Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကပေ့ရဲ့ အာဂလူစွမ်း ..စူပါမန်း …၁၁ယောက် (၆)

ムラカミNovember 6, 20113min43015

(အောက်ပါ ဒေတာများသည် တောင်ကျွန်းဝိဇ္ဇာ အဘဖော ထံမှ emailပါ  အကြောင်းအရာ ချရေးထားခြင်းဖြစ်ပါသည်
ကာယကံရှင်များ အဘနှင့် ဆက်သွယ်ကြပါ.....ခစ်ခစ်..)
အစ်ကိုကြီး အီးတီ
ငယ်စဉ်ကတည်းက မည်မျှလောက် ရေနှင့်နီးစပ်ပါသနည်း ဟုမေးလျှင်
အိမ်နောက်ဖေး အီးပါရင်း ငါးမြှားဖို့ တီတူးသောကြောင့် အီးတီ ဟု
အမည်တွင်လာသူဖြစ်သည် ...အချိန်ကို အလွန်လေးစားပြီး အလွတ်တိကျပိရိသေသပ်သူဟု
အသိုင်းအဝိုင်းအတွင်း အမှတ်သညာ ပြုခံရသည်. ..
အကွက်စိစိ ပိပိရိရိ နှင့် အဘခြေရာ နင်းနိုင်မည့်သူဟု သမုတ်ကြသည်။


ညီငယ် ကိုရင် စည်သူ
ငယ်စဉ်က ကိုရင် ဘွနှင့် အနေကြာသောကြောင့် ကိုရင်ဟု အမှတ်သညာပြုခေါ်ရင်း နာမည်ရင်း
ပျောက်ရသူ ဖြစ်သည်။ ပလိုဂလမ်မာ ဆိုလား ဘာဆိုလား ...ရစ်တတ်သောကောင်မလေး
တယောက်နှင့် ချစ်ကြိုက်မိရင်း နားပူသည့်ဒဏ်မခံနိုင်သည့်အဆုံးတွင် ...အလောင်းစည်သူမင်း ထုံး နှလုံးမူကာ
ဖောင်စင်္ကြာ ဖြန့်ကျက် ရသောကြောင့် မူလအမည်နှင့်တွဲစပ်ကာ ကိုရင်စည်သူ ဟုခေါ်ကြလေသည်။
မိန်းမယူဖို့ ငွေလိုသောကြောင့် ယခု အစီအစဉ် အောင်မြင်ပါက အကျိုးအမြတ်အလို့ငှာ ပါဝင်လာဖွယ်ရှိသည်။
အဘနှင့် အစ်ကို တို့၏ စောင့်ရှောက်မှုကြောင့် အလားအလာကောင်းများ ပိုင်ဆိုင်သူဟု ယူဆဖွယ်ရှိသည်။

အထက်ပါ email အား ဖတ်အပြီးတွင် ဇာတ်လိုက်ကျော်ကြီး ကပေမှစပြီး...
ပေ။ ကဲ ကျုပ်တို့ လူစုခွဲရှာရအောင် ....
ဇာ။ ကောင်းပီလေဗျာ သဘောပဲ ...ဒါပေမယ့်တခုတော့ရှိတယ်ဗျ ၁ယောက်ချင်းစီ ခွဲသွားတာထက်စာရင်
      ၂ယောက်စီ ခွဲသွားမလားလို့ဗျ....
ဖော်။ ကောင်းသားပဲဗျ. ...ရှာရမယ့်လူကလည်း ၂ယောက်ထဲ ၂ယောက်စီသွားတော့ အဖော်ရပီး အပြန်အလှန်
        အကူအညီရတာပေါ့ဗျာ....
တကယ်တော့ ကပေါက်ဖော်မှာလည်း အကြံနှင့်ဖြစ်သည် ...
မှော်။ ဆြာတို့ ၃ယောက် သဘောညီရင်တော့ ကျုပ်လည်း ကန့်ကွက်စရာ မရှိပါ ....
ဇာ။ ကဲရော့ ကပေ့ ... သဂျီးပေးထားတဲ့ စရိတ် - ပွိုင့်. ..အဲ့လေ.. ဒေါ်လာ ၂သန်း...
       ခင်ဗျားပဲ စီမံခန့်ခွဲပေတော့ ...
အားလုံး။ ဟာ ....

