ည ...ပိန်းပိတ်အောင် မှောင်တဲ့ည ...
ကိုလိုနီခေတ် အဆောက် အဦများ ...
ထို အထဲမှ တစ်ခု ထိုတစ်ခုထဲမှ
အခန်း ၁ခန်း ... ပတ်ချာလည် သံတိုင်များ ..
နံရံ မျက်နှာကျက် ကြမ်းပြင် ကြားဝယ် စားပွဲတလုံးနှင့် လူ၂ဦး ...
တစ်ဦးက ယူနီဖောင်း ဝမ်းဆက် တစ်ဦးက အဖြူရင် ဝမ်းဆက်..
တိတ်ဆိတ်မှုကို ယူနီဖောင်းဝတ် အရာရှိက စတင် ဖြိုခွဲလိုက်သည်
ရှိ။ ကိုရင်ပေ ..
ပေ။ ဟုတ်ကဲ့ခင်ည ..
ရှိ။ ကိုရင် ရှေ့လျောက် ကောင်းကောင်းနေမယ်လို့ ကတိပြုနိုင်မလား..
ပေ။ (အရောင်လက်သွားသော မျက်ဝန်းတစုံ ကို ပေကလပ် ပေကလပ် လုပ်ကာ...) ဟုတ် ဟုတ်....
ရှိ။ ကောင်းပီလေ ...ဒါဆိုရင် ဒီ စာရွက်လေးတွေမှာ ဖြည့်ပါဦး...
(ဝါကျင့်ကျင့် ဘားပြာ စက္ကူတစ်ထပ် ကို ထိုးပေးရင်း)
ကျနော်တို့၏ဇာတ်လိုက်ကျော် ကပေမှာလည်း မနေသာတော့ဘဲ နီးရာ စက္ကူကို ဆွဲယူကာ
မေးသည့်အပုဒ် ကျက်ထားတဲ့ အပုဒ် ကွက်တိတိုးသော နှစ်ချို့ကျောင်းသား ဟန်နှင့်
အားပါးတရ ရေးတော့လေသည် ။ ထို့နောက် နောက်တရွက် ဖြည့်ရန်ကြည့်ရာ... ဟင်
ပေ။ အာစိ ...စာရွက်တွေက အတူတူတွေချည်း....
ရှိ။ လျှာမရှည်နဲ့ ဌာနတွေခွဲပို့ ရမှာ .... နင်တို့ ပါ့စ်ပို့ လုပ်တုန်းကတော့ ၄စုံဆိုလည်း ဖြည့် ၅စုံဆိုလည်းဖြည့်
ဘာသံမှ မထွက်ဘဲနဲ့ ..
ကိုရင်ပေလည်း ဇက်ကလေး ပုဝင်သွားကာ ...ဟုတ်ကဲ့ဟုတ်ကဲ့...
ထို့နောက်တွင်ကား ...မဟာဇနက ထုံးနှလုံးမူပီး ဆြာမ ဟိုဘက်လှည့်တုန်း
သဘောကောင်းသည့် ကျောင်းသူမလေးဆီက စာကူးချသလို ပထမစာရွက်မှ
ဒေတာများကို ထောင်းလမောင်းကျေ အောင် ကူးချလေတော့ သတည်း..
ပေ.။ဝှူး... ပီးပီ အာစိ... အားပါး အရွက် ၃ဝကျော်တောင် ...
ရှိ။ အေး ဟုတ်တယ် ...နင့်အကြောင်း ဝန်ကြီးဌာန အစုံ ပို့ထားမလို့ ဟ။
ပေ။ တိန်........
စင်စစ် ဆြာပေ ကား ခေသူမဟုတ်ပါချေ...
ခေတ်မကောင်းသဖြင့် ရူးချင်ယောင် ဆောင်ရင်း ခေတ်ကောင်းသော အခါ
သွက်သွက်ခါသွားရှာသူနှယ် ....သူထုတ်လုပ်သော ငွေစက္ကူများမှာ
အစိုးရထုတ် ငွေစက္ကူများထက် ၅မီလီခန့် ပိုရှည်နေတာ အာဏာပိုင်များ သိရှိသွားသဖြင့်
ယခု ကဲ့သို့ နံရံလေးဘက်ကြားရောက်ရသူတည်း ....
ထို ပိုက်ပိုက်များအား ပြန်လည် စီစစ် သိမ်းယူလျင်လည်း
(မည်မျှ စက္ကန် ပရင့် လုပ်ထားမှန်းမသိသဖြင့် )
အများပြည်သူ နစ်နာမှာ စိုးတာက တကြောင်း
ကိုယ်တိုင်လည်း မည်မျှ ပိုက်ဘော မိထားမှန်း လူသိမခံချင်တာကတကြောင်းကြောင့်
မည်သို့မျှ လိုက်လံသိမ်းဆည်းမှု ပြုမရဘဲ..
