Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နောက်ဆုံးနှစ်ကျောင်းသားတစ်ယောက်ရဲ့ ရင်ခုန်သံ

black chawNovember 1, 20111min44131

ကျွန်တော်က ကိုသစ်မင်းကို အဆောင်နေကျောင်းသားတစ်ယောက်ရဲ့ နောက်ဆုံးနှစ်ရင်ခုန်သံကို ဖတ်ချင်ပါသည်ဟု ညနေက ကွန်းမန့်မှတဆင့်တောင်းဆို ခဲ့ပါသည်။ ကိုသစ်မင်း က ညဦးပိုင်းမှာပင် ချစ်ခင်ခဲ့ရပါသော အတိတ်တစ်ခု ခေါင်းစဉ်ဖြင့် အဆောင်ကို နောက်ဆုံးခွဲခွာခဲ့ရသော ကျောင်းသားတစ်ယောက်၏ ရင်ခုန်သံကို ရေးပြသွားခဲ့ပါသည်။ ကျေးဇူးပါ ကိုသစ်မင်းရေ။ ကျွန်တော် နောက် ကြောင်းပြန်နေတဲ့ မအောင်မြင်တဲ့ သီချင်းရေးဆရာ ဘလက် အကြောင်းက အဲဒီနောက်ဆုံးနှစ်မှာ ကျွန်တော့်ကို ကျောင်းမှာ မျက်နှာ ပွင့်စေခဲ့တဲ့ နှုတ်ဆက်ချိန် ဆိုတဲ့ သီချင်းလေးအကြောင်း ပြောချင်လို့ပါဗျာ။ လေးနှစ်လုံးလုံး ဘဝရဲ ့ အပျော်ရဆုံးအချိန်တွေကို ဖြတ်သန်းခဲ့ရတဲ့ ကျောင်းသားဘဝရဲ့ နောက်ဆုံးအချိန်ဆိုတာ တွေးကြည့်ရင်တကယ် ဝမ်းနည်းစရာကြီးပါဗျာ။

ကိုသစ်မင်းရေ။ ကျွန်တော် တို့ နောက်ဆုံးနှစ်မှာ သမိုင်းဝန်း ထဲက မိန်းကလေးသူငယ်ချင်းတွေ အကုန်လုံး မာလာဆောင်ကို ပြောင်းကြရတယ်ဗျ။ အဲဒါကြောင့် သူငယ်ချင်းတွေရဲ့ ဒင်နာဖိတ်စာကို ရခဲ့ပါတယ်ဗျာ။ အဲဒီအချိန်မှာ ကျွန်တော်က ပိုက်ဆံယူပြီးသီချင်းရေးနေပြီ ဗျ။ အဲဒီအချိန်က တီဗီမှာ သီချင်းဆိုတာ တော်တော် ခေတ်စားပါတယ်။ ကျွန်တော်က အင်္ဂလိပ်သီချင်း အလိုက်ကောင်းကောင်းလေးတွေကို မြန်မာ စာသားသွင်းပေးပြီး တီဗီရိုက်ဘို့ လုပ်ပေးနေပြီဆိုတော့ ကျွန်တော်သီချင်းရေးတာကို ကျောင်းမှာ တော်တော် သိကြပါတယ်။ အဲဒါနဲ့ မာလာ ဒင်နာမှာ မာလာသူတွေဆိုဘို့ သီချင်းကို ကျွန်တော်ရေးရတဲ့ အဆင့်ကို ရောက်လာပါတယ်ဗျာ။

သီချင်းက သိတ်အကောင်းစားကြီးတော့ မဟုတ်ပါဘူး။ စာသားလေးတွေ မှတ်မိသလောက်ပြန်ရေးပြချင်တယ်ဗျာ။

(မာလာဆောင်ကြီးရဲ့ အေးရိပ်မှာ လုံခြုံစွာ ခိုနားခဲ့ဒို့ဘဝတွေ

အချိန်တန်တော့ အဝေးဆုံးသို့ခွဲခွာ မာလာဆောင်ကြီးအား နှုတ်ဆက်တယ်) ဘာညာပေါ့ဗျာ။

အောင်မယ် အဲဒီဒင်နာမှာ သီချင်းဆိုမယ့် အဆိုရှင် အဆောင်သူလေးတွေကို အသံစစ်ခဲ့တာလည်း ကျွန်တော်နဲ့ သူငယ်ချင်းများပါပဲဗျာ။

