ လာမခူးခင် ဦးဦးဖျားဖျား ခူးပေးထားရတာ….။ တစ်နေ့တော့ သူရို့ အပြင်ဘက် ထွက်ဖို့ ပြင်ဆင်နေကြချိန် ကောင်မလေး အပေါ်တက်သွားတာနဲ့ ကြုံသွားတယ်…။ အဘွားကြီး နှစ်ယောက် ဘုရားဆောင်ပေါ်က ဘုရားပူဇော်ဖို့ ထားတဲ့ ရေမွှေး ပုလင်းကို အလု အယက်ယူ ပြီးရွှီးရွှီး လုပ်နေကြတာတွေ့ပါလေရော…..။ ဒါနဲ့ ကောင်မလေးက မနေနိုင်တော့ပဲ…။
“ အဘွားတို့ကလည်း ဘုရားဆောင်ပေါ်က ရေမွှေးလေ…သုံးကောင်းရဲ့လား”
ပြောမိတော့ —
“ ဟဲ့ …ငါတို့က အိုပြီ… ဒီတော့ လူအိုနံ့ ပျောက်အောင် ရေမွှေး ဆွတ်ပြီး ပန်းပန်ပေးရတယ်…။ ညည်းတို့ ငါတို့ အသက် ရောက်မှ သိလိမ့်မယ်..။ ခုဟာက ငါတို့ ရေမွှေး ကုန်နေလို့ ဘုရား ဆောင်က နဲနဲ စွန့် ပါဦး ဆိုပြီး ယူသုံးလိုက်တာ မပူနဲ့ ငါတို့ ညနေကျတော့ အစားပြန်ဝယ်လာခဲ့မယ်…။ ငါတို့ ဖို့ ပန်းကော ခူးထားရဲ့လား…. လှချင်လို့တော့ မဟုတ်ပါဘူးအေ အပြင်သွားရင် ပန်းက ပန်နေကျဆိုတော့ ပန်းမပါပဲ သွားရင် စိတ်ထဲ တစ်မျိုးကြီး ဖြစ်နေလို့ပါ…။ အသက်ကြီးလာတော့ လူရိုသေအောင် နေရတယ် သိလား”
အဲဒိလို ပြန်ပြောတော့ ကောင်မလေး ဘာမှ ပြန်မပြောရဲတော့ဘူး…။ အိမ်မှာက သူတို့ထက်ကြီးတာက ဘာမှမရှိ….။ ဘယ်သူ့သွားပြောရမလဲ စဉ်းစားမရဘူး ဖြစ်သွားတယ်…။ သူမရဲ့ မိဘတွေကော ….။ ပြောရဲမှာ မဟုတ်ပါဘူး…။ မနက်ကတောင် စောစောစီးစီး အဘွားတွေ က
“ ကောင်မတွေ ….။ ငါတို့ဆီက ငွေချေးထားတာ အတိုးလေးဘာလေးလဲ ပေးဦး” လို့တောင်းသံကြားလိုက်ရသေးတယ်…။ အဘွားတွေကလည်း သူတို့ သားသမီးတွေကိုတောင် အတိုးနဲ့ ငွေပြန်ချေးတယ်ဆိုပြီး ကောင်မလေး မျက်ရည်ကျမိသေးတာ…။
“ အိုး……. မသိချင်ယောင် ဆောင်နေတာပဲ ကောင်းပါတယ်…။”
လို့တွေးပြီး မနက်က ပို့ထားပေးတဲ့ စားပြီးသား ပန်းကန်တွေ သိမ်းပြီး အောက်ဆင်းလာခဲ့တယ်…။ အကို လုပ်တဲ့ ငမူးကတော့
“ အဘွား ….အာဝါးနော် “ လို့ အမူအယာလုပ်ပြပြီး အရက်ဘိုးတောင်းနေလေရဲ့…။
“ နင်နော် …… ငါတို့ ပန်ဘို့ ထားတဲ့ ပန်းတွေ ဘယ်ကောင်မလေး ပေးပစ်လဲ ခုပန်းတွေက မလှဘူး”
လို့ အဘွားကြီးက ရယ်ကျဲကျဲ ပြောပြီး ချွေးခံ အိတ်ထဲကို လက်နှိုက်နေတာတွေ့လိုက်တယ်…။ ဒါက နေ့စဉ် ပုံမှန် မြင်တွေ့ နေကျမြင်ကွင်းဆိုတော့ ကောင်မလေး ဆက်ကြည့်မနေတော့ဘူး…။ သူ့နားထဲ မှာကြားနေတာက
“ ဟဲ့ …ငါတို့က အိုပြီ… ဒီတော့ လူအိုနံ့ ပျောက်အောင် ရေမွှေး ဆွတ်ပြီး ပန်းပန်ပေးရတယ်…။ ညည်းတို့ ငါတို့ အသက် ရောက်မှ သိလိမ့်မယ်..။………………” ဆိုတဲ့စကား သိပ်နားမလည်ပေမဲ့ သူမကြားဖူးတဲ့ စကားတစ်ခုနဲ့ နားလည်ချင်ယောင်ဆောင်လိုက်ရတယ်…။ သူမကြားဖူးတာက ……….. အိမ်အိုတော့ ကျားကန် …..လူအိုတော့ပန်းပန် တဲ့ လေ………..