ကိုရင်ပေ ကိုသာ ဆန်ရင်းနာနာဖွတ် ရခြင်း သာဖြစ်တော့ သကိုး။
သို့သော် သုံးဆွဲသူ လူအများကြားတွင်မူ ကပေ့ ငွေစက္ကူများ မျက်နှာပွင့်လှသည်...
အတုမှန်း သိသိကြီးနှင့် ပင် ကပေ့ ပိုက်ပိုက်များကို မည်သူမဆို ဝမ်းသာအယ်လဲ
လက်ခံကြသည်ချည်းသာ ...ဟုတ်တယ်လေ ..သူရို့ ထုတ်တဲ့ ဆင်က အရောင်ကျွတ်တယ်
ကပေထုတ်တဲ့ ဆင်က ဆေးမကျွတ်ဝူး ထောင်မလဲ သဲလဲစင် ...ဒါမျိုးပြောတတ်သည့်လူ
ကလည်း မနည်း ...
အံမယ် ဆြာပေ လည်း ဈေးကွက်ကို မျက်ချေ ပြတ်မခံ ....သူ့လက်မှတ်ပါထိုးပီး
limited edition တွေ ဘာတွေ လုပ်လိုက်သေးသည် ...အချို့မြို့တွေမှာ သူ့လက်မှတ်ပါသည့်
ဆင် များကို အဆ ရာချီ လိုက်ပေးဝယ်ရာမှ ယခုကဲ့သို့ ပြသနာက စတော့သည် ...
ထိုင်နေ အကောင်းသား ဆြာပေ.... သို့သော် ဆြာပေ ကံကောင်းချေ၏ ...
ခုတလော လွတ်ငြိမ်းချမ်းသာခွင့်တွေ ခေတ်စားသည် မဟုတ်ပါလား...
ဆက်ပါမည်...
နောက်တနေ့ နံနက် ...မောနင်း ဂလိုရီ ၏
နေရောင်သည် ကပေ့ မျက်စိရှေ့တွင် ဖလမ်းဖလမ်းထနေ၏
ဝတ်လစ်စလစ် ကတ္တရာလမ်းမကြီး၏ ရောင်ပြန်ဟပ်မှု နှင့်အတူ
မျက်ချေးပွတ်ရင်း...."တောက် ..ကျိန်းလိုက်တဲ့ မျက်စိ...."
ထောင်ဗူးဝ ၏ရှေ့တွင် ပိုလို့မျက်စိကျိန်းစရာက ကပေ့ ကို စောင့်မျှော်နေလေသည်..
အနီရောင် .... တောက်တောက် ....ပြိုင်ကား ၁စီး ..သေချာသည် ဒါ ဖာရာရီ ....
ဘေးနားမှာ မာလ်ဘိုရို စီးကရက် ဖွာရင်း ကိုကာကိုလာ ဗူးခွံကို ဖနောက်နဲ့ပေါက်နေသော
အရပ်မြင့်မြင့် ရုပ်ဖြောင့်ဖြောင့် လူငယ်တယောက်
(အကုန်အနီတွေချည်းပဲနော့ ...ကျွဲ ရှိရင် သည်လူ မလွယ်ဘူး ...ဟု တွေးလိုက်စဉ်..)
အင် ဒါ....ဒါ ....
နှုတ်ခမ်းလေးကွေးယုံမျှ လူငယ်က ပြုံးလိုက်သည်။
ကပေ မှတ်မိစေရန် အလို့ငှာ တပ်ထားသော ဂူချီ မျက်မှန်ကို ချွတ်လိုက်လေသည် ...
"အလို ......"
ကိုကာကိုလာ ဗူးခွံပေါ်က ဂျော်ဂျီယို အမားနီ ဖိနပ်ကို ပြန်ရုတ်ရင်း ကိုယ်ကိုမတ်မတ်ဖြစ်အောင် ရပ်ကာ...
"ကျုပ်ပါ ဆြာပေရဲ့ ...."
"ဟာ ...."
ကပေ မှတ်မိသွားပီ ...သည် အခွက်နှင့် သည် လေကျကို ...
လူငယ်ကတော့ အေးအေးလူလူပင် dolce & gabbana ရှပ် ကော်လာကို ထောင်လိုက်ရင်း...
"ခင်ဗျာ့ ဘော်ဒါ အင်ဇာဂီ ရယ်ပါဗျ ..."
ပေ။ နင် ..နင် ..အရှေ့ ကျွန်းမှာ သောင်တင်နေတာ ဆို ...ဒါ ဒါကြီးတွေက...
