Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အလင်းဆက် ရေးတဲ့ အချစ် ဝတ္ထုတို……

alinsettOctober 28, 20111min54416

( ၁ )
တစ်ခါတုန်းက ကျွန်တော့်မှာ ချစ်သူတစ်ယောက် ရှိခဲ့ဖုူးပါသည်။

________________________
(၂ )
သူမ၏ အမည်မှာ စာသုုံ့းလုံးရှိပြီး..အင်္ဂ ါ နံ ဖြင့် စပါသည်။ သူမသည် ကျွန်တော့်ကို မရှိမဖြစ် လိုအပ်သည်…ဟု ဆိုပါသည်။

(သို ့သော် ကျွန်တော်က အဲဒီ တုန်းက မယုံကြည်ခဲ့ပါ။)

သူမ နှင့် ပက်သက်လျှင် ကျွန်တော်..မေ့မရ နိုင်သော အရာများ..များ..စွာ ရှိပါသည်။

သူမ၏ နဖူးကလေးကို မြတ်နိုးစွာဖြင့်.. ကျွန်တော် နမ်းရှိုက်လိုက်တိုင်း.. မျက်လွှာကလေးချ..ငြိမ်သက်စွာ…

ပြိးတော့ သိမ်မွေ့ ့ လှပစွာ…ပြုံးနေပုံလေး…

ကျွန်တော့် အနမ်း ပြိးဆုံးချိန်တိုင်း…ကျွန်တော့်ကို ချုပ်ကိုင် သိမ်းပိုက် နိုင်စွမ်းသော မျက်စောင်း လှလှ ကလေး….။

ကျွန်တော် ့ကို သူမက ဘယ်အရာမှ စ ချစ်သလဲ..တော့ မေး မကြည့်မ်ိပါ။ သူမ ကိုတော့ ကျွန်တော်…မျက်တောင်ကလေးများ

မှ ..စ ချစ်မိတာဖြစ်သည်။

__________________________________________________

( ၃ )
ကျွန်တော်က ယောကျာ်း တစ်ယောက် ဖြစ်ပြိး ဂစ်တာ မတီးတတ် ၊ ဂစ်တာ မှာ ကြိုးပေါင်း ဘယ်လောက် ပါသလဲ..ပင် မသိပါ။ သူမကတော့ အံ့ဩစရာကောင်းလောက်အောင် ဂစ်တာတီး..ကျွမ်းကျင်ပါသည်။

သီချင်းများစွာ….ကိုလည်း..သူမ ရနေသည်။ ကျွန်တော် အလွတ်ရသော သီချင်းမှာ တစ်ပုဒ်သာ..ရှိပ်ါသည်။

WESTLIFE အဖွဲ ့၏ MY LOVE ……။။

ကျွန်တော်က ထိုသီချင်းကို ဆိုသော အ ခါ သူမက ဂစ်တာတီးလေ့ရှိပါသည်။

______________________________________________

( ၁ )
သူမ က ဂျူး၏ စာအုပ်များကို ကြိုက်ပြီး..ကျွန်တော်က တာရာမင်းဝေ..နျင့် ဂျိမ်းဂျွိုက်စ် တို ့၏ စာအုပ်များကိုသာ..ကြိုက်ပါသည်။

စာအုပ်များမှ..ရသော..အတွေးအခေါ်..အယူအဆ များ ကတော့ သူမ နှင့် ကျွန်တော်..သဘောထားကွဲလွဲလေ့ရှိပါသည်။

ဘာပဲ.ပြောပြော သူမကို ကျွန်တော်…..တကယ် မြတ်နိုးစွာ..တန်ဖိုးထားပြိး ချစ်ခဲ့တာကတော့ သေချာပါသည်။

_______________________________________________________________

( ၂ )
သူမ နှင့် ကျွန်တော် ငြိမ်းချမ်း..လှပစွာ..ချစ်ခဲ့ကြခြင်း ဖြစ်သည်။

အချစ်သည် သစ်သီး တစ်လုံး ဖြစ်မည် ဆိုလျှင်…အလွန် ချိုမြန် သော အရသာ ရှိရှိ…သစ်သီးသာ ဖြစ်ပါလိမ့်မည်။

အချစ်၏ အရသာကို ကျွန်တော်..ချစ်ပါသည်။

ကျွန်တော်သည် BUDDHIST တစ်ယောက် ဖြစ်ပါသည်။ ဂေါတမ မြတ်စွာ ဘုရား ဟောကြားတော်မူ ခဲ့သော..

