မမှီလျှင်မလှမ်းနဲ့ စိတ်မောရတာ အဖတ်တင်မယ် (၂)
သူတို့ရဲ့ ကြိုးစားအားထုတ်မှုပေါ် မူတည်ပြီး … target ကျော်လွန်တဲ့ အုပ်စုကို ဆုပေးတဲ့ စနစ်လည်း စက်ရုံအတော်များများမှာ ထားပေးထားပါတယ် …. ။ ဆုရတဲ့ ငွေ အနည်းဆုံး နှစ်သိန်းမှ ငါးသိန်းထိပေးတာကြောင့် …. အုပ်စုတစ်စုမှာ လူတစ်ရာရှိစေဦးတော့ … ခွဲဝေယူလျှင် သူမတို့ အလှပြင်သုံးစရိတ်ထွက်လာနိုင်ပါတယ် …. ။ စက်ရုံအလုပ်သမားများ (အိုတီချိန်မှ လွဲပြီး) ကျန်တဲ့အချိန် အလှပြင်ခွင့်မရှိပါဘူး …. သူတို့ရဲ့ သနပ်ခါး နှုတ်ခမ်းနီ လက်သည်းနီတွေကနေ …. ထုတ်ကုန်အပေါ် စွန်းထင်းမှု ဖြစ်စေတာကြောင့်ပါပဲ … ။
စက်ရုံအပိုင်းမှာ ဆူပါဗိုက်ဇာ က ဒီပါ့မန့်တစ်ခုလုံးရဲ့ တာဝန်ကိုယူပေးရပါတယ် … သူ့ဌာနက လူတွေရဲ့ ကောင်းမွေ ၊ဆိုးမွေကို ဒိုင်ခံ တာဝန်ယူရတာကြောင့် ဆားဗစ်ရှိတဲ့ လူတွေကပဲ လုပ်သက်ပေါ်မူတည်ပြီး ဆူပါဗိုက်ဇာဖြစ်လာကြပါတယ် ….။ ကျွန်မတို့စက်ရုံမှာ လူပေါင်း နှစ်ထောင်နီးပါးရှိတယ် … တခြားစက်ရုံခွဲ နှစ်ခုမှာလည်း ပျှမ်းမျှ အဲ့ဒီလောက်ရှိပေမယ့် .. အုပ်ချုပ်ပုံ အုပ်ချုပ်နည်း အတူတူပါပဲ … ။ ဆူပါဗိုက်ဇာကတော့ သူ့ဌာနကလူတွေအပေါ် အတော်ဩဇာညောင်းတယ်လို့ ပြောလို့ရတယ် …. ဌာနက လူတွေ ဖျားလို့ရက်ပျက်တာမျိုးဖြစ်ဖြစ် ၊ အရေးပေါ် အကြောင်း ကိစ္စကြောင့် ပြန်ချင်တာဖြစ်ဖြစ် …. ဆူပါဗိုက်ဇာက ထောက်ခံပေးလျှင် ဂိတ်ပက်စ်နဲ့ ပြန်ခွင့်ရရှိပါတယ် …. ။ ဆူပါဗိုက်ဇာတခြား ဌာနကို အလုပ်ကိစ္စနဲ့ သွားတာဖြစ်ဖြစ် ၊ အိမ်သာလိုမျိုး သွားတာဖြစ်ဖြစ် အချိန် …. လီဒါတွေက တာဝန်ယူ အုပ်ချုပ်ရပြန်တယ် … ။ အလုပ်သမား အုပ်စုပေါင်း ဆယ့်ရှစ်စုလောက် ရှိပြီး ဆူပါဗိုက်ဇာ တစ်စုကိုတစ်ယောက်နဲ့ … လီဒါနှစ်ယောက်ရှိတယ် … ။ သူ့အလုပ်သမား သူထိန်းပြီး အဆင့်ဆင့် ညွှန်ကြားသလို သူတို့ ထုတ်လုပ်မှုကို လုပ်ကြရတယ် … ။
ဆူပါဗိုက်ဇာတွေထဲက တစ်ချို့ စုမိဆောင်းမိလေးတွေလည်း ပါပါတယ် … ။ ရေးပြခဲ့တဲ့အတိုင်း ဆူပါဗိုက်ဇာက လုပ်သက်နဲ့ လုပ်ငန်းကျွမ်းကျင်မှုပေါ် မူတည်ပြီး ဖြစ်လာတာကြောင့် …. သူ့အုပ်စုကလူတွေ အထာကို နောကြေနေတဲ့ လူမျိုးပေါ့ … ။ နည်းနည်း လည်လည်ဝယ်ဝယ်ရှိတဲ့ ဆူပါဗိုက်ဇာက …. အုပ်စုတွင်းမှာ ပိုက်ဆံ အတိုးချစားပါတယ် … ။ ကျွန်မသိရသလောက်တော့ … ၂၀%ပါတဲ့ … ။ အပြင်မှာထက်များပေမယ့် … အကြွေးဟေ့လို့ ဆိုတာနဲ့ ဆင်ကောင်လုံးလိုက်ပါ အကြွေးယူချင်သူတွေရှိတာကြောင့် အကြွေးချတာ … လက်မလည်ပါဘူး … ။ ပိုက်ဆံ ပြန်လိုချင်လျှင် တစ်လ အလို အကြောင်းကြားရပါတယ်တဲ့ … ။ ပိုက်ဆံ အတိုးကိုတော့ လခထုတ်ပြီး နောက်တစ်ရက်မှာ ဆပ်ရပါတယ် … ။ ကျွန်မတို့စက်ရုံတွေက တခြား ရုံးဌာနတွေလို လကုန် 30ရက် ၊ 31 ရက်တွေမှာ လစာထုတ်ရက်မဟုတ်ပါဘူး … လတိုင်း လတိုင်း … ငါးရက်မြောက်နေ့မှာမှ လစာရပါတယ် … ။ ရက်ပေါင် သဘောမျိုးလို့လည်း ထင်ပါတယ် … အလုပ်ထွက်မယ့်လူရဲ့ လစာကိုတော့ … ဆယ်ရက်နေ့မှ ချပေးပါတယ် … ။ အနီးနားက စက်ရုံတွေလည်း ဒီအတိုင်းပါပဲ … ။ သူများအလုပ်တွေ ပိုက်ဆံရလို့ ပျော်နေချိန် … ကိုယ်တွေကတော့ ပြူးတူးကြောင်တောင်ဘိုင်တွန်ချိန်ပေါ့လေ … ။
ကိုယ့်မှာ ပိုက်ဆံရှိလို့ … တိုးပွားချင်တယ်ဆိုလျှင်တောင် ဆူပါဗိုက်ဇာတစ်ယောက်နဲ့ ချိတ်ပြီး အတိုးချ စားလို့ရပါတယ် … ။ ရတဲ့ အတိုးကတော့ .. ၁၀% သာဖြစ်ပြီး … ဆူပါဗိုက်ဇာက handling charge လိုမျိုး ၁၀% ယူပါတယ် … တစ်ခုခု လိမ်လို့ ထွက်ပြေးသွားတယ် အလုပ်မလာတော့ဘူးဆိုလျှင်တော့ … ဆူပါဗိုက်ဇာ အိမ်လိုက်တောင်းပေးတာမျိုး ၊ သူစိုက်လျှော်ပေးတာမျိုးတွေ လုပ်တတ်ပါတယ် … ။ ပြန်ဆပ်ရမယ့်အချိန် လစာထဲက ဖဲ့ဆပ်လို့ ရတာကြောင့် ….. အိမ်ကို ပိုက်ဆံပို့ချင်တဲ့ အခါမျိုး တလုံးတခဲတည်းရမယ့် ငွေကိုပဲ ချေးကြတယ် …. ။ နယ်ဖက်ကလာတဲ့ အလုပ်သမားများတာကြောင့် ဝင်ငွေနဲ့ ထွက်ငွေ စိသုံးတဲ့လူများပါတယ် …. ။
စက်ရုံထဲမှာ ကန်တင်းမရှိ ဈေးမရောင်းရ ဆိုပေမယ့် … ခိုးကြောင်ခိုးဝှက်ရောင်းတဲ့ မုန့်ဆိုင်လည်းရှိပါသေးတယ် … ဆိုင်သဘောမျိုးမဟုတ်ပေမယ့် …. လည်လည်ဝယ်ဝယ် အလုပ်သမတွေက တစ်နေ့ အိမ်က တစ်ထုတ် နှစ်ထုတ်သယ်လာရင်း … အိုတီအချိန်မှာ အရောင်းဝယ်လုပ်တဲ့ ပစ္စည်းမျိုးပါ … ကော်ဖီမစ် ၊ နို့မှုန့် ၊ ဘီစကစ် ၊ခေါက်ဆွဲခြောက် ၊ မုန့်ပဲသရေစာ ၊ အချဉ်ထုတ် ၊သနပ်ခါးဘူး စတာတွေအပြင် လ္ဘက်ထုတ်လိုမျိုးတွေတောင် ပါပါသေးတယ် … ။ တစ်ခါတစ်လေ အချင်းချင်း လပေး အကြွေးရောင်းတဲ့ ….. အလှပြင် ပစ္စည်း ၊ အဝတ်အထည် ၊ဖိနပ် မှ စပြီး … ကျောက်ထည် ၊ လက်စွပ် ၊ လော့ကတ်သီးအထိတောင် အရောင်းဝယ်ဈေးကွက်ဖြစ်နေပါသေးတယ် …. ။ ကျွန်မလည်း သူတို့နဲ့ အရောတဝင် အနေထားမျိုးမရှိလျှင် သိနိုင်မှာ မဟုတ်ပါဘူး … ။ ကျွန်မတို့ အလုပ်က စုပေါင်းအားနဲ့ လုပ်မှ အောင်မြင်မယ့် အလုပ်မျိုးဖြစ်တာကြောင့် … အမြဲတစေ …. သူတို့ ကြား သွားလာနေရပါတယ် …. ။ ဆူပါဗိုက်ဇာပဲဖြစ်ဖြစ် သာမန် အလုပ်သမားပဲ ဖြစ်ဖြစ် ကျွန်မကတော့ တန်းတူ ညီတူ ဆက်ဆံပါတယ် … ဒါမှလည်း …သူတို့ ကြားထဲက ယုံကြည်မှုရလာနိုင်မှာလေ … ။
သိချင်စိတ်နဲ့ …. သူတို့လေးတွေ အဆောင်စရိတ်ကို တစွန်းတစ စပ်စုမိပါသေးတယ် … တစ်အိမ်လုံး (ဆယ်ပေ x ဆယ့်နှစ်ပေ) လောက်ကို တစ်လ နှစ်သောင်းခွဲပေးရပါတယ်တဲ့ … နေတဲ့ရက်ကွက်ပေါ်မူတည်ပြီး လေးသောင်းလောက်ထိ ဈေးပေါက်ပါတယ် … ။ရေကတော့… တိုကင်ရေ …ကိုယ့်ဘာသာကိုယ် သုံးချင်သလောက် လှုပ်ယူရပါတယ်တဲ့… ။ ဆယ်ပေ ၊ ဆယ့်နှစ်ပေ တစ်ခန်းငှားပြီး ငါးယောက်လောက် စုနေတဲ့ အခါ နေစရိတ်သက်သာပါတယ်တဲ့ …. ။ ချက်စားတဲ့အခါမှာလည်း … မနက်ပိုင်းစာသာချက်ရပြီး … အိုတီဆင်းလို့ ထမင်းကျွေးတဲအခါ စက်ရုံကကျွေးတာသာ စားပါတယ်တဲ့ … ။ အဝတ်စားလည်း ရုံးကပေးတဲ့ ယူနီဖောင်းဝတ်ရပြီး တပတ်နှစ်ရက်ပိတ်တဲ့ အချိန်မှာမှ အပြင်ဝတ်စုံဝတ်ရတာကြောင့် … အဝတ်စားသိပ်ဝယ်စရာမလိုပါဘူးတဲ့လေ … ။ တစ်ခါတစ်လေ အပြင်သွားလည်လျှင်လည်း အထူးကားမစီးပဲ အနီး ငါးဆယ် .. အဝေးတစ်ရာသာပေးရတဲ့ ဒိုင်နာကားတွေ တက်စီးကြပါတယ်တဲ့ …။
မနက်ပိုင်း ထမင်းမချက်ချင်လည်း … ထမင်းဆိုင်မှာ ထမင်း တစ်ထုပ် ၁၀ဝဖိုး (ဆန်ကြမ်း) နဲ့ … ဟင်း နှစ်ရာဖိုးလောက်ဆို သူတို့ မနက်စာလုံလောက်ပါပြီတဲ့ … ။ တအံ့တဩ ဟင်းနှစ်ရာဖိုးဆိုတော့ အရွက်ကြော်လားလို ့ မေးမိတဲ့ ကိုယ့်ကိုယ်တိုင်တောင် ငိုချင်သွားမိပါတယ် … ဟင်း နှစ်ရာဖိုးဆိုတာ … အသားစားလို့ရပါသတဲ့လေ … ။ ကြက်သား၊ ဝက်သား၊ အမဲသား၊ ဆိတ်သား စတာတွေကို တစ်လက်မခွဲလောက် အတုံးတတုံးဆီတုန်းပြီး ဆီပြန်ချက်ပါတယ် …တတုံးကို တစ်ရာနှုန်းနဲ့ ရောင်းတယ်လို့လည်း သိရပါတယ်… ။ ငါးပိရည်နဲ့ တို့စရာပါလျှင် ငါးဆယ်ဖိုးဆိုလျှင် လုံလောက်ပြီး … ဝက်ကလီဆာလိုဟင်းမျိုးဆို တစ်ပွဲကို နှစ်ရာတန်လောက်ဆို တစ်ယောက်စာ အလုံလောက်စားလို့ရပါတယ်တဲ့ … ။ ကဲ…သူတို့ရဲ့ အသုံးစရိတ်မသက်သာပေဘူးလား … ။ တတ်နိုင်သမျှ လျှော့ချလိုက်တဲ့ အသုံးစရိတ်နဲ့ တစ်လတစ်လ လစာအပြင် အိုတီ၊ ဖယ်ရီမစီးခ ၊ပေါင်မုန့်မစားခ ၊ target ပြည့်လို့ ဆုကြေး ၊ ရက်မှန်ကြေးတွေပေါင်းလိုက်လျှင် စုမိဆောင်းမိကြပါတယ် … ။
