ဂေဇတ်မိသားစုကထိန်ပွဲ(၄ လပြည့်အမှတ်တယ)

ရွှေအိမ်စည်November 4, 20115min1908

မြန်မာလ..၁၂လ လုံးပွဲတော်များနဲ ့ပျော်ရွှင်စိတ်ရင်းရှိတတ်သည့်မြန်မာများ အဖို ့လတိုင်းကတော့…သတ်မှတ်ချက်ရိုးရာဓလေ ့တွေပါဘဲ။ မြန်မာလများတွင် ရှစ်လမြောက်ဖြစ်ပြီ်း့ နို်ဝင်ဘာလတွင် ကျရောက်သည်. . .တန်ဆောင်မုန်းလသည်.အဖိုးထိုက်ဆုံးနှင် ့ပျော်စရာအကောင်းဆုံးလို ့ဆိုချင်ပါတယ်။

ဤလတွင် “ကထိန်အလှူပွဲတော်၊ မသိုးသင်္ကန်းရက်လှူပွဲ၊ ပံ့သကူပစ်ပွဲ၊ ကြာသင်္ကန်းကပ်လှူပွဲ၊ တန်ဆောင်တိုင်မီးထွန်းပွဲတော်၊ သာမညဖလ အခါနေပွဲတော် “များကျင်းပကြတယ်လို ့…ဖတ်မှတ်သားခဲ ့ဘူးပါတယ်…..။

အခုလည်း…….ဂေဇတ်မိသားစုရဲ ့ကထိန်ပွဲလေးနဲ ကျမ မန်းဂေဇတ်မှာ..ဝင်ရောက်တဲ ့လေးလမြောက်အမှတ်တယနေ ့လေး(၀၄.၀၇.၂၀၁၁)..ကထိန်ခင်းပါမယ်….။

ကထိန်ခင်းဘို ့ကတော့..ဂေဇတ်မိသားစုတွေပါဝင်ထဲ ့ဝင်ကြပါတယ်..။

 

ဒီတစ်ခါမှာတော့..ကထိန်ခင်းတဲ ့အကြောင်းရင်း..

.ကထိန်အလှူပွဲတော်၊ မသိုးသင်္ကန်းရက်လှူပွဲ၊ ပံ့သကူပစ်ပွဲ၊ ကြာသင်္ကန်းကပ်လှူပွဲ၊ တန်ဆောင်တိုင်မီးထွန်းပွဲတော်၊ကိုလူတိုင်းသိရှိပြီးသားဖြစ်မှာပါ..။

လူငယ်တွေအနေနဲ ့သိပ်မသိကြသေးတဲ ့ သာမညဖလ အခါနေပွဲတော်၊နဲ ့ကထိန်မခင်းထိုက်တဲ ့ရဟန်းအကြောင်းကိုဘဲ..ကောင်းနိုးရာရွေး ထုတ် စာပေအသိကူးညှိပါမယ်..

 

ကထိန်အလှူပွဲတော်

တန်ဆောင်တိုင်မီးထွန်းပွဲတော်

 

 

 

သာမညဖလ အခါနေပွဲတော်

သာမညဖလ အခါနေ့ပွဲတော်
တန်ဆောင်မုန်း လပြည့်ညတွင် ဗုဒ္ဓမြတ်စွာ သမညဖလသုတ်ကို ဟောကြားခဲ့သဖြင့် သာမည ဖလ အခါတော်နေ့ဟုလည်း ဗုဒ္ဓဘာသာတို့က သတ်မှတ်ကြသည်။

 

 

အဇာတသတ်မင်းသည် ဖခမည်းတော် ဗိမ္ဗိသာရကို သတ်မိသည့် ကြီးလေးသော အပြစ်ကံကြောင့် ကြည်နူးသာယာဖွယ် အတိပြီးသည့် တန်ဆောင်မုန်း လပြည့်ည၏ အလှအပကို အပြည့်အဝ မခံစားနိုင်ပါ။ ခမည်းတော်အပေါ် ကျူးလွန်မိသည့် အဖသတ်ကံ ဖြစ်ရပ်နောက်ပိုင်း ကျိန်းစက်လိုက်တိုင်း ထိတ်လန့် ကြောက်မက်ဖွယ်ကောင်းသော အိပ်မက်က ခြောက်လှန့်နေသည်။ ကျုးလွန်ခဲ့သည့် မကောင်းမှု ဖြစ်ရပ်ဆိုးတွေကို တဝိုးတဝါး ပြန်မြင်ယောင်လေလေ ကျိန်းစက် မရလေလေ ဖြစ်သည်။  သို့ဖြင့် တန်ဆောင်မုန်း လပြည့်ညတွင် ညီလာခံတစ်ရပ် ခေါ်ယူလိုက်ပြီး မှူးမတ်ဗိုလ်ပါတို့အား အထက်ပါ စကားအတိုင်း မိန့်ကြားခဲ့သည်။

