ဂြိုလ်သား၏အနေအထား

thit minNovember 2, 20111min48524

တီတီနှင့် ထူးခြားသော အသံတခုကို အာကာသထိန်းချုပ်ရေးစခန်းတွင် ဆူညံစွာမည်ဟီးလာသည်။

နှစ်ပေါင်းထောင်ကျော်မှတ်တမ်းတွေအနက် ပထမဆုံးသော တခြားဂြိုလ်တခုမှ ရေဒီယို ဆက်သွယ်မှုတခု။

ဘာသာစကားပါရဂူများ မှ လိုအပ်သော ထိန်းညှိမှုများပြီးသောအခါ တီတီအသံသည် လူသားတို့

နားလည်သောဘာသာစကားအဖြစ်အသွင်ပြောင်းလေပြီဖြစ်သည်။

” ဟလို ဟလို ကြားရလား ကျနော် ကွန်ဆိုဂြိုလ်ကပါ။မောနင်းပါ ” ဟု ပီပီသသကြီးကြားရသည်။

သို့နှင့်အပြန်အလှန်ပြောဆိုနိုင်သော အနေအထားနှင့် စကားတွေပြောလို့ရသွားတော့သည်။

ကွန်ဆိုဂြိုလ်မှ မေးသည်များကို ကမာ္ဘမှ အာကာသထိန်းချုပ်ရေးတာဝန်ခံများ၊ တတ်သိပညာရှင်များ၊

မှကြီးကြပ်မှုဖြင့်ဖြေကြားကြသည်။

အလင်းနှစ် သောင်းချီ၍ဝေးသောကွန်ဆိုဂြိုလ်မှမေးသည်များဖြေ အပြီးမှာ ကမာ္ဘမှမေး ရန်အလှဲ့ရောက်ပြီ။

ကမာ္ဘမှမေးသည်။

ခင်ဗျားတို့ဆီမှာ အကြမ်းဖက်မှုတွေရှိလား?

~~~မရှိဘူးဗျ။ (ပြန်ဖြေသည်)

ဒါဆိုအာဏာရှင်တွေကတင်းတင်းကြပ်ကြပ်အုပ်ချုပ်ထားလို့လား?

~~~မဟုတ်ပါဘူး

အာဏာရှင်စနစ်ဆိုတာရော၊တင်းကြပ်မှုဆိုတာရော?

~~~ဘာမှမရှိပါဘူး။

လူလူချင်းချင်းနှိပ်စက်တာတွေရောရှိလားခင်ဗျ?

~~~မရှိဘူး…. လုံးဝဘဲ။

ဒါဆို လုံခြုံရေးဆိုတာရော၊အိမ်ဖောက်ထွင်းမှု၊လူယက်မှု၊လူသတ်မှု၊မူဒိန်းမှုဆိုတာတွေရော?

~~~နိုးပါ ခင်ဗျာ၊မရှိပါဘူး။

ရုံးပြင်ကနားကိတ်စတွေရော အဆင်ပြေ၊မြန်မြန်ဆန်ဆန်လုပ်ပေးကြရဲ့လား?

