မလှမဝ..ဒုက္ခဘဝများ..
လူတိုင်း လူတိုင်းပေါ့လေ.ကျွန်တော်လည်းအပါအဝင်ပါ..
အားလုံးသောသူကိုယ်စီတိုင်းက ကိုယ်အခုရရှိထားတဲ့.ဘဝလေးကို ကိုယ်စွမ်းသလောက်
နိုင်သလောက်အင်အားတွေနဲ့.အလှဆုံး ခြယ်သနေကြသူချည်းပါပဲ။ တချို့တွေက ပြောင်ပြောင်လက်လက်..
တချို့ကျတော့ မဝင်းတဝင်း.အများစုကတော့.အရောင်မထွက်နိုင်ကြသေးပါဘူး..
ဒါပေမဲ့ ခုကျွန်တော်ပြောမဲ့.မိသားစုဘဝက တော့ဘယ်သူကူလို့မှ လှပါတော့မနိုင်ဘဝ မျိုးလို့ထင်တာပဲ..
ပြောရ ရင်တော့ဗျာ..တနေ့ကမြောက်ဒဂုံမှာနေတဲ့ အဒေါ်တယောက်အိမ်ကို
ကျွန်တော်ရောက်သွားတယ်..ဟို ဒီစကားလေးတွေပြောနေတုန်း..
အသက် ကြီးကြီးအဘွားအိုတယောက်အိမ်ထဲကိုဝင်လာတယ်.. သူ့ကြည့်ရတာနေပူကြီးထဲ
လျှောက်လာရတာဆိုတော့ မောပန်းနေပြီး တလှမ်းနဲ့တလှမ်းကို အတော်ကိုအားတင်းပြီးလျှောက်နေရတဲ့ပုံဗျ.
အိမ်ထဲ ဝင်လာပြီးဧည့်ခန်းမှာ ထိုင်နေတဲ့ကျွန်တော့ လဲ မြင်ရော ကြမ်းအောက်ခြေကော်ဇောပေါ်မှာ ထိုင်ဖို့လုပ်တယ်..
ဒါနဲ့ ကျွန်တော်က အတင်းပဲ အဘွားခုံပေါ်မှာပဲ ထိုင်ပါ ဆိုမှဝင်ထိုင်လိုက်တယ်..ကျွန်တော့် အဒေါ်က ရေတွေဘာတွေခပ်တိုက်တာပေါ့ဗျာ.
ပြီးတော့ ထမင်းစားပြီး ပြီလားမေးတော့ မစားရသေးဘူးပြောတာနဲ့ အဒေါ်က ကျွန်တော့ ညီမတွေကို ခူးကျွေးခိုင်းလိုက်တယ်..
ကျွန်တော် စိတ်ထဲမှာတော့ အဲဒီအဘွားဝင်လာတာတွေ့တည်းက ..
ဒီလောက်အသက်ကြီးကြီး အမေအိုကြီး.နေပူကြီးထဲ လျှောက်လာပြီး မောမောပန်းပန်း ဖြစ်နေပုံကို မြင်လိုက်ရတာတော့..
စိတ်ထဲ မကောင်းဘူး.သည့်အပြင် ဘယ်လိုသားသမီးမျိုးကများ.ဒီလိုအိုမင်းမစွမ်း အရွယ်အမေကြီးကို
တယောက်ထဲ လွှတ်ရက်တာလည်းပေါ့ဗျာ..စဉ်းစားကြည့်လေဗျာ..အခု အပူချိန်ရာသီဥတုက ဘာမဆိုဖြစ်နိုင်တဲ့ အနေအထားကိုး.
ကိုယ်တွေ လူငယ်တွေတောင် အပြင်သွားဖို့ ခပ်ခပ်ကြောက်ကြောက်လေ..
ဒါနဲ့ ညီမတွေ အမေကြီးကို ထမင်းကျွေးထားတုန်း အဒေါ့်ကိုသိချင်တာလေးတွေ မေးကြည့်မိလိုက်တယ်..