 

မင်းကြီး၏သဘောထားကို အကင်းပါကြသော မှူးမတ်ဟူးရာတို့က မင်းကြီးစကား၏ နောက်ကွယ်တွင်  ဘာကို ဆိုလိုမှန်း သိလိုက်ကြသည်။ ထိုကြောင့်လည်း မိမိတို့၏ သက်ဆိုင်ရာ ဘာသာရေး ဂိုဏ်းဆရာကြီးများတို့၏ ဂုဏ်ကျေးဇူးတော်ကို အသီးအသီး ထုတ်ဖော် ချီးကျူးကာ လျှောက်တင်ကြသည်။ တစ်ဆက်တည်း ထိုဂိုဏ်းဆရာကြီးတို့ကို ချဉ်းကပ်ခြင်းဖြင့် မင်းကြီး ခံစားနေရသည့် ဝေဒနာဆိုး အိပ်မက်ဆိုးမှ နိုးထလာမည် အမှန်မသွေဟုလည်း အာမခံကြသည်။

 

 

အမတ်အများစု ထုတ်ဖော်ကြသည့် သူတို့ဂိုဏ်းဆရာများ၏ ဂုဏ်ကျေးဇူးကို အဇာတသတ်မင်း စိတ်ဝင်းစား၍ မရနိုင်။ ထင်ရှားကျော်ကြားနေသည့် ဆရာကြီးခြောက်ဆူဖြစ်သော ပူရဏကဿပ၊ မက္ခလိ ဂေါသာလ၊ ကေသကမ္ဗလ၊ ပကုဓ ကစ္စာယန၊ မဟာဝီရ၊ သဉ္စယ-တို့၏အကြောင်းကို မင်းကြီး ကောင်းစွာ သိနှင့်နေပြီ ဖြစ်သည်။ လတ်တလော ခံစားနေရသည့် သူ၏ ကုရာနနတ္ထိ ဆေးမရှိသည့် စိတ်ရောဂါကို ဤဆရာကြီးတို့က ပျောက်ကင်းအောင် မကုသနိုင်မှန်း စိတ်တွင်းမှနေ မင်းကြီး အလိုလို သိရှိနေသည်။ ထိုကြောင့်လည်း စိတ်ဝင်စား၍ မရနိုင် ဖြစ်နေသည်။

ဘာမှ လျှောက်ထားခြင်း မပြုသည့် ဇီဝကအမတ်ဘက်ကို မင်းကြီး လှည့်ကာ “ဘာကြောင့် တိတ်ဆိတ်နေသလဲ” ဟု မိန့်သည်။ ခွင့်ရလျှင်ရချင်း ဇီဝကအမတ်က မြတ်စွာဘုရား ရှိရာအရပ်ကို လက်အုပ်ချီ ကန်တော့ပြီးနောက် မင်းကြီးကို ဤသို့ လျှောက်တင်ခဲ့သည်-

 