ဇာ။ ညှင်း...ညှင်း..... ဒါကသည်လိုရှိတယ်လေ ဆြာပေရယ် ...
ပေ။ အင်း လုပ်စမ်းပါဦး ...
ဇာ။ အေးဆေး ပေါ့ဗျာ ကားပေါ်တက်ဦးဗျ ...ပီးမှ အေးဆေးပြောတာပေါ့...
ပြီး.. ဆြာသမား ကို ပြုစု ရဦးမယ်
ပေ။ အင်း...အင်း ...(ဒင်းက သိပ် ယုံရတာမဟုတ်ဘူး ...ဘာတွေ ကျပ်ဦးမလဲ မသိဘူး...)
ကားပေါ်တွင် ကပေ့အကြိုက် လေဒီဂါဂါး သီချင်းသံက ငြိမ့်ငြိမ့်လေး ပျံ့လွင့်နေသည်
ပေ။ (သည်ကောင်လေး သည်လိုတော့လည်း အလိုက်သိသား....)
သိချင်စိတ်ကို မထိန်းချုပ်နိုင်တော့ ....
ပေ။ နင် ဒီကားကြီး ဘယ်က ဘတ်လာတာတုန်း...
ဇာ။ အာ ...ကပေကလည်း လုပ်ရော့မယ် ဒါကျနော့်ကားဗျ။ ...
ပေ။ ငါသိသလောက် သည်မှာ ဒါမျိုး ၁စီးပဲရှိတာနော်...
ဇာ။ ဟုတ်ပါ့ဗျား....အဲ့ရာ အဲဇလုံက ခေတ်ပျက်သူဌေးကြီးစီးတာလေ...
ပေ။ အင်း ..အဲ့ရာ နင့်လက်ထဲဘယ်လိုရောက်လာတာတုန်း...
ဇာ။ သည်လိုဆြာပေရ ... ကျနော် အရှေ့ကျွန်းမှာ ကြိုးကြိုးစားစား ဘယ်လောက်လုပ်လုပ်
လူမွေးလူရောင် မပြောင်နိုင်မှန်းသိပီးသကာလ ...သည်ကိုပြန်ပီး အလုပ်အသစ် နဲ့ အလစ်သုတ်
အဲ့လေ.. ယောင်လို့ ...အသက်မွေးဝမ်းကျောင်းပြုတယ်ခည...
ပေ။ အင်း လင်းစမ်းပါဦး နင်က ဘာလုပ်တတ်လို့တုန်း...
ဇာ။ ကျနော့်အလုပ်က စလုံးဆိုတဲ့ ကျွန်းငယ်လေးမှာ ကာစီနိုသွားသွား ကစားတဲ့ ခေတ်ပျက်သူဌေးတွေကို
ပရိုက်ဘိတ် ဘလက်ဂျက် ကို့ချ် (Private Blackjack Coach)လုပ်တာဗျ...
ပေ။ အော် ...အံကိုက်ပါလား ..(အေပေးလေး ..ကျောင်းတုန်းက ဘယ်လောက်တောင် ကမြင်းကျော ထတယ်မသိဘူး..)
ဇာ။ အင်း ဆက်ရရင် ကျနော်က ကိုယ့်အလုပ်ကိုယ် သိပ်တန်ဖိုးထားတာကလား ....အလုပ် ကလည်း ကံနဲ့ သိပ်ဆိုင်
တဲ့အလုပ် ဆိုတော့ ကရော်ကမယ် လုပ်လို့ ရဘူးလေဗျာ.. အဲ့တော့ ကျနော် က ဗမာပြည်တခွင် ပြဲပြဲစင်အောင်
နာမည်ကြီးတဲ့ ဘိုးတော် ဖက်တီးဆီ ကပ်ရတာပေါ့ဗျာ...ယတြာလေး အဆောင်လေး လက်ဖွဲ့လေးတွေလည်း လုပ်
ကျနော့်တတ်သိပညာလေးနဲ့ပါ ပေါင်းစပ်လိုက်တော့ အဟဲ ....
ပေ။အာ... တယ်..လျှာရှည်တဲ့ကောင် ..ကားကိစ္စပြောပါဆို...
