အလင်းဆက် အကြောင်း…သိကောင်းစရာ…

alinsettNovember 2, 20111min15818

ကျွန်တော်…စာရေးချင်စိတ်..ဖြစ်လာချိန်တွင်
ရေးဖြစ်အောင်..တွန်းအားပေးခဲ့သူများ..ထဲတွင် ကျွန်တော့် ဖေဖေက အဓိကနေရာမှ ပါဝင်ပါသည်။

ပထမဆုံး ကျွန်တော်..ရေး ပို ့ ခဲ့သော..ဝတ္ထုတိုကလေးမျာ အပယ်ခံရပါသည်။

ရွှေအမြုတေ မဂ္ဂဇင်း တိုက်သို ့ ပေးပို ့ ခဲ့ခြင်းဖြစ်သည်။

ကလောင် အမည်ကို သူငယ်ချင်း ဟု ရွေးခဲ့ပါသည်။ နောက်ပိုင်းတွင် လူမင်နရီ ဟူသော အမည်ဖြင့်

ကဗျာ များ…(အခြား မဂ္ဂဇင်းများသို ့) ပို ့ခဲ့ပါသည်။

Luminary ဆိုသော စာလုံးကလေးကို သဘောကျသောကြောင့် ထို အမည်ဖြင့် ကဗျာရေးခဲ့ပါသည်။
********************************************

ရွှေအမြုတေ မဂ္ဂဇင်းမှ အယ်ဒီတာ ဆရာဦးဝင်းငြိမ်းက သူငယ်ချင်းဆိုသော ကလောင်အမည်ကို မသုံးသင့်ကြောင်း

ပြောပါသည်။ အများပိုင် စကားလုံးတစ်ခု ဖြစ်နေသောကြောင့်…ဟု အကြံပေးခဲ့ပါသည်။

ထို ့ကြောင့် ကျွန်တော်… တခြား ကလောင်နာမည် တစ်ခု ထပ်ရွေးချယ်ရပါသည်။

အလင်းစက် ကလေးပဲ..ဖြစ်ဖြစ် စာပေလောက မှာ ရှိချင်သောကြောင့် အလင်းစက်…..ကို ရွေးချင်သည်။

ကျွန်တော်… ဆရာ ဦးဝင်းငြိမ်းကိုသာ တိုင်ပင်ခဲ့ပါသည်။

ဆရာဦးဝင်းငြိမ်းကို ကျွန်တော်က အမည် 4 ခု ထဲမှ တစ်ခုကို ရွေးချယ် စေခဲ့ပါသည်။

၁ ။ အလင်းစက်

၂ ။ သူငယ်ချင်း

၃ ။ ကိုယ်ပွါး

၄ ။ လူမင်နရီ…. ….တို ့ ဖြစ်ပါသည်။

ဆရာက အလင်းစက်….ကောင်းတယ်….ဟု ရွေးပေးခဲ့ပါသည်။

ဆရာ ့ကို ကျေးဇူးတင်ပါသည်။ ကျွန်တော် အလင်းစက် ဆိုသော ကလောင် အမည်ဖြင့် ဆက်ရေးခဲ့ပါသည်။

သို ့သော်..ကျွန်တော့် ဖေဖေက မေးပါတော့သည်။

သားက အလင်းစက် ကလေးပဲ..ဖြစ်ချင်တာလား…. အစက်အပျောက်ကလေးပဲ..လား….

ကျွန်တော် သေချာ စဉ်းစားရပါတော့သည်။

စာပေလောကထဲမျာ အစက်အပျောက်ကလေး ဆို တော်ပြီလား…..။ ဟင့်အင်း….။ ကျွန်တော်က စာပေ အနုပညာနှင့် ပက်သက်လျှင် လောဘ ကြီးတတ်ပါသည်။

ကျွန်တော်…အလင်းတွေ နှင့် ဆက်သွယ်ပေးသူ ဖြစ်ချင်လာပါသည်။
****************************************************

ကျွန်တော့် ကလောင်အမည်ကို အလင်းစက် ..မှ

အလင်းဆက်… ဟု ပြောင်းလိုက်ပါသည်။

ဆရာ ဦးဝင်းငြိမ်းကို တောင်းပန်ခဲ့ပါသည်။ ရွှေအမြုတေ မဂ္ဂဇင်း စာမျက်နှာများပေါ်တွင်..

