ဦးနာအောက် နဲ့ ဧရာဝတီ

three colorsNovember 9, 20111min29711

ငယ်ငယ်တုံးက မွန်သူဌေးကြီး ဦးနာအောက် နဲ့ ဧရာဝတီ သင်္ဘောကုမ္ပဏီတို့ရေကြောင်းခရီးသည်ပို့ဆောင်ရေးမှာ ပြိုုုင်ကြတဲ့အကြောင်းသင်ဘူးတယ်၊
အင်္ဂလိပ်တွေ မြန်မာပြည်ကိုသိမ်းပြီးတော့ ဦးနာအောက် ပြေးဆွဲနေတဲ့ရေကြောင်းပို့ဆောင်ရေး မှာ အင်္ဂလိပ်ပိုင် ဧရာဝတီကုမ္ပဏီက ဝင်လာတယ်၊
ပြီးတော့ သင်္ဘောခ ကိုလျော့ချ ပြေး တယ်(ဥပမာ-နဂိုက ၁ကျပ်ဆို သုံးမတ်ပေါ့)
အဲဒီအခါ ခရီးသည်တွေ ရွှင်လန်းအားရ ဖြစ်ကြရတယ်၊
ဟိုဘက်ကို စီးတဲ့ ခရီးသည်တွေပိုများသွားတဲ့အခါ ဦးနာအောက် ကလဲ လျော့ချပြေးတယ်၊
ခရီးသည်တွေပြန်မျှသွားတယ်၊
ဒီအခါ ဧရာဝတီကုမ္ပဏီက ငါးမူးနဲ့ပြေးတယ်၊
ဦးနာအောက်က လဲလိုက်လျော့တယ်၊
ဒီလိုနဲ့ခရီးသည်တွေကိုလျော့ပေးရုံမက ပုဝါတပိုင်စီပေးတဲ့အထိ service ကောင်းလာခဲ့တယ်၊
အရင်းရှင်ဒီမိုကရေစီ စနစ်ရဲ့ အနှစ်သာရ က လွတ်လပ်စွာယှဉ်ပြိုင်ခြင်းပဲ၊
ဥပမာ-ကွန်ပြူတာမှာ intel နဲ့ အခြားcompany တွေယှဉ်ပြိုင် microprocessor တွေ, chip တွေထုတ်တဲ့အခါ
လူအများသုံးနိုင်အောင်ဈေးချိုတဲ့ပစ္စည်း ၊ နည်းပညာအသစ်အဆန်း တွေနဲ့ပစ္စည်းတွေ ထွက်လာတယ်၊
computer ,electronic product တွေ ဈေးသက်သာ လာတယ်၊မပြိုင်နိုင်တဲ့ company က ပြုတ်မှာမို့ကျားကုတ်ကျားခဲယှဉ်ပြိုင်ရတယ်၊
အပြိုင်အဆိုင် မရှိရင် ကြိုးစားမူနဲပြီး လူအများ သုံးနိုင်ဘို့လဲ မလွယ်ဘူး၊နည်းပညာ လဲ မတိုူးတက်ဘူး၊
တကယ်လို့ ဦးနာအောက် နဲ့ ဧရာဝတီ ကုမ္ပဏီသာ မပြိုင်ပဲ ခုခေတ် ဘာကုန်သည်ကြီးများ(ညီညွတ်ရေး)အသင်း၊ ညာကုန်သည်ကြီးများ(ညီညွတ်ရေး) အသင်း လို ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်း ပူးပေါင်းတည်ထောင်ပြီး ၆လ တခါ၊ ၁နှစ် တခါ အစည်းအဝေး ထိုင်
၁ကျပ်ခွဲ နဲ့ပြေးမယ်ဟေ့၊မင်း လဲမလျော့နဲ့၊ငါ လဲမလျော့ဘူး၊ ညီစေနော် လုပ်ခဲ့ပါက နစ်နာမဲ့သူ မှာ ပြည်သူ အများ ဖြစ်ပါတယ်၊
အသင်းအဖွဲ့ဆိုတာ သူတို့အကျိုးသူတို့လုပ်မှာပဲ၊ ပြည်သူ့အတွက်ကျတော့ အကျိုုး ထက် နစ်နာမှူ ပဲပို ဖြစ်စေမှာမို့ အချို့ အသင်းအဖွဲ့များကျ ဖျက်သိမ်း
ပစ်ဘို့ ပြည်သူ့အစိုးရ အနေနဲ သတိချပ်သင့်ပါတယ်။