နေဝန်းနီ
5 comments
ပေါက်ဖော်
October 21, 2011 at 10:27 pm
ကျနော့အထင်တော့
ကောင်မလေးလှလှလေးတွေ ပန်မှ ပိုကြည့်ကောင်းမှာပေါ့နော့်..
အိုကြီးအိုမရောက်မှ ပန်းပန်တာ အမြင်ကတ်စရာ
သနပ်ခါးရေကျဲလေးလူးပြီး ဆံပင်လေးထုံးထား..စိတ်ကြည်ကြည်လင်လင်ထားရင်
အသက်ကြီးလဲ ကြည့်ရတာ ကျက်သရေရှိပါတယ်ဗျာ
အင်းလေ..
ကို်ယ်လဲ အဖွားကြီး မဖြစ်ဘူးတော့ သူတို ့ဖီးလ် တွေ မသိပါဘူး.
🙄
“ဘီလူးကြီး”ogre
October 22, 2011 at 8:10 am
လူအိုတော့ ပန်းပန် ဆိုတော့
ကျုပ်တို့ အဘိုးကြီးတွေဖြစ်ရင် ဘာလုပ်ရမလဲ
ပန်းကမိန်းမပဲပန်လို့ရမှာလေ….
ဦးနေဝင်း ရေ ပြောပြဗျာ။။ 🙂
နီလေး
October 22, 2011 at 9:03 am
လူအိုနံ့ဆိုတာ ဘယ်လိုအနံ့မျိုးပါလိမ့် မိန်းကလေးတွေ သနပ်ခါးလေးလှူး၊ရင်ဖုုံးလေးဝတ်ပြီး ဆံထုံးလေးနဲ့ ပန်းပန်ထားရင် သိပ်ပြီးကျက်သရေရှိတာပါ ခုခေတ်မှာတော့ မြင်ရဖို့တောင်ခဲယဉ်းသွားပြီ
koyinmaung
October 22, 2011 at 9:20 am
ကျုပ်တို့ အဘိုးကြီးတွေဖြစ်ရင် ဘာလုပ်ရမလဲ
ဆိုတော့…တုတ်ကောက် ဆောင်ထားပေါ့
ဘလူးကြီးရယ်……
အိမ်အိုတော့တုတ်ထောက် လူအိုတော့တုတ်ကောက်……
windtalker
October 22, 2011 at 1:48 pm
လူအို တွေ မှာ အနံ ့ထွက်တယ် ဆိုတဲ့ အကြောင်း ကို
တစ်ခါ က အသက်၆ဝနားကပ် လူကြီး တစ်ယောက်ပြောပြတာ ကြားဖူးတာက
ရှမ်းမတွေ ၊ တရုတ်မတွေ အသက်ကြီးရင် မုန်ညှင်းနံ ့ ရတယ် တဲ ့
သူတို ့တတွေ က တစ်သက်လုံး မုန်ညှင်း အစားများခဲ့တာကိုး တဲ့
ဗမာမ တွေ ကော လို ့ဆိုလိုက်တော့ အဲဒီ့လူကြီး ပြောတာက
ငါ ့မိန်းမ ကတော့ ဗမာမို ့ပဲနံ ့ ပဲ ရတယ် တဲ ့ဟားဟား တဲ့ ဗျာ
ဘိုနီ က တော့ အဝေရာ အနံ ့ရယ် ၊ ဖက်ကြမ်း အနံ ့ ရယ် ထွက်မှာ အသေအချာပဲ ဗျို ့
🙂