ကလောင်အမည် ပြောင်းလဲ..ခြင်း ကို အတိအလင်း လုပ်ခဲ့ပါသည်။
**************************************************

ကျွန်တော့်အသက် 24 နှစ် ပြည့်တာ မကြာသေးပါ။

စာအုပ်ပေါင်းများ…စွာကို ကျွန်တော် အသက် 10 နှစ်ကျော်မှ စ ပြီး ဖတ်ခဲ့ပါသည်။

စာပေ အနုပညာကို ဖန်တီးချင်လာသောအခါ ကျွန်တော်…

စာပေ ဝါဒများ…သီအိုရီများနှင့် စာပေ အယူအဆများကို လေ့လာရပါသည်။

သီအိုရီများနှင့် ကျွန်တော်…လုံးထွေးသွားပါတော့သည်။
***********************************************

ကျွန်တော် ချစ်သော စာပေအမျိုးအစားမှာ….

မော်ဒန်စာပေ( မော်ဒန် ဝတ္ထုတိုနှင့် မော်ဒန်ကဗျာ ) ဖြစ်ပါသည်။

ကျွန်တော်…အားကျ အတုယူရသော.၊

လေးစား ချစ်ခင်ရသော….၊

စွဲမက် နှစ်ခြိုက်ရသော…….(မြန်မာ)စာရေးဆရာများမှာ…

သော်တာဆွေ ၊ သာဓု ၊ ဇော်ဂျီ ၊ မင်းသုဝဏ် ၊ တက္ကသိုလ် ဘုန်းနိုင် ၊ ဂျာနယ်ကျော်မမလေး ၊

ဇော်ဇော်အောင် ၊ သစ္စာနီ ၊ တာရာမင်းဝေ နှင့် ဂျူး….တို ့ဖြစ်ပါသည်။
*********************************************

ထိုစာရေးဆရာကြီးများ၏ ကဗျာများ..၊ စာများကို ဖတ်မိတိုင်း စာရေးချင်စိတ်နှင့်..

စာရေးရမှာ ကြောက်သော စိတ်တို ့ အမြဲ တွဲနေတတ်ပါသည်။

စာရေးချင်စိတ်မှာ အားကျစိတ်ကို အခြေခံပြီး..

စာရေးရမှာ ကြောက်သော စိတ်ကတော့….အားငယ်စိတ် ကြောင့်ဖြစ်ပါသည်။
***********************************************

ဘာကြောင့် အားငယ်သလဲ…ဆိုတော့ ကျွန်တော်က

စာရေးခြင်း အတတ်ပညာတွင် အလွန် ့ အလွန် ( အလွန် )ကို ညံ့ဖျင်းသောကြောင့်ဖြစ်ပါသည်။

**************************************************************

ကျွန်တော်…ကြိုးစားဖို ့ (အများကြီး ) လိုပါသေးသည်။

ကျွန်တော်သည် စာပေအနုပညာကို အချစ်ပြနိုင်ဆုံးသော လူသားတစ်ယောက်အဖြစ်…

ကမ္ဘာမြေပေါ်မှာ..ရှင်သန်ခဲ့ချင်သည်။

ထို့ကြောင့် ကျွန်တော်….ကြိုးစားနေပါဦးမည်။

ကမ္ဘာပေါ်မှာ…… စာပေအနုပညာကို အချစ်ပြနိုင်ဆုံးသော လူသားတစ်ယောက်ဖြစ်ဖို ့……

********************

လေးစား ခင်မင်စွာ…..

