အိမ်ငှားကိုကြောက်ရသောအိမ်ရှင်

တိုက်ခန်းလေးငှားပြီး အပိုဝင်ငွေလေးရှာပါတယ် လူလည်ပတ်ကား အိမ်ငှားသမားတွေနဲ. တွေ.တော့ ကိုယ်ခံလိုက်ရတဲ့ အကြောင်းလေး ပါ ရွာသူရွာသား တိုက်ခန်းပိုင်ရှင်များ ကျွန်တော်လို.မကြုံအောင် ဒီပို.စ်ကို တင်လိုက်တာပါ…

တိုက်ခန်းက (၆)လွှာပါ.. အိမ်ငှားတဲ့သူတွေက ပထမခြောက်လ ကိုငှားပြီး ပြည့်လို. နောက်ခြောက်လ ထပ်နေမယ်ဆိုလို. ကျွန်တော်တို.က ရောင်းရင်ရောင်းမှာ နောက်ခြောက်လ ဆိုပေမယ့် ဒီကြားထဲ တိုက်ခန်း ရောင်းထွက်သွားရင် တစ်လ ကြိုပြောပါမယ်ဆိုပြီး စာချုပ်ချုပ်ထားတာ.. သူတို.ကလဲ သဘောတူပြီး ဆက်နေကြတာပေါ့ ဒါနဲ. အိမ်ငှားတွေ သုံးလလောက်နေကြပြီး တိုက်ခန်းကရောင်းထွက်သွားတော့ တစ်လမတိုင် ခင်သေသေချာချာ ဖုန်းနဲ.တောင်မဟုတ်ဘူး လူကိုယ်တိုင် သွားပြောထားတာပါ အဲဒီတုန်းက အင်းအင်း နဲ. ပြောပြီး အဆင်ပြေတာပေါ့ အဲဒါနဲ. ကျွန်တော်လဲ တိုက်ခန်းဝယ်တဲ့ဆီကနေ စရံငွေလက်ခံလိုက်တာပေါ့…. ဒါနဲ. ပြောပြီးလို. တစ်လ လဲပြည့်ရော အိမ်ငှားတဲ့သူတွေက မဆင်းပေးပါဘူး ကပ်သပ်နေကြရောဗျာ… အဲဒါနဲ. သူတို.အဆင်ပြေအောင် တိုက်ခန်းလိုက်ရှာငှားပေးပါသေးတယ်.. အဆင်မပြေဘူးချည်ငြင်းနေတော့တာပါပဲဗျာ.. သူတို.က အကြံနဲ.လေ.. ကဲဒါနဲ. ဘယ်လိုအဆင်ပြေမလဲလို. ပြောကြည့်တော့ ခြောက်လစာပြန်လျော်ပေးရမယ်တဲ့….. အဲလို ခြောက်လစာကရိုးရိုးမဟုတ်ဘူးနော် ကျွန်တော် သူတို.ကို ငှားတုန်းက တစ်လ ၇၀၀၀၀(ခုနစ်သောင်းကျပ်) အခုသူတို.တောင်းတာက တစ်လ ၈၀၀၀၀(ရှစ်သောင်းကျပ်) နဲ. ပြန်လျော်ပေးရမယ်တဲ့ဗျာ…. သူတို.ပြန်ငှားရင် တစ်လ ရှစ်သောင်းပေးရမှာမို.လို.တဲ့လေ… ဒါနဲ. စာချုပ်ချုပ်ထားတာ ပဲ ရပ်ကွက်ရုံးနဲ.ရှင်းဆိုပြီး ရပ်ကွပ်ရုံးသွားပါတယ်…