11 comments

  • ပေါက်ဖော်

    November 9, 2011 at 8:18 pm

    အရမ်းမှန်တဲ့ ထောက်ပြမှုပဲ…ခင်ဗျ..
    တစ်ဆက်တည်း..ပြည်သူတွေကို အကျိုးမပြုူပဲ..
    ရိတ်စားနေတဲ့…ဘယ်အသင်းအဖွဲ ့တွေကို ဖြုတ်ချသင့်သလဲ ဖော်ပြပေးပါလား..
    🙄

  • windtalker

    November 9, 2011 at 8:25 pm

    Good idea ပါ ထရီးကလား ရေ
    လေးစားပါတယ်နော
    ဦးနာအောက်လို စိတ်မျိုးနဲ ့
    တို ့ဆီက သူဌေးကြီး ၃ယောက်လောက်ဘဲ
    ထ လုပ်ကြည့်
    ဘယ်သူမှ မြန်မာနိုင်ငံ မှာ ဘူဇွာလာလုပ်ရဲတော့မှာ မဟုတ်ဘူး

  • koyinmaung

    November 9, 2011 at 8:27 pm

    အသင်းအဖွဲ့နဲ့စနစ်တကျဖွဲ့ပြီးဈေ းနှုန်းညှိတာတော်ပါသေးတယ်
    ဆိုးတာကလိုင်စင်ကိုလေလံတင်တာပါ…
    ဈေ းခွန်လိုင်စင် ဝက်လိုင်စင် စသောလိုင်စင်မျိုးစုံလေလံတင်လိုက်
    ခြင်းအားဖြစ်နောက်ဆုံးစားသုံးသူပြည်သူတွေနစ်နာရပါတယ်…

  • ကြောင်လတ်

    November 9, 2011 at 10:29 pm

    ရေးသူနဲ့မန့်သူအားလုံးကိုထောက်ခံပါတယ်

  • naywoonni

    November 9, 2011 at 10:43 pm

    သမလိုဌာနမျိုးတွေလည်းဖျက်သိမ်းပစ်သင့်တာပေါ့နော်…။

  • inz@ghi

    November 10, 2011 at 9:49 am

    အဟမ်း…
    မန့်ပီနော … မှားရင်လည်း စိတ်မဆိုးကြေး…

    ဦးနာအောက် ကို ဒဏ္ဏာရီလာ စီးပွားရေးသမား ကြီးလို့
    ဆိုချင်တယ်ဗျ. ..သည်လိုပြောတာ သည်လို လူစား ရှားလွန်လွန်းလို့
    ပြောရတာပါ…. မှန်လွန်း ကောင်းလွန်းလို့တော့ မဟုတ်ဘူးခင်ဗျ..
    ဘကြီးအောက် လွဲခဲ့တာတွေ ရှိပါတယ်… အတော်လွဲခဲ့တာပါ

    တကယ်က ကိုယ့်ထက် အင်အားကောင်းတဲ့ပြိုင်ဘက် ကိုယှဉ်တဲ့
    နေရာမှာ price ကို လက်ကိုင်ထားလို့ မရဘူးခင်ဗျ. ….
    ကျနော် ကြုံတိုင်းအမြဲပြောခဲ့သလို 7Ps မှာ price
    ကနောက်ဆုံး လက်နက် ခင်ဗျ…. နောက်ဆုံးလက်နှက်ဆိုတာ
    ဖွက်ထားရတယ် ..တခြား ဟာတွေနဲ့ မတတ်နိုင်မှ
    နောက်ဆုံး အသက်ကယ်ဆေး လို သုံးရတဲ့ဟာ လို့ တင်စားချင်ပါသည်။

