Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သက်ရှည်မျိုးနှင့် တွေ့ဆုံခြင်း

panpanOctober 28, 20111min3347

လွန်ခဲ့သော နှစ်ပတ်ခန့်က ရုံးပိတ်ရက်မနက်ခင်းတွင့် ကျွန်မအဒေါ်နှင့် ကျွန်မတို့ ဈေးသို့ချီတက်ခဲ့သည်တမုံ့။
ဈေးက တာမွေအဝိုင်းထိပ်တွင်ရှိသော ရာပြည့်ဈေးဖြစ်သည်။ အဒေါ့်အိမ်နှင့် နီးသောလည်း ကျွန်မတို့အိမ်မှ ၁၅မိနစ်ခန့်
လမ်းလျှောက်ရလေသည် (ကျွန်မတို့က မင်းလမ်းဈေးနှင့် ပိုနီးသည်)။ ရာပြည့်ဈေးသို့ သွားရခြင်းမှာ ထိုဈေးတွင် ဈေးသည်စုံသောကြောင့် ဖြစ်သည်။
ဈေးရုံထဲထိပင် သွားစရာမလို။ အပြင်က ပျံကျဈေးသည်တွေ အလွန်ပေါသည်။ ဟင်းချက်စရာမှအစ အိမ်သုံးပစ္စည်းအချို့လည်း အပြင်ဖက်တန်းတွင်ပင် ဝယ်လို့ရသည်။
ပြီးတော့ ဈေးသည်ပေါတော့ ပစ္စည်းလည်းပေါသည်။ သို့ကလို ထိုဈေးတွင် လိုအပ်သမျှဝယ်ခြမ်းပြီးသည့်သကာလ
အပြန်တွင် ဈေးတန်းအစွန်၌ ပက်လက်ကုလားထိုင်တစ်လုံးကို ရောင်းနေတာ တွေ့လေသည်။
ပက်လက်ကုလားထိုင်တစ်လုံးသာမက ဘေးနားတွင်လည်း ကုလားထိုင်အခင်း သုံးလေးငါးခု ပါသေးသည်။
ကျွန်မဖွားအေဖြစ်သူ(အဒေါ်နှင့်အတူနေသူ)က ကုလားထိုင်တစ်လုံး လိုချင်နေသည်ဆို၍(အိမ်တွင်ရှိသော ကုလားထိုင်က အတော်အိုနေပြီဖြစ်သည်)
ထိုပက်လက်ကုလားထိုင်အား ဝယ်ပေးရန်စဉ်းစားမိသည်။ ဈေးရောင်းသူမှာ အဖိုးကြီးတစ်ဦးဖြစ်သည်။
သူ့ဘေးနားတွင် အပ်၊ ချိတ်၊ သွားကြားထိုးတံ၊ ဘီး စသည့် စုံစီနဖာများအား စကောထဲထည့်ရောင်းနေသော အဖွားကြီးတစ်ယောက်ရှိသည်။
ဒီလိုနဲ့ “ဒီကုလားထိုင် ဘယ်လောက်လဲ”ဟု ဈေးမေးလိုက်သည်။ ထိုအဖိုးကြီးမှ “၁၂၀၀၀၊ ဈေးဆစ်ရင် မရောင်းဘူး၊ သေချာလုပ်ထားတယ်၊ ကြည့်ပါ
ပေါလစ်တော့သုတ်မထားဘူး၊ ဆေးသုတ်ရင်ကြာရင် ကွက်သွားတတ်တယ်၊ ခုဟာ ပျဉ်းကတိုးသားနဲ့ လုပ်ထားတာ”၊
ဒါနဲ့ ဈေးကလည်းသက်သာနေသည်ဆိုတော့ ကျွန်မနဲ့အဒေါ်လည်း ဝယ်မယ်ဆိုပြီး ဝယ်ဖြစ်ပါသည်။ ဒါပေမယ့် ကုလားထိုင်ကအလေးကြီး၊
ကျွန်မနဲ့အဒေါ်နဲ့ မ,မနိုင်ပါ။ အဖိုးကြီးက သူလိုက်ပို့ပေးမည်ပြောသည်။ အိမ်နဲ့ကလည်း သိပ်တော့မဝေးလှဘူးဆိုတော့။
ဒီလိုနဲ့ ကုလားထိုင်ရောင်းသူအဖိုးကြီးက ကုလားထိုင်ကြီးထမ်းပြီး လိုက်ပို့သည်ပေ့ါ။ အိမ်ခေါ်လိုက်ရတဲ့အကြောင်းကလည်း ပိုက်ပိုက်လည်း
ပါမလာတာကလည်းတစ်ကြောင်းမို့ အိမ်ရောက်မှ ကုလားထိုင်ဖိုးရှင်းရမယ်ဆိုတော့။ အဒေါ်တို့အိမ်ကို ချီတက်ခဲ့သည်။