သီချင်းဆိုခွင့်ရမယ့် အချိန်နဲ့ ဆိုချင်တဲ့ အဆောင်သူတွေနဲ့ မမျှတာကြောင့် အသံစစ်ပြီး ရွေးထုတ်တဲ့ သဘောပါဗျာ။ အခုပြန်တွေးကြည့် တော့ ရယ်စရာကြီးပါ ကိုသစ်မင်းရေ။ တီးပေးမှာကလည်း ကျွန်တော့် သူငယ်ချင်းတွေပဲဆိုတော့ ကျွန်တော် သီချင်းဆိုဘို့ ဖြစ်လာပါတယ်။ ဒါနဲ့ ကျွန်တော်စဉ်းစားတယ်။ ဒီနှစ်ကနောက်ဆုံးနှစ်၊ နောက်ဆုံးဒင်နာ ဘယ်လောက်ဝမ်းနည်းဘို့ကောင်းသလဲ ဘာညာပေါ့ဗျာ။ အနုပညာသမားဆိုတာ ရှာကြံခံစားတတ်တာမျိုး မဟုတ်လား။ ပထမနှစ် စာမေးပွဲဖြေတယ်။ အိမ်ပြန်ကြတယ်။ ဘာမှမထူးဘူး။ ကျောင်းဖွင့်ရင် ကျောင်းပြန်လာရမှာပဲလေ။ ဒုတိယနှစ်၊ တတိယနှစ်တွေလည်း ဒီလိုပဲ၊ ကျောင်းဖွင့်ရင်ကျောင်းပြန်လာရမယ်ဆိုတဲ့ အတွေးက ခဏတာခွဲခွာကြ ခြင်းကို အလွမ်းဓါတ် လျော့ပေါ့စေပါတယ်။ အခု နောက်ဆုံးနှစ် ဒီတစ်ခါအိမ်ပြန်ခြင်းဟာ အပြီးပြန်ခြင်းပဲ။ လေးနှစ်လုံးလုံးတွဲလာခဲ့တဲ့ သူငယ်ချင်းတွေနဲ့ နောက်ဆုံးတွေ့ကြခြင်းပဲ၊ အဲဒီအချိန်တုန်းကတော့ ဖီလင်ကြီးက အကြီးကြီးပဲ ကိုသစ်မင်းရေ။ သီချင်းလေးတစ်ပုဒ်ဖြစ်ခဲ့ပါပြီ။ စာသားလေး ရေးပြချင်ပါတယ်။ စိတ်မဝင်စားရင်လည်း သည်းခံပါဗျာ။

 

   နှုတ်ဆက်ချိန်

လေးနှစ်တာ ရင်ခုန်ခဲ့တဲ့ အိပ်မက်လေးတစ်ခု အဆုံးသတ်ရတော့မယ်…၊

မေ့ပျောက် မရနိုင်သော အမှတ်တရ အဖြစ်အပျက်တွေ

ဒို့ရဲ့ နှလုံးသားတွေ ကွဲကြေ…။

ကျောင်းကြီးရေ ဒါနောက်ဆုံးလို့ ငိုရှိုက်ရင်းနဲ့ နှုတ်ဆက်ရတော့မယ်…၊

အစားထိုးမရနိုင်သော ကျောင်းသားဘဝလေးကို

သီချင်းလေးတစ်ပုဒ်ရေးကာ ကြေကွဲနေ။

ဂျဒ်စင် အင်းယား အဓိပတိနဲ့ သစ်ပုတ်ပင်

ခိုဝင်နားခဲ့ နေ့ရက်တွေ………………၊

ပြန်လည်တမ်းတ လွမ်းရမယ့် အဖြစ်ဆိုးကို

ငါ ဘယ်လိုရင်ဆိုင်ရ မှာလဲ………..၊

အရိပ်လေးတွေ မြင်ယုံလေးနဲ့ ရင်ခုန်ခဲ့တဲ့ သမိုင်းဝန်းရဲ့ညတွေ

ဒို့ရဲ့တေးသံများ အမြဲတမ်းပျံ့လွင့်နေ

အဆောင်ရှေ့က ညလေးကို ကိုယ်လွမ်းနေ၊

(နှုတ်ဆက်တယ် ဒီသီချင်းလေး သီဆိုရင်းနဲ့ အပေါင်းအသင်းတို့ရေ၊

အီကိုကျောင်းကြီး ရှိနေသရွေ့ အမြဲတမ်းသတိရနော်

ဒီတစ်ခါခွဲခွာ ခြင်းက နောက်ဆုံးပဲလေ…………………။

 

