အိမ်မဲစာနယ်ဇင်းဘေးရောက်နေသည်။

mg wineNovember 11, 20111min491

ဧရာဝတီတိုင်း အိမ်မဲမြို့နယ် စာပေနှင့်စာနယ်ဇင်းအဖွဲ့ကိုဖွဲ့စည်းပြီးသည်မှာ၂နှစ်ကြာပြီဟုသိရပါသည်။
ယခင်ကအိမ်မဲမြို့တွင်စာရေးဆရာမောင်ယင်းမာ(ရိုးပြတ်တော)၊အိမ်မဲရင်အေး၊နှစ်ဦးစလုံးကွယ်လွန်ခဲ့ပါပြီ။အိမ်မဲ
ဒေါင်းပြာ(ရန်ကုန်မှာနေသူ)ဒါရိုက်တာ၊အောင်စိုးဦး၊ဗညားဦးအိမ်မဲ(ရန်ကုန်မှာနေကြသူ)အိမ်မဲသားအမည်ခံသူ
တင်ဝင်း(အိမ်မဲ)တို့ရှိကြပါသော်လည်းအိမ်မဲစာနယ်ဇင်းဘေးရောက်နေကြောင်းကြားသိရပါသည်။
၂၀၀ဝခုနှစ်ကအိမ်မဲသားစစ်စစ်ထက်ဝေးဆိုသူကစာနယ်ဇင်းဖွဲ့စည်းရန်ကြိုးစားခဲ့သော်လည်း
မ.ယ.ကဥက္ကဋ္ဌဦးမြင့်ဝင်းလက်ထက်တွင်လုံးဝခွင့်မပြုခဲ့ပါ။၎င်းအချိန်တွင်အာဏာရှင်စနစ်အလွန်ကြီးစိုးနေသောကာလတွင်
ကဗျာဆရာလေးမှလက်လျှော့လိုက်ရပါသည်။
ယခုအခါထပ်မံဖွဲ့စည်းမည်ဟုကြိုးစားသောအခါအာဏာပိုင်က၎င်းဆရာလေးကိုသဘောမတွေ့၍ကြံ့ခိုင်ရေးပါတီမှ
တစ်ဦး၊တိမွေးကုမှအငြိမ်းစားကိုဥက္ကဋ္ဌတင်ကာဖွဲ့စည်းပေးခဲ့သော်လည်း၎င်းအဖွဲ့ကိုနေရာပေးလုပ်ဆောင်ခွင့်ဘာမှမပြု
သေးဟုသိရပါသည်။
အိမ်မဲမြို့ စုပေါင်းဘုံကထိန်ကို(၁၀.၁၁.၂၀၁၁) ရက်နေ့တွင်ကျင်းပလှည့်ခဲ့ရာဋ္ဌာနဆိုင်ရာရုံးပေါင်းစုံပါဝင်
လှည့်လည်သည်ကိုတွေ့ရပြီးရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၅ရုံး၊ဈေးမိသားစု၊တရားမဝင်ဟုသတ်မှတ်ထားသောပျံကျဈေး
တို့ပါဝင်ပြီးမြိုနယ်စာပေနှင့်စာနယ်ဇင်းပဒေသာပင်တွေရခြင်းမရှိ၍မေးမြန်းကြည့်ရာ၎င်းတို့မပါဝင်ကြောင်းသိရပါသည်။
စာနယ်ဇင်းအဖွဲ့လုပ်ဆောင်ချက်မရှိရခြင်းမှာဒေသအာဏာပိုင်၏ပံ့ပိုးမူမရှိ၍ဖြစ်ကြောင်းဒေသခံစာပေသမားတဦး
ကပြောပါသည်။စာနယ်ဇင်းကကြံ့ခိုင်ရေးကဦးဆောင်နေတယ်လို့ကျွှန်တော်တို့သိထားပါတယ်၊စာပေသမားစစ်စစ်ဆိုလို့
ဆရာထက်ဝေးတယောက်ပဲမြင်မိပါတယ်လို့စာပေရေးသားသူတဦးကပြောပါသည်။
အိမ်မဲမြို့နယ်စာပေနှင့်စာနယ်ဇင်းဘေးရောက်နေတယ်ဟုဋ္ဌာနဆိုင်ရာ ဝန်ထမ်းအငြိမ်းစားတဦးကလည်း
ပြောပြကြောင်းသတင်းရရှိပါသည်။

One comment

  • htet way

    November 11, 2011 at 8:44 pm

    ဖတ်ရတာစိတ်မကောင်းပါဘူး
    တကယ်တော့ကျွှန်တော်တို့ဟာလူတွေစိတ်မဝင်စားတာတွေကို
    ဇွဲနဲ့လုပ်မိတာပါ။ကျွန်တော်ရဲ့ညံ့ချက်တွေဆရာနီကိုရဲစကားငှားပြောရရင်
    အလွဲတွေပါ။စာပေတိုးတက်စေချင်တာရယ်၊အိမ်မဲမှာစာပေသမားတွေ
    ရှိစေချင်တာရယ်ပါ။ဘေးရောက်နေတယ်လို့အထင်ခံရတာစိတ်မကောင်းပါဘူး။

Leave a Reply