အိမ်ရောက်ခဲ့သည်ဆိုပါတော့၊ ကုလားထိုင်အဟောင်းကိုဖယ်၊ ကုလားထိုင်အသစ်ခင်း၊ ကျွန်မလည်း ရေတစ်ခွက်ခပ်လာပြီး
အဖိုးကြီးကိုတိုက်သည်။ သူ့မှာလဲ ချွေးတွေရွှဲလို့၊ “မောလိုက်တာ”လို့ ငြီးရှာသည်။ ဆေးလိပ်လေးသောက်ပါဦးဆိုတော့ မသောက်တော့ဘူး၊ ဖြတ်ထားတယ်လို့ ပြောသည်။
နောက်ပြီး ခဏနားရင်းစကားစမြည်ပြောကြတော့ သူ့အကြောင်း စပ်စုဖြစ်သည်။
လမ်းမှာတုန်းကလည်း လမ်းလျှောက်ရင်း စပ်စုမေးမြန်းခဲ့သမျှ စုပေါင်းရေးလိုက်ရပါသည်။
“အဖိုးက ဘယ်ကလာရောင်းတာလဲ”
“ဟင်္သာတကလေ၊ ဟင်္သာတဆိုပေမယ့် ရွာဖက်ကပါ၊ ဟင်္သာတဟိုဖက် ၉မိုင်လောက်ဆက်သွားရသေးတယ်”
“ရွာနာမည်ကရော အဘ”
“နိဗ္ဗာန်ကျောင်းကွင်းရွာတဲ့၊ ခုရန်ကုန်လာတာက ဒီကုလားထိုင်တွေကို ဆိုင်တွေမှာသွင်းဖို့လေ၊ တာမွေက ကြီးအောင်ချမ်းသာတို့မှာပေ့ါ”
“ခုကုလားထိုင် ဘယ်နှစ်လုံးပါလဲ”
“၁၀ဝကျော်တယ်”
“ဘယ်ထားခဲ့တာတုန်း”
“မြောက်ဥက္ကလာမှာ သမီးတစ်ယောက်ရှိတယ်လေ၊ သူ့ဆီပဲထားရတာပေါ့၊ ရွာမှာက ငွေရဖို့အင်မတန်ခက်တာ၊
တနေ့၅၀ဝရဖို့ မလွယ်ဘူး၊ အရမ်းပင်ပင်ပန်းပန်းရှာရတာ၊ ဒါ့ကြောင့်လည်း ရန်ကုန်တက်ပြီး ခုံလာရောင်းတာပေ့ါ၊
ခုလည်း ကုလားထိုင်လုပ်ဖို့ကတော့ သစ်ကအလကားရတယ်၊ ပေါတယ်၊ လက်ခပဲဈေးယူထားတာ၊
လက်ခဖိုးပဲရှိပါတယ်”
“တို့အမျိုးတွေများ တစ်ရွာတည်လို့ရတာပေ့ါ၊ အများကြီးပဲ၊ တူတွေတူမတွေရော”
“ဟုတ်လားအဘ၊ ပြောပါဦး”
“အမျိုးတွေအကုန် အသက်ရှည်ကြတယ်လေ၊ ငယ်ငယ်ရွယ်ရွယ်မသေကြဘူး၊ ရွာမှာတော့ ဘကြီးတို့အမျိုးကို
သက်ရှည်မျိုးလို့ ခေါ်ကြတယ်၊ ဘကြီးအဖေဆိုလည်း ၁၀ဝကျော်ထိနေရတာ၊ အမေလည်း တလောကမှဆုံးတာ၊ ဆုံးတော့၁၀၆နှစ်ရှိပြီ၊
အိပ်ရာထဲလဲနေတာမျိုးမဟုတ်ဘူးနော်၊ သူ့ဟာသူ သွားလာနိုင်တုန်း၊ အဲဒါဆုံးတဲ့နေ့တုန်းကလည်း နေ့လည်စာထမင်းစားပြီး
ရေသောက်ပြီးတော့ လဲကျသွားတာပဲ၊ ဘာမှလည်း ဝေဒနာသိပ်မခံလိုက်ရဘူး”
“ဘကြီးကရော အသက်ဘယ်လောက်ရှိပြီလဲ”
“၇၆နှစ်”
“ဪ….” (ကျွန်မလည်းအံ့ဩပါသည်၊ သူ့အသက်အရွယ်နှင့် ပင်ပန်းခံနိုင်လှသည်၊ လူပုံလည်း သန်မာသည်)
နောက်တော့ ကျွန်မအဖွားနဲ့စကားပြော၊ အသက်ဘယ်လောက်ရှိလဲမေးသည်။
“အမေကြီး အသက်ဘယ်လောက်ရှိပြီလဲ”
“၈၄နှစ်”
“တန်ဖိုးရှိလိုက်တာ၊ တန်ဖိုးရှိလိုက်တာ” လက်အုပ်လေးချီပြီး ပြောရှာသည်။
ခဏနေတော့ သူလည်းပြန်ပြီ၊ ဈေးဆက်ရောင်းစရာရှိသေးသည်မဟုတ်ပါလား။
ကျွန်မကတော့ သူ့ကို ဘာလို့တမျိုးလုံးက အသက်ရှည်ကြတာလဲလို့ မမေးလိုက်ရ၍ မချင့်မရဲ ကျန်ရစ်ခဲ့ရလေတော့သတည်း။