အိမ်ငှားတွေ အဆင်မပြေဘူးဆိုရင် ဘာမှ ဝင်ပြောလို.မရဘူးဆိုပြီး ခေါင်းရှောင်သွားပါတယ်… ရပ်ကွက်ရုံးတဲ့ဗျာ.. ဘာမှလုပ်မပေးနိုင်ဘူး အခု စာချုပ်ထဲမှာ ပါတဲ့ တစ်လ နှုန်းနဲ.လျော်ပေးမယ်ဆိုတာ ကို လက်မခံပဲ ပိုတောင်းတာကို ရပ်ကွက်ရုံးက ဒီအတိုင်း ဘာမှ မပြောပဲ အိမ်ငှားလိုချင်တာပေးလိုက်ဆိုတဲ့ သဘောမျိုး ပြောပါတယ်…. လက်ဝါးများရိုက်ထားသလားပဲ… (ထင်တာပြောတာပါ)… ပြီးတော့ အိမ်ပေါ်ကဆင်းပေးဖို.သွားပြော တာ သုံးခေါက်လေးခေါက်ပါ အဲဒါကို ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုလွှတ်ပါတယ်.. ဒုတ်ခေါ အိမ်ရှင်က အိမ်ငှားကို ထိုင်ရှစ်ခိုးရမလိုတောင်ဖြစ်နေပါလား…… ဒါနဲ.ပဲ ကျွန်တော် အိမ်ငှားကိုပြောတော့လဲ သူတောင်းတဲ့ တစ်လ ရှစ်သောင်းရမှဆင်းပေးမယ်… ရပ်ကွက်ရုံးပြောတော့လဲ အိမ်ငှားနဲ. ခင်ဗျားတို.ချင်းအဆင်ပြေအောင်သာ ညှိကြဆိုပြီး ခေါင်းရှောင်နေတယ်… တိုက်ခန်းဝယ်တဲ့သူကလဲ ငွေအပြည့်ပေးပြီး တက်ချင်နေပြီလေ … အဲဒါနဲ.ပဲ.. ကျွန်တော် အိမ်ရှင် သည် အိမ်ငှား အရှင်သခင်များအား တစ်လ ငှားရမ်း ခ ခုနစ်သောင်း အစား အိမ်ငှားများ အိမ်ငှားနေထိုင်အဆင်ပြေစေရန် တစ်လ ကို တစ်သောင်းနှုန်း ပိုပေးပြီး ရှစ်သောင်းကျပ် အဖြစ်ဖြင့် ခြောက်လစာ လေးသိန်းရှစ်သောင်း ပြန်လည်လျော်ပေးလိုက်ရလေးသတည်းပေါ့ဗျာ.. (အိမ်မှာလဲ သုံးလ အပိုနေသွားသေးတယ်.. ကျွန်တော်ဆီကလဲ ငွေ ၆သောင်း ပိုယူသွားသေးတယ်…ဗျာ..) ကဲ အဲဒါ ဘယ်သူ.အပြစ်လဲ ..

အဲဒီလိုပဲ ကျွန်တော် လို တိုက်ခန်း ပိုင်ရှင်များ မကြုံရလေအောင် စာချုပ်ချုပ်တဲ့ အခါမှာ သတိထား ပြီး ချုပ်ဖို.နဲ. အဲဒီလို မိုက်မိုက်ရိုင်းရိုင်း လုပ်စားတဲ့ အိမ်ငှားမျိုးကို သတိပြုရှောင်ကျဉ်နိုင်ရန်နှင့် ရပ်ကွက်ရုံးများ အားမကိုးမိစေရန် ဒီပို.စ်လေးကို တင်ပေးလိုက်ရပါတယ်…

မှတ်ချက်။        ။ အိမ်ငှား များမှာ ယောင်္ကျားရှာနဲ. မိန်းမ ယူထားသော လင်မယားဖြစ်သည်… သတိ..

12 comments

  • windtalker

    November 5, 2011 at 8:47 pm

    အစကောင်းမှာ အနှောင်းသေချာ ဆိုသလို မျိုးဖြစ်ရအောင်
    ကိုတိုက်စိုး ရဲ ့စေတနာ

  • ပေါက်ဖော်

    November 5, 2011 at 9:50 pm

    လင်းကွင်း ၂ခြမ်းမ်းကို သွားတင်တာကိုးဗျ

    • “ဘီလူးကြီး”ogre

      November 7, 2011 at 10:19 am

      ကိုပေါက်ဖော် ကလဲ
      လင်ကွင်း၂ခြမ်းပေမဲ့
      အသံမမည်ပါဘူးဗျ
      အိမ်ငှားဆိုလို့ကတော့ လင်ကွင်းနှစ်ခြမ်းတင်မကဘူး ကလိုင်တွေလဲမကောင်းတတ်ဘူး
      ဝေါင်ဝေါင်ရှေးတာကောင်းတယ်ဗျ အမျိုးဆိုပိုဆိုးတယ် 🙂

