ရူးချင်ယောင် ဆောင်မနေနဲ ့
နေရာကား
တောင်တမန် အင်း ၊ ဦးပိန်တံတားရှိ ညနေခင်းဆည်းဆာနေဝင်ချိန်
ဦးပိန်တံတား တွင် လူများဖြင့် အရမ်းစည်ကားနေသည် ။
အကြောင်းမှာ ယနေ ့ရှိုးပွဲ ရှိသည်တဲ့ ။
ဘာရှိုးပွဲလဲ ဆိုတော့ ၊ ဂျင်နီဖာ လိုပက် ၊ ဂျင်နီဖာ အန်နစတင် နဲ ့ချယ်ရီတွီဒီ တို ့သုံးယောက် ရဲ ့ဖျော်ဖြေပွဲပါတဲ့
အဆိုပါ ပွဲရှိ ရှေ ့ဆုံးတန်း ဗီအိုင်ပီ ထိုင်ခုံနေရာ တွင်
ကျွန်ုပ် မောင်ပေ ၊ ပေါက်ဖော် နှင့် ကိုဘီလူး သုံးဦးသား ထန်းရည်ခွက်ကိုယ်စီ နှင့် ပုစွန်ကြော် ဝါးလိုက် ၊ ငါးကြော်ကောက်ဝါးလိုက် ထန်းရည်လေးမော့လိုက် ဖြင့်
အင်မတန်မှ ဇိမ်ကျနေလေသည် ။ ကျွန်ုပ်တို ့သုံးယောက်မှာ နာမည်ကျော်ကြားလူကြိုက်များလှသော မန်းတလေးဂေဇက်ရှိ ဆယ်လီဘလီတီ များ ဖြစ်ချေတော့သည်ကား ။
ကျွန်ုပ်တို ့၏ ရှေ ့တွင် စတိတ်စင်ကြီးသာ ရှိတော့သည် ။ အချိန်မကျသေးလို ့၊ မယ်မင်းကြီးမ သုံးယောက်ကား ထွက်မလာသေးချေ ။
ပွဲဖြစ်မြောက်ရေး တာဝန်ခံ က စိတ်မရှည်တော့ပုံ ပေါက်နေသော ကျွန်ုပ်တို ့သုံးဦးသား ၏ မျက်နှာများကို ရိပ်စားမိကာ
ရေကြက်ကြော် တစ်ပန်းကန် လာချပေးရှာသည် ။
ကိုဘီလူး က တစ်ဖတ် ကောက်ဝါး ပြီး
“ ထွီ…မာလိုက်တဲ့ ရေကြက်သား ၊ ဟေ့ရောင် ပေါက်ဖော် မင်းစားကြည့်စမ်း ”
ပေါက်ဖော် လည်း တစ်ဖတ်ကောက်ဝါးလိုက်ပြီး ၊ ကိုဘီလူး နည်းတူ ထွေးပစ်တော့လေသည် ။
“ ဒါ ဘာအချိုးလဲ ကွ ၊ မခန် ့လေးစား နဲ ့ မနူးမနပ် အသားကြော် လာချရအောင် ငါတို ့ကို မင်းမာမားလင်တွေ များ အောက်မေ ့နေလို ့လား ဟင် ”
ပေါက်ဖော် တစ်ယောက် ထကြမ်းတော့သဖြင့် ၊ ပွဲစီစဉ်သူများက ပြေးလာပြီး ကျွန်ုပ်တို ့သုံးယောက် ကို ကျေနပ်အောင် ဒူးဖက်တောင်းပန်ကြလေသည် ။
ထိုစဉ်
စတိတ်စဉ်ပေါ်မှာ စပေါ့မီးများ၊ ဒစ်စကို လိုက်များ လင်းလာပြီး ၊ သူတို ့လေးတွေ သုံးယောက်လုံး ၊ ကိုယ်လုံးလေးများကို တွန် ့တွန် ့လူးကာ ထွက်လာတော့လေသည် ။