အလင်းဆက်

2 . 11 .2011

alinsett.art@gmail.com

18 comments

  • alinsett

    November 2, 2011 at 8:05 pm

    ဒီပို စ်ကို ရေးရတဲ ့ရည်ရွယ်ချက်က
    ကျွန်တော် ချစ်သော စာဖတ်သူများ နဲ့
    ကျွန်တော် ခင်မင် လေးစားရသော Mandalaygazette မှ စာရေးသူများ..(ရွားသူရွာသားများပေါ့လေ)
    ကို ခင်မင်စွာ….မိတ်ဆက် ခြင်း ပါပဲ..။
    ကျွန်တော့် အကြောင်း တစ်ပိုင်းတစ်စ လေးကို ပြောပြလိုက်ပါတယ် ။
    ကျွန်တော့်မှာ လိုနေတာ ပိုနေတာတွေ ရှိမှာပါ။
    ကျွန်တော့် ချစ်သော…စာဖတ်သူများ…မိတ်ဆွေများက အဲဒီ
    အပိုအလိုလေးတွေကို နားလည်ပေးမယ်..လို ့ ယုံကြည်ပါတယ်။
    ကျွန်တော် ့ပို ့စ်တွေကို အစဉ်အမြဲ..ဖတ်လေ့ရှိသူတွေ..ရော…
    အခုမှ စ ဖတ်မိသူတွေ ရော…အားလုံးကို ကျေးဇူးတင်…ခင်မင်လေးစားလျက်ပါ..။

    လေးစားစွာ…

    အလင်းဆက်

    • thit min

      November 2, 2011 at 10:37 pm

      ကိုယ့်ထက်အများကြီးဝါသနာကြီးသော၊စာပေကိုလေးနက်တန်ဖိုးထားသော ကိုအလင်းဆက်ကိုလေးစားပါတယ်။
      မရေးတတ်ဘူးဆိုတာကိုရှင်းပြနေပုံကစာဖတ်သူကိုစွဲဆောင်နိုင်တဲ့အရေးအသားကိုတွေ့လိုက်ရတာပါဘဲ။
      လက်ရည်ညံ့သူမဟုတ်တဲ့ကိုအလင်းဆက်အောင်မြင်ပါစေ။

  • koyinmaung

    November 2, 2011 at 8:56 pm

    အလင်းဆက်တယောက်ကိုယ်ဝါသနာပါတဲ့စာပေအနုပညာလောကမှာ
    အောင်မြင်ပါစေလို့ဆုတောင်းလိုက်ပါတယ်…..

  • Ko Ko Aung

    November 2, 2011 at 9:45 pm

    ညီလေး အလင်းဆက်
    ဆက်ပြီးအလင်းပေးနိုင်ပါစေ
    အောင်မြင်ပါစေ

  • ပေါက်ဖော်

    November 2, 2011 at 9:50 pm

    တစ်ကယ်ဖြစ်ချင်ရင်တော့..ကြိုးစားရမှာပေါ့နော့်..
    တစ်ချိန်..ကမ္ဘာကျော်သွားရင်တော့….ဘယာကြော်ကျွေးဖို ့မမေ့နဲ ့ပေါ့
    😆

