အသားထဲက လောက်

ထာ၀ရNovember 8, 20111min26816

ခုတလော အင်တာနက်သတင်းဆိုဒ် တွေမှာ.. ဒေါ်အောင်ဆန်းစုကြည်ကို

ဦးတည်တိုက်ခိုက်လာတဲ. သတင်းတွေ ဖတ်ရတာ များလာလို. ဒီဆောင်းပါး

လေးကို ရေး လိုက်တာပါ

 

အားလုံးသိကြတဲ.အတိုင်းဘဲ  မြန်မာပြည်ဟာ နိင်ငံရေး အပြောင်းအလဲတွေနဲ.

အရေးကြီးတဲ.အချိန်အခါထဲရောက် နေပါပြီ ဒီအချိန်မှာလွတ်လပ်မှုကိုလိုလားတဲ.

သူတွေအားလုံး ပြည်တွင်းပြည်ပ စည်းလုံးညီညွတ်ကြရမယ်. အချိန်ပါဘဲ

ရလာတဲ.အခွင်.အရေးကို ပီပြင်အောင်အသုံးချ ရမယ်.အချိန်ကောင်းပါ

 

ဒီလိုအချိန်မှာမှ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်လာတဲ. သတင်းတွေကို

ဖတ်ရတာအော.နလုံးနာစရာပါဘဲ ပြည်သူတွေကိုတွေဝေအောင် စုစည်းလို.

မရအောင်အချိန်ကိုက် ဖန်တိးလာတယ်လို.မြင်မိတယ် အထူးသဖြင်.ပြည်ပ

က နိင်ငံရေးသမားတွေဟာ အမေစုကိုပိုပြီးဝေဖန်လာကြတာပါဘဲ..

ပြည်ပမှာအနေအစားချောင်ရာကနေ ခေါင်းပါချောင်သွားတာလား

ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည်ရဲ. ကျော်ဇောမှု ပြည်သူတွေရဲ.

ချစ်ခင်မှုကို မနာလိုမရှုစိမ်.ဖြစ်တာလား သူတို.ကိုတိုင် နေရာမရတော.မှာစိုးရိမ်

သလား မသိ အပုတ်ချသံတွေ ပိုညံလာတာတွေ.နေရတယ်

 

ကျွန်တော်တို.ပြည်တွင်းကလူတွေထဲမှာလဲ  စစ်အစိုးရတလျောက်ငြိမ်ကုတ်လာခဲ.ပြီး

အခုအခါမစို.မပို.လွတ်လပ်ခွင်.လေးလဲရရော လက်သီးလက်မောင်းတန်းပြီး

အသံကောင်းဟစ်နေတဲ.လူတွေ လဲ ရှိတာပါဘဲ ဒါပေမယ်.ဒါ ကိုယ်. ခံယူချက်နဲ.

ကို အပြစ်ပြောနေစရာမရှိပါဘူး  အသက်ကိုစွန်. ဘဝကိုစွန်.ပြီး

ပြည်သူအတွက် ရပ်တည်ပေးခဲ.တဲ.သူတွေကိုတော. မစော်ကားသင်.ပါဘူး

ကိုနဲ.အမြင်မတူလို.ဝေဖန်တာဆိုရင်လဲ ရဲရဲပေါ.  ကို.အယူအဆကိုရေးလို.ရပါတယ်

ခုဟာက လူများစုက မကြိုက်သလိုမျိုး ပြည်သူကိုခုတုန်းမလုပ်သင်.ပါဘူး

လမ်းပေါ်ထွက်ဖို. လက်နက် ကိုင်ဖို. ထိပ်တိုက်ရင်ဆိုင်ဖို.

ဆိုတာတွေက တကယ်မှန်တဲ.နည်းလမ်းတွေလား ခုခေတ်မှာ

ခလေးတောင်သိနေပြီ မအောင်မြင်နိင်ဘူးဆိုတာ ကိုတိုင်က

အဖမ်းမခံရဲလို. ပြည်ပကို ထွက်ပြေးပြီး ပြည်တွင်းကလူတွေကို ချောက်မချပါနဲ.