    ဘကြီးအောက် က …price war နဲ့ ယှဉ်ပြိုင်ခဲ့လို့
    နောက်ဆုံးမှာ အားမတန် မာန်လျှော့ ခဲ့ရတယ်လို့ပဲ မှတ်ပါတယ်…

    တကယ်က ဘကြီးအောက် လုပ်ရမှာက branding ခင်ည….
    လူပြောမသန် လူသန် မပြောဆိုသလို ….
    လူသန်ကြီး ဘကြီးအောက် အပြော မသန်ခဲ့ဘူးထင်ပါ့…

    တိုင်းတပါးသား အင်အားကြီး ပြိုင်ဘက်ကို ယှဉ်ဖို့ ရန်မှာ
    ပြည်တွင်းဖြစ် ကို အားပေးပါ တိုင်းရင်းသား လုပ်ငန်းကို
    ကာကွာပါ ဘာညာနဲ့ branding ကောင်းကောင်းလုပ်ပစ်ရမှာ…
    အဲ့သည့်ခေတ်က ဆို ဝံသာနုစိတ်ဓါတ်ကို အရင်းခံပြီး…
    (အသုံးချပြီး..)
    ဆော်နိုင်မယ်ဆို ..သဂျီးဇဂါး ယူသုံးရရင် မီလျံဘစ်ဇနက် ပေါ့ခည…

    စာစုထဲမှာ သည်ဇာတ်ရဲ့ ဇာတ်သိမ်းပိုင်း ထည့်မရေးထားတာ
    တွေ့ရပါတယ် …(ပို့စ် ရဲ့ ဆိုလိုရင်း နဲ့ မဆိုင် လို့ ချန်ခဲ့သည်
    လို့ မှတ်ပါသည် … သို့သော် ကျနော်ကတော့ သည် ဇာတ်ကို
    တူးဆွ ချင်မိတဲ့ စိတ်ကြောင့် ရေးရပါသည်)

    အဲ့သည့်ခေတ်က အင်ဇာဂီ လူမဖြစ်သေးတာ
    ဘကြီးအောက် ကံဆိုးဖို့ ဖစ်လာကြောင်း ….

    Mighty Male and Marvelous Myanmar Marketer
    Inz@ghi

    • inz@ghi

      November 10, 2011 at 10:14 am

      “ဒီလိုနဲ့ခရီးသည်တွေကိုလျော့ပေးရုံမက ပုဝါတပိုင်စီပေးတဲ့အထိ service ကောင်းလာခဲ့တယ်၊”

      အဲ့ရာ မှားဒယ်ဗျ ….ဆားဗစ်ကောင်းတာမဟုတ်ဘူး….
      ၆တလွဲ ဆားဗစ်ကို ပေးမိတာ …
      စီးပွားရေးဗျ… အလှူပေးတာမဟုတ်ဝူး…
      ဘာတဲ့ ကျုပ်တို့ လူမျိုးတွေ ရူးရူးမိုက်မိုက် ပြောတတ်တဲ့ ရှေးစကား
      ဘာတဲ့ …အလှူမတတ် ဈေးရောင်း တဲ့ …တကယ်က (အလုပ်)ဘစ်ဇနက်
      က ဘစ်ဇနက် ချာရတီ(အလှူ) က ချာရတီပဲ …
      သပ်သက်စီလုပ် … တံဆိပ်မကပ်နဲ့ ဆွဲမထည့်နဲ့….

