ဂျေရုစလင်…(၂)
ကျွန်မတို့ နေတဲ့ တဲအဗီးလ် ကနေ ဂျေရုစလင်ကို ကားစီးရင် နှစ်နာရီလောက် စီးရပါတယ်။ မြို့ကနေထွက်လာ ဟိုင်းဝေးပေါ်တက် ဂျေရုစလင်ကို ဦးတည်ပြီး မောင်းလိုက်တာနဲ့ လမ်းဘေး တဖက်တချက်မှာ ဂျုံခင်းတွေ၊ မုန်လာဥနီခင်း၊ စပျစ်ခင်း၊ ဝါခင်းတွေ တမျှော်တခေါ်ပါ။ ကားမောင်းစနစ်ကလည်း ဗမာပြည်နဲ့ အတူတူပါပဲ။ လမ်းတွေကလည်းကောင်း စနစ်ကလည်းကောင်းတော့ တလမ်းလုံး ချောချောမောမောပါပဲ။ ဂျေရုစလင် ဝင်တော့မယ်ဆို တောင်ပေါ်လမ်းခရီး စပါပြီ။ တောင်ကြား တောင်ကမ်းပါးရံ တလျှောက် မောင်းရတာမို့ တောင်ကြီး၊ လားရှိုးလမ်းတွေနဲ့တောင် တူပါတယ်။ ထင်းရူးပင်တွေ ကလည်း အစီအရီနဲ့ တကယ့် တောင်ပေါ်မြို့လေးပါပဲ။ ကျွန်မ ပြင်ဦးလွင် သွားတုန်းက စီးခဲ့ရတဲ့ တောင်ပေါ်လမ်းကို တသက် မမေ့ပါဘူး။ ကြောက်လို့ပါ။ အခု ဒီမှာတော့ အဲ့လို ကြောက်စိတ် တကယ်ကို မဝင်မိဘူး။ တောင်ပေါ်လမ်းပေမဲ့ တကယ်ကို အကျယ်ကြီး ကားလမ်းနဲ့ ကပ်နေတဲ့ ကမ်းပါးယံကို သံဇကာနဲ့ ကာထားပြီး တချို့ နေရာတွေဆို အင်္ဂတွေပါ လောင်းထားတာတွေက လုံခြုံမှု တကယ်ကို အပြည့်ပါ။ နိုင်ငံက ကျဉ်းပြီး ချမ်းသာလို့လည်း ပါမယ်ထင်ပါတယ်။ တောင်စောင်း အကွေ့ အဝိုက် ကားစီးလာရင်း တဖက်တောင် ဘေးဘက် တောင်ကမ်းပါးယံမှာ ဆောက်ထားတဲ့ တိုက်တွေကလည်း လှလိုက်တာ မမေ့ရက်စရာပါ။ ဒါပေမဲ့ အိမ်တွေ အားလုံးဟာ အမိုးက အတူတူပါပဲ။ တပြင်ညီ အမိုးတွေ အပေါ်မှာ ရေတိုင်ကီ အမည်းလေးတွေက အစီအရီပါ။ သူတို့ ဘေးကပ်လျှက်မှာတော့ ဆိုလာပြားလေးတွေ ထောင်လျှက်။ နေရောင်ခြည် စွမ်းအင်သုံးပြီး ရေပူရေအေး ပြုပြင်တာပါ။ ဆောင်းနဲ့ နွေ ရာသီဥတု နှစ်ခုပဲ ရှိပြီး ဆောင်းမှာပဲ မိုးရွာတော့ အေးပြီး စိမ့်တာမို့ ရေနွေးနဲ့မှ ချိုးနိုင်ပါတယ်။ လျှပ်စစ်လည်း ချွေတာပြီးသား ဖြစ်အောင် ပြုလုပ်ထားတာပါ။
အမိုးတွေကလည်း တော်တော်ခိုင်ပုံရပါတယ်။ နံရံတွေဆိုလည်း ထူမှထူပါ။ မတော် စစ်ဖြစ်လို့ ဗုံးကြဲရင် ခံနိုင်ရည်ရှိအောင် လုပ်ထားတာ ထင်ပါတယ်။ ရပ်ကွက်တိုင်းရဲ့ လမ်းထိပ်တိုင်း နီးပါးမှာ ဗုံးခိုကျဉ်းတွေ ရှိပါတယ်။ တချို့ အိမ်တွေဆို အိမ်ပေါ်မှာကို ဗုံးခိုကျဉ်း လုပ်ထားပါတယ်။ လုံခြုံရေးတော့ တော်တော်ဂရုစိုက်ထားတာပါ။ လမ်းဘေးဘက် ဝဲယာကြည့် ငေးလားရင်း လှမ်းမြင်လိုက်ရတာက မြို့ဟောင်းရဲ့ အုတ်ရိုးတံတိုင်းကြီးပါ။ ခဏနေတော့ Jaffa ဂိတ်ကနေ ဝင်လာပြီး ဂိတ်တခုမှာ ကားရပ်လိုက်ပါတယ်။ ဂိတ်အဝင်မှာ အစစ်ဆေးခံ ပစ္စည်းတွေကို X-Ray ဖြတ်ပြီး အထဲကို ဝင်လိုက်တော့ Western Wall ကို တွေ့ရပါပြီ။ ယောက်ကျား မိန်းမ သတ်သတ်စီ ဝင်ရပါတယ်။ စစ်သား၊ စစ်သမီးတွေလည်း တန်းစီပြီး ဝတ်ပြုနေတာပါ တွေ့ခဲ့ရပါတယ်။ Western Wall ကို မျက်နှာမူလိုက်ရင် လက်ဝဲဖက် အဆောက်အဦးရဲ့ အစွန်ဆုံးမှာ ဂိတ်ပေါက်လေးရှိပါတယ်။ အဲ့ဂိတ်ပေါက်လေးက စထွက်လိုက်တာနဲ့ Old City ထဲ စဝင်ပါပြီ။ အောက်ခံလမ်းကလည်း တကယ့် သဘာဝအတိုင် ကျောက်တုံးတွေ ခင်းထားတာပါ။ နှစ်ပေါင်း တော်တော်ကြာနေပြီမို့ ကျောက်တုံးတွေများ ချောမွှေ့လို့ နေပါပြီ။ လမ်းဘေးဝဲယာ အဆောက်အဦး အားလုံးဟာလည်း ကျောက်တုံးတွေကို စီပြီး ဆောက်ထားတာမို့ တကယ့် ကျောက်တုံး မြို့ထဲ ရောက်သွားသလိုပါပဲ။ အမှတ်တရ ပစ္စည်း အရောင်းဆိုင်၊ မဆလာဆိုင်၊ အအေးဆိုင် (သစ်သီးကို စက်နဲ့ညှစ်ပြီး ဒီအတိုင်းထည့်ပေးတဲ့ တကယ့် သဘာဝ အသီးဖျော်ရည်မို့ သောက်တောင် မသောက်နိုင်ဘူး) ၊ အာရပ်ပစ္စည်းဆိုင် အစုံပါပဲ။ ကျွန်မလမ်းလျှောက်ရင်း တွေးမိပါတယ် ရုပ်ရှင်တွေထဲမှာ ပါနေကျ အာရပ်ဆိုင်တန်းတွေထဲရောက်သွား သလိုပါပဲ။ မူစလင်၊ အာရပ်၊ ဂျုး၊ ခရစ်ယာန် လူမျိုးအစုံပါပဲ။ လမ်းတလျှောက် ငေးရင်း လျှောက်သွားလိုက်တာ တော်တော်ကြာတော့ မြို့ဟောင်းရဲ့ အလှဆုံးဂိတ်လို့ ပြောတဲ့ အရှေ့ဘက် Damascus Gate ကို ရောက်သွားပါတယ်။ ဒီနေရာမှာတော့ အာရပ်တွေပဲ အများဆုံးတွေ့ရပါတယ်။ တံတားပေါ်မှာ အသီးအရွက်တွေ ရောင်းနေတာလည်း တွေ့ခဲ့ပါတယ်။
Damascus Gate ကပဲ ပြန်ဝင်လာပြီး လာလမ်း အတိုင်း မသွားတော့ပဲ လက်ယာဘက်လမ်းလေး အတိုင်းလိုက်သွားပြီး လမ်းရဲ့ သုံးပုံ နှစ်ပုံလောက်မှာ လက်ယာဘက်ခြမ်းမှာပဲ လှေကားထစ်လေးတွေ တွေ့ရပြီး Church of the Holy Sepulchre သို့ဆိုတဲ့ ဆိုင်းဘတ်ကို တွေ့ရပါတယ်။ လှေကားထစ် အတိုင်းတက်သွားတော့ အပေါ်ကို ရောက်သွားပါတယ်။ လမ်းတလျှောက် အထိမ်းအမှတ်နေရာတွေ တော်တော် တွေ့ရပါတယ်။ အဲ့တော့မှ သိလိုက်ရတာက သခင်ယေရှု လက်ဝါးကပ်တိုင် ထမ်းပြီး လျှောက်ခဲ့တဲ့လမ်း ဆိုတာကိုပါ။ လဲကျသွားတဲ့နေရာ၊ ကားစင်တင်တဲ့နေရာ အများကြီးပါပဲ။ တလမ်းလုံး အထိမ်းအမှတ်လေးတွေ လုပ်ထားလို့ တကယ့် လမ်းကျဉ်းလေးတွေ ၊ မှောင်မည်းနေတဲ့နေရာတွေကို ဖြတ်လာရင်း စိတ်ထဲမှာ ဝမ်နည်း သလိုတောင် ခံစားလာရပါတယ်။ ခရစ်ယာန်ဘာသာဝင် ဘုရားဖူးလာသူတွေက လက်ဝါးကတ်တိုင်ကြီးကို တယောက်တလှည့် ထမ်းရင်း လမ်းအတိုင်း လျှောက်လာတာတွေလည်း တွေ့ခဲ့ရပါတယ်။ ဘာကြောင့် ထမ်းတာလည်းတော့ မသိပါဘူး။ လမ်းအဆုံး ဂိတ်ပေါက်လေးကို ငုံထွက်လိုက်တော့ ဘုရားကျောင်းရှေ့ ဘေးဘက်နေရာကို ရောက်သွားပါပြီ။ လူတွေမှ အများကြီးပါ။ ကျောင်းထဲ ဝင်ဝင်ခြင်း သခင်ယေရှု အလောင်း တင်ခဲ့တဲ့ ကျောက်ဖျာမှာ ဝတ်ပြုနေကြပါတယ်။ တချို့ကတော့ လက်ဝါးကတ်တိုင်အသေးလေးတွေ၊ ဖယောင်းတိုင်တွေ တင်ပြီး ဓါတ်ကူးတယ်ထင်တာပဲ။ အထဲကို လျှောက်ဝင်လိုက်တော့ သခင်ယေရှုကို ဂူသွင်းတဲ့နေရာ၊ ရှင်သန်ထမြောက်တဲ့ နေရာကို တွေ့ရပါတယ်။ နိုင်ငံတကာက ဘုရားဖူးလာတဲ့ ခရီးသည်တွေ ဂူထဲဝင်ဖို့ တန်းစီနေတာများ အယောက် (၅၀)တောင် မကလောက်ဘူး။ အဲ့ကနေ အရှေကဘက် ဆက်သွားလိုက်တော့ နံရံ ပန်းချီတွေ လှမှလှ။ လူအများကြီး ဝိုင်းအုံနေတာ ဘာပါလိမ့်လို့ စပ်စုတော့ ရေတကောင်းလို ဟာလေးကို လက်နဲ့ပွတ်ပြီး ဆုတောင်းနေတာ တွေ့ရပါတယ်။ စပ်စုကြည့်တော့မှ သခင်ယေရှုကို လက်ဝါးကပ်တိုင်က ဖြုတ်ပြီး ပြုစုပေးတုန်းက အသုံးပြုခဲ့တဲ့ ရေတကောင်းလိုဟာလေးပါ။ အထဲမှာ လျှောက်ကြည့်ပြီး တော်တော်စုံတော့ ပြန်ထွက်။ အဝင်တုန်းက လမ်းက ထွက်တာ မဟုတ်ပဲ ဘုရားကျောင်းရှေ့တည့်တည့် ကနေထွက်လိုက်တော့ ဈေးတန်း။ နဲနဲလျှောက်ပြီး လက်ဝဲဘက်ကို ကွေ့လိုက်တော့ Western Wall ကို ပြန်ရောက်သွားပါတယ်။ အဲ့ထဲကို ပြန်ဝင်ဖို့ လုပ်တော့ တခါထပ် အစစ်အဆေးခံရပြန်ပါတယ်။ ထွက်ပေါက်ရဲ့ ညာဘက်က လှေကားတွေကနေ အပေါ်ကို တော်တော် တက်လိုက်ရပါသေးတယ်။ နောက် တောင်ဆောင်းတလျှောက် ဖောက်ထားတဲ့ ကားလမ်းအတိုင်း တက်သွားတော့ နောက်ထပ်ဂိတ်တခုကို ရောက်ပါတယ်။ ဘာဂိတ်လဲတော့ ကျွန်မ မသိပါဘူး။ အဲ့ဂိတ်ကို ဖြတ်ကျော်ပြီး ထွက်လိုက်တော့ ရောက်သွားတာက သခင်ယေရှု နောက်ဆုံးညစာ စားတဲ့နေရာနဲ့ ဒေးဗစ်ဘုရင် အုတ်ဂူကိုပါ။ နေရာအစုံ လျှောက်သွား ပြီးတဲ့ အချိန်မှာတော့ အချိန်လည်း တော်တော် စောင်းနေပြီ။ Dom of The Rock ကို ဝင်ဖို့ မေးတော့ အချိန်နဲ့ ဖွင့်တာပါ (နေ့လည် ၁၂နာရီ)
ဆိုတာနဲ့ စိတ်လျှော့ ခဲ့ရပါတယ်။ နောက်တော်တော် ကြာတော့မှ သတ်သတ်ရည်ရွယ်ပြီး သွားမှ ရောက်ခဲ့ပါတယ်။ နောက်နေ့ ဆက်ပါမယ်။
25 comments
koyinmaung
October 23, 2011 at 5:24 pm
ခရစ်ယာန်တွေရဲ့အထွဏ်အမြတ်နေရာပါလား သခင်ရေရှူလက်ဝါးကပ်ထမ်းသွားတဲ့နေရာ
သခင်ရေရှူအလောင်းတင်တဲ့ကျောက်ဖျား..ရှားရှားပါးပါးပုံတွေပါ…
ခုမှအသေအချာမြင်ဘူးတော့တယ် ကျေးဇူးဘဲမှီရေ…
ရေရှူးမွေးဖွားတဲ့နွားတင်းကုတ်ကဘယ်မြို့မှာရှိတာလဲလမ်းကြုံယင်ဓါတ်ပုံရိုက်တင်ပေးလိုက်ပါအုံး…
ပေါက်ဖော်
October 23, 2011 at 5:48 pm
အန်တီမှီရေ..
ပုံတွေကော..ရှင်းပြပေးတာတွေအတွက်ကော..များကြီးကျေးဇူးတင်တယ်.
များကြီးဗဟုသုတရတယ်ဗျ
ဒါတွေခုမှမြင်ဖူး..ကြားဖူးတာဗျို ့
ကြည့်ရတာစိမ်းစိမ်းစိုစို သိပ်မတွေ ့တော့.. တော်တော်ပူမယ်ထင်တယ်နော့
နောက်နေ ့မှ ဆက်ကြည့်ပါဦးမယ်..