ဇာ။ (စိတ်မရှည်ဟန်ဖြင့် ..) အေးဗျာ ...အဲ့ရာဗျာ ...အဲဇလုံ သူဌေးကြီးက ကြက်စွပ်ငှက်စွပ်နဲ့ ကာစီနို မှာ အကြီးအကျယ်
နိုင်ပါရောလားဗျာ..ကျုပ်ကို လွှတ်ကျေးဇူးတင်တာကတကြောင်း ဘိုးတော်ဖက်တီး ကလည်း
သူ့ကို ဆြာသမားတွေကို အနီရောင် တခုခု လှူဓါန်း ရမယ်
စီးပွားတက်ရင် ကျန်းမာရေးထိတတ်တယ် နောက်တခါ ပုဇင်းဖင်ကြားညှပ်ပျံလို့ ပြုတ်ကျသေရင်
ငါ အာမ မခံဘူး ရယ် လို့ အမိန့်တော် ချမှတ်တာတကြောင်း ....
ပေ။ အဲ့တော့ ..နင့် သည်ကား ပေးလိုက်တယ်ပေါ့....ဟုတ်စ...
ဇာ။ ညှင်း..ညှင်း...ညှင်း... နိုးနိုး ဆြာပေ ..ကျနော်က သည်လူတွေရဲ့ နိုင်ကြေးရဲ့ ၃၀% ကိုယူတဲ့ coach ဗျ....
သည်တော့ကာ သူ့ငွေနဲ့ သူ့ကားကို စတိ ပေးပြီး ...ပြန်ဝယ်လိုက်သပေါ့ ...
ခုနောက်ပိုင်းတော့ဗျာ ...သည်ဘဲကြီး ရဲ့ အဲဇလုံကြီးမှာ သူ့ငွေနဲ့ ပိုက်ပိုက်ပြန်ထည့်ပီး....ရှယ်ယာ ဝင်လိုက်သဗျ..
ပီး နိုင်ဂျံဂါးမှ အထင်ကြီးကြတဲ့ ခေတ်ပျက်သူဌေးတွေ မက်ဒီကယ်လ်ချက်ကပ် ဗိုက်ကပ် ကပ်ချင်ရာကပ် ...
အာစီယံ ဒေသတွင်း ..ခေါက်တို စင်းလုံးငှား ပြေးစားတယ်ဗျာ ... ဟုတ်ပီလား..
ပေ။ နင့် စီးပွားရေးကလည်း ...ဆံထုံးရော ဆီရော သူများဟာနဲ့ နင် အတော် ပင်ပန်းဦးမယ်..
ဇာ။ အာ ...အဲ့လိုမပြောနဲ့လေ အာစိ ရဲ့ ...ဦးနှောက် ဗျ ဦးနှောက် ....(သည်လူ့နှယ့် ဝေးထှာ ဟူသော မျက်နှာပေးဖြင့်)
ပေ။ ဟုတ်ပါပီ နင် သည်လောက် ဘာမှ လုပ်စရာမလိုဘဲ စီးပွားတက်နေတော့ အားယားနေမှာပေါ့...
ဇာ။ အဟား. ..အားတော့ မအားဝူး ဆြာသမားရေ့... ဝါဒနာအရ ဒါ့ပုံလျောက်ရိုက်ရသေးတယ်ဗျ...
မျက်နှာသစ် မော်ဒလယ်လေးဒွေ သူရို့ လေယာဉ်မယ်လေးဒွေကို စင်တင်ပွဲထုတ်ပေးနေတဲ့ ဒါ့ပုံဆြာက
ဘယ်သူလဲ သိလို့လား ..အဟစ်အဟစ်...
အွန်လိုင်းက နာမည်ကျော် မောင်သူရဲ တို့ ဒေါက်တာ ဂျက်ဂျီး တို့တောင် ကျနော့်ဆီ ကြိုတင် ဘိုကင် တင်ကြရတယ်ဗျ
ပေ။ အော် .....ဒါတွေကျတော့ အချိန်ပေးလုပ်သလား ...
ဇာ။ ဒါလည်း စီးပွားရေးလေဗျာ ...ပိုက်ပိုက်ရတယ်ဗျ .....ခစ်ခစ် ....ဟိုစတင်တွေ မူပိုင်တွေ လွိုင်ရယ်လတီဖီး တွေနဲ့
အတော် တွက်ခြေ ကိုက်တာကလား ...
အဲ့ဒါတွေထား .. သည်နေ့ ..အာစိကို လာခေါ်တာ စီးပွားရေး အသစ် စမလို့ဗျ....ဘယ့်နှယ့် ဆြာသမား စိတ်ဝင်စားရဲ့လား
ပေ။ ပြောစမ်းပါဦး နင့်စီးပွားရေး ...
ဇာ။ သည်လို ဆြာသမားရဲ့ ........ကျနော်တို့ ငယ်စဉ်တောင်ကြေး ခေးဘွ တုန်းက ရွာမှာ ပုဆိုးလေးတွေ ကွင်းသိုင်းပြီး......
ပေ။ ဟေ့ကောင် ....မင်း အရှည်ကြီး ရစ်မနေနဲ့ကွာ ....မိုးမလင်းသေးဘူး ...ထွေနေပီလား ...
