Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကျွန်တော်စိတ်ကို ဆင်ဆာလုပ်၍မရ

     ဘုရင်ကို မိဘနေရာ၊သက်ဦးဆံပိုင်အရှင်သခင်နေရာမှာထားပြီး “မှန်လှပါအရှင်ဘုရား”“မှန်နီးကီးနီးပါ”ထူးပြီး ဦးခိုက်ပြောဆိုခဲ့ရတဲ့ အသုံးအနှုန်းတွေက ယနေ ့သမ္မတခေတ်ထိကို မပြီးပြတ်သေး ဘဲဆက်သုံးနေတုန်းပါဘဲ။
      ယနေ ့ခေတ် သမ္မတနိုင်ငံ. ဒီမိုကရေစီခေတ်မှာ အာဏာကိုပိုင်တာ ပြည်သူတွေပါ၊ဝန်ထမ်းတွေ မဟုတ်ပါဘူး။တိုင်းပြည်ရဲ ့ငွေ(သို ့မဟုတ်)ပြည်သူ ့ငွေတွေကို စားနေရသူတွေမို ့ဝန်ထမ်းတွေရဲ ့အရှင်သခင်ဟာ ကျွန်တော်တို ့ပြည်သူတွေပါ။
      ဒါကြောင့် ဌာနဆိုင်ရာ အဖွဲ ့အစည်းတွေကို အာဏာပိုင်အဖွဲ ့အစည်းလို ့မခေါ်သင့်တော့ပါဘူး။အာဏာပိုင်ဆိုတဲ့စကားကြောင့် သူတို ့ကို သူတို ့အရှင်သခင်ပမာ မှတ်ယူ၍ မောက်မာ၊ရိုင်းပြတတ်ကြလို ့ပါ။များသောအားဖြင့် ရှေးရိုးစွဲ ဌာနဆိုင်ရာ များ၏ဝန်ထမ်းများတွင် ပညာတတ်သူမရှိသလောက်ကိုရှားလို ့ပါဘဲ။
     ယခုကဲ့သို ့ဖြစ်ရသည်မှာ မျက်နှာဖြူအရှင်ကြီးများ၊ဂျပန်မာစတာကြီးများအပေါ် ဒူးတုပ်ခစားစေခဲ့ရာမှ ပါလာခဲ့သောအကျင့်ကြောင့်ပင်ဖြစ်ပါသည်။“ပညတ်သွားရာဓာတ်သက်ပါ”သွားလို ့နေမှာပါ။
     ကျွန်တော်ပြောချင်တာက ယနေ ့ခေတ်လို ဒီမိုကရေစီခေတ်မှာ အားလုံးသောသူ ဟာရေးဆွဲပြဌာန်းထားတဲ့ ဖွဲ ့စည်းပုံအောက်က လူသားတွေမို ့  လွှတ်တော်ကို နာခံရသူတွေဖြစ်နေပါပီ။ဒါကြောင့် ဒီမိုကရေစီ ကျင့်စဉ်ဖွံ ့ဖြိုးတဲ့ နိုင်ငံတွေမှာ ပြည်သူသာလျှင်အာဏာပိုင်ဖြစ်ပါတယ်။အဲဒါမို ့လို ့ သမ္မတ၊အစိုးရအဖွဲ ့ရော လွှတ်တော်ပါ ပြည်သူက တာဝန်ပေးစေခိုင်းတာကို လိုက်နာဆောင်ရွက်ရမှာပါ။
     ပြည်သူ ့အသံကို နားမထောင်ဘူး၊ပြည်သူတွေရဲ ့ဘက်တော်သားမဟုတ်ဘူး၊ကိုယ်ကျိုးစီးပွားသာသိသော မျက်စိနှစ်ဘက်ချို ့တဲသူအဖြစ်ဘဲဆက်လုပ်နေမယ်ဆိုရင် မျှော်တိုင်းတော့ဝေးနေရဦးမှာဘဲ ကိုဒီမိုကရေစီ ရေ………………………….