      ဆွဲထည့်ချင်ရင်တော့ ရတယ် …..သို့သော် အဲ့ဒါ
      re-branding တို့ brand rejuvenation တို့ကျမှ လုပ်
      ဒါမှမဟုတ် PR အနေနဲ့ လုပ် ..
      တခုတော့ရှိတယ် ဒါတွေက အချိန် ကာလ သတ်မှတ်ချက် တခု
      အတွင်းပဲလုပ်ရမှာ တောက်လျောက်လုပ်ရမှာ မဟုတ်…

      ကြုံလို့ ပြောရရင်
      ဆန်ရှင်ထိတာ နိုင်ငံတကာက ဆီမရောင်းလို့
      တမ်အွိုင်လ်း က တဆင့်ပြန်ဝယ်ရတာ ..
      ယပက်လက်ကနေ လက်သိပ်ထိုး ဝယ်ရတာ
      အကန့် အသတ်ရှိလို့ နောက်ပီး..လူတွေ မသိစေချင်လို့
      …… ဝူဝူးတွေတင်သွင်းခွင့် ကိုနှစ်ပေါင်းများစွာ ပိတ်ထားပီး ……
      (ဝူဝူးကများပီး ထည့်မောင်းစရာ ဆီက မလောက်ရင် လူတွေ
      လမ်းပေါ်တက်လာမှာ ကြောက်တာလည်း ပါတာကိုး….)
      အရှုံးခံ ရောင်းပေးတာပါ ဘာညာ အော်နေတဲ့
      ဟို ဟွာကြီးတွေ လုပ်ရပ် ကိုလည်း … ထွီ …..

      မှတ်ချက်
      အင်ဇာဂီ စိတ်အချဉ်ပေါက်နေသည်……

    • pooch

      November 10, 2011 at 8:33 pm

      နောက်ဆုံးမှာ ဦးနာအောက်က ဘယ်လိုမှ မရပ်တည်နိုင်တော့လို့ လုပ်ငန်းရပ်ဆိုင်းလိုက်ရပါတယ်.. အင်ဇာဂီရေ….

      ဒီတပတ်ထုတ် 7 Day ဂျာနယ် ( vol.10, No.34, Nov Issue ) စာစောင်မှာလည်း ” ဘာမှန်းမသိသော အကြောင်းတရားများနဲ့ ကျနောလည်း စပါတာကပ် ” ဆိုတဲ့ ဆောင်းပါးမှာ

      ဦးနာအောက် အကြောင်း ရေးထားပါတယ်..