ရှဲ.ရှဲ….နီ…
😆
windtalker
October 23, 2011 at 5:56 pm
ဒေါ်မှီ ကောင်းမှု နဲ ့ဂျေရုစလင် ကို တဖြည်းဖြည်း သိလာရပါကြောင်း ပါ
padonmar
October 23, 2011 at 7:37 pm
မှီရေ၊တစ်ထောင့်တစ်ညပုံပြင်ထဲကနေရာတွေလည်းပါတာပေါ့နော်။
ပုံပြင်တစ်ပုဒ်မှာ ဒမားစကပ်မြို့တံခါးမှာ မင်းသားကို သရဲတွေကချခဲ့တာထင်တယ်။
နောက်ပြီး ပန်းချီကားထဲက ဘုန်းကြီးလိုလူတွေနဲ့ ယေရှုရဲ့ ခေါင်းနားမှာ ရောင်ခြည်ဝိုင်းလေးလိုဘဲ ဆွဲထားတယ်နော်။
ပုဂံခေတ် ပန်းချီကားတွေလိုဘဲ။
သူတို့ကတော့ အများကြီးစောမှာပေါ့။
သေချာရိုက်လာပေးတဲ့ မှီကိုကျေးဇူးပါ။
မှော်ဆရာ
October 23, 2011 at 7:53 pm
ခရစ်ယန်ဘာသာဝင်တွေရဲ့ နိဗ္ဗာန်မြို့တော်ပေါ့
အသစ်ပြန်ဖြစ်ပေါ်လာမယ့် မြို့တော်လေ..
တရားစီရင်ခြင်း နောက်ဆုံးနေရောက်ရင်
မသေတော့တဲ့ လူတွေအတွက်
ပျားရည်နဲ့ စီးတဲ့မြစ်
ပတ္တမြားတံတိုင်း နဲ့ ညမရှိတဲ့ မြို့တော်အဖြစ် ပြန်လယ်ဖြစ်တည်လာမယ့် မြို့တော်လို့ ယုံကြည်ကြတယ်
ခရူးဆိတ် စစ်ပွဲ ဖြစ်ခဲ့တာလဲ ဒီမြို့တော် အကြောင်း အရင်းခံ မဟုတ်လား
သေသေချာချာ မြင်တွေ့ရတဲ့ အတွက် ကျေးဇူးပါ ….
unclelay
October 23, 2011 at 9:30 pm
တစ်ကယ့်သမိုင်းဝင် ရှေးကျတဲ့ မြို့တော် ပါလား
အယင်က ကြားဖူး သိဖူးနေတဲ့နေရာတွေကို ခုမှ သိမြင်ရတာပါလားနော်
တစ်ဆက်ထဲ ယေရှု မွေးဖွားခဲ့ တဲ့ နွားတင်းကုတ်လေး ကိုပါ သိမြင်ချင်လာမိတယ်ဗျာ
ရင်သပ်ရှုမော ဖြစ်ရပါတယ် မမှီ … ။
kocho
October 24, 2011 at 7:43 am
မရောက်ဘူးတဲ့ ဒေသများ၏ ဓတ်ပုံများနဲ့ဗဟုသုတ ပေးဝေမျမှု အား ကျေးဇူးအထူးတင်ပါ၏
ကိုပေါက်(မန္တလေး)
October 24, 2011 at 9:04 am
မမှီရေ
အခုခရီးသွားဆောင်းပါးတွေတင်တဲ့သူတွေအားလုံးကျနော်ထက်သာတယ်ဗျာ။
ကျနော်တင်သမျှက သမိုင်းကြောင်းမပါဘူး။
ပုံတွေသက်သက်တင်တာ။
ကျန်တဲ့သူအားလုံးက သမိုင်းအချက်အလက်နဲ့ ဘာညာကွိကွနဲ့တင်တာဆိုတော့
ပိုပြည့်စုံလို့ လူပိုစိတ်ဝင်စားအောင်လုပ်နိုင်ပါတယ်။
လေးစားပါတယ်။
hmee
October 24, 2011 at 2:31 pm
ကျွန်မ အခုလို တင်နိုင်တာလည်း လေးပေါက်ကျေးဇူးမကင်းပါဘူး။ အရင်တုန်းက ကိုယ့်ဘာသာ စိတ်ဝင်စားလို့ လေ့လာချင်တာတခုပဲ။ နောက်တော့ ဂေဇက်ရွာသူ ဖြစ်လာတော့ လေးပေါက်ရဲ့ ဓါတ်ပုံတွေ ကြည့်ပြီး အားကျလာတယ် ဓါတ်ပုံတွေ ရိုက်ချင်လာပါတယ်။ မဝေနဲ့ ကိုနိုဇိုမီရဲ့ ပို့စ်တွေ ဖတ်ရတော့ ကိုယ်တောင် သူများဆောင်းပါးတွေ ဖတ်ပြီး စိတ်ဝင်စားတာ သူများတွေလည်း ရောက်ခဲတဲ့ နေရာက အကြောင်းတွေမို့ ကိုယ့်လို သိချင်မှာပဲ ဆိုတဲ့ စိတ် ဝင်လာပါတယ်။ တခါ ဆူးကလည်း အမရယ် မှတ်တမ်းလေး ကျန်ခဲ့တာပေါ့လို့ အားပေးပြန်ပါရော ဆိုတော့ စိတ်က ပိုပါလာပါတယ်။ သဂျီးကလည်း ပြောပြန်ပါတယ် ခရီးသွားတာ ကောင်းပါတယ် လူတွေသိအောင် ပြန်ရေးပေးနိုင်တာ ပိုကောင်းပါတယ်တဲ့ ဒါနဲ့ ကျွန်မလည်း နောက်ပိုင်း ခရီးထွက်တိုင်း သေသေချာချာလေ့လာပါတယ်။ ဓါတ်ပုံတွေလည်း ပိုရိုက်ပါတယ်။ ခရီးတခါထွက်တိုင်း ပုံ ၂၀ဝအသာလေးပဲ။ ပြီးမှ မကြိုက်တာတွေ ပြန်ဖျက်။ အကောင်းဆုံးထင်တာလေးတွေ တင်ပေးတာပါ။ ကျွန်မ ရွာထဲကို မရောက်နိုင်တော့တဲ့ အချိန်ကြရင် ကျွန်မရဲ့ ပို့စ်လေးတွေဟာ နေရာလေး တနေရာ ကျန်နေရင် အပင်ပန်းခံရကျိုး နပ်မှာပါ။ 🙂
နွယ်ပင်
October 24, 2011 at 10:19 am
မမှီရေ ပုံတွေကော စာတွေကော ပြည့်ပြည့်စုံစုံတင်ပေးတာ
့ဂျေရုစလင်ကို ကိုယ်တိုင်ရောက်သွားသလိုပါပဲ ကျေးဇူးပါနော်
နောက်ပိုင်းပိုစ့်တွေကိုလဲ အားပေးနေပါမယ့် ဆက်တင်ပေးပါဦးနော် ……….