“အရှင်မင်းကြီး ..ဘုန်းတော်ခြောက်ပါးနဲ့ ပြည့်စုံတော်မူတဲ့ ဗုဒ္ဓအရှင် ဘုရားသခင်ဟာ ကျွန်ုပ်တို့ရဲ့ သရက်ဥယျာဉ်မှာ  ရဟန်းတော် တစ်ထောင့်နှစ်ရာ့ငါးဆယ်နဲ့ အတူ သီတင်းသုံး နေတော်မူတယ်။ ဗုဒ္ဓမြတ်စွာ ဟောကြားတဲ့ တရားတော်ဟာ အစ၊ အလယ်၊ အဆုံး ကောင်းခြင်း သုံးဖြာ၊ အင်္ဂါ ခြောက်သွယ်နဲ့ ပြည့်စုံတဲ့ တရားတော် ဖြစ်တယ်။ ဗုဒ္ဓရဲ့ တပည့်သာဝကတွေဟာ ဖြောင့်မတ်ခြင်း စတဲ့ အင်္ဂါကိုးတန်၊ ငြိမ်းအေးသည့် နိဗ္ဗာန်နန်းကို အာရုံပြုတဲ့ ပုဂ္ဂိုလ်များ ဖြစ်တယ်။ ဗုဒ္ဓမြတ်စွာကိုသာ ချဉ်းကပ်ခွင့်ရပါမူ အရှင်မင်းကြီး ခံစားနေရတဲ့ ဝေဒနာများ သက်သာ ပျောက်ကင်းပါလိမ့်မယ်။ စိတ်ကြည်ရွှင် လာပါလိမ့်မယ်” ဟု လျှောက်တင်သည်။ ဗုဒ္ဓဟူသော စကားကို ကြားရရုံဖြင့် အဇာတသတ်မင်း၏ စိတ်တို့သည် လှုပ်ရှား လာသည်။  ဤပုဂ္ဂိုလ်ဆီသို့ သွားရန် သူ ဆုံးဖြတ်လိုက်သည်။

 

အဇာတသတ်မင်း ဘုရားရှင်ကို အဖူးအမျှော် သွားရောက်သည့် အချိန်ကား တန်ဆောင်မုန်းလပြည့် ညချမ်းချိန်ခါ ဖြစ်ပါသည်။ ထိုအချိန်တွင် မြတ်စွာဘုရားက ရာဇဂြိုဟ် မြို့နှင့် မနီးမဝေး သမားတော်ကြီး ဆရာဇီဝက လှူဒါန်းထားသည့် သရက်ဥယျာဉ်တွင် သီတင်းသုံးစဉ် ကာလ ဖြစ်သည်။

ဗုဒ္ဓဘုရား ရှိရာသို့ ဘုရင် ထွက်ခွါသည့်အခါ နန်းမြို့တော် အရှေ့ဘက် တံခါးမှ ထွက်ရသည်။ ဤတံခါးထွက်ပေါက်သည် တောင်ရိပ်နှင့် သစ်ပင် အရိပ်အဝါသများ ထူထပ်သဖြင့် လူသွားလမ်းပေါ် အမှောင်ရိပ် ကျရောက်နေသည်။ ပတ်ဝန်းကျင် တစ်ခုလုံး မဟူရာရောင် အမှောင်ရိပ်တို့ကသာ ဖုံးအုပ် လွှမ်းခြုံးထားသည်။ ထိုကြောင့် ရဲမက်အပါအဝင် လိုက်ပါသူတွေ အားလုံးတု့ိက မီးရှူး မီးတို်င်တို့ကို ထွန်းညှိ ကိုင်ဆောင်၍ သွားရောက်ခဲ့ကြရသည်။ (ဤကို အကြောင်းပြု၍ တန်ဆောင်တိုင် ရောက်တိုင်း မီးထွန်းပွဲတော်ဖြင့် ဘုရားရှင်ကို ပူဇော်ပွဲ ကျင်းပသည့် အလေ့အထ စတင် ဖြစ်တည်ခဲ့သည်ဟု ဆိုကြပါသည်။)

 

ဘုရားရှင်က အဇာတသတ်မင်းနဲ့တကွ စုရုံး ရောက်လာကြသည့် ရာဇဂြိုဟ်၏ အထင်ကရ ပုဂ္ဂိုလ်နှင့် ပြည်သူ ပြည်သားတို့ကို သာမညဖလ သုတ္တန် ဒေသနာတော်ကို ဟောကြားတော် မူသည်။ အလွန်သာယာ လှပ၍ တောတောင်ရိပ်တို့ဖြင့် အေးချမ်း ဆိတ်ငြိမ်နေသည့် လပြည့်ညမှာ ဗုဒ္ဓ ဟောကြားသည့် ဤတရားတော်သည် နောင်တတစ်ဖန် ပူပန်မှုတွေဖြင့် ဆူပွက်လောင်မြိုက် နေသည့် အဇာတသတ်မင်း၏ နှလုံးသားကို အေးချမ်းသာယာမှုကို ဆောင်ကျဉ်း ပေးနိုင်စွမ်း ရှိခဲ့ပါသည်။

 