  • ဆူး

    November 10, 2011 at 11:05 am

    မြန်မာ လူမျိုးတွေက အကျင့်တခုက သာရင်ပြီးရော.. ငါသာမှ ဖြစ်မယ် ဆိုတဲ့ ဝါးလုံးခေါင်းထဲ လသာချင်တယ်။ သာချင်တယ် ဆိုတာ သူများထက် အဆစ်ပိုရတာ ပေါချောင်ကောင်း စိတ်ဓါတ်များတာ။
    ပစ္စည်းတခု ဝယ်တယ် ဆိုပါတော့ တယောက်က ၅ကျပ်နဲ့ ရသွားတယ် ရှေ့တယောက်က ငါတော့ ၄ကျပ်နဲ့ ဆစ်အုန်းမယ်။ ဆစ်တဲ့လူတော်လို့ ၄ကျပ်နဲ့ ရရင် ပျော်တယ်။ ငါ ၄ကျပ်ကွ ဆိုပြီး ဂုဏ်ယူဝင့်ကြွားချင်စိတ်ရှိတယ်။ သူကို အထူးအခွင့်အရေး အနေနဲ့ အသားထဲက ဖဲ့ပြီး ၄ကျပ်နဲ့ ပေးလိုက်တာ ဆိုရင် သူလိုက်ကြွားတာနဲ့ တခြားလူတွေ ၄ကျပ်နဲ့ ဆစ်မယ် ၄ကျပ်မပေးရင် သူဆီက မဝယ်တော့ဘူး။ သူ့စီးပွား သူဖျက်သလိုဖြစ်မယ်။ အထူးအခွင့်အရေးဆိုတာ ရင်းနှီးမှုကြောင့်လည်း ဖြစ်ချင်ဖြစ်မယ် ပတ်သတ်မှု တခုခုကြောင့်လည်း ဖြစ်ချင်ဖြစ်မယ်။ ထားပါတော့.. ဈေးဆိုတာတော့ တည်တည်ငြိမ်ငြိမ် ထားသင့်တယ်။ စိတ်ဓါတ်ရေးရာနဲ့ ဈေးကွက်ကို ချဲ့ထွင်သင့်တာ ပိုမှန်တယ်။ စားသောက်ဆိုင်တွေမှာ မြန်မာတွေ တရုတ်တွေနဲ့ တခြားတိုင်းရင်းသားတွေပေါ့ သိပ်မရွေးကြဘူး စားချင်တဲ့ ဆိုင်ဝင်စားလိုက်တယ် အဓိက ဗိုက်ပြည့်ဖို့ လိုအပ်ချက်ပြည့်ဖို့ အရေးကြီးတယ်။ မူဆလင်တွေကတော့ သူတို့ အမှတ်အသားပါတဲ့ဆိုင် သူတို့ ဘာသာတွေ ဖွင့်တဲ့ ဆိုင်တွေမှ အားပေးတတ်တယ်။ စိတ်ဓါတ်ဆိုတာ ဒီလိုမျိုး ဖြစ်နေရင် ဘယ်တော့မှ အရင်းမပြုတ်ဘူး ကိုယ့်လူမျိုးကို ရိုက်ဖို့ မဟုတ်ပေမဲ့ ကိုုယ့်လူမျိုးကလည်း ကိုယ့်ကို ချစ်ပါသလား ကိုယ်ရဲ့ မေတ္တာနဲ့ တန်သလားဆိုတာမျိုးတွေ တွေးစရာ ရှိတယ်။ မြန်မာလူမျိုးတွေ ဆန်ပေးရင် ဆီရမယ် ဆိုတဲ့ စကားအလကား ထားခဲ့တာ မဟုတ်ဘူး။ တစ်ဦးချင်းစီ ဆီက စိတ်ဓါတ်လေးတွေ မသိမသာ ပြင်လိုက်ရင် လူမျိုးကြီးဝါဒ ဆိုတဲ့ မျိုးချစ်စိတ်တွေ သိပ်ကြီးလွန်းရင် သိပ်ချမ်းသာတဲ့ လူမျိုးတွေလို့ ကမာ္ဘက သိလာလိမ့်မယ်။ မယုံမရှိနဲ့ ၁၉၈ဝ ကျော် လောက်အထိ စစ်ကြောင့် ဒုက္ခပင်လယ်ဝေ နေတဲ့ ကိုရီးယား အခု ချမ်းသာတဲ့ နိုင်ငံဖြစ်နေပြီ။ ဂျပန်တွေ ချမ်းသာတဲ့ အပြင် စည်းကမ်းလည်း သိပ်ရှိတယ်။ ငယ်စဉ်ကတည်း စနစ်တကျ အချောင်လိုချင်တဲ့ စိတ်မရှိအောင် သင်ကြားပေးသင့်တယ်။