အခါကြီးရက်ကြီးလိုနေ့တွေ ဧရာဝတီတိုင်း ၊ ပဲခူးတိုင်းဘက်က အနေနီးတဲ့ နယ်က မိဘတွေ ရန်ကုန်လာတဲ့အခါ ဧည့်ခံ ပြုစုနိုင်သလို … ပြန်တဲ့အခါ ပိုက်ဆံ ကန်တော့လိုက်နိုင်ပါသေးတယ် … အညာလိုနေရာမျိုးက လာတဲ့ လူတွေကတော့ တစ်နှစ်တစ်ခါ သင်္ကြန် ပိတ်ရက်ရှည်မှာ အထုတ်နဲ့ ထည်နဲ့ အိမ်ပြန်ကန်တော့ကြပါတယ် …. ။ သူတို့ကို ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ်တောင် ရှက်လာတယ် …။ ကျွန်မတို့က ရတဲ့ ပိုက်ဆံကို ဘယ်လို ထိန်းသိမ်းရမလဲ မစဉ်းစားပဲ ရသမျှ ကုန်အောင် သုံးနေခဲ့တာ ကိုယ့်စရိတ်နဲ့ကိုယ်… အိမ်ကိုမပေးနိုင်တဲ့ အပြင် အိမ်ကတောင် တင်ကျွေးထားရတဲ့ အဖြစ်ပါ … တစ်လနေလို့ စုမိဖို့ မပြောနဲ့ .. တစ်နှစ်နေလို့တောင် လက်ထဲ တသိန်း မကျန်ပါဘူး … ။ သူတို့လေးတွေနဲ့ ကိုုယ့်ကိုယ်ကိုယ်ယှဉ်ကြည့်လျှင်တောင် ရှက်ဖို့ကောင်းနေပါသေးတယ် … ။ သူတို့လေးတွေ ကုတ်ခြစ်စုပြီး လက်ထဲ ပိုက်ဆံရတဲ့အခါ အိမ်ဝိုင်းဝယ်တာမျိုး ခြံဝယ် တာမျိုး လုပ်ပေးတတ်ကြပါတယ် … ။ တစ်ချို့ကလည်း ရွှေတိုရွှေစ (ဆယ့်လေးပဲရည်)က အစ … အခေါက်ရွှေ မီးလင်းရွှေ အကယ်ဒမီရွှေအထိ စုနိုင်ကြတယ် …. ။ ကျွန်မကတော့ ရွှေမပြောနဲ့ … ကြေးပြားတောင် မစုနိုင်ခဲ့ဘူး … ။ ရတဲ့ လစာကွာပေမယ့် စုဆောင်းပုံ ကွာတာကြောင့် အကျိုးမြတ်ဖြစ်ထွန်းခြင်း မတူညီပါဘူး … ။
(ဆက်ပါဦးမည်)
22 comments
Moe Z
October 28, 2011 at 2:58 pm
စုံလိုက်တာ မမအိတုံရယ် 🙂
သူတို့ဘဝနဲ့သူတို့တော့ပျော်နေကြမှာပဲနော်
စက်ရုံထဲမှာလည်း ရွာလေးတစ်ရွာပေါ့
nozomi
October 28, 2011 at 3:02 pm
ဒေါ်အီတုံရဲ့ ဆူပါဗိုက်ဇာက တဆင့် ပွားထားတာလေးတွေ အခြေအနေရော ကောင်းတယ် မဟုတ်လား