nozomi
October 24, 2011 at 11:28 am
မမှီ ညာတယ်ဗျ 🙂
ခရီးသွားဆောင်းပါတွေ မရေးတတ်ဘူး ရေးတတ်ချင်လိုက်တာတဲ့ မမှီ ပို့စ် တစ်ခုမှာ မန်းထားဘူးတယ်
ဒီလောက်ကောင်းတဲ့ မျက်စေ့ထဲ မြင်လာအောင် ရေးတတ်တဲ့ အရေးအသား ၊ ရှင်းလင်းတဲ့ ဓါတ်ပုံရိုက်တဲ့သူ က မရေးတတ်ဘူး ဆိုတာ ညာတာပဲ ၊ နောက်ပို့စ် တွေ အတွက်လဲ မမှီ အားမွေးထားဦး အခုမှ အကြောင်းအရာ တစ်ခုပဲ ရှိသေးတယ် အစ္စရေးနဲ့ ပတ်သက်လို့ ကျွန်တော်တို့ မသိသေးတဲ့ သိချင်တဲ့ အကြောင်းအရာတွေက အများကြီးရယ်
ကမာ္ဘပေါ် မှာ နိုင်ငံ လူမျိုး ဘာသာတွေသာ ကွဲသွားမယ် ဘောလုံး နဲ့ ပတ်သက်ရင်တော့ အားလုံးက ခံစားနိုင်တာခြင်းတူကြတယ် (ဘာစီ အကျီ ဝတ်ထားတဲ့ ကလေး တစ်ယောက် တွေ့မိလို့ပါ )
hmee
October 24, 2011 at 2:54 pm
ကျွန်မ ခရီးသွားဆောင်းပါးလေးတွေ ရေးတော့မယ်လို့ စတွေးလိုက်ပြီးတာနဲ့ မဝေနဲ့ ကိုနိုဇိုမီ ဆောင်းပါးတွေကို ပြန်ရှာဖတ်ပါတယ်။ ဒါ တကယ်ကို အမှန်ပါ။ သေသေချာချာ ဖတ်ပြီးတော့မှ ရေးနည်းကို သိလာပါတယ်။ စရေးတော့ ဘယ်လိုရေးရမှန်းမသိဘူး။ နောက်တော့ ငါရေးတတ်သလိုပဲ ရေးမယ်ဟာလို့ တွေးပြီး ရေးတော့ ရေးစရာတွေ အများကြီးမို့ မနည်း ကိုယ့်လက်ကို ဇက်သတ်နေရတယ်။ 🙂 ဟိုး….အရင်ကတည်းက စဉ်းစားထားတာပါ ဒီနိုင်ငံ အကြောင်းကို ပြန်ခါနီးမှ စုရေးမယ်လို့ပါ။ အခုတော့ မထင်မှတ်ပဲ စောသွားပါတယ်။ နောက်ဆိုရင် အခုလို ရွာထဲကို နေ့တိုင်း ရောက်နိုင်မယ် မထင်တော့လို့ အကောင်းဆုံးကို ကျွန်မ အတတ်နိုင်ဆုံး ပေးခဲ့မယ်လို့ စဉ်းစားထားပါတယ်။ 🙁 ကိုနိုဇိုမီ သိချင်တာလေးတွေကို မေးပါ အားမနာပါနဲ့။ ကျွန်မသိသလောက် ပြောပြပါ့မယ်။ ဒီနိုင်ငံကလည်း ဘောလုံးနဲ့ ပတ်သက်ပြီး တကယ်ကို ရူးသွပ်ကြပါတယ်။ ကလေးတွေကိုလည်း တော်တော် ပြုစုပျိုးထောင်ပေးပါတယ်။ သား သွားနေကျ ကစားကွင်းဘေးမှာ ဘောလုံးလေ့ကျင့်ကွင်း ရှိပြီး ကလေးလေးတွေ အလွန်ဆုံးရှိလှ ၅နှစ်ကနေ ၁ဝနှစ်ပေါ့။ ဝတ်စုံပြည့် ပစ္စည်းအစုံနဲ့ သေသေချာချာကို လေ့ကျင့်ပေးနေတာပါ။ ပါလက်စတိုင်းဘက် အလည်သွားတော့လည်း အဲ့နေ့က ပရီးမီးယားလိ ပြိုင်ပွဲရှိတယ်ပြောတယ်။ ပြိုင်ပွဲဝင် အသင်းနှစ်ခုရဲ့ အလံတွေ အော်ရောင်းနေတာများ အားပါးတရပါ။ ဘောလုံး အင်္ကျ ီတွေကော။ ကျွန်မ အမျိုးသားကတောင် ပြောနေသေးတယ် လူမျိုး ဘာသာသာ ကွဲတာ ဘောလုံးဝါသနာက အတူတူပဲတဲ့။ 🙂
ဆူး
October 24, 2011 at 11:41 am
အဆောက်အအုံတွေထဲမှာတော့ အေးမယ် ထင်တယ်နော်။
ဆောက်လုပ်ထားတာ ခမ်းနားတယ်
ပုံထဲမှာ မြင်ရတဲ့ လူတွေရဲ့ ကိုးကွယ်ယုံကြည်မှုတွေကတော့ အံမခန်းပါပဲ။
