မောင်ပေ၏ ကထိန်အလှူ
မင်္ဂလာပါ ခင်ဗျာ ။
စာရေးသူ ဟာ ကထိန်နဲ ့ပတ်သက်ပြီး ဘာရယ်ညာရယ်လို ့အတိအကျ မသိပေမယ့် ၊ စာရေးသူ ငယ်စဉ်ကလေးတုန်းက ဘိုးဘွားတွေ ခင်းလှူတဲ့ ကထိန်ပွဲကို ပထမ ဆုံး အကြိမ် ရောက်ခဲ့ပြီးကတဲက ကထိန်ဆိုတာ ပျော်စရာကောင်းတဲ့ ပွဲတစ်မျိုးလို ့မှတ်ထင်ခဲ့ပါတယ် ။ နောက်ကြီးပြင်းလာတော့ ၊ ဘာသာရေးဆောင်းပါးတစ်ပုဒ်ကို ဖတ်ရာမှာ ၊ ကထိန်သင်္ကန်းလှူတဲ့သူဟာ ငရဲ မကျဘူး လို ့ဖတ်ခဲ့ရလို ့သိခဲ့ရပါတယ် ။ စာရေးသူ ဟာ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်လို ့ငရဲ ဆိုတာကို ယုံပါတယ် ။ မကောင်းမှု ကို မလုပ်ခဲ့ပေမယ့် မတော်မတဲ့ ချော်ချဲ ့ပြီး ငရဲကျရောက်မှာ ကို ကြောက်မိတာကြောင့် ကထိန်ပွဲနဲ ့ပတ်သက်လို ့အလှူခံတာနဲ ့ကြုံရင် ကိုယ်တတ်နိုင်သလို သဒ္ဒါပေါက်သလို အမြဲလှူခဲ့ပါတယ် ။ စိတ်ထဲက လည်း “ ငါတော့ ကထိန်သင်္ကန်း လှူလိုက်ပြီ ၊ ငါ ငရဲကျစရာ အကြောင်း မရှိတော့ဘူး ” ဆိုပြီး ဝမ်းသာကြည်နူးလျှက်ပေါ့ ။ ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်း ကာလ များမှာ စာရေးသူ ဟာ စီးပွားရေး ပြေလည်လိုက် ၊ ကျဆင်းလိုက် နဲ ့ အနိမ့်အမြင့် တွေကို ကြုံခဲ့ရပါတယ် ။ ဩဂုတ်လကုန်လောက်မှ စာရေးသူ ရဲ ့စီးပွားရေးဟာ ပြန်လည် တည်ငြိမ်လာခဲ့ပါတယ် ။
စာရေးသူဟာ စီးပွားရေး ပြန်လည် တည်ငြိမ်လာတာနဲ ့အမျှ ၊ အလှူအတန်း လုပ်ဖို ့စိတ်ကူးမိပါတယ် ။ ရာသီချိန်ကို ကြည့်တော့ တန်ဆောင်မုန်း ကို ရောက်ဖို ့ကလည်း သိပ်မလို တော့ ။ ကထိန်ခင်းဖို ့ စိတ်ကူး မိပါတယ် ။ တစ်ခါမှ လည်း ကိုယ့်ဝင်ငွေ နဲ ့ကိုယ် ၊ ကိုယ်တိုင်ကိုယ်ကျ အလှူရယ်လို ့မလုပ်ဖူးတာလည်း ပါပါတယ် ။ အရင်တုန်းက အလှူ ဆိုရင် အလှူငွေ ပိုက်ဆံ ဘဲ လှူဖူးခဲ့တာပါ ။ ဖြစ်ချင်တော့ မန်းတလေးဂေဇက် က အသိမိတ်ဆွေကြီး ဟာဆိုရင် နာမည်ကြီး သင်္ကန်းတိုက်ပိုင်ရှင် တစ်ဦး ဖြစ်နေတာကို သိခဲ့ရပါတယ် ။ ဒါနဲ ့စာရေးဖော်ရေးဖက် လည်း ဖြစ်တာနဲ ့၊ ကထိန်ခင်းဖို ့သင်္ကန်းကို သူ ့ဆီကဘဲ ဝယ်လိုက်ပါတယ် ။ ဒါတောင် သင်္ကန်းစဝယ်မယ် ပြောတုန်းက သူ ့မှာ စာရေးသူ ကို မယုံသင်္ကာ ဖြစ်မိမယ် လို ့ထင်မိပါတယ် ။ ဟုတ်တယ်လေ ။ စာရေးသူဟာ ဂေဇက်မှာ ရေးနေတာ အတည်အတန် ့မှ မဟုတ်တာ ။ သူ ့ဆီကို ဘဏ်ကနေ ငွေလွှဲပြီးမှ သူ ့ခဗျာ ယုံသွားပါတယ် ။ ( ဖြစ်ရပ်မှန်တွေပါ ခင်ဂျ ။ ဟီဟိ )