    အချောင်လိုချင်တဲ့ စိတ်ဓါတ်က တော်တော် ဆိုးနေတာ.. ဈေးဝယ်ရင် အဆစ်လိုချင်တယ် အပိုတောင်းချင်တယ် ဈေးမတရားဆစ်ချင်တယ်။ ဈေးသည်လည်း မကောင်းဘူး။ ဒီတော့ ဘတပြန် ကျားတပြန် ခေတ်ထဲမှာ ကိုယ်က ဆစ်နိုင်မှ တော်ကာကျမယ် ဆိုတဲ့ စကားတွေ ဖြစ်လာပြန်ကော.. တော်တော် ဆိုးတဲ့ စိတ်ဓါတ်တွေ.. စူပါမားကတ်တွေမှာ ဈေးဝယ်ရင် ကပ်ဈေးနဲ့ ကြိုက်ရင်ဝယ် မကြိုက်ရင်မဝယ်နဲ့ဆိုတော့ ဘယ်သူမှ ဈေးမဆစ်ကြဘူး။ တနေ့က ငါးခြောက်ရောင်းတဲ့ ဈေးသည် တယောက်နဲ့ ဈေးဝယ်သူ တယောက် အပြိုင်ညစ်နေတာ တွေ့တော့ တော်တော် စိတ်ပျက်ဖို့ ကောင်းတဲ့ စိတ်ဓါတ်တွေ တွေ့ရတယ်။ ဈေးသည်က အလေးခိုးတယ် ဝယ်သူက မသိအောင် ငါးခြောက်ခိုးတယ် ကောင်းကော.. သူ့ဟာနဲ့သူ ကွက်တိပါပဲ။

    ခရီးထွက်တုန်းက တွေ့မိတဲ့ မြန်မာသူဌေးတယောက်ပဲ သူက ဈေးဝယ်လိုက်တိုင်း ဈေးတွေကြီးနေလို့ မိန်းမက ရှင်တော့ ဒီနေ့ တော်တော် အရိုက်ခံနေရတယ် ဆိုပြီး ငြီးတွားပြီး နောက်နေလို့.. ယောကျားလုပ်သူက မိန်းမကလည်း ဒီလောက် ပိုက်ဆံက ဘာမှမဖြစ်ဘူး ကိုယ့်လောက်မရှိတဲ့လူကို ထောက်ပံ့ပေးလိုက်တယ်လို့ သဘောထားလိုက်လေကွာ ဆိုပြီး ပြောတဲ့ စကားသံကြားတော့ တော်တော် အံဩသွားတယ် ငါတောင် ဒါမျိုး စိတ်ဓါတ်မထားနိုင်သေးပါလား ဆိုပြီး ကိုယ့်ဟာကိုတောင် ရှက်မိသွားတယ်။

    • inz@ghi

      November 10, 2011 at 11:30 am

      ဟုတ်ပါ့ အန်တီဆူးရေ …

      တားလည်း အဲ့သည့် ၆ကျင့်ကြီး ကြိုက်ဝူးဗျ…
      ဘာ တခွန်းဆိုင် တဲ့ ၆ချက်မချိ တံဆိပ်ကြီးကပ်ထားကြတာ…
      ရောင်းတဲ့ သူတွေဘက်ကလည်း optimized price နဲ့ ရောင်းချင်ကြတယ်..
      ဝယ်တဲ့လူကလည်း ဆစ်ရမှ ကျေနပ်တယ်…
      ဂဘာမှာ အကုန် ဈေးကပ်ပီးရောင်းကြတာချည်းပဲ ….

