မဆုံးတဲ့…သီချင်း—၃၅
မဆုံးတဲ့….သီချင်း—၃၅
စက်တင်ဘာ-၅ ရက်နေ့ မိုးတွေလည်း အုံ့ပြီး အိုက်ပြုတ်ပြုတ်ကြီး ဖြစ်နေတယ်…။ အဆောင်မှာ ကိုကိုဦးဆိုတဲ့ ကောင်က သီချင်းလေးတစ်အေးအေးနဲ့ အဆောင်ပေါ်ကိုတက်လာတယ်..။ သူများတွေက ပိုက်ဆံတွေ သုံးမရတော့ လို့စိတ်ညစ်နေတဲ့ အချိန်မှာ ဒီကောင်မို့ သီချင်းလေးတစ်အေးအေးနဲ့လို့ နေဝန်းနီ အခန်းဖေါ် ကပြောတယ်..။ ကိုကို ဦးရဲ့ အသံက တစ်ဖြေးဖြေးနီးလာတော့ နေဝန်းနီတို့ အခန်းဘက်လာနေတာဖြစ်တယ်..။ အဆောင်က မျက်နှာချင်းဆိုင် အခန်းတွေ ကြားမှာ လမ်းကကျဉ်းမြှေင်မြှောင်လေး ….။ မျက်နှာကျဉ်းကျဉ်း နောက်ဘက်ခပ်ကျယ်ကျယ် နဲ့ မန္တလေးရဲ့ ခြံမြေဖွဲ့စည်းပုံအတိုင်းး …..။
“ အေ့….။ နေဝန်းနီ ဆိုတဲ့ ကောင် ရှိလား အေ့”
မမူးသေးဘဲနဲ့ မူးသယောင် အသံပေးပြီး အခန်းထဲဝင်လာတဲ့ကိုကိုဦးကိုကြည့်ပြးီ….။
“နေဝန်းနီနော် ဘယ်လဒ မှ ငှက်မထင်ဘူး…။”
နေဝန်းနီကလည်း မူးချင်ယောင်ပြန်ဆောင်လိုက်ပါတယ်…။ ကိုကိုဦးက ခါးကြားထဲက အရက်ပုလင်းကို ဆွဲထုတ်လိုက်ပြီး စားပွဲပေါ်တင်လိုက်ပါတယ်….။ ပြီးတော့ သူကပြောသေးတယ်….။
“ အရက်တစ်လုံး နှစ်ဆယ်တဲ့…။ သုံးဆယ်ငါးကျပ်တန်ပေးရင် တစ်လုံးခွဲပေးတယ်…။ အနှုတ်တော့ ပြန်မအမ်းဘူး..။ ရှိတဲ့ ပိုက်ဆံ တစ်ရာက အစိတ်တန်နဲ့ ခုနှစ်ဆယ့်ငါးကျပ်တန် ဖြစ်နေတာ…။ လ္ဘက်ရည်ဆိုင် ကလက်မခံဘူး…။ ဆယ်နာရီလောက်က ရောက်တာကွာ… လ္ဘက်ရည်ဆိုင်ကို…။ ဒီလိုမှန်းသာသိရင် ဆိုင်ရောက်ကတည်းက ပိုက်ဆံ တစ်ခါထဲ ရှင်းလိုက်တာပေါ့…။ ဘယ်နှဲ့ကွာ ပိုက်ဆံ ရှင်းမယ်လုပ်မှ ဒီပိုက်ဆံ သုံးမရတော့ဘူးလို့ ပြောတယ်..။ ဟ… အဆောင်ကထွက်လာကတည်းက ဒီပိုက်ဆံ ပဲပါတာ..။ ငါတို့လာထိုင်နေတာလည်း ဆယ်နာရီလောက်ကထဲက ဒိလိုကြေညာလိုက်လို့ ဒီခုနှစ်ဆယ့်ငါးကျပ်တန် ထိုးပေးတာမဟုတ်ဘူး…။ ငါတို့ ရောက်ရောက်ချင်း ပိုက်ဆံရှင်းလိုက်ရင် မကြေညာသေးဘူး…။ ခုတော့ သောက်ပြီးသွားပြီ.. ။ဒါပဲယူချင်ယူ မယူချင် အကြွေးမှတ်ထား ညနေလာရှင်းပေးမယ်ပြောတာ …..။ မရဘူး..။ ရိုက်ခွဲပစ်ခဲ့ပြီ…။ အဲဒိလ္ဘက်ရည်က လက်မခံတဲ့ ပိုက်ဆံကို အရက်ဆိုင်က လက်ခံတယ်..။ ဈေးက တော့ စပါယ်ရှယ် ပဲ..။ တစ်လုံး ဆယ်နှစ်ကျပ် ပဲရှိတဲ့ အရက် နှစ်ဆယ်တဲ့…။ တစ်ပက် ငါးကျပ်တန် ရမ် အရက်က နှစ်ပက်ကို အစိတ်တဲ့..။ ငါလည်း ရှိတဲ့ ငွေတစ်ရာ …။အရက်ပုလင်းတွေချည့်ဝယ်လာတယ်…။ မှတ်ကရော…။”
