ကျွန်တော်..၊ ကျွန်တော့် ချစ်သူနှင့် ကျွန်တော်..ချစ်သော ကဗျာ….

alinsettOctober 21, 20111min1845

ဘယ်သူက မှ ပျော်ရွှင်စေရမယ်လို ့ အာမခံ မထားပေမယ့်…

ဘဝ မှာ အပျော်ကလေး…တစ်ချက်တော့ ရချင်မိသည်။

ချစ်သူဆိုတာနဲ ့ ဆုံခဲ ့ရတုန်းကလည်း….ချစ်သူ၏ အပြုံးလှလှကလေးများကို မက်မော တွယ်တာ ခဲ့ဖူးပါသည်။

ထို အပြုံး နုနုကလေးများကြောင့် ကျွန်တော့် ဘဝ ကြီးဟာ သိပ် အဓိပါယ်ရှိတာပဲ..ဟု မှတ်ထင်ခဲ့ဖူးသည်။

ချစ်သောသူ၏ အပြုံး တစ်ချက်ကြောင့် ကျွန်တော့် (လဲကျ..ပြိုကွဲ လုလု ) ခပ်နိမ့်နိမ့် ဘဝ တစ်ခုလုံးကို ပြန်တည်ဆောက်ခဲ့သည်။

သို ့သော် …..ကျွန်တော် ရေးခဲ့ဖူးသော ကဗျာ..စာသား ထဲကလိုပင်..ကံကြမ္မာက ဓါး ထမ်းပြီး လာခဲ့ပြီ…။

ဘဝသည် အပြီးအစီး ရေးထားပြီးသော စာအုပ်တစ်အုပ်..တဲ့ ။ ဒါပေမယ့် တစ်နေ ့ကို တစ်မျက်နှာပဲ..ဖတ်ခွင့်ရှိသည်။

ကြိုတင် သိခွင့်ရှိခဲ့လျှင်.တော့ သိပ်ကောင်းမှာပဲ…။

အဲဒါါဆိုလျှင် … မဆုံနိုင်အောင်ခွဲ ခြားပစ်မည့် စည်များကို ကြိုတင် ဖျက်ဆီးထားနိုင်မည်။

&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

ဘာပဲ..ဖြစ်ဖြစ်ပေါ့လေ..။ လူဆိုတာ ကိုယ့် လိုအင် ဆန္ဒတွေကိုပဲ..ပို ဦးစားပေးမိမှာပေါ့။

ဒါပေမယ့် အခုအချိန်မှာ..ကျွန်တော် သည် ကျွန်တော် အတွက် အသက်ရှင်နေတာ မဟုတ်တော့ပါ။

အချစ်စိတ်အတွက် ရှင်သန်နေတာလည်း မဟုတ်.။

အသက်ရှင် ဖို ့အတွက် အသက်ရှင်နေတာလည်း မဟုတ်။

*******************************************************

ဒါဖြင့် ကျွန်တော်…..ဘာအတွက် အသက် ဆက်ရှင်နေမှာလဲ..?????

&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

တစ်ခါတုန်းကတော့ ကျွန်တော်…အလင်းစက်ကလေး တစ်စက် ဖြစ်ချင်ခဲ ့သည်။

အခုတော့ ကျွန်တော်……အလင်းတွေ..နှင့် ဆက်သွယ်ပေးသူ ဖြစ်ချင်လာပါ သည်။

ကျွန်တော်ကိုယ်တိုင်က အလင်းတစ်စုံတစ်ရာ ပိုင်ဆိုင်ထားမှ ဖြစ်မည်။

အလင်းတွေ ပိုင်ဆိုင်ဖို ့ ကျွန်တော် ကြိုးစားရပါလိ်မ့်မည်။

ကျွန်တော်…အလင်းတွေနှင့် ဆက်သွယ်ပေးချင်ပါသည်။ အပူတွေကိုတော့…ကျွန်တော် ့ရင်ထဲမှာပဲ..စုစည်း..သိမ်း ထုပ် ..ပြီး… ဆက်လက် ရပ်တည်ပါမည်။

ကျွန်တော် လမင်းကြီး ကို အားကျပါသည်။

နေ၏ အပူတွေကို ပူသည့်အတိုင်း ခံယူ ပြီး….. အေးမြ လင်းလက်သော.. အလင်းအေးအေးများကို..

ပြန်လည် ဝေ ငှ ပေးချင်ပါသည်။

&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

ကျွန်တော်……………..

