Aung San Suu Kyi sponsors short film festival

kaiNovember 10, 20115min16115

ယူအက်စ်ကလူတွေလည်း ဝင်ပြိုင်လို့ရတာမို့ သတင်းတင်ပေးလိုက်တာပါ.။
ဒါကိ ုသတင်းဌာနတွေလည်း ဖြန့်ပေးစေချင်ပါကြောင်း..။

ဒေါ်အောင်ဆန်းစုကြည် ဦးစီးကျင်းပမည့် 'လွတ်လပ်ခြင်း ရုပ်ရှင်ပွဲတော်' အတွက် ရုပ်ရှင်ကားတိုများနှင့် မှတ်တမ်းတင် ရုပ်ရှင်ကားများကို ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်းနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်။ ၎င်းပွဲတော်ကို ဇန်နဝါရီ ၁ ရက်မှ ၄ ရက်နေ့အထိ ကျင်းပမည် ဖြစ်သည်။ ဓာတ်ပုံ - ဘူးသီး

Suu Kyi sponsors short film festival

By Kyaw Hsu Mon

October 31 – November 6, 2011

DAW Aung San Suu Kyi, Zaganar and director Min Htin Ko Ko Gyi have linked up to host a short film festival in January, the comedian told The Myanmar Times last week.

The Art of Freedom Film Festival will be held from January 1 to 4, with documentary and short film makers to submit entries no later than December 20.

The festival aims to “broaden the essence and concept of freedom” among Myanmar people and encourage freedom of expression, organisers said last week.

Zaganar, also known as Ko Thura, and Min Htin Ko Ko Gyi will judge the contest, while Daw Aung San Suu Kyi will provide financial support.

“The idea [to hold the festival] was Daw Aung San Suu Kyi’s; we are just supporting her to. She came up with the objectives herself,” Zaganar said.

“Daw Aung San Suu Kyi will provide the funding for the festival and she plans to give the awards to the winners. Min Htin Ko Ko Gyi and I will be responsible for the organisation.

“We will announce the winners and give the prizes on January 4, Independence Day. There are no limits on age or background, anyone who is interested can enter.”

The festival’s objectives include to use film and cinematic art as a medium to see the essence of freedom as explained by an independent filmmaker. Films will be selected “based on an individual filmmaker’s enlightenment on the essence of freedom”, and selected films will be screened over the four days. An opening ceremony will be held on December 31.

The location is yet to be decided but likely to be at either Maha Thantithukha Monastery or Maha Withudaryone Monastery, both in Tarmwe township.

“I prefer the Maha Thantithukha, which is where the Wathann Film Festival was held last month,” Zaganar said.

Films must have English subtitles, and run for no longer than one hour. There are likely to be two prize categories, for Best Short and Best Documentary, and prizes will be awarded but have not yet been announced.

Zaganar said actor Kyaw Thu, head of the Free Funeral Service Society (Yangon), was likely to submit an entry into the competition.

“Making short films is also a hobby of mine … I made a lot of short films in the past but I won’t show any of these in the festival because they are not related with the theme of ‘freedom’,” Zaganar said. “When I released from the prison, I met with Daw Aung San Suu Kyi and she said she wanted to hold a documentary competition … so we decided to cooperate and arrange this festival.” He said they hope to hold the festival annually.

The selection committee will accept only DVDs of complete films. Directors should submit two copies of their film, along with a completed submission and agreement form, a synopsis of the film, a director’s statement and biographies of the directors and producers.