 

ကျွန်တော်.ယုံကြည်ချက်ကိုဘဲရေးတော.မယ် ဒီရာစုနစ်ထဲမှာ ဒေါ်စုလို

အမျိုးသားခေါင်ဆောင်တယောက် ပေါ်ထွန်းခဲ.တာ မြန်မာပြည်သာမက

အာရှအတွက်လဲဂုဏ်တက်စရာလို.မြင်ပါတယ်

တတိုင်းပြည်လုံးရဲ.ချစ်ခင်လေးစားမှုကိုလဲခံရတယ် ပင်ကိုရိုးသားမှုနဲ.

ပြည်သူတွက် သူစွန်.လွတ်ခဲ.တာတွေ များလွန်းပေမယ်. စိတ်ပျက်တဲ.

ဟန်တချက်မှမရှိဘူး တိုင်းပြည်ကောင်းဘို.ဆိုဘာမဆို လုပ်မယ်.စိတ်

ပိုင်းဖြတ်ထားပုံကလဲ အားလုံးအမြင်ပါဘဲ ဒီလိုခေါင်းဆောင်နောက်မှ

ကျွန်တော်တို.မလိုက်ရင် နောက်ထပ်ရွေးစရာရှိသေးလို.လား

 

ဘဝတွေ အခွင်.အလမ်း တွေကို စွန်.ပြီး အများအတွက် တာဝန်တခုလို.ယူဆပြီး

ထောင်မကြောက် တန်းမကြောက် ကိုယ်ကျိုးစွန်.ပြီး နိင်ငံအရေးလုပ်နေတဲ. သူတွေ

ကို ယုံကြည်ချက်ချင်းမတူလို. မထောက်ခံရင်နေပါ   မနှောက်ရှက်ပါနဲ.လို. ပြောချင်တယ်ဗျာ

 

 

 

16 comments

  • forever

    November 8, 2011 at 10:59 am

    ဒေါ်အောင်ဆန်းစုကြည် သာ
    ပါတီအသစ်တခု ထူတောင်လိုက်ရင် အခု NLD ဆိုတာ
    ရာဇဝင်ထဲ မှာလိုက်ရှာရမယ် ထင်တယ်
    ပြည်သူတွေ ဘယ်ဘက် လိုက်မလဲ…….ရွာသားတွေရော..

    • etone

      November 8, 2011 at 3:09 pm

      (( ပါတီအသစ်တခု ထူတောင်လိုက်ရင် အခု NLD ဆိုတာ
      ရာဇဝင်ထဲ မှာလိုက်ရှာရမယ် ထင်တယ် )) တဲ့လား …. ။ ဖြစ်ကောင်းဖြစ်နိုင်ပါတယ် … နောင် ဂျန်နရေးရှင်း သုံးဆက်လောက်မှာပေါ့ ….. ။

      ဒါပေမယ့်လည်း ရှေ့မှီနောက်မှီတွေကြားထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီက တသားထဲ တွဲမှတ်မိနေတာ ဖျောက်ဖို့ ခက်လိမ့်မယ် …. ။ အန်တီစုရဲ့ အောင်မြင်မှု ဩဇာရှိမှုတွေက NLD ပါတည် တည်ထောင်မှုနဲ့ စတင်ခဲ့သလို ….. ပါတီသစ်တည်ထောင်မယ်ဆိုလျှင်လည်း …. နာမည်ဟောင်းကတော့ … ဆက်လက်တည်တံ့နေဦးမှာပါပဲ … ။ 🙂

  • koyinmaung

    November 8, 2011 at 12:28 pm

    ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး
    နိုင်ငံရေးအပြောင်းအလွဲသိမ်သိမ်မွေ့မွေ့သွားနေတယ်လို့မြင်ပါတယ်
    ပွဲမပြီးခင်မဝေဖန်တာအကောင်းဆုံးပါ…
    သူလိုချင်တာပေးကိုယ်လိုချင်တာယူဆိုတဲ့အဆင့်မှာဘဲရှိသေးတဲ့အတွက်
    ကျနော့အမြင်တော့ဒေါ်အောင်ဆန်းစုကြည်လုပ်ရပ်တွေကိုထောက်ခံပါတယ်….

  • memeseku

    November 8, 2011 at 12:39 pm

    ပါတီနာမည်ကအရေးမကြီးဘူး။အရးကြီးတာကခေါင်းဆောင်ပဲ။သူထောင်တဲ.ပါတီပဲ.မဲပေးမယ်…

    • Foreign Resident

      November 8, 2011 at 1:07 pm

      ဒါပဲလေ ။
      ဒေါ်စု ကို ကဖျက်ယဖျက် သွားလုပ်ရင် မြောင်းထဲ ရောက်သွားမှာပေါ့ ။
      အလကား အမေစု နှင့် စစ်အစိုးရ အဆင်ပြေသွားရင်
      သူတို့ ဒေါ်လာတွေ တောင်းစားလို့ မရတော့မှာ စိုးလို့
      အလကား နေရင်း ကန့်လန့် တိုက်နေတာ ။

  • kai

    November 8, 2011 at 12:47 pm

    ဒေါ်အောင်ဆန်းစုကြည်အနေနဲ့.. လိုအပ်တဲ့.. အချက်အလက်အကုန်ရှိနေ..သိနေလောက်ပြီမို့.. သူဘာလုပ်ရမလည်း.. သူသေသေချာချာ သိပါလိမ့်မယ်..။
    ဒီလိုအင်မတန်အရေးကြီးတဲ့အချိန်မှာ..
    မြန်မာလူထုအနေနဲ့.. သူ့နောက်မျက်စိမှိတ်လိုက်ဖို့ကိုပဲ.. တိုက်တွန်းလိုပါတယ်..။

    ဘယ်သူလိုက်လိုက်မလိုက်လိုက်.. ကျုပ်ကတော့ လိုက်တယ်ဟေ့..။ 😆

  • Foreign Resident

    November 8, 2011 at 1:00 pm

    ပုဂ္ဂိုလ်ရေး ကိုးကွယ်တယ်လို့ပဲ စွတ်စွဲချင်လည်း စွတ်စွဲကြပါ ။
    သမိုင်းအစဉ်အလာ အပြုအမူ နှင့် အနစ်နာခံခဲ့တာတွေ အရ ယုံလောက်တဲ့သူမို့လို့ ၊
    အဘဖေါ တို့ကလည်း အမေစုနောက်ကို မျက်စိနှစ်ဖက်စလုံးကို စုံကိုပိတ်ပြီး ၊
    ယုံယုံ ကြည်ကြည်ကို လိုက်ဦးမှာ ။ လိုက်ဦးမှာ ။

  • ကြောင်ကြီး

    November 8, 2011 at 1:01 pm

    လိုက်တဲ့သူကိုပါ ရိုက်ပစ်ကွာ။။။။။။။။။။။။။။။။။။။။။ 😡
    မီးတုတ် မီးတုတ် ရှို့ရှို့….။
    မီးတုတ် မီးတုတ် ရှို့ရှို့…..။
    မီးတုတ် မီးတုတ် ရှို့ရှို့……။
    မီးတုတ် မီးတုတ် ရှို့ရှို့…….။
    ………………………………………. 👿

    • Koyin Sithu

      November 8, 2011 at 4:40 pm

      ကြောင်မင်းနောက်ပဲလိုက်မယ်ဟေ့…
      တရုတ်ထီးတွေ တက်သိမ်းပြီး
      တရုတ်မတွေကို တိုက်စစ်ဆင်ကြမယ်…
      မလိုက်တဲ့သူ ထားခဲ့.. ထားခဲ့…

      • ကြောင်ကြီး

        November 9, 2011 at 10:46 am

        ထိုးစစ်လုပ်စမ်းပါ မင်းဆရာရယ်။ တိုက်စစ်က ကလေးကလား ပျင်းဖို့ကောင်းပါတယ်။ 😮

      • ကြောင်ကြီး

        November 9, 2011 at 10:48 am

        ကျုပ်နဲ့ပေါင်းလို့ ရဲဘတောင်းခတ်အောင် အားပေးခံရတာ ဂုဏ်ယူလိုက်စမ်းဘာ။ ရဲရဲတောက် ဒို့ဗမာတွေ….. 😀