အခုလို စုနိုင်တာ ချီးကျူးရမှာဖြစ်ပေမဲ့ ၊ ပွင့်ပွင့်လင်းလင်း ပြောကြည့်ရရင် လူပီသစွာ နေခွင့်မရသေးဘူးလို့ မြင်တာပဲ ( ပြောတာလွန်သွားရင်လဲ အားမလိုအားမရစိတ်ကြောင့်လို့ သာ တွေးပေးပါ) လှိုင်သာယာဘက်ကို ကိစ္စရှိလို့ လာရင်းနဲ့ သူတို့ စက်ရုံဆင်းလာတာ ကြုံဘူးတယ် ကောင်မလေးတွေက ပိန်ပိန် သေးသေး ညှပ်ညှပ်လေးတွေ ဖြစ်နေကြတယ် အဓိက ကတော့ အဟာရပြည့်ပြည့် ဝဝ မှ မစားရတာကို ၊ နေတော့ ၁ဝပေ လောက်ကို ၅ ယောက် ဆိုတော့ ဘယ်လိုလုပ် စိတ်လွတ်လပ်မှု အပြည့်ရမလဲ
ဒေါ်အီးတုံ ဒီပို့စ်နဲ့ အတူ အခု စီးပွားရေး အခွင့်အလမ်းတွေ ပြောင်းလာတဲ့ အနေအထားနဲ့ စက်ရုံတွေရဲ့ အခြေအနေ သူတို့လေးတွေရဲ့ ဘဝ ကို ခန့်မှန်းသုံးသပ်ပေးပါဦး
သူတို့အတွက် အားမလို အားမရ စိတ်ကြောင့်သာ ပြောရတာ ၊ ငွေအလွယ်ရတဲ့ မဟုတ်တာ မလုပ်ပဲ ရိုးရိုးသားသား လုပ်ကိုင်စားသောက်ကြတဲ့ သူတို့ စိတ်ဓါတ်လေးတွေကိုတော့ ချီးကျူးပါတယ်
လှိုင်သာယာ ဘက်ကြုံရင် ဒေါ်အီးတုံး စက်ရုံကို ဝင်လာလည်လို့ ရလား ?
pan pan
October 28, 2011 at 3:25 pm
“ကောင်မလေးတွေက ပိန်ပိန် သေးသေး ညှပ်ညှပ်လေးတွေ ဖြစ်နေကြတယ် အဓိက ကတော့ အဟာရပြည့်ပြည့် ဝဝ မှ မစားရတာကို”
ကျွန်မလည်း လူကောင်သေးသေးလေး
ဟွင့် ဟွင့် 😥
nozomi
October 28, 2011 at 3:48 pm
ပန်ပန်ကတော့ မော်ဒယ်ပိန်လေး ဖြစ်မှာပါ ၊ ဟုတ်တယ်ဟုတ်
pan pan
October 28, 2011 at 4:02 pm
ပိန်ရုံတင်မကပါဘူး
အပိန်လွန်ပြီးတော့တောင် လူကောင်သေးနေပါတယ်
အစားတော့ ပုတ်တယ်
etone
October 28, 2011 at 3:52 pm
အရင်ကတော့ ကိုယ်တွေကတော့ သူတို့ဘဝကို သနားစရာလို့ ထင်ကြတာပေါ့လေ … အခုတော့ အားကျစရာလို့ ထင်မိတော့တယ် … ကိုယ်အဖြောင်ယူရေ … သူတို့လေးတွေ ညှက်စိလေးတွေ ဖြစ်နေတာကတော့ … အသက်ရွယ်ပိုင်းခြားကြောင့်ပါ … တချို့တွေဆို အခုမှ ဆယ့်သုံးနှစ် ၊ ဆယ့်လေးနှစ်လေးတွေလေ … ။ ဖြတ်သန်းရတဲ့ ဘဝပိုင်းခြားနဲ့ … အတွေ့ကြုံကပေးတဲ့ သင်္ခန်းစာကြောင့် ပိုက်ဆံစုရမယ် ၊ ပိုက်ဆံဘယ်ကရမလဲဆိုတာမျိုးပဲ တွေးနေတဲ့အခါ …. ကာယ ဖွံ ့ဖြိုးမှူကို သိပ်မလုပ်နိုင်ကြဘူး … ။
(ကြုံလို့ပြောဦးမယ် .. ဟဲဟဲ … စက်ရုံထဲမှာ အပိန်ချည်းမဟုတ်ဘူး ဆိုဒ်စုံရှိပါတယ်) ။
စက်ရုံဘက်ရောက်လို့ လာလည်မယ်ဆိုလည်း welcome ပါနော် … ။
pan pan
October 28, 2011 at 3:22 pm
မetone ကြုံတုန်းကပ်ကြွားလိုက်ဦးမယ်
ညီမတို့က ဒီကနေ့လခထုတ်ပြီ 😀
