etone နဲ့ မြွေသူတော်

etoneNovember 11, 20112min24445

dffkslhdf;jn

အိမ်လည် ... အဲ ဟိုတယ် အလည်ရောက်လာတဲ့ မြွေလေး .... ပုလင်းထဲက ထုတ်ပြီးပြီးချင်း လွတ်လွတ်လပ်လပ်လျှောက်သွားနေတာ စားပွဲခုံက အေးလွန်းလို့ ပန်းအိုးပေါ်တက်ပြေးတဲ့ပုံလေးပါ ။

 

ပန်းအိုးထဲမှာလည်း မနေချင်ဘူးဆိုပဲ ... လျှောဆင်းဖို့ ကြိုးစားနေတယ် .... ပန်းတွေ များ စူးသလား မသိ .... 😀

 

သနားစရာမြွေလေး ... ပုလင်းထဲမှာ အဲ့ဒီလိုနေရရှာတာ ... ။ ဆေးခန်းကိုသွားရမှာ သူ့ပါခေါ်မယ်ဆိုတော့ ... ထည့်စရာက ပုလင်းပဲပါတော့ ... ခဏတော့ ကောက်ကွေးပြီးထည့်ထားရတယ် ... ။ ဆေးခန်းရောက်မှ အပ်ဗူးလေးကို လေပေါက်လုပ်ပြီး ထည့်ထားပေးမယ် စိတ်ကူးတယ် ... ။ ပိုတော့ ကျယ်တာပေါ့လေ ... ။

 

ပန်းအိုးက စူးတယ်ဆိုလို့ .... သစ်သီးဗန်းထဲ ခဏထည့်ပေးထားလိုက်တယ် ... ခေါင်းလေးထောင်ပြီးလျှောက်စပ်စုနေတယ် ....အခုမှ လွတ်လပ်ခြင်းရဲ့ အရသာကို ခံစားနေပုံပါပဲ ။
ထရိတ်ဒါးကို အလည်သွားတဲ့ မြွေလေး အခန်းထဲ သွားချင်သလိုသွားပါစေလို့ လွှတ်ထားပေးတော့ ပျော်ပြီးလျှောက်ပြေးနေလေရဲ့

 

ပန်းတွေကို မကြိုက်ပေမယ် ့... သစ်သီးတွေကိုတော့ ကြိုက်ပုံရတယ် ... ဟိုလှည့်ဒီလှည့်နဲ့ ... ပျော်နေသလိုပဲ

 

လွတ်ပြီ ကျွတ်ပြီ ... လျှောက်ပြေးလိုက်ဦးမယ်ကွ

 

မနေ့က လပြည့်နေ့လည်းဖြစ် ရုံးပိတ်ရက်လည်းဖြစ်တာကြောင့် လူတွေ ဘုရားကလွဲလို့ တခြားနေရာ သိပ်မသွားဖြစ်ကြသလို နေ့စဉ် ရှုပ်ယှက်ခတ်နေတဲ့ လမ်းမကြီးက … ထူးထူးဆန်းဆန်း လူနည်းနေပါတယ် … ။ မြင်လိုက်ရတဲ့ မြင်ကွင်းတစ်ခုကြောင့် အားမလိုအားမရဖြစ်သွားတယ် ။ မြွေရောင်းတဲ့ လူကြီးပါ မြွေတွေကို ပုလင်းထဲ ထည့်ပြီး … ပုလင်းတွေကို အိတ်တစ်ခုထဲထည့်နေပါတယ်  ။ သူနေရာပြောင်းရောင်းမှာလား ၊ နေတွက်ကိုက်သွားပြီလား တစ်ခုခုပေါ့ …. ။ ကျွန်မ မြွေမချစ်တတ်ပါဘူး ။ ဘယ်တုန်းကမှလည်း မြွေတစ်ကောင်ဝယ်ဖို့ စိတ်ကူးမရှိဘူး ။