ဟုတ်တယ်လေ။ လူစုတဲ့ ကိစ္စတောင် သဂျီးက ၂သန်း ထုတ်တယ်ဆိုတော့
နည်းနည်းနောနော ကိစ္စမဟုတ်တော့ .... အားလုံးမျက်လုံးတွေမှာ မျှော်လင့်ချက်
အရောင်များတောက်ပနေကြသည် ....သည်တချီနှင့် ဘွ ကြီးတခုလုံး
ပြောင်းထွက်သွားနိုင်သည်မဟုတ်ပါလား ......


ထိုစဉ် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သူမှာ ကပေ ဖြစ်သည်..
ပေ။ ကောင်းပြီလေ ...၁သန်းကို ဘဏ်မှာ အပ်ထားလိုက် ..ဘက်ခ်ကခ်ပ်ပေါ့..
       ကျန်တဲ့ ဟာကို ၅သိန်းခွဲပီး စရိတ်လုပ်ကြတာပေါ့...
ဇာ။ သင့်လျော်ပါတယ် ဆြာပေ ...ကျနော် မှော်ဆြာနဲ့သွားမယ်ဗျ...
      ကျနော်တို့ ဒါ့ပုံအကြောင်းလေးဘာလေး ဆွေးနွေးနိုင်တာပေါ့ နော့်...


ကပေါက်ဖော်ကလည်း အစကတည်းက ယဉ်သကို ဖြစ်ထားလို့ မှော်ဆြာ့ကို မျက်စောင်းလှည့်ထိုးပစ်လိုက်ပြီး
ဖော်။ အိုခေ ညီလေး ..အဆင်ပြေတယ် ...ကိုယ်လည်း ကပေ့ကို ရွာအလည်လာသွားတဲ့
         သီပေါမင်း အနွယ် ဖာလူဒါအကြောင်း အင်တာဗျူးချင်နေတာ ... ...သွားသွား....

တကယ်တော့ သည်၄ယောက်စလုံး ကိုယ့်အကြံနှင့်ကိုယ်ချည်း ဖြစ်သည် ...
တူရာ တူရာ စုသွားကြသည့် သဘောဟု သာ ဆိုချင်ပါသည် ...
ကပေ့ နှင့် ကပေါက်ဖော် တို့ အတွေးထဲတွင် အပြာရောင်တံဆိပ် (ဘလူးလေဘယ်လ်) လေးများ ကခုန်နေပီး ...
အင်ဇာဂီနှင့် မှော်ဆြာမှာတော့ နောက်ဆုံးပေါ် ပြောင်းတိုပြောင်းရှည်များနှင့် စကီလေး တသိုက်သာဖြစ်သည်။

ယခုအချိန်တွင် ဇယက်မင်းစည်းဇိမ်သည်ဆိုသော စကားလုံးသည်
ကပေနှင့် ကပေါက်ဖော် တို့အတွက် သီးသန့်ဖြစ်နေသည်
ဟုတ်ပါသည် ... ကပေ သည် အတော် ထွေနေပီ ဖြစ်သည် ...ကပေါက်ဖော် ကတော့
သိပ်မူမပျက်သေး ...နဂိုကတည်းက ရှေ့တိုးနောက်ငင်လုပ်နေသူမို့ မသိသာတာလည်း
ဖြစ်ကောင်းဖြစ်မည် ... ..စကားကတော့ နည်းနည်းလေးနေပီ ...

ဖော်။ ဆက်ရအောင် ကပေ ...
ပေ။ ဂေ့ ကပေါက်ဖော် ...လိမ့်ဂျဇို့.....

