မောနင်း လေးဆွဲရတာ အရမ်းကောင်း

maydayNovember 2, 20111min20327

ကျွန်တော့ စောစောထတတ် တဲ့ အကျင့် မရှိသူတစ်ယောက်ပါ ။ ဒီနေ့တော့အလုပ်ရှိလို့ စောစော ထပြီး ဆွဲကြည့်လိုက်တာ ။ ကောင်း မှ ကောင်း ဗျာ ။
100 kbps ကနေကို မကျဘူး ။ ကျွန်တော့ က skynet 512 M နှင့် ဆွဲကြည့်တာ ။ ဆုံးဖြတ်ချက် ပါ တစ်ခါတည်း ချလိုက်တယ် နောက်ဆို မောနင်းပဲဆွဲတော့ မယ်လို့ ( ဒေါင်းလုပ် , ဒေါလုပ် ) ။

27 comments

  • etone

    November 2, 2011 at 10:13 am

    100 kbps ဆိုတာကတော့ .. တကယ့်ကို မိုက်သဗျို့ … skynet ကြောင့်ပဲ ကောင်းနေသလားမသိဘူး …။
    ကျွန်မတို့ အလွန်ဆုံး ဆွဲနိုင်မှ 56လောက်သာ အများဆုံးရယ် … ဒါက တနှစ်လုံးမှာ တရက်လောက် ကံကောင်းတဲ့နေလေ … ။ :mrgreen:

    • mayday

      November 2, 2011 at 11:42 am

      ကျွန်တော်က download manager နှင့် ဆွဲတာဗျ ။ Manager နှင့်ဆိုတော့ သိတယ် မဟုပ်လား 🙂 ။ Speed Limit ကို လဲ ပြင်ထားသေးတယ် ဗျ ။ ပုံမှန်ဆိုရင်တော့ 65 မကျော်ဘူးဗျ ။

      • etone

        November 2, 2011 at 4:27 pm

        ကောင်းပါတယ် ဆိုမှ ထပ်ကြွားတယ်နော် … ဟင့် 😀 😀

  • Endless

    November 2, 2011 at 10:14 am

    aww… မောနင်း ဆိုလို့ မောနင်း ပက် မှတ်နေတာ …. ဒေါင်းလုပ် ဖြစ်နေသကိုး ကောင်းလေစွ ကောင်းလေစွ ဆွဲသာဆွဲ မင်း ဂရုမစိုက်နဲ့
    😛

  • Diamond Key

    November 2, 2011 at 10:17 am

    နောက်ဆို မောနင်းပဲဆွဲတော့ မယ်လို့ ( ဒေါင်းလုပ် , ဒေါလုပ် ) ဆိုတော့ ၊အရင်တုန်းက မောနင်းဆွဲက ဒေါလုပ် ???

  • taungpawthar

    November 2, 2011 at 10:59 am

    မော နင်းဆွဲ ဆို လို ့ ဟို ဟာ မှတ်နေ တာ ပြီးတော့ မှ အင်း ငါထင်တာ မှန်ပါတယ်
    မနက်ခင်းမှာ ဆွဲရတာ ပို ကောင်းပါတယ် download

  • windtalker

    November 2, 2011 at 11:27 am

    အင်တာနက် သမား မဟုတ်ရင်တော့
    ဘာလိုလို ညာလိုလိုနဲ ့
    တော်တော်နောက်တဲ့ မေဒေး
    လေဘေးမှာ မအေပေးတွေ ရောင်းနေတယ်တဲ့ဗျာ အထည်တွေ

    • mayday

      November 2, 2011 at 12:00 pm

      ဟား… ခများ ဟာကြီးက ပိုဆိုးသွားပီး ။( လေဘေးမှာ မအေပေးတွေ ရောင်းနေတယ်တဲ့) ။ ကြောက်စရာကြီး ဟီး…

    • inz@ghi

      November 2, 2011 at 12:05 pm

      ကပေ ကော ဘယ်အချိန် ပုံမှန်ဆွဲ သလဲဗျ…
      ဝတ္ထုထဲ ထည့်ရေးပါဝူး သိချင်လို့ပါ …
      ခစ်ခစ်..