ဒေါ်အောင်ဆန်းစုကြည်ဦးစီးပြီး ရုပ်ရှင်ကားတိုပြိုင်ပွဲ ကျင်းပမည်

ကျော်ဆုမွန်

အတွဲ ၂၈ ၊ အမှတ် ၅၄၂ ( ၄ – ၁ဝ ၊ ၁၁ ၊ ၂၀၁၁)

ဒေါ်အောင်ဆန်းစုကြည် ဦးစီးကျင်းပမည့် ‘လွတ်လပ်ခြင်း ရုပ်ရှင်ပွဲတော်’ အတွက် ရုပ်ရှင်ကားတိုများနှင့် မှတ်တမ်းတင် ရုပ်ရှင်ကားများကို ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်းနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်။ ၎င်းပွဲတော်ကို ဇန်နဝါရီ ၁ ရက်မှ ၄ ရက်နေ့အထိ ကျင်းပမည် ဖြစ်သည်။

ဓာတ်ပုံ – ဘူးသီး

ဒေါ်အောင်ဆန်းစုကြည် ဦးစီးကျင်းပမည့် လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲ တော်အတွက် ရုပ်ရှင်ကားတိုများနှင့် မှတ်တမ်းတင်ရုပ်ရှင် ကားများကို စိတ်ဝင်စားသူ မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်းနှင့် အဆိုပါပွဲတော်ကို လာမည့် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ၄ ရက် နေ့အထိ ပြပွဲနှင့်ပြိုင်ပွဲ တစ်ပါတည်း ပူးတွဲကျင်းပမည်ဖြစ်သည်။

ပွဲစတင်မည်ဟု ကြေညာသည့် အောက်တိုဘာလ ၃၁ ရက်နေ့တွင်ပင် ပြိုင်ပွဲဝင်ကားပေါင်း ၁၆ ကား လက်ခံရရှိ ခဲ့ကြောင်း ပြပွဲကျင်းပရေး အဖွဲ့မှ လူရွှင်တော် ဇာဂနာက ပြောသည်။

လွတ်လပ်ခြင်းအပေါ်ဖွင့်ဆိုမှုကို အခြေခံပြီး ရိုက်ကူးဖန်တီးထားသည့် ရုပ်ရှင်ဇာတ်ကားများမှတစ်ဆင့် ပြည်သူများအကြား လွတ်လပ်ခြင်း၏ အနှစ်သာရနှင့် အတွေးအခေါ် အယူအဆများ ပျံ့နှံ့စေရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း အဆိုပါပြပွဲနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်း စုကြည်က ဖွင့်ဆိုရေးသားထားသည်။

ပြိုင်ပွဲကျင်းပမည့်နေရာကိုမူ လက်ရှိတွင် ရွေးချယ်ရသေးခြင်းမရှိဘဲ

မီနီရုပ်ရှင်ရုံငယ်ပါရှိသည့် တော်ဝင်စင်တာကို အကြမ်းဖျင်း ရွေးချယ် ထားသည်။

ထိုပွဲတော်ကို ဒေါ်အောင်ဆန်းစုကြည်၏ အကြံပြုချက်၊ ငွေကြေးစိုက် ထုတ်မှုဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး ဒါရိုက်တာ မောင်သူရ (ဇာဂနာ) နှင့် ဒါရိုက်တာ မင်းထင်ကိုကိုကြီးတို့က အကဲဖြတ်ဒိုင်များအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။

ပြိုင်ပွဲတွင် ပါဝင်လိုသူများသည် လွတ်လပ်ခြင်းနှင့် ဆက်စပ်မှုကို ရိုက်ကူးထားသည့် မိနစ် ၃ဝ ထက်မပိုသော ရုပ်ရှင် နှင့် မှတ်တမ်း ရုပ်ရှင်ကားကို ဒီဗီဒီချပ်ဖြင့် ဒီဇင်ဘာလ ၂၂ ရက်နေ့ထက် နောက် မကျစေဘဲ အလင်းတန်းဂျာနယ်သို့ ပေးပို့ရမည်ဖြစ်သည်။

ထို့ပြင် ဇာတ်ကားတိုင်းတွင် အင်္ဂလိပ် စာတန်းထိုးပါရှိရန် လိုအပ်ကာ ဆုရသူများအား အကောင်းဆုံးမှတ်တမ်းဆု၊ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားတိုဆု စသဖြင့် ရွေးချယ်ပေးမည်ဖြစ်ပြီး ပြိုင်ပွဲဝင် ရုပ်ရှင်အရေအတွက်ပေါ် မူတည်ကာ ဒုတိယနှင့် တတိယဆု များကိုလည်း ချီးမြှင့်သွားမည်ဖြစ်သည်။

