မင်္ဂလာလေးရယ်တဲ့ဆောင်သောအခါ (II)
ဘိသိက်ဆရာ သုံးယောက်ထံ ရောက်အပြီး ၊ အလိုမပြည့်ခြင်းများစွာဖြင့် ဒေါ်ထွေး နှင့် ချိုမမ တို ့ပြန်လာခဲ့ရသည် ။
ဘိသိက်ဆရာလေးတွေ က ငယ်ငယ်လေး ၊ ဆိုင်းဆရာ လုပ်ရင်း ဘိသိက်ပါ တွဲကြသည် တဲ့ ။
ဘိသိက်မြှောက်ပေးဖို ့ဘယ်လောက်ကျမလဲ လို ့မေးကြည့်တော့ နှုန်းထားများက ခေါင်ခိုက်နေသည် ။ အဲဒီလောက်ကြီးကြတော့လည်း ဒေါ်ထွေး မသုံးချင် ။
ဘိသိက်ကိစ္စကို လက်လျှော့ရန် ချိုမမ က တတွတ်တွတ်ပြောနေသော်လည်း ၊ နားမဝင်ဘဲ သူ တို ့ဇာတိ ရွာမှ ဦးသိန်းမြင့် ကို သွားသတိရမိသည် ။
ဦးသိန်းမြင့် ဆိုသည်မှာ ဒေါ်ထွေးတို ့ရွာရှိ ကွက်စိပ်ဟောဆရာ ၊ ဘိသိက်လည်း မြှောက်တတ်သည် ။ သူငယ်တုန်းက ဇါတ်တစ်ကာ လိုက်ပြီး ပညာသင်ခဲ့ဖူးသည် ။
ရွာသို ့လူကြုံပါးရင်း သူ ့ကို ခေါ်ရမည် ဟု စဉ်းစားမိသည် ။ မင်္ဂလာပွဲရက်ကလည်း နီးနေချေပြီ ။
ချစ်ကို နှင့် ချိုမ တို ့မင်္ဂလာမောင်နှံ ဖိတ်စာ လိုက်ဝေကြသည် ။ ရပ်နီးရပ်ဝေး ဆွေမျိုးမကျန်စေရအောင် ဖိတ်ရသည် ။
သို ့မှသာ…စိတ်ပျော်ရမည် မဟုတ်ပါလား ။
ဦးမျိုး နှင့် ဒေါ်မြင့် မိတ်ကပ်ပြင်သည့် ကိစ္စနှင့် ပတ်သက်ပြီး စကားများရသည် ။
မျက်နှာပေါ်တွင် တစ်သက်လုံး ဘာမှ မလူး၊မလိမ်းဖူးခဲ့သော ဦးမျိုးခဗျာ မိတ်ကပ်ဆရာ မာမီပု နှင့် တွေ ့ရမည်ကို လန် ့နေသည် ။
လန် ့ရသည့်အကြောင်းကလည်းရှိသည် ။ အဲဒီ မာမီပု က နိုင်ငံခြားပြန် တဲ့ ။ ဟိုမှာ ရှယ်သင်ခဲ့တာ ဆိုကလားဘဲ ။ ဒီပြန်ရောက်တာ မကြာသေး ။
ဘာမှ မလုပ်တတ်မကိုင်တတ် မို ့၊ ဟိုက သင်ခဲ့တတ်ခဲ့သော မိတ်ကပ်ပညာဖြင့် လှချင်သူများ ကို ကူညီပေးနေသည် ဆိုကလား ။
အရပ်ထဲမှာ ထွက်သည့် သတင်းကြတော့ မာမီပု က ဟိုမှာ လူသေအလောင်းတွေ ကို မိတ်ကပ်ပြင်ပေးခဲ့တာတဲ့ ။
ဆိုတော့…ဦးမျိုး တစ်ယောက် မာမီပု လက်ကို တွန် ့နေမိသည် ။ ဒေါ်မြင့် သဘောကတော့ ရှင်းသည် ။
လူသေကို ပြင်ပြင် ၊ လူရှင်ကို ပြင်ပြင် လှဖို ့ အရေးကြီးသည် ။ အဓိက က မိတ်ကပ်လိမ်းခ ဈေးသက်သာဖို ့ပင် ။ ချိုမ တို ့သားအမိကိုပါ သူက ဒကာခံ ရမှာကိုး ။