    • ပေါက်ဖော်

      November 2, 2011 at 9:53 pm

      နားထားတယ်ပြောတယ်..
      ချစ်တူက ရှော ့ခိုင်းထားလို ့..အရှော့လွန်ပြီး ကျွတ်သွားတာဆိုဘဲ
      😆

  • Shwe Tike Soe

    November 2, 2011 at 11:54 am

    ကျွန်တော်ကတော့ ညဆွဲကြိုက်သဗျ.. CDMA 800 နဲ.ဆွဲတာ.. ည ၁၂နာရီလောက်ဆို ရွှတ်ရွှတ်မြည်သဗျို. ဟေ့ဟေ့

  • Foreign Resident

    November 2, 2011 at 12:13 pm

    အဘ မနေနိုင်လွန်းလို့ ဝင်ကြွားမိပါတယ် ။
    ရက်စက်ပါပေ့ အဘရယ်လို့တော့ မပြောကြပါနှင့် ။
    အဘကတော့ နေ့နေ့ ညည အောက်က (နှုန်း) နဲ့ဆွဲတယ် ။ 😛
    54 Mbps = 54 000 Kbps 😛

    • mayday

      November 2, 2011 at 12:29 pm

      ဟာ ဘဘ ဘယ်နားသွားဆွဲတာလဲဗျ ကောင်းမှကောင်းပါလား ။ ကျွန်တော့ တသက် ဒီ speed ဆွဲဖူးသွားမယ် မထင်ပါဘူးဗျာ ။ skynet 2 M မျာတောင် ၃၀ဝ kbpsမ ကျော်ဘူးဗျ ။ ဘဘ က နိုင်ငံဂျား ကနေဆွဲတာလားဟင် ။ ဒါမှမဟုပ်ရင်တော့ ဂြိုလ်တု ပေါ်တက် ဆွဲတာ ပဲဖြစ်မယ် ( ဒေါင်းလုပ် နော် ဒေါင်းလုပ် )။

      • Foreign Resident

        November 2, 2011 at 2:43 pm

        အဘက ဩဇီမှာ နေတာ ။ 😛

      • etone

        November 2, 2011 at 4:29 pm

        အဘကတော့လေ အားကျအောင် ပြောပြနေပြန်ပါပြီ ။ အဲ့ဒါ .. အဲ့ဒီမှာမို့လို့ … ဒီပြန်ရောက်လျှင် အဲ့ဒီလောက် စပိ အိမ်မက်ထဲမှာပဲ ဆွဲလို့ရတော့မယ် ဟေးဟေး 😆

        မေဒေးရေ ..သူကလေ ဩဇာသီးထဲမှာနေတာတဲ့ … ။ :mrgreen:

  • kai

    November 2, 2011 at 12:16 pm

    ဘာမှတော့ မဆိုင်ပါဘူး..။ လိင်ကိစ္စပညာပေးချင်တာပါ..။

    မဃဒေဝထဲဖတ်ဖူးတာ..။
    မန်လည်ဆရာတော်ကြီးက ရေးတယ်..။
    လူသား.. အသက်တိုခြင်း…အကြောင်းရင်းတဲ့..။
    “မိုးလင်းမေထုံ” ထည့်ထားတာ..။

    မနက်ဆွဲသူတွေ သိစေဖို့ပါ..။ ဆရာတော်ကြီးက ငယ်ဖြူမို့.. တကယ်သိလို့ ရေးတယ်တော့ မထင်ပါဘူး.။
    ဒီလိုပဲ.. စာတွေ့မှန်းအုပ်ကလေး.။ 😆