ကျွန်ုပ်တို ့သုံးဦးသား လည်း ပွဲစီစဉ်သူများ ကို ဂရုမစိုက်အားတော့ဘဲ ၊ အာရုံများမှာ စင်ပေါ်သို ့သာ ရောက်ကုန်ကြလေတော့သည် ။
မြူးကြွသော တီးလုံးသံများက ကြားရသူ အပေါင်းကို သွေးဆူတက်လာစေနိုင်သည် ။
သူတို ့လေး တွေ သုံးယောက် ပုံကို ကြည့်ပါဦး ။
ဂျေလို က အမဲရောင်ပြောင်လက်နေသော လယ်သာ ဘီကနီလေးနဲ ့၊ အန်နစတင် က ပါးလွှာသော အနီရောင် ဘီကနီလေး ၊ ချယ်ရီ ကတော့ ပန်းရောင် ဘီကနီ လေး နဲ ့ ။
အခြားသော ပွဲလားများ တော့ ဘယ်လို နေမလဲ မသိ ။
ကျွန်ုပ်တို ့သုံးဦးသား ခဗျာတော့ ၊ သောက်လက်စ ထန်းရည် များ သီးကုန်ကြလေသည် ။
အဘယ်ကြောင့် ဆိုသော် သူတို ့သုံးယောက်လုံး ဗမာလို ဆိုလာသောကြောင့်ပေတည်း ။
သူတို ့လေးတွေ ညီတူ ဆိုကြသည့် သီချင်းကို လည်း ကြည့်ပါဦး….
“ ကိုကို နေတိုင်းလာနော် ၊ မောင်မောင် ညတိုင်းလာနော် ”
ပေါက်ဖော် က ထအော်သည် ။
“ ဟေ့..ကိုကိုနဲ ့မောင်မောင်ဘဲလား ကွ ၊ ပေါက်ဖော် ကိုလည်း ခေါ်လို ့ရတယ်နော် ၊ ညှင်းညှင်းညှင်းညှင်း ”
ကိုဘီလူး က ဘေးမှ မြှောက်ပေးသည် ။
“ ဒါမှ ငါ့ကောင် ပေါက်ဖော်ကွ ၊ ပေါက်ကြီး မင်းတော်သဟေ့ ၊ လာကွာ ချီးယားစ် ”
သုံးဦးသား ၊ ဘယ်နှစ်ခွက် မြောက်မှန်း မမှတ်မိတော့ ၊ ထပ်မံခွက်တိုက်လိုက်ကြသည် ။
သီချင်း တစ်ပုဒ် ဆုံးသွားသည်နှင့် မီးများမှောင်သွားသည် ။
ပရိသတ်ကြီးအားလုံးက ဝိုင်းအော်ကြသည် ။
“ ရွှီ..ရွှီး…ဝမ်းစ်မိုး ၊ ဝမ်းစ်မိုး ၊ မြန်မြန် ဆိုပါဗျို ့”
ပွဲစီစဉ်သူ တစ်ယောက် ကျွန်ုပ်တို ့အနားသို ့ရောက်လာပြီး
“ ဆရာတို ့၊ ဘာများ လိုသေးလဲ ဗျ ၊ လိုတာရှိတာ ပြောပါနော ”
“ အေး…ငါတို ့လိုနေတာကတော့ ၊ စောန က သုံးယောက်ဘဲ ”
“ ဟာ..အာစရိ တို ့ကလဲ ၊ မနောက်ပါနဲ ့ဂျာ ၊ ဒါနဲ ့အာစရိ တို ့ဆန္ဒရှိမယ် ဆိုရင် ပန်းကုံးဆုချ လို ့ရတယ်နော ”
“ ဟ..စောစောတော့ မပြောဘူး ၊ ချမှာပေါ့ ကွ ၊ ပြောစမ်း..ဘယ်လောက်တန်တွေ ရှိတာတုန်း ”
“ ရွှေပန်း ရယ် ၊ ငွေပန်း ရယ် ဆိုပြီး ပန်းကုံး ၂ မျိုး ရှိပါတယ် ”