နောက်ဆုံး..ဦးမျိုးနှင့် ဘော်ဒါတစ်စု တို ့အတွက် ဘက်ချလာနိုက် တစ်ဝိုင်းစာ ထုတ်ပေးပါမည် ဆိုမှ ဦးမျိုး ကျေနပ်လက်ခံသွားသည် ။
မင်္ဂလာခန်းမ ကို ဈေးနားရှိ ခန်းမကို ငှားလိုက်သည် ။ ချစ်ကို ရော ၊ ချိုမ ပါ ဈေးနှင့် စီးပွားရှာနေသူများဖြစ်၍ ဈေးမိတ်များ လာရလွယ်အောင် ။
ဒါမှလည်း…သိတယ်မို ့လား ။
ချစ်ကို က မင်္ဂလာဆောင် ကို ဝက်သားဟင်း နှင့် ထမင်းတို ့ဖြင့် ဧည့်ခံချင်သော်လည်း ၊ ဒေါ်မြင့်က ဝက်သားတစ်ပိဿာ ၆၀၀ဝ ကျပ် ဈေးကို ထောက်ပြလာသဖြင့် ရေခဲမုန် ့၊ ကိတ်မုန် ့ကိုသာ ရွေးခြယ်လိုက်ရသည် ။
မင်္ဂလာဆောင် ရန် နှစ်ရက်အလို တွင် ရွာမှ ဦးသိန်းမြင့် ရောက်လာသည် ။ ဘိသိက်ကိစ္စ လက်လျှော့ပြီ ထင်ထားသော ချစ်ကို တို ့စုံတွဲ စိတ်ပိန်သွားကြလေသည် ။
ဒေါ်မြင့်ကတော့ သူ ့ရည်ရွယ်ချက် ဆန္ဒများ ပြည့်တော့မည်မို ့ပြုံးတရွှင်ရွှင် ။
ချစ်ကို ၊ ဦးသိန်းမြင့် ကို လဘက်ရည်ဆိုင် သို ့ခေါ်ထုတ်လာခဲ့သည် ။
“ အဘ ၊ ရွာမှာတုန်းက ဘိသိက်မြှောက်ရင် ဘယ်လောက်ကြာတုန်း ”
“ ဒါကတော့ အဘ ဈာန်ဝင်ရင် ဝင်သလို ၊ အာဝဇ္ဇန်းရွှင် ရင် ရွှင်သလို တစ်နာရီလောက်တော့ အောက်ထစ်ကြာတာပေါ့ ၊ ဘာလဲ..မင်းက..မြို ့ဘိသိက်တွေလောက် မကောင်း၊မပြည့်စုံ မှာ စိုးနေတာလား …စိတ်ချမောင် ၊ ချိုမ ဆိုတာ ငါ့ တူမ ၊ မထွေး ဆိုတာ ဘ ငယ်ချစ် ၊ အဲလေ.. ဘ ငယ်သူငယ်ချင်း တွေဘဲ ၊ ကျကျနန ဖြစ်စေရမယ် ၊ မထွေးကလဲ မှာပြီးသားပါ ”
“ မဟုတ်သေးဘူးလေ ၊ ဘရဲ ့၊ ဒီလိုပါ ၊ ကျွန်တော် နဲ ့ချိုမ နဲ ့က ၊ အဘ ဘိသိက်ကို တိုတိုပဲ မြှောက်စေချင်တာ ”
“ ဟ..ဘယ်ဖြစ်မှာတုန်းကွ …ဘိသိက်သွန်းတယ် ဆိုတာကို ပေါ့သေးသေး ထင်နေလို ့လား ကွ ”
“ အဘ နဲ ့ကျွန်တော် နဲ ့အပေးအယူ လုပ်မှ ဖြစ်တော့မယ် ၊ ဒီလိုဗျာ …………….. ” ချစ်ကို သူ ဖြစ်စေချင်သော ပုံစံကို ဦးသိန်းမြင့် ကို ပြောပြလိုက်သည် ။