တကယ်တော် သူတို့ အရှေ့ကျွန်း ကိုရောက်နေခြင်းသာဖြစ်သည် ...
ကျောက်ဆင်းတုခေါင်းညှိမ့် အင်ဇာဂီ က သက်သက် သူတို့ ကို ကျပ်ပေးလိုက်ခြင်းသာဖြစ်သည် ...
(သူတို့မရှိမှ  ကဲလို့ရမှာကိုး ....) တကယ်က ညီနောင်၂ပါး ပြည်တွင်းသို့ ခေတ္တပြန်ရောက်လာပီ
ဆိုသော သတင်းကို ခိုင်မှာသော သတင်းရပ်ကွက်ဖြစ်တဲ့ အန်တီဆူး ..အန်တီမမ အိတုန် ပန်ပန်
နှင့် တီချယ် တို့၏ ရွာ့ Information Center မှ  ကြားသိခဲ့ရပီးဖြစ်သည်

သူတို့၂ဦးကလည်း ဒါကို မသိမဟုတ် ...သိသိကြီးနှင့် တမင် ထွက် လာခဲ့ခြင်းဖြစ်သည် ..
ဘယ့်နှယ့် ကင်မလာ မန်း ၂ယောက် အနားမှာရှိနေလျင် မလွတ်လပ် ...
မှတ်တမ်းပုံတွေဘာတွေ ရိုက်ပီး သဂျီး လက်တို့လိုက်လျင် သူတို့ ဂိသွားနိုင်သည်မဟုတ်လား...
ထို့ပြင် သူတို့၂ယောက် မရှိသဖြင့် ဟို၂ယောက် သာ သင်္ဘောသီး၂လုံး ရှာပုံတော် ထွက်ရမည်လေ...
သဂျီးစရိတ်ဖြင့် အပန်းဖြေ ခရီးထွက်သည်ဟုသာ သဘောထားပီး ..စိတ်အေးသက်သာစွာ
အရှေ့ကျွန်း သို့ ထွက်ခဲ့ခြင်း ဖြစ်သည်

ဖော်။ ကပေ့ရေ ... ရှေ့က ပြောင်ပြောင်ပြောင်ပြောင်နဲ့ ကလပ်ထဲ ဝင်ကြရအောင်ဗျ..
ပေ။ ဖော့်ဘော ဖော့ဘော ...(စကားမပီတော့...)


ဟာ....သေပီဆြာပဲ ....
လက်မှတ်တွေဘာတွေ ဖြတ်အပြီး ရုံထဲအရောက် ကပေါက်ဖော် နှုတ်မှ ထွက်ကျသွားသော အာမေဋိတ်..
ဟုတ်ပါသည် ..သူတို့ရောက်နေသည်မှာ နိုက်ကလပ် တခုမဟုတ်ဘဲ ဆပ်ကပ်စ် ပြသော ရုံတစ်ခုသာ
အရှေ့တိုင်းစာ ဘူးသီးငါးပေါင်းကြော် မတတ်တာကတကြောင်း ထွေနေတာကတကြောင်းဖြင့်
မှားဝင်လာမိရာ ...လက်မှတ်ပြန်မအမ်းမှတော့ မထူးဘူး ဆိုပီး ၂ယောက်သား ရှေ့ဆုံးတန်းတွင်ထိုင်လိုက်ရတော့သည်


ဆင်လိမ္မာ မျောက်လိမ္မာ ကလောင်း မျက်လှည့် အစရှိသဖြင့်ဖျော်ဖြေ အပြီးတွင် နောက်ဆုံးအစီအစဉ်ရောက်ချလို့
လာပါသတည်း .....
အသားခပ်ညိုညို အရပ်ခပ်ပြတ်ပြတ် လူတယောက် ကောင်းကင်ကြိုး ကျွမ်းဘား ... အစရှိသဖြင့် တယောက်တည်းနှင့်
ပွဲခွင်ကြီးတခုလုံးကို ထိန်းထားနိုင်သော ဆပ်ကပ်စ့်သမားလေး တစ်ဦး ကြောင့်ပင် ဖြစ်သည်....
အမူးနည်းနည်းပြေနေသော ကပေါက်ဖော်က
ဖော်။ ကပေ့ ..အဲ့သည့်လူ မြင်ဖူးသလိုပဲ ....
ပေ။ ဟုတ်ကဲ့လားဗျ ခင်ဗျား .....
ဖော်။ ဟာ ..ဟုတ်တယ်ဗျို့ မှတ်မိပြီ ...သူမှ သူအစစ်ပဲ ...
ပေ။ (မျက်လုံးကို လက်နှင့်ပွတ်လိုက်ပီး ..)ဟင် ဘယ်သူတုန်း ဘယ်သူတုန်း...
ထိုစဉ် နောက်ဆုံးတီးလုံးသံနှင့်အတူ ပရိတ်သတ်ကြီးက လက်ခုတ်ဩဘာ သောင်းသောင်းဖျဖျ ချီးမြှင့်ကြသဖြင့်
စကားစ ပြတ်သွားသည် ....

