ရွှေတိဂုံဘုရားကြီးအောက်တည့်တည့်မှာ လိုဏ်ဂူကြီး အကြီးကြီးနဲ့ ရေတွေရှိတယ်။

chityimhtooNovember 2, 20111min35629
Facebook Myanmar Dhamma Friends

စာမျက်နှာပေါ်မှာဖတ်လိုက်ရလို့စိတ်ဝင်စားမိလို့ပြန်လည်တင်ပြလိုက်မိပါတယ်။ရှေးလူကြီးသူမတွေဆီကကြားဖူး
ထားတာလေးတွေရှိရင်လည်းပြန်လည်ပြောကြားပေးကျပါဦး။

ကျွန်ုပ် (ကျီးမနိုးတင်ဝင်း) နှင့် ကျွန်ုပ်မိတ်ဆွေကြီး ဦးရွှေသိန်းတို့သည် ရွှေတိဂုံစေတီတော်ကြီးနှင့် ခပ်လှမ်းလှမ်းတွင်ရှိသော လမ်းဘေးလက်ဖက်ရည်ဆိုင်လေးတဆို်င်တွင် လက်ဖက်ရည်သောက်ကာ စကားစမြည်ပြောရင်း ဦးရွှေသိန်း-က
“ရွှေတိဂုံဘုရားကြီးအောက်တည့်တည့်မှာ လိုဏ်ဂူကြီး အကြီးကြီးနဲ့ ရေတွေရှိတယ်။ အဲဒီရေတွေက ပင်လယ်ရေ အတက်အကျနဲ့ ဆက်နေတယ်။ ရေပြင်ပေါ်မှာလဲ ဌာပနာတွေတင်ထားတဲ့ ကရဝိက်ရွှေလှေ ရှိတယ်ဗျ”ဟု ပြော၏။

(ကျီး)…ဟုတ်ပါ့မလား ဆရာရယ်.. မယုံနိုင်စရာဘဲ။ မျက်မြင်ကိုယ်တွေ့ တွေ့သူ ရှိလို့လား၊ ဒီအကြောင်းက ဒဏ္ဍာရီလိုလို ပုံပြင်လိုလို ပြောနေကြတာမဟုတ်လား။
ဦးရွှေသိန်းက-ပုံပြင်လဲ မဟုတ်ဘူး၊ ဒဏ္ဍာရီလည်း မဟုတ်ဘူး၊ တကယ့်ကို မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရပါတယ်-ဆိုတဲ့ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ပြရင် ယုံမှာလား-ဟု ပြော၏။

ကျီး…“သက်သေအထောက်အထားနဲ့ပြရင် ယုံတာပေါ့ ဆရာ၊ ဘယ်လောက်ခိုင်မာတဲ့ သက်သေအထောက်အထားလဲ”ဟု အလောတကြီး မေးလိုက်၏။
ကိုကျီးမနိုးကတော့ ရဲအရာရှိပီပီ ခိုင်မာတဲ့ သက်သေအထောက်အထားတွေ ဘာတွေနဲ့ အတိအကျမေးနေပြန်ပြီ၊ ဒီလိုဗျ…ကျွန်တော့်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀-နီးပါးက ကြေးမုံသတင်းစာ တစောင်ရှိတယ်။ အဲဒီသတင်းစာထဲမှာ ရွှေတိဂုံဘုရားအောက်က လိုဏ်ဂူထဲရောက်ပြီး လိုဏ်ဂူထဲက ရေပေါ်မှာ ဆံတော်တွေ ဌာပနာထားတဲ့ ရွှေလှေကြီးကို မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရသူ လူအကြောင်း ဓာတ်ပုံအထောက်အထားတွေနဲ့ ပါတယ်ဗျ။

ဟင်-ဟုတ်လား
ဟုတ်တယ်ဆရာရေ…နောက်နေ့ကျ အဲဒီသတင်းစာကို ယူလာပြမယ်၊
ဤသို့ဖြင့် ကျွန်ုပ်၏မိတ်ဆွေကြီး ဦးရွှေသိန်းသည် နောက်တနေ့တွင် လွန်စွာမှ ဟောင်းနွမ်းနေပြီး လွန်စွာမှ ဆွေးမြည့်နေပြီဖြစ်သော ကြေးမုံသတင်းစာတစောင်အား ပေး၍ ကျွန်ုပ်လည်း ချက်ချင်းပင် သတင်းစာအားယူ၍ ကြည့်လိုက်ရာ—

(၁၃၂၉)ခု တပေါင်းလဆန်း ၁၅-ရက်၊ ဗုဒ္ဓဟူးနေ့၊ (13.3.68)၊ (၁၃၄၂)ခု ရက်စွဲများ ရေးထားသော
ကြေးမုံသတင်းစာအား ခေါင်းစီးဒီဇိုင်းအနီရောင်ဖြင့် တွေ့လိုက်ရ၏။
(မှတ်ချက်။ ။ သတင်းစာပေါ်ရှိ ရက်စွဲများမှာ မူရင်းသတ်ပုံအတိုင်း ကူးယူဖော်ပြထားခြင်းဖြစ်၏)