~~~ဘာအခက်အခဲမှမရှိဘူးအဆင်ပြေပါတယ်။

တယောက်နဲ့တယောက်စည်းလုံးညီညွတ်မှုမရှိဘဲ အမျိုးမျိုးသောအဖွဲ့တွေကွဲနေတာတော့ရှိမယ်ထင်တယ်?

~~~ဟာ မရှိဘူးဗျ၊အဲဒီလိုကွဲတာမျိုး။

 

ဟာဗျာ။လောကနိဗ္ဗာန်ပါဘဲ။အားကျစရာကြီးဗျာဟုပြောပြီး။

အာကာသစခန်းတွင်း အရေးကြီးဆွေးနွေးမှုများ ပြုလုပ်ရန်အတွက်

နောက်တရက်တွင်ဆက်သွယ်ပါရန်ပြောကြားလိုက်ပြီး စကားပြောစက်ကို ပိတ်လိုက်ကြသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကွန်ဆိုဂြိုလ်သားသည် ထိုင်ရာမှ ဖြည်းညှင်းစွာထလိုက်သည်။ အနားတွင်ရှိသော နောက်စက်တလုံးကို ဖွင့်၍

တခြားဂြိုလ်ခုခုကို ဆက်သွယ်ရန်ကြိုးစားကြည့်နေသည်။ တနေ့တာအချိန်များကို စကြာဝဠာ အတွင်းရှိ

ဂြိုလ်တခုခုကို ဆက်သွယ်၊စကားပြောရင်း ကုန်ဆုံးစေရသည်။ ဒီကွန်ဆိုဂြိုလ်သည် လွန်ခဲ့သော အနှစ် ၅ဝ က

ရုံးပြင်ကနားကိတ်စတွေ အဆင်မပြေမှု၊အခက်အခဲအဟန့်အတားများ၊

အကြမ်းဖက်မှူများ၊

အာဏာရှင်တွေကတင်းတင်းကြပ်ကြပ်အုပ်ချုပ်မှုများ၊

လူလူချင်းချင်းမတရားနှိပ်စက်မှုများ၊

အိမ်ဖောက်ထွင်းမှု၊လူယက်မှု၊လူသတ်မှု၊မူဒိန်းမှုပေါများမှုများ၊

တယောက်နဲ့တယောက် တဖွဲ့နဲ့တဖွဲ့ စည်းလုံးညီညွတ်မှုမရှိဘဲ ကွဲ ကြကာ

နောက်ဆုံး ပြည်တွင်းစစ်များ၊နိုင်ငံအချင်းချင်းစစ်ပွဲကြီးများအကြီးအကျယ်ဖြစ်ပြီး

ကွန်ဆိုဂြိုလ်တွင် “သူ” တယောက်သာ ကျန်ခဲ့ရသည်။

တီတီ ဟု အသံကြားရပြီ။ တခြားဂြိုလ်တခုနှင့် အဆက်အသွယ်ရပြန်ပြီ။

သည်လိုနှင့် …………………

” ဟလို ဟလို ကြားရလား ကျနော် ကွန်ဆိုဂြိုလ်ကပါ။မောနင်းပါ ”

” ………..   ”

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မှတ်ချက်။ ။ဟိုရှိ ရှင်းအိချိ ၏ ဝတ္ထုတိုများ မှ ဆီလျှော်အောင်ပြန်ဆိုပါသည်။

 

အားလုံးကိုလေးစားပါသည်….

 

မောင်သစ်မင်း

24 comments

  • koyinmaung

    November 2, 2011 at 4:18 pm

    အားပေးသွားပါတယ်ဆရာသစ်ရေ…

  • kai

    November 2, 2011 at 4:30 pm

    အလင်းနှစ် သောင်းချီ၍ဝေးသောကွန်ဆိုဂြိုလ်မှမေးသည်များ.. ဆိုတော့ကာ…
    အဲဒီပြောနေတဲ့ ဂြိုလ်သားက.. လွန်ခဲ့တဲ့နှစ် သောင်းချီက အတိတ်ကလူပဲ..။

    အဲဒီလို စဉ်းစားရင် ဘယ်လိုကြီးမှန်းမသိဘူးဖြစ်သွားတယ်..။

    ဆရာသစ်မင်းကို ခင်လို့နောက်တာပါနော..။
    အဲဒီစာရဲ့ ပေးချင်တဲ့.. ရသကို “မိ”ပါတယ်..။ 😆

    • thit min

      November 2, 2011 at 4:50 pm

      အလင်းနှစ်သောင်းချီ၍ မြန်နှုန်းမြင့် မိုက်ကရိုဇီလီယမ် နာနို တက်ကနိုလိုဂျီ နှင့်ဆက်သွယ်ခြင်းဖြစ်လို့ ချက်ခြင်းဆိုသလို
