we R one တစ်ယောက် ကိုပေါက် ကို အားကျပြီးလမ်းသလားနေတာတော့ မဟုတ်ပါဘူးရှင့်။
အားမကျဘူးလားဆိုတော့လည်း အရမ်းအရမ်း မဟားဒယား ကို အားကျနေပါတယ်။
ရှမ်းပြည်ကို အရမ်းသွားချင်နေတာပါတယ်..။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အခုထိ တစ်ခေါက်မှ မရောက်နိုင်သေးပါ..။
အခုလည်း အဝေးဆုံးလည်စရာ ဆိုလို့ ပဲခူးပဲ သွားနိုင်လို့ ..:D
ပဲခူးရောက်တုန်းရောက်ခိုက် မှတ်တမ်းတင်ထားတာလေးတွေ တင်ပေးလိုက်ပါတယ်..။ ရှုစားကြပါကုန်..။
ကျေးဇူးတင်ပါတယ်။
we R one
Post Views: 658
18 comments
koaung
November 12, 2011 at 5:59 pm
ဓတ်ပုံတွေက ကြည်လင်ပြတ်သားတယ် နီကွန်သုံးတာထင်တယ်
we R one
November 12, 2011 at 6:15 pm
ဒီလိုဆိုရင် မောင်လေး အဖြေ မှားပါတယ်ကွယ်..FUJI FILM သုံးတာပါ..။ 😀
“ဘီလူးကြီး”ogre
November 12, 2011 at 6:34 pm
ဓါတ်ပုံတွေကောင်းတယ်ဗျာ
ဒီဘုရားကိုရောက်ဖူးပေမယ့် အခုလိုရွှေရောင် ဝင်းဝင်းနဲ့ဖူးလိုက်ရတော့
ကြည်နူးမိသားဗျ ..ပုံတွေအတွက်ကျေးဇူးဗျာ….။။။
ကိုပေါက်(မန္တလေး)
November 12, 2011 at 6:40 pm
ကောင်းတယ်ဗျာပုံလေးတွေလဲလှတယ်။
ကျနော်ကတော့ပဲခူး ကိုမရောက်ဘူးသေးဘူး။
ကိုယ်ရောက်တာလေးကို လက်ဆင့်ကမ်းတော့ ဗဟုသုတရတာပေါ့ဗျာ။
ကျနော်လဲအမြဲခရီးမထွက်နိုင်ပါဘူး။
ထွက်တုံးလေး အမှတ်တရပေါ့။
ကျနော်တို့ ခင်ဗျားတို့ရဲ့အတွေးတွေ ကူးစက်သွားတာ ကောင်းသောပျံ့နှံ့ခြင်းလို့ ယုံကြည်ပါတယ်။
ဆက်လုပ်ကြရအောင်နော်…………..
windtalker
November 12, 2011 at 6:53 pm
ပဲခူးက ဘုရားတွေကို အားပါးတရ ဖူးမျှော် ကြည်ညိုရလို ့သာဓုသာဓုသာဓုပါ ဆရာလေး
အောက်ဆုံးက ငါးချဉ်ပုံကို ၊ တိုင်တယ်မဖတ်ဖြစ်ခင်က မုန် ့မှတ်နေတာ ဟားဟား
forever
November 12, 2011 at 7:51 pm
ငါးချဉ် ဆိုအထုတ်လိုက်ကောက်ညှင်းထုတ်လိုဘဲတွေ.ဘူးတာ
ခုတော.ဆနင်မကင်း ကျနေတာပါလား
MaMa
November 12, 2011 at 8:46 pm
အရင်ကဆို ပဲခူးဘုရားဖူးသွားရင် ငါးချဉ်ဝယ်ရင် အမြဲအချဉ်မိ (ဖက်နဲ့ထုပ်ထားတာကို ဖွင့်ကြည့်လိုက်မှ အထဲမှာ ငါးချဉ်က လက်သန်းလောက်ပဲပါပြီး စားလို့လည်း မရဘူး) ဖြစ်နေတတ်လို့ မဝယ်ရဲတော့ဘူး။ နောက်ပိုင်း အခုလို အမြင်အတိုင်း ကြည့်ပြီးတော့မှပဲ ဝယ်ဖြစ်တော့တယ်။
ပေါက်ဖော်
November 12, 2011 at 9:09 pm
ငါးချဉ်မြင်တာ ဗိုက်တောင်ဆာလာဘီ..ဂလု.
အန်တီမမက နာမည်ကြီး ငါးချဉ် ဝယ်လေ
ဘာတဲ့..