ကဗျာ.ရေးသူ တစ်ယောက်…ဖြစ်လာပါသည်။

******************************

ကျွန်တော်..ရေးသော ကဗျာများကို တချို ့က နားမလည်..ဟု ဆိုကြပါသည်။

တချို ့ ကတော့… လိုလား တောင့်တ စွာပင်..ခံစားကြပါသည်။

ဘာပဲ..ဖြစ်ဖြစ် ကျွန်တော်ကတော့..ကဗျာတွေ ဆက်ရေးနေမည် ဖြစ်သည်။

____________________________________________________________

ကျွန်တော် ့ အသက် ခပ်ငယ်ငယ် (ချာတိတ်) အရွယ်ကတည်းက

စွဲလမ်း နှစ်ခြျိုက် ခဲ ့ ဖူးသော….ကဗျာ တစ်ပုဒ် ရှိပါသည်။

1996 / 97 လောက်က တာရာမင်းဝေ ရေးခဲ့သော ကဗျာလေး ဖြစ်ပါသည်။

ဘာကို ဆိုလိုမှန်း မသိခင်ကတည်းက စွဲလမ်းနေခဲ့မ်ိပြီး….ဘာက်ို ဆိုလိုမှန်း သိသွားသော အခါ..

ပြောမပြ တတ်အောင် ထပ် ထပ် စွဲလမ်း ခဲ့ရသော ကဗျာ ဖြစ်ပါသည်။

ကျွန်တော်..ကဗျာများကို ရေးချင်စိတ်…ဖြစ်လာအောင်..တွန်းပို ့ ပေးခဲ့သော ကဗျာဟု ဆိုလျှင် မမှား ပါ။

ကဗျာ ၏ အမည်မှာ ** နေကြပ်ချိန်..**..ဖြစ်ပါသည်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

** အဂါ င်္ဆိုတဲ့ နေ ့တစ်နေ ့က…

ငါ့ကို အကုန်..ယူ သွားတယ်။

ငါ့မှာ တစ်ယောက်ထဲ ဖြစ်နေရတဲ ့အထဲ..

ဝေါ ခနဲ..ပျောက်ဆုံးလိုက်ရ.။

** ဘယ် ဆောင်းဥတုကမှ

လက်သင့်မခံတဲ့ ဆီးနှင်းတစ်စက်လို..

နွေရာသီတွေဆီ လှည့်ထွက်ခဲ့ရ။

** အရှင်လတ်လတ် လွမ်းလိုက်ရတာ..

ဘာနဲ့မှကို မတူတော့ဘူး။

မပွင့်ပဲ..ဖူး ခဲ့ရတဲ့ကောင်မို ့

… … … မှောင်တယ်။

** လွမ်းလွမ်းဆွတ်ဆွတ် ငါတွေးမိရဲ ့။

ကျောက်တုံးပေါ်..တင် အသွေးခံရတဲ့ ဓါးလို

ငါလည်း..အစားခံနေရချိန်…လို ့။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

လေးစားစွာ…

အလင်းဆက်

alinsett.art@gmail.com

5 comments

  • GreeNSheeP

    October 21, 2011 at 6:48 pm

    တာရာမင်းဝေ ၏ ကဗျာကို ကျွန်တော် က အမှာစာ ရေးပေးထားသည် ဆိုရင် ပိုကောင်းမည် ။

  • ကြောင်ကြီး

    October 22, 2011 at 12:37 pm

    မြင့်လွန်းတယ်
    ခေတ်နွမ်းမှာ
    ညစ်တွန်းရင်
    ရစ်ပြွန်းမှာမို့
    နစ်မွမ်းမနေနဲ့
    ချစ်လွန်းရယ်…။ 😛

    သိဘူးဗျာ.. အလင်းဆက်စာတွေက သိပ်မြင့်လွန်းတော့ ခပ်တိမ်တိမ် စဉ်းစားပြီး ရေးချလိုက်တာပါ။

  • windtalker

    October 22, 2011 at 1:38 pm

    အကုန်လုံးတော့ နားမလည်ဘူး ဗျာ

  • thit min

    October 22, 2011 at 2:42 pm

    (………….ကော်မန့်ပါ ကိုအလင်းစက်ရေ
    စိတ်မရှိပါနဲ့။သဘောမကျခဲ့ရင် ခွင့်လွှတ်နော်။)

    ** အဂါ င်္ဆိုတဲ့ နေ ့တစ်နေ ့က…

    ငါ့ ရဲ့ ဘဝကို အကုန်..ယူ သွားတယ်။

    ငါ့မှာ တစ်ယောက်ထဲ ကျိုးစားရပ်တည် နေရတဲ ့အထဲ..