ဟက်ပီးဖရိုက်ဒေးပေ့ါ၊ နက်ဖန်၊ သန်ဘက်ခါလည်း ပိတ်ရက်ဆိုတော့ 😛
———————————————————————–
တို့အစ်မ တစ်ယောက်တည်းမရှက်နဲ့
ညီမလည်းတူတူပဲ
အစ်မရှက်ရင် ညီမလည်းရှက်ရတော့မယ်
ကြေးပြားတောင်မစုမိရုံတင်မက တခါတခါအဖေ့ဆီကပါ လက်ဖြန့်နေရတယ် 🙁
နွယ်ပင်
October 28, 2011 at 3:24 pm
etone အခုလိုပြောပြမှပဲ စက်ရုံကလုပ်ငန်းခွင်အကြောင်းရော
သူတို့ ဘဝလေးတွေကိုပါ သိခွင့်ရသွားတော့တယ်
ဒါနဲ့ သူတို့က ဟင်း နှစ်ရာဖိုးလောက်ကို ကြက်သား၊ ဝက်သား၊
အမဲသား၊ ဆိတ်သားတွေစားလို့ရတယ်ဆိုတော့ ဒီအသားတွေကရော
လက်ဆတ်ရဲ့လား ပေါပေါပဲပဲ ဝယ်စားလို့ရအောင် မကောင်းတဲ့ မလက်ဆတ်
တဲ့ဟာမျိုးဆိုရင်တေ့ာ ကျန်းမာရေးအတွက်မကောင်းဘူးပဲ
ချိုးချံပြီးစားသောက်ပါတယ်ဆိုမှ ဆေးဖိုးကပိုကုန်တယ်ဖြစ်နေဦးမယ်
အပိုင်း (3)ကိုမျှော်နေပါတယ် ……….
etone
October 28, 2011 at 4:03 pm
အသားတွေက လတ်ဆတ်ပါတယ် နွယ်ပင်ရေ … တတုံး တစ်ရာဆိုတာ တကယ်ရောင်းလျှင် ရောင်းနိုင်တဲ့ အနေထားမျိုးပါ … ကိုယ်တိုင်တောင် ဘလော့တွေထဲက ဘုန်းကြီးတရားတွေမြင်ပြီး အသားကြီး တတ်နိုင်သလောက်လျှော့ထားလို့ … မဟုတ်လျှင် ဘယ်လို အရသာမျိုးလဲ သွားစမ်းကြည့်ဦးမလို့ … ။ သူတို့ နဲ့ ကျန်းမာရေးအကြောင်းကို နောက်တပိုင်းမှာ တင်ပါဦးမယ် … ။
hmee
October 28, 2011 at 4:05 pm
တနေ့တနေ့ တကုပ်ကုပ် ချုပ်နေရလို့ အညောင်းမိမှာပဲ။ ပိန်တယ်ဆိုတာကလည်း အညောင်းမိလို့ ပိန်တာပဲ ဖြစ်ရမယ်။ ဘာပဲ ဖြစ်ဖြစ် ဘဝကို သမာအာဇီဝကျစွာ အသက်မွေးတာတော့ ချီးကျုးစရာပဲ။
AKKO
October 28, 2011 at 4:44 pm
အလုပ်သမားဝန်ကြီး ဌာနက သက်မှတ်ပေးထားတယ်လေ ။ စက်ရုံတွေမှာ လူအင်အား အယောက် ငါးရာရှိလျှင် ဆေးခန်းနဲ့ နပ်စ် တစ်ယောက်ထားပေးရမယ် ။ လူအင်အား တစ်ထောင်နဲ့ အထက်ဆိုလျှင်ဆရာဝန်တစ်ယောက် (အချိန်ပိုင်း) ထားပေးရမယ်ဆိုတာတွေ ။ အဲ့ဒီစက်ရုံကရော ဘယ်လို ကျန်းမာရေးဝန်ဆောင်မှူပေးနေသလဲ ပြောပြပါဦး ။ 🙂
ကြောင်ကြီး
October 29, 2011 at 9:11 am
ကမာ္ဘ့ဒုတိယ စီးပွားရေး အင်အားအကြီးဆုံး တရုတ်နိုင်ငံကနေ ဘာမီတွန်နဲ့ ပါရာစီတီမောလ် ပုလင်းလိုက် ထားပေးပါတယ်ဗျ။
နေမကောင်း ချောင်းဆိုး
ဘာမီတွန်မရိုး
ခေါင်းကိုက် နာဖျား
ပါရာစား၊
အသက်လုမြော