ထိုဆုများကို ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ချီးမြှင့်မည်ဖြစ်သည်။

“ပြည်ပကသူတွေလည်း လာပြိုင်လို့ ရပါတယ်။ ဒါပေမယ့် နိုင်ငံခြားသားနဲ့ တိုင်းရင်းသားဆိုရင်တော့ တိုင်းရင်းသားကိုပဲ ဦးစားပေး ရမှာပါ”ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောသည်။

လက်ရှိတွင် ပြည်ပနိုင်ငံများဖြစ်သည့် ဂျာမနီ၊ ချက်သမ္မတနိုင်ငံနှင့် အမေရိကန် နိုင်ငံတို့မှ ၁၃ ကား ပေးပို့ထားပြီးဖြစ်ကြောင်း ဇာဂနာက ပြောသည်။

“ရုပ်ရှင်ကားတို ရိုက်တယ်ဆိုတာ ကျွန်တော့ဝါသနာတစ်ခုပါ။ ဟိုးအရင်ကလည်း ရိုက်ခဲ့ဖူးတယ်။ ဒါပေမယ့် အဲဒီ ကားတွေကိုတော့ ဒီပွဲမှာ ပြဖြစ်မှာ မဟုတ်ပါဘူး။ အခုပြပွဲခေါင်းစဉ်နဲ့လည်း မညီလို့ပါ”ဟု ဇာဂနာက ပြောသည်။

ယခုပြုလုပ်မည့် ရုပ်ရှင်ကားတိုပြိုင်ပွဲတွင် နာရေးကူညီမှုအသင်းမှ ဦးကျော်သူ ကလည်း ရုပ်ရှင်ကားတိုတစ်ခု ရိုက်ကူး ပြသပြီး ပြိုင်ပွဲဝင်ရန် ပြင်ဆင်နေကြောင်းလည်း ဦးကျော်သူက ပြောသည်။

“ရိုက်ဖြစ်မှာက နှစ်မိနစ်နဲ့ သုံးမိနစ်ကြား ဇာတ်လမ်းတိုပါ”ဟု ၎င်းက ဆိုသည်။

ပြပွဲနှင့်ပတ်သက်သည့် ရည်ရွယ်ချက်များနှင့် ပါဝင်မည့်အကြောင်းအရာများ နှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရေးသားထားသည်။

ရွေးချယ်ခံရသည့် ဇာတ်ကားများအားပွဲတော်ကျင်းပသည့်ကာလအတွင်း ပြသသွားမည်ဖြစ်ပြီး ပထမဆုအဖြစ် ကျပ် ငွေ ၁ဝ သိန်းပေးအပ်ရန် ရည်ရွယ်ထားသည်။

ထို့ပြင် ဆုရရုပ်ရှင်များအား သင့်လျော်သည့် နိုင်ငံတကာ ရုပ်ရှင် ပွဲတော်များသို့ ဆက်သွယ်ပေးပို့သွားမည် ဖြစ်ပြီးလာမည့် ဇန်နဝါရီလ ၂၉ ရက် နေ့တွင် ပြိုင်ပွဲဝင် ဖန်တီးသူများနှင့် အမေရိကန်နိုင်ငံမှ မှတ်တမ်းရုပ်ရှင် ပညာရှင်များ တွေ့ဆုံဆွေးနွေးပွဲကိုလည်း ပြုလုပ် သွားမည်ဟု သိရသည်။

http://www.myanmar.mmtimes.com/2011/news/542/news12.html

15 comments

  • kai

    November 10, 2011 at 4:00 am

    “လွတ်လပ်ခြင်း အနုပညာ” ရုပ်ရှင်ပွဲတော် တဲ့..
    အနုပညာတွေခေတ်စားလာပြီပေါ့နော..။

    အင်း..
    ယူအက်စ်မှာလည်း နောက်တပါတ်မှာ မြန်မာရုပ်ရှင်ပွဲတော်ရှိပါတယ်..။
    မြန်မာပြည်က.. သက်မွန်မြင့်လာမယ်..
    သတင်းအသေးစိတ်တင်ပါဦးမယ်..။ 🙂