pooch
October 24, 2011 at 2:44 pm
သူတို့ ရဲ့ ဈေးတန်းလေးက ဒီက ဈေးတန်းလေးတွေနဲ့ ခပ်ဆင်ဆင်ပဲနော်.. ဒါပေမဲ့ လမ်းပိုကျယ်ပြီး သန့်တယ်… အခုမှပဲ သေသေချာချာ မြင်ဖူးတော့တယ် ဂျေရုစလင်ဆိုတာကို …
” အို.. ဂျေရုစလင်” ဆိုတဲ့ စာအုပ်ကို ဖတ်တုန်းက ခေါင်းတွေတောင် မူးယူတယ် …
ဒါပေမဲ့ အခုလို တွေ့ရတော့လည်း တိတ်ဆိတ် အေးချမ်းနေသလားလို့ ….
ရှေးကျတဲ့ အဆောက်အဦးတွေက တမျိုး အသက်ဝင်နေသလားလို့ ……
ကျေးဇူးတင်လိုက်တာ မမှီရယ် … နောက်လည်း တင်ပါအုန်း…
hmee
October 24, 2011 at 3:07 pm
pooh ရေ မမှီတင်တဲ့ ဓါတ်ပုံတွေကို သေသေချာချာကြည့်ရင် မြင်မှာပါ။ အမှိုက်တစ မရှိပါဘူး။ အရမ်း သန့်ရှင်း သပ်ရပ်ပါတယ်။ ကြွပ်ကြွပ်အိတ်ဆိုတာနော် ဆိုင်ရှေ့မှာ ချိပ်ထားတယ် လိုချင်သလောက်ယူလို့ရတယ် ဒါပေမဲ့ ကြွပ်ကြွပ်အိတ်အမှိုက်လုံးဝ မရှိဘူး။ စနစ်ကွာတယ် ထင်တာပဲ။ အစ္စရေးဘက်ကနေ ပါလက်စတိုင်းဘက်ကို ဝင်သွားလို့ တံတိုင်းကျော်တာနဲ့ အမှိုက်တွေ မြင်မကောင်းဘူး။ ပလက်ဖောင်းတွေဆိုလည်း အကျိုးကျိုးအပဲ့ပဲ့။ ဒီဘက်မှာတော့ ပလက်ဖောင်း အပျက်လုံးဝမရှိဘူး။ ဒီနေ့ အုတ်ခဲတလုံး ကွာနေတာ တွေ့ခဲ့တယ်နော် နောက်နေ့သွားကြည့် အသစ်ဖြစ်နေပြီ။ ကျွန်မအထင် ဘယ်နေရာ ဘာပျက်လဲ တချိန်လုံးများ လိုက်ကြည့်နေသလား မပြောတတ်ဘူး။
kai
October 24, 2011 at 3:24 pm
အဲဒါးကြောင့်နော…
ဂျုပ်ဗြောဒယ်နော.. တိုင်းပြည်တပြည်…. ဒိုးတက်ကျားဆင်းတာမှာ… စားနစ်မဟုတ်ဘူး…
လူ.. လူဒွေနဲ့… အဲဒီးလူဒွေရဲ့.. ဓားလေ့ဇရိုက်ဒွေ..အားကြီး… အားရေးကြီးဒယ်..။ 🙂
Diamond Key
October 24, 2011 at 4:07 pm
တွေ့ရခဲတဲ့ ပုံတွေနဲ့ ခရီးလေးပါ။
MaMa
October 24, 2011 at 4:41 pm
သူများတွေလည်း ရောက်ခဲတဲ့ နေရာက အကြောင်းတွေမို့ ကိုယ့်လို သိချင်မှာပဲ ဆိုတဲ့ စိတ်လေးနဲ့ တင်ပေးလို့လည်း ရွာထဲမှာနေပြီး ကမာ္ဘပတ်နိုင်လို့ ကျေးဇူးတင်ဝမ်းသာပါတယ် မှီရေ။
သူတို့ဆီက အဆောက်အဦတွေက ပုဂံထက်အများကြီးစောပေမယ့် ခန့်ငြားထယ်ဝါနေတာတွေ တွေ့ရတော့ အံ့ဩမိတယ်။ နံရံဆေးရေးပန်းချီတွေဆိုရင်လည်း အဆင့်ဆင့် ထိန်းသိမ်းလာခဲ့တယ်ဆိုတာ ပြောစရာမလိုဘူး။ အတုယူစရာပဲ။ သူတို့ရဲ့ ကိုးကွယ်ရာဘာသာအလိုက် ကြည်ညိုဝတ်ပြုနေကြတာတွေတွေ့ရတော့လည်း ကိုယ့်ဘာသာအလျှောက် ဗုဒ္ဓဂါယာမှာ ကြည်နူးခဲ့ရတာကို ပြန်မှတ်ရမိတယ်။
pooch
October 24, 2011 at 5:46 pm
ဗျို့ ………………သူကြီး ကော်နက်ရှင်ကောင်းတုန်းလေး ပြောလိုက်ပါအုန်းမယ်………….