ပုလင်းထဲမှာနေတဲ့ မြွေလေးတွေကို အဝေးကပဲ သနားပြီး …. အနီးနားက ဗိုလ်အောင်ကျော် စိန်ဂေဟာကို ခဏဝင်ပါတယ် ။ စိန်ဂေဟာမှာ လိုချင်တဲ့ ပစ္စည်းမရှိတော့ နောက်မှပဲဝယ်မယ်တွေးရင်း ချိန်းထားတာလည်းရှိတာကြောင့် ခပ်သုတ်သုတ်လမ်းပြန်လျှောက်လာခဲ့တယ် …. ။ တစ်ယောက်တည်းတော့မဟုတ်ဘူး နှစ်ယောက်ပါ  😀

39 လမ်းထိပ်မှာ မြွေရောင်းတဲ့ လူကြီး နေရာထိုင်ခင်း ချနေတာတွေ့ပါရောလား … ။ နေရာပြောင်းလာတဲ့ သူ့ကို စပ်စုချင်စိတ်များနေမိတယ် …. ။ လျှပ်တပြတ်ကျွန်မ ညက အိပ်မက်ထဲမှာ မြွေနှစ်ကောင်မက်မိတာကိုပါ တခါတည်းသတိရသလိုလိုဖြစ်လာတယ် …. ။ အိမ်မက်ထဲက မြွေက မည်းမည်းကြီးတွေ ၊ မြွှေဟောက်အမျိုးစားပါ နှစ်ကောင်ပါပဲ … လူကို ရန်မပြုသလို အရောတဝင် လက်ပွန်းတတီးနေပါတော့တယ် … ။ ဘာမဆိုင် ညာမဆိုင် အခုမြွေနဲ့ အိပ်မက်ထဲကမြွေ ဘယ်လိုမှ မအပ်စပ်ပေမယ့် …. မြွေရောင်းတဲ့ လူနား တီးတိုးကပ်သွားမိပြန်တယ် … ။ မြွေရောင်းတဲ့ လူက ပုလင်းထဲက ပုလဲရောင်မြွေတစ်ကောင်ထုတ်ပေးတယ် ကျွန်မ ယူဖို့ လက်တွန် ့သွားပြီး အနောက်ကို ဆုတ်လိုက်မိတယ် ။ အခြေနေမှန်ကို ရိပ်စားမိတဲ့ ကျွန်မချစ်သူက ကမ်းပေးလာတဲ့ မြွေလေးကို တယုတယ ဖွဖွလေးကိုင်ပြီး သူ့ကိုယ်မှာ ပတ်လိုက်တယ်လေ … ။ သူ့ကိုကြည့်ရတာ မြွေနဲ့ လိုက်ဖက်သလိုလိုပါပဲ ။ ဒါနဲ ့ကျွန်မလည်း မြွေတစ်ကောင် ကိုင်ကြည့်ချင်စိတ်ပေါက်သွားပြီ အသေးဆုံးအကောင်ကိုရွေးတော့ စနွင်းလိုဝါဝါလေးကိုတွေ့ပါတယ် … ။ တကယ်တမ်း မြွေသေးသေးလေးရွေးပေမယ့် မကိုင်ရဲခဲ့ဘူး ။ ဒါနဲ့ စပ်စုပြီး အထုတ်ထဲမှာ တခြားကောင်ရှိသေးလားလို့ မေးတော့ … ပုလင်းလေးတွေ စီလျှက်သား ထုတ်ပြပါတယ် ။ မြွေလေးတွေခမျာ ပုလင်းလေးတွေထဲမှာ မလူးသာ မလွန့်သာ နေရရှာတယ် … ။ ကြောက်ပေမယ့် ကျွန်မ သနားမိတယ်လေ ။ မြွေလေးတွေက ရောင်စုံပါပဲ  … အဲ့ဒီထဲက စိမ်းဖန့်ဖန့် မြွေလေးတကောင်ကို ကျွန်မရွေးပြီး ကိုင်ချင်စိတ်ဖြစ်လာလို့ ထုတ်ကိုက်မိတယ် ။ ဟိုးတစ်ခါ မြွေသူတော်ပို့စ်ရေးကတည်းက ဝယ်လက်မတွေ့သေးတဲ့ မြွေလေးပါ ။ သူ့ခမျာ ကိုင်သူလာလျှင် ထုတ်ကိုင် ၊ ပြီးတော့ ခွေခေါက်ပြန်ထည့်ထားရတာကြာလို့ ကိုယ်ခန္ဓာမှာ ခေါက်ရိုးလေးတောင် ကျိုးနေရှာတယ် ။ သူ့အရေခွံလေးတွေ တချို့နေရာမှာ ပေါက်ပြဲလို့ သနားစရာတောင်ကောင်းနေပါသေးတယ် ။ ကျွန်မလည်း ဘယ်က သတိ္တတွေရှိလာမှန်းမသိဘူး ကြောက်စိတ်ထက် သနားစိတ်က ပိုနေတာကြောင့် ဘာအကောင်မှ သံယောဇဉ်ဖြစ် ဝယ်မမွေးတော့ဘူးတွေးထားပြီး အခုမြွေလေးကို ဝယ်လိုက်မိပါတယ် ။ ရောင်းဈေး 3500 ကို ကျွန်မက စစ်တော့ 3200ထားပေးမယ်ပြောတယ် ။ ကျွန်မလည်း သနားလို့ဝယ်တာ သုံးထောင် အတိပဲပေးမယ် လို့ပြောတော့ … မြွေရောင်းသူက ရပါတယ် ယူပါဆိုပြီး ရောင်းပါတော့တယ် ။ အတူပါတဲ့ ချစ်သူကလည်း သနားလို့ဝယ်ချင်တယ်တိုင်ပင်တော့ ဝယ်ချင်လျှင် ဝယ်ပေါ့ဆိုတာနဲ့ ဝယ်ဖြစ်ခဲ့တယ်လေ ။ ချိန်းထားတာကလည်းရှိတော့ မြွေကို ပုလင်းလေးထဲ ပြန်ထည့်ပြီး သွားစရာရှိတာ ဆက်သွားပါတော့တယ် ….။