      နာဂစ်တဲ့ အဲ့တုန်းက ကြက်ဥဈေးကို ပဲကြည့် ….
      ကွာတာများပြောပါတယ်…

      တား တိုးဟိုကု ငလျင်ကြီးဖြစ်တော့ အရှေ့ကျွန်းမှာ
      ဒုက္ခသည် စခန်းတောင် ၁ညအိပ်လိုက်ရသေး …
      လူတွေ စိတ်ပူပီး အဝယ်တွေများတော့ ကွန်ပနီ စတိုးတွေမှာ
      ဆန်တွေပြတ် ဟင်းချက်စရာပစ္စည်းတွေပြတ် ဓါတ်မီးလို အသုံးအဆောင်တွေပြတ်…
      ဂငယ်တွေများတော်ရှာတယ် ငလျင်ဒဏ်မခံရတဲ့ ဒေသတွေက ပစ္စည်းတွေ
      ဒဏ်ခံရတဲ့ ဒေသတွေကို ပို့ပေးကြတယ်. ..
      (အလှူမဟုတ်ဝူးနော် …ဟိုမှာ တင်ပြီးရောင်းမည့်ပစ္စည်းကို သည်ဘက်က ဆိုင်တွေကို
      ရောင်းဖို့ ပို့ပေးကြတာ စာနာသဖြင့် သူရို့ ချိုးချန်ပီး သုံးပေးကြတယ်…. အလှူက သပ်သပ်
      လုပ်ကြသေးတာ … .တားတောင် ဒုက္ခသည် ထမင်းထုပ်၁ထုပ်နဲ့ ရေတဗူး ရလိုက်သေး..)
      ဆိုင်တွေမှာ ပစ္စည်း ပြန်ရောက်လာလို့ သွားဝယ်
      ဆန်၅ကီလို ၁၅၈ဝ က ၁၅၈ဝပဲ အရင်ဈေးအတိုင်း…

      ရောင်းသူကလည်း အခက်အခဲ အပေါ် အမြတ်မထုတ်ဘူး…
      ၁။ ဂုဏ်သိက္ခာပိုင်းအရ ရှက်လို့
      ၂။ အဲ့လိုလုပ်လိုက်ရင် ၁နပ်စားကြံလိုက်ရင် နောက် လုံးဝ လုပ်စားလို့ရတော့မှာ မဟုတ်လို့

      ဝယ်သူကလည်း နောက်ပစ္စည်းပျက် ခက်မဟဲ့ဆိုပီး
      ပိုက်ပိုက် ရှိ ရှိသလို ဘယ်သူမှ ၁တင်းလောက် ဝယ်မလှောင်ဘူး…
      သူများလည်း ကိုယ့်လို ဒုက္ခရောက်ရှာမှာပဲလေ ဆိုတဲ့ စိတ်နဲ့

      တားတို့ ရွှေပြည်ကြီးများ …ဗိုက်တာမင် ဘီစကွတ် အစ ဆေးစိမ်ခြင်ထောင်အဆုံး
      သံဈေးကြီးကိုရောက်လို့ …. ရပ်ကွက်ထဲ ရေအငှားလိုက်တင်တဲ့ ဒိုင်နမိုလေးတွေလည်း
      ၁နာရီ ၅၀၀ဝ တောင်းလို့ …လုပ်စားကြတာများပြောပါတယ်…

      ၆ကျင့်တွေပြင်ဖို့ကောင်းပီ …

      မုန့်ဟင်းခါး အရည်တောင်းသောက်တာနဲ့ အလေးခိုးတာကို ဆန့်ကျင်ရှုံ့ချသော
      အစွန်းရောက်
      အင်ဇာဂီ…

  • mozillamedia

    November 10, 2011 at 1:19 pm

    ဒီဘက်ခေတ်ရဲ့ ပြိုင်ဆိုင်မှုတွေကတော့…..
    ဟိုုဝန်ကြီးက ကား အစီး(၂၀) ရှိနေလို့ ဒီဝန်ကြီးကလည်း အမှီလိုက်ရတာမျိုး…
    အောက်လက်ဝန်ထမ်းတွေ အဖို့မှာကလည်း….
    ဟိုတစ်ယောက်က (၁၀)သိန်းဂါလိုက်လို့….. နောက်တစ်ယောက် (၂၀)သိန်း ဂါ ပြီး ဖြတ်သုတ်သွားတာမျိုး…
    အစရှိသဖြင့်ကတော့ သမ္မတကြီး ဘယ်လိုကိုင်တွယ် မလဲ မသိဘူး…..
    ဝန်ကြီးတွေကို လိမ့်ပိတ် ငေါက်လိုက် ရင်တော့ သမ္မတကြီးဆီ အထုပ်တွေ ရောက်လာမှာ သေခြာပါတယ်…
    အခုလည်း လက်ခံထားလို့ ငြိမ်နေတာများလားပဲ…..

Leave a Reply