သတင်းစာ၏ မျက်နှာဖုံးစာမျက်နှာတွင် ရွှေတိဂုံစေတီတော်ကြီး၏ ဓာတ်ပုံနှင့်အတူ-
ရွှေတိဂုံစေတီတော်ကြီးအောက်မှ အံ့မခန်း ဆံတော်တွင်း ဗိသုကာလက်ရာများ ရင်သပ်ရှုမောဖွယ် ဆန်းကြယ်လှ၊ လွန်ခဲ့သည့် နှစ် ၆၀-ကျော်က ဝင်ရောက်ခဲ့ဖူးသူက ဂေါပက အဖွဲ့သို့တင်ပြခြင်း…ဟူသော စာသားများကို တွေ့လိုက်ရ၏။ သတင်းနှင့်အတူ ဌာပနာတိုက်အတွင်းသို့ ဆင်းလာခဲ့ဖူးသူ၏ ဓာတ်ပုံကိုလည်း ဖော်ပြထားသည်ကို တွေ့လိုက်ရပြန်၏။

ထိုသတင်းအား ဖတ်ပြီး လွန်စွာမှ အံ့ဩသွားကာ ဤအကြောင်းအရာအား မသိရှိသေးသူများ၊ ဗဟုသုတ ရှာဖွေလိုသူများအား သိစေလိုသောစေတနာဖြင့် သတင်းအား မိတ္တူကူးယူခြင်း၊ ဓာတ်ပုံများအား မိတ္တူ ကူးယူခြင်းများ ပြုလုပ်လျက် သတင်းစာထဲတွင် တွေ့ရသည့် စာလုံးပေါင်းသတ်ပုံများအတိုင်း တလုံးမကျန်အောင် ဂရုစိုက်ပြီး စနစ်တကျကူးယူ၍ မဂ္ဂဇင်းတိုက်သို့ မနှေးအမြန် ရေးပို့လိုက်ရပေသတည်း။

ရန်ကုန်၊ မတ်လ (၁၂) —

လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး၏အောက် ပေ ၆၀-ခန့်တွင် ဆံတော်တွင်း ဌာပနာတိုက်ကြီး ရှိသည်။ ဗုဒ္ဓမြတ်စွာ၏ ဆံတော်မြတ်များသည် ကရဝိက်ရွှေလှေပေါ်တွင် ကိန်းဝပ်လျက်ရှိသည်။ ဆံတော်တို့ ကိန်းဝပ်ရာ ဌာပနာတိုက်သည် ဗိသုကာလက်ရာအားဖြင့် အံ့မခန်း ဆန်းကြယ်လှသည်ဟု ဆံတော်ဌာပနာတိုက်သို့ ဝင်ရောက်ခဲ့ဖူးသည်ဆိုသူ အာမေးနီးယားလူမျိုး မစ္စတာဒီ အက်စအပရမေ (၇၃)နှစ်က ယနေ့ ကြေးမုံနှင့်တွေ့ဆုံရာတွင် ပြောပြလိုက်သည်။

နှစ် ၆၀-ကျော်—

မစ္စတာအပရမေသည် လွန်ခဲ့သည့် နှစ်ပေါင်း ၆၀-ကျော် (၁၉၀၄)ခုနှစ်က ဆံတော်ကိန်းဝပ်ရာ ဌာပနာတိုက် အတွင်းသို့ ဆင်းသက်ကြည့်ရှုဖူးခြင်းဖြစ်သည်ဟု ဆို၏။

ဂေါပက—

မစ္စတာအပရမေက ရွှေတိဂုံစေတီ ဌာပနာတိုက် တည်ဆောက်ထားပုံကို ပုံစံဆွဲကာ ရွှေတိဂုံဂေါပကအဖွဲ့သို့ တင်ပြထားရာ ဂေါပကအဖွဲ့ဝင်များကလည်း မစ္စတာအပရမေကို တွေ့ဆုံမေးမြန်းပြီး ထိုနေရာကို လိုက်လံပြသစေသည်။

ဌာပနာတိုက်လိုဏ်ဂူမှာ ရွှေတိဂုံရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ ဆုတောင်းပြည့်ဘုရားနဲ့ ဆုတောင်းပြည့် တန်ဆောင်းနေရာတွင် ရှိသည်ဆိုသော်လည်း နောက်တိုးတန်ဆောင်းနှင့် ဘုရားများ ထပ်မံမွမ်းမံပြင်ဆင် ထားမှုကြောင့် အတိအကျ ပြသနိုင်ခြင်းမရှိဘဲ ဆုတောင်းပြည့်စေတီ၏ လိုဏ်ဂူအောက်တွင်ရှိမည်ဟုသာ ခန့်မှန်းညွှန်ပြသွားနိုင်သည်ဆို၏။

သော့ခတ်—

အထူးအဆန်း မြင်တွေ့လိုသူများ၊ မသမာသူများ နှောင့်ယှက်နိုင်ခြင်းမရှိစေရန် ဆုတောင်းပြည့် စေတီ လိုဏ်ဝကို ဂေါပကအဖွဲ့က သံတံခါးပိတ် သော့ခတ်ထားလိုက်ပြီး မစ္စတာအပရမေ၏ တင်ပြချက်များကို
လေ့လာစူးစမ်းလျက် ရှိ်သည်ဟု သိရသည်။

ငယ်ငယ်ရွယ်ရွယ်—

မစ္စတာအပရမေကို ယနေ့ကြေးမုံက တွေ့ဆုံမေးမြန်းရာတွင် (၁၉၀၄)ခုနှစ်၊ မိမိအသက် ခုနစ်နှစ်သားအရွယ်တွင် သူငယ်ချင်းဖြစ်သူ ဘမွှေး၊ ဘနှစ်၊ ဘအေး၊ မောင်ချစ် ဆိုသူတို့နှင့်အတူ ရွှေတိဂုံဘုရားသို့ သွားရောက်ခဲ့ကြပါသည်။