အဲဒီ အဘွားက နေတာက မြောက်ဒဂုံစည်ပင်ဝင်းထဲမှာနေပြီး အသက်က (၈၁)နှစ် ရှိနေပြီ..
သူသမီးတယောက်ရှိပြီး ကျန်ခဲ့တဲ့ လကမှ ဆုံးသွားတာတဲ့ ။ ရောဂါကတော့ ရှိပေမဲ့ အသက်ဆက်ဖို့ အာဟာရ ပြတ်တာနဲ့ဆုံးတာက အဓိကပါတာပေါ့ဗျာ..
ပြီးတော့ဆုံးသွားတဲ့ သမီးက မွေးတဲ့ မြေးမလေးနဲ့သူ့ယောကျင်္ား ရောအတူတူနေပါတယ်တဲ့..ဒါပေမဲ့
အဲဒီမြေးမလေးက လွန်ခဲ့တဲ့ ၅ လလောက်က အိမ်ကနေ ပျောက်သွားတာ သတင်းလုံးဝ မကြားရတော့ဘူး..
သူများလိမ်ခေါ်သွားပြီးနယ်စပ်မှာလိုလိုတော့ ထင်တယ်တဲ့.အသက်က ၂၂ ပတ်ဝန်းကျင် ပဲရှိသေးတာကိုး..
သူ့ကလေးနှစ်ယောက်ကအိမ်မှာ ကျန်နေခဲ့တော့ ကောင်မလေးရဲ့ယောကျင်္ားလည်း.
အဲဒီကလေးတွေကြောင့်ပဲ အိမ်ကနေ ထွက်မသွားတာပေါ့နော်..နေစရာအိမ်နဲ့ပက်သက်ပြီးလည်း.
အရင်ကသူတို့ မြေးသမက်လုပ်သူက စည်ပင်လိုင်းခန်းဆိုတာရတော့ ကျဉ်းပေမဲ့လည်းနေဖြစ်သေးတယ် ဒါပေမဲ့ ကျန်ခဲ့တဲ့ နွေရာသီက
အထက်လူကြီးတွေ ဖယ်ခိုင်းလို့ဆိုပြီး သူတို့အပါအဝင် တခြားမိသားစုတွေရောကို မောင်းချလို့ ဘေးနားမှာတဲထိုးပြီးနေကြရတယ်တဲ့။
ဒါက အဲဒီ အဘွားရဲ့ အကြောင်းလေးပေါ့ဗျာ..အခုတော့..အဘွားရဲ့ မြေးသမက်က စည်ပင် အမှိုက်ကား မှာလုပ်တာဆိုတော့
တနေ့ကို ၂၅၀၀.နီးပါးတော့ ရတယ်တဲ့..သူသုံးပြီးပိုတာတော့ စရိတ်ပေးတာပေါ့ဗျာ.
မြေးအကြီးကောင်လေးက.၁၁ နှစ်လောက်ဆိုတော့ အမှိုက်လိုက်ကောက်ပြီး ရတဲ့ အတိုအစလေးတွေကို
ရောင်းပြီး အသုံးစရိတ်ရှာပေးပါတယ်တဲ့..အငယ်မလေးကတော့ ၅ နှစ်အရွယ်လောက်ပဲရှိသေးတယ်.
ဆိုတော့ တခါတလေ လိုအပ်တာလေးတွေရှိရင် အမေကြီးက ရင်းနှီးတဲ့ အိမ်တွေကို အလည်သွားပြီး ပေးကမ်းလိုက်တာလေးတွေနဲ့
အဆင်ပြေအောင်နေကြ တာပေါ့ဗျာ..သိနေတဲ့ လူတွေကတော့ ဒီလိုအိုမင်းမစွမ်းဖြစ်မှ ဒုကတွေ ကြုံရတယ်ဆိုပြီးတော့
သူသွား လာနေရင်ကူညီကြတာပေါ့ဗျာ..ဒါနဲ့ခန နေတော့ အဘွားလည်းထွက်လာရော.
