“ကိုပေါက်လမ်းသလားနေသည် အပိုင်း၂၅” (တမိုးတမြေအောက်က တောင်ကွဲစေတီ)
“ကိုပေါက်လမ်းသလားနေသည် အပိုင်း၂၅”
(တမိုးတမြေအောက်က တောင်ကွဲစေတီ)
ညနေလေးနာရီခွဲကျော်ကျော်လောက်မှာကျနော်မိတ်ဆွေရဲ့ကားလေးနဲ့
တောင်ကွဲစေတီဘက်ကိုသွားခဲ့ပါတယ်။
ဟိုးအရင်ကတည်းက သီချင်းထဲမှာကြားခဲ့လို့ရောက်ဘူးချင်ခဲ့တဲ့နေရာလေးလဲဖြစ်ပါတယ်။
ဒါပေမယ့်သွားဘို့မကြုံတော့ မဆုံခဲ့ရပါဘူး။
အခုမှမထင်မှတ်ဘဲရောက်ခဲ့ပြန်တော့ အိပ်မက်လိုပါဘဲ။
မိတ်ဆွေရဲ့ကားလေးက တောင်ကွဲစေတီနဲ့မျက်နှာချင်းဆိုင်အရပ်ကနေလာနေတော့
တရွှေ့ရွှေ့နဲ့ နီးနီးလို့လာသလိုပါဘဲ။
ဘုရားအဝင်ဝရောက်တဲ့အခါကျနော်ကားပေါ်ကဆင်းလိုက်ပါတယ်။
အနီးကပ်မြင်ရတဲ့ကျောက်တောင်ကြီးကိုအံ့ဩငေးမောရင်းနဲ့ပေါ့။
တောင်ပေါ်ကနေမြင်ရတဲ့ မြို့မြင်ကွင်းကတော့ လှပပါတယ်။
အောက်ကနေလှမ်းကြည့်တဲ့အခါ တောင်ပေါ်မှာတော့ ရွှေရောင်းဝင်းနေတဲ့စေတီလေးတွေက အစီအရီ။
ဘုရားအရှေ့ဘက်ကနေပါတ်သွားပြီးကြည့်လိုက်တဲ့အခါမှာတော့
မဲနက်နေတဲ့ကျောက်တောင်ပေါ်ကိုတက်ဘို့လှေခါးထစ်ကလေးတွေကအစီအရီ။
မော်ကြည့်လိုက်တဲ့အခါမှာတော့ ကွဲနေတဲ့တောင်ခြမ်းနှစ်ခုကို စလက်ပြင်လောင်းထားတဲ့အပေါ်မှာ
အဆောက်အဦတွေကိုမြင်နေရပါတယ်။
အသေအချာကြည့်တော့ တောင်အကွဲပေါ်မှာ ဇရပ်ကလေးဆောက်ထားပါတယ်။
နောက်မှနှစ်ယောက်သားဓါတ်လှေကားဘက်ကိုသွားလို့ တောင်ပေါ်တက်ကြပါတယ်။
ဓါတ်လှေကားနဲ့ဘုရားဘက်ဆက်ထားတဲ့ စင်္ကြံလမ်းကနေလျှောက်ရင်း ဘေးတစ်ဖက်တစ်ချက်ကို
လှမ်းကြည့်တဲ့အခါအတော်လေးသာယာတဲ့မြင်ကွင်းကိုတွေ့လိုက်ရပါတယ်။
ကောင်းကင်မှာမိုးတိမ်ညိုတွေရှိနေတာကြောင့်အဝေးကတောင်တန်းမှာနေရောင်ရှိတဲ့နေရာကရှိ
အလင်းရိပ်ကျတဲ့နေရာက ကျလှပလွန်းလှပါတယ်။
တောင်ရဲ့အောက်ဖက်ကိုငုံ့ကြည်မိမှ အတော်မြင့်တယ်ဆိုတာ သိလာရပါတယ်။
တောင်ခြေမှာမြင်နေရတဲ့ ကိုရင်လေးတွေကို သေးသေးလေးဘဲမြင်ရလို့ပါ။
တောင်ပေါ်မှာတော့ရွှေရောင်ဝင်းတဲ့စေတီ။
ကျောက်တောင်တွေကလဲအထစ်ထစ်နဲ့ ကြမ်းရှရှ။