  • nozomi

    November 8, 2011 at 1:08 pm

    ကျွန်တော်လဲ စာရေးသူနဲ့ သဘောထားချင်းတူပါတယ်

    ဒေါ်စုကို ဆန့်ကျင်တဲ့သူဆိုတာ တွေမှာ အများစုက ပြည်ပမှာ ရောက်နေပါတယ် မြန်မာပြည်ရဲ့ လက်ရှိ အခြေအနေမှန်ကို သူတို့မသိပါဘူး အဲဒီထဲမှာ မြန်မာပြည် အဆင်မပြေ ဖြစ်မှ သူတို့ အဆင်ပြေနေတဲ့သူတွေလဲ ပါမှာပါ ၊ ဒေါ်စု ရဲ့ လက်ရှိ လုပ်ရပ်က လက်ရှိအချိန်မှာ အကောင်းဆုံး လုပ်နိုင်တာလို့ မြင်ပါတယ် ၊ ဒေါ်စု ကို အပြည့်အဝ ထောက်ခံပါတယ်

  • thureinmaung

    November 8, 2011 at 1:28 pm

    ပြည်ပမှာနေတဲ့သူတွေကဒေါ်အောင်ဆန်းစုကြည်ကိုဝေဖန်ရလောက်အောာင်
    တိုင်းပြည်အတွက်၊ဒီမိုကရေစီအတွက်ဘယ်လောက်အနစ်နာခံလုပ်ခဲ့ပြီးပြီလဲ
    ပြည်သူတွေရှေ့ကနေ ဘယ်လောက်အထိမားမားမတ်မတ်ရပ်တည်ပေးခဲ့ပြီလဲ
    သတ်တိ၊ရဲရင့်မှုမရှိဘဲနဲ့ပြည်ပကိုထွက်ပြေးပြီးအော်နေတာလောက်တော့ပြည်ပ
    မှာသက်တောင့်သက်သာအစစအရာရာ အဆင်ပြေနေတဲ့ဘဝကနေပြီးတော့
    ပြည်တွင်းမှာလက်ရှိပကတိအခြေအနေကိုနားမလည်ဘဲနဲ့တော့ ဝေဖန်မနေပါနဲ့
    အလကားဘဲ။
    ပြည်သူအတွက်မိမိဘဝကိုမပေးနိုင်ဘဲနဲ့များအနစ်နာခံလုပ်ပေးနေသူကိုမဝေဖန်ပါနဲ့
    ကိုယ့်လုပ်ဆောင်ချက်ဟာကိုယ်ဝေဖန်တဲ့သူရဲ့ခြေဖျားတောင်မှီသေးရဲ့လားဆိုတာ
    ကိုယ့်ကိုယ်ကိုပြန်ဆန်းစစ်ပါ။

  • Lwin Aung

    November 8, 2011 at 2:35 pm

    I fully recommend that Amay Su go to the good way. We don’t want to do the demonstration on the road again but we are not afraid anyone.

  • နီလေး

    November 8, 2011 at 4:16 pm

    သူများထောက်ခံလို့ ထောက်ခံတာမဟုတ်ပါဘူး မြန်မာပြည်သူတွေကို သူ့လောက်အနစ်နာခံပြီး ချစ်ပြနိုင်တာမတွေ့သေးသ၍တော့ ထောက်ခံနေဦးမှာပါ

  • aye.kk

    November 8, 2011 at 4:55 pm

    ခြေမ မကောင်းရင်ခြေမ လက်မ မကောင်းရင်လက်မ
    ဖြတ်ထုတ်ပစ်ရမယ် ဆိုတဲ့အတိုင်းအသားထဲကလောက်ထွက်ရင် ရှင်းပစ်ရမယ်လို.
    ဆိုစကားရှိတယ် မဟုတ်လား စိန် စု ကန် ပေါင်းလို့ဒို့နိုင်ငံကောင်းစားမယ်ဆိုရင် ဒို့ပြည်သူတွေ
    ကြိုဆိုရမှာဘဲ မနာလိုသူတွေ အနှောက်ယှက်ပေးမယ့်သူတွေ အသားထဲကလောက်ထွက် သစ္စာဖောက်
    ကောင်တွေ စကောလောက်မှဇောက်မနက် ဆန်ကုန်မြေလေးတွေကတော့ သေရင်မြေနေရာတောင်
    ရှိမှာမဟုတ်ဘူးလို့ ပြောလိုက်ပါရစေ…
    သမိုင်းတခေတ်မှာရော ရာဇဝင်မှာပါ မော်ကွန်းတင်နိုင်လောက်တဲ့ အမေစုကို ဝေဖန်တဲ့သူတွေဟာ
    ကျပ်မှပြည့်ရဲ ့လားဆိုတာစဉ်းစားစရာဖြစ်နေပါပြီ

Leave a Reply