ကိုကိုဦး က ဒိမနက် သူ့ အတွေ့ အကြုံကို ရှည် လျားစားပြောပြီး ကုတင်ပေါ်လှဲချလိုက်တယ်..။ မူးသာမူးသေးတာ နဲနဲတော့ သောက်လာပါပြီ ..။ အရက်မသောက်ရသေးတဲ့ နေဝန်းနီ က သူ့ဆီက လေအဝှေ့မှာ အရက်နံ့ ရလိုက်ပါတယ်..။ သူ့ဆီက အရက်နဲ့နဲ့ နေဝန်းနီလည်း တစ်ချက်ပျို့ သွားတယ်..။ အင်း သွေးကတောင်းတယ်ဆိုတာဒါပဲလား မသိဘူးနော်…။ ကိုကိုဦး တင်လိုက်တဲ့ စားပွဲပေါ်က အရက်ပုလင်းကို ကြည့်လိုက်ပြီး တံတွေး မျိုချလိုက်တာကို ဒီကောင်မြင်ဖြစ်အောင်မြင်သွားတယ်..။
“ ဟင်း…။ အရက် သမား က သွားရည်ကျနေပြီ မဟုတ်လား..။ ပေးဖန်ခွက် ချလိုက်ရအောင်..။”
နေဝန်းနီရဲ့ အခန်းဖော်က သိမ်းထားတဲ့ ဖန်ခွက် ရှာပေးလိုက်တယ်..။ နေဝန်းနီ အခန်းဖော်က ဘကြီး သန်းလို့ ခေါ်တဲ့ သန်းထွဋ် ပါ..။ သူက သချာင်္ အဓိက ..။ ပျဉ်းမနားသားပဲ..။ နေဝန်းနီနဲ့ ဆယ်တန်း အတူတူတက်လာတာ..။ သူ့မာမီက အဲဒိကျောင်းမှာပဲ မြန်မာစာ သင်တဲ့ဆရာမ..။ နေဝန်းနီတို့က တီရှယ်လို့ ခေါ်တယ်..။ ဘာဖြစ်လို့လည်းမသိဘူးနော် ပျဉ်းမနားက ကျောင်းသားတွေ သူတို့ ဆရာမကို တီချာ ဒါမှမဟုတ် တီချယ်လို့ ခေါ်ကြတယ်..။ နေဝန်းနီလည်း ရောက်ခါစတော့ နားစိမ်းတာပေါ့..။ နောက်တော့လည်း အကျင့်ပါပြီး ဆရာမလို့ မခေါ်ဖြစ်တော့ဘူး ..။ သူရို့လိုပဲ တီချယ်လို့ ခေါ်လိုက်တော့တယ်..။ ကိုကိုဦးက ဘူမိဗေဒ အဓိက ..။ မိတ္ထီလာသား..။ နေဝန်းနီက ပထဝီလေ…။ အားလုံး ဒုတိယနှစ်တွေချည့်ပဲ..။ ဘကြီးသန်းက သူ့မာမီ တီချယ်ရဲ့ လက်ချာမိထားသူပီပီ ဖန်ခွက်ကို သုံးပြီးရင် သေချာဆေးပြီး ရေစင်အောင် မှောက်ထား ပြီးရင် အဝတ်နဲ့ ပွတ်တိုက် သန့်စင်ပြီး သိမ်းတတ်သူပါ..။ သူ့မှာ ညီနှစ်ယောက်ပဲရှိတယ်..။ ညီမ တွေ အမတွေ မရှိဘူး..။ ယောက်ျားလေးတွေ ချည့်ရှိတဲ့ အထဲ သူက အကြီးဆုံးဆိုတော့ ကျွန်တော်တို့ တီချယ်က သူ့သားတွေကို သေချာလက်ချာပေးပါတယ်..။ ဘကြီးသန်းက သူ့အမေလက်ကျ …။
“ငါကသိတယ်လေ…။ နေဝန်းနီက ရှပ်ဘဲ..။ ဘကြီးသန်းက ဖန်ခွက်တွေ သေချာ ဆေးပြီး သိမ်းတတ်တာ ..။ အဲဒါကြောင့် အဆောင်မှာ အရက်သောက်မယ်ဆိုတော့ ဒီအခန်းကိုရွေးလိုက်တာ..။ ဟေ့ရောင် ဘကြီး သန်း ဘယ်ပြေးမလို့လဲ….”