      အသံ ရောက်နိုင်ပါကြောင်း ရွှီးပါရစေ(အဲ) ရှင်းပါရစေ သူကြီးမင်းခင်ဗျား(^^)

  • blackchaw

    November 2, 2011 at 5:01 pm

    ဂြိုဟ်သားက မလိမ်ပါဘူး။ အမှန်တွေကိုပဲ ဖြေနေတာပဲကို။
    တစ်ယောက်တည်းကျန်ခဲ့မှတော့ ဒါတွေဖြစ်စရာ မရှိတော့ဘူးပေါ့ဗျာ။
    taste လေးတစ်ခုကို ရပါတယ်ဗျာ။

  • MaMa

    November 2, 2011 at 5:10 pm

    လိုက်မမှီလို့ တတ်ကျွမ်းနားလည်သူများက ထရန်စလေးရှင်းလေး မ စ ရင် ကောင်းမယ်။ 🙂

    • thit min

      November 2, 2011 at 5:18 pm

      အဲဒီလိုဆိုးဝါးမှူတွေနဲ့ ပြည့်စုံနေတဲ့ ကမာ္ဘကြီး ဟာ တနေ့မှာတော့ ကွန်ဆိုဂြိုဟ်….. လို။
      ဒန်တန်တန် ……………………
      (သူကြီးထံမှငှါးသုံးသည်)

      • MaMa

        November 2, 2011 at 5:34 pm

        အကောင်ပြမှပဲ အရိပ်ထင်တော့တယ်။ ဘာသာပြန်ပေးတာ ကျေးဇူးပါ သစ်မင်းရေ။

  • weiwei

    November 2, 2011 at 5:34 pm

    ဒီနေ့ အလုပ်ထဲက အတူလုပ်တဲ့ အင်ဂျင်နီယာတစ်ယောက်က ပြောတယ် … ညတုန်းက သူအိမ်မက်မက်တယ်တဲ့ .. အိမ်မက်ထဲမှာ ကျွန်မတို့စက်ရုံက စက်ရုံမှူးအပါအဝင် လူတွေအားလုံး တစ်ယောက်တစ်မျိုး (သူကတော့ နံမည်နဲ့ အကြောင်းအရာသေချာပြောပါတယ်) သေကုန်ကြပြီး စက်ရုံကြီးလဲ မီးလောင်ပြီး အမှိုက်ပုံလိုဖြစ်သွားတယ်တဲ့ .. သူကတော့ တစ်ယောက်ထဲကျန်ခဲ့တယ် … ဒါပေမယ့် ရူးသွားတယ်တဲ့ … 😛

  • khinmintatthu

    November 2, 2011 at 5:41 pm

    အဲဒီလိုမျိုးလေးတွေ များများလေး ဘာသာပြန်ပေးပါ… ကျေးဇူးတင်ပါတယ်…

  • အီးတီ

    November 2, 2011 at 7:53 pm

    ဂြိုလ်သားဆိုလို ့ ကျွန်တော့်ကိုများပြောတာလားလို ့။ 😀

    • inz@ghi

      November 2, 2011 at 8:02 pm

      ကွီးတီ (ကိုအီးတီ ဟုတ်ဖတ်ပါ)
      အစ်ကိုဂျီးကိုလေ…တား ဇာတ်လမ်းလေးထဲမှာ
      အဘတို့ ကိုရင်စည်တို့နဲ့အတူ ပူဇော်မယ်နော်…

  • alinsett

    November 2, 2011 at 8:19 pm

    ကိုသစ်မင်း..ရေ..ဘာသာ ပြန်တာလည်းကောင်းတာပဲ.ဗျ။
    ကိုသစ်မင်းကို တော်တော် အားကျပါတယ် ။
    စာပေ လောက မှာ ကိုသစ်မင်းလို အဘက်ဘက်က တော်တဲ ့သူတွေ များနေလေ..ကောင်းလေ..ပါပဲ.။
    ဆက် အားပေးနေပါ့မယ်။

  • Koyin Sithu

    November 2, 2011 at 10:10 pm

    ဦးသစ်ရေ….
    ကိုယ့်အပေါ်နားမလည်သူတွေကြားထဲနေတဲ့အခါ
    အသွင်မတူ စိတ်ဓါတ်မတူ သူတွေကြားနေတဲ့အခါ…
    ကျနော် ကောင်းကင်က ခြောက်ကပ်နေပါ၏
    ကျနော် အိပ်မက်တွေက ခမ်းခြောက်ကုန်ပါ၏
    ထို့ကြောင့် ကျွန်တော်သည် ကမာ္ဘကြီးမှာ တစ်ယောက်တည်းသာ