အဲဒါ ကျွန်တော်ကိုယ်တိုင်ရေးပြီး မာလာဒင်နာမှာ ဆိုခဲ့တဲ့ သီချင်းလေးရဲ့ စာသားပါကိုသစ်မင်းရေ။ ပထမတော့ တစ်ယောက်တစ်ပုဒ် ခွဲတမ်းနဲ့ပါ။ ကျွန်တော်လည်း အဲဒီသီချင်းလေးကို ဆိုလိုက်တယ်ပေါ့။ ဒါပေမယ့် ဒင်နာရဲ့ အဆုံးသတ်ကို အဲဒီသီချင်းလေးကိုထပ်တောင်းလို့ ကျွန်တော် ဆိုပေးခဲ့ရပါတယ်။ ကျွန်တော့်အတွက် မမေ့ရက်စရာ ညတစ်ညပါပဲ။ အော်တို ရေးတယ်ဆိုတာ အဲဒီအချိန်ကျမှ ကျွန်တော် ကြုံဘူးခဲ့တာပါ။ မာလာဒင်နာအပြီးနောက်နေ့ကစပြီး ကျွန်တော့်ဆီက အဲဒီသီချင်းစာသားကို တောင်းကြလွန်းလို့ လက်ရေးနဲ့ရေးပြီး မိတ်တူအစုံနှစ်ဆယ်လောက် ပွားထားရတဲ့ အဆင့် ကိုရောက်သွားပါတယ် ကိုသစ်မင်းရေ။ ကျောင်းမှာတော့ သီချင်းတစ်ပုဒ်ပေါက်သွားဘူးပါတယ် ကိုသစ်မင်းရေ။ ဒါကျွန်တော့်ရဲ့ သမိုင်းဝင် နောက်ဆုံးနှစ် ပေါ့ဗျာ။ လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်က ကျွန်တော်တို့ ဆရာကန်တော့ပွဲလုပ်လို့ ဆရာဆရာမတွေ ဖိတ်ချင်တော့ ရွာသာကြီးစီးပွားရေးကို သွားခဲ့ရပါတယ်ဗျာ။ ဖိတ်စာတွေဘာတွေပေးပြီး မြို့ထဲကို အပြန် ကားပေါ်မှာ ကျောင်းသားလေးသုံးယောက် အကြုံလိုက်လာကြတယ်ဗျ။ ဒါနဲ့ ကျွန်တော်လည်း ကျွန်တော်ရေးတဲ့ သီချင်းလေးညည်းပြပြီး အဲဒီသီချင်းကြားဘူးလားဆိုတော့ ကျွန်တော်တို့ ဒင်နာတိုင်းမှာ အဲဒီသီချင်းအမြဲတမ်းဆိုပါတယ်တဲ့။ သီချင်းရေးတဲ့လူက သူတို့ သူငယ်ချင်းတစ်ယောက်ပါတဲ့။ ကျွန်တော် မနှမြောတော့ပါဘူးဗျာ။ သီချင်းလေးဆက်ရှိနေတာကိုပဲ ဝမ်းသာနေပါပြီ။ ရေးတဲ့လူ ဘယ်သူလဲလို့ ငြင်းစရာမှ မလိုတာ။ ကျွန်တော် ပစ်တဲ့ ပစ်မှတ်ကို ထိပြီးသွားပြီဆိုတော့ ကျွန်တော်ကျေနပ်သွားပါပြီ။ ကြုံရင် ခင်ဗျားကို ဆိုပြချင်ပါသေးတယ်။

အီကိုကျောင်းကြီးရှိနေသရွေ့ အမြဲတမ်းသတိရနော်……….