10 comments

  • naywoonni

    November 6, 2011 at 10:13 pm

    ကိုလိုနီစရိုက်တွေ ဖျောက် …။ ဆိုရှယ်လစ်စရိုက်တွေ ဖျောက် …။ အာဏရှင်စရိုက်တွေ ဖျောက်…။ ဟချလောင်းးးး ဒီမိုကရေစီ စရိုက် ချက်ချင်းရောက်…။
    အဲဂလို လုပ်လို့ရလည်းကောင်းသားပဲ………….။ 😛

  • seahorse

    November 6, 2011 at 10:27 pm

    စိတ်ရှည်၊သီခံခြင်းသည် အောင်နိုင်ရာတည်းတဲ့ အကိုရာ။သီးညည်းခံလိုက်ပါလို ့ပြောပါရစေ။

  • ချစ်ရင်ထူး

    November 6, 2011 at 11:30 pm

    ကျွန်တော် သိသလိုပြောကြည့်မယ်နော် ဒီမိုကရေစီ ဆိုတာကလည်း တစ်ကယ်တော့ “အုပ်စုဖွဲ့ပြီးဗိုလ်ကျ” နေတာပါလို့ပြောရင်လည်း မှားမယ်မထင်ပါဘူး ။ ကျွန်တော်တို့ ရွာမှာ အိမ်ခြေ (၁၀)အိမ်ရှိတယ်ဆိုပါစို့….။ (၈)အိမ်က အရက်သမား၊ ကျန် (၂)အိမ်က ဘုရားတကာ ဆိုရင်ရွာထဲမှာ အရက်သောက်ဖို့ သူတို့ပြောတဲ့ ဒီမိုကရေစီ အတိုင်းမဲခွဲကြမယ် လေဗျာ။ အရက်သမားနိုင်မလား ၊ဘုရားတကာ နိုင်မလား ? ရှင်းနေတာပဲလေ။ အဲဒါကို ဒီမိုကရေစီ လို့ဆိုရင် ကျွန်တော်ပြောတဲ့ “အုပ်စုဖွဲ့ပြီးဗိုလ်ကျ” တာပါဆိုတာက ရောမှားနိုင်ပါသလား ။

    • kai

      November 7, 2011 at 2:40 am

      Majority must respect Minority’s rights
      (President Jefferson)

      အဲဒီလို မဟုတ်ပါဘူး.။
      ဒီမိုကရေစီမှာ.. အများဆန္ဒလိုက်နာရတယ်ဆိုပေမဲ့.. အနည်းစုဆန္ဒကိုလည်း မပစ်ပယ်ရပါဘူး..။
      လေးစားလက်ခံရပါတယ်..။
      ၈)အိမ်က အရက်သမား၊ ကျန် (၂)အိမ်က ဘုရားတကာ အရက်သောက်ဖို့မဲခွဲရင်..
      ဒီမိုကရေစီမှာ.. ကျန်၂အိမ်က. ကျန်၈အိမ်သောက်ဖို့သဘောတူပေမဲ့.. သူတို့နဲ့လိုက်သောက်ဖို့ပါ ကျန်၈အိမ်က ဖိအားပေးခွင့်မရှိပါဘူး..။
      မသောက်ပဲနေနိုင်ပါတယ်..။
      တပြိုင်ထဲ.. အများစု၈အိမ်က.. အနည်းစု၂အိမ်ကို ဆဲခွင့် ဆုံးမခွင့် လုံးဝ(လုံးဝ)မရှိပါဘူး..။

      လူ့အခြေခံဥပဒေကို လိုက်နာရပါမယ်..။
      လူသားတဦးချင်းစီဟာ တန်းတူအခွင့်အရေးရှိပါတယ်..။

      Majority Rule with Respect to Minority Rights

      =
      Majority Rule, Minority Rights

      (The following one-pager is taken from the U.S. Department of State publication, Principles of Democracy.)

      On the surface, the principles of majority rule and the protection of individual and minority rights would seem contradictory. In fact, however, these principles are twin pillars holding up the very foundation of what we mean by democratic government.

      • Majority rule is a means for organizing government and deciding public issues; it is not another road to oppression. Just as no self-appointed group has the right to oppress others, so no majority, even in a democracy, should take away the basic rights and freedoms of a minority group or individual.

      • Minorities – whether as a result of ethnic background, religious belief, geographic location, income level, or simply as the losers in elections or political debate – enjoy guaranteed basic human rights that no government, and no majority, elected or not, should remove.