 သာမညဖလသုတ္တန် တရားတော်သည် ရဟန်းပြုခြင်း၏ အကျိုးကျေးဇူးကို ပေါ်လွင်အောင် ဟောကြားထားသည့် တရားတော် ဖြစ်သည်။ ဤတရားတော်သည် သုတ္တန္တပိဋကတ်၊ ဒီဃနိကာယ်၊ သီလက္ခန္ဓဝဂ္ဂ ပါဠိတော်မှ လာသော တရားတော် တစ်ပုဒ်ဖြစ်သည်။ သာမညဖလ (သာမည-ရဟန်း၊ ဖလ- အကျိုးကျေးဇူး) – ရဟန်းပြုသောသူတိုင်း ရဟန်းပြုခြင်းကြောင့် ရရှိခံစားရသည့် လက်ငင်း အကျိုးကျေးဇူးများ အကြောင်း ဖြစ်သည်။

 

 ယင်းအကျိုးကျေးဇူးများမှာ-

 

၁။ မင်းခစားဘဝနှင့် မင်းပြစ် မင်းဒဏ်မှ လွတ်ကင်းခြင်း အကျိုး။

 

၂။ အခွန်ထမ်းဆောင်မှုမှ လွတ်ကင်းခြင်း အကျိုး။

 

၃။ ပါတိမောက္ခ သံဝရသီလနှင့် ပြည့်စုံသဖြင့် အပါယ်ဘေးမှ ကင်းဝေးခြင်း အကျိုး။

 

၄။ ဒုစရိုက်ကို ရှောင်သဖြင့် ဒုစရိုက် ဒုက္ခ မှ ကင်းလွတ်၍ စူဠသီလနှင့် ပြည့်စုံခြင်း အကျိုး။

 

၅။ ပွဲလမ်းသဘင် အမျိုးမျိုး၊ ကစားပွဲ အမျိုးမျိုး၊ မကောင်းသော စကားအမျိုးမျိုးတို့မှ ရှောင်ကြဉ် သဖြင့် ထိုဒုက္ခများမှ ကင်းလွတ်၍ မဇ္ဈိမသီလနှင့် ပြည့်စုံခြင်း အကျိုး။

 

၆။ နက္ခတ်ဗေဒင်၊ ယတြာ၊ လက္ခဏာ၊ ဆေးကုခြင်း စသည်တို့မှ ရှောင်ကြဉ်သဖြင့် အာဇီဝ ပါရိသုဒ္ဓိ သီလနှင့် ညီညွတ်၍ မဟာသီလနှင့် ပြည့်စုံခြင်းအကျိုး။

 

၇။ ဣန္ဒြေ ၆-ပါးတို့၌ အကုသိုလ် မဖြစ်အောင် စောင့်စည်းနိုင်ခြင်း အကျိုး။ (ဤသည်တို့ကား အခြေခံသီလများ ဖြစ်ကြပါသည်)။

 

၈။ သတိ နှင့် ပြည့်စုံခြင်း အကျိုး။

 

၉။ သမ္ပဇဉ် (ဆင်ခြင်တုံ ) တရားနှင့်ပြည့်စုံခြင်း အကျိုး။

 

၁၀။ သန္တောသ ( ရောင့်ရဲခြင်း) အကျိုး။

 

အခြေခံသီလ ၊သတိ၊ သမ္ပဇဉ် ၊ သန္တုဋ္ဌီ တရားများနှင့် ပြည့်စုံသော ရဟန်းသည် သမထ ဝိပဿနာ တရားကို ဆက်လက်အားထုတ်ပါက အေက်ပါ အကျိုးများကို လက်တွေ့ ခံစား ရရှိနိုင်ပါသေးသည်။

 

၁၁။ နီဝရဏ ငါးပါးမှ လွတ်ကင်းခြင်း အကျိုး

 

၁၂။ ဈာန်တရား ရနိုင်ခြင်း အကျိုး

 

၁၃။ ဝိဇ္ဇာရှစ်ပါး နှင့် ပြည့်စုံ၍ မဂ် ဖိုလ် ရနိုင်ခြင်း အကျိုး-တို့ ဖြစ်ပါသည်။

 

ဂေဇတ်မိသားစုကထိန်ပွဲအတွက်….သူကြီးမင်းဦးဆောင်တဲ ့ရပ်မိရပ်ဖများ..အလှူခံထွက်တုံးကပုံလေးပါ

 

