ဗုဒ္ဓဘုရားအပေါ် အမြင်လွဲသူများ

kotun_mdyNovember 6, 20111min2120

အချို့သော ရဟန်းပုဂ္ဂိုလ်နှင့် လူအချို့တို့အနေဖြင့် ဗုဒ္ဓအား ကိလေသဝဋ်၊ နှင့် ကမ္မဝဋ်ကုန်ဆုံးပြီး၊ ဝိပါကဝဋ်ကျန်ရှိနေသေးသည်ဟု လက်ခံပြီး ဟောပြောနေသည်ကို ကြားသိရတဲ့အတွက် လွန်စွာသဘောမကျမိသလိုဖြစ်မိပါတယ်။ ဘာကြောင့် သဘောမကျရသလဲဆိုရင် မြတ်စွာဘုရားဟောကြားသော ပဋိစ္စသမုပ္ပါဒ် တရားတော်မှာ အဝိဇ္ဖာကြောင့် သင်္ခါရဖြစ်၊ သင်္ခါရကြောင့် ဝိဉာဏ်ဖြစ် စသည်ဖြင့် တစ်ခုကိုအကြောင်ခံပြီးမှ တစ်ခုဖြစ်ရပါသည်။ ဝဋ်နှင့်ပြောပါကလည်း ကိလေသဝဋ်ကြောင့် ကမ္မဝဋ်ဖြစ်၊ ကမ္မဝဋ်ကြောင့် ဝိပါကဝဋ်ဖြစ်၊ တစ်ဖန် ဝိပါကဝဋ်သည်လည်း အကြောင်းခံပြီး ကိလေသဝဋ်ကို ပြန်လည်ဖြစ် ထိုနည်းအတိုင်း ဝဋ်သုံးပါးလည်စေသည်ကို ပဋိစ္စသမုပါဒ် ဒေသနာအရ သိရပါသည်။ ထို့ကြောင့် ကိလေသဝဋ်နှင့် ကမ္မဝဋ် ချုပ်ငြိမ်းလျှင် ဝိပါကဝဋ်လည်း ချုပ်ငြိမ်းပါလိမ့်မည်။ အဘယ်ကြောင့် ဗုဒ္ဓကို ဝိပါကဝဋ် ကျန်ရှိနေသည်ဟု ပြောဆိုသည်ကို နားမလည်ဖြစ်မိပါသည်။ ဆွေးနွေးပေးကြပါရန်။