တယောက် ကကျတော့ တိုင်းပြည်မှာ ကျန်နေတဲ့လူတွေက အသံမထွက်တတ်တဲ့ လူနုံတွေဆိုတော့ အုပ်ချုပ်ရတာ ပို လွယ်တယ်ဆိုပြီး ပြောတယ် ….
အခုနောက်တယောက်က ဒီတိုင်းပြည်က လူတွေ ရဲ့ ဓလေ့စရိုက်တွေကြောင့် မတိုးတက်တာလို့ ဆိုပြန်တယ်……..
ဘယ်သူတွေ ဘယ်လိုပဲ ပြောကြပါစေ……..
အနို်င်မခံ
ငါ့အား ဖုံးလွှမ်းထားသော လကွယ် သန်းခေါင်
ဤအမှောင်တွင်းမှ နေ၍ အနိုင်မခံ အရှုံးမပေးတတ်သော
ငါဧ။်စိတ်ဓာတ်ကို ဖန်ဆင်းပေးသော နတ်သိကြားတို့ အား ငါကျေးဇူးတင်ဧ။် ။
လောကဓံတရားတို့ဧ။် ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့
ကျရောက်နေရ ငြားသော်လည်း ငါကား မတုန်လှုပ် မငိုကြွေး
ကံတရား ဧ။် ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ ကြောင့်
ငါဧ။် ဦးခေါင်းသည် သွေးသံတို့ ဖြင့် ရဲရဲနီဧ။် ညွှတ်ကား မညွှတ်
ဤလောဘ ဒေါသတို့ ကြီးစိုးရာ ဌာနဧ။် အခြားမဲ့ ၌ ကား
သေခြင်းတရားသည် ငံ့လင့်လျှက်ရှိ ဧ။် ။
သို့ သော် ငါ့အား မတုန်လှုပ်သည်ကို တွေ့ရအံ့ ။
နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကို တွေ့ရအံ့။
သုဂတိသို့ သွားရာ တခါးဝသည် မည်မျှှ ကျဉ်းမြောင်းသည် ဖြစ်စေ
ယမမင်းဧ။် ခွေးရေ ပုရပိုက်၌ ငါ့အပြစ်တို့ ကို မည်မျှပင် များစွာ
မှတ်သားထားသည် ဖြစ်စေ ငါကား ဂရု မပြု
ငါသာလျှင် ငါ့ကံဧ။် အရှင်သခင် ဖြစ်၍
ငါသာလျှင် ငါ့စိတ်ဧ။် အကြီးအကဲ ဖြစ်သတည်း ။။
ဗိုလ်ချုပ်အောင်ဆန်း
( အိုးဝေမဂ္ဂဇင်း၊ အတွဲ ၆ ၊ အမှတ် ၁ ၊ ၁၉၃၆ )
kai
October 25, 2011 at 5:43 am
လုံမပူးလ်ကို ..နောက်ဦးမယ်..။ 🙂
အဲဒါ.. http://myanmargazette.net/16383/creative-writing
အဲဒီလင့်ခ်မှာရှိတယ်..။ အင်မတန်ကြိုက်တဲ့..ကဗျာလေးပေါ့..။
တော့ပစ်နဲ့မလွတ်သွားအောင်.. မှီမမကို မေးခွန်းထုတ်ချင်တယ်..။
အဲဒီတိုက်အိုတိုက်ဆွေးအောက်တွေအောက်ရောက်တော့.(အထဲဝင်တော့).. မတော်ပြိုကျမှာ စိုးရိမ်မိသလားလို့ပါ..။
ဆိုင်ရာဘာသာ(သာသနာ)ဝင်တွေကတော့ .. သေ..သေပစေ.. သဘောထားနိုင်ပေမဲ့.. မဆိုင်တဲ့ဘာသာဝင်အတွေးလေး သိချင်လို့..။ 😆
Invictus
William Ernest Henley
1849–1903
Out of the night that covers me,
Black as the Pit from pole to pole,
I thank whatever gods may be
For my unconquerable soul.
In the fell clutch of circumstance
I have not winced nor cried aloud.
Under the bludgeonings of chance
My head is bloody, but unbowed.
Beyond this place of wrath and tears
Looms but the Horror of the shade,
And yet the menace of the years
Finds, and shall find, me unafraid.