  • blackchaw

    November 2, 2011 at 9:58 pm

    အလင်းဆက်ရေ။
    ကိုဝင်းငြိမ်းလက်ထက်ဆိုလို့ လေးစားပါတယ်။
    ရွှေ အသစ် မှာ ဆရာမ မသီတာ (စမ်းချောင်း) ထင်တယ်၊
    ဝတ္ထုလေးတွေ ကူဖတ်ပေးနေတာ။
    ကိုယ်က မှတ်ချက်လေးတွေကို ပိုစိတ်ဝင်စားတယ်။
    တချို့ဆို အပုဒ်ရေ အများကြီးပို့တယ်လေ။
    ရွှေမှာ ညီလေး ဝတ္ထု အရွေးခံရဘူးလား။
    ပြန်ဖတ်ကြည့်ချင်လို့ပါ။ လက်ခုတ်တီးချင်လို့ပါ။
    ညီလေး ကြိုက်တဲ့ မော်ဒန်စာပေဆိုရင်တော့
    ရွှေ ရဲ့ မူနဲ့ မကိုက်လောက်တော့ အရွေးခံရဘို့ ခက်လိမ့်မယ်။
    တခြား မော်ဒန်တွေ ဖေါ်ပြတဲ့ တိုက်တွေကို ပြောင်းပို့ကြည့်ပါလား။ အကြံပေးတာပါ။

  • we R one

    November 3, 2011 at 8:36 am

    အလင်းဆက် ရေ အောင်မြင်ပါစေ နော်.. အားပေးနေမယ်…. 🙂

  • နွယ်ပင်

    November 3, 2011 at 9:21 am

    အလင်းဆက် ဆိုတဲ့ နာမယ်လေး ပေးဖြစ်ပုံက စိတ်ဝင်စားစရာ
    ကောင်းပါတယ် ။
    ဝါသနာပါတဲ့ စာပေလောကမှာ အောင်မြင်ပါစေ အားပေးနေပါတယ် …………

  • စုံ စုံ

    November 3, 2011 at 9:35 am

    အသက်ငယ်ပေမယ့် စာပေကိုတော်တော်မြတ်နိုးတာဘဲ
    ငယ်ငယ်ထဲက ခုချိန်ထိစာကောင်းပေကောင်းတွေကိုဖတ်ခဲ့သူအနေနဲ့
    ပြန်ရေးရင်လဲ အကျိုးရှိတဲ့စာပေကောင်းတွေကိုဘဲ စာဖတ်သူတွေကို
    ရေးပြနိုင်မယ်ဆိုတာ ထင်ရှားပါတယ်
    အားပေးပါတယ်

  • etone

    November 3, 2011 at 9:56 am

    alinsett ကို အလင်းစက်လို့ ရေးရမလား ၊ အလင်းဆက်လို့ ရေးရမလား စဉ်းစားနေတာ .. အခုတော့ အတိလင်းသိသွားဘီ 🙄

  • alinsett

    November 3, 2011 at 6:35 pm

    ကို ဘလက် ပြောသလိုပါပဲ..။ ရွှေ ရဲ ့မူ နဲ ့ကျွန်တော်အားသန်တဲ ့လိုင်းနဲ ့ က
    ဆန့်ကျင်နေပါတယ် ။ အသစ်တစ်ယောက်အနေနဲ ့ ကျွန်တော်..မော်ဒန်စာပေလိုင်းနဲ့ ့မစ..သင့်မှန်းသိပါတယ် ။ အကြံပေးတာကျေးဇူးပါပဲ…ဗျာ.။
    မဂ္ဂဇင်းတွေ မှာ မော်ဒန်နဲ ့စ တင်ဖို ့ဆိုတာ မလွယ်ပါဘူး။
    အခု ကျွန်တော် ရေးချင်တဲ ့မော်ဒန်စာပေ တွေကို ရေးခွင့်၊ တင်ပြခွင့် ရနေလို ့…သူဂျီးကို ကျေးဇူးတင်နေတာပါ။
    မန်းလေး..ရွာထဲက မိတ်ဆွေတွေ..ကိုလည်း..ကျွန်တော် ရေးသမျှ စိတ်ရှည်ရှည်နဲ ့ ခွင့်လွှတ်ပြိး ဖတ်ရှု
    အားပေးကြလို ့ ကျေးဇူးတင် ခင်မင်ရပါတယ် ။
    ကျွန်တော် ကတော့ စာပေအနုပညာနဲ ့လောကကို တတ်နိုင်သမျှပေါ့လေ….အလှဆင်ပေးနေချင်ပါတယ်။
    ဒါကြောင့်ပဲ..ကျွန်တော်..အသက်ရှင်နေတာပါ။
    ကျွန်တော့်နာမည်ကို အလင်းဆက်..လို ့ ခေါ်စေချင်လို ့ alinsett ဆိုပြီး..T ကို နှစ်လုံးဆင့်ထားပါတယ်နော်။
    ကျွန်တော့်ကို ခင်မင်ကြသော ကျွန်တော် ချစ်သော မိတ်ဆွေများအားလုံးကို
    ချစ်ခင်လေးစားစွာ… တန်ဖိုးထားနေလျက်ပါ..။