ကိုကိုဦး ဘကြီးသန်းထုတ်ပေးတဲ့ ဖန်ခွက်တွေထဲ အရက်ငှဲ့ထည့်ရင်း ဖေါ နေရာကနေပြီး အခန်းအပြင်ဘက် ထွက်သွားတဲ့ ဘကြီးသန်း ကိုလှမ်းပေးပါတယ်..။ ဘကြီးသန်းက နောက်ပြန်လှည့်ပြီး
“ ရှေ့ကဈေးဆို်င်မှာ ညက ိုက်ဆံ ငါးကျပ် ကျန်သေးတယ်..။ ညကဆိုင်ပိတ်မှဈေးဝယ်တာဆိုတော့ အနှုတ်ကျန်တာ မနက်မှယူလို့ ပြောထား တာ…။ အဲဒါ အချဉ်ထုတ်နဲ့ အာလူးကြော် သွားယူလိုက်မယ်..။ ရှိတာအကုန်ပဲ ..။ အိမ်က ပိုက်ဆံမပို့သေးဘူး..။”
ဘကြီး သန်းက အဲဒိလိုပြောတော့ ကိုကိုဦး က
“ ပိုက်ဆံ မရောက်သေးတဲ့ သူတွေပဲ ကောင်းတယ်..။ ရောက်တဲ့ ကောင်တွေကတော့ ဝှစ်ပေပါ ဖြစ်ကုန်ပြီ..။ အစိတ်တန်က နဲနဲ ဗျက်ကြီးတော့ ရေအိမ်သုံး အကိုက်ပဲ…။ နေဝန်းနီလည်း မလာသေးဘူးမဟုတ်လား..။ ကပ်သုံးစရာနှစ်ယောက်တော့ ရပြီ..။ဘကြီးသန်းရေ.. နေဝန်းနီဖို့ ငှက်ပျောသီးဆွဲခဲ့ဦး…။”
ဘယ်သူတွေ ဘာဖြစ်နေနေ..။ သူကိုယ်တိုင် ဘာဖြစ်ဖြစ် ဘယ်ကိုရောက်ရောက် စိတ်မညစ်တတ်တဲ့ သူတွေ ထဲမှာ ကိုကိုဦး ကရှေ့ဆုံးက ပါပါတယ်..။ စိတ်မညစ်တတ်သလို စိတ်လည်း တော်ရုံတန်ရုံနဲ့ မဆိုးတတ်ပါဘူး..။ အစအနောက်ကလည်း သန်ပါတယ်..။ နေဝန်းနီက အဆောင်မကပ်ပေမဲ့ ခင်တော့ခင်ပါတယ်..။ နေဝန်းနီ မူးလာရင် တွဲတယ်..။ အိပ်ယာပေါ် လိုက်တင်ပေးတယ်..။ စောင်ခြုံပေး ခြင်ထောင်ချပေး ..။ ခြင်မဝင်အောင် သေချာ ဖိပေး နဲ့ပါ……။
4 comments
windtalker
October 23, 2011 at 1:23 pm
အရက်သောက်ရင် ငှက်ပျောသီးနဲ ့က တော့ သိပ်မမိုက်လှဘူးဗျ
ပန်းသီးလေး နဲ ့ဆို ဟုတ်တုတ်တုတ် ရယ်
ပေါက်ဖော်
October 23, 2011 at 4:14 pm
ငှက်ပျောသီးက ခံထားရင် တော်တော်နဲ ့ မမူးတော့ဘူးပြောတယ်
အဲတာတော့ ကိုနီ ပဲသိမပေါ့နော့
လျှော့သောက် ကိုနီရေ….
👿
naywoonni
December 10, 2011 at 6:52 pm
လုံချည်လျော့သောက်ရမှာလား ? သူကျတော့ ပုလင်းကိုလက်က မချဘဲနဲ့ ဟွင့်….။
windtalker
December 10, 2011 at 7:34 pm
အသည်းငယ် ရင် ဘေးဖယ် တဲ့
ဘေးလေးအို ဘေးလေးအို