မီးများ ပြန်လင်းလာပြီး လူအများလည်း ထွက်ပေါက်ဆီသို့သာ ဦးတည်ရွေ့လျားကြလေသည်..
သူတို့ ၂ဦးကတော့ တုတ်တုတ်မျှ မလှုပ်နိုင်သေး....
.................................ဖတ် ..................................................
အနှီ ပုဂ္ဂိုလ်သည် သူတို့ ၂ဦးရှေ့သို့ ကောင်းကင်ဘားပေါ်မှ ကြောင်တကောင်လို ခုန်ဆင်းလိုက်သည်
ထိုလူ။ ကျုပ်ကို မှတ်မိကြရဲ့လားဗျ ကပေနဲ့ ကပေါက်ဖော်....
ဖော်။ တူပါတယ် လို့ကြည့်နေတာ ခင်ဗျား ခင်ဗျား...
သူ့စကားမဆုံးမီပင်...
ပေ။ ခင်ဗျား ကို စိန်သော့ မဟုတ်လား......
ဟုတ်ပါသည် ကိုစိန်သော့ရယ်ပါ ...
ငယ်စဉ်ကတည်းက အင်မတန် အဆော့သန်သော သူတို့၏
ငယ်သူငယ်ချင်း ကို စိန်သော့ ရယ်ပါ.....
သူတို့ကလေးများ ဆော့ကစားစဉ် အရွယ်ကတည်းက အသက်နှင့်မလိုက်အောင်
သစ်ပင်အတက်ကောင်းသူဖြစ်သည် ...ထို့ပြင် သူသည် တခါမျှ ပြုတ်ကျသည်
ကျိုးသည်ပဲ့ သည်မကြားဖူး ..ထို့ကြောင့် သူ့ အရိုးသည် အင်မတန်မာသည်ဟု
ပြောစမှတ်ဖြစ်ဖူးလေသည် ......သဂျီးအိမ်မှ သရက်ပင်ကို နေ့တဝက်တည်းနှင့်
အပြီးခူးပေးသူ အာဂ မော်ဒန် ငထွေရူးတည်း ....

ငယ်မည်မှာ သစ်ပင်အခေါင်အဖျားတွင် တည်အပ်သော
လူတကာ တို့ ယူဆောင်ခြင်းငှာ မစွမ်းသာသော ပစ္စည်းများကို ဆောင်ကျဉ်းပေး
နိုင်သော အစွမ်းကြောင့် နင်ကတော့ သော့ပဲ ဟေ့ ကီးပဲ ဟုလူကြီးတွေ ဝိဂြိုလ်ပြု
ခြင်းခံရသူဖြစ်သည်