အောက်ကပုံလေးက..ဂေဇတ်က..ကွန်းတောင်ပန်းတောင်ကိုင်ကြတဲ ့….အရင်ဝင်ရောက်နေရာယူထားတဲ ့..စီနေရာ…အန်တီ…မမ…ညီမလေးတွေပုံပါ

 

ကထိန်ပွဲ ကို..တခြားအမြို ့အမြို ့အနယ်နယ်…ကလာကြတဲ ့……ပုံတွေပါ

 

လေးလပြည် ့ဂေဇတ်မိသားစု..ကထိန်ပွဲလှည့်လည်ပုံလေးပါ

 

ကထိန်မခင်းထိုက်သော ရဟန်း

(၁) ကထိန်သင်္ကန်း ဖြစ်ပေါ်ရာကျောင်းတိုက်၌ ဝါမဆိုဝါမကပ်သော ရဟန်း၊

(၂) ပုရိမဝါဆို ဝါ ကပ်ခဲ့သော်လည်း ဝါကျိုးဝါပျက်သော ရဟန်း၊

(၃) သီတင်းကျွတ်လပြည့် မဟာပဝါရဏာနေ့၌ ပဝါရဏာမပြုသော ရဟန်း၊

(၄) ပစိ ္ဆမဝါဆိုသောရဟန်း၊

(၅) လုံးဝ ဝါမဆို ဝါမကပ်သော ရဟန်း၊

(၆) ပုဗ္ဗကရဏစသော ကထိန်ခင်းထိုက်သော အင်္ဂါရှစ်ပါးနှင့် မပြည့်စုံသော ရဟန်း၊

(၇) ကထိန်ခင်းခြင်းငှါ မစွမ်းနိုင်သော ရဟန်းတို့သည် ကထိန်မခင်းထိက်သောရဟန်းတို့

ပေတည်း။

ဆိန္နဝဿာ ဝါပစိ ္ဆမိကာယ ဥပဂတာ ဝါ န လဘနိ ္တ၊

အညသ္မိ ံ ဝိဟာရေ ဝုတ္ထဝဿာပိ န လဘနီ ္တတိ မဟာပစ္စရိယံ ဝုတ္တံ။

[မဟာဝါ အဋ္ဌကထာ/၃၈၈]

အဋ္ဌဟင်္ဂေဟိ သမန္နာဂတော ပုဂ္ဂလော အဘဗ္ဗော ကထိနံ အတ္ထရိတုံ။

[ပရိဝါ ပါဠိတော်]

ကထိန်ခင်းထိုက်သောရဟန်း

(၁) ပုရိမဝါကျွတ်ပြီး ပဌမမဟာပဝါရဏာနေ့၌ ့ဝါရဏာပြုသောရဟန်း၊

(၂) ပုရိမဝါ မကျိုး၊ ဝါမပျက်သောရဟန်း၊

(၃) ပုဗ္ဗကရဏစသည်ကို သိခြင်းစသော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ရဟန်း၊

(၄) သံဃာက ဝိနည်းကံနှင့်အညီ ဉ တ်ကမ္မဝါစာဖတ်၍ပေးသော ကထိန်ခင်းရန်

သင်္ကန်းကို ခံယူရရှိသာရဟန်း၊

(၅) ကထိန်ခင်းရန် စွမ်းနိုင်သော ရဟန်း။

ဤသို့သော ရဟန်းမျိုးတို့သည် ကထိန်ခင်းထိုက်သော ရဟန်းတို့ပေတည်း။

ဝုတ္ထဝဿဝသေန ပုရိမိကာယ ဝဿံ ဥပဂနာ႖ ပဌမ ပဝါရဏာရ ပဝါရိတာ လဘနိ ္တ

[မဟာဝါ အဋ္ဌကထာ]

၁။ ပုဗ္ဗကရဏံ ဇာနာတိ။

၂။ ပစ္စုဒ္ဓါရံ ဇာနာတိ။

၃။ အဓိဋ္ဌာနံ ဇာနာတိ။

၄။ အတ္ထာရံ ဇာနာတိ။

၅။ မာတိကံ ဇာနာတိ၊

၆။ ပလိဗောဓံ ဇာနာတိ။

၇။ ဥဒ္ဓါရံ ဇာနာတိ။

၈။ အာနိသံသာ ဇာနာတိ။

ဣမေဟိ အဋ္ဌဟင်္ဂေဟိ သမန္နာဂတော ပုဂ္ဂလော ဘဗ္ဗော ကထိနံ အတ္ထရိတုံ။

[ပရိဝါ ပါဠိတော်]