ရသေ့ကြီး—

ရွှေတိဂုံရင်ပြင်တော်၏ အရှေ့မြောက်ထောင့် (တနင်္ဂနွေထောင့်) ရှိ ဌာပနာတိုက်အဝသို့ ရောက်သောအခါ ရသေ့ကြီးတပါးကိုတွေ့၍ ချဉ်းကပ်တောင်းပန်ပြီး ဌာပနာတိုက်ထဲသို့ ဆင်းခဲ့ကြပါသည်။

ယောဂီတွေ့—

ရသေ့ကြီး၏ ခွင့်ပြုချက်အရ ဌာပနာတိုက်ထဲသို့ ဆင်းသွားရာတွင် လမ်းတလျှောက်လုံး ယောဂီဝတ်နှင့် နီဝါရောင်ဝတ်ပုဂ္ဂိုလ် (၇)ဦးကို (၈)ပေ, (၉)ပေခြား တယောက်ကျစီ တွေ့ရပါသည်။

(၃၆)ခန်း—

ဌာပနာတိုက်အောက်ပိုင်းတွင် လှေကားထစ်များ ထပ်မံတွေ့ရပါသည်။ ပတ်ပတ်လည်၌ အခန်း (၃၆)ခန်းဖွဲ့လျက် အုတ်များဖြင့် တည်ဆောက်ထားပါသည်။ အလယ်တိုင်မရှိဘဲ ခံ့ညားစွာ အခိုင်အမာတည်ဆောက်ထားသည်။

ရေတွင်း—

အခန်း ၃၆-ခန်း၏ အလယ်ဗဟိုတွင် (၁၀)ပေပတ်လည်ခန့်ရှိ ရေတွင်းတတွင်း ရှိပါသည်။ ထိုရေတွင်းသည် ပင်လယ်ရေအတက်အကျအလိုက် ရေအနိမ့်အမြင့် ဖြစ်ပေါ်ပါသည်။

ကရဝိက်လှေ—

ထိုရေတွင်းထဲ၌ အလျား ၆-ပေခွဲခန့်ရှိ ကျောက်မျက်ရတနာများဖြင့် စီခြယ်ထားသော ကရဝိက်လှေတစင်းကို တွေ့ရပါသည်။ ထိုလှေသည် ဒီရေအတက်အကျအလိုက် ရေတွင်းထဲ၌ အနိမ့်အမြင့် လှုပ်ရှားနေပါသည်။ ထိုလှေသည် ထိုခေတ်ကာလ၌ တန်ဖိုးအရပင် လေးသိန်းထက်မနည်း တန်မည်ဟု ခန့်မှန်းရကြောင်း လူကြီးသူမများ ပြောကြားခဲ့သည်ကို ကြားခဲ့ရပါသည်။ ထိုကရဝိက်ရွှေလှေပေါ်တွင် ဆံတော်များဟု ယူဆရသော ဌာပနာများ ကိန်းဝပ်လျက်ရှိသည်ကို တွေ့ရပါသည်။ သို့သော် ပဝါလွှမ်းထား၍ ဆံတော်ဟု အတိအကျမပြောနိုင်ပါ။

လင်းထိန်—

ဌာပနာတိုက်၏ ထူးခြားချက်မှာ တခန်းလုံးလင်းနေခြင်းပင် ဖြစ်ပါသည်။ တခုသောအလင်းရောင်သည် ချိန်ခါမရွေး ရွှေလှေပေါ်သို့ ထိုးစိုက်ကျရောက်နေခြင်းကြောင့် ဖြစ်ပါသည်။

ဤမျှ ထုထည်ကြီးမားသော စေတီအဆောက်အအုံကြီးကိုပင် ပင်မအလယ်တိုင်မပါ၊ သံရက်မ, မရှိဘဲ ကျောက်တုံးကျောက်ခဲများဖြင့်သာ တည်ဆောက်ပြီး ပင်လယ်ရေ ဝင်ပေါက် ထွက်ပေါက်နှင့် အလင်းရောင်ယူထားပုံမှာ ရှေးဗိသုကာများ၏ ပြောင်မြောက်သော အံ့မခန်းလက်ရာဖြစ်ပါသည်။

သုတေသန—

ထိမျှ ခမ်းနားဆန်းကြယ်သော ဌာပနာတိုက်ကို မိမိကိုယ်တွေ့ မြင်ခဲ့ရခြင်းကြောင့် နှောင်းလူများ သုတေသနပြုနိုင်စေရန် မသေမီ ဖော်ထုတ်ပြောကြားလိုသောဆန္ဒ ပေါ်ခဲ့ပါသည်။ ထို့ကြောင့် ဂေါပကအဖွဲ့ကို တင်ပြခဲ့ခြင်းဖြစ်ပါသည်ဟု ပြောပြလိုက်သည်။

ဇာတိ—

မစ္စတာဒီအက်စ် အပရမေသည် လွစ္စလမ်း (ယခု ဆိပ်ကမ်းသာလမ်း)အမှတ် ၂၅-တွင် (၁၈၉၅)ခုနှစ်တွင် ဖွားမြင်ခဲ့သည်။ မိဘများမှာ မစ္စတာအက်စ် အပရမေ နှင့် မစ္စက်ရိုစ်လူကပ်စ် တို့ဖြစ်သည်။