    • ကိုရင်စည်သူ

      November 10, 2011 at 1:58 pm

      သဂျီးအိုင်ခူး
      သက်မွန်လေးက ကိုယ်နဲ့ ဟိုတလောက ကွဲလု့ိ
      စိတ်နာပြီး ကပေါက်ဖော် အိမ်နောက်နားက မြောင်းဘေးမှာ
      ဓါတ်ပုံတောင် သွားရိုက်သေးတယ်…
      ခုတော့လည်း ကိုရင်ကို စိတ်နာနာနဲ့
      သဂျီးတို့ဆီ ထွက်သွားပြီး ထင်ပ…
      ဟိုရောက်ရင် ကိုရင်မျက်နှာနဲ့ သေချာဧည့်ခံလိုက်ပါနော့… 😀 😀 😀

      • kai

        November 11, 2011 at 1:15 am

        ချင်းဇာတိနွယ်တွေ ယူအက်စ်မှာများတာမို့.. သက်မွန်မြင့်တော့.. တော်တော်ပေါ်ပြူလာဖြစ်နေတာပဲ..။ဧည့်ခံဖို့ကတော့ မပူနဲ့.. သူတို့တာဝန်ယူထားတယ်..။ ပြန်တောင် လွှတ်ပါ့မလားမသိ..။ 😆

  • TTCG

    November 10, 2011 at 5:10 am

    “ပြည်ပကသူတွေလည်း လာပြိုင်လို့ ရပါတယ်။ ဒါပေမယ့် နိုင်ငံခြားသားနဲ့ တိုင်းရင်းသားဆိုရင်တော့ တိုင်းရင်းသားကိုပဲ ဦးစားပေး ရမှာပါ”ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောသည်။

    တစ်မျိုးကြီးပဲ… အရည်အချင်းကို အမှတ်ပေးတာမဟုတ်ဘူးလား??? ပြည်ပကလူတွေကို ဦးစားမပေးဘူးဆိုရင် အစကတည်းက ဝင်ပြိုင်ခိုင်းဘို့ မသင့်ဘူး… ကြာရင် ကျွန်တော်တို့ မြန်မာပြည်ကလူတွေ “အိမ်ကျယ်” တွေ ဖြစ်လာလိမ့်မယ်… ကိုယ့်ကိုကိုယ် အဟုတ်ကြီးထင်သွားရင် ဒုတ်ခ

    ပြိုင်ပွဲဆိုမှတော့ ဝင်ပြိုင်တဲ့လူတိုင်းကို တစ်ပြေးညီ ဆုံးဖြတ် အကဲဖြတ်သင့်တယ်… ဒါမှလည်း စစ်မှန်တဲ့ အရည်အချင်းရှိတဲ့လူတွေ ထွက်လာမှာပေါ့

    • inz@ghi

      November 10, 2011 at 10:39 am

      ထောက်ခံတယ်ဗျ….
      ဘယ့်နှယ့် လွပ်လပ်ခြင်းလည်းပြောသေး …လူမျိုးရေးလည်း ခွဲခြားသေး….

      ငွေ၁ဝသိန်း ကို တိုင်းရင်းသားပဲ ရစေချင်တဲ့ စေတနာကိုတော့
      မြင်မိပါရဲ့ ဒါပေသိ …

    • ကြောင်ကြီး

      November 10, 2011 at 11:15 am

      ပြည်တွင်းထုတ်လုပ်မှု အကြံအစည်များကို အားပေးချင်တဲ့ သဘောဖြစ်ပါလိမ့်မယ်။ ပြည်ပနေသူများမှာ အဖက်ဖက်က အားသာချက် ရှိထားတယ်လေ။ အဲသလို မြေတောင်မမြှောက်ပေးရင် အညွှန့်လေးတွေ အပင်ပေါက်လာနိုင်ပါ့မလား။ မပြိုင်ခင်မှာကထဲက စိတ်လျော့သွားရင် ဘယ်နှယ်လုပ်မလဲ။ ထင်တာပြောကြည့်တာပါ။ ပြည်တွင်းမှာရှိတဲ့ ရွာသားကြောင်သတ္တဝါများကလည်း ကြောင်တွေအကြောင်း ရိုက်ဖို့စိတ်ကူးမရှိဘူးလား။ အလကား လေကျယ်ပြီး ကျေးဇူးမသိတတ်တဲ့ဟာတွေ။။။