တောင်ပေါ်ကိုတက့်တဲ့လှေခါးထစ်ကလေးတွေကလဲ ခပ်မတ်မတ်။
တကယ်လို့များ ဓါတ်လှေကားသာမရှိခဲ့ရင် ကျနော်အခုလိုတောင်ပေါ်ရောက်နို်င်မယ်မထင်ပါဘူး။
စေတီလေးတည်ထားတဲ့ဘက်ကိုလှမ်းကြည့်လိုက်တော့ တောင်အခြမ်းနှစ်ခုကွဲနေတဲ့အပေါ်မှာ
စလက်ပြင်ခင်းပြီး ဝရန်တာလေးထုတ်ထားတာကိုတွေ့ရပါတယ်။
နေရာပြောင်းပြီး အောက်ကိုငုံ့ကြည့်မိပြန်တော့ အထစ်ထစ်ထနေတဲ့ပုံစံမျိုးစုံကျောက်ချွန်းတွေကိုတွေ့ရသလို
တက်လာတဲ့အစီအရီလှေခါးထစ်ကလေးတွေကို ပိုပြီးညီညာသလို။
တောင်ကမြင့်တော့ စိတ်နဲ့တက်ကြည့်မိတာတောင် မောသလိုလို။
ရင်ပြင်တော်ပေါ်ရောက်ပြန်တော့တောင်အနောက်ဘက်ခြမ်းကိုကြည့်မိတော့
ပြိုမလိုညို့မိူင်းနေတဲ့ တိမ်တောင်တွေနဲ့ ငွေဂွမ်းဆိုင်တွေလို့ရှိနေတဲ့တိမ်စိုင်တွေ
အားပြိုင်နေတော့ တောင်တန်းကြီးတွေက တော့ မလှုပ်မယှက်နဲ့ငြိမ်သက်နေသလိုပါဘဲ။
အနီးကပ်ရှိတဲ့ရွှေရောင်ဝင်းလက်နေတဲ့ဘုရားကိုဖူးလိုက်တော့ ပြာလွင်တဲ့နောက်ခံကောင်းကင်ကြောင့်
ပိုပြီးအရောင်တွေလက်နေသလိုခံစားရပါတယ်။
ကျောက်အကွဲကြားထဲကိုငုံ့ကြည့်မိတော့ ကျောက်အထစ်ထစ်တွေမြင်ရတာအသဲယားစရာ။
အလယ်ခေါင်လောက်မှာရှိနေတဲ့သဘာဝရေကန်လေးဘေးမှာ
ခိုကလေးတွေရေသောက်ဆင်းနေတာကချစ်စရာ။
တောင်ရဲ့တောင်ဘက်ခြမ်းရဲ့အဝေးတစ်နေရာမှာတော့ စိမ်းညို့နေတဲ့သစ်ပင်တွေနဲ့တန်ဆာဆင်ထားတဲ့တောင်မြင့်မြင့်ကြီးတစ်ခုနဲ့ဘုရားစေတီလေးတွေ။
အဝေးမြင်ကွင်းကိုလှမ်းကြည့်လိုက်တော့တိမ်တအုပ်နဲ့အိ်မ်ဘုတ်စုလေးတွေက အစီအရီ။
မြောက်ဘက်ခြမ်းမှာတော့ ကျို်က်ထီးရိုးပုံစံယူထားတဲ့စေတီနဲ့စေတီချွန်ချွန်လေးကတစ်ဆူ။
ဘုရားပေါ်တက်တဲ့လှေကားနဲ့စင်္ကြန်ကလဲကျောက်သားပကတိ။
ဘုရားတစ်ဆူနဲ့တစ်ဆူဆက်ထားတဲ့စင်္ကြန်လေးကအမြင်တမျိုးဆန်းပါတယ်။
အချိ်န်မရတာရယ် မဆင်းနိုင်လောက်ဘူးထင်တာရယ်ကြောင့်အဝေးကသာဖူးခဲ့ရပါတယ်။
ဒီတောင်ပေါ်ကနေကြည့်နေရင်း ဒီလွိုင်ကော်မြို့ကို “တမိုးတမြေ”ဆိုပြီးတင်စားလု့ိသီဆိုထားတဲ့
မာမာအေးရဲ့သီချင်းလေးကိုသတိရမိပါတယ်။