အဒေါ်က လိုအပ်တာလေးတွေကို တတ်နိုင်လောက် အိတ်လေးနဲ့ ထုပ်ပေးလိုက်တယ်.. ဆန်လဲပါတာပေါ့..
ကျွန်တောလဲနိုင်သလောက်တော့လှူလိုက်သေးတယ်..အဘွားလဲဆုတွေဘာတွေ ပေးပြီးတော့
အဲဒီ အထုပ်လေးကို ဆွဲပြီးအိမ်ပေါ်ကနေ တုန်တုန် ချိချိနဲ့ ထွက်သွားတော့ကျွန်တော် တောင်ကြည့်ရင်း ရင်ထဲ မကောင်းဘူးဗျာ..
ရှစ်ဆယ်ကျော် အဘွားအိုက ကိုယ်တိုင်ရှာစားနေတာ မြင်ရတာကိုး…..
သူတို့ဘဝတွေကို ဘယ်လိုစိတ်မျိုးတွေနဲ့ များအားတင်းပြီးရှင်သန်နေကြလဲ လို့တွေးမိတယ်..
မသေမချင်း စိတ်အားတင်းပြီး ကလေးတွေ အရေးအသာထားလို့.ထမင်းနပ်မှန်ဖို့ကိုရုန်းကန်နေရမှာလေ..
ဘယ်မှာလဲ ယူစရာကုသိုလ်..ဘယ်အချိန်လဲ ပွားစရာ ဘာဝနာ..ဘယ်လိုမှန်းမသိ ရင်မောပါ့ ဗျာ…
နောက်တခုုလဲ ရှိသေးတယ်..ကျွန်တော့ အဒေါ်အိမ်နားမှာပဲ.အဒေါ်ကြီးတယောက်ဆုံးသွားတာ ဘယ်သူမှ မသိလိုက်ဘူး..
အရပ်ထဲက လူတွေ သွားဖွင့်ကြည့်လိုက်တော့ ၃၊၄ ရက်ကြာပြီး ပရွက်ဆိတ်တောင်တက်နေပါပြီ…
ဘေးနားကပ်ရက်က သူ့ယောက်ခမ ကြီးမိသားစုနေတာပါ..အဒေါ်ကြီး နေမကောင်းဖြစ်တာလဲ မြင်နေ သိနေ ပါတယ်..လုံးဝ သွားမကြည့်ဘူး..
အသုဘ စရိတ်ကို အရပ်ထဲ ကဝိုင်းကူလိုက်ကြတာပေါ့လေ။သူသည်လဲ ထိုနည်းလည်းကောင်း အဓိက က.ငတ်လို့ ဆုံးတာပါပဲ…
တွေးမိတာ ကတော့ဗျာ…ဘဝတွေ ဘာကြောင့်များ ဒီလောက်ကွာခြားနေရတာလဲ…
သူတို့မြေးမ ကလေးနှစ်ယောက်ကို ထားပြီးထွက်သွားတာဟာ.ဆင်းရဲလွန်းလို့ အသိညဏ်နုံနဲ့.စိတ်ရူးပေါက်ပြီးလုပ်တာလား..
ကိုယ့်ဘဝတွေကို် အလှဆုံးတည်ဆောက်ချင်တာ လူတိုင်းရဲ့စိတ်ကူးဆိုရင်..
အဲဒီလို မိသားစုပေါင်းများစွာရဲ့ စိတ်ကူးတွေက ဘာတွေဖြစ်မလဲ..ကျွန်တော်ထင်တာတော့
ထမင်းလေး ဝအောင်စားနိုင်ပြီး နောက်တနေ့ တွေအတွက်ပူပင်စရာ မလိုပဲ စိတ်အေးချမ်း စွာအိပ်စက်နိုင်ဖို့ က သူတို့ အိမ်မက်တွေပဲ ဖြစ်မယ်…
အဲဒီလို သူတို့ရဲ့ ထမင်းမငတ်မဲ့.အိမ်မက်တွေရော..ဘယ်အချိန်မှပြည့်မှာလဲ….