သစ္စာ တရားများကို အကြွင်းမရှိ လက်ခံ ယုံကြည် ပါသည်။

သို ့သော်…သူမ နှင့် ကျွန်တော် ၏ သံယောဇဉ် ဇာတ်လမ်းကိုတော့

ခိုင်မြဲ..သောချာ သည် ..ဟု ထင်ခဲ့မိသည်…။

ထို အထင် သည်..ကျကျနန မှားးးးးးယွင်းနေသော… အထင် ပဲ..ဖြစ်သည်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

( ၃ )
သူမ ၏ အသိုင်းအဝိုင်းသည် စီးပွါးရေး သမား များ များပြားသည်။

ကျွန်တော်ကတော့ အနုပညာသမား..သာဖြစ်သည်။

သူမ နှင် ့ကျွန်တော်. မထင်မှတ်ပဲ..လွဲ ခဲ့ရပါသည်။

ဘာကြောင့် လွဲ….ကြသလဲ…?

အဖြေက ရှိပါသည်။

________________________________________________

( ? ? ? )
မင်းရဲ့ အချစ် အကြောင်း…ပြောပြပါလား…. ဟု မိတ်ဆွေများက မေးတိုင်း..

ကျွန်တော် မဲ့ပြုံးကလေးဖြင့် ရှောင်ဖယ်.. နေရပါတော့သည်။

ယခု ကျွန်တော်….သီချင်းသစ် တစ်ပုဒ် ကို အလွတ်ရ သွားပါပြီ။

စိုင်းထီးဆိုင်၏ နှလုံးလမ်းကြောင်းမှာ ကျွန်း ခံနေတယ်…… ဆိုသော သီချင်းကလေး ဖြစ်၏။ ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

( ၁ )
တစ်ခါတုန်းက

ကျွန်တော့်မှာ…..

ချစ်သူတစ်ယောက် ရှိခဲ့ဖူးသည်။

*****************************************

လေးစားစွာဖြင့်…

အလင်းဆက်

12 . 10 . 2011 . 21 း30 pm

alinsett.art@gmail.com

16 comments

  • alinsett

    October 28, 2011 at 3:02 pm

    ဇာတ်ကောင် သရုပ်ဖော်မှု…အားနည်းခြင်း..၊
    နာမည်..အချိန်ကာလ..နေရာတို ့ကို ဝေဝါး ထားခြင်း..၊
    အခန်းစဉ် ခွဲပုံကို 1 2 3 . 1 2 3 . 1 ..ဟု သမားရိုးကျ ပုံစံ ထဲမှ ခွဲထွက်ထားခြင်း..၊
    ဝတ္ထု အစ နှင့် အဆုံး စကားလုံးများကို တူညီအောင် ဖန်တီးထားခြင်းမှာ..
    မြွေတစ်ကောင် သူ ့အမြှီးကို သူ ပြန်မြို ထားသလို ဖန်တီးရသော ပို ့စ်မော်ဒန် အယူအဆ တစ်ခု ဖြစ်နေခြင်း….
    တို ့ကြောင့်…….
    ဒီ ဝတ္ထုတိုကလေးကို မော်ဒန်..လို ့ သတ်မှတ်မလား..။
    သေချာတာကတော့ ဒီ ဝတ္ထု တိုကလေးဟာ….သရုပ်မှန်..(သမားရိုးကျ) ဝတ္ထုတွေနဲ့ လမ်းခွဲ ဖောက်ထွက်
    ထားတဲ ့ ဝတ္ထု ဖြစ်ပါတယ် ။
    အနုပညာ မြောက်…..မမြောက်..ဆိုတာကိုတော့ ဖတ်သူ များက ဆုံးဖြတ် ပေးပါဦး…လို ့ ။
    လေးစားစွာ…..