သို့ရာတွင်  တခါတော့ ကသော့ ခြေချော်လက်ချော်ဖြစ်ဖူးလေသည် ...
ထိုသို့ဖြစ်ရသည်မှာလည်း ရွာထဲက အင်ဇာဂီတို့ မှော်ဆြာ တို့ စနက် မကင်း..
သူတို့ ထန်းရေ တိုက်ပီး ကျပ်ပေးသောကြောင့်  ရွာပြင်က အသူတရာ နက်သော ချောက်ကမ်းပါး၏
ရေတံခွန်ကို ဒါ့ပုံသွားရိုက်ရင်း ဖြစ်ရတာဖြစ်သည် ....ထိပ်မှ ပြုတ်ကျပီး ရွာချောင်းနံဘေးတွင်
မသေကောင်းမပျောက်ကောင်း သတိလစ်လျက်ရှိသော ကသော့ ကို ရွာဆြာဝန်မလေး အိတုံမှ
ဘာမှ စိတ်မပူနဲ့ သဂျီးရေ ...အသက်အန္တရာယ်မပူရဘူး ...ကိုရင်သော့ အရိုးတွေဟာ ...
ကယ်လ်စီယမ် နဲ့လုပ်ထားတာ မဟုတ်တော့ဘူး စိန်နဲ့လုပ်ထားတာ ...ဘာမှ အကျိုးအပဲ့မရှိဘူး
ဟု သတတ် ... ထိုမှစပြီး ကိုရင်သော့ လည်း ကစိန်သော့ အဖြစ် နာမည်တွင်လေတော့သည်...
ထိုမှ စပြီ းရွာတွင် ထန်းရေ ရောင်းချမှု ကို သဂျီးက ကန့်သတ်လိုက်တော့လေသည်....


ကြိုက်တတ်သော ကစိန်သော့ခင်ဗျာ ဟို၂ယောက်ကို  သူငယ်ချင်းအရင်းများမို့ စိတ်မဆိုးသော်လည်း
ထန်းရည်အတွက်မူကား ရတက်ပွားရလေတော့သည် ...
သည်တော့ ရွာမှ နာမည်ကျော် ခွက်ပုံးများဖြစ်သော ကပေ နှင့် ကပေါက်ဖော် တို့နှင့် ပိုမို ပေါင်းဖက်
မိသွား လေသည်။

ခုလည်း ကစိန်သော့သည် သူနှင့် ကိုက်ညီမည့် အလုပ်ကို ရှာဖွေလုပ်ကိုင်ရင်း ဆပ်ကပ်စ် အဖွဲ့အတွင်း
ဝင်ရောက်ရာမှ နာမည်တက်ကာစ ဆပ်ကပ်စ် သမားအဖြစ် ကပြ အသုံးတော်ခံနေခြင်းဖြစ်သည် ...
သို့သော် သူသည် ရည်မှန်းချက် ကြီးမား၏ ထို့ပြင် ကြီးပွားလိုသူလည်းဖြစ်ရာ အလွန်ကြိုးစား သော
ဆပ်ကပ်စ်သမား အဖြစ် နာမည်ရလေသည်။ ရွာမှာတုန်းကတော့ ကစိန်သော့ ခုတော့ Mr. Diamond Key
ရယ်ပေါ့ .......


ဇာတ်ကို ဆက်ပါမည်....
သော့။ ခင်ဗျားတို့ ၂ယောက် သည်ကို ဘာလို့ရောက်နေလဲ ကျုပ်သိတယ်ဗျ...
ပေ။ ဖော်။ ဟင် ....

သော့ ။ စိန်သော့ပါဗျ ...သည်လို အလုပ်မျိုး သော့မရှိဘဲ ဖွင့်လို့ ရပါ့မလား ...ညှင်းညှင်း.....
သဂျီး ဘာလုပ်မယ် ဆိုတာ ဒက်ထိ သိနေသော အထာ ဖမ်းနေသော သော့ ကို ပေနှင့် ဖော် တို့ ကြည့်မရတော့
ဟုတ်တယ်လေ သူတို့တောင် မသိသေးတာ ....