ဒီတစ်ခါခွဲခွာခြင်းက နောက်ဆုံးပဲလေ………………………။

ဒါ ကျွန်တော့်ရဲ့ နောက်ဆုံးနှစ် ရင်ခုန်သံလေးပါ။

( စကားမစပ် အဲဒီဆရာကန်တော့ပွဲမှာလည်း ကျွန်တော် ဒီသီချင်းလေးကို

ကိုယ်တိုင် ဂစ်တာလေးတီးပြီး ဆိုခဲ့သေးတယ်ဗျ။ တုန့်ပြန်မှုက အဲဒီတုန်းကလောက် အားမကောင်းတော့ပါဘူး။

ကျောင်းပြီးသွားတာ ဆယ်နှစ်တောင်ရှိခဲ့ပြီလေဗျာ။)

31 comments

  • thit min

    November 1, 2011 at 10:10 pm

    ကျေးဇူးပါကိုဘလက်။
    အနုပညာတခုကိုဖန်တီးနိုင်စွမ်းရှိတဲ့သူတယောက်လို့အသိအမှတ်ပြုပါတယ်။
    ဘာဘဲဖြစ်ဂုဏ်ယူစရာကောင်းပါတယ်။သီချင်းရေးဆရာတွေဆိုတာနှလုံးသားနူးညံ့သူများပါဘဲ။
    ကျနော်သီချင်းရေးဆရာကိုအောင်နိုင်(ဓာတု)တယောက်နဲ့ဘဲခင်ဘူးပါတယ်။မွန်းအောင်ဆိုတဲ့ “ယု”
    ဆိုတဲ့သီချင်းကိုရေးတဲ့သူပါ။ခုဒီမှာရှိနေပါတယ်။
    ကိုဘလက်လဲဆက်လက်ကြိုးစားစေချင်ပါတယ်။ကိုယ့်လက်ရှိစီးပွါးရေးကိုမထိခိုက်ဘဲဝါသနာပါ
    ရာကိုလဲလုပ်နိုင်ရင်ဘဝဆိုတာနေပျော်တာပေါ့ဗျာ။
    ဇွဲနဲ့အောင်မြင်အောင်လုပ်ဗျာ။
    ဇာတ်ညွန်းလေးဘာလေးလဲရေးပေါ့၊ခင်ဗျားအဲဒီဘက်မှာပေါက်နိုင်တယ်ဗျ။
    ကျနော်ကတော့ ဝါသနာတော့ရှိပါရဲ့ လောလောဆယ်ကလမ်းကတမျိုးမလား။
    မြန်မာပြည်ပြန်လာရင်လဲလုပ်ချင်တာတွေကအများကြီးဆိုတော့စာရေးတာကိုဇောက်မချနိုင်ဘူးဗျာ။
    အလုပ်များတဲ့ဇာတာပါတယ်လို့ပြောရမယ်ထင်ပါရဲ့။
    ရေးပါဗျာ၊ဒီမှာဘဲဖြစ်ဖြစ်ဇာတ်လမ်းလေးဘာလေးရေးဗျာ။

    • nozomi

      November 2, 2011 at 5:53 pm

      အခုမှ ပြန်ဖတ်ရလို့ မန်းတာနောက်ကျသွားတယ်

      ကိုချောရေ MG အတွက်လဲ အမှတ်တရ သီချင်းလေး တစ်ပုဒ်လုပ်ပါဦး

      ကိုသစ်ရေ ကိုမွန်းအောင်က နော်ဝေမှာ မဟုတ်ဘူးလား ၊ အဲဒီမှာ အိမ်ထောင်ကျနေတယ် ဆိုလားလို့

  • koyinmaung

    November 1, 2011 at 10:16 pm

    အားပေးသွားပါတယ်ကိုဘလက်ချေားရေ…..

  • parlayar46

    November 1, 2011 at 11:32 pm

    ကိုသစ်မင်းနဲ့ ကိုဘလက်
    ခင်ဗျားတို့နှစ်ယောက်လုပ်တာနဲ့ ကျုပ်လိုအဘိုးကြီးတောင် ငယ်မူပြန်ချင်လာပြီ။
    ဇွတ်မေ့ထားပါတယ်ဆိုမှ…နော်..