    ကျန်ပါတော့၏…
    နောက်ဆုံးတော့… အဘခပြောခဲ့သလိုပဲ…
    ပြီးတော့လဲ ပြီးသွားတာပါပဲဗျာ…
    (ပို့စ်ဖတ်ပြီး ရင်ထဲက ခံစားရသလိုရေးလိုက်တာပါ… ကိုကြီးသစ်)

    • thit min

      November 4, 2011 at 5:44 am

      စိတ်ရဲ့ ခံစားချက်ဆိုတာရှိတတ်တာမျိုးပါဘဲ။
      အဲအရမ်းခံစားနေရတာကို “အကျင့်” မလုပ်နဲ့၊အဲတာလေး။
      ကိုယ့်ရည်မှန်းချက် ကို ခိုင်မာပါစေ၊ပြီးရင်အဲဒီအတွက် ဒီနေ့ ဘာလုပ်မှာလဲလို့စဉ်းစား။
      စိတ်ညစ်တိုင်းအဲလိုစဉ်းစား၊ အကျင့်ရအောင်လုပ်ရမှာ သူ့ကိုကြတော့။အဲဂလို။
      အောင်မြင်ပါစေကွာ။

  • blackchaw

    November 2, 2011 at 10:28 pm

    ဆရာသစ်ရေ။ ရွာမှာ ဒီလိုဝတ္ထုမျိုးလေးတွေ မတွေ့မိဘူးဗျာ။
    ဒါ ဂျပန် ဝတ္ထုလေးကို ဘာသာပြန်တာထင်တယ်နော် နာမည်ကိုကြည့်ရတာ။
    နောက်ကောင်းတာလေးတွေရှိရင်လည်း အချိန်ရရင်ပြန်ပါဦးဗျာ။
    ဝတ္ထုတိုလေးတွေက ဖတ်ပြီး ပြန်တွေးနေရမှ အရသာရှိတာပါ။
    ခံစားသူ တစ်ယောက်ချင်း ကွာလိမ့်မယ်ထင်တယ်။
    အခုတော့ တွေးစရာမလိုတော့ အရသာနည်းနည်းပေါ့သွားတယ်။
    အထင်ကိုပြောတာနော် ကျေးဇူးပါ။

    • pan pan

      November 3, 2011 at 9:24 am

      ဝတ္ထုတိုလေးတွေက ဖတ်ပြီးပြန်တွေးမှ အရသာရှိတာတော့ ဟုတ်တယ်ဦးချောရေ
      ကျမဆို ဝတ္ထုတိုစာအုပ်လေးတစ်အုပ်ဝယ်ပြီး လရှည်ဖတ်ရတယ်
      ဖတ်ပြီးသားတွေလည်း ကြိုက်လွန်းလို့ ခဏခဏပြန်ဖတ်ဖြစ်တယ်
      ရိုးကိုမရိုးဘူး 🙂

  • pan pan

    November 3, 2011 at 9:30 am

    ဆရာကိုသစ်မင်းက အပြင်မှာလည်း စာရေးဆရာဖြစ်ရမယ်
    တကယ့်စာရေးဆရာပဲ
    ဘာသာပြန်လည်း ဖြစ်တာပဲ
    ကဗျာလည်းဖြစ်တာပဲ
    စာတစ်ပုဒ်ရေးရင်လည်း တွေးစရာတွေအမြဲပေးတယ်
    ပညာလည်းရတယ်
    —————————
    ကွန်ဆိုဂြိုဟ်လိုမျိုးသုဉ်းမှာတော့ ကြောက်ပါတယ် 🙂

  • thit min

    November 3, 2011 at 9:49 am

    ပန်ပန်ရေ
    သစ်မင်းက Researcher ဆိုတော့ Research paper လေးတွေ(ခပ်ပါးပါးပါ)ရေးပါတယ်။
    စာလဲသင်ရတယ်ဆိုတော့ ကျောင်းသားတွေနားလည်လွယ်အောင် Course လေးတွေကိုရှင်းရှင်းလွယ်လွယ်
    ပြန်ရေးရတတ်ပါတယ်။ ကျန်တာကတော့ဒီရောက်မှရေးတာပါ။

  • etone

    November 3, 2011 at 11:38 am

    (((ကျန်တာကတော့ဒီရောက်မှရေးတာပါ။ ))) ဆိုတော့ … ဒီမှာမရေးတဲ့ လူမသိသူမသိ ကောင်မလေးကိုပေးမယ့် ရည်းစားစာတော့ အိမ်ရောက်မှရေးတာပေါ့ ဟုတ်လား 😀 😀

    • thit min

      November 3, 2011 at 2:33 pm

      ဘဇာ့ကြောင့်ဤသို့ ဆိုအံ့နည်း၊နှစ်မငယ်။