  • unclegyi1974

    November 5, 2011 at 10:33 pm

    ရောင်းမယ်ဆိုတာသိပြီးသက်သက်ဂွင်ရိုက်သွားတာပဲ
    လုပ်စားနေကြနေမှာပါ
    သတိထားကြပေါ့

  • Ko Ko Aung

    November 5, 2011 at 11:50 pm

    ကျွန်တော်ကြုံရတာလဲ ဒီလိုပဲ..
    ကျွန်တော့်အကိုက စမ်းချောင်း သံတံတားရပ်ကွက်မှာ တိုက်ခန်းတခန်းရှိပါတယ်။ အဲဒီအခန်းကို အိမ်ငှားတင်ထားပါတယ်။
    နှစ်ချုပ်နဲ့ပါ။ နောက်ဆုံးအိမ်ငှား တနှစ်မပြည့်ခင်မှာ အိမ်ခန်းဈေးတွေတက်လာလို့ (၂၀၁၀- မေလ) ဆက်မငှားတော့ပဲ ရောင်းဘို့ဆုံးဖြတ်ပါတယ်။ အိမ်ငှားကို စာချုပ်ပြည့်ရင်ဆက်မငှားတော့ဘူး ရောင်းတော့မယ်ဆိုတာ နှစ်လအလိုမှာ ကြိုတင်အသိပေးပါတယ်။ တစ်လကျော်အလိုမှာ ထပ်အသိပေးပါတယ်။ ပြီးတော့ ပွဲစားအပ်ပါတယ်။ ဝယ်သူ လေးငါးယောက် လာကြည့်အပြီးမှာ ဈေးတည့်လို့ စရံယူလိုက်ပါတယ်။ အဲဒီအချိန်မှာ အငှားစာချုပ်ပြည့်ဘို့ ရှစ်ရက်ပဲလိုပါတော့တယ်။ စာချုပ်ပြည့်တဲ့နေ့မှာ အခန်းအပ်ဖို့ပြောတော့ အိမ်ငှားတွေက စာချုပ်ပြည့်လဲ မဖယ်ပေးနိုင်ဘူး တိုင်ချင်ရာတိုင် ကြိုက်သလိုလုပ်လို့ပြောပါတယ်။ တကယ်တော့ အမှုအခင်းဖြစ်ရင် သူတို့ ကျိန်းသေရှုံးမှာဖြစ်ပေမယ့် ဈေးတည့်ထားတဲ့တိုက်ခန်းကို အမှု့မဖြစ်မခံနိုင်မှန်းသိလို့ တမင်ငွေညှစ်တာပါ။ အမှု့ဖြစ်ရင် အမှု့ရှုံးသူကို ဝရမ်းကပ်၊ဆွဲထုတ်တဲ့အထိဆို တနှစ်မက ကြာမှာလေ။

    သံတံတားရပ်ကွက် ရအဖ ကို သွားပြောတော့ အဲဒီရုံးခွေးကတက်မှာစောင့်နေတဲ့ စွမ်းအားရှင် သူခိုးဂျပိုးကောင်က ငေါက်လွှတ်ပါသေးတယ်။ (ဧည့်စာရင်းတိုင်ရင်ရေးပေးတဲ့ကောင်ပါ)။ ရအဖဥက္ကဌကို ရအောင်ဝင်ပြောတော့ “ခင်ဗျားတို့ ကိုယ့်အရှုပ်ကိုယ် တရားရုံးမှာရှင်း” လို့ ပြောလွှတ်ပါတယ်။ ဘေးကရာအိမ်မှုးကိုတောင် လှည့်ပြီး “သူတို့ဘာသာ ကျေနပ်လို့ပိုက်ဆံရကြတော့ တပြားမှလာတာမဟုတ်ဘူး” လို့ ပြောလိုက်ပါသေးတယ်။