လင်္ကာ* ပုရိမဝါ ကောင်းစွကျွတ်ထ၊ ပဌမ ပဝါရဏာပြုပြီးခါ၊

သံဃာထံမှ သင်္ကန်းရ ခင်းရကထိန်သာ

ပုဗ္ဗကရဏံ၊ ပစ္စု ဒ္ဓံစ၊ အင်ရှစ်ဝနှင့် ပြည့်ထသူသာ၊ ကထိနာ

ခင်းရာထိုက်လေမှတ်။[သံခိပ်]

________________________________________

ရဟန်းတော်တို့ကထိန်အာနိသင်ရမှု

ကထိန်ခင်းမှုကြောင့် ရဟန်းတော်တို့အား ရအပ်သော အာနိသင်အကျိုးတရားတို့ သည်

(၅)ပါးဖြစ်ကုန်၏ ။ ခင်းပြီးကထိန်မနှုတ်မခြင်း ကာလတိုင်အောင် လည်းကောင်း၊

တန်ဆောင်မုန်းလပြည့်ကျော် (၁) ရက်နေ့မှတပေါင်းလပြည့်အထိ (၅) လတိုင်တိုင်

ထိုကထိန် အာနိသင်အကျိုးတရား ငါးပါးတို့ကို ကထိန်ခင်းသည့် ရဟန်း၊

ကထိန်အနုမောဒနာပြုသည့် ရဟန်းများရှိကြလေကုန်၏။

ကထိန်အာနိသင်အကျိုး(၅)ပါး

(၁) အနာမန ္တစာရ-ထင်ရှားရှိသောရဟန်းကို မပန်ကြားဘဲ ရပ်ရွာအတွင်းသို့ သွားနိုင်ခြင်း

အကျိုး။

(၂)အသမာဒါနစာရ-အဓိဋ္ဌာန်တင်ထားသော နှစ်ထပ်သင်္ကန်းကြီးနှင့် ညဉ့်ကင်းနေနိုင်ခြင်း

အကျိုး။

(၃) ဂဏဘောဇန- [မအပ်မရာပင့်ဖိတ်သည့်] ဂဏဘောဇဉ်ကို ဘုန်းပေးသော်လည်း

အာပတ်မသင့်ခြင်း အကျိုး။

(၄) ယာဝဒတ္ထစီဝရ- အဓိဋ္ဌာန်ဝိကပ္ပနာမပြုဘဲ သက်န်းကို အလိုရှိသလောက်

ထားနိုင်ခြင်း။

(၅) ယောစတတ္ထစီဝရုပ္ပါဒ- ကထိန်ခင်းရာကျောင်း၌ ဖြစ်ပေါ်သော သံဃိက သင်္ကန်းကို

ရပိုင်ခွင့်ရျိသောအကျိုး။

အတ္ထတကထိနာနံ ဝေါ ဘိက္ခဝေ ပဉ္စာနိသံသာ ကပ္ပိဿနိ ္တ အနာမန ္တစာရော၊ အသမာဒါနစာရော

၊ ဂဏဘောဇနံ ၊ ယာဝဒတ္ထ ၊ စီဝရံ ၊ ယောစ တတ္ထ စီဝရုပ္ပါ ဒေါ ၊ သော နေသံ

ဘဝိဿတီတိ။ [မသာဝါ ပါဠိတော်]

________________________________________

ကထိန်အလှူရှင်တို့ ရအပ်သော အကျိုးများ

လင်္ကာ**ကထိန်ဒါန လှူကြသူမှာ ကျိုးငါးဖြာကား သွားလေရာဝယ် အန ္တရာယ်ကင်း ၊

ပစ္စည်းရင်းမှာ မီးပြင်းမဖျက်၊ ဆိပ်မတက်ဘဲ ၊ မေ့လျက်ဥစ္စာ ၊ မဆုံးပါရ ၊

ပြိုင်ရှာကြသော်၊ ကိုယ်ကဦးစွာ အရသာသည် ငါးဖြာ ကထိန်လှူကျိုးတည်း။

[အောင်တော်မူမှတ်စု]

နဲ ့

ကျမ်းအကိုးအကား-

ဒီဃနိကာယ်၊ သီလက္ခန္ဓဝဂ္ဂ ပါဠိတော်

ဒီဃနိကာယ်၊ သီလက္ခန္ဓဝဂ္ဂ အဋ္ဌကထာ

မြန်မာ့ဆယ့်နှစ်လအကြောင်း၊ တန်ဆောင်မုန်းလ (မောင်ထင်)


http://www.alankamon.net.