သင်္ကန်းဝယ်ပြီးတော့ အခြားသော လှူဖွယ်ပစ္စည်းများကို ဖြည်းဖြည်းချင်း ဝယ်စုခဲ့ပါတယ် ။ လိုမယ် ထင်တာလေး တွေ ကောင်းမယ် ထင်တာလေးတွေ ကို ပေါ့ ။ စာရေးသူ ခင်းမယ့် ကထိန်ဟာ အကြီးအကျယ်ကြီးမဟုတ်တဲ့ အတွက် ၊ အစက မိုးပေါ်ကျ ကထိန်ဘဲ ခင်းမယ် လို ့စိတ်ကူးခဲ့ပါတယ် ။ အသိဘုန်းကြီး တစ်ပါး ကို သွားလျှောက်ကြည့်တော့မှ ၊ ဘုန်းကြီး က စာရေးသူ ကို ဘာတွေ လှူမလဲ မေးပါတယ် ။ လှူဖွယ်ပစ္စည်းများ နဲ ့ဝတ္ထုငွေ ကို ပြောပြရာမှ ၊ ထိုဘုန်းကြီးက စာရေးသူ ခင်းဖို ့ဘုန်းကြီးကျောင်း ရှာပေးမယ့် အကြောင်း ပြောပါတယ် ။ သို ့ဖြင့် ၊ မန်းတလေးမြို ့တောင်ဘက် က မြို ့လေးမှာ ကထိန်ခင်းဖို ့ဘုန်းကြီးကျောင်း တွေ ့ရှိခဲ့ပြီး ၊ စာရေးသူရဲ ့ကထိန် ကို အောင်မြင်စွာ ခင်းလှူနိုင်ခဲ့ပါတယ် ။
ဒီအလှူအတွက် ဂေဇက်လာ စာဖတ်သူများနဲ ့၊ ဂေဇက်ဝင် စာရေးသူအားလုံး စာရေးသူနဲ ့ထပ်တူ ကုသိုလ်ကောင်းကျိုး ရပါစေရန်အလို ့ငှါ “ အမျှ ” သုံးကြိမ် ပေးဝေလိုက်ပါတယ်နော် ။ အားလုံးပဲ စာရေးသူ လှူခဲ့လို ့ရမယ့် ကုသိုလ် ကောင်းကျိုးချမ်းသာများကို စာရေးသူနဲ ့ထပ်တူ ရကြပါစေ ခင်ဗျား ။
စာရေးသူတို ့လင်မယား နှစ်ယောက် ကထိန်အတွက် တင်ကြိုပြင်ဆင်မှုများ ရှိခဲ့သော်လည်း ၊ လိုအပ်ချက် အနည်းငယ်တော့ ရှိခဲ့ရပါသည် ။ ဥပမာ ဆိုရလျှင် ၊ ကထိန်တွင် ဓါတ်ပုံ ရိုက်မည် ဟု စီစဉ်ခဲ့သော်လည်း ၊ လင်မယားနှစ်ယောက် တွင် ရှိသော ကင်မရာလေးမှာ ၊ ယောက္ခထီးကြီး ခရီးသွားရာတွင် ပါသွားသဖြင့် ၊ ဖုန်းကင်မရာ ဖြင့်သာ ရိုက်ခဲ့ရသည် ။
စာရေးသူ ကထိန်ခင်းသော ကျောင်းတိုက်နာမည် မှာ “ နှစ်ကျိပ်ရှစ်ဆူ ” ဖြစ်သည် ။ ကျောင်းထိုင်ကိုယ်တော် မှာ သက်တော် ၉၈ နှစ် ရှိပြီ ဟု သိရသည် ။ ဘုန်းကြီးမှာ ခြေထောက် လမ်းမလျှောက်နိုင်သည်မှ လွဲ၍ ကျန်းမာရေး ကောင်းမွန်သည်ကို ဖူးမျှော်ရသည် ။
ကျောင်းတိုက်ကို တည်ဆောက်လှူခဲ့သူ အလှူ ့ဒါယိကာ မှာ ဦးစိန် နှင့် ညီမ ဒေါ်တင့် ဟု သိရပြီး ၁၉၃ဝ ခုနှစ် က တည်ဆောက် လှူဒါန်း ခဲ့သည် ဟု သိရသည် ။
ကျောင်းဝန်းထဲတွင် ခေါင်းလောင်တစ်လုံး ကို လည်း တွေ ့ရပြီး ၊ ထိုခေါင်းလောင်းမှာ နှစ်တစ်ရာ သက်တမ်းကျော်ပြီ ဟု သိရသည် ။ ဟိုးယခင် ခေတ် တုန်းက ဘုရားသူခိုး များ သောင်းကျန်းစဉ်က ရှေးဘုရားများ ၊ ခေါင်းလောင်းများ ကို ဘုန်းကြီးကျောင်းတွင် လာရောက် ထိန်းသိမ်း ခဲ့သည် ဟု သိရသည် ။
ကျောင်းဝင်း အတွင်းတွင် တိုင်လုံးများနှင့် ကျောင်းပျက် ပုံစံမျိုး တစ်ဆောင် တွေ ့ခဲ့ရပြီး ၊ ရှေးတုန်းက ဆိုလျှင် ထိုကျောင်းတိုက်မှာ ဆင်တစ်ကောင်အမြင့် မက မြင့်သည် ဟု သိရသည် ။ ထိုတိုင်များ မှာ ယခုတော့ မြေအောက်သို ့ဝင်နေချေပြီ ။
ကျောင်းဘုရားစင်ရှိ ဆင်းတုတော်များကို ဖူးမျှော်ရသည်မှာလည်း အင်မတန် ကြည်ညိုဖွယ်ပင် ။ ရှေးဆင်းတု များ ဖြစ်သည် ။