    ကိုဘလက်ရဲ့သီချင်းလေးကို စာသားလေးတော့ကြိုက်တယ်
    သံစဉ်လေးထည့်နားထောင်ရရင် ဘယ်လိုနေမယ်မသိဘူး
    မန်းဂေဇက်မန်ဘာတွေ တွေ့ဆုံပွဲလုပ်ဖြစ်မှ ပွဲတောင်းရဦးမယ် 🙂

  • mayday

    November 2, 2011 at 12:18 am

    သီချင်းစာသားလေး တော်တော်ကောင်းတယ်ဗျာ ။ အသံဖိုင် လေးနှင့် တင်ပေးရင်း ဒီပို့စ် ပိုပီး ပြီးပြည့်စုံ သွားမယ် ထင်ပါတယ်ဗျ

  • koyinmaung

    November 2, 2011 at 4:13 am

    parlayar46 ရေ ကိုသစ်မင်းနဲ့ကိုဘလက် တို့ကိုအားကျပြီးငယ်မူပြန်လို့ရပါတယ်
    ဇာတ်လမ်းအသစ်လေးတွေဖတ်ရတာပေါ့ ကျုပ်တို့ကဒီကျောင်းတော်ကြီးကိုမရောက်ဘူးပေမဲ့
    ခင်ဗျားတို့ဇာတ်လမ်းလေးတွေဖတ်ရတာသဘေားကျတယ်ဗျို….မေဒေးတောင်းဆိုတဲ့အသံဖိုင်
    လဲလုပ်ပါအုံးကျုပ်တို့လဲနားထောင်ချင်ပါတယ်…ကိုဘလက်ရေ

  • inz@ghi

    November 2, 2011 at 6:41 am

    ရှယ်ပါပဲလား ဆြာ ဘလက် ရယ်…
    အော်.. သူလဲ အာဂ လူစွမ်းကောင်းပေပဲကိုး…

  • ကြောင်ကြီး

    November 2, 2011 at 11:08 am

    မာလာဆောင်အလွမ်း
    ဘရာသာထောင်ဖမ်း
    တဏှာသာလောင်ကျွမ်း
    စာမလာအောင်ပန်း….။ 😮

  • windtalker

    November 2, 2011 at 11:25 am

    ကျောင်းပြီးသွားတာ ဆယ်နှစ်ဆိုတော့
    ကိုဘလက်သည် အသက်၃ဝနှင့် အထက် ဖြစ်ရမည်
    ဟုတ်တယ်ဟုတ်

    • weiwei

      November 2, 2011 at 6:02 pm

      ကိုဘလက်က ၄၁ နှစ် လို့ တရားဝင်ကြေငြာထားပြီးသား မဟုတ်လား …
      ကိုပေက မေ့တတ်တယ်နော် … 😛

  • နီလေး

    November 2, 2011 at 12:52 pm

    ကိုဘလက်ပို့စ်ကို ဖတ်ရတာနဲ့ နောက်ဆုံးနှစ်က ဖီလင်ကို ပြန်ခံစားရတယ် နောက်ဆုံးနှစ် သူငယ်ချင်းတွေနဲ့ခွဲရတုန်းက တကယ်ခံစားရတယ် နောက်ဘယ်တော့များမှ ထပ်တွေ့ရမလဲဆိုပြီး တစ်ညလုံးမအိပ်ပဲ သူငယ်ချင်းတွေစုပြီး စကားပြောကြတာ တကယ်ကိုမမေ့နိုင်ဘူး ကိုဘလက်ရေ ကျေးဇူးတင်ပါတယ်နော် အတိတ်ရဲရင်ခုန်သံတွေကို ပြန်ဖတ်ရလို့

  • AKKO

    November 2, 2011 at 2:07 pm

    ကိုဘလက်ချောရေ ကိုယ်တိုင်ဖန်တီးမှု အနုပညာ အမှတ်တရကျန်ခဲ့တာ ကြည်နူးစရာကောင်းပေမယ့် ဖန်တီးသူကို မေ့ပစ်လိုက်ကြတာ စိတ်မကောင်းစရာကောင်းတယ် ။ သီချင်းတွေသာ ကျော်ကြားလာပြီး သီချင်းရေးသူကို မေ့သွားတာ မဖြစ်သင့်ဘူး ။