ဇာ။ အာ ...ကပေကလည်း အဲ့က စပြောမှ ဇာတ်ရည်လည်မှာမို့ပါ တား က အလတ်ကြီးပါ ....ဂေ့.....
ပေ။ ဝှူး ..(မေးမိတာ ငါ့အမှား ...) ..ပြောလကွာ...ဒါဆိုလည်း
ဇာ။ အင်း အဲ့သည့် ကွင်းသိုင်း...အာ ....အဲ့တုန်းကလေ ...ခင်ဗျားမှတ်မိလား ...ခေါင်းပေါင်းကြီးနဲ့....နှုတ်ခမ်းမွေးကားကားလူကြီးလေ
အဲဗား ..ကွမ်းစား နဲဗား ဝမ်းမသွား တဲ့ မျက်နှာပေါက်ကြီးနဲ့လေ ....၂လုံး၁ပြူးကြီးကိုင်တယ်လေဗျာ ....အဲ့ ..အဲ့ဒါကို ဘယ်လိုခေါ်ရပါလိမ့်
အခေါ်အဝေါ် .....အင်း ...ကြာပီဆိုတော့ မေ့ပီဗျ ...အဲ့လူကြီးကို ဘယ်လိုခေါ်တယ်ဆိုတာ ....
ပေ။ ဟ ...အဲ့ဒါ သဂျီးပေါ့ဟ ...ငါ့ကောင်ရ .....
ဇာ။ gotcha... ဟုတ်ပ. ဟုတ်ပ...အဲ့ သဂျီး ကစပြောရမယ်....
ပေ။ သဂျီးက ဘာဖစ်တာတုန်း..ပြောစမ်းပါဦး....
ဇာ။ သဂျီးက သဂျီးမဟုတ်တော့ဘူး ကိုယ့်လူ ..... အခု အမေရိကား ရောက်ပီး ကြီးပွားနေပီ...
လာ့စ်ဗေးဂတ်စ် ဆိုတဲ့ ကာစီနို မြို့တော်ကြီးမှာ ..မန့်သ်လေးဘေး ဆိုတဲ့ ဟိုတယ်ကြီးကို
ပိုင်တဲ့ ...မိုက်ကယ်လ် သဂျိုင်ခီး ဆိုတဲ့ ပုဂ္ဂိုလ်ဟာ သူပဲဆြာ....
ပေ။ ဟာ ...တယ်ဟုတ်ပါလား ..ဒါမှ ငါတို့ရွာက သူကြီး ...အဲ့ဆက်စမ်းပါဦးကွ ...သူက ဘာတဲ့တုန်း..
ဇာ။ (ကိုရီးယားကားတွေလို အရေးကြီးသော စကားမပြောခင် အင်တင်တင်လုပ်သည့်အထာဖြင့်...)
နှုတ်ခမ်းထောင့်တွင် မာလ်ဘိုရို ကိုတေ့လိုက်သည် ....ထောက်ခ်......
မီးခိုးလုံးများအား ကပေ့ဘက် ကို မှုတ်ထုတ်ပီး ကပေ့ကို တလုံးချင်းပြောချလိုက်သည်ကား ....
"အရေးကြီးတဲ့ အလုပ် တခုအတွက် ကျ နော် တို့ ၂ ယောက် ကို သ ဂျီး က အ လို ရှိ နေ တယ် က ပေ..."
Post Views: 335
30 comments
koyinmaung
November 1, 2011 at 10:05 am
တတ်လဲတတ်နိုင်ပါပေ့ အင်ဇဂီရေ…..
အားပေးနေပါတယ်….
ပေါက်ဖော်
November 1, 2011 at 10:09 am
ဒါရိုက်တာပေနဲ ့..ဒါရိုက်တာဇာ ပါလား..
ရိုက်ချက်လေးတွေ စောင့်ဖတ်ပါဦးမယ်……
သဂျီးအလိုရှိနေတာ ထိပ်တုံးခတ်ဖို ့တော့် မဟုတ်လောက်ပါဘူးနော့်
🙄
Moe Z
November 1, 2011 at 10:27 am
ဘာအလုပ်လဲဟင် ???
ကိုပေကသနားစရာပါလား 🙂
inz@ghi
November 1, 2011 at 10:28 am
ကပေ က မင်ဂါဆောင်မှာ ပန်းကုံးကြီးနဲ့ ဖမ်းမိသွားတာကိုး …
အဲ့ရာ …အင်ဇာဂီ က သနားလို့ ပြန်ထုတ်ပေးလာတာ…
အလုပ်ကတော့ အလုပ်ကြီးအလုပ်ကျယ်ပေါ့ ကွယ် ….မိုးဇက်လည်း ပါတယ် ခစ်ခစ်…
Moe Z
November 1, 2011 at 10:36 am
Oh my Buddha !!