ပိုးပုဆိုး တစ်ထည် နှင့် ဆုငွေ တစ်သောင်းကျပ် ကို ချစ်ကို တို ့ဇနီးမောင်နှံမှ ချီးမြှင့်ပါမည့် အကြောင်း ပါ ပြောလိုက်သဖြင့် ၊ ဦးသိန်းမြင့် ပြုံးပြုံးကြီးဖြစ်သွားကာ သဘောတူသွားသည် ။
မင်္ဂလာဆောင်နေ ့သို ့ရောက်လာပြီ ဖြစ်သည် ။
ခန်းမ တစ်ခု လုံး စံပါယ်ပန်းနံ များနှင့် မွှေးကြိုင်နေသည် ။ ချိုမမ တို ့ပန်းဝယ်နေကြ ခြံပိုင်ရှင် က စပွန်ဆာပေးထားခြင်းပင် ။
ခန်းမ က ဈေးနှင့် နီးနီးလေးဆိုတော့ ၊ ဈေးထဲမှ ဖိတ်ထားသော သူများ အကုန်လာကြသည် ။
ဒေါ်မြင့် တစ်ယောက် ကြက်သွေးရောင် ပါတိတ်ဆင်ကြီးဖြင့် လမ်းသလားပြနေသည် ။ ဒေါ်ထွေးကလည်း အားကျမခံ အဝါတောက်တောက် အဆင်ကြီးနှင့် ။
နှစ်ယောက်စလုံးမှာ အသားမဲကြသဖြင့် မြင်ရသူ အပေါင်းမှာ မျက်စိပဒါသ ဖြစ်ကြရသည် ။ နှစ်ဦးစလုံး လက်ဖွဲ ့ခုံနားသို ့မကြာခဏဆိုသလို ရစ်သီ ရစ်သီ လုပ်နေကြသည် ။
လက်ဖွဲ ့ခုံ တာဝန်ခံ များ က လည်း အကြောင်းသိတယ် ထင် ၊ လက်ဖွဲ ့ရရှိသော ပိုက်ဆံမျာကို နှစ်ယောက်လောက် ရေတွက်ပြလိုက်တော့မှ နှစ်ယောက်သား ပီတိဖြာသွားတော့သည် ။
ဦးမျိုး ကတော့ စတိတ်ကော်လံ ရွှေကြယ်သီးလေးများ နှင့် ၊ ခရမ်းရောင် ပိုးပုဆိုး နှင့် ။ သူ ့ဘော်ဒါများဖြင့် လက်ဆုံကြနေသည် ။
သတို ့သားနှင့် သတို ့သမီး ကား ကြွရောက်လာသော ဧည့်ပရိသတ်များကို လိုက်လံ နှုတ်ဆက်ပြီးနောက် ၊ ခန်းမထိပ်ရှိ သတို ့သား၊သတို ့သမီး ထိုင်ရန်ဆိုဖာများပေါ်တွင် ထိုင်လိုက်ကြသည် ။
ဦးမျိုး ၏ မင်္ဂလာပန်းကုံးစွပ် အစီအစဉ်က လာတော့မည် မလား ။
ဦးတင့် တစ်ယောက် ဟာဝေယံရှပ် အဝါတောက်တောက် ၊ စတိုင်ဘောင်းဘီ ငွေရောင် ၊ ကတီပါ ဖိနပ် အနီရောင် ဖြင့် ခန်းမ ထိပ်ဆီသို ့တစ်လှမ်းချင်း လှမ်းလာသည် ။
ဦးမျိုး က စီစဉ်ထားသည့် အတိုင်း မိုက်ကိုင်ထားသော ရပ်ကွက်ထဲက ကောင်လေး ကို အချက်ပြလိုက်သည် ။
ဟယ်လို တက်စတင်း ၊ တက်စတင်း ဝမ်း တူး သရီး
အရေးထဲ ရပ်ကွက်ထဲက ကောင်လေး က ၊ ခါတိုင်းလို ယောင်ယမ်းပြီး မိုက်ကို စမ်းနေသဖြင့် ဧည့်သည်များ အားလုံး ကြောင်ကြည့်ကုန်သည် ။