အနည်းငယ် စိတ်လှုပ်ရှားသွားသော ကပေ က
ပေ။ ကဲ ကသော့ ခင်ဗျား ဘယ်လို ပါဝင်ပါတ်သတ်သလဲ ဘာတွေသိထားလဲ ...ပြောပါဦး
       သဂျီး ရှာခိုင်းတဲ့စာရင်းမှာ ခင်ဗျားမပါဝူး...အထောက်အထားပြ...
ကစိန်သော့ က မခိုးခန့်ပြုံးလိုက်ပီး
သော့။ သည်မယ် ကပေ ..ခင်ဗျားနဲ့ အင်ဇာဂီ လို မလောက်လေး မလောက်စားတွေကို
          အကုန်လျောက်ခိုင်းထားတယ် အောက်မေ့လို့လား..
         ခင်ဗျားတို့ ကို လက်လှမ်းမီနိုင်လောက်တဲ့ အသေးအဖွဲ လေးတွေပဲ ခိုင်းထားတာဗျ...
         ကျုပ်ကသာ သဂျီးအမိန့်နဲ့ ကမာ္ဘပါတ်ပြီး လှုပ်ရှားနေရတာ...
         ဆပ်ကပ်စ် သမားဆိုတော့ နေရာအနှံ့ရောက်တယ်လေ ပြီးတော့ လူမျိုးစုံလည်း တွေ့ရတယ်..
ဖော်။ အင်း ...ဖြစ်နိုင်ချေ တော့ရှိပါရဲ့ ကသော့ရယ်... ဒါပေမယ့် အထောက်အထားလေးပြတော့
        အချင်းချင်း ပို သံသယ မကင်းပေဘူးလား...
သော့။ ကောင်းပီလေ ...ကြည့်ချင်သပါ့ဆို လည်း ပြရတာပေါ့ ...ရော့....
နွမ်းကြေနေပီ ဖြစ်သော စာတစောင် ဖြစ်သည် ...


ခဲတံတုံးတုံးကို တံတွေးစွတ်ပီးရေးထားသော လက်ရေးကျဲတွေ ကိုမြင်ရကတည်းက သေချာသည်...
ဒါသဂျီးလက်ရေး ....အမေရိကားရောက်ပီး ဘီလျှံနာ ဖစ်နေတာတောင် ရွာမူရွာဟန် မပျောက်သေးသော
သဂျီး လက်ရေး အစစ်...
ရေးထားသော စာကား ...
ဟဲ့ကောင်လေးတွေ
နင်တို့ ငါ့ရန်ပုံငွေတွေ လှည့်ပတ်ဖြုံးရတာ အားမရသေးဘူးလား ...
ဟင် ..ဟိုက ပ. ထုတ်လိုက်တာ သိသိကြီးနဲ့ ဂျလေဘီရိုက်နေတယ်...
ရွာကို မပြန်ကြတော့ဘူးလား ဟင် ....ဟင်း ...
ငါ စိန်သော့ တို့အဖွဲ့ ငါ့ဟော်တယ်မှာ လာက ကတည်းက ပြောထားပီးသား...
နင်တို့ကို ဝိဇ္ဖာဖော ကတဆင့် လူရှာခိုင်းပါတယ်... ခုလူထပ်လွှတ်ပီး
နင်တို့ကို ပြန်ရှာခိုင်းနေရတယ် ...ကောင်းကြသေးရဲ့လား ...
ဒီတော့ နင်တို့ ၂ယောက် စိန်သော့နဲ့အတူ အမြန်ဆုံးပြန်ပါ ဒါပဲ
ဟိုရောက်တာနဲ့ မြန်နှုန်းနိမ့် ခေါ်နက်ခ်ရှန်င် ကိုသုံးပီး သတင်းပို့
အကြံအဖန်ထုပြီး တခြားနေရာက မပို့နဲ့နော် ..ငါမသိဘူးမထင်နဲ့ ...
ဒါဗျဲ ...
ပုံ
မိုက်ကယ်လ် သဂျိုင်ခီး....
-------------------------------------------------------------------------------------------------------

15 comments

  • windtalker

    November 6, 2011 at 10:41 am

    ကစိန်သော့ လည်း ပါလာပြီကိုး ။ လူကတော့ စုံနေပြီ ။ အထုပ်လေး တစ်ထုပ်ဘဲ လိုတော့တယ် ။
    သဂျီးဒေါ်လာ၂သန်းကို ဘုံတည်ပြီး ကံထူးရှင်ရွေးလိုက်ရအောင်