မိသားစု—

မက်သဒစ်ကျောင်းတွင် ပညာသင်ကြားခဲ့ပြီး (၁၉၁၃)ခုနှစ်တွင် ဘာလ်သာဇာကုမ္ပဏီသို့ ဝင်ရောက် အလုပ်လုပ်ခဲ့သည်။ မြန်မာအမျိုးသမီး ဒေါ်သိန်းရွှေ ဆိုသူနှင့်အိမ်ထောင်ကျပြီး သားသမီးငါးယောက် ထွန်းကားသည်။

ပန်းချီဆွဲ—

ယခုအခါ သားသမီး မြေးများနှင့်အတူ နတ်စင်၊ ဘောက်ထော်၊ (ဇ)ရပ်ကွက်၊ အမှတ်(၁၆၈)(ဃ)တွင် နေထိုင်လျက်ရှိသည်။ အားလပ်ချိန်တွင် ရွှေတိဂုံဌာပနာတိုက် အနေအထားပုံကို ပန်းချီရေးဆွဲလျက်ရှိသည်ဟု သိရ၏။

ကျီးမနိုးတင်ဝင်း (ပေါင်းတည်)
(ဂမ္ဘီရ ၂၀၀၇-၁၂)

 

#မိမိစိတ်ကူးလေးပါ။

ခုလိုတိုးတက်နေတဲ့အချိန်မှာ ပြည်သူတွေပိုပြီးယုံကြည်သဒ္ဒါပွားနိုင်စေရင်သေသေချာချာရှင်းလင်းပြီးလူတွေအထဲမဝင်နိုင်ရင်တောင် စက်ရုပ်ကင်မယာ
တွေအသုံးပြုပြီး ထူးဆန်းတဲ့ ဂမ္ဘီရပညာတွေကိုလေ့လာစေချင်မိပါတယ်။

29 comments

  • etone

    November 2, 2011 at 11:25 am

    စိတ်ဝင်စားစရာပါလား … အဲ့ဒီတုန်းက သတင်းစာလေးစကန်ဖတ်ပြီး ပုံလေးနဲ့ပါ … ပြန်တင်ပေးလျှင် နောင်လာ နောက်သားတွေ အတော်အကျိုးများမှာပါပဲ … ။
    အခုတော့ အဲ့ဒီလူလည်း သေလောက်ပြီထင်ပါရဲ့နော် .. (၁၈၉၅)တွင် ဖွားမြင်သည်ဆိုလို့ပါ … ။
    ရွှေတိဂုံဘုရားအောက်မှာ ရေရှိနေခဲ့တယ်ဆိုတာတော့ .. ကိုယ်တိုင်နားနဲ့ ကြားလို့ လက်ခံပါတယ် … ။
    အံဖွယ် ကိုးပါးထဲက တစ်နေရာဖြစ်တဲ့ ဆံတော်တွင်းမှာ ပုတီးသွားစိတ်လျှင် ရေသံရော ၊ ရေလှိုင်းပုတ်သံပါ ကြားရတယ် … ဘုရားရောက်တဲ့အခါ စိတ်ဝင်စားလျှင် သွားနောင်ထောင်ကြည့် … ။
    ရေလှိုင်းပုတ်သံကြားရတာကတော့ … ရေသေမဟုတ်ပဲ ရေရှင်ဆိုတာကို လက်ခံရတော့တယ် … ။ 🙂
    ဒီလို ဘုရားသမိုင်းတွေနဲ့ ပတ်သတ်တာတွေ ၊ ရှေးဟောင်း အဆောက်ဦးနဲ့ ပတ်သတ်တာတွေကို စိတ်ဝင်စားတယ် … ။

  • kai

    November 2, 2011 at 11:32 am

    ဒန်တန်တန်…
    နောက်တာမဟုတ်ပါဘူးနော..။ တကယ်ပြောတာပါ…။
    စာပြန်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..။

    ကဲ… ထပ်ပြောပါမယ်..။
    ဒန်တန်တန်…။ 😆

    • windtalker

      November 2, 2011 at 11:54 am

      မိပြီ ၊ ကြော်ငြာ ဝင်တာ မိပြီဗျို ့
      သဂျီး ပြောတဲ့ “ဒန်တန်တန်” ဆိုတာ
      အရမ်းရီရတဲ့ အိနိ္ဒယ ကား နာမည်ပါ ။ ကားနာမည် ကို “ဒန်တန်တန်ဓ ဆိုပြီး မေးဝယ်လို ့ရပါတယ်
      မသိရသေးတာတွေကို ရေးပေးတဲ့ ချစ်ရင်ထူး ကို ကျေးဇူးပါ

  • parlayar46

    November 2, 2011 at 11:58 am

    အော် သူကြီးများတော့- မအားလို့ စာအရေးကျဲမယ်လဲပြောထားသေး..
    ဒါမျိုးတော့ အလွတ်မပေးပါလား ။

    အခုထိတော့ မဖြစ်နိုင်တာမပါသေးပါဘူး။
    စေတီတဆူတည်တယ်ဆိုတာ တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် အားကုန်ထုတ်ကြိုးပမ်းကြမြဲမို့ သူ့ခေတ်အခါရဲ့ အကောင်းဆုံးလက်ရာများ ဖြစ်နိုင်ပါတယ် (ဟုတ်ရင်ပေါ့လေ)။

    လမုသီးမှ မွေးဖွားတဲ့ သတို့သမီးရဲ့သားတော် ဥက္ကလာပမင်းကြီးနဲ့
    တဖုဿနဲ့ ဘလ္လိက ကုန်သည်ညီနောင်အကြောင်းပြောမယ့်သူများရှိရင်တော့
    ရှေ့ပြောနောက်ကြည့်တဲ့နော်…:)