    နောက်ဆုံးမှာ စာချုပ်စေ့ပြီးသားအိမ်ငှားကို အိမ်ပြောင်းကြေးဆိုပြီး (ဆယ်သိန်းတောင်းတာကို-) သုံးသိန်းပေးလိုက်မှ ဆင်းသွားပါတော့တယ်။

    ကိစ္စတရပ်ကို မှားလားမှန်လား၊ လုပ်သင့်မလုပ်သင့် မစဉ်းစားပဲ ညစ်လို့ရသလောက်ညစ် ငွေညှစ်လို့ရသလောက်ငွေညှစ်တဲ့ လုပ်ရပ်တွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေပါပြီ။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်အုပ်ချုပ်သူတွေ ဌာနဆိုင်ရာဝန်ထမ်းတွေ အများစုက အဲသလိုလုပ်တာကိုး။ ကျန်တဲ့ပြည်သူတွေအတွက်ပါ မျိုးစေ့ချပေးသလို လိုက်လုပ်ဘို့နမူနာပေးသလို ဖြစ်သွားတော့တာပေါ့။

    အကြောင်းတိုက်ဆိုင်လို့ ရေးရင်း ကွန်မင့်က အရမ်းရှည်သွားတာကြောင့် ကိုရွှေတိုက်စိုးကိုရော ဖတ်သူတွေကိုပါ တောင်းပန်ပါတယ်။

  • MaMa

    November 6, 2011 at 1:33 pm

    ကိုယ့်တွေ့လေးတွေကို မျှဝေပေးတော့ ကျန်တဲ့လူတွေအဖို့ သတိထားဆင်ခြင်နိုင်တာပေ့ါ။ ရပ်ကွက်ရုံးရဲ့ တာဝန်ယူဖြေရှင်းပေးမှုတွေကတော့ ကြုံဖူးလို့ မထူးဆန်းတော့ဘူး။ အဲဒါကြောင့် ရုံးရောက်ဂတ်ရောက် မဖြစ်ချင်ရာကနေ မခံနိုင်လို့ တရားရုံးရောက်ခဲ့ရပေါင်းလည်း မနည်းတော့ဘူး။ 🙁

  • တညင်သား

    November 6, 2011 at 2:02 pm

    အိမ်ရှင် အိမ်ငှား ပြဿနာ ကို ကောင်းမွန်တဲ့ ဥပဒေ တခု လုပ်ပေးရင် ကောင်းမယ် ..အိမ်ငှားဘဝ ကနေ အိမ်ပိုင်ဖြစ်သွားတာတွေ မနဲဘူး…..ဒီလို ကိစ္စလောက်ကိုလဲ ရပ်ကွတ်ရုံးလောက်နဲ့ ပြီးသင့်တယ် …..အိမ်ရှင်အိမ်ငှား ပြဿနာက ဘယ်သူကမှန်မှန် မှန်ကန်တဲ့သူကအရမ်းနစ်နာတယ် …..ဆင်းရဲသားတွေ နလံမထူပဲ လူလိမ်တွေ ဖြစ်ကုန်မှာစိုးရိမ်ရတယ်………..

  • Ma Sweet

    November 6, 2011 at 2:58 pm

    အင်းးး ရောင်းမဲ့အစီစဉ်ရှိပြီး ဝယ်လက်လဲရှိနေတယ်ဆိုရင်တော့ အိမ်ငှားဆက်မထားတာ ပိုကောင်းတာပေါ့ ကိုယ်က ဆက်ထားမိတာကိုး ကိုယ့်အပစ်မဟုတ်ပေမဲ့ ညစ်တဲ့လူတွေနဲ့ဆိုတော့လဲ ကိုယ်ကခံရတာပေါ့လေ ဂလိုပါပဲ..လောကကြီးက တရားမရှိဘူး …. 😛

  • naywoonni

    November 6, 2011 at 6:14 pm

    နောက်ဆုံးကျတော့ အိမ်ရှင်ရဲ့ အပြစ်ပဲလာတာ ထုံးစံ ဖြစ်နေပြီ…။ ကွန်မြူနစ် စနစ်က ထွန်းကားခဲ့တာကိုး…။ ပစ္စည်းမဲ့ဝါဒလေ……..