လှပသော စာသားများနဲ့ဖွဲ့စည်းထားတဲ့ သီချင်းကောင်းလေးတပုဒ်ပါဘဲ။
တောင်ပေါ်မှာတော့ ရွှေရောင်ဝင်းနေတဲ့စေတီကိုအပြာရောင်နောက်ခံကောင်းကင်မှာဖူးမဝနိုင်။
ဟိုးအနောက်ဘက်မှာတော့ စိမ်းမြတဲ့လယ်ကွင်း အနားသတ်တောင်တန်းမှာတော့ မုးိတိမ်တွေနဲ့ညိုမှောင်တဲ့
နေရာက မှောင်၊အဖြူရောင်တိမ်ခိုးတွေကြောင့်မိူင်းတဲ့နေရာကမိူင်း၊
မိုးရွာနေလို့ တိမ်ဖြူအတန်းလိုက်ကြီးဖြစ်တဲ့နေရာကဖြစ်နဲ့မြင်သမျှက လွမ်းစရာ။
ဘုရားပုရဝုဏ်ထဲမှာတော့ ခေါင်းလောင်းလေးသုံးလုံးက တန်းစီလို့နေ။
ဒီလိုနဲ့ငါးနာရီကျော်ကျော်လောက်တောင်အောက်ပြန်ရောက်။
တောင်ပေါ်ကိုခြေလျှင်တက်တဲ့လမ်းကလေးကို ငေးမော။
နောက်တစ်ကြိမ်ရောက်လို့များ အချိန်ရရင် လှေကားကတက်မယ်လို့ဆုံးဖြစ်ပြီး ပြန်ခဲ့ကြပါတယ်။
အချိန်ရသေးတာကြောင့် မြို့အနောက်ဘက်ခြမ်းက မြို့နှံစေတီကိုရောက်ခဲ့ပါသေးတယ်။
မြိုနှံစေတီအဝင်ဝမှာရော ဘေးဘက်မှာရော ကြီးမားတဲ့ညောင်ပင်ကြီးတွေရှိပါတယ်။
ခြောက်နာရီထိုးခါနီးတော့ ချိန်းထားတဲ့မိတ်ဆွေဆီက ဖုန်းဝင်လာပါတယ်။
ဘယ်ရောက်နေပြီလဲပေါ့။
ဒါနဲ့ဘဲ သူနဲ့နေရာခြင်းအချိန်းအချက်လုပ်လို့ ထွက်လာခဲ့ပါတယ်။
လှပတဲ့ တောင်ကွဲစေတီဆီကိုနောက်တစ်ခေါက်ပြန်ရောက်ဘို့ဆိုတာကတော့……………………….
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
(30-10-2011)
ဆက်လက်ဖော်ပြပါမည်။
17 comments
blackchaw
November 1, 2011 at 8:03 pm
ဒီကော်နက်ရှင်နဲ့ ဒီပုံတွေကို ရအောင်တင်ပေးတဲ့
ကိုပေါက်ရဲ့ ဇွဲကိုချီးကျူးပါတယ်ဗျာ။
တစ်နာရီလောက်နဲ့တော့ မရလောက်ဘူးထင်တယ်။
ကျေးဇူးပါဗျာ။
windtalker
November 1, 2011 at 8:31 pm
စေတီလေးက ရွှေရောင်ရွှေအဆင်း တစ်ဝင်းဝင်း နဲ ့
သပ္ပါယ်လိုက်တာဗျာ
ကွန်ပျူတာ မော်နီတာကို လက်အုပ်ချီ ကန်တော့ရင်း
လုပ်သမျှ ကိုင်သမျှ အရာရာ အောင်မြင်ဖို ့ရယ်
မြန်မာပြည်အနှံ ့ဘုရားဖူး ၊ လေ့လာရေး ခရီးထွက်နိုင်ဖို ့လည်း ဆုတောင်းမိတယ် လေးပေါက်ရေ
ကိုပေါက်(မန္တလေး)