(ကျွန်တော် မြင်တွေ့လိုက်ရသော မိသားစုလေးတခု မျှသာဖြစ်ပါသည်)
14 comments
windtalker
October 25, 2011 at 1:02 pm
အခု ကာတွန်းဆရာ အော်ပီကျယ် တို ့ဦးဆောင်ပြီး one plus ဆိုလား ၊ ပရဟိတ တွေ လုပ်နေပြီဗျ
သူတို ့အဖွဲ ့အနေနဲ ့အမတ်မင်း ပြောတဲ့ ဘဝတွေကို ရှာဖွေ တွေ ့ရှိ အကူအညီပြုနိုင်ပါစေ လို ့..။
pan pan
October 25, 2011 at 1:15 pm
one moreထင်တယ် ကိုပေရဲ့
လူဦးရေ သန်း၆ဝရှိတယ်
လူ၆၀ဝမှာ တစ်ယောက်က တစ်လကို ၁၀၀ဝလှူရင်
တစ်လကို သိန်းတစ်ထောင်ရမယ်
ဒီငွေကို လူမှုရေးလုပ်ငန်းတွေမှာ သုံးဖို့
ပရဟိတလုပ်ငန်းတွေမှာ လှူဖို့
လှူဒါန်းသူ၃၂၄ဦးဆိုရင် ၃သိန်းနှစ်သောင်းလေးထောင်ပေ့ါ
windtalker
October 25, 2011 at 1:30 pm
ဟီး…ဟုတ်တယ် ၊ ပန်ပန် ပြောတဲ့ ဝမ်းမိုး ပါဘဲ
ပြောချင်စိတ်သာလောကြီးနေတာ
အမှန်ကိုလည်းအတိအကျ မမှတ်မိ
ဆိုးလိုက်တဲ့ မောင်ပေ ပါ အဟိ
amatmin
October 25, 2011 at 1:46 pm
ကို တော်ကာ နဲ့ပန်ပန် ပြောတဲ့ One more က မြို့နယ် အလိုက် သူ့ဇုံလေးတွေနဲ့
ဖြစ်လာရင်ပိုကောင်းမယ်နော်..ဆိုပါစို့ မြို့နယ်တ ခုမှာ..
တလ ကို လူ၅၀ဝ က ပုံမှန်ထည့်ဝင်မယ်ဆို ရင် တလ ကိုငါးသိန်း..ခွဲဝေမှုသာ စနစ်ကျရင်
တကယ့်ကိုငတ်ပြတ်နေတဲ့..အိမ်ထောင်စုတွေ အတွက်.မေ့မရ မဲ့ ဝင်ငွေလေးတွေ ပေါ့ဗျာ…
fatty
October 25, 2011 at 1:33 pm
အင်း …. မြန်မာပြည်မှာ အဲလိုဒုက္ခသည်တွေအများကြီးရှိနေပါတယ် ငွေကြေးအရင်ထောက်ပံ့
အသိပညာပေး အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေး အဲလိုအဲလိုတွေ ……………
အဆင့်ဆင့် ……..လုပ်ပေးရမယ်ထင်ပါရဲ့ .။
amatmin
October 25, 2011 at 1:53 pm
လေးဖက် ရဲ့ .နောက်ဆုံးလက်ကျန် .. ပစ္စုပ္ပန် ကိုဖတ်ပြီး..အမေအို နှစ်ယောက် ရဲ့
မတူတဲ့ ကံတရားလေး ကို တွေးလိုက်မိလို့ ရေးဖြစ်တာပါ..လေးလေးဖက်ပြောသလို
အစီအစဉ်တွေ အမြန်ဆုံးအကောင်အထည် ဖော်လာကြဖို့မျှော်လင့်ပါတယ်…
MOEPWINTPHYU
October 25, 2011 at 1:45 pm
အဲဒီလိုဘဝတွေများလာလိုလား လူတွေကပဲသိနေကြလိုလား
အရမ်းကြားနေရတာပဲ မြင်နေရတယ် အလှူခံတဲလူ အရင်ထက်စာရင်တွေနေရတယ် လှူဖိုလိုအပ်နေတဲနေရာတွေလဲအများကြီးပဲ
အရင်ကလှူမယ်ဆိုရင်ဘုန်ကြီးကျောင်းလောက်ပဲအခုဆို အများကြီပဲလှူမယ်ဆို ရင်ပိုက်ပိုက်များများရှိဖိုပဲလိုတယ်.