7 comments

  • ပေါက်ဖော်

    October 28, 2011 at 4:07 pm

    သက်ရှည်ဆင်းလှ..ချမ်းသာရ.ဗလဉာဏ်ပညာတဲ့.. မကြားဖူးဘူးလား
    ကျနော်လဲ မသိဘူးလို ့ပြောမို ့ပါ 😆

    အသက်ကြီးပြီဆိုပြီး နွဲ ့နေလို ့သိပ်မကောင်းဘူးထင်တယ်..
    လှုပ်လှုပ်ရှားရှားလေးလဲ နေပေးမှ ပိုကျန်းမာတာထင်တယ်
    ထင်တယ်..ထင်တယ်..ကိုယ်တိုင် အသက်မရှည်ဖူးတော့ သိပ်ဖောလို ့က မကောင်းဘူး
    ဟီး.. ဟီး..

    ရွာထဲက ဘွားသက်ရှည်.ဘိုးသက်ရှည်များ ခင်ည
    ခုံရောင်းတဲ့ အဘိုးကြီးတို ့အမျိုးတွေ အဘယ်ကြောင့် အသက်ရှည်ကြသည်ဟု ထင်ပါသလဲခင်ဗျ
    🙄

  • ဆူး

    October 28, 2011 at 4:37 pm

    သီလ ကောင်းလို့ ဆိုပြီး တနည်းအားဖြင့် ပြောလို့ ရသလို..
    အသက်ကြီးတဲ့ လူတော်တော်များများ အစားအစာ ရွေးကြပါတယ်။
    အချိန်မှန်စားတယ် စားနေကျ အမျိုးအစားကိုသာ စားတယ် စသဖြင့်ပေါ့…
    စားနေကျ မဟုတ်တာ မစားကြဘူး။
    လူကြီးတွေက ပြောတယ် အခုခေတ် လူငယ်တွေ အသက်တိုတာလည်း မပြောနဲ့ ကြုံတာ စားပြီး တွေ့ကရာ လျှောက်စားတော့ ငယ်ငယ် ရွယ်ရွယ်နဲ့ ရောဂါတွေ ဖြစ်ပြီး သေကုန်ကြတာတဲ့ ပြောကြတာပဲ..
    ဆူး အဖိုးတောင် အသက် ၉ဝ ကျော် အထိ ထင်းခွဲနေလို့ အိမ်က လူတွေ စောင့်ကြည့်ပြီး အတင်းဆွဲနေရတယ်။ မရဘူး ငါက ထင်းလေး ခွဲမှ ချွေးထွက်တယ်တဲ့.. သန်သန်မာမာ နဲ့ ယနေ့အထိ ကျန်းကျန်းမာမာ ရှိသေးတယ်။ မကြာခင် သူရဲ့ ၉၂ နှစ်မွေးနေ့ကို သွားပြီး ကိတ်မုန့် သွားခွဲပေးပြီး သူပျော်အောင် လုပ်ပေးဖို့ စီစဉ်ထားတယ်။ အသက်ကြီးတော့ နားတော့ ထိုင်းသွားပြီ တခြားတော့ ဘာ ပြသနာမှ ထွေထွေထူးထူး မရှိသေးဘူး။