  • mandalarthu

    November 3, 2011 at 10:08 pm

    အလင်းဆက် အကြောင်း က တပိုင်းတစလေးဘဲ ပြော ပြ ထားသလို ဘဲနော်။
    နာမည်လေးပေးထားပုံကို အဓိကပြောပြထားတာ ဖြစ်နေတယ်။ ကောင်းပါတယ် ဒီနာမည်လေးက
    သူ ့အဓိပါယ်နဲ ့သူ ရှိတော ့။
    အလင်းဆက်ရဲ ့ ကမ္ဘာမြေပေါ်မှာ..ရှင်သန်ခဲ့ချင်တဲ ့ဆန္ဒက ………..
    စာပေအနုပညာကို အချစ်ပြနိုင်ဆုံးသော လူသားတစ်ယောက်ဖြစ်ဖို ့…..ဆိုတော ့
    အလင်းဆက် အားကျ အတုယူရသော.၊လေးစား ချစ်ခင်ရသော….၊
    စွဲမက် နှစ်ခြိုက်ရသော…….(မြန်မာ)စာရေးဆရာကြီးတွေရဲ ့
    စာပေအနုပညာအပေါ် ထားတဲ ့ဆန္ဒကရော……….ဘာများလဲ။

  • ကြောင်ကြီး

    November 4, 2011 at 12:01 pm

    သိကောင်းစရာ
    ငါးပိထောင်းပမာ
    မရှိတောင်းတာ
    ကြည့်ရောင်းပါ
    မိချောင်းလျှာ…။

  • alinsett

    November 6, 2011 at 6:22 pm

    mandalarthu…ရေ..။
    ကိုယ် မင်းမေးတာကို ဖြေပါ့မယ် ။
    ကိုယ်..လေးစားအားကျပြီး..နှစ်ခြိုက်ရတဲ ့ မြန်မာ စာရေးဆရာကြီးတွေက ကိုယ် ့ထက်ပို ကောင်းမွန်သော..
    ရည်ရွယ်ချက်တွေ.နဲ ့ရေးကြတာပဲ..ဖြစ်မှာပါ။
    ဆရာကြီး ဇော်ဂျီ ဆိုရင် မြန်မာ စာပေလောက တိုးတတ်ဖို ့၊ ပြည်သူတွေ..အကျိုးရှိစေဖို ့..၊ အနုပညာလောက တိုးတက်ကောင်းမွန်ဖို ့..ကြိုးစားပေးခဲ့တာ..လေ။
    ဆရာတာရာမင်းဝေ ဆိုလည်း..အနုပညာသမားအဖြစ်…ဖန်တီးမှုတွေကို.အားသွန်ခွန်စိုက် လုပ်ခဲတာ..။အနုပညာအတွက်….။
    ဂျူးတို ့ဆိုလည်း…ပြည်သူတွေ.ကို ကောင်းမွန်ပြည့်စုံ့တဲ ့ သူတွေ.ဖြစ်အောင် စွမ်းစွမ်းတမံ.ရေးသား..ဟောပြောနေတယ်။
    ဆရာဇော်ဇော်အောင်ဆိုလည်း..စာပေအနုပညာလောက တိုးတက်ဖို ့……။ကျယ်ပြန့် လာဖို ့..ကြိုးစားနေကြတာပါ ။
    အားလုံးရဲ ့ရည်ရယ်ချက်တွေ.က လေးနက်ပြိး..မြင့်မြတ်နေတာပါ။
    ကိုယ်လည်း..သူတို ့လို မဟုတ်တောင်…အနုပညာအတွက် တတ်နိုင်သမျှ..ရှင်သန်ခဲ ့ချင်တာပါ။
    ကိုယ် လေးစားရတဲ ့သူတွေ..က ကိုယ် ့ထက် အဆများစွာ….သာတဲ ့အကောင်းဆုံးရည်ရွယ်ချက်တွေ ရှိမှာပါ။
    ကိုယ် ့ကို အစဉ်တစိုက် အားပေး ခဲ ့တဲ ့mandalarthu နဲ ့အခြားမိတ်ဆွေများကို လေးစားစွာ…ကျေးဇူးတင်နေလျက်….