ကျောင်းရှိ ဦးပဉ္စင်း လေး၏ မိန် ့ကြားချက် အရ ၊ ကျောင်းလိပ်စာ ကို ထည့်မရေးသည်ကို ခွင့်လွှတ်နားလည်ကြပါခင်ဗျား ။
ဓါတ်ပုံများမှာ ဖုန်းကင်မရာဖြင့် ရိုက်ခဲ့ခြင်း ဖြစ်ပါသည် ။
နောက်ထပ် ထူးခြားတာလေး တစ်ခု တွေ ့ခဲ့ရပါသေးတယ် ။ “ စကြာ မင်းသားလေး ရေထည့်သောက်ခဲ့တဲ့ ရေတကောင်း ” ပါ ။ အနီးကပ် ကြည့်ခွင့် ရခဲ့ပေမယ့် ၊ ဓါတ်ပုံတော့ မတင်စေချင်တဲ့ ဘုန်းကြီး ဆန္ဒ အရ ၊ ရေတကောင်း ကို ထည့်ထားတဲ့ ဗီရိုပုံ လေးကို ဘဲ တင်ပေးလိုက်ပါတယ် ။ နှီးနဲ ့လုပ်ထားပြီး သစ်စေးသုတ် ၊ ရွှေချ ထားတယ် လို ့သိရပါတယ် ။
ဓါတ်ပုံအားလုံး ပါသွားပါစေလို ့ဆုတောင်းရင်း အလှူမှတ်တမ်း ကို တင်ဆက်လိုက်ပါသည် ။
—————————– အားလုံးကို ကျေးဇူးတင်ပါသည် —————————–
39 comments
blackchaw
November 4, 2011 at 8:58 pm
ဟေ့လူ ကိုပေ။ ပို့စ်ကိုတော့ အေးဆေးမှ သေသေချာချာ ဖတ်ပါ့မယ်။
ခင်ဗျားပျောက်နေသလားလို့။
ဘာတွေ အလုပ်ရှုပ်နေလဲ။
windtalker
November 4, 2011 at 9:06 pm
ဟုတ်တယ် အကိုရေ ။ ဒီလထဲ ဘော်ဒါတွေ ရဲ ့ကထိန်တွေ ရော ။ ကျွန်တော့် ကထိန်ပါ ခင်းခဲ့တာမို ့အင်တာနက်ကို မသုံးဖြစ်ဘူး အကိုရေ ။ အခုည ကြမှ ဘဲ ၊ ပို ့စ်လာတင်ဖြစ်တော့တယ် ။ ကော်နက်ရှင် ကို ကျေးဇူးတင်နေမိတယ်ဗျို ့။ ဟီးဟီး
thit min
November 4, 2011 at 9:08 pm
ပတ္တိပတ္တာနုမောဒနာ ပြု သာဓု သာဓုသာဓု ပါဗျာ။
နောက် နောင် လဲ လိုအပ်တဲ့နေရာ မှာ လိုသလောက်ပေးလှူနိုင်တဲ့သူဖြစ်ပါစေ။
တူသောအကျိုးပေးပါစေဗျာ။
windtalker
November 4, 2011 at 9:35 pm
ဟုတ်ကဲ့ ပေးတဲ့ဆု နဲ ့ပြည့်ပါစေ ဗျာ
အကိုသစ်လည်း ညီငယ် နဲ ့အတူ ကထိန်အလှူအကျိုး ကို ထပ်တူရပါစေ နော်
windtalker
November 4, 2011 at 9:29 pm
အဲဒါ ထရစ်ကာလို ့ခေါ်တယ် ကပေါက်ဖော် ရဲ ့
နင်အလည်လာလို ့မရောင်းရသေးဘူး ဆိုရင်တော့
စီးစေရမှာပေါ့ ။ အရမ်းပြေးတာ ၊ အင်ဂျင်ပါဝါ ၂၅ဝ လေ ။
(ပြောရင်းနဲ ့စကားတွေ ဘယ်ရောက်ကုန်မှန်းတောင် မသိတော့ဘူး ဟီဟိ)
pooch
November 6, 2011 at 4:50 pm
သာဓုပါ မောင်ပေရယ် .. ရှေးကျောင်းလေးဆိုတော့ တိတ်ဆိတ်အေးချမ်းမဲ့ပုံပေါ်တယ်…
ဒါနဲ့ ညှော်လိုက်ပါအုန်းမယ် .. ဟီး… 😛
မောင်ပေရယ် တကယ်တော့ သူဌေးကြီးပါဗျို့ … သူစီးတဲ့ ထရစ်ကာက မော်ဒန်နိမ့်ရင်တောင် သိန်း ၆ဝ အောက်မလျော့ဘူး.. သူ့မော်ဒန်မြင့်ရင် သိန်းရာနားကပ်တယ်… ဟိုဟိုဒီဒီ အကြမ်းသုံးတာတောင် ထရစ်ကာ စီးတဲ့ မောင်ပေပါဗျို့……
မန်းလေးရောက်ရင် သူ့ကို များများနှိပ်စက်ကြပါဗျို့……. 😛 😛
parlayar46
November 4, 2011 at 10:16 pm
သာဓုပါ ဗျို့ ကိုတော်ကာရေ..