  • Foreign Resident

    November 10, 2011 at 11:21 am

    ” ပြည်ပကသူတွေလည်း လာပြိုင်လို့ ရပါတယ်။
    ဒါပေမယ့် နိုင်ငံခြားသားနဲ့ တိုင်းရင်းသားဆိုရင်တော့ တိုင်းရင်းသားကိုပဲ ဦးစားပေး ရမှာပါ ”

    အခုခေတ်ကြီးမှာ ငွေ ၁ဝ သိန်းဆိုတာ ဘာမှကို မဟုတ်တော့တာပါ ။
    ပြိုင်တဲ့သူတွေကလည်း ဂုဏ်သိက္ခာ အတွက်ပဲ ပြိုင်မှာပါ ။

    နိုင်ငံခြားသား နဲ့ တိုင်းရင်းသား တန်းတူဖြစ်ရပါမယ် ။
    နို့မို့ရင် ပြိုင်ပွဲရဲ့ အဆင့်အတန်း နိမ့်ကျသွားပါမယ် ။
    နိုင်ငံတကာက အထင်အမြင် သေးသွားမယ် ။

    မြန်မာတွေ တွေးတာခေါ်တာ နဲနဲ လိုနေသေးတယ် ။
    ထီကနဲဆိုရင် တချက်လွဲ ပြစ်လိုက်ပြီ ။
    ဒါတောင် ဒီလူတွေက လူကောင်း တွေနော် ။

  • ပေါက်ဖော်

    November 10, 2011 at 5:29 pm

    ပေးပို ့ထားလို ့..လက်ခံရရှိထားတာ စုစုပေါင်း ၁၆ကား..
    အဲအထဲမှာ..ပြည်ပက ပို ့ထားတာ..၁၃ ကား.. ဆိုတော့…
    နိုင်ငံခြားသားဟုတ်မဟုတ် မသိဘူးနော်..ဒါပေမင့်…နိုင်ငံဂျားရောက်နေတဲ့လူက..ဒီပြိုင်ပွဲမှာ….
    ဆုရဖို ့.ပိုနီးစပ်နေတယ်..အခွင့်အရေးပိုများတယ်..
    ဒါကြောင့်..ဒီဆုကို…တိုင်းရင်းသား…ဦးစားပေးတာ….ပေးသင့်တယ်လို ့..ထင်တယ်ခင်ည..

    အနော်တို ့ကို ဦးစားပေးကြပါခင်ညာ….ဦးဇားပေးကြဘာ..
    🙄

    ကိုရင်စည်..လျှာမရှည်နဲ ့..
    ယူအက်စ် သွားပြီး..မွန်လေးပြန်မလာရင်.နင့်ကြောင့်ပဲ….
    ဟွင်း..ဟွင်း..ဟွင်း..

  • MaMa

    November 10, 2011 at 9:23 pm

    ဒေါ်အောင်ဆန်းစုကြည်ဦးစီးပြီး ရုပ်ရှင်ကားတိုပြိုင်ပွဲ ကျင်းပမည်ဆိုတာကို ပြည်တွင်းမှာနေပြီး သဂျီးပြောမှပဲ သိရတော့တယ်။ အဲဒီကားတွေ (ဆုရကားတွေအပြင် ပြိုင်ပွဲဝင်ကားတွေ) အားလုံးကို ပြည်သူတွေ ကြည့်ခွင့်ရမလား သိချင်ပါတယ်။