It matters not how strait the gate,
How charged with punishments the scroll,
I am the master of my fate:
I am the captain of my soul.
hmee
October 25, 2011 at 1:38 pm
အဲ့လိုတော့ တကယ်ကို မစိုးရိမ်မိဘူး။ ဒီက အုပ်ချုပ်သူတွေကို ယုံလို့ပါ။ တကယ်သာ အန္တရာယ်ရှိတဲ့ အဆောက်အဦးဆို ဝင်ခွင့်တောင်ရမှာ မဟုတ်ပါဘူး။ သူတို့က လူတွေကို တန်းဖိုးထားတယ် သဂျီးရဲ့။ သူတို့လူတစ်ယောက်နဲ့ တဖက်ကလူ ၁၄၀ဝကျော်ကို လဲတာသာကြည့်လေ။ အခုလို တခါဆို တခါဖူးမှ အသက်ရှင်လျှက် မလွတ်ဘူးလို့ အခု အရမ်း ဂုဏ်ယူနေတာ။ ဝန်ကြီးချုပ်ကိုယ်တိုင်သွားကြိုတယ်။ မနေ့က သမ္မတနဲ့ တွေ့တာ တီဗွီမှာလာနေတယ်။ ပို့စ်နဲ့တော့ မဆိုင်ဘူး ကြုံလို့ပြောတာ။ အဲ့လို ရှေးဟောင်းအဆောက်အဦးတွေကို အမြဲ ဂရုစိုက် ပြင်ဆင်နေတာတွေကို AKKO မြို့သွားတုန်းက တွေ့ခဲ့တယ်။ ခရူးဆိတ်စစ်ပွဲတုန်းက အသုံးပြုခဲ့တဲ့ လှိုဏ်ခေါင်းတွေကို ရှေးလက်ရာမပျက် မွန်းမံနေတာတွေကိုပါ။ မြို့ဝန်တွေကလည်း ကိုယ့်မြို့ကို တာဝန်ယူတယ်။ မြို့ဝန်က လက်မခံတဲ့ ကိစ္စဆို ဝန်ကြီးချုပ်တောင် သူ့မြို့မှာ လာလုပ်ခွင့်မရဘူး။ 🙂
Foreign Resident
October 25, 2011 at 12:49 pm
ဟဲ့ သောက် ပလုတ်တုတ် —–
အဲဒါ အဘ ကိုစောင်းမပြောပဲ ဒဲ့ပြောတယ်ထင်ပါ့ ။ 😛
အဘ ရဲ့ ” အင်တာဗျူး နှင့် အဘ ( FR ) ” Post ထဲက
” ငါတို့ မြန်မာပြည်က ချုပ်ချုပ်ကြီးတွေနှင့်များ
တွေးပုံခေါ်ပုံ တိုင်းပြည်အကျိုးကြည့်ပုံတွေမှာ ကွာပ ။
ဒီမှာကဖြင့် ပညာမတတ်လေ ဆင်းရဲလေ ၊
ဘာအသံမှမထွက်တော့ အုပ်ချုပ်ရတာလွယ်လေ ဆိုပြီး ။
ပညာတတ်တွေ သူဌေးတွေကို ၊
ကြိုးစား ပမ်းစားကို မနည်း နှင်ထုတ်နေရတာ ”
ဆိုတာကိုများ ညွှန်းသလား သမီး Pooch ရယ် ။ 😛
တကယ်က ဘဘ ချုပ်ချုပ်ကြီးတွေက
ဘယ်လောက် ကြိုးစားပြီး နှင်နှင်
ပညာလဲတတ် ချမ်းလဲချမ်းသာ
တိုင်းပြည်ကိုလည်း အရမ်းချစ်တဲ့
သမီး Pooch လေးတို့က
ကြံ့ကြံ့ခံပြီး ကြိုးစားကြမယ်ဆိုတာ
အဘဖေါ တို့က
ယုံပြီသား ယုံပြီသား ။ 😛
ကိုပေါက်(မန္တလေး)
October 24, 2011 at 5:46 pm
ကိုခိုင်ရေ
သိပ်ဟုတ်တာပေါ့ဗျာ။
နိုင်ငံတစ်ခုလုံးတိုးတက်ဘို့ဆိုတာ အုပ်ချုပ်သူအစိုးရ ရယ် နောက်ကလိုက်မယ့်ပြည်သူပြည်သားရယ်
ခို်င်မာ မှန်ကန်တဲ့ စနစ်တစ်ခုရယ်က အချိုးညီမှ တိုးတက်မှာပါ။
တစ်ခုလွဲရင်အကုန်လွဲပါဘဲ။
စုံ စုံ
October 25, 2011 at 9:21 am
မမှီရေ မမှီပို့စ်ကိုဖတ်တာနောက်ကျသွားတယ်
ဖတ်ပြီးအရမ်းလဲသဘောကျပါရဲ့
ကိုယ်ရောက်ဖို့အခုအခြေအနေနဲ့ဘယ်လိုမှမဖြစ်နိုင်တဲ့
နေရာတွေကို မမှီက ပုံကောစာကောအပြည့်အစုံနဲ့ဖော်ပြပေးလို့အတိုင်းမသိလဲ
ဝမ်းသာမိတယ် ကျေးဇူးလဲတင်ပါတယ်နော် နောက်ပိုင်းတွေလဲဆက်အားပေးနေမယ်နော်
weiwei
October 25, 2011 at 10:24 am
ကော်နက်ရှင်မကောင်းနေတာနဲ့ အခုမှ ဖတ်ဖြစ်တော့ မန်းတာနောက်ကျသွားတယ် ….
ဂေဇက်မှာ တကယ့်ကို မှတ်တမ်းကျန်ခဲ့မဲ့ ပို့စ်လေးတွေပါ … အရမ်းကောင်းပါတယ် … ဗဟုသုတလဲ ရပါတယ် …