ဆင်းတုတော်တွေကလဲ လက်ရာတွေကြည့်ရတာ ခေတ်မတူကြပုံပဲ
စိတ်ဝင်စားစရာတော်တော်ကောင်းတယ်။
ကိုပေါက်(မန္တလေး)
November 4, 2011 at 10:18 pm
မောင်ပေ ကိုပေါက်ကို အိပ်မက်တွေပေးသွားတယ်။
အဲဒီနေ့က ကျနော်လဲအင်းဝရောက်တယ်ဗျာ။
နောက်နေ့မှပုံတွေတင်ပေးမယ်နော်.
ရွှေအိမ်စည်
November 4, 2011 at 10:44 pm
ကိုယ်တိုင်ကိုယ်ကျအလှူလေးမလို ့….
ပျော်စရာကြည်နူးစရာကောင်းမှာပါ…
ကျနော်တို ့လည်း..မော်လမြိုင်နာရေးအသင်းကအလှူလေးပါ…။
….
သာဓု..သာဓု…သာဓု…..
small cat
November 5, 2011 at 7:35 am
ကိုပေ ပေးဝေတဲ့အမျှ တဝကြီးယူသွားရင်းသာဓု သုံးကြိမ်ခေါ်ပါတယ်၊
ညှပ်သင်္ကန်း ဆိုတာနဲနဲလွဲနေသလားလို့ပါ၊
အဓိပ္ပါယ်သေချာသိချင်လို့ ရှင်းပြပေးဖို့ (ကျွန်တော်လို့ပြောလိုက် ကျွန်မလို့ပြောလိုက်)
ပြောနေတဲ့ အကို မရွှေအိမ်စည်ရေ ရှင်းပြပေးပါ။
etone
November 5, 2011 at 8:53 am
အားကျတယ်ကိုပေရေ … ကိုယ်တိုင် ကထိန်ခင်းဖို့က စရိတ်စကနဲ့ လူအင်အားရောလိုတာကြောင့် တနှစ်မှကထိန်မခင်းဖူးဘူး … စုပေါင်း ကထိန်လောက်မှာသာ ပိုက်ဆံပဲ လှူဖြစ်တယ် …. ။ ကထိန်တစ်ခုခင်းဖို့ကလည်း မလွယ်ဘူးလေ ကိုပေရေ … လာတဲ့ လူတွေကိုလည်း အကျွေးမွေး ၊ အတီးမှုတ်နဲ့ ညအိပ်ဧည့်ခံရတာတွေလည်း လုပ်ရသေးတယ်ဆို …. ။ လှူတာနဲ့ အလှူလာသူတွေရဲ့ ဝေယျာ ဝစ္စ လုပ်ပေးရမှာစိုးလို့ မလှူဖြစ်တာလည်းပါတယ် 😀 ကိုပေ့အလှူကြည့်ရတာ အတီးမှုတွေ ၊ အာရိုက်ပြီး လာစားမယ့်လူတွေ မပါဘူးလိုပဲနော် … အဲ့လိုလုပ်လို့ရော ရတာပဲလားဟင် ။ ကျွန်မကတော့ မြင်နေကြသူများ ကထိန်က နည်းနည်းချဲ့ကားလွန်းနေတာနဲ့ … လုပ်ဖို့ လက်တွန့်မိတယ် … ။ တပိုင်တနိုင်နဲ့ စုစုစည်းစည်းလေးကထိန်ခင်းလို့ရလျှင်တော့ လုပ်ချင်ပါတယ် … ။
ကိုပေ့ အလှူကို သာဓုခေါ်ပါတယ် … သာဓု … သာဓု … သာဓုပါတော် 🙂
မိုက်ကယ်ဂျော်နီအောင်ပု
November 5, 2011 at 8:59 am
ကျောင်းလိပ်စာကို ဖေါ်ပြခွင့်မရှိတာကိုထောက်ရှု့ခြင်းအားဖြင့်
ကျောင်းနေသံဃာတော်တွေ ပစ္စည်းလေးပါးနှင့်တစ်ကွသော
အခြားလှူဖွယ်တွေမှာ အလိုရှိမှု့နည်းပါးတယ်လို့ သာမန်မှတ်ယူပါတယ်
“ စကြာ မင်းသားလေး ရေထည့်သောက်ခဲ့တဲ့ ရေတကောင်း ” ဆိုတာကိုတော့