နွယ်ပင်
October 25, 2011 at 2:01 pm
ဒီလို အဖြစ်အပျက်တွေနဲ့ ဒီလိုဒုက္ခရောက်နေတဲ့ သူတွေ တော်တော်များလာတယ်
ပန်ပန် ပြောတဲ့ One more လို ပရဟိတအဖွဲ့အစည်းမျိုးလေးတွေက တော်တော်ကို
လိုအပ်ပါတယ် ။
ဆူး
October 25, 2011 at 2:17 pm
ပရဟိတ လုပ်ငန်းတွေ လုပ်တာ လှူတာတွေ ကောင်းပါတယ် အဖွဲ့လိုက် လုပ်ကြတာ ဆိုတော့ ပိုပြီး လုပ်ငန်းလည်း တွင်ကျယ်လာမယ်လို့ မျှော်လင့်ပါတယ်။
စိတ်ထဲ တခု တွေးမိတာကတော့ ရေတို ဖြေရှင်းနည်း ဖြစ်တဲ့ ထမင်းကျွှေးခြင်းထက် ရေရှည် ဖြေရှင်းနည်းမျိုးကို စီမံကိန်း ထားပြီး လုပ်တာ ပိုကောင်းလေမလားလို့တွေးမိတယ်။
ဥပမာ အားဖြင့်.. လုပ်ငန်းကြီးတွေ လုပ်နေတဲ့ လူတွေကို မန်ဘာဝင်ခိုင်း လစဉ်ကြေးပေးပြီး အလှူငွေထည့်ခိုင်းပြီးတော့ မန်ဘာ ဝင်ထားတယ် ဆိုရင် ပရဟိတ လုပ်ငန်းမှာ ပါဝင်တဲ့ သူ အနေနဲ့ သူကို ဆိုင်းဘုတ် တခု သို့မဟုတ် ကဒ်တခု သို့မဟုတ် အမှတ်အသား တခုခုပေါ့ ပေးလိုက်ပြီးတော့ မန်ဘာ ဝင်တွေ အချင်းချင်း အားပေးတာမျိုး.. အဖွဲ့ရဲ့ ခိုင်မာမှု ကြီးလာရင် ကြီးလာသလို မန်ဘာ အမှတ်အသား ပါတဲ့ ဆိုင်တွေမှာပဲ အားပေး.. အခု လက်ရှိ တော်ဝင်စန်တာက ကံစမ်းမဲ ပါတဲ့ ဆိုင်တွေ စတေကာ ကပ်ထားတယ်။ စတေကာ ကပ်ထားတဲ့ ဆိုင်တွေမှာ ဈေးဝယ်ရင် ကံစမ်းပိုင်ခွင့်ရှိတယ် ထိုကဲ့သို့ အသွင်ပုံစံမျိုးပေါ့။ အပြင်လူတွေကလည်း ပရဟိတ လုပ်ငန်းတွေမှာ လှူတဲ့ လူတွေမို့ အားပေးတာမျိုး.. အဲဒီထဲမှာ ပါဝင်လှုပ်ရှားနေတဲ့ သူ မန်ဘာတွေ အချင်းချင်း အားပေး.. တတ်နိုင်သလောက် မန်ဘာ အချင်းချင်း အားပေး.. အနီးစပ်ဆုံး ပြောရင် ၇၈၆ ပါမှ ဒို့က စားတာ ဆိုသလိုမျိုးပေါ့.. အမျိုးသားရေး စိတ်နဲ့ အားလုံး ဝိုင်းလုပ်ရင် ကွန်ရက်ကြီး ကြီးသွားရင် မဖြစ်မနေ မန်ဘာတွေ ဝင်ချင်လာကြမယ်။ မန်ဘာ ဝင်ခြင်းအားဖြင့် ကြောညာ ပြီးသား ဖြစ်တယ် ဆိုရင်လည်း မန်ဘာ လုပ်လာကြမယ်။ အဲလို အဲလို စီမံကိန်း အကြီးကြီးနဲ့ လုပ်နိုင်ရင် ကောင်းမလားလို့ တွေးမိပါတယ်။ ဒါကတော့ ကြီးမား ကျယ်ပြန့်လွန်းပါတယ်။
အဖွဲ့က ပိုက်ဆံ ထုတ်ပြီး ငွေပင် ငွေရင်း ပေးပြီး ဆန်ဆိုင် ဖွင့်ခိုင်းမယ်
အသင်းဝင် တွေက ဆန်ဆိုရင် အဲဒီ ဆိုင်လေးမှာပဲ အားပေးမယ် ဆန်နဲ့ လုပ်တဲ့ မုန့်တွေ လုပ်ရောင်းမယ် အသင်းဝင်တွေကပဲ မုန့်တွေ အားပေးမယ်။ ဒီလိုနဲ့ ငွေကြေး လည်ပတ် စီးဆင်းမှုကြီး ဖြစ်သွားစေမယ်။ အဲလိုမျိုး တွေးမိတာပါပဲ။
amatmin
October 25, 2011 at 11:03 pm
အမ ဆူး ပြောတဲ့ လုပ်ငန်းကြီး လုပ်တဲ့သူတွေက လစဉ် မဝင်ချင်ကြတောင်
အခုဘာပွဲ ညာပွဲ ဆိုပြီး မလှူချင့် လျူချင်နဲ့ ပါမစ်တွေ လုပ်ပိုင်ခွင့်တွေကို မျှော်လင့် ပြီးထည့်ဝင်တဲ့ ငွေကြေးအချို့ကိုသာ..တကယ်လိုအပ်တဲ့ နေရာတွေ အနစ်နာခံပြီးတကယ်လုပ်နေတဲ့အဖွဲ့အစည်းတွေကိုသာ..လှူဖြစ်ခဲ့ရင် မီဒီယာဆို်တာတွေက လည်းသူတို့ကို ဖော်ပြဖို့ဝန်မလေးသလို.လူအချင်းချင်း
ကောင်းသတင်းလည်းဆောင်ပြီး မွှေးနေမှာပါပဲ..ကိုယ့်အမျိုးသားချင်းချင်း ရိုင်းပင်းချင်တဲ့ စိတ်တွေပေါ်လာကြဖို့ပဲ လိုပါတယ်..လူကြားကောင်းအောင် သူတို့ကိုလူတွေအထင်ကြီးလာအောင်ပြောနေတဲ့စကားတွေ က ထမင်းမဝစေပါဘူး ။ ကျွန်တော်တို့ဆီမှာက လှုံဆော်မှုပိုင်းမှာ .အားနည်းတယ်ထင်သလို..ပရဟိတလုပ်တယ် ဆိုတာ တေလေ ဂျပိုးလို့ မြင်သူက လည်းမရှားပါဘူး(ကြုံဖူးလို့ပြောတာပါ) ဒီတော့ မြန်မာတွေ ကူညီရိုင်းပင်းတတ်တယ်ဆိုတာ ကိုယ့်အကျိုးနဲ့ပက်သတ်မှ လုပ်တတ်ကြတယ်လို့ အပြောတွေ ပိုမဆိုးခင် လုပ်သင့်တာတွေ ကူသင့်တာတွေကို လုပ်လာရင် ပိုကောင်းတာပေါ့ဗျာ…..