  • ပေါက်ဖော်

    November 6, 2011 at 11:39 am

    အမေတီးကား ရောက်သဂျီးက ရွာအကျင့် မပျောက်သေးပဲ
    ခဲတံ တုံးတုံးကို တံတွေးစွတ်ပြီး စာရွက်ခပ်နွမ်းနွမ်းမှာ စာလုံး ကျဲကျဲနဲ ့..အမိန် ့စာရေးတဲ့အခန်းလေး..
    အတော်ရီရသဗျ.. 😆

    ငဇာဂီရေ..
    နင်..တော်တော်မလွယ်ပါကလား..
    အဟဟဟ

  • မှော်ဆရာ

    November 6, 2011 at 12:09 pm

    အင်း အရေးအသားတောင် ဒီလောက်ညက်နေတာ
    အပြောအဆိုဆို ဘယ်နယ့်နေမယ်မသိ
    မိန်းကလေးများ ရှောင်ကြ ရှားကြရမှာ တကယ်တော့ မောင်ရင် အင်ဇာဂီပါ့လား ..
    တကယ်ကို မလွယ်ကြော ဆရာကြီးအဆင့်နော့ …
    လက်လန်တယ် ခြေခွင်တယ် ခါးပါကိုင်းတယ် အင်ဇာဂီရယ် ….

    • inz@ghi

      November 6, 2011 at 12:16 pm

      တိန် ဆော်ပဟ……
      ကိုယ့်အလုံးနဲ့ ကိုယ် နင် ဆိုသလိုပဲ
      ိကိုယ့်ပို့စ်မှာ ကိုယ့်ပြန် သမတွားတယ် ….
      ဖဲဝိဇ္ဇာ တွေ့မယ်.. …ခွီး…
      😀

  • အီးတီ

    November 6, 2011 at 12:59 pm

    ငယ်ငယ်တုန်းကအကြောင်း ဘယ်လိုများသိသွားပါလိမ့်???

  • Koyin Sithu

    November 6, 2011 at 1:52 pm

    အယ်… တားတားရဲ့ ဖြစ်အင်တွေ
    အကုန်သိနေဒယ်တော့…
    ကြည့်ရဒါ… အကြားအမြင်များ ပေါက်နေပြီလားမသိဘူး… တိန်တိန်…

    • Moe Z

      November 6, 2011 at 2:33 pm

      သူတို့ရဲ့မဟာ့မဟာစီမံကိန်းကြီးမအောင်မြင်ရင်
      ကိုရင်တို့ ဒီတစ်သက်မိန်းမရပါ့တော့မလား 🙂
      တစ်ခြားသေချာတဲ့အလုပ်ပြောင်းရင်ကောင်းမယ်

  • ချစ်ရင်ထူး

    November 6, 2011 at 3:50 pm

    ကို Inz@ghi ကျွန်တော် ဘာမှမဆိုင်တဲ့ ကိစ္စတစ်ခုကို တောင်းဆိုချင်လို့ပါ။ ကျွန်တော်က ဓါတ်ပုံပညာ ကိုစလေ့လာမယ့်သူဆိုတော့ အစ်ကိုတို့ရဲ့အကူအညီ လိုအပ်ပါတယ်။ ကူညီပြီးသွန်သင် ပေးပါနော်။ နောက်ပြီးတော့ အစ်ကိုရေးခဲ့တဲ့ Post ထဲမှာလေ 3rd rule အကြောင်းရှင်းပြပေးထားအရမ်းကောင်းပါတယ်။အဲဒါနောက်ထပ် Rule တွေရှိသေးလားသိချင်ပါတယ်။ ရှိသေးရင်လည်း ထပ်ပြီးတော့ ရှင်းပြပေးစေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

    • inz@ghi

      November 6, 2011 at 10:22 pm

      ကို ချစ်ရင်ထူးရေ …
      တခြား rules တွေလည်း ရှိပါသေးတယ်ဗျာ…
      rules လို့ သီးခြား ခွဲမထုတ်ဘဲ …rules & technique တွဲပြောချင်ရဲ့ဗျာ..
      ဘာလို့လဲဆို photography အမျိုးအစားလိုက်ပြီး လိုက်နာကျင့်သုံးရတဲ့
      technique က ကွဲပြားတာကိုး ….
      တခါတခါ အခြေအနေ အချိန်အခါ ကိုလိုက်ပြီး rule ကို ဖောက်ရတာလည်း ရှိတာမို့ပါ …