တော်တော်စိတ်ဝင်စားတယ်
စကြာမင်းသားလေးဆိုတာ ဘူလေးလဲ သိရင်လုပ်ကြပါဦး
သမုဒ္ဒရာလေးစင်းကို အပိုင်ရတဲ့ စင်္ကြာ မင်းသောက်တဲ့ရေတစ်ကောင်းဆိုရင်တော့
ဖြစ်ခြင်တာဖြစ် ရအောင်ခိုးခဲ့ဘို့ တိုက်တွန်းပါတယ်
ပြီးရင်သဂျီးနဲ့ဆက်သွယ်
သူ့ကိုလည်းအပီတော့မယုံနဲ့ သူက ကိလေသာထတဲ့ဘက်ကဆိုတော့ ပြောလို့ရတာဟုတ်ဘူး
ဘတ်ခြင်ဘတ်သွားမှာ 😀 😀 😀 အရဂါးနောက်ဒါ သဂျီးကိုစိတ်ချ
နည်းရင်လုပ်မဲ့ပုံတော့မရဘူး
တရုပ်စာနဲ့ အိပ်အနီလေးတစ်လုံးပါတယ် ဘာလဲသိဘူး
မိုက်ကယ်ဂျော်နီအောင်ပု
November 5, 2011 at 9:04 am
သိဘီသိဘီ
တရုတ်တန်းထဲမှာ အဲ့သည်ဆိုင်ကယ်နဲ့ လိုက်ပြီးရမ်းကားနေတာ
အောင်ပန်း သားကြီးဂို…………..
windtalker
November 5, 2011 at 11:15 am
“အောင် ပန်း သား လေး ” ဘာ
ဘယ်လို လဲ
ဟက်ထိသွားလား ဘေဘီပု
ဟီဟိ
windtalker
November 5, 2011 at 9:19 pm
“အခြားလှူဖွယ်တွေမှာ အလိုရှိမှု့နည်းပါးတယ်လို့ သာမန်မှတ်ယူပါတယ်”
မှန်လိုက်တာ မာမီပု ရယ်
ကျောင်းထိုင်ဆရာတော်က သက်တော် ၉၈ ရှိပြီဆိုတော့ ၊ ရှေးဘုန်းကြီးပေါ့ဗျာ
ဘာမှ သိပ်မလိုပါဘူး ၊ ဆွမ်းတောင် အာရုံဆွမ်း တစ်နပ်ပဲ ဘုန်းတယ်ဗျ
စုံ စုံ
November 5, 2011 at 10:30 am
ကိုပေ့ပုံတွေကဖုန်းကင်မရာနဲ့ရိုက်ခဲ့လိုသာဘဲ
အကုန်ကြည်တောက်ရှင်းနေတယ်
ဟိုကင်မရာနဲ့သာဆိုဘယ်လောက်ပုံထွက်ကောင်းမယ်မသိဘူး
အခုလိုကထိန်ခင်းတာဝမ်းသာပါတယ် အားလဲကျတယ်
ကျမလဲ etone လိုဘဲ စုပေါင်းကထိန်မှာဘဲတတ်နိုင်သလောက်ပါဝင်လှူဒါန်းဖြစ်တယ်
ကိုယ်တိုင်တော့တခါမှဦးစီးပြီးအခုလိုမလှူဖြစ်သေးဘူး
ကြုံတုန်းဝင်ကြော်ငြာရရင် ကျမလဲဒီနှစ်ကထိန်အတွက်
လှူဖွယ်ပစ္စည်းတွေကို အဲ့ဒိသင်္ကန်းဆိုင်ကဘဲဝယ်တယ်
ပစ္စည်းလဲစိတ်ချရတယ် ပိုင်ရှင်မမကချောလဲချောတယ် သဘောလဲသဘောကောင်းတယ်
ဈေးလဲလျှော့ပေးတယ် 😛
ဆူး
November 5, 2011 at 10:31 am
ကထိန်ခင်းဖို့ ရှိတယ် ပြောသံကြားနေတာ ကထိန်ဖြစ်သွားပြီဆိုတော့ ဝမ်းသာပါတယ်။
အလှူ အတွက် သာဓုလည်း ခေါ်ပါတယ်။ လင်မယား နှစ်ယောက် တူတူသွားလှူတော့ နောင်ဘဝ အဆက်ဆက် ကုသိုလ်အကျိုးပေးတွေ တူတူခံစားကြရတာပေါ့။
တညင်သား
November 5, 2011 at 10:33 am