ချိန်းထားတာကတော့ ထရိတ်ဒါးမှာပါ ။ ဧည့်သည်နဲ့ တီးတိုင်းမ်မှာ အာရိုက်ဖို ့ပေါ့ ။ သူများတွေ စားသောက်ခန်းထဲ မြွေလေးကို လွှတ်ထားဖို့ အဆင်မပြေတာကြောင့် ၊ ဧည့်သည်ရဲ့ အခန်းထဲမှာပဲ ကော်ဖီသောက် ၊ မုန့်စားကြပါတယ် ။ မြွေလေးကို လွှတ်ထားပြီး ဆော့ချင်ရာဆော့ ပြေးချင်ရာပြေးစေပါတယ် ၊သူပျော်လွန်းလို့ လျှောက်ပြေးနေပုံကို အမှတ်တရ ဓါတ်ပုံလည်း ရိုက်ထားလိုက်ပါသေးတယ် ။

ဆေးခန်းသွားမယ့်အချိန်ရောက်တော့ စိတ်မကောင်းစွာနဲ့ ဖန်ပုလင်းလေးထဲကို ပြန်ထည့်ပြီး မြွေလေးကို သယ်လာရပါတယ် ။ ဆေးခန်းမှာတော့ ဆေးဗူးတွေ အရံသင့်ဝယ်လှောင်ထားတဲ့ ဗီဒိုလေးထဲထည့်ပြီး တံခါးဖွင့်ပေးထားရတာပေါ့ ။ သူ့ဘာသာ ခွေခေါက်လျှောက်သွ ားပြီး ပျင်းလာတဲ့အခါ အိပ်ပါတော့တယ် ။ မြွေလေးကို ပုလင်းထဲ ပြန်ထည့်ရတာ စိတ်မကောင်းဖြစ်မိတဲ့အတွက်ဆေးခန်းမှာ သုံးနေတဲ့ အပ်ဗုံးကြီးကို အပ်တွေ သွန်ပြီး စတားဝက်အူနဲ့ အပေါက်ဖောက်ပါတော့တယ် ။ ပတ်လည် အပေါက်ပေါင်းများစွာ ဖောက်ပြီးတော့မှ ညဘက်အိမ်ပြန်တော့ သူ့ကို သက်တောင့်သက်သာ ထည့်သယ်လာပါတယ် ။