    ဒို့ကတော့ ဘုရားသမိုင်းတွေအကြာင်းပြောဘို့ …. ကြောက်မှကြောက် ….။

  • နွယ်ပင်

    November 2, 2011 at 12:16 pm

    တော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲ
    တစ်ခါမှ မကြားဖူးခဲ့ဘူးပဲ
    အခုလို ဖော်ပြပေးတာ ကျေးဇူးပါ ။

    • nyi nyi thet

      November 2, 2011 at 2:38 pm

      ဟုတ်ပါတယ်။စိတ်ဝင်စားဖို. ကောင်းပါတယ်။ဒါပေမယ့် လန်ကျုပ်ကြီး ထင်တယ်ဗျ။အဖိုးကြီးက သူငယ်ပြန်ပြီးရှောက်ပြော တာလည်းဖြစ်ကောင်းဖြစ်မယ်။

  • စုံ စုံ

    November 2, 2011 at 12:20 pm

    အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်
    ဒီ့ထပ်သမိုင်းကြောင်းစုံစုံလင်လင်ကိုအထောက်အထားလေးတွေနဲ့
    ထပ်ဖတ်ရရင်ပိုကောင်းမယ်နော်

  • zaymdy

    November 2, 2011 at 1:07 pm

    ရွှေတိဂုံဘုရားကြီးအောက်တည့်တည့်မှာ လိုဏ်ဂူကြီး အကြီးကြီးနဲ့ ရေတွေနဲ. ရေတွေ.ရှိတယ်ဆိုတာ ဖြစ်နိုင်ပါတယ် ဘာလို.ဖြစ်နိုင်လည်းဆိုတော. ရွှေတိဂုံအရှေဘက်မုဒ် ဗဟန်းမှာနေတည်းကျွန်တော်တို. ငယ်ငယ်က ဘုရားပတ်ဝင်းကျင်ဆော.ကစားရင်း ဘုရားအနောက်ဘက်မုဒ်နှင်. တောင်ဘက်မုဒ်ကြားက ဂူအဝင်ဝလေးကို ရှောက်ရှိသွားပြီး အထဲကို ဝင်ကြည်မိပါတယ် အထဲမှာတော. ခြုံတွေ.အများအပြားအပြင် မြွှေပါတွေ.ခဲ.လို. ဆက်မသွားရဲတော.ပဲပြန်ထွက်လာကြတာပါ ထူးခြားချက်တစ်ခုလည်းရှိပါတယ် မြောက်ဘဒ်မုဒ် ပန်းခြံကနေ. ရွေတိဂုံဘုရား ပြန်တက်သွား(တက်တက်ချင်း အဝင်ဝ)ဘယ်ချိုးတည်းလမ်းလေးမှာ ဘုရားလေးတစ်ဆူရှိပါတယ် အရင်က အဲဘုရားလေးနားမှာ မြေအောက်လိူင်ဂူလေးတွေ. ရှိပြီး အဲဒီထဲ.ဆင်းသွားရင် အေးသွားပြီး ကျောက်စက်ရေလေးတွေ .ကြနေပါတယ် လိူင်ဂူတည်းမှာလည်း လမ်းတွေ. အများကြီးပါ ဘုရားလေးတွေလည်း အဆူဆူ ကိုးကွယ်ပြီး တရားလာထိုင်တည်းလူတွေ.ရှိပါတယ်…. အဲတုန်းက အဲလိူင်ဂူကို ဆက်လက် ဖောက်လုပ်နေတည်းလို.လည်း သိရပါတယ်..(2002-2003)ကပါ 2009 လောက်ကြတော. အဲလိူင်ဂူတွေ. အကုန်လုံးပိတ်လိုက်ပါတယ်… ဘာဖြစ်လို.လည်းဆိုတာတော….

  • ဆူး

    November 2, 2011 at 1:35 pm

    ဘုရားမှာ ရေတက်ရေကျ ရှိတယ် ဆိုတာတော့ ကြားဖူးတယ်။
    အခုခေတ်မှာလည်း ဌာပနာ တိုက်က အတွင်းထိ ဝင်လို့ မရလောက်ဘူး။
    စေတီ အထက်ပစ္စယံက ဌာပနာ တိုက်ရောက်ဖူးတဲ့ လူက ပြောတာတော့ ရွှေတွှေ အားကြီးပဲတဲ့။
    ရောက်ဖူးတဲ့ သူက ရသေ့နဲ့ လိုက်သွားတာ ဆိုတော့ အထဲကို မြင်ဖူးသွားတာ ဆိုတော့..
    ဒန်တန်တန် သဂျီး ကင်မရာ ခါးကြားညှပ် ရသေ့လုပ်ပြီး တရားအားထုတ်လိုက် မျက်စိရှေ့မှာ ပေါ်လာတိုင်း ခါးကြားက ဟာလေးနဲ့ ထုတ်ထုတ်ရိုက်လိုက်လေ..

    ဘုရား အတွင်းပိုင်းက လက်ရာတွေကလည်း အံမခန်း ဖြစ်ဖို့ ကောင်းတာလည်း ရှိမှာပါ။
    အခုခေတ် ပုဂံဘုရားမျက်မြင် အနေအထားတောင် ဗိသုကာ သမားတွေ လေ့လာရတုန်းပဲ ဆိုတော့..