တဦးတယောက်ထဲ ကထိန်ခင်းဖို့ဆိုတာ မလွယ်ကူတဲ့ အလုပ်ပါပဲ ..အခက်အခဲတွေကို ကျော်လွားပြီး ဖြစ်မြောက်အောင် ကထိန်ပွဲကျင်းပနိင်တာ သာဓု သာဓု သာဓု ခေါ်ဆိုပါတယ်… အကျိုးလိုလို့ ရေလောင်းတာမဟုတ်မှန်း သိပေမဲ့ တူသောအကျိုးခံစားနိင်ပါစေဗျား….ကျောက် အောင်ပါစေ … 🙂
windtalker
November 5, 2011 at 11:20 am
ပေးတဲ့ဆုနဲ ့ပြည့်ပါစေ ဗျာ
မင်္ဂလာပါ ပဲ
ကျေးဇူးတင်ပါတယ် ကိုတညင်သားရေ
နွယ်ပင်
November 5, 2011 at 10:37 am
မောင်ပေရဲ့ အလှူအတွက် သာဓုခေါ်ပါတယ်နော်
နွယ်ပင်တို့လဲ စုပေါင်းကထိန်မှာပဲ ပါဝင်လှူဒါန်းဖြစ်ပါတယ်
ရွာထဲက သင်္ကန်းတိုက်ပိုင်ရှင်မမဆီမှာ မဝယ်ပင်မယ့်
အဲဒီတံဆိပ်နဲ့ သင်္ကန်းက Ocean စူပါမားကတ်မှာရှိလို့
အဲဒီကနေပဲ ဝယ်လှူဖြစ်လိုက်တာပေါ့လေ ။
စုံစုံတို့လို့တော့ ဆိုင်ထိသွားမဝဝ်နီုင်တော့
ဈေးတော့ဘယ်လျှော့ပေးမလဲ ဒါပင်မယ့် ပိုင်ရှင်မမက
သဘောကောင်းတဲ့သူပဲ သိတယ်မဟုတ်လား ဈေးမလျှော့ပေးပင်မယ့်
မုန့်ဝယ်ကျွေးမယ်လို့တော့ ပြောထားတယ် … 🙂
ကြောင်ကြီး
November 5, 2011 at 11:06 am
သာဓု သာဓု သာဓု ပါဗျာ။ ဆရာပေတို့ မိသားစု ဆထက်တပိုး အောင်မြင်ကြီးပွား ပျော်ရွှင်ချမ်းမြေ့ကြပါစေ…။
နွယ်ပင်လူရှုပ်….နင်လုပ်ပုံမဟုတ်…အမြတ်တချို့ဆိုင်ခုတ်…အကုန်ရဖို့ဟာ… ကြားလူအုပ်…စိတ်နာတယ်….မိတ်ဆွေမဟုတ်….။ 😡 (ကာယကံရှင်က ပြောရမှာ အားနာနေလို့ ကိုယ်စားပြောပေးလိုက်တယ် နွယ်ပင်ရေ ကြည့်လုပ် ကြည့်လုပ်။)
နွယ်ပင်
November 5, 2011 at 11:18 am
ဦးကြောင်ကြီးတို့ကတော့ ပြောတော့မယ်
နွယ်ပင်က ဆိုင်ထိသွားဖို့အဆင်မပြေလို့
အဆင်ပြေတဲ့ နေရာလေးက အားပေးလိုက်တာပါ
ကာယံကံရှင်က နားလည်ပေးပါတယ်လေ …. 😛
blackchaw
November 5, 2011 at 11:14 am
သာဓု သာဓု သာဓု ပါ ကိုပေရေ။
“ဘီလူးကြီး”ogre
November 5, 2011 at 12:34 pm
သာဓု..ဗျာ သာဓု..သာဓု
တစ်နည်းအားဖြင့်တော့ ကောင်းလေးစွပေါ့
အလှူတင်မဟုတ်ပါဘူး ရှေးဟောင်းဘုန်ကြီးကျောင်းရဲ ပုံလေးတွေ အတွက်ပါ
ကျေးဇူးတင်လိုက်တယ်ဗျာ..။။။
Koyin Sithu
November 5, 2011 at 1:25 pm
သာဓု… သာဓု… သာဓုပါဗျာ..
အလှူအကျိုးကြောင့် ဘောပွဲတိုင်း အောင်နိုင်တဲ့..