နှစ်မျိုးရော၊
ဆရာဝန်အစား
လစာမဲ့နား၊
စစ်ဆေးရေးဝင်
အကိုကြီးရှင်၊
ဂေဇက်မှာကြွား
ဟိုတယ်အလား၊
ကြောင်ကြီးဖော်ထုတ်
ငါးကြော်စုတ်၊
အီးဒုံးအသံတိတ်
ပါးစပ်ပိတ်
ကိုယ့်အသား
ကိုယ်ပြန်ဆိတ်..။ 😥
etone
October 29, 2011 at 9:32 am
ဟီးဟီး … တို့စက်ရုံမှာတော့ ဆရာဝန် တပတ် နှစ်ရက်ရှိတယ် … တရက်ကို နှစ်နာရီပဲ … ။အချိန်ပိုင်းပေါ့….. ဆေးခန်းမပြနိုင်တဲ့ လူတွေတော့ ဆရာဝန်လာတဲ့ အချိန်စောင့်ပြီးမှ ကုခံရတယ် … ။ ဆရာဝန်ဆီလာရင် … နပ်စ်က လူမှတ်ထားတယ် … နောက်အဲ့လူ သူ့ဆီသွားရင် ပညာပြတော့တာပဲ … (ခွာရာတိုင်းချင်တဲ့စိတ် 😛 )
အချိန်ပြည့်ရှိနေတဲ့ နပ်စ်မိန်းမက … ဘာသင်တန်းမှမဆင်းထားပဲ … သူ့အမေနပ်စ်လုပ်နေရာက အသက်ကြီးလို့ ရုံးမလာနိုင်တဲ့အခါ … ဘာလက်မှတ်မှ မရတဲ့ သူ့သမီးက အမေအစား ဟိုဆေးပေး ၊ဒီဆေးပေးလေး လုပ်နေတာ … ဟီးဟီး … ဘာလာလာ ပါရာပဲ … ။
Shwe Tike Soe
October 28, 2011 at 4:57 pm
အင်းသူတို.လေးတွေ ကစုတတ်တော့ ရွှေငွေဖြစ်တာပေါ့.. အောက်သက်ကျေတော့ ဘဝ သိတော့ ကောင်းပါတယ်.. ကျွန်တော်တို.လို. အလယ်ကလူတွေက အောက်မရောက်အပေါ်မရောက်နဲ. လယ်ခံ နေတာ.. ဟဟဟ.
အလုပ်သမားဘဝ တွေကို အတွင်းကျကျလေ့လာနေတဲ့ မအိတုံကို အားပေးပါတယ်ဗျာ.. ဆက်ချ ဆက်ချ
နောက် ပိုင်းအားမရရင် ထဲထဲဝင်ဝင်လေ့လာခဲ့နော်.. ဟိဟိ
“ဘီလူးကြီး”ogre
October 28, 2011 at 6:22 pm
ဒေါ်တုန်လဲ အတိုးလေးဘာလေးမချဘူးလားဗျ
စက်ရုံအလုပ်ရုံတွေမှာ အဲဒီလိုစီးပွားရေလဒ်မြင်သူတွေက
ဘာမဟုတ်တဲ့ helper လိုနေရာမျိုးမှာပဲ ရရ ဝင်လုပ်ပြီး
အတိုးချစားနေကြတာပဲ စက်ရုံတွင်းမှာ ငွေတိုးချတဲ့လူတွေများတဲ့အတွက်
ဟိုယောက်ဆီက ယူဒီတစ်ယောက်ဆီကယူနဲ့
နောက်ဆုံးမဆပ်နိုင်လို့ အလုပ်ကထွက်ပြေးသူတွေလဲကြုံဘူးတယ်
ကျုပ်ကတော့ ငွေတိုးချေးတဲ့လူတွေကိုစည်းကမ်းလုပ်ထားတယ်
ပိုက်ဆံချေးနိုင်တယ် ပိုက်ဆံကိစ္စနဲ့ အလုပ်သမားအလုပ်ထွက်တယ်ကြားရင်
ချေးတဲ့လူပါ အလုပ်ထုတ်မယ်ဆိုပြီးပေါ့
အဲဒီကျတော့..အလုပ်ထွက်သွားတောင် အတင်းပြန်လိုက်ခေါ်ပေးကြတယ်လေ
မပိုင်လားဗျာ…။။။ 😛
etone
October 29, 2011 at 8:50 am