    @ဦးပါလေရာ ရေ.. ဘုရား အကြောင်း ပြောဖို့ သဂျီး နဲ့ အခြေအတင်ဖြစ်မယ် ဆိုရင်တော့ ဒန်တန်တန်
    myanmargazette.net/136/computers-technology
    အဲဒီ ပိုစ်လေး ဖတ်ပြီး ကတည်းက အားတက်သွားတယ်။ ဟဲဟဲ..

  • manawphyulay

    November 2, 2011 at 1:50 pm

    အင်းနော်… ဒါဆိုရင် မြောက်ဘက်မုခ်အဆင်းဘက်က စဓဗဝ လိုဏ်ဂူကိုတော့ အောက်ထိဝင်ဖူးပါတယ်။ အဲဒီလိုဏ်ဂူနဲ့ကော ဆက်နေလားမသိဘူးနော်။ ရေတက်ရင်တော့ အဲဒီလိုဏ်ဂူက ဝင်လို့သိပ်မလွယ်တော့ဘူး။ ခုတော့ အဲဒီလိုဏ်ဂူလည်း ပိတ်လိုက်ပြီ။ တော်တော်တော့ စိတ်ဝင်စားစရာ အရမ်းကောင်းသလို မသိတာတွေလည်း ဗဟုသုတအရမ်းရတဲ့အတွက် ထပ်မံသိတာလေးတွေ မျှဝေပါဦးနော်။

    • AKKO

      November 2, 2011 at 2:19 pm

      အဲ့ဒီ စဓဗဝ ဆုတောင်းပြည့်လိုဏ်ဂူကိုပိတ်လိုက်ပြီလား ။ ဖြစ်နိုင်ပါတယ် ကပ်သီးကပ်သတ်နေရာသေးသေးလေးမှာ အတွဲတွေ ချောင်ခိုနေတာကြောင့်ပါ ။
      အဲ့ဒီဂူထဲဝင်လျှင် အသက်ရှုမဝသလိုခံစားရတာကြောင့် တစ်ခေါက်ပဲ အထူးဆန်းဝင်ကြည့်ဖူးတယ် ။ 🙂

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 2, 2011 at 2:18 pm

    ဘူယုံယုံ
    ကျုပ်ယုံဘူး
    အဲ့သည် စေတီတော်ကြီးရဲ့ ဌာပဏာ တွေကို အင်္ဂလိပ်တွေ
    တူးတုန်းက
    မြေကြီးအောက် ပေတစ်ရာ ထိရောက်အောင်တူးတာ
    ဘာမှတွေ့ဘူး
    ပြောလို့တော့ဘယ်ရမလဲနော
    ကံကံ၏အကျိုးလေ 😀 😀 😀

    • kai

      November 2, 2011 at 2:29 pm

      ဒန်တန်တန် မစ္စတာအောင်ပုကို ထောက်ခံ… ဆက်ပြောရရင်…
      အင်္ဂလိပ်များ ဘာများမှတ်နေသလည်း မသိဘူး..။
      ရန်ကုန်က.. အင်္ဂလိပ်လက်အောက် အကြာကြီးရောက်နေတာ.. အဲဒီလို ဂမ္ဘီရတွေတွေများ အလွတ်ပေးထားခဲ့မယ် ထင်နေကြသလားတော့မသိ…။
      ရွေတိဂုံကမှ.. နှစ် ၅-၆ရာလောက်ရှိတာ..။
      အီဂျစ်က.. နှစ်၃-၄ထောင် ဖွက်ထားတာတွေကိုတောင်.. အင်္ဂလိပ်တွေ မွှေသမယူသွားတာ မနည်းလား..။

      ဘာပဲဖြစ်ဖြစ်..
      ဒီအတိုင်းဆက်ဖွပြီး.. တိုးရစ်ဇင်မြှင့်ပေးလိုက်ရင်တော့.. ဒေါ်လာမီလီယန်ချီဝင်သွားနိုင်သမို့.. တကယ်ရွေလှေလောက် အသာလေး ဆောက်လို့ရပြီး.. နောက်ဆုံးပေါ်ဆင်ဆာတွေနဲ့.. ဂိတ်တွေလည်း ထည့်လို့ဖြစ်နိုင်မယ် ထင်ပါကြောင်း…။ 😆

      • AKKO

        November 2, 2011 at 2:48 pm

        ဟိုးတစ်လောက ရခိုင်မှာ ရွှေစင်အတိတူးဖော်မိတဲ့ ဘုရားတွေ အင်္ဂလိပ်တွေ မြင်မသွားဘူး မှတ်တယ် 😆

        • kai

          November 2, 2011 at 3:02 pm

          ကျန်ခဲ့တာတွေဖြစ်မှာပေါ့ကွယ်..။ တနေရာထဲစုမနေပဲ..ပြန့်နေရင်တော့.. သိပ်ပြီး အားစိုက်ရှာကြမယ် မထင်ပါဘူး..။
          ပုဂံမှာလည်း.. နည်းနည်းတော့ကျန်နေသေးတာပဲမဟုတ်လား..။
          အဲဒီအတိုင်းပဲ.. အီဂျစ်မှာ ကျန်နေတာတွေရှိပါသေးတယ်..။ အခုထိ..တွေ့နေတုံး..။
          မာယာတို့..အင်ကာတို့ဖက်က ရွေတွေတော့ ကုန်သွားရှာသတဲ့လေ..။
          😆

        • etone

          November 3, 2011 at 12:51 pm

          သဂျီးကလည်း ငြင်းတော့မယ် … ကျန်ခဲ့တယ်ဆိုလည်း တစ်ဆူနှစ်ဆူပေါ့ … ဘယ်နှယ့် လေးဆယ်ကျော်တုန်း … ။ 😀