  • blackchaw

    November 2, 2011 at 2:26 pm

    @ AKKO /
    ဒီသီချင်းလေးနဲ့ ပတ်သက်လို့ ကျွန်တော်ကိုယ်တိုင် ငြင်းဘို့ မလိုပါဘူးဗျာ။
    ကျွန်တော်တို့ ကျောင်းအတူပြီးတဲ့ သူငယ်ချင်းတွေ က သက်သေပါပဲ။
    ဒီသီချင်းလေးကို ကျောင်းသီချင်း သီးသန့် အခွေလေးတစ်ခုမှာ
    ထည့်ဆိုဘို့ ကိုငှက် (ထူးအိမ်သင်) ရဲ့ ညီအရင်း
    အောင်မျိုးဟိန်းဆိုတဲ့ သူငယ်ချင်းက
    ချာတိတ်လေးတစ်ဖွဲ့အတွက် ဖုန်းနဲ့ လှမ်းခွင့်တောင်းဘူးပါတယ်။
    ကျွန်တော်က ဝမ်းမြောက်ဝမ်းသာနဲ့ ပေးဆိုပါတယ်။ ဒါပေမယ့်
    ခွေထွက်တော့ ပါမလာပါဘူး။ ကျွန်တော် အကျိုးအကြောင်း လှမ်းမေးတဲ့အခါ
    ခွင့်ပြုချက်မကျလို့ပါတဲ့။ ကျွန်တော်တို့ ကျောင်း ထဲကအဆောင်တွေမှာ
    ဘယ်သူရေးမှန်း မသိပဲ နာမည်ကြီးနေတဲ့ သီချင်းလေးတွေ အများကြီးရှိတယ်ဗျ။
    နောက်ကြုံတော့ ရေးပါဦးမယ်ဗျာ။
    @ ကိုပေ /
    ဘယ်မှာသွားပြီး အိပ်ပျော်နေပါသလဲ ကိုဝင်းတော်လ်ကာ။ ကျွန်တော့် အသက်
    ၄၁ နှစ်နဲ့ ၁၂ ရက်ရှိနေပါပြီ။ ကျွန်တော်တို့ တုန်းက ၁ဝ တန်းအောင်ပြီး ကျောင်းတန်း
    တက်ရတာ မဟုတ်ဘူးဗျ။ စောင့်နေရသေးတာ။ ပိတ်လိုက် ပြန်ဖွင့်လိုက်နဲ့
    ကျောင်းပြီးတော့ အသက် ၂၅ နှစ်ဖြစ်နေပါပြီဗျာ။

    • AKKO

      November 2, 2011 at 2:47 pm

      လွပ်လပ်စွာ ဖန်တီး ခဲ့ပြီး အတိလင်းချပြခွင့်မရတဲ့ အမှတ်တရ သီချင်းတွေ ဒီလိုလုပ်ခံရတာ နာတယ်ဗျာ 😡

    • Koyin Sithu

      November 2, 2011 at 3:26 pm

      အမလေး.. ရွာထဲမှာလဲ.. ကိုယ့်ထက်အသက်ကြီးတဲ့..
      အဘတွေချည်းပါပဲလား … အဘတို့ရယ်… တားတားတို့လို
      ဖလက်ရှာ ကာလသားတွေအတွက်တော့ သဂျီး သက်သက် စီစဉ်ပေးရမယ်..
      ကိုဘလက်ရေ… စုံထောက်ကြီး ဦးလန်ဘားလဲ မှားတဲ့အခါလည်း မှားပေမပေါ့ကွယ်…
      ဂီတနဲ့ အနုပညာကို ထုဆစ်တဲ့ ကိုဘလက်ရဲ့… အနေတတ်တဲ့
      လက်ကို အားပေးနေပါ့မယ်..

      ခင်တဲ့..
      ကိုရင်.

  • manawphyulay

    November 2, 2011 at 2:40 pm

    အင်းလျားဆောင်သူလေးရေ… အင်းလျားဆောင်သူလေးရေ…. ခုတော့ တို့တွေ တစ်ကယ်ဝေးခဲ့ပြီလေ… လွမ်းစရာတွေ မတင်ပါနဲ့ဆို ဦးဦးဘလက်ကြီးနော်… နိုမိတော့မယ်… ၄ နှစ်ကို ပြန်လည်သတိရမိသလို စိန်ရတုခန်းမမှာလုပ်တဲ့ ဖရက်ရှာဝဲကမ်းကို ခုချိန်ထိမမေ့သေးဘူး။ သူများ လိုက်စတာတွေ ခုချိန်တိုင် မှတ်မိနေဆဲပါပဲ။

  • kocho

    November 2, 2011 at 3:38 pm

    ပထမနှစ်ဒူတိယနှစ်(သေအောင်ပျော်)တတိယနှစ်စတုတ်ထနှစ်(မပျော်နိုင်တော့ပါ) ကျောင်းပြီးရင် အလုဎ်ထဲဝင်ရတော့မယ်ဆိုတာသိလို့ 🙁