      • Minorities need to trust that the government will protect their rights and self-identity. Once this is accomplished, such groups can participate in, and contribute to their country’s democratic institutions.

      • Among the basic human rights that any democratic government must protect are freedom of speech and expression; freedom of religion and belief; due process and equal protection under the law; and freedom to organize, speak out, dissent, and participate fully in the public life of their society.

      • Democracies understand that protecting the rights of minorities to uphold cultural identity, social practices, individual consciences, and religious activities is one of their primary tasks.

      • Acceptance of ethnic and cultural groups that seem strange if not alien to the majority can represent one of the greatest challenges that any democratic government can face. But democracies recognize that diversity can be an enormous asset. They treat these differences in identity, culture, and values as a challenge that can strengthen and enrich them, not as a threat.

      • There can be no single answer to how minority-group differences in views and values are resolved – only the sure knowledge that only through the democratic process of tolerance, debate, and willingness to compromise can free societies reach agreements that embrace the twin pillars of majority rule and minority rights.

  • maungmoenyo

    November 7, 2011 at 7:08 am

    မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ် တွင်အထက်လူကိုခေါ်ဝေါ်ရသော အသုံးအနှုန်း = ဆရာ
    စစ်အစိုးရခေတ် = တပ်ချုပ်ကြီး၊ အဘ၊ မင်းကြီး၊ ဗိုလ်ချုပ်….
    အခုရွေးကောက်ပွဲလွန်ကာလ = ????????
    တကယ်တော့ ပြည်ထောင်စုအစိုးရလို့ခေါ်တဲ့ “ပထစ”သခင်နုလက်ထက်မှာကတည်းက အထက်လူကြီးမင်းများကိုဖားပြီး ခေါ်ဝေါ် ဆက်ဆံရတဲ့ အကျင့်စရိုက်ကထွန်းကားခဲ့ပါတယ်။ (၁၉၆၂) အာဏာသိမ်းပြီး ၁၉၇ဝ လောက်မှာအဲ့ဒီစရိုက်က ထိမ်းမနိုင်သိမ်းမရလောက်အောင်ပေါ်ပြူလာဖြစ်ခဲ့တာကလား။
    အထက်ကိုသာ manage လုပ်တဲ့ ဌာနဆိုင်ရာလုပ်နည်းလုပ်ဟန်က one-way public service management ကသိသိသာသာကြီး ပေါ်ထွန်းအခြေခိုင်ခဲ့ပါပြီ။ ဒါကိ်ုသာယာကြသူတွေကလဲ တနိုင်ငံလုံး လှည်းနေလှေအောင်းမကျန်ပါ။
    ဒီမိုကရေစီစနစ်ဟာ လူနည်းလူများစုတို့ရဲ့အားပြိုင်မှုဆိုပေမဲ့ မှန်ကန်တဲ့အားပြိုင်မှု ဖြစ်ပါတယ်။ အဲ့ဒီလိုအားပြိုင်ခြင်းဟာလဲ ဒီမိုကရေစီရဲ့အနှစ်သာရဖြစ်ပါတယ်။ ဒါပေမဲ့ အပြန်အလှန်ထိန်းကျောင်းမှုဟာ လဲ အဲ့ဒီစနစ်ထွန်းကားစေမှုရဲ့ တပြေးညီသတ်မှတ်ချက်အရည်အသွေးတခုလဲဖြစ်ပါတယ်။
    ထောက်ခံမဲပေးတိုင်းခေါင်းဆောင်ဖြစ်ရတာကို၊ အရွေးကောက်မခံရသော်လည်း သူ့ရဲ့ ကိုယ်ပိုင်ယုံကြည်မှုကိုနေရာပေးအသိအမှတ်ပြုခြင်းဟာ ဒီမိုကရေစီရဲ့အနှစ်သာရပါဘဲ။
    ဥပမာ – ကောင်းသားခေါင်းဆောင်ဖြစ်ခဲ့ပြီးပထမအကြိမ်းရန်ကုန်ကောလိပ်ခေါင်းဆောင်ကိုအောင်ဆန်း ဟာပမထအကြိမ်ရွေးကောက်ပွဲမှာအရှုံးကြီးရှုံးပါတယ်။ ဒါပေမဲ့ ဒုတိယအကြိမ်မှာ အရွေးခဲရပါတယ်။ သူ့ရဲ့ယုံကြည်မှုကို ကျောင်းသားအများစုက သတိပြုလေ့လာမိရာက သူ့ရဲ့အတွေးအခေါ်ကိုလက်ခံလာကြလို့ အရင်က လူနဲစုယုံကြည်ခဲ့တဲ့ သူ့ဝါဒကို ထောက်ခံခဲ့တာကိုကြည့်ပါ။ ဒါဟာဒီမိုကရေစီပါ။ ဒီမိုကရေစီဟာ ရေစီးကြောင်းလိုဘဲပြောင်းလဲပါတယ်။ တရားသေမတည်ပါဘူး။ အဓိက ကတော့ အများစုအတွက်အရေးပါတဲ့ကိစ္စမှာ၊ လူများစုဘယ်လောက်များမျာက ဘယ်အတိုင်းအတာအထိဝင်ရောက်ပါဝင်ပါသက်ပြီး ဘယ်လောက်အထိဆွေးနွေး debate လုပ်သလဲ။ ဒေါင်ဒေါင်မြည် အဖြေလို့ပြောနိုင်ပြီလား…အဲ့ဒါကအခရာပါ။