  • TTNU

    November 11, 2011 at 12:22 am

    ဒီ ပြိုင်ပွဲလေးကျင်းပဖို့ ကိုဇာဂနာက (တိမ်ပေါ်မှအတွေးများ) လို့ပြောပါတယ်။ သူလွတ်လာတော့
    လေယာဉ်ပျံပေါ်မှာရလာတဲ့ စိတ်ကူးပါတဲ့။ လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော် (The Art of Freedom
    Film Festival) မှာ ( Documentary Film and Short Film) နှစ်မျိုးခွဲပြိုင်မယ် ၊ ဆုတွေကို ဒေါ်စု ကိုယ်တိုင်
    ချီးမြှင့်မယ်၊ ဆုရ ရုပ်ရှင်တွေကို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များသို့ ဆက်ပို့ပေးမယ်၊ အမေရိကန်နိုင်ငံ
    နယူးရော့ခ် မြို့ သို့စေလွှတ်ပြီးရုပ်ရှင်ပညာသင်ကြားစေမယ်၊ စတဲ့ သတင်းစကားတွေက အနုပညာ
    သမားတွေကို တကယ့်ကို inspiring လုပ်ပေးနိုင်မယ်လို့ ပရိတ်သတ်အနေနဲ့ မျှော်လင့်ပါတယ်။

    ပြိုင်ပွဲဝင်ကတော့ တိုင်းရင်းသားတွေအပြင် ပြည်ပရောက် မြန်မာတွေ ဝင်ပြိုင်ရင်လည်း ကောင်းတာပါပဲ။
    ဘယ်နေရာကိုပဲရောက်နေနေ မင်းဟာမြန်မာဆိုတဲ့ သူတို့ ရင်ထဲကို လှမ်းမြင်ခွင့်ရတာပေါ့။

    • kai

      November 11, 2011 at 1:20 am

      အဲဒီပွဲဆုရသူကို ယူအက်စ်မှာ မြန်မာရုပ်ရှင်ပွဲတော်လုပ်နေတဲ့ အသင်းကစပွန်ဆာလုပ်ပေးလို့ ရနိုင်ပါတယ်..။
      ယူအက်စ်က မင်နီဆိုးတားရုပ်ရှင်ပွဲတော်လည်း တင်ပေးလိုက်လို့ရနိုင်ပါတယ်..။
      ကျောင်းဆက်တက်မယ်ဆိုလည်း စီစဉ်ပေးနိုင်ပါတယ်..။

      ညှိပေးဆို ညှိပေးနိုင်တာမို့.. မြန်မာပြည်ထဲက.. ဘယ်သူနဲ့ ဆက်သွယ်ရမလည်း သိချင်သား..။ ကိုဇာဂနာနဲ့မေးရင်ရမှာလားမသိ..။ 😆

      • TTNU

        November 11, 2011 at 1:39 am

        ကိုခိုင်
        တီချာက ခင်သန်းနု/ မေသန်းနု ဆိုရင်တော့ ရုပ်ရှင်နယ်နဲ့ အနီးစပ်သားလူကလေးရဲ ့။
        ကျုပ်က ဒေါ်သနု …ရုပ်ရှင်နယ်နဲ့ ပတ်သက်လို့ ဗေလုဝ နဲ့ တောင်မသိဘူးကွာ။
        ကိုခိုင် အတည်ပြောတာဆိုရင်တော့ ကိုဇာဂနာ / ကိုမင်းထင်ကိုကိုကြီးတို့ ကို မေးရင်
        ကောင်းမယ်နော်။ ကြည်ဖြူရှင် လည်း ဆရာမောင်ဝသုန်ကောက်ကြောင်းDocumentary
        ရိုက်ပြီး ပြည်ပမှာ ဆုရဖူးတယ်လို့ ဖတ်ရတယ်။

  • kai

    November 11, 2011 at 4:41 am

    သတင်းအသစ်လေးတွေ.. ဆက်စပ်ဖတ်လို့ရအောင်တင်ပေးတာပါ..။
    ==
    ရုပ်ရှင်ဇာတ်ကားတိုပြိုင်ပွဲ မူလအစီအစဉ်အတိုင်း လုပ်ဆောင်မည်
    2011-11-08