“ မင်္ဂလာ သတို ့သား နှင့် သတို ့သမီးတို ့အတွက် မင်္ဂလာပန်းကုံး ကို ချီးမြှင့်ပေးပါရန် ၊ ဂုဏ်သရေရှိ လူကြီးမင်း ဦးတင့် အား လေးစားစွာ ဖိတ်ခေါ်ပါတယ် ခင်ဗျား ”
ဖြောင်းဖြောင်းဖြောင်းဖြောင်း… (လက်ခုပ်တီးသံများ )
ဧည့်ပရိသတ်များမှာ လက်ခုပ်သာ တီးပေးရတာ ၊ ဘယ်က ဂုဏ်သရေရှိ ဦးတင့် ပါလိမ့်ပေါ့ ၊ ဇဝေ ဇဝါ နှင့် ဖြစ်ကုန်သည် ။
ဦးတင့် ၊ သတို ့သားနှင့် သတို ့သမီး ရှေ ့သို ့ရောက်သော အခါ ကလေးမလေး တစ်ယောက် က ဗန်းနှင့် ထည့်ထားသော ပန်းကုံးနှစ်ကုံးကို ကမ်းပေးလာသည် ။
စံပါယ်ပွင့်ကြီးများကို ပျွတ်သိပ်ပူးကပ်စွာ သီကုံးထားခြင်း ဖြစ်သည် ။ ဦးတင့် ဟန်ပါပါ နှင့် ပန်းကုံးတစ်ကုံးကို ကောက်ယူလိုက်ပြီး သတို ့သား ကို ဦးစွာ စွပ်ပေးရန် ဟန်ပြင်လိုက်သည် ။
ဘေးမှာ ဗီဒီယို မှတ်တမ်းတင်ဖို ့ငှားထားသော “ စိန်၊မဲ၊ဇာ ” ကင်မရာမင်းများ က အသင့် ၊ ဗီဒီယို ကင်မရာများ ၊ ဖိုတို ကင်မရာများ ဖြင့် ရိုက်ကူးနေကြသည် ။
ထို အချိန်တွင် ခန်းမ ထဲ သို ့ ဦးမျိုးတို ့ရပ်ကွက်လူကြီး ဦးခိုင် ၊ အတွင်းရေးမှူး ဦးအောင်ကြူ နှင့် လူစိမ်း နှစ်ယောက် ကမန်းကတန်း ဝင်လာကြသည် ကို အားလုံး သတိထားမိကြသည် ။
ဆက်လက် ရေးသားပါဦးမည် ခင်ဗျာ ။
————————– အားလုံးကို ကျေးဇူးတင်ပါသည် ————————–
13 comments
ဆူး
October 29, 2011 at 12:33 pm
ကမန်းကတန်း ဝင်လာတော့ ဘာဆက်ဖြစ်ကြတာလဲ အခွန်မဆောင်ပဲ မင်္ဂလာဆောင်လို့ အခွန်လာ ကောက်တာလား။
windtalker
October 29, 2011 at 12:44 pm
သတို ့သား က ပဉ္ဖင်းမတက် ရသေးလို ့တဲ့ ဗျာ ။
စမ်းချောင်း က လူတွေက သင်္ကန်း စပွန်ဆာ ပေးချင်လို ့ဆိုပြီး လိုက်လာတာတဲ့လေ
ဟီဟိ
မည်သို ့မည်ပုံ ဖြစ်ကြမည် ကို ဆက်လက် တင်ဆက်ပါမည်
“ဘီလူးကြီး”ogre
October 29, 2011 at 1:16 pm
မောင်ပေ
ငါ့တောင် အခုလေးတင်ကြော်ငြာ ဝင်သွားသေးတယ်
ငါတော့ ဘုန်ကြီးပဲဝတ်ရမလိုလို ကထိန်ပဲခင်းရမလိုလို…
အဲဒီလိုလိုကြီးတောင် ဖြစ်သွားတယ်မောင်ရေ
ကြော်ငြာ ဝင်တဲ့လူကိုလဲကြည့်ပါအုံး ရုပ်ကိုက မချိုမချဉ်ရုပ်နဲ့…