ကိုဘီလူးရေ ….. ကျွန်မနဲ့ အလုပ်တူလုပ်နေတဲ့လူတွေထဲကတော့ တချို့တလေ အတိုးချစားတာကြားဖူးပေမယ် ့ကိုယ်တိုင်ကတော့ မလုပ်ပါဘူး ….. ။ ကိုယ့်ပိုက်ဆံ ကိုယ်သုံးတာတောင်မလောက်တာ သူများကိုချေးဖို့လည်း မရှိပါဘူး … နောက်ပြီး …. ပိုက်ဆံချေးရတာ ၊ တောင်းရတာတွေက … အသွားကောင်းသလောက် အပြန်ခက်တယ် .. ကိုယ့်ပိုက်ဆံနဲ့ကိုယ် စိတ်ညစ်နေရမှာလည်း အာရုံနောက်လို့ အတိုး ဘယ်လောက်ရရ ….အဲ့ဒီအလုပ်ကြီး စိတ်မဝင်စားဘူးလေ … ။ 🙂
windtalker
October 28, 2011 at 7:53 pm
စုံစိနေအောင် သိရသဗျ ။
အရင်ကဆို စဉ်းလည်း မစဉ်းစားမိဘူး ။ ကိုယ်နဲ ့က အဝေးကြီးကို
ကိုလူး ပြောသလိုဘဲ ။ အိုင်ဒီယာ တန်းရတာတော့
စူပါဗိုက်ဆာ နဲ ့ချိတ်ရမလို တောင် ဖြစ်နေပြီ
အပြင်မှာ ၅ ကျပ်တိုး နဲ ့ချေးပေးတာတောင် ပြန်မဆပ်ချင်ကြသူတွေ တစ်ပုံကြီးမလား
pooch
October 28, 2011 at 8:48 pm
တုန်တုန်ပြောမှပဲ အသေးစိတ်သိရတယ် … ကိုယ့်ဘဝနဲ့ ကိုယ်..ကိုယ့်အထွာနဲ့ကိုယ်ပေါ့လေ….
ဒီထက်မက ပိုပြီး တိုးတက်လာရင် သူတို့လည်း ဒီထက်မက ပိုပြီး အဆင်ပြေလာမှာပါ……
ကိုယ်တိုင်ကတော့ လက်ဖြန့်နေတုန်းပါပဲ……ရှက်ရုံမက လဲသေလိုက်ဖို့ပါ ကောင်းနေပါပြီ… 🙁
ba gyi
October 29, 2011 at 9:33 am
အီတုံး လေးက အလုပ်သ္မားရေးရာတွေတော်တော်စိတ်ဝင်စားတယ်နော်၊တကယ်လို့များ တို့နိုင်ငံမှာ
အလုပ်သ္မား သမဂ္ဂ တွေဘာတွေပေါ်လာရင်(အမှန်အကန်သမဂ္ဂကိုပြောတာ) ။တို့အီတုံးလေးအတွက်တော့
ba gyi က တစ်မဲပေးပါသဗျား၊ ဆက်လုပ်ဆက်လုပ်။
etone
October 29, 2011 at 10:07 am
ဘကြီးရေ … အမှန်တကယ်ပြောရလျှင် အလုပ်သမားမှ မဟုတ်ပါဘူး … လူတိုင်းကို စိတ်ဝင်စားပါတယ် … စိတ်ဝင်စားတယ်ဆိုတာ လူကြားကောင်းအောင်ပြောတာ …အရာရာကို စပ်စုတယ်ဆိုလျှင် ပိုမှန်ပါလိမ့်မယ် … ။ ဂေဇက်မှာ စာဝင်ရေးနေတဲ့နောက်ပိုင်း မြင်မြင်သမျှ ဘယ်လို ဖွရမလဲ တွေးနေခဲ့တာချည်းပဲလေ ဟီးဟီး
windtalker
October 29, 2011 at 11:10 am
စကားမစပ် သားလေး ရှင်ပြုပွဲ ကို ဖိတ်ရမယ်နော
🙂
etone
October 29, 2011 at 11:23 am
အဟေး အဟေး … ဆယ်နှစ် … ဆယ်နှစ် စောင့်ပေဦးတော ့… 😛 😛
အခုတော့ သားဆိုလို့ …… မျက်လုံပြူးပြူး နှုတ်ခမ်းမွှေးကားကား နားရွက်တထောင်ထောင် နဲ့ …. အထူပါးနားမလည် တချိန်လုံး ပွတ်သီးပွတ်သပ်လာလာလုပ်တတ်တဲ့ … မည်းမည်းလေးပဲ ရှိတယ် … ။ 👿