မိုးစက်ကဘယ်လိုဖြစ်ပြီး ပါသွားတာတုန်း
သဂျီးကို မီးမီးကြောက်ကြောက် 🙁
windtalker
November 1, 2011 at 12:10 pm
အို မိုးလေး က ကိုယ့်ကို သနားဒယ် ဆိုတာ သိလိုက်ရလို ့
ကိုယ် ရှင်ပျော်ပါဘီ ကွာ
ဟိုကောင်လေ အခု သူ ့ဟာသူဖော် ဘိုသူတော် လုပ်လိုက်ပီ သိလား
ကိုစနေ တို ့ကိုချက်တို ့ဆီမှာ တင်သမျှ ဒါ့ပုံ မှန်သမျှ သူ ့လက်ရာတွေ ချီးဘဲ တဲ့
ဒါကြောင့် ၊ ကြည့်ရတာ ရေငတ်ပါတယ်ဆို
inz@ghi
November 1, 2011 at 12:19 pm
ဟိုးထား ကိုယ့်ဆြာ ပေ့…..
ဝတ္ထုကို ဝတ္ထုလို ဖတ်ပါခင်ည…
ဒဂယ် လုပ်မှတော့ ရေးပါ့မလားဗျ…
ဘာလဲ အပြင်မှာ ကောင်းကောင်းနေချင်ဝူးလား…
အထဲပြန်ထည့်ပလိုက်ရမား …
ဆက်ရန်တွေရှိသေးတယ်ဗျို့…
မှော်ဆြာ အဘ ကနက်ချော မိုးဇက် သင်္ဘောသီးတွေနဲ့ ကြောင်ညီနောင်တွေ ပါလာဦးမှာ
အခန်းဆက် …အဟီး…
pan pan
November 1, 2011 at 10:53 am
ကိုပေ့ငါးထောင်တန်တော့ တော်တော်သဘောကျတယ်
သူ့လုပ်တဲ့ ပိုက်ပိုက်ရဲ့ စက္ကူသားကလည်း တော်တော်ကောင်းတယ်လေ
ဒါနဲ့ ကိုဇာကြီးပွားနေတာလား
ကြီးပွားရင် ရွာကဘော်ဘော်တွေကိုလည်း မမေ့နဲ့ဦးနော
အကြီးပွားလွန်နေရင် သဂျီးဆီမသွားခင်မှာ အိုက်ပက်ကလေးတစ်လုံးလောက်
လူကြုံနဲ့ပို့ပေးလိုက်ပါ
ဒါမှမဟုတ် ကိုဇာရဲ့ အိုင်ဖုန်းလေးတစ်လုံးလောက် စွန့်ကြဲပါ 😆 😆
inz@ghi
November 1, 2011 at 12:53 pm
ဝတ္ထုထဲမှာတင် ကြီးပွားတာပါကွယ် ….
အထင်မကြီးပါနဲ့ …
windtalker
November 1, 2011 at 1:02 pm
မရဘူး ဆ
ဂေဇက်မှာက ဒါဆို ဒါဘဲ
နောက်ကျသွားပြီ မောင်ရေ
ပေးလိုက်တော့ အိုင်ဖုန်း တစ်လုံး
ဟီဟိ
nature
November 1, 2011 at 10:59 am
MoeZရေ။ မကြောက်ပါနဲ့။ ၁၁ ယောက်ဆို နောက် ၉ယောက်ကျန်သေးတယ်။ ကိုပေနဲ့ အာဂ ကအဓိကဇာတ်လိုက်ဖြစ်လိမ့်မယ်။ ဒါထက် စကာမစပ် ဓါကပုံရိုက်ဖို့ အကူလိုရင်ပြောနော်။ 🙂
inz@ghi
November 2, 2011 at 7:59 pm
နေချာ့ ကို ဘယ်အခန်းကထည့်ရပါ့ …..
Foreign Resident
November 1, 2011 at 11:21 am
တတ်လဲတတ်နိုင်ပါပေ့ အင်ဇဂီရေ…..
inz@ghi
November 1, 2011 at 11:24 am
အဘလည်း ပါမှာဗျ….