အိမ်ရောက်ရောက်ချင်း လှောင်မထားချင်တာနဲ့ ဖွင့်ပေးလိုက်တဲ့အခါ အိမ်ကလူတွေ ဝိုင်းဆဲတာခံရပါရောလား ။ မကြားသလို ကြားသလို နေပြီး မြွေလိုက်ကျောင်းရပါတော့တယ် ။ ကျွန်မအိပ်တော့မှ မြွေလေးကို အပ်ဗူးထဲ ပြန်ထည့်ပြီး အဖုံးဖုံး သိပ်ထားရပါတယ် ။

မနက်ပိုင်း ရုံးသွားရမယ်ဆိုတော့ အိမ်ကလူတွေ ဘယ်သူမှ မကိုင်ရဲတာကြောင့် ဒီမြွေ အကျယ်ချုပ်ကျမယ့် အရေး သနားနေသေးတာကြောင့် အပ်ဗူးလေးကို မပြီး ရုံးသယ်လာခဲ့ပါတယ် ။ အခုတော့ မြွေလေးက ကျွန်မရဲ့ စားပွဲ အောက်က အံဆွဲထဲမှာ အိပ်ပုတ်ကြီးနေလေရဲ့ …. ။မြွေနဲ့ပတ်သတ်တာလေးတွေကို မြွေမွေးဖူးတဲ့ အစ်မနွယ်ပင်ကိုမေးရပါတယ် ။ အစာလည်း နည်းနည်းပဲစားပြီး သိပ်အဝေးကြီး မသွားတတ်တာ သိရပါတယ် ။

မြွေလေးကိုတော့ လွတ်လွတ်လပ်လပ် လွှတ်ပေးဖို့ စဉ်းစားထားပါတယ် ။ တိရိစာ္ဆန်ရုံမှာပဲဖြစ်ဖြစ် ၊ မြက်ထူ ခြုံထူတဲ့ နေရာမှာဖြစ်ဖြစ်ပေါ့ ။ ပုလင်းထဲကိုတော့ ဘယ်တော့မှ ပြန်မထည့်တော့ပါဘူး ။ သနားစရာကောင်းလွန်းလို့ပါ ။ ဒီမြွေလေးကတော့ တစ်သက်နဲ့ တစ်ကိုယ် ကျွန်မမွေးဖူးတဲ့ တကောင်တည်းသော မြွေကလည်းအဖြစ် အမှတ်တရရှိနေတော့မှာပါ ။ ။

 

45 comments

  • Diamond Key

    November 11, 2011 at 12:01 pm

    ပုံတွေ ပျောက်နေတယ် မြင်ရဘူးနော် မြွေမယ်တော်။

    • Foreign Resident

      November 11, 2011 at 12:14 pm

      ကို Diamond Key ရဲ့
      မြင်ရပါတယ် ရ ပုံတောင် ။

    • etone

      November 11, 2011 at 12:22 pm

      ဟုတ်လားဟင်
      ဘာလို့များပါလိမ့် …

  • မှော်ဆရာ

    November 11, 2011 at 12:14 pm

    မိန်းကလေးဖြစ်ပေမယ့် သနားစိတ်ကြောင့် မြွေဝယ်မွေးဖြစ်တာကို ချီးကျူးပါတယ် …
    တစ်ခုတော့ အကူအညီတောင်းရဦးမယ် ..
    ကျွန်တော့အိမ်နားမှာလေ ချစ်စရာ ငန်းတော်ကြား မြွေကြီး လျှောက်လျှောက်ပြေးနေလို့ ..
    သနားစရာပါ ဒေါက်တာရယ် ….
    အဲဒါ ဖြစ်နှိုင်ရင် ……..

  • ကြောင်ကြီး

    November 11, 2011 at 12:25 pm

    မြွေအိမ်မက်မက်ရင် လာဘ်လာဘ ရွှင်သတဲ့။ နှစ်ကောင်ဆိုတော့ ပြောမနေနဲ့တော့။ (ပြောထားပြီးသားနော် ပြောမနေနဲ့တော့လို့)
    မြွေသူတော်ကို အိမ်ထဲ လွှတ်ပေးထားလို့ ဂျောင်ကြိုဂျောင်ဂျားသွားပုန်းနေရင် ဘယ်နှယ်လုပ်မလဲ။ ပြီးတော့ သူကဘာစားသလဲ။