ဘောတစ်လုံးစေ ဦးပေ ဖြစ်ပါစေ…
ဆိုင်ကယ်ဒိုးကြီးကတော့ လန်းတယ်ဂျ..
တခါမှမစီးဖူးဘူး..
ဦးပေဟာဆိုရင် လာတက်ခွချင်တယ်… 😀
kocho
November 5, 2011 at 1:29 pm
ဓတ်ပုံတွေကဖုံးကင်မရာနဲ့ရိုက်လို့ပဲ ဂါပွတ်သလားမမေးနဲ့ (ဂုတယ်လို့ကျောတာနော်)ဂလု (အဲ) သာဓုသာဓုသာဓု ပါခင်ဗျာ 😉
GreeNSheeP
November 5, 2011 at 1:40 pm
ဝမ်းမြောက်ဝမ်းသာ ခေါ်ဆိုပါသည် ။ သာဓု သာဓု သာဓု ပါ ခင်ဗျာ
ba gyi
November 5, 2011 at 5:04 pm
ကိုပေရေ၊ သာဓုပါဗျား။
ကိုပေ၏ဒါနပါရမီကိုအလွန်အားကျမိပါသည်၊
ဓါတ်ပုံမှတ်တမ်းအရ၊ဂုဏ်၊ပကာသန အလွန်နဲသောဆရာတော်ကျောင်း၊
ရှေးကျောင်းကလေးဖြစ်သည်ကိုတွေ့ရသဖြင့်၊အရိုးရှင်းဆုံးကထိန်ပွဲလေးဖြစ်မည်ထင်ပါသည်။
ဂဇက်ထဲမှာကြော်ငြာသော ဝါနည်းနှင့်ညီသောပန်ထူးသာသဃာင်္န်းကိုတွေ့ရသဖြင့် အလွန်အကျိုးထူးသော
ဂဇက်ပါတကားဟု ရွာသူကြီးကိုယ်စားပီတိဖြစ်ရပါကြောင်း။
windtalker
November 5, 2011 at 9:22 pm
သဂျီး ဦးခိုင် က သူ ့နာမည် တပ်မရေးထားလို ့သာဓု လာမခေါ်တာများလား မသိဘူး
သဂျီးရေ ၊ မန်းဂေဇက် ပိုင်ရှင်ကြီးရေ
သဂျီးကို လည်း အမျှအမျှအမျှ ပေးဝေတယ်နော်
ဝမ်းမြောက်ဝမ်းသာ ခေါ်ယူပါဗျို ့
kai
November 6, 2011 at 5:35 am
“ငါ့လက်ကလွတ် ဗြွတ်” အလှူမဟုတ်ပဲ.. သေသေချာချာ ချင့်ချိန်ဆပြီး လုပ်တဲ့အလှူလို့ ထင်ရလို့.. သာဓုခေါ်ပါတယ်..။
သူလိုတာကို ကိုယ်ကလှူတဲ့အလှူမျိုး..ကိုယ်ရတာကိုယ်မကြည့်ပဲ..” သူဘယ်လောက်ရမလည်း” တိုင်းတာကြည့်ပြီး .. လှူတဲ့အလှူမျိုးလှူရင် ငရဲမကျပါဘူး..။
အာမခံပါတယ်..။
ကျုပ်ကိုလည်း ငရဲမင်းက အဲဒီအတိုင်း ပြောခိုင်းထားလို့ပါ..။ 😆
windtalker
November 6, 2011 at 10:36 am
ငရဲ အကြောင်းရေးထားတာက
အလှူရေစက်ချပြီးမှ သတိရသွားတာဗျ
အရင်တုန်းက “မင်္ဂလာမောင်မယ်” စာစောင်ထဲမှာလား
“မြတ်ဆုမွန်” ဘာသာရေးစာစောင်ထဲမှာလား မမှတ်မိတော့ဘူး
တစ်ကယ့်ဖြစ်ရပ်မှန် ဆိုတဲ့ ကိုယ်တွေ ့ဝတ္ထုလေး တစ်ပုဒ်ဖတ်ခဲ့ဖူးတယ်ဗျ
တရုတ်မကြီးတစ်ယောက် ဟာ ရပ်ကွက်ထဲက ကထိန်မှာ သင်္ကန်း တစ်စုံ လှူခဲ့ဖူးတယ်တဲ့
သူ ့ဘာသာသူ မမှတ်မိဘူး
သူ နေမကောင်းအကြီးအကျယ်ဖြစ်ပြီး မျောသွားတဲ့အချိန် ငရဲ ရောက်သွားပြီး
သူ ့မှာ ကောင်းမှု ကုသိုလ်လုပ်ခဲ့တာ မရှိဘူးဆိုပြီး ငရဲထဲ ပစ်ချလိုက်ချိန်
သင်္ကန်းကြီး ပေါ်လာပြီး သူ ့ကို ဆယ်ပေးထားတယ် တဲ့