အတိအကျပြောရရင် အဘနဲ့ သင်္ဘောသီး ၂လုံး …
ကြောင်ကြီး
November 1, 2011 at 11:36 am
သဂျီးက ဒါမျိုးကြီးလား။ သတိထားနော်။ သူက သိပ်သန်တယ်ပြောတယ်။
windtalker
November 1, 2011 at 12:25 pm
တော်သေးတာပေါ့ ။ သဂျီးဆီကို သွားတုန်းက
အနော် မလိုက်သွားလို ့
ထင်တော့ ထင်ပါတယ်
ဆဇာ ပြန်လာတော့ ကွတ ကွတ နဲ ့
ဘာဖြစ်လာတာလဲ မေးတော့လဲ ပြန်မဖြေဘူး
မျက်နှာကြီး ရဲလို ့
နောက်မှ သိရတာ
သဂျီးဆီ မှာ သေချာ ခံပေးခဲ့ရလို ့တဲ့
ဟိုက် ဘာခံ ပေးခဲ့ရတာလဲ ဆိုတော့
သဂျီး က ဂေဇက်ဝင်တွေ ဆီ အလှူခံ ထွက်ခိုင်းတာကို အလှူလိုက်ခံပေးခဲ့ရတာတဲ့
အဲဒါ ပေါင်တွေကို ညောင်းတောင့်ပြီး ကွတ ကွတ ဖြစ်ပါလေရာတဲ့
တော်ပါသေးရဲ ့လို ့
တော်ကြာ အနော်ပါ ဘုရားလူကြီး လို ပုံ ဖမ်းနေရမှာ..နော
ဟီဟိ
Diamond Key
November 1, 2011 at 1:47 pm
မန့်မလို့ဟာ၊ မန့်ရဲတော့ဘူး၊ တော်ကြာ မှော်ဆြာ အဘ ကနက်ချော မိုးဇက် တို့နဲ့ ရောရက်ပြီး စူပါမန်း ဖြစ်နေရအုံးမယ်။ အမေရိကား ရောက်ပီး ကြီးပွားနေသူ၊ လာ့စ်ဗေးဂတ်စ် ဆိုတဲ့ ကာစီနို မြို့တော်ကြီးမှာ ..မန့်သ်လေးဘေး ဆိုတဲ့ ဟိုတယ်ကြီးကို ပိုင်တဲ့ …မိုက်ကယ်လ် သဂျိုင်ခီး ရေ၊ ဖတ်ပြီးရင် မန့်လေး ဖျက်ပေးပါ။ တော်ကြာ ပြိုင်ကားစီး . မာလ်ဘိုရို စီးကရက် ဖွာ၊ ကိုကာကိုလာ သောက်နေတဲ့ ဟို အရပ်မြင့်မြင့် ရုပ်ဖြောင့်ဖြောင့်လူ အချူပ်ထဲ ရောက်တဲ့ အကြောင်းတွေ မရေးခင်နော်။
inz@ghi
November 1, 2011 at 1:52 pm
ဆြာကီး
ဆြာကီးလည်းပါတယ်ဗျ …ကိုယ့်လူရင်းတွေ ပစ်မထားပါဘူး….
ကျန်ပုဂိ္ဂုလ်တွေ အထဲရောက်စရာ အကြောင်းမရှိပါဘူးဗျ….
ကပေ့သာ သူ့စာထဲမှာ အထဲထည့်ထားလို့ တနားလို့ ပြန်ဆွဲထုတ်ပေးတာ …
manawphyulay
November 1, 2011 at 2:28 pm
တဂျီးက သေနတ်ထမ်းဖို့နဲ့ သူ့နောက်လိုက်ဖို့အတွက် အလိုရှိနေတာဖြစ်မယ်။ ရေးလည်းရေးတတ်ပါ့။ ဆက်လက်အားပေးနေမယ်နော်။
kai
November 2, 2011 at 4:20 am
မန့်သ်လေးဘေး ဆိုတဲ့ ဟိုတယ်ကြီးကို ပိုင်တဲ့ …မိုက်ကယ်လ် သဂျိုင်ခီး ဆိုတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်သူလဲဟင်ငင်..
အဲဒီဟော်တယ်.. တည်းချင်လို့..။
weekend ဆို.. ၂၀ဝလောက်ရှိတာ..