November 1, 2011 at 10:02 pm
ကိုချောရေ
အစက ဒီထက်မကပုံတွေရွေးထားတာ။
နောက်အတင်ခက် အဖွင့်ခက်တာနဲ့နောက်ပိုင်းပုံလေးငါးပုံမကဘူးချန်ထားခဲ့ရတာ။
ပြီးခဲ့တဲ့အပါတ်က စစ်ကိုင်းသီတဂူသွားထားတာပုံတွေရှိသေးတယ်။
ဒီပိုစ်တင်တာ မနေ့ညနေက စတင်တာဘဲ။
အချိန်နားနားပြီးတင်ရတာဘဲ။
အလုပ်တစ်ဖက်နဲ့ကိုးဗျ။
ဝါသနာဆိုတော့လဲ ကိုယ်လုပ်ချင်တာလုပ်ရရင်ပျော်နေတာပါဘဲ။
နောက်ကြည့်လိုက်ရတဲ့သူက နှစ်သက်တယ်ဆိုရင်ပိုပျော်တာပေါ့ဗျာ။
blackchaw
November 1, 2011 at 10:09 pm
ဒီရက်ပိုင်းတော့ ဓါတ်ပုံတင်ရင် နည်းနည်းစိတ်ရှည်ရှည်ထားမှပဲ ကိုပေါက်ရေ။
ကော်နက်ရှင် သိတ်ကျနေရင် မတင်သေးတာ ကောင်းပါတယ်။
ကိုပေါက်က စာရေးတောင် ပိုကောင်းနေသလိုပဲ။
ဒီအချိန်မှာ ပုံလေးတွေ သိမ်းထားပြီး စာလေးတွေ ရေးပါဗျာ။
ဒီနေ့ တင်တဲ့ နွေးသီး ဆိုတဲ့ ပို့စ်လေးလည်း ကြိုက်ကြတာတွေ့ပါတယ်။
ကိုပေါက်(မန္တလေး)
November 1, 2011 at 10:16 pm
တကယ်ဝါသနာအရင်းက စာရေးတာပါကိုချောရေ။
ဆောင်းပါး 200ကျော်လောက်ရေးပြီးပါပြီ။
ဒါပေမယ့်အရင်ကရွာထဲမှာဓါတ်ပုံတင်တာ မဝေနဲ့ကျနော်ဘဲအတင်များတယ်။
နောက်မဝေက မတင်တော့ ကျနော်ဘဲဒိုင်ခံတင်သလိုဖြစ်ပြီး ဓါတ်ပုံ တင်တာလူသိများသွားတာ။
နောက် ပုံသက်သက်တင်တာကနေ ဖိုတိုအက်ဆေးပုံစံပြောင်းတင်တော့ သဘောကျသူများတယ်လေ။
စာရေးတာကို ပိုဝါသနာကြီးပါတယ်။
koyinmaung
November 2, 2011 at 4:32 am
ဘုရာလဲဖူးရင်းပါတ်ဝန်းကျင်ရှုခင်းကိုအပေါ်ကနေကြည့်ရတဲ့အရသာကို
သဘေားကျသဗျို….အားပေးသွားပါတယ်ဆရာပေါက်
“ဘီလူးကြီး”ogre
November 2, 2011 at 8:10 am
တစ်ခါမှ မရောက်ဖူးပေမယ် ပုံလေးတွေကြည့်ဘုရားဖူးရင်း ရောက်ချင်စိတ်တွေ
ပေါက်လာတယ်ဗျာ…
ကိုပေါက်(မန္တလေး)
November 2, 2011 at 9:07 am
ကျနော်လဲ ကံကောင်းထောက်မစွာနဲ့ မထင်မှတ်ဘဲရောက်ခဲ့ရတာပါ။
နေ့လည်12း30ရောက် နောက်နေ့မနက်ငါးနာရီပြန်တာလေ။
အားတဲ့အချိန်လေးမှာ ပို့ပေးတဲ့မိတ်ဆွေတွေရှိလို့ရောက်တာပါ.
