ထားဝယ်ရေနက်ဆိပ်ကမ်းကြီး အမှန်တကယ် ဖြစ်ထွန်းတိုးတက်မည်လော

E.TNovember 1, 20111min33317

ထားဝယ်ရေနက်ဆိပ်ကမ်းကြီး အမှန်တကယ်ဖြစ်ထွန်း တိုးတက်မည် မတိုးတက်မည် တော့မသိ၊ ထားဝယ်မှ မြေဈေးများကတော့ ထိုးတက်သွားပါသည်။ သတင်းကလည်း မြန်မှမြန်…သိတယ်မှတ်လား သတင်းခေတ်ကိုး။ ယခုပဲ နေပြည်တော်မှာ သတင်းထုတ်ပြန်တယ် ထားဝယ်မှာ မြေဈေးတွေက တက်နေပြီ။ သတင်းထုတ်ပြန်အပြီး ရွာသူ၊ ရွာသားများ နေပြည်တော်မှ လေယာဉ်ဖြင့် ထားဝယ် သို ့ မြေကွက်ဝယ်ရန် လိုက်သွားရင်တောင် မှီမည်မထင်။ ဒီကြားထဲ အကြားအမြင်ရ၍ မြေကွက်ကြိုဝယ်ထားသူတွေကလည်း ရှိသေးသည်။ အပြောင်းအလဲမှာ အပေါင်းအသင်းကောင်းသူများကတော့ ပွပေါက်ပေါ့။

ကျွန်တော်တို ့ မြန်မာနိုင်ငံ နေရာအနေအထားက နေရာကောင်းဗျ။ မယုံရင် ကမာ္ဘမြေပုံကိုကြည့်၊ အရှေ့ အလယ်ပိုင်းကြီးမှာ။ သိတယ်မှတ်လား ကမာ္ဘအလယ်က မြန်မာလေ။ ဝမ်းနည်းစရာက ဖွံဖြိုးတိုးတက်ဆဲ နိုင်ငံ ဖြစ်နေတယ်။ လွန်ခဲ့တဲ့ နှစ် ၂ဝ လောက် ကထဲက ကြိုးစားပမ်းစား လုပ်ခဲ့ရင် အခုအချိန်မှာ မြန်မာဟာ ကမာ္ဘအလယ်မှာ လက်မထောင်လို ့ရနေမှာပါ။ အခုတော့ ကမာ္ဘမှာမြန်မာဆိုရင် နှာခေါင်းရှုံ ချင်ကြပါတယ်။ ဝေးဝေးမကြည့်နှင့် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်လိုကောင်ကိုတောင် ဆရာတင်ထားရတာသာကြည့်။ ကျွန်တော့်အမြင်မှာတော့  မြန်မာက တရုတ်ကို ကုန်သွယ်မှု အပိုင်းမှာ ကောင်းကောင်းကြီး လုပ်စားလို ့ရပါတယ်။ တရုတ်ရဲ့ ပင်လယ်ဆိပ်ကမ်းမြို ့တွေကရှေ့ ဘက်ခြမ်းမှာပဲရှိတာပါ။ ကျွန်တော် ၂၀၀ရ ခုနှစ်တုန်းက ရေနံတင်သင်္ဘောမှာ အလုပ်လုပ်ဘူးတယ်ဗျ။ သွားတာကတော့ ဒူဘိုင်း-တရုတ်၊ တရုတ်-ဒူဘိုင်း ပေါ့။ စင်္ကာပူ ကတော့ အသွား၊ အပြန်တိုင်း ဝင်တယ်။ မြန်မာနိုင်ငံ ကိုကိုးကျွန်းကြီး အောက်နားကလည်း အမြဲဖြတ်သွားတယ်။ တကွေ ့တပတ်ကြီးသွားရတာဗျ။ အခု တရုတ်တွေ မြန်မာနိုင်ငံကို မျက်စိကျနေပြီ။ စစ်တွေရေနက်ဆိပ်ကမ်းကနေ ရေနံတွေကို သူတို ့နိုင်ငံကို သွင်းလို ့ရအောင်လုပ်နေပြီ။ တရုတ်ကတော့ တော်တော်သက်သာသွားမှာဗျ။ တရုတ်တွေက မြန်မာနိုင်ငံကို သူတို ့နိုင်ငံရဲ့ အနောက်တံခါးပေါက် အဖြစ်အသုံးချချင်နေကြတယ်။ တရုတ်အဘို ့ကလည်းမဟာအခွင့်အရေးကြီးပဲလေ။ အဲဒီ အခွင့်အရေးကို မြန်မာတွေ ကောင်းကောင်းအသုံးချနိုင်ရင် ကောင်းမယ်။ စစ်တွေရေနက် ဆိပ်ကမ်း နှင့် ထားဝယ်ရေနက် ဆိပ်ကမ်း ကြီး ဆောက်လုပ်ပြီးစီးသွားရင် ရလာမယ့် အခွင့်အလမ်း၊ စီးပွားရေး နှင့် အလုပ်အကိုင်တွေက နည်းမှမနည်းပဲ။