  • naywoonni

    November 2, 2011 at 2:51 pm

    မိုးမြင့်ယံထဲ….. ပျံဝဲ ..လေတံခွန်လေးကိုကြည့်ကာ……..အသိတရားတစ်ခု ရလိုက်ပါပြီကွယ်…..။ ဥပမာဆိုကြပါစို့……. ပုံခိုင်းနှိုင်းပြမယ်…. လေတံခွန်ဆိုတာ စက္ကူလေးက ဖြစ်လာတာမို့ ……………..ဘဝဟောင်းကိုတော့ မမေ့သင့်ပါတယ်…။

    • thit min

      November 3, 2011 at 10:08 am

      ကျနော့ရဲ့ “သည်အလှူ” ပို့စ်ထဲက မျက်မမြင်အကိုကြီးဆိုသွားတဲ့သီချင်းလေးပါ။
      ကျနော်စကားလုံးအကုန်အလွတ်မရဘူး။မြင်ရင်တော့သိပါတယ်။
      အဲဒီသီချင်းလေးဟာကျနော့ဘဝရဲ့တကဲ့မှတ်တိုင်လေးပါ။ကိုနေဝန်းနီရေးပြလိုက်တာဝမ်းသာကြည်နူးမိသွားလို့
      ဒီကော်မန့်ကိုရေးပါသည်ခင်ဗျား။

  • ရွှေဘိုသား

    November 2, 2011 at 3:14 pm

    နံမည်ကကတော့ ချစ်ရင်ထူး စာတွေကတော့ ရေးလိုက်ရင် အထူးတွေပါပဲ လိုက်ပါပေတယ် နံမည်နဲ့ ကျေးဇူးတင်ပါတယ် ဗဟုသုတရတာပေါ့

  • aye.kk

    November 3, 2011 at 7:10 am

    မဆလခေတ်က
    သမိုင်းအထောက်ထားအရ
    ဌာပနာတိုက်ထဲကိုဆင်းဖို ့ကြိုးစားတာဓားစက်လှံစက်တွေကြား
    ဆင်းလို ့မရခဲ့တာကိုယ်တိုင်ကြားသိဘူးပါတယ်

  • fatty

    November 3, 2011 at 9:07 am

    ပတ္တမြားမျက်ရှင်ကိုယ်တော်နဲ့တည့်တည့်အောက်မှာ လှိုင်ဂူအဆင်းပေါက်ရှိပါတယ်။
    ခင်တဲ့အသိမိတ်ဆွေဂေါပကများရှိရင်ချည်းကပ်ပြီးမေးကြည့်ပေါ့ ….။ အဲလိုဆင်းနိုင်တဲ့နေရာ
    အခြားနေရာများကိုလဲ အဲလိုဘဲတန်ခိုးကြီးဘုရားများအဖြစ်အပေါ်ကထားပါတယ် ..။
    အထဲမှာတော့ဘာရှိလဲမသိပါဘူး ..။

  • ဆူး

    November 3, 2011 at 9:32 am

    ဓါးစက် လှံစက် တွေ ရှိတယ် ဆိုရင် ပန်ပန်ကြီးဆီက စက်ရုပ်တရုပ် အကူအညီနဲ့ ဆင်းခိုင်းရင် ဘယ်လို ရှိမလဲ မသိဘူးနော်။ ရုပ်ရှင်ထဲမှာလို အပေါ်ကနေ ကင်မရာနဲ့ ထိုင်ကြည့်ပြီး အမိန့်တွေပေးပြီးတော့ ဓါးခုတ်ခံရတော့လည်း စက်ပဲ ပျက်မှာဆိုတော့.. ဟိဟိ.. စိတ်ကူးမိတာလေးပါ။

  • maungmoenyo

    November 3, 2011 at 10:27 am

    အထင်ကရအဆောက်အဦလို့ပြောရင် စိတ်ဆိုးတော်မူကြမှာလား? ရွှေတိဂုံ အပါအဝင်သမိုင်ဝင်အဆောက်အဥိတွေနဲ့ပါတ်သက်ရင် ဒီလိုဒဏ္ဍာရီမျိုးတွေက မြန်မာမှာသာမကကမ္ဘာမှာ ဖုံးမနိုင်ဖိမရထွက်တတ်ပါတယ်။ ဘာလို့လဲဆိုတော့ ဘယ်သူကမှသက်သေထူဘို့မကြိုးစားဝံ့လို့ပါဘဲ။ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေပေါ့။
    မောင်မိုးညိုကတော့ ဒဏ္ဍာရီတွေလို့ဘဲ ယူဆပါတယ်။

  • Gipsy

    November 3, 2011 at 10:45 am

    ဟိုးယ္ခင်ကတော့ ကြားဖူးနေပါတယ် ။ ဒဏ္ဍာရီများလားလို့ပါ …။
    ကလေးဘဝတုန်းကတော့ အိပ်မက်တွေဘာတွေတောင်မက်ဖူးသဗျာ…။
    ကလေးဘဝ ဆိုတာကလဲ အစွဲအလမ်းကြီးတာကလား…။
    ပီးတော့ စိတ်ကူးယဉ်လို့လဲ အကောင်းသား…..။