  • ဆူး

    November 2, 2011 at 4:15 pm

    တက္ကသိုလ်ကြီးထဲမှာ မတက်ခဲ့ရဘူးဘူး။
    အဝေးသင်ကို ဘယ်လိုပြီးလို့ ပြီးသွားမှန်း မသိတဲ့ အတွက် ပြန်ပြောပြစရာ ဇတ်လမ်းတောင် မရှိဘူး။
    ဦးလေး အမဲဆီ ကို သီချင်းအပ်ချင်လို့ မန်းလေး ဂေဇတ် အကြောင်းလေး သီချင်းအပ်ချင်တယ်။ ဟိဟိ 😀
    ကဗျာဆရာတွေကတော့ ပေါတယ် ဆိုတော့ မအပ်တော့ဘူး။

  • weiwei

    November 2, 2011 at 6:05 pm

    ကိုဘလက်နဲ့ တက္ကသိုလ်ချင်း မတူပေမယ့် သမိုင်းဝင်းထဲမှာ နေခဲ့တဲ့ အချိန်ချင်း တူနေတယ် … ခေတ်ချင်းတူနေတာပေါ့ … ကိုဘလက်နဲ့ ကိုသစ်လုပ်တာနဲ့ သတိမရချင်တဲ့ အတိတ်ကိုတောင် သတိရသွားပြီ … ရေးချင်စိတ် ပေါက်လာပြီ …

  • ဒါဆိုရင် မဝေအသက်ကလဲ………………
    ကိုဘလက်
    ဆွေးချက်
    သီချင်းလေးနဲ့နုတ်ဆက်
    ရုတ်တရက်မို့
    ကသုတ်ကရက်နဲ့လွမ်း
    စာသင်ခန်းနဲ့ဝေးတော့
    သော့သော့လေးနဲ့အပြေးဝင်
    ချစ်သူရဲ့ရင်ခွင်ဆီ
    ကန့်ကော်တန်း
    ရေတမာတန်း
    အလွမ်းတွေအပျော်တွေကိုသိမ်းထား
    အခုများတော့……………………..

  • Ko Zay

    November 2, 2011 at 7:39 pm

    ကိုBlack Chaw က Eco ကိုဘယ်နှစ်ကရောက်ပြီးဘယ်နှစ်ကပြီးတာလဲ? ။ ဒီသီချင်းက Eco နဲ.ပတ်သတ်ပြီးစိတ်ဝင်စါးလို.ပါ။

  • alinsett

    November 2, 2011 at 8:12 pm

    ကျွန်တော်လည်း ရင်ခုန်စွာ
    ကိုဘလက်ရဲ ့အနုပညာစွမ်းရည်နဲ့ ဖန်တီးမှုကို ခံစားသွားပါတယ် ။
    ချီးကျူးပါတယ်ဗျာ….

  • ပေါက်ဖော်

    November 2, 2011 at 9:57 pm

    ဦးချောရေ
    အသံလေးကော မတင်ချင်ဝူးလားဂျ
    အားပေးပါရစေ..
    😀

  • blackchaw

    November 2, 2011 at 10:05 pm

    ပေါက်ဖေါ်ရေ။
    ကိုယ်တစ်ခါ မေးခဲ့ဘူးတယ်လေ။
    မင်းပဲ မတင်ဘူးဘူးဆိုလို့။ အဲဒီထဲက အကြံနဲ့ မေးတာပါကွာ။

    • ပေါက်ဖော်

      November 2, 2011 at 10:23 pm

      ဟီး..ဟီး..
      အဲတုန်းက ၂ နည်းပြောလိုက်တယ်လေဂျာ ဦးချောကရဲ

      ဒီမှာတင်ပေးလဲ ရတာပါပဲ..
      http://myanmargazette.net/wp-admin/media-new.php

      တင်ပြီးရင် ဒေါင်းလုဒ်လင့်ခ် ပြန်တင်ပေး..
      အနော်တို ့..ဒေါင်လုဒ်ဆွဲပြီး သောတဆင်ပါ့မယ်..
      အကြာကြီးမီးတွေပျက်နေလို ့…ရွာနဲ ့အဆက်ပြတ်နေလို ့.ဦးချောရေ….