“ ရွှေဘဲ ပြောဟေ့ ၊ ငါတို ့က ရွှေတွေ ဆိုတာ သူတို ့သိသွားအောင် ငါတို ့သုံးယောက် ရွှေပန်း တွေ တက်ပေးပစ်မယ် ဟဲဟဲ ”
ပွဲစီစဉ်သူ လဲ ခေါင်းကုတ် မျက်ဆံပြူး ဖြစ်သွားပြီး
“ အာစရိ ၊ အနော် ပြောတာ ပန်းကုံးနော် ၊ ရွှေရောင်၊ငွေရောင် နဲ ့မို ့၊ ရွှေပန်းကုံး ၊ ငွေပန်းကုံး လို ့ပြောတာ ”
“ အေးလေ ၊ ငါ တို ့ကလဲ ဘာပြောနေလို ့လဲ ၊ မင့်ဆီက ပန်းကုံး အားလုံး သိမ်းမယ် ၊ ပြောနေကြာပါတယ် ၊ သွားသွား ၊ စင်ပြတ် အကုန် ယူခဲ့ချေ ”
ပွဲစီစဉ်သူ ၊ အရမ်းပျော်ရွှင်သွားပြီး ပန်းကုံးများ တင်ထားသော စင်လေး ကို ယူပြီး ပြန်ပြေးလာရှာသည် ။
“အာစရိတို ့ရေ ၊ ဒီဟာ အားလုံးပေါင်း ယူအက်စ်ဒေါ်လာ ဆယ်သိန်းဖိုး ရှိတယ် နော် ”
“ ဟ..မင်းတို ့ဟာ မဝိုက်လွန်းဘူးလားကွ ”
“ အာ..ကိုဘီလူးကလဲ ၊ ဒီလောက်လေးနဲ ့များ ၊ ပြောမနေစမ်းပါနဲ ့ဗျာ ၊ ဟေ့..ညီလေး ၊ သွားယူခဲ့ချေ ၊ မြန်မြန်လေးကွာ ၊ ပြီးမှ ဘီလ် ထဲ ပေါင်းထားလိုက် ဟုတ်ပြီလား ”
စင်ပေါ်တွင် စပေါ့မီးများ ၊ ဒစ်စကို လိုက်များ ပြန်လင်းလာသည် ။
လာပါပြီ ။ သူတို ့လေးတွေ ။ ဒီတစ်ခါ ဝတ်လာကြတာ လေးတွေ ကို ကြည့်ပါဦး ။
သုံးယောက်လုံး ကျားသစ်ကွက်လေးတွေ နဲ ့အပေါ်က ဘလာစီယာ သာသာ ၊ အောက်က လုံးဝ ပေါင်လည် သာသာလောက် ရှိသော စကက်တို လေး တွေ နဲ ့ ။
ဂျေလို က ထူးထူးဆန်းဆန်း ၊ ရှေ ့ သို ့ပြေးထွက်လာကာ ၊ စင်ပေါ်မှာ လှဲချပြလိုက်သည် ။ ကော့ပျံနေသည် ။ တွန် ့တွန် ့တွန် ့တွန် ့က ဖြစ်လိုက်သေးသည် ။ ထိုသို ့လုပ်နေရင်း ၊ စင်အောက် ရှိ ပရိသတ်များ ဘက် သို ့ဖလိုင်းကစ် တစ်ခါ ပေးလိုက်သည် ။
ပွဲကြည့်ပရိသတ်များ အားလုံး ဆူညံကုန်ကြသည် ။
ဟေး…..ရှယ်ဘဲ ဟေ့ ၊ ဂွတ်တယ် ဟ ၊ အရမ်း လန်းတယ်ကွာ ၊ ဒီဘက်ကို လဲ ပေးပါဦးဗျို ့၊ ဟိုနှစ်ယောက်ကော မပေးဘူးလား ” စသည်ဖြင့် ဝိုင်းအော်ကြကုန်သည် ။
ပေါက်ဖော် ခဗျာ “ အာ..မရတော့ဘူး ၊ မရတော့ဘူး ၊ ဟင်းဟင်း ”
ကိုဘီလူး က ထိတ်လန် ့သွားပြီး ” ညီလေး..ဘာဖြစ်ရပြန်တာတုန်း ”