  • we R one

    November 6, 2011 at 9:32 pm

    အဲလောက်နဲ အဆင်ပြေသွားတာ တော်သေးတာပေါ့.. ။ ကြည့်ရတာ အိမ်ငှားတွေ က ဟို ဥပဒေ ကို မသိသေးလို့ဖြစ်မယ်..။ 😀

  • etone

    November 9, 2011 at 8:57 am

    ရွှေတိုက်စိုးရေ … အဲ့ဒါကလည်း အိမ်ရှင်က အလျှော့ပေးလို့ပါ …. ။ မတရားမှန်း သိသိကြီးနဲ့ ။
    တကယ်ဆို နည်းမှန် လမ်းမှန်အတိုင်းဖြစ်သင့်တာလေ … ရပ်ကွက်ရုံးကနေ ကျေလည်အောင် မလုပ်ပေးနိုင်လျှင် အဆင့်ဆင့်ထပ်တက်ပေါ့ …. ။ သူတို့ကို အကုန်ပြန်လျှော်ပေးမယ့်အစား …အ မှုဆိုင်နေချိန်မှာ ဝယ်လက်ဘက်ကို ဈေးလျှော့ပေးပြီး အချိန်ဆိုင်းထားသင့်တယ် …။ (ကိုယ့်အမြင်ပေါ့လေ )

    အစ်မတို့တွေ စာချုပ်စာတမ်းလုပ်တဲ့အခါ … ရပ်ကွက်လူကြီး နဲ့ ရပ်မိရပ်ဖတွေပါ သက်သေထားပြီး လက်မှတ်ထိုးတယ် … မဟုတ်လျှင် ညစ်တဲ့ လူနဲ့တွေ့တဲ့အခါ အဆင်မပြေဘူးလေ …. ။ 🙂

  • စုံ စုံ

    November 9, 2011 at 11:13 am

    ကျမတို့ဘက်မှာတော့အိမ်ငှားကိုအိမ်ရှင်ကမကြောက်ရဘဲ
    အိမ်ရှင်နဲ့ပွဲစားကိုဘဲအိမ်ငှားတွေကကြောက်ရတဲ့သာဓကတွေအများကြီးရှိတယ်
    ဥပမာပေါ့ ပထမ၆လ(သို့)၁နှစ်မှာ ဒီအခန်းကိုရသောင်းနဲ့ဈေးတဲ့လို့အိမ်ငှားကနေတယ်ထား
    စာချုပ်မပြည့်ခင်မှာ ပွဲစားတွေကအိမ်ရှင်ကိုသွားပြီးနားချနေပြီ
    ဒီအခန်းကဒီနှစ်မှာ ရသောင်းမကတန်တယ် ဒါ့ကြောင့်ဒီနှစ်ကို၈သောင်းရအောင်တောင်းဆိုပြီး
    အဲ့ဒိတော့အိမ်ရှင်တွေကအိမ်ငှားကိုနောက်နှစ်စာချုပ်အတွက်၈သောင်းတောင်းတယ်
    အိမ်ငှားတွေကပေးနိုင်ရင်ဆက်ထားတယ် မပေးနိုင်ရင် မထားဘဲ ပွဲစားနဲ့လူထပ်ရှာတယ်
    အဲ့ဒိတော့လူသစ်တွေဆီက အိမ်ရှင်လဲလစာပိုရတယ် ပွဲစားလဲတလစာထပ်ရတယ်
    ကျမပတ်ဝန်းကျင်မှာတော့ ပွဲစားတွေကလူပါးဝတာများတယ်
    အိမ်ငှားတွေမှာတော့ အခုလိုဆိုးဆိုးဝါးဝါးမရှိဘူး
    ကိုရွှေတိုက်စိုးတော့ သင်ခန်းစာရတာပေါ့

Leave a Reply