  • pan pan

    October 28, 2011 at 5:12 pm

    ခုနောက်ပိုင်းတော့ အသက်ငယ်ငယ်လေးနဲ့ သေတဲ့လူတွေများနေသလားလို့
    ကံကြောင့်ရော၊ ဉာဏ်ကြောင့်ရောပေ့ါ
    ဟိုတနေ့ကတင် ရပ်ကွက်ထဲကကောင်မလေးတစ်ယောက်
    ကင်ဆာနဲ့ဆုံးသွားရှာတယ်
    အသက်ကမှ ၁၈နှစ်ရယ်၊ ဒုတိယနှစ်ကျောင်းသူလေး
    ကနေ့မှ ရက်လည်လားမသိ

  • ပေါက်ဖော်

    October 28, 2011 at 5:18 pm

    အမှည့်တဝင်းဝင်း အကင်း တဖြုတ်ဖြုတ်ပါကလား..
    ဪ..
    အနိစ္စ.ဒုက္ခ.အနဂ္ဂ

    😯

  • မှော်ဆရာ

    October 28, 2011 at 6:16 pm

    ဒီသတင်း ကြားတော့ ကြားမိတဲ့ ဟာသလေး သတိရတယ် …..။
    အရက်၊ဆေးလိပ် မသောက်ရင် အသက်ရှည်တယ်ဆိုတာကို သက်သေပြဖို့ ဆေးလိပ် အရက် ဆန့်ကျင်ရေးအသင်းက အသက်ရှည်တဲ့လူ လိုက်ရှာတာ ..
    ရွာတစ်ရွာမှာ အဖိုးတစ်ယောက်တွေ့တယ် ။ အသက်မေးတော့ ၉၆ တဲ့ ၊ ကျမ်းမာရေး ကတော့ ဒေါင်ဒေါင်မြည် အခုတောင် ထင်းခွဲနေတုန်း ။
    ဒါနဲ့ အသင်းကလူတွေကလဲ ဓါတ်ပုံဝိုင်းရိုက် ၊ သိချင်တာရှိမေး နဲ့
    ဘာလို့ အသက်ရှည်ပါသလဲဆိုတော့ အရက်မသောက် ဆေးလိပ်မသောက်တတ်လို့ပါတဲ့ ..
    အသင်းကလူတွေ သဘောကို ခွေ့သွားတာပေါ့ ၊ သရုပ်ပြစရာ မော်ဒယ် ကောင်းကောင်းတွေ့ပြီလေ ..။
    ပျော်လို့မှ မဆုံးသေးဘူး အိမ်ပေါ်က ဖုန်း ၊ ဒိုင်း နဲ့ အသံတွေ ထွက်လာတော့ အသင်းကလူတွေ ကြောက်ကြတာပေါ့ …
    ဖိုးသက်ရှည်ကတော့ ပြောရှာပါတယ် …။
    ““““ မကြောက်ကြပါနဲ့ကွာ … အဲဒါ ငါ့ အဖေပါ … ငါဆေးလိပ်ဝယ်မပေးလို့ သောင်းကျန်းနေတာလေ ..
    သူက ဒီလိုပဲ အရက်မူးရင် နဲနဲ သွေးဆိုးတတ်တယ်ကွ “““ တဲ့

  • “ဘီလူးကြီး”ogre

    October 28, 2011 at 7:54 pm

    ဟုတ်တယ်ဗျ
    ကျုပ် တို့အဘိုးအဖွားများလဲ ဒီတိုင်းပဲ
    အသက်ရှည်ကျတယ် ဗျ အဲဒီခေတ်လူကြီးတွေများ
    ၉ဝ /၉၅ လောက်မှ ဆုံးသွားကြတာပဲ တောရွာမှာနေသူတွေဆိုတော့
    ရေမြေရာသီဥတု ပတ်ဝန်းကျင်နေထိုင်မှုပုံစံ ကောင်းတော့ အသက်ရှည်ကြတယ်ထင်ပါပဲ
    ပန်ပန် ရေ သူတို့ကသဘာဝကိုမှီပြီးနေထိုင်စားသောက်ကြတာကိုးဗျ..။။။

  • windtalker

    October 28, 2011 at 8:22 pm

    ရှေးဘဝ ကုသိုလ်ကံကောင်းခဲ့လို ့ဖြစ်မည် ဟု ထင်ပါသည် ။
    ရဟန်းသံဃာများကို ဆေးလှူလျှင် အသက်ရှည်၊ကျန်းမာ၊အနာမဲ့ စေသော ကုသိုလ်ကို ခံစားရသည် ဟု သိထားပါသည် ။

Leave a Reply