  • ကြောင်ကြီး

    November 3, 2011 at 11:13 am

    စက်ရုပ်ထက် သဂျီးကို ကြိုးတုပ်ပြီး စက်သီးနဲ့ လှိုင်ဂူအောက်ကို ချရင်ပိုကောင်းမယ်။ ကြိုးတုပ်ရခြင်းကတော့ အပြောကြီးတဲ့သဂျီး တကယ်ဆင်းခိုင်းမှ ကြောက်လန့်တကြား ရုန်းကန်နေမှာစိုးလို့။ ဘဂျီးပုကိုတော့ မခိုင်းနဲ့၊ အရက်ပုလင်းကိုင်ဆင်းသွားလို့ လမ်းအလည်မှာတင် ပေါင်ချိန်ဓားစက်မိနေမယ်…။ မမိလည်း ဘာမှထူးမှာမဟုတ်ဘူး။ အရက်မူးမူးနဲ့ ထင်ရာမြင်ရာ လျောက်ပြောနေမှ အလကား နာမည်ပျက်နေမယ်။။။ 😆

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 3, 2011 at 11:54 am

    ဟုတ်ဘူးလေ မြတ်စွာဘုရားရှင်ရဲ့ အရိယာသစ္စာတရားတော်မြတ်နဲ့
    ဂမ္ဘီရ လိုလို ဘိုးတော်တွေက ဘာဆိုင်လို့တုန်း
    သစ္စာတရားတော်မြတ်ကို သိနေမှတော့ ( စာဖတ်ခြင်းသုတဖြင့် )
    ဘာကိုလိုက်ပြီးရှာနေကြသလဲသိဘူး
    တစ်နေ့များ စာရေးဘို့ အာသီသဖြစ်တဲ့အခါ
    လူတို့မျက်စေ့ဖြင့်မြင်နိုင်သော တန်ခိုးတွေအကြောင်းကို ပြောပြခြင်ပါသေးတယ်
    ကြုံလို့ပြောလိုက်ပါဦးမယ်
    ကိုယ့်အာဘော်တော့ဟုတ်ရပါဘူးဗျာ
    ဆရာတော်တစ်ပါးရဲ့တရားတော်နဲ့ညှိပြတာပါ ကိုယ်လက္ခံလို့ကိုယ်ပြောတာပါနော
    အဲ့သည်စေတီတော်ကြီးထဲမှာဒဲ့
    လွန်လွန်လေပြီးသော မြတ်စွာဘုရားရှင်တော်ရဲ့ ရေစစ်လားဘာစစ်လား မသိပါဘူး
    ဌာပဏာထားပါသတဲ့
    အဘိဓမ္မာသဘောအရကတော့
    လက်ရှိမြတ်စွာဘုရားရှင်တော်ပွင့်တော်မူဘို့ လွန်လေပြီးသောမြတ်စွာဘုရားရှင်တော်တို့ရဲ့
    ပရိဘောဂတော်တွေဟာ ကွယ်ပေးရတာ သဘာဝကို
    အကြင်ဘုရားဒါယကါဂျီးဒွေမသိကြတာကတော့
    ကျွတ်ကျွတ်

  • chityimhtoo

    November 3, 2011 at 7:43 pm

    ဘကြောင်ကြီးကွန်မန့်ကိုထောက်ခံပါတယ်။:P

  • nature

    November 3, 2011 at 8:52 pm

    ငယ်ယ်တုန်းကတော့ ပုံပြင်လိုလို ကြားဖူးတယ်။

  • small cat

    November 4, 2011 at 12:45 am

    ကိုချစ်ရင်ထူး ရေ နတ်တစ်ယောက်ချင်းရာဇဝင်တွေဆက်ရေးဖြစ်သေးလား၊ကျွန်တော်ရွာထဲမရောက်တာ
    ကြာသွားလို့အဆက်ပြတ်နေတယ်၊ မရေးရသေးရင်ဆက်ရေးပါဦး စောင့်မျှော်နေပါတယ်။

    ပုသိမ်ရွှေမုတ်ထော(အသံထွက်အတိုင်းရေးလိုက်တာပါ၊စာလုံးပေါင်းမမှတ်မိတော့ပါ) ဘုရားကြီးရဲ့အောက်မှာလဲ ရေတွေနဲ့လှိုင်ဂူကြီးရှိတယ်လို့ဆိုပါတယ်၊ကျွန်တော်တို့ငယ်ငယ်က ခိုစာကျွေးတဲ့နေရာ ဘုရားရင်ပြင်ကြီးဟာ ပေ (၃၀)ပတ်လည်လောက်ချိုင့်နေတာမှတ်မိပါသေးတယ်၊ အခုအဲဒီနေရာကြီးချိုင့်နေသေးသလားမသိတော့ပါ။ အဲဒီချိုင့်ကြီးအောက်ကရေတွေဟာကျောက်ငူ ကမ်းပြိုတဲ့နေရာကလှိုင်ခေါင်းနဲ့တဆက်တည်းလို့ ငယ်ငယ်ကကြားဖူးပါတယ်။အဲဒီအောက်မှာ ငါးအကြီး
    ကြီးတစ်ကောင်နေတယ်လို့လဲ ပြောကြပါတယ်၊ ကျောက်ငူကမ်းပြိုဟာ ကျွန်တော်တို့ငယ်ငယ်က
    ဘယ်လိုမှပိတ်လို့မရခဲ့ပါဘူး၊လမ်းပါပြိုကျသွားတာပါ၊အခုတော့ဘယ်လိုဖြစ်သွားသလဲ၊ပိတ်လို့ရသွာပြီလား မသိတော့ပါဘူး၊ပုသိမ်ကိုမရောက်တာလည်းတော်တော်ကြာသွားပါပြီ။

Leave a Reply