 

တရုတ် ဆိပ်ကမ်းလေးပါ

 

ကရိန်းများတာကို ပြချင်တာပါ

 

ဆိပ်ကမ်းမြို ့လေးပါ

 

ဓာတ်ပုံထဲက ဆိပ်ကမ်းကတော့ တရုတ်နိုင်ငံ၏ ဆိပ်ကမ်းမြိ ု့လေးတစ်မြိ ု့ပါ။ ဆိပ်ကမ်းက ပုံမှာပါတာထက် ၅ဆ လောက်ပိုကြီးပါတယ်။ သင်္ဘောတွေနှင့် ဆိပ်ကမ်းမှ ကရိန်းတွေ ကတော့များမှများပဲ။ မြိ ု့လေးသာပြောကတာ ရန်ကုန် နှင့် နေပြည်တော်ထက်တော့ သာပါတယ်။ ဆိပ်ကမ်းဆိုရင်လဲ မြန်မာနိုင်ငံမှာရှိတဲ့ ဆိပ်ကမ်းအားလုံးပေါင်းရင်တောင် ပုံထဲမှာပါတဲ့ ဆိပ်ကမ်းကို မှီမည်မထင်။ မြန်မာနိုင်ငံမှ ကရိန်းအားလုံးပေါင်းရင်တောင် ပုံထဲမှာပါတဲ့ ကရိန်း အရေအတွက်ကို မှီပါ့မလား။ ( သိသူများ ကောမန် ့ပေးကြပါ။) အဲဒါမှ ပွိုင့် ရမှာကိုး။ ပင်လယ်ကူး သင်္ဘောတွေမှာ ကုန်ထည့်လို ့ရတဲ့အပေါက် ၄ ပေါက်ကနေ ၁၁ ပေါက်ထိ တွေ ့ဘူးပါတယ်။ ကျွန်တော်တို ့ သင်္ဘောက ကုန်ပေါက် ရ ပေါက်ပါ။ ကျောက်မီးသွေး နှင့် သံမြေကြီး တင်ပါတယ်။ ကုန်တင်၊ ကုန်ချတာကတော့ မြန်သလားမမေးနဲ ့ တစီးလုံးက ကုန်တွေချတာ အလွန်ဆုံး ၂ ရက် ပဲကြာပါတယ်။ တခါတလေ ၁ ရက်ခွဲပဲ ကြာတယ်။ မြန်မှာပေါ့ ကုန်ပေါက် ရ ပေါက်ကို ကရိန်း ၆ ချောင်းနဲ ့ အလုပ်လုပ် တာကိုး။ တခါတလေ ၁ ပေါက်ထဲကို ၂ ချောင်းနဲ ့ လုပ်တယ်။ ကရိန်းနဲ ့ အလုပ်လုပ် တာကိုပြောတာပါ။ ဆိပ်ကမ်းက သင်္ဘောကိုပေးတဲ့ ဝန်ဆောင်မှုပေါ့။ အခုခေတ်မှာ သင်္ဘောငှားခကလဲ နည်းမှမနည်းပဲ။ သင်္ဘောကို ငှားပြီးအလုပ်လုပ်တဲ့ သူတွေကလည်း မြန်မြန် အလုပ်ပြီးချင်ကြတယ်။ အဲဒါမှ ကုန်နောက်တကြောင်း ဆွဲလို ့ရမှာကိုး။ ဆိုလိုတာက အလုပ်လုပ်တာ အရမ်းမြန်တာကို ပြောတာပါ။