အသိဆိုပြီး.. တညတည်းရမနည်းဘူး.. အာဟိ..။ 😆
nozomi
November 2, 2011 at 9:54 am
နောက်ဆုံးသိရတဲ့ သတင်းက ကိုပေထုတ်ထားတဲ့ ပိုက်ဆံတွေကို အိတ်လိုက် သူကြီးဆီး ပို့နေရတယ်တဲ့
ရွာထဲမှာ ပွိုင့်တွေလဲ တိုးပေမယ် (ပို့စ် တစ်ပုဒ် တသိန်း) သိန်းတစ်ထောင်ပြည့်တာနဲ့ ကိုပေ့ ပိုက်ဆံတွေနဲ့ ပြန်ရှင်းပေးမယ် လို့ သတင်း အတိအကျ ရထားပါသည်
inz@ghi
November 2, 2011 at 9:56 am
အားနာတယ် ကိုနိုဇိုးမိ ရေ …
သည်ဇာတ်မှာ လူစွမ်းကောင်း ၁၁ယောက် ပြည့်သွားလို့ ဘရာသာ့ ကို ဇာတ်ပို့ အနေနဲ့ပဲ သုံးလိုက်ရတယ်…
ဒုတိယပိုင်း တင်ထားတယ် အားပေးပါဦးနော့်…
ခင်တဲ့
Guy Inz@ghi
MaMa
November 2, 2011 at 3:11 pm
၃ယောက်ပေါင်း လောင်းကျော်ဆိုတာ မောင်ပေ၊ မောင်ပေါက်၊ မောင်ဇာတို့ကို ခေါ်တာထင်ပ့ါ 😉
ဒါတောင် နက်ထဲမှာ နော်။ အပြင်မှာများ ဒီ ၃ယောက် တွေ့ကြရင် ဘယ်လိုနေမယ်မသိ :p
ဘာပဲဖြစ်ဖြစ် ခပ်သွက်သွက်နဲ့ ဖတ်လို့ကောင်းပါတယ်။ 😀
MaMa
November 2, 2011 at 3:11 pm
၃ယောက်ပေါင်း လောင်းကျော်ဆိုတာ မောင်ပေ၊ မောင်ပေါက်၊ မောင်ဇာတို့ကို ခေါ်တာထင်ပ့ါ 😉
ဒါတောင် နက်ထဲမှာ နော်။ အပြင်မှာများ ဒီ ၃ယောက် တွေ့ကြရင် ဘယ်လိုနေမယ်မသိ :p
ဘာပဲဖြစ်ဖြစ် ခပ်သွက်သွက်နဲ့ ဖတ်လို့ကောင်းပါတယ်။ 🙂
etone
November 2, 2011 at 3:50 pm
အတော်ရယ်ရတယ် တတ်လည်း တတ်နိုင်တာပဲနော်
အလကားနေရင်း သချိုင်ဂီးတောင် ဟိုတယ်ပိုင်နေပါပကောလား 😛
inz@ghi
November 2, 2011 at 7:49 pm
မမအိတုံ လည်းပါမှာဗျ …..
လူစွမ်းကောင်း ၁ယောက် ဒါမှမဟုတ် ၂ယောက် နဲ့
ဗီလိန် ၁ယောက် နဲ့ပါတ်သတ်ပီးကို ပါမှာ ….
ဘယ်လူစွမ်းကောင်းကြိုက်လဲ ရွေးထားနော့်…
Koyin Sithu
November 2, 2011 at 3:54 pm
ကိုဇာဂီရေ… အတွေးသွက်သွက်နဲ့
ရေးချက်ကိုတော့ ကြိုက်ပါ့.. အပြင်မှာတော့
ပေါက် ပေ လူး ဂီ အဖွဲနဲ့.. တို့ သင်္ဘောသီးအုပ်စုနဲ့
တွေ့ပြီး.. အပြတ်နှံ့လိုက်လို့ကတော့.. ဟင်းနော်..
ကိုဇာရေ.. မမက သဘောကျနေလို့ ကွန့်မန့်နှစ်ခုတောင်
ဆက်တိုက်ပေးသွားတယ် ဟိဟိ 😀
inz@ghi
November 2, 2011 at 7:47 pm
ကျနော်ပြောထားသလို အဘနဲ့ သင်္ဘောသီး ၂လုံး ပါမယ်ဗျ….
အလုံးအကြီးက ကို အီးတီ
အလုံးအငယ်က ကိုရင်စည်သူ ..
စိတ်မဆိုးရဘူးနော့်…..
အီးတီ
November 4, 2011 at 3:23 am
စိတ်မဆိုးရဘူးနော့်…..ဆိုတော့ သင်္ဘောသီးတွေ ဗီလိန် ထင်ပါရဲ ့။ အပေါ်က ကောမန် ့မှာ
တွေ ့လို ့ပါ။ မနောက်နဲ ့နော်။ ပြန်ရောက်ရင် ဘီယာဝယ်တိုက်မယ်။
inz@ghi
November 4, 2011 at 4:01 am
င်္သင်္ဘောသီးတွေ ဗီလိန်လုပ်တာ မြန်မာဗီဒယို တွေပါဗျ..
ပို့စ်မော်ဒန် စာရေးဆြာ အင်ဇာဂီကတော့ သင်္ဘောသီးတွေကို ဇာတ်လိုက်နေရာမှာထားပါတယ်…
ဟီး….