သာဓု ပါတဲ့ဗျား
ကျနော့်တပည့်ကျော် ငပျင်းလေးလွမ်းတဲ့ မြို ့ပုံရိပ်ဟောင်းလေးပါ။
သူ ့ကဗျာနဲ ့တွဲတင်ပေးလိုက်ပါတယ်။
” သာဓု”
တစ်နေဝင်တစ်နေထွက်တော့
တစ်မနက် သစ်ရွက်ကြွေ
တစ်သက်တိုးပြန်တော့
သေမဲ့ရက် တစ်သက်နီးသမို့
” သေမင်း”ရေ မင်းတွက်တော့
ခေါင်း ပေါ်လက်ထောက်
ပြုံးပြုံးကြီးထိုင်စောင့်နေပေတော့
ငါမသေခင်
ငါနှလုံးသားကိုထုပ်
အသုပ်စုံလုပ်ပြီးကျွေး
ကုသိုလ် လေးတစ်ခုတော့ လုပ်ခဲ့ချင်ရဲ့
” ဘဝ” ရေ မင်း သာဓု ခေါ်ပေါ့ကွာ။ ။ ။ …………(နေထူးအိမ်) (4.9.2011)
5 comments
koyinmaung
November 9, 2011 at 9:25 am
ဘယ် ခုနှစ်ကသံတွဲမြို့လဲဗျ…သိယင်လဲရေပါအုံး..
ပေါက်ဖော်
November 9, 2011 at 10:50 am
အသုပ်စုံတော့ မစားပါရစေနဲ ့…
သာဓုတော့ ခေါ်ပါ့မယ်
ကြောင်ကြီး
November 9, 2011 at 11:07 am
နှလုံးသား
အသုပ်စုံ
ကြုံးဝါး
ဘုတ်ဆုံ
သုံးစား
တရုတ်ကုန်
ဖုံးထား
မဟုတ်ပုံ…။ 😎
မောင်သန်းထွဋ် ဦး
November 9, 2011 at 11:16 am
တိတိကျကျ ပြောရမယ်ဆိုရင် 1878 ခုနှစ်က ဆွဲခဲ့တာ ဖြစ်ပြီး ဆွဲခဲ့တဲ့ ပညာရှင်က Albert Fytche (artist rendition by C. Kegan Paul & Co., London) ဖြစ်ပါတယ်
အသုပ်စုံလဲစား သာဓုပါခေါ်ပေါ့ဗျာ ကိုပေါက်ဖော်ရာနော့။
myaphay
November 12, 2011 at 1:13 pm
“ သေမင်း”ရေ မင်းတွက်တော့
ခေါင်း ပေါ်လက်ထောက်
ပြုံးပြုံးကြီးထိုင်စောင့်နေပေတော့
ငါမသေခင်
ငါနှလုံးသားကိုထုပ်
အသုပ်စုံလုပ်ပြီးကျွေး
ကုသိုလ် လေးတစ်ခုတော့ လုပ်ခဲ့ချင်ရဲ့
” ဘဝ” ရေ မင်း သာဓု ခေါ်ပေါ့ကွာ။ ။ ။ …ကြိုက်လို ့ကူးသွားပါတယ်၊