နောက်တခုက ရုံးလုပ်ငန်းပိုင်းပါ။ စင်္ကာပူ က သွင်းကုန်၊ ထုတ်ကုန် လုပ်ငန်းတွေက အရမ်းမြန်ဆန် ပါတယ်။ ကိုရွှေမြန်မာတွေက ရုံးလုပ်ငန်းပိုင်းဆိုင်ရာတွေ မြန်မြန်ဆန်ဆန် လုပ်နိုင်ပါ့မလား မသိ။ အလုပ်ကိစ္စနှင့် အစိုးရရုံး တခါတလေ သွားရင် ၁ ရက် ကုန်ရော။ ဒါတောင် အလုပ်ကိစ္စက တခါတလေ မပြတ်။ တကဲ့ တခါတလေဆိုတဲ့အတိုင်း လေ သွားတာပါပဲ။

ထို ့ကြောင့် သွင်းကုန်၊ ထုတ်ကုန် လုပ်ငန်းများ နှင့် ဆိပ်ကမ်းမှ သင်္ဘောသို ့ပေးသော ဝန်ဆောင်မှု ကောင်းမှသာလျှင် စင်္ကာပူ လို နိုင်ငံမျိုးကို ကျော်နိုင်မည်ဟု ထင် ပါသည်။ တရုတ် တွေတောင် အချိန်ခဏလေးအတွင်း တိုးတက်သွားတာ၊ ကျွန်တော်တို ့ မြန်မာတွေ ဘာလို ့မလုပ်နိုင် ရမှာလဲ။ ရွာသူ၊ ရွာသားတွေရဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းကြီး ပေါ်အမြင်လေးပြောပါအုံး။

 

 

17 comments

  • အီးတီ

    November 1, 2011 at 2:17 pm

    သင်္ဘောပေါ် ကင်မရာပါမသွားလို ့…ဖုန်းနဲ ့ရိုက်လိုက်တာ ဝါးသွားတယ်။
    မြူတွေကလည်း ကျနေတော့ ပိုဆိုးသွားတယ်။ ခွင့်လွှတ်…ခွင့်လွှတ်

  • manawphyulay

    November 1, 2011 at 2:23 pm

    ခွင့်လွှတ်ပါတယ် ဒီလောက် ရိုက်လာပြတာတောင် ကျေးဇူးတင်ရဦးမယ်။ သူတို့က ငြိမ်ငြိမ်ကော အရိုက်ခံရဲ့လား အီးတီရဲ့ 🙂

  • koyinmaung

    November 1, 2011 at 2:28 pm

    တချိန်မှ ကျောက်ဖြူဆိပ်ကမ်းဟာ တရုတ်တွေရဲ့အားထားရမဲ့ဆိပ်ကမ်းဖြစ်သလို
    ထားဝယ်ဆိပ်ကမ်းကလဲထိုင်းနိုင်ငံရဲ့အားထားရမဲ့ဆိပ်ကမ်းဖြစ်လာမှာပါ…
    မော်လမြိုင်ဆိပ်ကမ်းကလဲတချိန်မှာထိုင်း ကမ္ဘောဒီယာ ဗီယမ်နမ် နိုင်ငံတွေက
    အားထားရမဲ့ဆိပ်ကမ်းဖြစ်လာအုံးမှာပါ…
    အချိန်ကိုက်သိတဲ့သူတွေကတော့ပွပေါက်ပါဘဲ……

  • koyinmaung

    November 1, 2011 at 2:30 pm

    တရုတ်ဆိပ်ကမ်းကဘယ်မြို့လဲဆိုတာသိပါရစေ….