eainsoemay
November 2, 2011 at 9:22 am
ကျမတို့ငယ်ငယ်က ကျောက်လှေကားနဲ့ဘဲ တက်ရတာလေ
ဓါတ်လှေကားက စစ်အစိုးရတက်ပြီးမှ ဆင်တာ
ဘီလူးချောင်းရေက အနဲဆုံးတော့ 2 ခါသောက်ရတယ်
ကိုပေါက် နောက်တခေါက် လွိုင်ကော် သွားလည်ရလိမ့်ဦးမယ်
Diamond Key
November 2, 2011 at 5:01 pm
အခုချိန်အထိ မရောက်ဖူးသေးတဲ့ တောင်ကွဲစေတီကို ကိုပေါက်ကျေးဇူးနဲ့ ဖူးခွင့်ရခဲ့ပါတယ်။ ကိုပေါက်ရိုက်ပြချက်တွေက အမြင့်ကြောက်တဲ့ ကျွန်တော့် အတွက်တော့ အသည်းယား ရင်ဖိုပါပဲဗျ။
ကိုပေါက်(မန္တလေး)
November 2, 2011 at 5:26 pm
ကျနော်ကလဲထပ်သွားချင်သေးတယ်ဗျာ။
ခဏလေး ဆိုတော့ သွားသုတ်သုတ်လာသုတ်သုတ်။
မဝသေးဘူး။
MaMa
November 2, 2011 at 5:28 pm
ကျမတို့လို စာဖတ်မသန်သူတွေအတွက် ကိုပေါက်ရဲ့ စာရေးနည်းတမျိုးဖြစ်တဲ့ ဖိုတိုအက်ဆေးက ပေ့ါပေ့ါလေးနဲ့ ဆွဲခေါ်သွားနိုင်လို့ ကောင်းတယ်။ (ကိုယ်ရေးချင်ရာကိုသာ လျှောက်ရေးတတ်တာ။ စာဖတ်ရမှာကျတော့ ပျင်းတယ်။ ခုတောင် ဂေဇက်ကောင်းမှုကြောင့် စာဖတ်ဖြစ်တာ။)
ကိုပေါက်(မန္တလေး)
November 2, 2011 at 6:03 pm
ဟုတ်တယ် မမရေ ကျနော်ရေးတဲ့စာတွေက ရှည်တယ်ပြောကြတယ်လေ။
ဒါကြောင့် စာကြားမှာ ပုံညှပ်လိုက်တော့ အားလုံးအဆင်ပြေသွားရော၊
kocho
November 2, 2011 at 6:29 pm
ဒီရက်ထဲမှာတကယ်ကွန်နက်ရှင်မကောင်းပါ ဒီပုံတွေတင်ဖို့ တော်တော်လေးကြာမှာပါ မြန်မာပြည်အထက်ပိုင်းကတကယ်လှပါတယ်ဗျာ
zay
November 2, 2011 at 10:40 pm
ကြည်နူးစရာပဲ thank
blackchaw
November 2, 2011 at 10:51 pm
ကိုပေါက်ရေ။
ဒီညမှ အေးအေးဆေးဆေး ပုံလေးတွေ ထပ်ကြည့်ဖြစ်တယ်ဗျာ။
ဒီတစ်ခေါက် ကိုပေါက်လမ်းသလားတဲ့ ပုံတွေထဲမှာ ဒီပုံတွေက
ကျွန်တော့် အတွက် အကြိုက်ဆုံးပါပဲ။ ဘလက်ကတော်က
လွိုင်ကော်မှာ တော်တော် ကြာကြာနေသွားဘူးပါတယ်။
အဲဒီ တောင်ကွဲစေတီအကြောင်းခဏခဏ ပြောပါတယ်။
အခု ကိုပေါက် သေသေချာချာ ရိုက်ပြလို့ ရောက်ဘူးသလိုတောင်
ဖြစ်သွားပါတယ်။ အဲဒါကြောင့်ပါ။
ကိုပေါက်(မန္တလေး)
November 2, 2011 at 11:09 pm
ကျနော်ကတော့ မာမာအေးရဲ့ တမိုးတမြေဆိုတဲ့သီချင်းကိုနားထောင်ပြီးကတည်းက
ဒီတောင်ကွဲစေတီနဲ့လွိုင်ကော်မြို့ကို ဓါတ်ပုံကြည့်ပြီး လွမ်းတာဗျ။
မြင်လဲမမြင်ဘူးဘဲနဲ့။
အခုတော့ ဆန္ဒပြည့်သွားပြီဗျာ။
ကျနော်မွေတော်ကက္ကူကိုရောက်ချင်သေးတယ်။