ကင်မရာ အကြောင်း

ကင်မရာ အကြောင်းဆိုလို့ သိသလောက်ရေးပေးမလို့ မဟုတ်ဘူးနော်။ ကျွန်တော် တစ်ကယ့်ကို သေသေချာချာ မသိလို့ပါ။ ရွာထဲမှာ ကင်မရာအကြောင်းကို ဂဃနဏ သိမယ့်သူရှိနေရင် ကျွန်တော့်ကို နားလည်လွယ်မယ့်နည်းတွေနဲ့ ရှင်းပြပေးစေချင်ပါတယ်။ ကျွန်တော် ကင်မရာ ဝယ်မလို့စုံစမ်းကြည့်လိုက်တော့  ဆိုင်က ဘယ်လိုကင်မရာမျိုးလဲတဲ့၊ နောက်ပြီးတော့ ဘယ်နေရာမှာရိုက်ဖို့လဲတဲ့၊ ကျွန်တော်က အပျော်တမ်းရိုက်ဖို့ပါ။ Nikon ကိုကြိုက်ပါတယ်။ ဈေးနှုန်းကလည်း အသင့်အတင့်နဲ့ပေါ့ဗျာ။ မိသားစုပုံ ရိုက်ချင်တယ်။ သူငယ်ချင်းတွေနဲ့ ရိုက်မယ်။ ပန်းတွေ၊ ဘုရား၊ ယာဉ်၊ သဘာဝရှုခင်းတွေ ရိုက်ချင်တယ်။ အဲဒါကို ဘယ် မော်ဒယ် ဝယ်ရင်ကောင်းမယ်၊ ဘယ်ကင်မရာက ဘာတွေပါမယ်၊ ဘာတွေပိုကောင်းမယ်၊ ဘာကတော့ မကောင်းဘူး……. စသည်ဖြင့်ပေါ့ဗျာ။ ကျွန်တော့်ကို သေသေချာချာ ရှင်းပြပေးစေချင်ပါတယ်။ နောက်ပြီးတော့ အဆစ် အနေနဲ့ ဓါတ်ပုံရိုက်နည်းလေးလဲ သိသလောက်ပြောပြပေးစေချင်ပါတယ်။ ဘယ်နေရာကိုရိုက်မယ်ဆိုရင် ISO ကိုဘယ်လောက်ပေးရမယ်၊ Flash သုံးရင်ကောင်းမယ်/မကောင်းဘူး ။ Shutter speed ကိုဘယ်လောက်ပေးရမယ်။ စသည်ဖြင့်ပေါ့။ ကျွန်တော်က  ခုမှ ဓါတ်ပုံ ပညာကိုလေ့လာမလို့ပါ။ ကျွန်တော့ကို ကူညီပေးစေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။     ။

 

ချစ်ရင်ထူး

3 comments

  • small cat

    November 4, 2011 at 11:55 pm

    ကင်မရာကိုကြောင်လေးတော်တော်နိုင်ပါတယ်၊
    ( နိုင်ရုံတင်မဟုတ်ဘူးအပေါ်ကို ငါးပေလောက်အထိမြောက်အောင်ကိုပစ်နိုင်ပါတယ်)
    ဒါကြာင့်မို့ ဘယ်လိုရိုက်ရမယ်ဆိုတာသင်ပေးပါမယ်။
    အိုင် အက်စ် အိုတွေ၊ ရှပ်တာစပိတွေ၊ အပါချာ တွေစဉ်းစားမနေနဲ့
    အော်တို မု မှာထားပြီးခလုပ်သာနှိပ်လိုက် အကောင်းဆုံပဲ။
    ပုံတစ်ပုံကိုအချက် (၅၀)လောက်ရိုက်၊ကောင်းတဲ့တပုံယူ၊မကောင်းတာဖျက်လိုက်၊
    ဒစ်ဂျစ်တယ်ခေတ်ပဲဗျာ ဖလင်လို ပိုက်ဆံကုန်တာမှမဟုတ်တာ။

    ဦးဦးဖျားဖျား လာစားသွားတယ်မထင်ပါနဲ့ဗျာ၊ခင်လို့နောက်တာပါ၊
    ကိုယ်နဲ့နှိုင်းပြီးပြောလိုက်တာလည်းပါ ပါတယ်။ ဟဲ..ဟဲ..ဟဲ..
    ကင်မရာဘယ်လိုဝယ်ရမယ်ဆိုတာရေးထားတဲ့စာ ရွာထဲမှာရှိပါတယ်၊ ကိုအင်ဇာဂီရေးထားတာလို့ထင်ပါတယ်။ရှာပြီးဖတ်ကြည့်ပါ။

  • M-Lulin

    November 5, 2011 at 12:54 am

    ရွာထဲမှာတော့ .. ဦးစိန်သော့ တို့ ကိုအင်ဇာဂီ တို့ ပြောထားတာ တွေရှိတယ်ဗျ။ ဒါပေမယ့်. နဲနဲ တော့ ဝင်ရှည် ဦးမယ် .. အပျော်တမ်း လို့ ပြောပေမယ့် … Manual လုပ်ချင်ပုံရတယ်… Canon EOS တစ်လုံးလောက်ဝယ်ပြီး member Club မှာ Member (free) လုပ်လိုက်ပါလား။ အဲ့ဒီမှာ ဆို ဟိုမေးဒီမေး နဲ့ .. နီးစပ် သွားပြီး အဆင်ပြေသွားနိုင်ပါတယ်။ သင်တန်း တွေလဲ ဖွင့်ထားတယ်။ ဆရာ သီဟသိန်းညာဏ် ဦးစီး ပြီးဖွင့်ထားတာ.. ကို ချစ်ရင်ထူး က.. Nikon ကြိုက်တယ် ဆိုတော့ D3100 လေးပဲ သုံးနေရတယ် လို့ ပြောထားတဲ့ ဦးစိန်သော့ ကို message ပို့သာ မေးတော့။ အကုန် လျှောက်ရိုက်ချင်တယ်… ပုံလန်းလန်း လေး တွေလဲ လိုချင်တယ် ဆိုရင်တော့ .. body + Lens (s) တွေ ဝယ်စု မှဖြစ်မယ် ဗျို ့ .. အလွန်တရာ .. ပိုက်ပိုက် ကုန်သော အလုပ် ဗျ … တား မရ လို့ ကတော့ မြှောက်ပေးမှာ ဗျ …

  • windtalker

    November 5, 2011 at 11:26 am

    ကျုပ် လဲ ဘာမှ မသိလို ့မရေးပေးတော့ဘူး ဗျာ
    တော်ကြာ တလွဲတွေ ဖြစ်ကုန်မှာ စိုးလို ့ပါ
    🙂

Leave a Reply