    • အီးတီ

      November 2, 2011 at 7:11 am

      Lianyungang ပါ။

  • Diamond Key

    November 1, 2011 at 3:27 pm

    ကျွန်တော်တို့ ဆိပ်ကမ်းကြီးတွေ အသက်ဝင်မဲ့ အချိန်နဲ့ သမ္မတ ၂ သက် (၅ +၅ နှစ်) လောက်ပြောင်းချိန် ဆိုရင်တော့ ကျွန်တော်တို့ရဲ့ ရုံးတွေလည်း မြန်လာလောက်မလားပဲ။
    နိုင်ငံတော် သမ္မတ အကြံပေးကြီး တစ်ယောက်က ဟောပြောပွဲတစ်ခုမှာ ဖြေဖူးတာကတော့ သတင်းစာထဲမှာ အချို့ကိစ္စကြီးတွေ ပြောင်းနေလဲ အောက်ခြေမှာ စွဲနေတာတွေကို အတော်လုပ်ယူ ရအုံးမယ်လို့ ဆိုပါတယ်။ သူအိမ်ရှေ့ကမြောင်းကို လာလုပ်တဲ့ ရန်ကုန်စည်ပင်က အင်္ဂျင်နီယာလေး တစ်ယောက်က ပညာပြတာခံရကြောင်းပြောရင်း ပြောခဲ့ဖူးပါတယ်။ သမ္မတ အကြံပေးတောင် အဘတွေ တိုင်မှ ရတဲ့ နိုင်ငံမှာ တော့ –
    လဝကဝန်ကြီးက ၆ကျပ်ပေးရင် မှတ်ပုံတင်ရတယ် လို့ဘယ်လိုဆိုဆို၊ တသက်လုံး စားကွက်ဖြစ်နေတဲ့ ပုံစံ ၁ဝ ပဲပြောပြော အောက်ခြေမှာတော့ ဒီအတိုင်းပဲ ရှိနေပါသေးတယ်။ (ဒါတောင် မန္တလေးလိုမြို့ကြီးမှာ။ ဒါတောင် ကြုံရတဲ့ သေးသေးလေးကို ပြန်ပြောတာ)။
    မြန်မာတွေကတော့ မညံ့ကြတာတော့ အမှန်ပါ၊ (ကောင်းတာရော ဆိုးတာမှာပါ)။တရုတ် တွေတောင် အချိန်ခဏလေးအတွင်း တိုးတက်သွားနိုင်ရင် ET ပြောခဲ့သလို ကျွန်တော်တို ့ မြန်မာတွေ ဘာလို ့မလုပ်နိုင် ရမှာလဲ။
    ဒါပေမယ့် ကျွန်တော့ အသက်နှစ်တရာကျော်လို့ မသေသေးခင်မှာသာ တွေ့ခဲ့မြင်ခဲ့ချင်တာပါ ET။

  • htoosan

    November 1, 2011 at 4:05 pm

    ထားဝယ် ဆိပ်ကမ်းက သိပ် အားရစရာ လှုပ်ရှားမှုမရှိဘူးလို့ ခံစားရပါတယ်။ ထိုင်းကုမ္မဏီက ပွဲစားသာသာ ကုမ္မဏီလို့ သိသူများက ပြောနေပါတယ်။ အခုလဲ ပါတ်ဝန်းကျင် ထိခိုက်မူ့ဘယ်လောက်ရှိမလဲ တိုင်းတာရဦးမယ်၊ အချိန်ဘယ်လောက်ကြာမလဲ မသိသေးဘူးဆိုပြီး စေတနာ ထားသလိုလိုနဲ့ အချိန်ဆွဲတဲ့ ပုံစံမျိုုးတွေ့နေရပါတယ်။

  • Koyin Sithu

    November 1, 2011 at 5:11 pm

    ဘဘအီးတီ.. မြန်မာပြည်က ဆိပ်ကမ်းတွေကတော့
    ဘာပဲဖြစ်ဖြစ် သိပ်တော့ ဖြစ်ထွန်းမယ်လို့ မထင်မိပါဘူး..
    ဘာလို့လဲတော့မသိဘူး…။ စိတ်ထဲခံစားမိနေတာပါ..။
    ဘဘအီးတီက တရုတ်ဘက်ရောက်နေတာလား..
    ရာသီဥတုအေးနေတယ်ကြားတယ်..
    ဟုတ်ဂလား…

    • အီးတီ

      November 2, 2011 at 7:14 am

      ဟုတ်ကဲ့ တရုတ်ရောက်နေတာပါ။ ရာသီဥတုက သိပ်မအေးသေးပါဘူး။ အေးတုန်းက
      ဓာတ်ပုံတွေ ရှိပါတယ်။ တင်ပေးလိုက်ပါ့မယ်။

  • ဆူး

    November 1, 2011 at 5:26 pm

    အေးရှားဝေါ တောင် ကရိန်းတွေ ခဏ ခဏ ပျက်လို့ ကွန်တိန်နာတွေ သင်္ဘောတင်ရတာ ရက်ချိန်းမှီအောင မနည်းကြိုးစားနေရတာ။