ကြောင်ကြီး
October 27, 2011 at 11:52 am
နိုက်ကလပ်၊ အနှိပ်ခန်း၊ ဇိမ်ခံဟိုတယ်၊ တန်ဖိုးမြင့်ရှော့ပင်းစင်တာ၊ ကြေးကြီးစားသောက်ဆိုင်၊ အလွန်အမင်း ကြွယ်ဝချမ်းသာနေတဲ့ ကုမ္မဏီများရှေ့မှာ ဆန္ဒပြပွဲတွေ လုပ်သင့်တယ်လို့မြင်တယ်။ ဒါမှ ဘာလုပ်သင့်တယ် မလုပ်သင့်ဘူးဆိုတာ သိသွားမှာ။ နို့မို့ဆိုရင် ငါတော်လို့တတ်လို့ ကံကောင်းလို့ ဘုရားသခင်ကောင်းချီးပေးလို့ဆိုပြီး စာနာရကောင်းမှန်း မသိဘူး။ စာနယ်ဇင်းတွေကလည်း ဝိုင်းဝန်း ဆော်ဩသင့်တယ်။ ချမ်းသာတာ အပြစ်မဟုတ်ပေမဲ့ ပေးကမ်းစွန့်ကြဲခြင်းမပြုတာ အပြစ်ဖြစ်တယ်။
htoosan
October 27, 2011 at 12:18 pm
ကိုယ့်အတွေးနဲ့ ကိုယ်ပေါ့နော်..
လုပ်ငန်းကြီးလုပ်နေတဲ့သူ တွေကို ပါလာစေချင်ရင် ..
(၁) ပရဟိတ လုပ်တဲ့ အသင်းများ မှာ ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင် စသည့်ပုံများ ဖြုတ်ဖို့လိုလိမ့်မယ်။ ဘယ်သူ့ပုံမှ မတင်ပါနဲ့။
(၂) ဘယ်သူ့ ဘယ်သူ့ကိုမှ အဆိုး အကောင်း မပြောပါနဲ့။
(၃) စာရင်းစစ်၊ စာရင်းကိုင် သေချာစွာ ဖွဲ့စည်းပါ။
သူဌေးတွေလည်း နှလုံးသားနဲ့ပါ။ အနည်းနဲ့အများပါဝင်လာမယ်လို့ထင်ပါတယ်။
ကိုယ့်အတွေးနဲ့ကိုယ်ပေါ့နော်။
Foreign Resident
October 27, 2011 at 12:47 pm
ကိုယ့်အတွေးနဲ့ ကိုယ်ပေါ့နော်..