ပဂိုး မနီ ငါးဖယ်ချဉ် ဆိုလား…
small cat
November 13, 2011 at 7:38 am
ဘဂိုးတိုင်းရဲ့သင်္ကေတ က ဟင်္သာဖိုပေါ်ဟင်္သာမ တက်နေတာ။ဘဂိုးသူတွေ က ယောက်ျားကို နိုင်တတ်ကြတယ်တဲ့၊အဲဒါသူတို့တိုင်းသားအချင်းချင်းယူရင်ပြောတာလား၊
တခြားတိုင်းသားကိုဘဂိုးသူယူရင်ဘယ်လိုဖြစ်မလဲ၊ ဧရာဝတီသားကျွန်တော်က စမ်းကြည့်ချင်လို့ ဘဂို်းသူတစ်ယောက်လောက် အစမ်းလိုချင်ပါကြောင်း။
ကြောင်လေးဘဂိုးရောက်တုန်းက ဘုရားပေါ်က အပျိုတသိုက် နားမှာ အပေါ်ကလို မကြားတကြားပြောဖူးတယ်၊ ဘဂိုးသူတွေ မျက်စောင်းလှလှလေးတွေ ဝိုင်းထိုးကြတယ်။
Moe Z
November 13, 2011 at 12:02 pm
ဘုရားပုံတော်တွေက တော်တော်သပ္ပာယ်တယ်နော်
မြွေကြီးကကြောက်စရာကြီး 🙁
ဆူး
November 13, 2011 at 12:45 pm
အတင်းတုတ်လိုက်အုန်းမယ် ငါးချဉ် တခါ ပဲခူးက ပြန်လာတဲ့ လူ ဝယ်လာတာ အကောင်းစား ဆိုပြီး ဝယ်လာတာ.. ပေါက်ဖော် ပြောတဲ့ နာမည်ပေါ့။
ဆန်က အစိလိုက် အထဲမှာ ထမင်းမဖြစ်သေးဘူး အရသာလည်း မကောင်းဘူး။
တကယ်ကောင်းတာ မအူပင်တို့ ဘာတို့ ဘက်က လာတဲ့ ပုဇွန်ချဉ် နဲ့ ပုဇွန်ဆီ ငယ်ငယ်က အဘိုးအဘွားတွေ ဝယ်လာလို့ စားရတာ သိပ်စားကောင်းတယ် အခု လူကြုံ ရှိလို့ မှာ လိုက်ရင်တောင် အရင်လို စားမကောင်းဘူး ဘာတွေ ရောနေလဲ မသိဘူး
manawphyulay
November 13, 2011 at 6:49 pm
ညီမလေးဆူးက ပဲခူးမနီဝယ်လာတာလား။ တစ်ခါခံဖူးရင် ဘယ်လောက် ဘယ်ချိန်သွားသွား ဝယ်တော့ဘူး။ ဆိုင်လည်းလှည့်မကြည့်တော့ဘူး။ နာမည်ကတော့ ကြီးပါရဲ့ ဖတ်ထုပ်ကြီးပဲ များနေတာ။ ပဲခူးကတော့ ဘယ်ချိန်သွားသွား လေ့လာစရာ သမိုင်းဝင်ဘုရားတွေ အများကြီးပါပဲ။ ပုံလေးတွေ တင်ပေးတော့ ဖူးမြော်ရတာပေါ့နော်။ ကျေးဇူးပါ။
z-Z
November 13, 2011 at 7:57 pm
ပဲခူးက ဘုရားတွေ ဖူးလိုက်ရလို့ကျေးဇူးတင်ပါတယ် …
ငါးချဉ်ပေါ်မှာ ယင်ကောင် နှစ်ကောင်တောင် ပါသေးတယ် .. 🙂
z-Z
November 13, 2011 at 7:58 pm
သုံးကောင်ဗျ … ခုမှ တစ်ကောင်ထပ်မြင်လိုက်တယ် … 😀 😀
we R one
November 14, 2011 at 12:30 pm
အဲယင်ကောင်တွေ အရှင်းဆုံး အချိန် မှာ ရိုက်လိုက်တာ… 😀
koaung
November 13, 2011 at 8:11 pm
တန်တာပေါ့ဗျာ ငါးချဉ်ဝယ်ရင်ယင်ကောင်အဆစ်ရတယ်ဆိုမ ကောင်းဘူးလား 😉
ကြောင်ကြီး
November 14, 2011 at 7:10 am
ဝရုန်းလေးက စေတနာနဲ့ ကြည့်တဲ့သူ ကုသိုလ်ရအောင် ဘုရားစေတီပုံတွေ ရှေ့ဆုံးထား တင်ပေးတာတောင် ငါးချဉ်အကြောင်းပြောတဲ့သူနဲ့၊ ရင်ကောင်အကြောင်း ပြောတဲ့သူနဲ့ ….. ကိလေသာ တယ်များကြပါကလား။။။။။ ေဩာ်လူတွေ လူတွေ….
ဝရုန်းလေးနဲ့ ကိုကိုကြောင်ကြီး နှစ်ယောက်ထဲ လူတွေနဲ့ဝေးရာမှာ သွားနေရအောင်ကွယ်…..။ 😳
we R one
November 14, 2011 at 12:36 pm
ဘယ်နယ်ပြောလိုက်တာတုန်း.. ကိုကြောင်ကြီးရယ် လူတွေပဲ ဒီလောက်တော့ ရှိမှာပေါ့.. ကြောင်တွေ မှ မဟုတ်တာ.. တူညားတွေ ကြားရင် တစ်မျိုးထင်နေပါအုံမယ်… ။ 😛