“ ကျုပ် မရတော့ဘူး ၊ သွားထုတ်မှ ဖြစ်တော့မယ် ၊ လာ..မောင်ပေ လိုက်ဦးမလား ”
“ ခင်ဗျားဟာ ခင်ဗျား ၊ အိမ်သာ သွားမယ့် ကိစ္စ ၊ ကျုပ် က ဘာလို ့လိုက်ရမှာတုန်း ၊ ရှုပ်တာကိုး ၊ သွားစမ်းဘာ ၊ ဟိုမှာ ပြနေပြီဟာ ”
အဖော်ခေါ်မရသဖြင့် ပေါက်ဖော်တစ်ယောက် ၊ Toilet ဆိုင်းဘုတ် ရှိရာဘက် သို ့ကမူးရူးထိုး ပြေးသွားလေတော့သည် ။
( ဆက်ပါဦးမည် )
—————————— အားလုံးကို ကျေးဇူးတင်ပါသည် ——————————
13 comments
Koyin Sithu
November 1, 2011 at 8:59 pm
အဘပေတော့.. ဇာတ်လမ်းစဆင်နေပြန်ပီ…
ပေါက်၊ ပေ၊ လူး ကတော့ ဂေဇက်ရွာရဲ့
မင်းသားကြီးသုံးယောက်ပါဗျို့…
thit min
November 1, 2011 at 9:02 pm
တကယ်များဆုံရင်တကယ်ချကြမဲ့သူတွေဆိုတာယုံပါပြီဗျာ။
ကိုပေကဝတ္တူရေးလို့ရတဲ့လက်ဗျ။ အခန်းခွဲပြီးဒီမှာရေးကြည့်ပြီးတော့လိုတာပြင်ပြီး ထုတ်ပေါ့ဗျ။
ဖြစ်နိုင်တယ်။စာရေးလဲဝါသနာကြီးပြီးသားမလား။
mayday
November 1, 2011 at 10:58 pm
ဖတ်လို ကောင်းတယ်ဗျို့ ။ ဆက်ရေးပါအုံး ။ လက်ရေးလဲ တော်တော်လှတယ် ။ ဟီး…
ကိုပေါက်(မန္တလေး)
November 1, 2011 at 11:23 pm
မောင်ပေ ချောင်မှာခွေနေပြီဆိုရင် ရေချိန်ကိုက်လို့။
မောင်ပေါက်ဖော် လျှောက်အော်ပြီဆိုရင်ထန်းရေမူးလို့
ကိုဘီလူး ကမူးရူးထိုးနဲ့ထွက်လာပြီဆိုရင်…………
အင်း…………………..
comegyi
November 2, 2011 at 12:05 am
သုံးနိုုင်ငံမဟာမိတ်အဖွဲ့ကတော့ မဟာ့မဟာအကြံအစည်ကြီးတစ်ခုကို ခေါင်းချင်းရိုက် ၊ ခွက်ချင်းတိုက်ကြံစည် နေကြပြန်လေပြီ……အနှီအကြံအစည်တွေကနေ ဘဇာဇာတ်ထုပ် တစ်ပုဒ်ထွက်လာပေဦးမည်နည်း …..ကိုရင်ပေ……
“ဘီလူးကြီး”ogre
November 2, 2011 at 7:41 am
မောင်ပေ
ပွဲစီစဉ်သူတွေကိုမှာလိုက်ပါကွယ်
ထန်းရေနဲ့ မြည်းဘို့ ဂျင်နီဖာလိုပက် တစ်ပွဲပေးပါလို့…ငါတော့ ထိမ်းထိမ်းသိမ်းသိမ်းနဲ့
“သောက်ထိမ်” လေးပဲသောက်တောမယ်ကွယ်….
inz@ghi
November 2, 2011 at 8:21 am
ဟိ. ..