ကျွန်တော်သာဆိုရင်
ဗိုလ်ချုပ်အောင်ဆန်း၊
ဒေါ်အောင်ဆန်းစုကြည်၊
မင်းကိုနိုင်
ဇာဂနာ
ကျော်သူ တို့ပုံပါရင်
ပိုတောင် အားပေး အယုံအကြည် ရှိဦးမှာ ။
မြန်မာပြည်မှာ လက်ရှိ သူတို့လောက်
ကြည်ညိုရမဲ့သူ တယောက်မှမရှိသေးဘူး ။
နိုင်ငံရေးဟာ အကြီးမားဆုံး ပရဟိတလုပ်ငန်းပဲ ။
တိုင်းပြည်တစ်ပြည်လုံး ပြည်သူပြည်သားအားလုံး ကောင်းစားဖို့
လုပ်တဲ့ အလုပ်လောက် ကြီးမားတဲ့ ပရဟိတလုပ်ငန်း ရှိဦးမလား ။
အထူးသဖြင့် စစ်ခွေးတွေရဲ့ နှိပ်စက်သတ်ဖြတ်မှု အောက်မှာ
မကြောက်မရွံ ရင်ဆိုင်ရဲတဲ့ သူတို့တွေဟာ ကျွန်တော့် ရင်ထဲက
အကြီးမြတ်ဆုံး သူရဲကောင်း တွေပဲ ။
ကျွန်တော့် အတွက်တော့ သူတို့ကို ဘုရားပြီးရင် အကြည်ညိုဆုံးပဲ ။
တရားတွေ သံဃာတွေ မိဘတွေတောင် သူတို့နောက်မှာပဲရှိတယ် ။
True Answer
October 27, 2011 at 12:55 pm
အားလုံးအတွက် သဘာဝတရားရိပ်သာ
၁) သဘာဝတရားရိပ်သာသည် ရန်ကုန်တိုင်း သန်လျင်မြို့နယ်၊ တာဝတက္ကသိုလ်အနီး (သို့) သန်လျှင်ဘုရားကုန်း ကျိုက်ခေါက်ဘုရားအနီး တွင် ရှိပြီး၊ ဧက ၆ဝ ကျော် ကျယ်ဝန်းပါသည်။
၂) သဘာဝတရားရိပ်သာသည် တရားအားထုတ်သော အလုပ်ကိုသာ အဓိက ထားသည့် ရိပ်သာဖြစ်သော်လည်း လူမျိုးဘာသာမရွေး ဒုက္ခရောက်နေသူမည်သူကို မဆို ကျန်းမာရေး၊ စားဝတ်နေရေး အစစ အကူအညီပေးနေပါသည်။
၃) တရားအားထုတ်မှုဖြင့် စိတ်ပူပန် ဖိစီးမှု လျော့နည်း သွားသော ကြောင့် လူမမာများ ၊ စိတ်ဆင်းရဲနေသူများ အတွက်လည်း စိတ်ချမ်းသာ ရောဂါသက်သာပျောက်ကင်းရာ နေရာ ဖြစ်ပါသည်။ ဒုကိ္ခတများ၊ မျက်မမြင်များ၊ ကင်ဆာရေဂါသည် နှင့် အခြားဝေဒနာသည်များ၊ အိပ်ယာထဲလဲနေသူများ၊ ပင်စင်စားများ စိတ်သက်သာ အေးချမ်းစွာ ခိုလှုံရာ နေရာ ဖြစ်ပါသည်။
၄) ရက်အကန့်အသတ်မရှိ အချိန်ပြည့်ဖွင့်လှစ်သည့်ရိပ်သာဖြစ်ပါသည်။
ိ
၅) ဆွမ်း (သို့) မည်သည့် စရိတ်မှ ပေးရန်မလိုပါ။
၆) အသက်အရွယ်၊ ကျန်းမာရေးအခြေအနေနှင့် လူမျိုး၊ ဘာသာ၊ လူတန်းစား ကန့်သတ်ချက်မရှိပါ။
ိ
၇) ဘဝ နောက်ဆုံးခရီးထိ လိုအပ်လျှင် လိုအပ်သလို ရိပ်သာမှ အစစအရာရာ တာဝန်ယူပေးပါသည်။
သန်လျင်သဘာဝရိပ်သာ
ကျိုက်ခေါက်ဘုရားအနီး (တာဝတက္ကသိုလ်အနီး)
ညောင်ပင်မှတ်တိုင်၊ ရွှေပေါ်ကျွန်းမုဒ်ဦးမှဝင်ပါ။
သန်လျှင်မြို့နယ်၊ ရန်ကုန်။
ဖုန်း ၊ 950 85 212
အသေးစိတ်သိရှိရန်။
realenlightenment.multiply.com/journal/item/40/40
သန်လျင်သဘာဝရိပ်သာနှင့်ပတ်သက်ပြီး ယောဂီအများ၏ documentary မှတ်တမ်းမှတ်ချက်များ။
http://www.mediafire.com/?c8id49t48yywkcp