အဲဒီမှာ ၊ ကောင်းမှု ကုသိုလ် လုပ်ခဲ့ဖူးတာဘဲ ဆိုပြီး လူ ့ပြည်ကို ပြန်ပို ့လိုက်တဲ့အချိန်
သူ မျောနေရာကနေ ပြန်သတိရလာပြီး ၊ ဆွေမျိုးသားချင်းတွေ ကို ပြန်ပြောပြတယ် တဲ့
အဲဒီအချိန်ကစလို ့၊ သူ လဲ သေတဲ့အထိ ကောင်းမှု ကုသိုလ်များကို စဉ်ဆက်မပြတ် ပြုလုပ်သွားတော့ သတဲ့ ။
အဲဒီ ပုံပြင်လေးကို ပြန်သတိရမိတာဗျ
TTNU
November 5, 2011 at 10:43 pm
ကိုဝင်းထော်လခါရေ
သာဓု(၃) ကြိမ်ခေါ်ပါတယ်။
ကျောင်းအဝင်လမ်းလေးပုံက အတော်ကောင်းတယ်။
အင်းဝ မှာလားဟင်။
ဖုန်းနဲ့ရိုက်တာကို ပုံထွက်ကောင်းလိုက်တာနော်။
ဤကောင်းမှု အဖို့အစုတို့ကြောင့် နိဗ္ဗာန်ရောက်ကြောင်းအားထုတ်ရာတွင်
အားကြီးသော အထောက်အပံ့ ဖြစ်မှာ ဧကန်မလွဲပါ။
Moe Z
November 6, 2011 at 11:07 am
သာဓု..သာဓု…သာဓု ကိုပေ ဒီထက်မက လှူနိုင်ပါစေ
ဘဘပေါက်ဖော် ရာသက်ပန်ဝတ်မယ်ဆိုရင် သင်္ကန်းတင်မဟုတ်ဘူး
ပစ္စည်းလေးပါးဒါယကာမအဖြစ်ခံယူပေးမယ် ါ်ဏ
ကြောင်ကြီး
November 6, 2011 at 11:11 am
ဦးကြောင်ကြီးက ဒါယကာလုပ်မယ်။ မိုးစက်လေးနဲ့ ဦးကြောင်… ဦးကြောင်ကြီးနဲ့ မိုးစက်…တိုးဖက်လို့….အဖိုးရှက်….သူခိုးတက်တော့….ဟိုးရပ်။ 😳
ပေါက်ဖော်
November 6, 2011 at 11:48 am
ငပေရေ..
မိုးစက်ကလေးက..ကျုပ်ကို..ရွာထဲ မျက်စိနောက်နေပြီထင်ပါ့..
သာသနာ့ဘောင် အတင်းသွတ်သွင်းချင်နေပြီ…
ခင်ဗျား လဲ..မိန်းမနဲ ့ ခွဲနိုင်ရင် ကျုပ်နဲ ့ ဘုန်းကြီးလိုက်ဝတ်ပါလား..
အဖော်မရှိလို ့..
😆
windtalker
November 6, 2011 at 12:04 pm
ကျုပ်တောင် စဉ်းစားနေတာ
ခင်ဗျား ဘုန်းကြီးဝတ်ရင် ဘာလှူရမလဲ လို ့
ဝတ်သာဝတ်ပါ ရဲဘော်ရာ
ဒါယိကာ အောင်ကြူး နဲ ့ဒါယိကာမ မိုးလေး တို ့ရှိနေပီဘဲဟာ ဘဲဟာ
Moe Z
November 6, 2011 at 12:25 pm
ဘုန်းကြီးဝတ်နဲ့လည်း ရွာထဲမှာနေလို့ရပါတယ် လောလောဆယ်ရွာဦးကျောင်းဆရာတော်ဘယ်ကြွနေမှန်းမသိဘူး
အာဂန္တုဆရာတော် ဦးဇင်းဆန်နီနေမင်းပဲရှိတယ်
သဂျီးမင်းနဲ့ ရွာသူရွာသားအပေါင်းကိုတရားဟောနိုင်ရင် OK
manawphyulay
November 6, 2011 at 5:34 pm
အလှူရေစက် လက်နဲ့မကွာ အမြဲလှူနိုင်တမ်းနိုင်ပါစေ။ ခုလို လှူရခြင်းအကျိုးအားကြောင့် မိန်းမလည်း အမြဲချစ်ခင်ကြင်နာပြီး တူနှစ်ကိုယ်လက်တွဲပြီး သာသနာ့အကျိုး ဆတက်ပိုးထမ်းဆောင်နိုင်ပါစေနော်….
ဆူး
November 6, 2011 at 5:45 pm
မောင်ပေတော့ ချောက်တွန်းနေပြီ 🙁
ခါးနာနေလို့ ကြာကြာ မထိုင်နိုင်လို့ နောက်မှ တွေ့မယ်။ ဒါပဲ.. ဟွန့်..