      မရှင်းရင်..တစ်ခုချင်းစီမေးပါ…မနက်ဖြန်ကျ..
      အနော်သိသလောက် ရှင်းပြပေးပါ့မယ်..

  • Crystalline

    April 18, 2014 at 11:49 am

    လေးဘလက်က အဆိုကောင်း..အသံကောင်းလို့ကြားဖူးတယ်.. အရင်ကလိုခက်ခက်ခဲခဲမရှိတော့ ဖေ့ဘုတ်မှာ အဲ့သချင်းလေး ဂစ်တာတီးပြီးတင်ပေးပါ… နောက်..စီးပွားရေးကျောင်းသားဂလုတွေဘာတွေရော မရှိဘူးလား.. ရှိရင်…အဲဒီမှာ သွားပြန်ရှယ်ရမယ်… ဟိုသကောင့်သားတွေလည်း သိရအောင်… ဦးဘလက်တို့ခေတ်က ကျောင်းသူ ကျောင်းသားတွေကိုမနာလိုဘူး.. 🙂

  • snow smile

    April 18, 2014 at 12:48 pm

    အစ် မ လဲ Eco ဆင်း ပါ
    သီ ချင်း လေး နား ထောင် ချင် ပါ တယ်
    ဖတ် ပြီး ကျောင်း ကို ပြန် သ တိ ရ လာ တယ်

  • Paing Thet Phyo

    November 25, 2014 at 3:49 pm

    သီချင်း Link လေး တင်ပေးပါလားခင်ဗျာ

  • padonmar

    November 25, 2014 at 8:23 pm

    ကိုဘလက်တော့ စန်းပွင့်ချိန်ရောက်လာပြီ၊ ပြန်လည် ဆန်းသစ်ခိုင်းသူတွေ များလာပါရောလား။
    .ကျမတို့မြို့က အထက ကျောင်း ဆရာကန်တော့ပွဲမှာ ကျမအကိုက ရန်ကုန်ရောက် ကျောင်းသားဟောင်းများကိုယ်စား စကားပြောရတယ်။ သူပြောချိန် မှာ အစီအစဉ်တွေ များလို့ လူတွေ လှုပ်ရွနေချိန်ဆိုတော့ ပွဲထိန်းအောင် ဟာသလေးတခုပြောလိုက်တော့ အားလုံး တဝေါဝေါ ပွဲကျသွားရော။
    အဲဒါက `ဆရာကန်တော့ပွဲဆိုတာ အကြောင်းပြတာပါတဲ့။
    အမှန်တော့ ငယ်ရည်းစားကို ပြန်ရှာကြတဲ့ ပွဲပါ´တဲ့။
    ဒို့ဘလက်လည်း ထိုနည်း၎င်း ဖြစ်မှာပါ။

    စကားအတင်းစပ်
    ရွာထဲ လူနည်းတော့ ကိုဘလက်နဲ့ ကျမလည်း ဘယ်တုန်းက Top 10 ထဲ ဝင်သွားလဲ မသိဘူး။(အနူတော လူချောတဲ့)

  • black chaw

    November 26, 2014 at 8:18 am

    ဘယ်သူပြန် ဖေါ်လိုက်တာလည်း မသိ။
    ကျေးဇူးတင် ပါတယ် ဗျ။
    အလကား ပေါက်ပန်းလေးဆယ်တွေ
    လေဖမ်းဒန်းစီး လျှောက် ရေးထားတာ ခင် ဗျ။
    ပေါ့ပေါ့ပါးပါးဖတ်ပြီး
    ပေါ့ပေါ့ပါးပါး မေ့ ပစ် လိုက် တာ အ ကောင်းဆုံးပါ ခင် ဗျ။
    Top 10 စာရင်းဝင် စာရေးသူတစ်ယောက် အ နေနဲ ့ပေါ့နော်
    အမြဲတမ်း Top 10 ဖြစ်နေ စေဖို ့ပေါ့နော်
    တစ်သိန်း မပြည့်အောင် ထိန်းသိမ်းပြီးတော့ပေါ့နော်
    ရေးသွားမယ်ပေါ့နော်
    ဟေးဟေး
    အ ပျော်ပါခင် ဗျာ။
    ချစ်ခင် လေးစား တဲ့
    ဘလက်ချော။

Leave a Reply