    • windtalker

      November 2, 2011 at 12:21 pm

      သဂျီးရေ
      ကာမသျှတ္တရ လား ဘာဆိုလား
      အဲဒီကျမ်းမှာ ရေးထားပုံလေးပါ
      ဖော်ပြပေးပါဦးဗျ
      ဗဟုသုတ အလို ့ငှါ
      နောက်ပြီး အဲ့ကျမ်းအတိုင်း လိုက်နာနေသူများ ရှိခဲ့ရင်လဲ
      ကိုယ်တွေ ့အကျိုးအပြစ်များ ရေးကြပါဦးလို ့
      တောင်းဆိုလိုက်ပါရစေ ဗျို ့

      • kai

        November 2, 2011 at 3:11 pm

        ကာမသျှတ္တရ ကျမ်းရေးတဲ့.. ကာလီဒါသကိုယ်တိုင်… ကျမ်းအကြေလွန်ပြီး.. ပြည့်တန်ဆာမက သတ်လို့သေရတာမို့.. အဲဒီကျမ်း..အလကား..အလကား.. 👿
        ခေတ်သစ်.. ဘိုလိုရေးထားတာတွေ.. ရိုက်ထားတာတွေ(ဗီဒီယို).မောနင်းဆွဲဆွဲ.. ညဆွဲဆွဲ.. ဆွဲချင်ရာဆွဲပြီးဖတ်လိုက်…
        သူ့ကျမ်းထက်ကောင်းတာချည်းပဲ..။ 🙂

  • Koyin Sithu

    November 2, 2011 at 12:31 pm

    မောနင်းကတော့ ဘာပဲဆွဲဆွဲ
    အားမကုန်ဘူးလို့ အဘတို့ကတော့
    ပြောကြတာပါပဲ..
    ဘာနဲ့ဆွဲဆွဲ သတိနဲ့ဆွဲပေါ့ဂျာ…

  • nyi nyi thet

    November 2, 2011 at 2:16 pm

    အင်းဗျာ။သူငယ်ချင်း တစ်ယောက်လည်းပြောဖူးတယ် မောနင်း ဂွတ်တဲ့ဗျ။ဒေါင်းလုပ် တော့မဟုတ်လောက်ဘူး။

  • KMN

    November 2, 2011 at 3:48 pm

    မောနင်းဆွဲတာ ကောင်းတယ်လို့တော့ ပြောတာပဲ၊
    လက်တွေ့တော့ မဆွဲဘူးသေးပါ။ (internet မချိတ်ရသေးလို့)

  • thureinmaung

    November 2, 2011 at 5:04 pm

    မောနင်းဆွဲတဲ့ဇတ်လမ်းက များသား
    မောနင်းဆွဲမှကောင်းတာမဟုတ်ဝူးဗျ
    ၂၄ နာရီဆွဲလဲကောင်းတာ ဘဲ။ ဟီဟီ…

  • ကြောင်လတ်

    November 2, 2011 at 7:33 pm

    မနက်စောစောထဆက်ဆံတတ်တဲ့ small cat တော့အဖော်ရသွားပြီပေါ့။

  • inz@ghi

    November 2, 2011 at 7:50 pm

    တားကတော့ ဆာတဲ့အချိန် ထဆွဲ ပစ်လိုက်တာပဲ …..
    မန်မန်းကိုပြောပါတယ် …
    ခစ်ခစ်….

  • အီးတီ

    November 2, 2011 at 8:00 pm

    ကျွန်တော်ကတော့ ဆွဲတာနဲ ့အမျှ ပိုက်ဆံကုန်နေတယ်။ ဖုန်းကတ်ဝယ်ပြီးသုံးကလို ့ပါ။ 1.5 GB ကို
    $20 တဲ့ဗျ။ 🙁

  • naywoonni

    November 2, 2011 at 9:22 pm

    ဘယ်အချိန်ဆွဲဆွဲ ဆွဲပြီးရင် လုံလောက်စွာအနားပေးထားဖို့လိုတာပေါ့…။

Leave a Reply