  • မိုးပွင့်ဖြူ

    October 28, 2011 at 3:10 pm

    လူအကြိုက်အမျိုး2ဆိုတော ကြိုက်တဲလူပါမယ် မကြိုက်တဲသူပါမယ်ပေါ့
    မိုးပွင်ကတောရှင်း2ပဲကြိုက်တယ် နားလည်လွယ်တဲဟာ ဖတ်ပြီးနားလည်သွားရင်ပြီးရော
    အားပေးသွားပါတယ် အသဲကွဲနေတာပေါ့
    နောက်တစ်ယောက်အမြန်ရပါစေ….
    စိတ်တူကိုယ်တူ ချစ်နိုင်တဲသူနဲပေါင်းဖက်နိုင်စေဗျာ…..

  • Moe Z

    October 28, 2011 at 3:28 pm

    ဂစ်တာကြိုးက အားလုံးပေါင်း ၆ကြိုးရှိတယ်လေ 😛
    အနုပညာမြောက်မမြောက်တော့ မဝေဖန်တတ်ဘူး
    စာလုံးရေနည်းနည်းနဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်အောင်ရေးနိုင်တာချီးကျူးပါတယ်
    မိုးစက်ဆိုရင် ရေးလက်စတန်းလန်းတွေအများကြီး
    တစ်ပုဒ်လုံးပြီးသွားလည်း ခေါင်းစဉ်မပေးတတ်တာတွေရော 🙂

  • နွယ်ပင်

    October 28, 2011 at 3:32 pm

    တစ်ခါတုန်းက ကျွန်တော့်မှာ …..
    ချစ်သူတစ်ယောက် ရှိခဲ့ဖူးသည် ဆိုတော့ ……………..
    အခုလက်ရှိမှာတော့ ……….
    ဘယ်လိုပဲပြောပြော ဝတ္ထုတိုကလေးကို အားပေးသွားပါတယ်

  • ပေါက်ဖော်

    October 28, 2011 at 6:59 pm

    မင်းသားနဲ ့မင်းသမီး မညားဘူးဆိုတော့
    အဆင့်မြင့် ဝတ္ထုပင်ဖြစ်ပါသည်
    😆

    ကျနော့မှာ ညှင်းတွေရှိပါသည်..
    ထို ့ကြောင့်..ကျနော့်မှာ ချစ်သူတစ်ယောက်မက မရှိပါ..
    ထို ့ကြောင့် ကျနော် မုဆိုးဖို ဖြစ်နေပါသည်..
    ပြီးပါဘီ
    😀

  • windtalker

    October 28, 2011 at 7:49 pm

    ကျွန်တော့် မှာ အေမရှိပါ ။ ဘီ မရှိပါ ။ စီမရှိပါ
    ထို ့ကြောင့် အလင်းစက် ၏ ဝတ္ထုကို ဖတ်မိပါသည် ။
    ကျွန်တော့် မိန်းမ သည် တော်တော်ဂျစ်သည် ။
    ထို ့ကြောင့် အလင်းစက် ၏ ဝတ္ထုကို ကွန်မင့်လိုက်ပါသည် ။

  • alinsett

    October 28, 2011 at 8:56 pm

    ဟုတ်ကဲ ့ ။ အားပေးကြတာကို ကျေးဇူးတင်လို့ မဆုံးပါဘူးဗျာ..။
    မင်းသားနဲ ့မင်းသမီး မညားရင် အဆင့်မြင့် ဝတ္ထု ဖြစ်သတဲ့လား….။
    ကိုယ် ကတော့ ရေးတတ်သလိုလေး…ချရေးပါတယ်။
    အချိန်ပေးပြီး ဖတ်ရှု ဝေဖန်ပေးကြတာကို ကျေးဇူးမမေ့ပါဘူးဗျာ..။

    အားလုံးကို ခင်မင်လေးစားလျက်ပါ။

  • mandalarthu

    October 28, 2011 at 9:55 pm

    အလင်းဆက်ေ၇
    တိုတိုလေးနဲ ့ထိမိပြီး စ-လယ်-ဆုံး သုံးပါးလုံး ပြည် ့စုံကောင်းမွန်တဲ ့ဝတ္ထု ုတိုလေး ပါဘဲ။
    တိုပြီး ထိမိတဲ့ ့ဝတ္ထု ုတို ရေးနိုင်ဖို ့က ပို ပညာပါတယ်လေ။
    ပထမဆုံးတောင် ဒီလောက်ကောင်းနေတာ……နောက်ဆို…..
    ဆက်သာရေးပါ။ အားပေးနေမယ်။

  • kai

    October 29, 2011 at 3:05 am

    ( ၁ )
    တခါတရံဆီက.. ကျမမှာ…… ချစ်သူတစ်ယောက် ရှိခဲ့ဖူးပါတယ်…။

    (၂ )
    သူ့ နာမည်က ဆန်းတယ်..။ တနင်္ဂနွေနံနဲ့စတယ်လေ..။
    .. မပြောတော့ဘူး…။
    ကျမက.. သူ့ကို “မရှိမဖြစ်အလင်း” လို့ ခေါ်ခေါ်မိခဲ့တာ..။
    (သူကတော့ ယုံပုံမရပါဘူးလေ..။)

    တို့၂ယောက်မှာ မေ့မရတဲ့ အဖြစ်ကလေးတွေ အများကြီးပဲ..

    သူက နဖူးလာလာနမ်းတတ်တယ်..။ နွေးအိတဲ့သူ့ နှုတ်ခမ်းလေး.. နဖူးလာထိရင်.. ရင်တွေသိမ့်လို့.. ခေါင်းလေးငုံ့ပြုံးနေရတာပေါ့..။

    ပြီးမှ.. မျက်စောင်းလှလေး.. ထိုးမိတယ်..။
    သူ မမေးပေမဲ့.. ပြောချင်တာလေ..။ “သိပ်သိပ်ချစ်ရတဲ့ နှုတ်ခမ်းလေးရယ်”… လို့..

    ( ၃ )
    ကျမ ဂစ်တာကိုချစ်တယ်..။ သူက ဂစ်တာတီးတဲ့ ကျမကိုချစ်တယ်။

    သူရတဲ့ သီချင်းက တပုဒ်ထဲရယ်..။ WESTLIFE ရဲ့ MY LOVE ……တဲ့..။
    အဲဒီသီချင်းနဲ့ သူ့နှုတ်ခမ်းလေးက ကခုန်ရင်.. တို့တွေပျော်ကြတယ်နော်..။ ပျော်ခဲ့ကြတာပေါ့..။
    .. မပြောတော့ဘူး…။
    ————–
    ( ၁ )
    ကျမကြိုက်တဲ့ ဂျူးရဲ့ စာအုပ်တွေ သူမကြိုက်ဖူး..။
    ဇတ်လမ်းထဲ.. မိန်းမတွေက ယောက်ျားတွေအပေါ်လွှမ်းမိုးလွန်းတယ်တဲ့..။

    သူက.. တာရာမင်းဝေနဲ့ ဂျိမ်းဂျွိုက်စ် စာအုပ်တွေကြိုက်တယ်တဲ့..။
    သူကတကယ်တော့ တာရာမင်းဝေ ဝတ္ထုထဲက.. မင်းသားလေးလိုပါပဲလေ..။

    စာအုပ်တွေဖတ်ပြီး.. တို့တတွေ ငြင်းခုန်တတ်ကြတာပေါ့။

    ဘာပဲဖြစ်ဖြစ်.. သူ ကျမကို…..တကယ် မြတ်နိုး တန်ဖိုးထားပြိး ချစ်တာသေချာတယ်လို့ ထင်မိတယ်..။
    .. မပြောတော့ဘူး…။

    ( ၂ )
    သူနဲ့ကျမ ငြိမ်းချမ်း..လှပစွာ..ချစ်ခဲ့ကြတာပါ..။

    အချစ်ဟာ ဘုရားသခင်ပြောခဲ့တဲ့ ပန်းသီးတလုံးပဲ..။
    ပန်းသီးရဲ့ ချိုမြိန်တဲ့အရသာကို သူတကယ်မသိဘူး ထင်မိပါရဲ့..