    • etone

      November 11, 2011 at 12:55 pm

      လာဘ်ရွှင်လည်း တစ်လတစ်ခါပဲ ရတာပါ ကိုကြောင်ကြီးရေ ။
      ဒီမြွေကို နွားနို့တိုက်ပါတယ် ။ စေတနာဗရပွနဲ့ ဖလားလိုက်ချထားပေးတာ သူသောက်လား မသောက်ဖူးလား မှန်းလို့မရပါဘူး ။ အမနွယ်ပင်ပြောတာတော့ ခွက်သေးလေးနဲ့ တိုက်ရတယ်တဲ့ နှစ်ရက်တစ်ခါပဲ နည်းနည်းသောက်တာတဲ့လေ … ။
      မြွေလေးကို မလွှတ်ခင်တော့ ယုယနေရတယ် ။ သနားစရာကောင်းလွန်းလို့ပါ …. ခန္ဓာကိုယ်မှာ ပေါက်ပြဲနေတာမြင်လျှင် ရောင်းတဲ့ လူကို တင်းတယ် ။ 😥

  • ရာဇဝင်လူဆိုး

    November 11, 2011 at 12:51 pm

    ိမမ ဒေါ်ကြီး အီတုန်းတို့ကတော့ မြွေလေးဝယ်ရင် ချစ်သူကို ထည့်ကြွားလိုက်ပဟ..တော်လိုက်လေ…..

    • etone

      November 11, 2011 at 2:02 pm

      ရွာတော်ရှင် ကိုထင်ပြပါပကောလား ဗျို့ … ။

  • AKKO

    November 11, 2011 at 12:52 pm

    နဂိုကတည်းက သူ့ကိုယ်သူတောင် အနိုင်နိုင် ၊ မြွေတကောင်နဲ့ ရွာလည်နေတာ မြင်ယောင်သေးတယ် 😀 😀

  • စုံ စုံ

    November 11, 2011 at 1:27 pm

    etone လို့မခေါ်တော့ဘူး မြွေမင်းသမီးလို့ခေါ်မယ် ဟီး 🙂
    ရှာရှာကြံကြံနော် ကျမတော့မမွေးရဲဘူး အသည်းယားလို့
    ပန်းတွေကြားထဲမှာ မြွေကိုမနဲလိုက်ရှာရတယ် အစိမ်းတွေရောနေလို့
    ဒါဆိုအခုetone ကအဖော်နဲ့ရုံးတက်တာပေါ့လေ
    တယောက်ယောက်ကရီးတီးယားတားလုပ်လို့ကတော့မြွေထုတ်ပြလိုက်
    တခါထဲမှတ်သွားအောင် 😛 😛 😛

    • etone

      November 11, 2011 at 2:28 pm

      ဟီးဟီး ဟုတ်တယ် … တစ်သက်နဲ့ တကိုယ် ဒီတခါပဲ အဖော်နဲ့ ရုံးတတ်တာ … ။
      ငတိလေးက အေးလိုက်တာ ထားသလိုနေတယ် … အခုတောင် စားပွဲအောက်က အံဆွဲထဲမှာ အပျင်းထူနေလေရဲ့ …. ။ သူ့ခမျာ မြွေဖြစ်တာတောင် လူမကြောက်ပဲ ၊ သူက လူပြန်ကြောက်နေရရှာတယ် …. ။
      ကိုရီးယားလူမျိုး ဂျီအမ်က ထမင်းစားချိန် ခုံပေါ်ထင်ထားတာကို အရုပ်အောက်မေ့လို့ ခေါင်းလာကိုင်တယ်လေ …မြွေကလှုပ်ရော လွတ်ချပြီးပြေးတာ ရယ်ရတယ် အူကိုလှိမ့်နေတာပဲ ။ 🙂

  • နွယ်ပင်

    November 11, 2011 at 1:42 pm

    etone ရေ မြွေအရောင်လေးကလှလိုက်တာ ပန်းတွေကြားထဲ
    မနည်းတောင် ရှာလိုက်ရတယ် . ဒီမြွေလေးတွေက အသက်သိပ်မရှည်
    ဘူးထင်တယ် မွေးလိုက်တိုင်း (6) လ က အကြာဆုံး အသက်ရှည်တာပဲ
    အရင်တုန်းကတော့ တစ်ကောင်သေပြီး သိပ်မကြာခင ်နောက်တစ်ကောင်
    ထပ်ပြီးမွေးဖြစ်ပင်မဲ့ အခုတော့ မမွေးဖြစ်တာ တစ်နှစ်လောက်ရှိနေပြီလေ
    နွယ်ပင်မွေးတုန်းကတော့ သူတို့တွေက ရေနဲ့ နွားနို့ပဲ သောက်တယ်
    သိပ်ပြီးလည်း မသောက်နိုင်ရှာဘူး အစားအသောက်နည်းတဲ့ မြွေလေးတွေ ထင်ပါရဲ့ …..