  • windtalker

    November 1, 2011 at 7:02 pm

    ဖြစ်တော့ ဖြစ်လာတော့မှာပါ ဗျာ
    အယုတ်စွဆုံး လောလောဆယ်
    အဲဒီနားက ရွာသူားလေးတွေ အလုပ်အကိုင်လေးတွေ ရသွားတာပေါ့
    ကျန်တဲ့ စီးပွားရေးသမားတွေ အတွက်ကတော့
    အဲဒီလုပ်ကွက်ပေါ်မှာ အခြေခံပြီး ကိုယ့်အတွက်
    ဘာဖြစ်ထွန်းနိုင်မလဲ ၊ ကျန်အောင် ဘာဂွင်သွားရိုက်ရမလဲ ဘဲ
    စဉ်းစားကြရမှာပေါ့

  • Toungoo Thar

    November 1, 2011 at 9:45 pm

    တကယ်တိုးတက်တာ
    မြန်မာပြည်က ပြည်သူတွေ အဆင်ပြေလာတာ ဆို
    ဝမ်းသာပါတယ်ဗျာ..

  • unclegyi1974

    November 1, 2011 at 10:08 pm

    ွမြန်မာဆိပ်ကမ်းတွေစင်္ကာပူဆိပ်ကမ်းကိုမှီဖို့က
    အီးတီပြတဲ့ကရိန်းတွေအခုတပ်အခုရပါတယ်
    ကြာလှ၂နှစ်ပေါ့ကျွမ်းကျင်လုပ်သားတွေလည်းလေ့ကျင့်ပေးရင်ကြာလှ၂နှစ်ပေါ့
    အဓိကကတင်ခွင့်ချခွင့်စာရွက်စာတမ်းကိစ္စတွေကဘယ်တော့မှမြန်ဆန်လာမယ်
    ဆိုတာအတတ်ဟောဗေဒင်ဆရာလက်မြှောက်ထားတဲ့ကိစ္စဆိုတော့…

  • naywoonni

    November 1, 2011 at 10:49 pm

    အော် အန်ကယ်ဂျီးကလည်း ခက်နေပြန်ပါပြီ..။ အဲခါကျတော့ မြန်မာအလုပ်သမားမခိုင်းဘူးပေါ့ဂျ….။

    • Foreign Resident

      November 1, 2011 at 11:03 pm

      အဘနီရဲ့
      အန်ကယ်ဂျီး ပြောတဲ့
      “အဓိကကတင်ခွင့်ချခွင့်စာရွက်စာတမ်းကိစ္စတွေကဘယ်တော့မှမြန်ဆန်လာမယ်”
      ဆိုတာကိုလုပ်နေတဲ့သူတွေက အစိုးရ အာဏာပိုင်တွေလေ ။

      ” အဲခါကျတော့ မြန်မာအလုပ်သမားမခိုင်းဘူးပေါ့ဂျ ”
      ဆိုရင် နိုင်ငံခြားသားကို အစိုးရ အာဏာ ပေးရမလို ဖြစ်နေပြီ ။

  • kai

    November 2, 2011 at 4:11 am

    အောက်ကဆောင်းပါးတွေ ဖတ်ကြည့်စေချင်ပါတယ်..။

    http://www.bangkokpost.com/learning/learning-from-news/206047/thai-burma-deep-sea-port-project
    http://www.chinadaily.com.cn/xinhua/2011-10-05/content_3981399.html

    The Dawei deep seaport, industrial zone and road and rail link to Thailand construction project represents the first ever special economic zone in Myanmar.

    The project, which costs 13 billion U.S dollars, includes construction of Dawei Deep Seaport, buildings for shipyard and maintenance work, establishment of zone, petrochemical industries, oil refinery, steel plant, power stations and Dawei-Bangkok motor road and railroad and laying of oil pipeline along the motorway and railroad, according to the framework agreement.

    The project is targeted to complete in 10 years under three phases.

  • maungmoenyo

    November 2, 2011 at 10:01 am

    ရေနက်ဆိပ်ကမ်းဆိုတာ technology လိုပါတယ်။ Malaysia နဲ့ စင်္ကာပူမှာရှိတဲ့ ကမ်းခြေဆိပ်ကမ်းတွေတောင် operation manual guideline ကအန္တရာယ်တစုံတရာကြောင့် ရွေ့စောင်းရင် (operational deviation) ရှိရင် ဆိပ်ကမ်းကုန်တင်ကုန်ချလုပ်ငန်းတခုလုံးရပ်သွားရပါတယ်။ တရုတ်ကအဲ့ဒီလောက် technology ကိုမျှဝေပေးပါ့မလား?????????

Leave a Reply