ဒါပေမယ့် ငါတော့ကြောက်တယ်မောင်ရေ အတင်းမပြောရဲဘူးဗျ.. 😛 🙂
windtalker
October 29, 2011 at 1:35 pm
ဘယ်သူ ကများ ကျုပ် ဝီစကီသောက် အကိုကြီး ကို
ဇွတ်တင်း ကြော်ငြာ သွားတာလဲ
ပြောဗျာ….. ကျုပ်ကိုယ်စား ပေါက်ဖော် ကို လွှတ်ရှင်းခိုင်းလိုက်မယ်
အကြွေးတွေ
ဟီဟိ
comegyi
October 29, 2011 at 1:25 pm
မင်္ဂလာဆောင်ကိုကမန်းကတန်း ဝင်လာတာက သတိုးသမီးငယ်ရည်းစားဟောင်းဓါးပြဗိုလ်ကြီး ဖြစ်မယ်ထင်တယ် …ကြည့်ရတာ တောထဲက ဓါးပြအဖွဲ့ မြင်းတွေဒုန်းစိုင်းပြီး ဒိုင်းညောင့်ဒိုင်းညောင့်နဲ့ ဝင်လာကြလို့ မင်္ဂလာပွဲပျက်မလား မသိ ……..ဟိဟိ
koyinmaung
October 29, 2011 at 2:17 pm
ခဲဘိုးလာတောင်းတာထင်တယ်…ဟေဟေ့
water-melon
October 29, 2011 at 2:30 pm
အားလုံးမှားတယ်။ အဲဒါ MRTV-4 က သတင်းလာယူတာ။
ပေါက်ဖော်
October 29, 2011 at 6:06 pm
အင်း..
ဦးခိုင်တို ့..ရပ်ကွက်လူကြီးအဖွဲ ့တော့ ဝက်ခုတ်တဲ့ ဓါးမ စာမိတော့မယ်နဲ ့တူတယ်..
အဟ
😆
Moe Z
October 30, 2011 at 9:27 am
ဪ..ဪ.. မိတ်ကပ်ပြင်မှာက မာမီပုလား
သူတို့သမီးထက် သူတို့သားကို ပိုလှအောင်ပြင်နေဦးမယ်
ပြင်နေတုန်းဘေးက သေချာစောင့်ကြည့်နော် 😛
ပေါက်ဖော်
October 30, 2011 at 11:03 am
ဒီမယ်..ဒါရိုက်တာပေ..
လူပြိုလေးဒွေ…စိတ်ပျက်အောင်တော့မလုပ်နဲ ့နော်…
ခုချက်ချင်းယူ.အဲ..အဲ..ဘုန်းကြီးဝတ်လိုက်မှာ ဟွန်း..
😆
inz@ghi
October 31, 2011 at 6:37 am
အိ. …ဆော်ပဟ ..
စိန်မဲဇာ တဲ့ …
မှော် ဘယ်ကျန်နေတုန်း?
windtalker
October 31, 2011 at 12:29 pm
မှော် က အောင်ကြူး ရဲ ့
မင်္ဂလာဦးည မှတ်တမ်း သွားယူနေရလို ့တဲ့ဗျ
ဟီဟိ
pan pan
October 31, 2011 at 10:09 am
ဒါဒိုက်တာဂျီး ကိုပေ
ဖတ်ရတာ မျက်စိကျိန်းလိုက်တာ
ဖမည်းခမက်တွေက အသားမဲမဲ အဆင်ရဲရဲနဲ့ တောက်ပြောင်လွန်းနေတယ်
ဒါတောင် စိန်တွေ၊ ရွှေတွေအကြောင့် ထည့်မရေးသေးလို့
သိပ်လည်းမပြောရဲဘူး
ဝက်ခုတ်ဓားမစာမိမှာ ကြောက်ရသေး 😀