    • etone

      November 11, 2011 at 2:23 pm

      အစ်မရေ သနားလို့သာ ခေါ်လာမွေးမိတာ … သူ့ကို ဘယ်လိုထားရမှန်းလည်း မသိပါဘူး ။ ချုပ်လည်း မထားချင် ၊ လွှတ်ထားရအောင်လည်း စိတ်မချနဲ့ …. နောက်နေ့ လွတ်လွတ်ကင်းကင်းနေရာမှာ သွားလွှတ်လိုက်မယ်လို့တော့ စိတ်ကူးတယ် … ။ တိရိစာ္ဆန်ရုံပဲ ပို့ပစ်မလား တွေးနေတုန်းလေ … ။ ပုလင်းထဲကနေတဲ့ ဘဝထက်တော့ သာပါတယ် အစ်မရေ ။

  • ပေါက်ဖော်

    November 11, 2011 at 2:15 pm

    မြွေကလဲ..နာ့အတိုင်းပဲ..
    ပိန်ချည်ချည်နဲ ့.. 🙄
    ငမွေထိုးလေး…. 😆

  • ဆူး

    November 11, 2011 at 2:41 pm

    မြွေလေးက ချစ်စရာ ကောင်းပါတယ်။
    ရေမြွေတော့ မဟုတ်ဘူး ထင်တယ်နော်။
    ငါးမွေးတဲ့ မှန်ကန်ထဲမှာ ပုဝါပါးလေး အုပ်ပြီး ထားရင် သူလည်း မကျဉ်းကျပ်တော့ဘူး ထင်တယ်။
    ကြက်ဥနဲ့ လုပ်ထားတဲ့ ပူတင်းတို့ ဘာတို့ နည်းနည်း ဖဲ့ကျွှေးကြည့်ပါလား။ ရမလားတော့ မသိဘူး။

  • လင်းဝေကျော်

    November 11, 2011 at 4:06 pm

    AKKO ကိုပါထည့်ကြွားရသေးတာကိုး။ ဟေ့ နှစ်ယောက်သား မြွေကို လွှတ်ပြီး ဘာလုပ်နေကြတာတုန်း ???
    🙂

    • etone

      November 11, 2011 at 4:32 pm

      ဦးလေးရေ မကြွားရကြောင်းပါ 😀
      ဟီး ဟီး …. မြွှေကို လွှတ်ပြီး ကော်ဖီနဲ့ ကိတ်မုန့် စားနေကြတာပါ … နှစ်ယောက်တည်းတော့မဟုတ်ဘူး … သုံးယောက် 😆

  • nayminn

    November 11, 2011 at 4:55 pm

    ဘေးကင်းမယ်ထင်တဲ့နေရာ အမြန်ပို့လိုက်ပါ…။

  • windtalker

    November 11, 2011 at 5:56 pm

    အဲဒါကို မြင်ရင် အူအရမ်းယားတယ်
    ယောက်ျားဆိုပေမယ့် မခံစားနိုင်ဘူး
    အတုန်ကတော့ ရဲရင့်ပါပေတကား

  • ကိုရင်စည်သူ

    November 11, 2011 at 7:57 pm

    မြွေမင်းဒီမီးလေးမိစွာတုံ…
    သနားတတ်တဲ့ ဂရုဏာတရားကိုတော့
    လေးစားပါတယ်ဗျာ..
    ဒါနဲ့ မသိလို့မေးမယ်နော်…
    အဲ့မြွေက အီးအီးပါတတ်လား…
    ပါရင်ကော ဘယ်လိုမျိုးလေးထွက်သလဲ… 🙄 🙄 🙄