များမှ..ကောင်းနိူးရာရာများတင်ပြသည်

ချစ်ခင်လေးစားသော….

ဂေဇတ်မှ..၄ လ သားလေး

ရွှေအိမ်စည်။

 

ဓါတ်ပုံမူရင်းပေးပို ့သူ ပိတောက်မြေ(မော်လမြိုင်နာရေးကူညီမှုအသင်း)ကိုကျေးဇူးတင်ပါတယ်.။

 

ရွှေအိမ်စည်ကတော့..လေးလ  သားလေး  မလို ့..အနားယူနေပါတယ်…။

 

8 comments

  • parlayar46

    November 4, 2011 at 10:35 pm

    လေးလသားလေးရွှေအိမ်စည် ပုံကို သဘောကျတယ်။ :))
    (ကျုပ်သား ငယ်ငယ်ကပုံနဲ့တူတယ် 🙂 )

    ဒီပိုစ့်ရဲ့ တင်ဆက်ပုံရော ပါဝင်တဲ့ပုံလေးတွေပါ သိပ်ပြေပြစ်တာပဲ။
    ကထိန်လှည့်တဲ့ပုံလေးက အဆစ်ပေါ့။
    လက်ရှိရိုးရာဓလေ့ပုံစစ်စစ်လေးပါ။ တန်ဘိုးရှိပါတယ်။
    ချီးကျူးပါတယ် ရွှေအိမ်စည်။

  • koyinmaung

    November 4, 2011 at 10:45 pm

    ခုလိုရှင်းပြသွားတာကောင်းမှကောင်း
    ဓါတ်ပုံတွေကလဲဆိုဖွယ်ရာမရှိ
    ကထိန်ရာသီအလွမ်းပြေပါဘဲ….

  • small cat

    November 5, 2011 at 7:20 am

    ကြောင်လေးက အပေါ်ဆုံးက ထီးတလက်ဖိုးရယ် အောက်ဆုံးမှာထားဖို့ ဖိနပ်တစ်ရံ ရယ်
    ပါဝင်လှူဒါန်းပါမယ်။

  • ပေါက်ဖော်

    November 5, 2011 at 9:57 am

    ရာသီစာလေးတွေ..ရာသီစာလေးတွေ..အိမ်စည်ရေ..မှန်ကြောင် အာလဖွားကြီးရေ..
    ကောင်းလေစွ..ကောင်းလေစွ..သာဓု..အာဝု.. 😆

  • ဆူး

    November 5, 2011 at 10:35 am

    ဂေဇတ်မှာ ကထိန်ခင်းသွားတော့လည်း ရွာသား ရွာသူတွေ ပါရသေးတာပေါ့.. (အလှူ ပြောပါတယ်)

  • Shwe Tike Soe

    November 5, 2011 at 10:51 am

    အော် အခုလိုရှင်းပြပေးတော့ ကထိန်သင်္ကန်းလှူရတာ ပိုအဓိပာယ်ရှိတာပေါ့…… ကျေးဇူးတင်ပါတယ်ခင်ဗျာ..
    ဓာတ်ပုံနှင့်တကွ ပြည့်ပြည့်စုံစုံရှင်းပြပေးထားတာ အရမ်းကောင်းပါတယ်..

  • ba gyi

    November 5, 2011 at 3:29 pm

    ရွှေအိမ်စည်လေးရေ ၊ ကထိန်အကြောင်းပြည့်ပြည့်စုံစုံတင်ပေးလို့ ( (ကောင်းလေစွ၊ ကောင်းလေ၊စွကောင်းလေစွ။)
    ပုံထဲမှာ ရွှေဖလါးကြီးကိုင်ထားတဲ့ ဒို့ ရွာသူကြီးပုံက- မျက်လုံးအသားပေးထားသကိုး၊ဟိုလေ- ရှင်အဇ္ဇဂေါဏ
    ကြီးကျနေတာပဲ။

Leave a Reply