    ဟာသသရုပ်ဆောင် ကိုဇာဂနာနဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးတို့ ပူးပေါင်းပြီး လွတ်လပ်မှုကိုဖော်ကျူးတဲ့ ရုပ်ရှင်ဇာတ်ကားတို ပြိုင်ပွဲတစ်ရပ် လွတ်လပ်ရေးနေ့မှာ ကျင်းပဖို့ စီစဉ်နေကြောင်း အာရ်အက်ဖ်အေက ထုတ်လွှင့်ခဲ့ပြီးဖြစ်ပါတယ်။


    ဒါရိုက်တာ မင်းထင်ကိုကိုကြီး။ photo/min htin kokogyi album

    လွတ်လပ်ခြင်း အနုပညာပွဲတော်လို့ အမည်ပေးထားတဲ့ အဲဒီပြိုင်ပွဲကို ၂၀၁၂ခု ဇန်နဝါရီလ ၁ ရက် ကနေ ၄ ရက် အထိ ကျင်းပမှာ ဖြစ်ပြီး ဆုရဇာတ်ကားတွေကို ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့မှာ ဆုချီးမြှင့်မှာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက် မြန်မာ့အလင်း သတင်းစာမှာတော့ မြန်မာ့ရုပ်ရှင်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မျိုးမြင့်နဲ့ ကိုဇာဂနာတို့ တွေ့ဆုံခဲ့ပုံနဲ့ လွတ်လပ်ခြင်း အနုပညာပွဲတော်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဇာတ်ကားတွေကို ဆင်ဆာ လုပ်ထုံးလုပ်နည်းနဲ့ အညီ ကူညီ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

    ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြိုင်ပွဲဝင် ဇာတ်လမ်းတိုတွေကို ဆင်ဆာတင်ပြဖို့ အစီအစဉ် ရှိမရှိ ဒါရိုက်တာ မင်းထင်ကိုကိုကြီး ကို မေးမြန်းရာမှာ-

    “ကျွန်တော်တို့ ပြောင်းလဲဖို့ လုံးဝရှိမှာ မဟုတ်ပါဘူး။ သတင်းစာ ရှင်းလင်းပွဲနေ့က ကိုသူရ ပြောတဲ့အတိုင်းပါပဲ။ ဆင်ဆာဩဇာ တစ်ခုခု သက်ရောက်တဲ့ ရုပ်ရှင်ပွဲတော် ဖြစ်လာမှာ မဟုတ်ပါဘူး”

    လွပ်လပ်ခြင်း အနုပညာ ရုပ်ရှင်ဇာတ်လမ်းတို ပြိုင်ပွဲကို မူလအစီအစဉ်အတိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပေမဲ့ ပွဲမစခင် အကြိုနေ့မှာတော့ ရုပ်ရှင်အစည်းအရုံးက တာဝန်ရှိ လူကြီးတွေကို ဖိတ်ကြားဖို့ အစီအစဉ် ရှိနို်င်ကြောင်း ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောကြားပါတယ်။

    ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ဦးသစ်ဆင်းက ဆက်သွယ် မေးမြန်းခဲ့တာကို နားဆင်နိုင်ပါတယ်။
    http://www.rfa.org/burmese/news/film-11082011115505.html

  • maungmoenyo

    November 11, 2011 at 8:39 am

    ဒီကိစ္စမြန်မာသတင်းစာတွေထဲမှာဖတ်လိုက်ရတော့ ကိုယ့်မျက်စေ့တောင်ကို်ယမယုံဘူးဖြစ်သွားတယ်။ မသိမသာခြေလှမ်းတွေကနေ သိသိသာသာဖြစ်လာပြီနော…..

  • maungmoenyo

    November 11, 2011 at 8:41 am

    ဒါတွေက ထိပ်ဆုံးကခွင့်ပြုလိုက်မှဖြစ်လာနိုင်တဲ့ကိစ္စတွေလေ…။ သတင်းကတော့စာတပိုဒ်ပါဘဲ။ ဒါပေမဲ့ အဲ့ဒိနောက်ကွယ်မှာ အဓိပ္ပါယ်အများကြီး ပါလာပြီဘဲ။

Leave a Reply