      ကျနော် ..တခုချင်း အသေးစိတ် မရေးနိုင်သေးတော့ အစ်ကို့ အနေနဲ့ ဖတ်ချင်တယ်ဆိုရင်
      wikipedia မှာ photography အောက်က techniques တွေ ဆီမှာ ဖတ်နိုင်ကြောင်းပါ…

      ဒါ့ပုံကို စလေ့လာတယ် ဆိုရင်ဖြင့် …aperture, shutter speed, ISO သည်၃ခုကို
      ပထမဦးစွာ နိုင်နင်းစေချင်ကြောင်းပါ..

      ခင်တဲ့
      Guy Inz@ghi

      P.S ဒါ့ပုံကိစ္စ မေးချင်ရင်တော့ ကျနော့် ဒါ့ပုံဆောင်းပါးတွေမှာပဲ ကောမန့် စေချင်ကြောင်း…

      • etone

        November 9, 2011 at 11:48 am

        ဆြာဇာရေ ကျွန်မလည်း ဒါ့ပုံ အကြောင်းမေးချင်လို့ပါ … ။
        အိမ်ရှေ ့က ဒါ့ပုံ ဘယ်လို လုပ်ပစ်လိုက်ရမလဲဟင် ….. လောလောဆယ်တော့ သဲလေးပဲ ဖုံးထားလိုက်တယ် 😀

        • inz@ghi

          November 9, 2011 at 11:52 am

          တိန် …အိမ်ရှေ့ ဆိုတာ ??
          သဲဖုံးတယ် ဆိုတာ??

          မြင့်ဝါးဘီ နားလည်တော့ဝူး..

        • ပေါက်ဖော်

          November 9, 2011 at 12:17 pm

          ငဇာ..
          တုံတုံပြောတဲ့ ဒါ့ပုံက အီးပုံ ကိုဆိုလိုတာ..ကွဲ ့

  • nature

    November 6, 2011 at 8:40 pm

    သူကြီးက google earth ကနေ ကြည့်ပြီး 007 ကို control လုပ်သလို ကြည့်နေလို့ဖြစ်မှာပေါ့။ သူကြီးရေ ခြေရာခံမရဘူ:ဆိုပြီးတော့ ကမာ္ဘပတ်ပစ်လိုက်ရမှာ။ 🙂

  • Diamond Key

    November 8, 2011 at 4:50 pm

    ရေတံခွန်က ပြုတ်ကျပီး ရွာချောင်းနံဘေးမှာရွာဆြာဝန်မလေး အိတုံက သော့လေးကို ဘာတွေများ တွေ့သွားတာတုန်း၊ (ရင်တုန်လိုက်တာ ပြန်တွေးကြည့်ပြီး)၊
    ဆြာဝန်မလေးများ အားလုံးကိုများမြင်သွားလေမလား (အိပ်ထဲကဆေးလိပ်တို့၊ ကွမ်းယာတို့ကို၊ ဆြာမလေးက ကြိုက်ဖူးလေ ဒါမျိုးတွေကို၊ ရွှာထဲမှာ သူကအမြဲ တားနေတာ)။
    အဲဒီနောက်ပိုင်း ကိုသော့က မာသားပဲ လို့ ပြောပြောနေတာ လက်စသတ်တော့ စိန်နဲ့လုပ်ထားတဲ့ အရိုးတွေရှိတာ သိသွားလို့ကိုး။:)
    🙂
    🙂
    😀

  • etone

    November 9, 2011 at 11:50 am

    ကိုစိန်သော ့ အရိုးတောင် စိန်နဲ့ လုပ်ထားဒယ်ဆိုပါလား ။
    နောက်တခါကြုံလျှင် သွားနှစ်ချောင်းလောက်လမ်းကြုံ ဖြုတ်ထားဦးမှ 😆

Leave a Reply