    ကျမ ကက်တလစ် တယောက်ပါနော်..။ ထာဝရဘုရားသခင်ကို အကြွင်းမရှိ လက်ခံ ယုံကြည်သူပါ။
    ဘာသာမတူပေမဲ့ သူနဲ့ကျမတို့ရဲ့ သံယောဇဉ် ဇာတ်လမ်းက အာဒမ်၊ဧဝလိုပဲ ခိုင်မြဲတယ် ထင်မိခဲ့တယ်..။

    အဲဒါ..ကျကျနန မှားးးးးးယွင်းနေတဲ့ အထင်လို့ တနေ့သိလိုက်ရတဲ့…အခါ..။
    .. မပြောတော့ဘူး…။

    xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

    ( ၃ )
    သူ့အသိုင်းအဝိုင်းက ဘာသာရေးအယူသည်းလွန်းတယ်..။ တွေ့သမျှသူအကုန်အပေါ် ကိုယ်က နှိမ့်ချဆက်ဆံနေတာပဲ..။

    သူက ပြောတော့ မာန်မာနမထားတတ်တဲ့.. အနုပညာသမား..တဲ့လေ..။
    ကျမက သူ့ကို မာန်တွေ မာနတွေနဲ့ ကောင်းကင်ပေါ်က ယောက်ျားဖြစ်စေချင်ခဲ့တယ်..။

    ဒီလိုနဲ့ .. သူနဲ့ဘုန်းကြီးကျောင်းလိုက်သွားတဲ့တနေ့ …သူက ကျမဘုရားကျောင်းဆီပြန်လိုက်လာတဲ့တနေ့.. ကျမတို့ရဲ့ “မရှိမဖြစ်အလင်း” ကွယ်ခဲ့ရတယ်..။

    ဘာကြောင့် လွဲ….ကြသလဲ…ဟင်..။?

    အဖြေ ရှိမှာပါနော်..။
    .. မပြောတော့ဘူး…။
    ————
    ( ? ? ? )
    နင့်ရဲ့အလင်းကလေး ဘယ်ဆီမှာလည်း လို့.. ဘုရားကျောင်းတက်ရင်..မေးခံရတိုင်း….
    သိုးဖြူလေးကျမ.. သီချင်းလေးတပုဒ် ဂီတာတီးရင်း.. ဆိုပြတတ်ပါတယ်.။

    အဲဒီသီချင်းက ကမ္ဘာကျော်သီချင်းလေးပါရှင်..

    ဂျွန်လင်နွန်ရဲ့.. Imagine ဆိုတဲ့ သီချင်းလေးပေါ့..။
    အခု..ကျမ.. မျက်ရည်တွေကျရင်း.. ဆိုပြဦးမယ်လေ..။
    ဘီတဲလ်ရဲ့ ခေါင်းဆောင်.. ဂျွန်လင်နွန်က.. “Nothing to kill or die for
    And no religion too” တဲ့လေ…။ .. ဆိုပြမယ်နော်…

    Imagine there’s no Heaven
    It’s easy if you try
    No hell below us
    Above us only sky
    Imagine all the people
    Living for today

    Imagine there’s no countries
    It isn’t hard to do
    Nothing to kill or die for
    And no religion too
    Imagine all the people
    Living life in peace

    You may say that I’m a dreamer
    But I’m not the only one
    I hope someday you’ll join us
    And the world will be as one

    Imagine no possessions
    I wonder if you can
    No need for greed or hunger
    A brotherhood of man
    Imagine all the people
    Sharing all the world

    You may say that I’m a dreamer
    But I’m not the only one
    I hope someday you’ll join us
    And the world will live as one

    xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

    ( ၁ )
    တခါတရံဆီက

    ကျမမှာ….