  • aye.kk

    November 7, 2011 at 9:35 am

    အမြင်ချင်းမတူ အသွင်ချင်းမတူ ကိုယ်ကကြည့်ရင် လက်ဖဝါး သူကကြည့်ရင် လက်ဖမိုး..
    မဟော်သဓာနဲ့အမရာဒေဝီလို ..
    မဟော်သဓာကလက်သီးဆုပ်ပြတော့ အမရာဒေဝီကလက်ဖဝါးဖြန့်ပြတယ်
    အဓိပါယ်က အမရာဒေဝီကို အိမ်ထောင်ရှိတဲ့သူလားလို့မေးလိုက်တာပါ
    အမရာဒေဝီ လက်ဖဝါးဖြန့်ပြတာဟာ အိမ်ထောင်မရှိဘူးဆိုတဲ့အဓိပါယ်နဲ့ပြောတာ ဖြစ်ပေမယ့်
    အများအမြင်မှာက တစ်ယောက်ကလက်သီးဆုပ်ပြတာဟာ တစ်ယောက်ကပါးချမယ်ဆိုတဲ့ အဓိပါယ်
    သက်ရောက်သွားတာမို့ ကိုယ့်အထင်နဲ့ မှန်တယ်လို့ ယူဆနိုင်ပေမယ့် အများအမြင်နဲ့တော့ တူချင်မှတူနိုင်မှာပါ
    ဆိုတာကို ပြောလိုက်ပါရစေ ကိုချစ်ရင်ထူးရေ…

  • Gipsy

    November 7, 2011 at 4:34 pm

    တရားမျှတမှုလေးတွေ အသက်ဝင်လှုပ်ရှားသက်ဝင်လာတယ်ဆိုရင် ကျေနပ်စရာပါ..၊
    ခုချိန်အထိတော့ မျှတမှုဆိုတာ ဝေးနေသေးတာ စိတ်ညစ်စရာ…။

  • ပြောစရာတွေသာအကုန်ပြောခွင့်ရမယ် ဆိုရင် ကျေနပ်စရာပါဗျာ။ဒါပေမယ့် အားလုံးမှာ အကြောက်တရားကိုယ်စီနဲ ့မို ့…………….

  • waymg

    November 8, 2011 at 10:42 pm

    လူ့ဘွ တစ်ခါရောက်. . . တစ်ခါတည်းသေ. . .ဆိုပေမဲ့. . .
    အကြောက်တရား
    တစ်ဖွားဖွား
    ရှိမြဲရှိနေမည်သာတည်း ။

  • moethuzar

    November 9, 2011 at 11:45 am

    လူ့အခြေခံဥပဒေကို လိုက်နာရပါမယ်..။
    လူသားတဦးချင်းစီဟာ တန်းတူအခွင့်အရေးရှိပါတယ်..

Leave a Reply