    • windtalker

      November 6, 2011 at 6:55 pm

      ကိုမင်း မေးတာကို ဘဲ ဖြေမှာလား အလက်စင်း ရဲ ့
      ကိုပေ တို ့ကိုပေါက်ဖော်တို ့မေးရင်ကော မဖြေဘူးလား ဟင်
      ဟီဟိ

    • ပေါက်ဖော်

      November 6, 2011 at 7:09 pm

      ဘယာကြောကျွေးတော့ဝူးလား.. 😕
      ကပေနဲ ့…ကပေါက်ဖော်.ဒီလို.. 🙄 .ပေကလပ်..ပေကလပ်နဲ ့..
      မျက်နှာငယ်လှပါဘိ…ကိုလင်းရယ်..

      😆

  • alinsett

    November 6, 2011 at 7:19 pm

    ဟုတ်ကဲ ့ကိုပေနဲ ့ကိုပေါက်ဖော်ရေ..။
    ဘယ်သူမေးမေး ဖြေပါ့မယ်ဗျ။
    ကျွန်တော်..ရွှေမှာ အရွေး မခံရသေးပါဘူး။ ကြိုးစားဆဲ..ပါ ။ ကျွန်တော့်ရေးချင်တဲ ့စာပေ အမျိုးအစားနဲ ့ရွှေရဲ ့မူနဲ ့မကိုက်ညီဘူး…ဆိုပြီးတော့ပဲ..ကိုယ့်ကို ကိုယ် နှစ်သိမ့်နေရတာပေါ့ဗျာ..။
    တကယ်တော့ ကျွန်တော်..ကိုယ်တိုင်က စာရေးတာ ညံ့ နေလို ့မရွေးတာနေမှာပါ ။
    ကျွန်တော် ဆက် ကြိုးစားနေမှာပါ ။ မသေမချင်း စာတွေ..ရေးနေမယ် လို ့ သစ္စာ ဆိုပြီးသားပါဗျာ..။

    ကိုပေါက်ဖော် စားချင်တဲ ့ဗယာကြော်လည်း ကျွေးပါ့မယ် ။
    ပေကလပ်ပေကလပ်တော့ လုပ်မနေပါနဲ ့တော့်နော် ။
    ခင်မင်..စွာ…

  • 10နှစ်သား က အလင်းဆက်
    စာဖတ်အားကရက်စက်။

    24ပြည့်ခါစလေးမှာတောင်
    ရေးနိုင်အားက ပက်စက်။

    မော်ဒန်စာပေနှစ်သက်
    ကိုဝင်းငြိမ်းပေးတဲ့နာမည်နဲ့
    ဘဝဆက်။
    အလင်းစက်ကလေးတွေတစ်ခုချင်းဆက်တော့
    အမျှင်မပြတ်တဲ့
    အလင်းဆက်။
    မန်းဂေဇက်ကကြိုဆိုလျှက်။

Leave a Reply