    ချစ်သူတစ်ယောက် ရှိခဲ့ဖူးပါတယ်…။

    *****************************************

    ________________________________________________

    • mandalarthu

      October 29, 2011 at 12:07 pm

      သူကြီး Kai သို ့
      သူကြီး ကလည်း …..အတော် ရေးတတ် တာဘဲနော်..မိန်းကလေးဘက် က ခံစားရေးထားတာလေး …….ဖတ်လို ့အရမ်းကောင်းတယ်….
      မပြောတော ့ပါဘူး……ဆို ပြီး ပြောသွားလိုက်တာများ…..အဆုံးထိ …..
      စာဖတ်သူကို ……ဆွဲခေါ်သွားနိူင်တာဘဲ……
      ဂျွန်လင်နွန်ရဲ့.. Imagine ဆိုတဲ့ သီချင်းလေးကို လည်းကြိ ုက်တယ်။
      ဇာတ်လမ်းအဆုံးကို အစ နဲ ့ သိမ်းသွားတာလေး က သိပ်လှတာဘဲ။
      သူကြီး ့ဝတ္ထု ုတို ရေးတတ်တာ ….သိသွားပြီ…………
      ပြီးတော ့…………
      ……………………….
      မပြောတော ့ပါဘူး..

  • နီလေး

    October 29, 2011 at 9:12 am

    သူကြီးက အဲလိုတော့ လဲ ပြန်နောက်တတ်တာပဲ အနုပညာမြောက်မမြောက်တော့ သိဘူးဖတ်ရတာ ကောင်းပါတယ် အလင်းဆက်ခံစားရသလို တစ်ဖက်ချစ်သူမိန်းကလေးလဲ သူကြီးရေးသလိုပဲ ခံစားမိမယ်ထင်တယ် ———–ပြောတော့ပါဘူး———

  • etone

    October 29, 2011 at 9:51 am

    အလင်းစက်ပျောက်နေတဲ့ ချစ်သူ ဂေဇက်ထဲမှာတွေ့တယ်ဆိုပဲ ..အခုတော့ အင်္ဂါနံနဲ့စတာဆိုတော့ … ဘယ်သူများပါလိမ့် … စ ၊ ဆ ၊ ဇ ၊ ဈ ၊ ည …. နဲ့စတဲ့ နာမည်ပိုင်ရှင် ရွာသူတွေ .. .ဘယ်သူတွေများပါလိမ့် .. ဟီးဟီး … ။

    • ကြောင်ကြီး

      October 29, 2011 at 11:19 am

      အင်္ဂါနံနဲ့လို့ အစဖော်သူက အီးတုံးဆိုတော့ အလင်းဆက်ရဲ့ ချစ်သူကို မှန်းကြည့်မယ်။ ပညာရှိတွေးကြည့်တာ ပြေးကြည့်တာထက် မှန်သတဲ့..ကိုင်းလာလေရော့… စိုးမြတ်နန္ဒာပါ..။ 🙂

  • nikita

    October 31, 2011 at 9:07 am

    ” အချစ်သည် သစ်သီး တစ်လုံး ဖြစ်မည် ဆိုလျှင်…အလွန် ချိုမြန် သော အရသာ ရှိရှိ…သစ်သီးသာ ဖြစ်ပါလိမ့်မည်။ ”
    >> သိပ်ကောင်းတဲ့ ဖွင့်ဆိုချက်လေးပဲ 😀

  • ရင်နင့်

    November 1, 2011 at 2:49 am

    သူကြီးရေးတာထက်စာရင် အလင်းစက်ရေးတာပိုကြိုက်တယ်

  • we R one

    November 1, 2011 at 2:54 pm

    အလင်းစက်ရေ.. အားပေးသွားတယ်ရှင့်..။ ဆက်ရေးပါနော်..။ နောင်လည်းအားပေးနေမယ်..။ အလင်ဆက်ရေးတာရော သူကြီးရေးတာရော ကြိုက်တယ်..
    ” ကျွန်တော် အလွတ်ရသော သီချင်းမှာ တစ်ပုဒ်သာ..ရှိပ်ါသည်။
    ဦးသုခ ၏ ဘဝသံသရာ ……။။” .. 😛 😀

Leave a Reply