သည်လူဂျီး လက်စားချေဒေါ့မယ် …
ရှောင်နေမှ
pan pan
November 2, 2011 at 9:00 am
ကိုပေရေ
ကျမလည်း စာလေးတစ်ပုဒ်ရေးနေတယ်
ကိုပေ့အားကျလို့ ရယ်စရာလေးလည်းပါအောင်ရေးတာပေ့ါ
ဇာတ်ကောင်ကတော့ မင်းသားတစ်ယောက်တည်း
အဲဒါကိုပေ့နာမည်ယူသုံးထားတယ်
ရပါတယ်နော်
windtalker
November 2, 2011 at 11:10 am
အားကီးရပါဒယ် ညီမငယ်
ညီမငယ် သဘောရှိ သုံးတော်မူ
အကြည်တော် ဝတ္ထု ထဲက လို တော့ မလုပ်နဲ ့ပေါ့
🙂
chitlay
November 2, 2011 at 2:30 pm
((ပေါက်ဖော် ခဗျာ “ အာ..မရတော့ဘူး ၊ မရတော့ဘူး ၊ ဟင်းဟင်း ”
ကိုဘီလူး က ထိတ်လန် ့သွားပြီး ” ညီလေး..ဘာဖြစ်ရပြန်တာတုန်း ”
ကိုပေါက်ဖော် “ ကိစ္စက ထိပ်ဝ ရောက်နေလို့ဗျ.. ”
အဖော်ခေါ်မရသဖြင့် ပေါက်ဖော်တစ်ယောက် ၊ Toilet ဆိုင်းဘုတ် ရှိရာဘက် သို ့ကမူးရူးထိုး ပြေးသွားလေရာ လမ်းတွင် ထွက်ကျကုန်လေသတည်း…..))
ကိုပေရေ … နဲနဲလေး ထပ်ဖြည့်လိုက်တယ် 😛
ဇာတ်လမ်းက ကောင်းခန်းရောက်ပြီး လူတွေစိတ်ဝင်စားပြီဆို ဖြတ်ဖြတ်ချပစ်တယ် …. ဟွန့် လူဆိုး
ပေါက်ဖော်
November 2, 2011 at 9:24 pm
တော်သေးတယ်..
ချစ်လေးကယ်လို ့..
နို ့မို ့ဆို….ဘာသွားထုတ်လို ့ထုတ်မှန်းမသိနဲ ့..ပစ်မှားနေကြဦးမယ်..
🙄
alinsett
November 2, 2011 at 8:17 pm
ရသမြောက်သော စာလေးအတွက် ရေးသူ ကိုပေ…ကို ကျေးဇူးတင်ပါတယ်ဗျာ။
မြန်မြန် ဆက်ပါဦး။
ကိုပေက ဇာတ်ကို အရှိန်ရပြီ..ဆိုရင် ဆန့်ငင် ဆန့်င် ဖြစ်အောင်လုပ်ပြီ..။
အားပေးနေပါ့မယ်။
koyinmaung
November 2, 2011 at 8:48 pm
(ဇီဇာကြောင်သော လူပျိုကြီး (အပိုင်း-၁)- pan pan) မောင်ပေ ဒီပို့စ် ကိုသွားဖတ်လိုက်အုံး…
လမ်းမှာခလုတ်ဘယ်နှစ်ခါတိုက်မိသေးလဲ…