      ရီးဇားစာပေး၊ချစ်ရေးဆိုခေတ်၊ကုန်ဆုံးရစ်ပေပြီမဟုတ်ပေစွ။
      ချတ်တင်ကိုထိုင်၊စတိုင်ထွားထွား၊လေလုံးအားနဲ့
      တိုင်ပတ်ထူတဲ့ အိုင်လဗ်ယူခေတ်ဖြစ်နေပြီမဟုတ်ပါစံ့။(^^)

  • နွယ်ပင်

    November 3, 2011 at 12:29 pm

    ကိုသစ်မင်းရေ ဒိတစ်ပုဒ်လဲ ကောင်းတာပဲ
    ခပ်ရှင်းရှင်းနဲ့နာလည်လွယ်အောင် ဘာသာပြန်ပေးထားတာ
    တော်တော်လေးကို ကောင်းပါတယ် ….

  • amatmin

    November 3, 2011 at 3:30 pm

    ဆရာသစ်မင်းရေ..
    အကိုရဲ့ ဝတ္ထုလေးဖတ်မိတော့ စာရေးဆရာ တယောက်ဘာသာပြန်ထားတဲ့.
    ဂြိုဟ်တခုအကြောင်းကို သတိရသွားတယ်…”အဲဒီဂြိုဟ်ပေါ်က ဂြိုဟ်သားတွေမှာ. စစ်ပွဲမရှိ..အမုန်းမရှိ.ကွဲလွဲမှုမရှိကြပဲ..ူသူတို့အတွက် အသက်တမျှအရေးကြီးဆုံးက
    သူတို့မှာ.ပါလာတဲ့ အမြီးတွေကို.နေ့စဉ်ဆေးရောင်စုံခြယ်သနေပြီး.
    အလှချင်းပြိုင်နေဖို့က.သူတို့ရဲ့ ပင်မအလုပ်ကြီးပဲတဲ့..” အဲဒီမှာဖတ်ပြီးတွေးမိတာလေးက..ဘာမှမျှော်လင့်စရာ.မရှိ.ပြီးပြည့်စုံနေတဲ့.အထီးကျန်
    ပျင်းခြောက်ခြောက်ဘဝကြီးထက်စာရင်..ကွဲလွဲချင်သလောက်ကွဲပါစေ..မမျှတမှု မတရားမှုတွေရှိလဲ..အဆုံးသတ်မှာအကောင်းတွေရှိလာနိုင်ပြီး..ဘာကိုမဆိုမျှော်လင့်နေလို့ရတဲ့.
    ကမာ္ဘကြီးပေါ်က.လူပီသတဲ့ဘဝ ကတော့.အကောင်းဆုံးလို့ထင်တာပဲ.. 🙂

  • thit min

    November 4, 2011 at 5:48 am

    မနွယ်ပင်ရေ
    ကျနော့စာတွေကိုအားပေးလို့ ရေးအားရှိတယ်လို့ ပွင့်ပွင့်လင်းလင်းဘဲဝန်ခံပါရစေဗျာ။ကျေးဇူးအထူးတင်ပါတယ်။
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    ညီအမတ်မင်းရေ
    ကောင်းလိုက်တဲ့ပေါ့စတစ်သင်းကင်းလေးပါဘဲ၊လက်ခံပါတယ်။
    လက်တွေ့ကျကျရှူမြင်ပြီး၊ အမှန်ကိုလက်ခံတတ်သူလို့ မြင်လိုက်ပါတယ်ဟေ့။
    အောင်မြင်ပါစေညီ။

  • ကြောင်ကြီး

    November 4, 2011 at 11:02 am

    အဲလိုမျိုး အလင်းနှစ်အိုင်ဒီယာပါတဲ့ ဝတ္ထုတို မြန်မာပြည်မှာတုန်းက ဖတ်ဖူးတယ်။ ရွာထဲမှာလည်း ဖတ်ဖူးသူ အတော်များများ ရှိမယ်ထင်တယ်။ လူကြိုက်များတဲ့ စာတပုဒ်ဖြစ်လို့ပါ။ ရေးသူးတော့ မမှတ်မိတော့ဘူး။
    ဘုရင်ကြီးက နက္ခတ်ဝေဒပညာရှင်ပြောတဲ့ ကြယ်ကြွေတယ်ဆိုတာ လက်မခံဘူး။ ကောင်းကင်မှာ အဲဒီကြယ် မြင်နေရသေးတာကိုး။ ဒါနဲ့ ပုရောဟိတ်ကြီးကို လိမ်တယ်ဆိုပြီး သတ်လိုက်တယ်။ အဲဒီကြယ်က အလင်းနှစ်ဘယ်လောက်ဆိုလည်းမသိဘူး ကမာ္ဘမြေကြီးနဲ့ဝေးကွာတယ်။ ဝတ္ထုကို အဲဒီကြယ်ကြွေတာကို မြင်လိုက်ရတဲ့ ဒီနေ့ မြင်ကွင်းနဲ့ စထားတာ။ ဘယ်လောက် အတွေးလှလိုက်သလဲနော်….။

Leave a Reply