    ဝေါ ခနဲ..ပျောက်ဆုံးလိုက်ရ. သုည အထိ ရောက်သွားတယ်။

    ** ဘယ် ဆောင်းဥတုရဲ့ သမိုင်းမှာမှ

    မှတ်တမ်းတင်လို့မရတဲ့ ဆီးနှင်းတစ်စက်လို..

    နွေရာသီရဲ့ စတိုခန်းမှာ အသိမ်းဆည်း ခံဖို့ လှည့်ထွက်ခဲ့ရ။

    ** အရှင်လတ်လတ်လို ဟန်ဆောင်ထားရတဲ့ ဒီနှလုံးသားက လွမ်းလိုက်ရတာ..

    ဘယ်တုန်းကမှ၊ ဘယ်သူနဲ့မှ၊ ဘယ်ရာဇဝင် နဲ့မှ အိုကွာ ဘာနဲ့မှကို မတူတော့ဘူး။

    မသင့်တဲ့နေရာမှာ ပေါက်ခဲ့ရလို့ ထင်ပါရဲ့

    မပွင့်ခဲ့ပါပဲ..ဖူးရုံဖူး ခဲ့ရသူ မို့ ရူးခဲ့ရတဲ့ကောင်

    … … … အမှောင်ထဲမှာ အသာနေရင်း အညှာပါကြွေခဲ့ရပါတယ်။

    ** လွမ်းလွမ်းဆွတ်ဆွတ် တွေး. တမ်းတမ်းတတ လဲ ဆွေး မိရဲ့

    ကျောက်တုံးပေါ်..တင် အသွေးခံရတဲ့ ဓါးလို တဖြည်းဖြည်းနဲ့

    ထက်သလောက် ပါးလာတဲ့ ငါ့နှလုံးသားလည်း

    ကျောက်သားအချစ်ပြင်ပေါ်မှာ အစားခံနေရချိန်…လို ့။.

  • alinsett

    October 23, 2011 at 4:20 pm

    ကိုယ့်စာတွေ ကို မြင့်တယ်..ဆိုလို ့ ဝမ်းသာရမလား..ဝမ်းနည်းရမလား မသိဘူး။ ကိုယ်ကတော့..ရေးတတ်သလိုလေး..ချရေးတာပါနော်။
    ဒါပေမယ့် ရေးသမျှမှာတော့ ကိုယ့် အာရုံဝင်စားမှု နဲ ့ အသစ်ဖန်တီးလိုမှုတွေ ပါပါတယ် ။
    ကိုယ် ကြိုးစားနေတာပါ ။
    ကိုယ့် ကြိုးစားမှုကို အသိအမှတ်ပြုပေးတဲ ့မန်းလေး..ကိုရော..ရွာသူရွာသားတွေကိုရော..ကိုယ် အရမ်း ခင်မင်လေးစားပါတယ် ။
    ကိုယ် ့မိသားစုလို လည်း သံယောဇဉ် ဖြစ်မိပါတယ် ။ တကယ်ပါ။
    ကို သစ်မင်း ဖြည် ့သွားတာလေးက ကဗျာကို ပို အသက်ဝင်သွားစေပါတယ် ။
    ဒါပေမယ့် ဒီ ကဗျာက ဆရာ တာရာမင်းဝေရဲ ့ကဗျာပါနော်။
    ကိုသစ်မင်းမှာ ကဗျာ ဗီဇ ပါတယ်ဗျ။ ကိုယ် ့စာလေးတွေကို အမြဲတမ်း ဖတ်ပြီး..ဝေဖန် အကြံပေးလေ ့ရှိတဲ ့…ပြိးတော့ ကိုယ့်ကို အမောပြေအောင်..ပျော်အောင်..ရေးသွားလေ့ရှိတဲ ့ကိုကြောင်ကြီးနဲ ့ကိုပေ..ကို ကျေးဇူးတင်ပါတယ် ။
    ကိုသစ်မင်းနဲ ့အခြား…စာဖတ်သူတွေကိုလည်း ကျေးဇူးတင်နေပါတယ်နော်။
    ခင်မင်လေးစားစွာ.နဲ့
    အလင်းဆက်

Leave a Reply