    • etone

      November 12, 2011 at 10:15 am

      အခုထိ မြွေက ဘာမှ မစား ၊ ဘာမှ မသောက်လို့ ၊ အီးအီးလည်း မပါပါဘူး ။
      အစ်မနွယ်ပင်ကတော့ပြောတယ် မြွေလေးက နှစ်ယောက် တစ်ခါပဲ စားသတဲ့လေ ။
      ရောင်းတဲ့ လူဂျီးကတော့ပြောတယ် မြွေအီးပါတာ 15ရက်တစ်ခါပါတဲ့ …. အလုံးသေးသေးလေးတွေဆိုပဲ 😀

  • nigimi77

    November 11, 2011 at 8:30 pm

    အိုက်လို မြွေက ပုံမလာဘူး။

    ဒေါ်အီးဒုံး သနားလို ့ မွေးချင်ရင် လင်းမြွေ (ရခိုင်သံဖြင့်ဖတ်) ရှိတယ်။

    😛

    • etone

      November 12, 2011 at 9:59 am

      ဟိုလူကဏန်းကြီး
      သူများတွေမြင်ရတယ် တော်က မမြင်ရတာ ကံနိမ့်နေလို့ဖြစ်မယ် 😀
      ရိုးရိုးကျင့် ၊ မြင့်မြင့်ကြံ ၊ စိတ်ထားကောင်းကောင်းထား ဟီးဟီး 😀

  • ရွှေအိမ်စည်

    November 11, 2011 at 11:33 pm

    ကြည့်တာတော ့လှတယ်….
    မွေးတော့မမွေးရဲပါဘူး…
    ကြောက်တယ်…မတော်….:roll:
    စေတနာကိုတန်ဖိုးထားပါသည်….။
    ခွေးမွေးတာတော့ပိုနံတယ်….နော်…
    သူငယ်ချင်းဗျား..ခွေးနဲ ့တခန်းထဲ အိပ်တယ်…
    မြွေကလည်း..နံမယ်မထင်ဘူး…..အကောင်ပိန်သေးလို ့နေမယ်…
    ဖြစ်နိုင်ရင်….အကောင်ကြီးကြီးမွေး…

    ဂေဇတ်က…အတွဲတွေစွံ ့ရင်…
    မင်္ဂလာလက်ဆောင်စပေးမယ်….

    လာဘ် ရွှင်တယ်ပြောလို ့ပါ

  • “ဘီလူးကြီး”ogre

    November 12, 2011 at 8:12 am

    ဒေါ်တုံ
    တယ်သတိ္တကောင်းပါလားဗျ
    မြွေတောYမမွေးရဲပေါင်
    အကောင်ကသေးသေးနဲ့ မတော်တရော်တွေလျှောက်ဝင်နေမှ
    ဒွတ်ခ..ဖြစ်မှာ ကြောက်ချာကြီး.. 😛

  • alinsett

    November 12, 2011 at 1:00 pm

    ထူးဆန်တဲ ့ပုံလေးတွေ အတွက် ကျေးဇူးပါပဲ..ဗျာ။

  • etone

    April 6, 2012 at 11:33 am

    ကျွန်မရဲ့ မြွေလေး … မနေ့ညက .. 7:30 လောက်မှာ သေသွားပါပြီ … 😥 ဆန်းစစ်တစ်ဗ်ဖြစ်တဲ့ စိတ်မျိုး ရှိတာကြောင့် …. စိတ်မကောင်းဖြစ်လွန်းလို့ ပူလောင်ရပါတယ် … ။

    သာမန်အားဖြင့် သူ့ကို ဆေးခန်းမှာပဲ 3’x1′ မှန်ဗီဒိုလေးတစ်ကန့်နဲ့ ကျယ်ကျယ်ဝန်းဝန်းထားတာပါ … ။ ညနေတိုင်း လွတ်လွတ်လပ်လပ်လျှောက်သွားစေပြီး … နို့ မှုန့်ဖျော်ထားတာ နဲ့ ရေကိုတော့ ဇွန်းလေးနဲ့ တိုက်ရတယ်ပေါ့ … အခုတော့ …ရာသီဥတုရဲ့ အပူဒဏ်ကို မခံနိုင်လို့ ထင်ပါရဲ့ …. ညနေတိုင်းရေတိုက်လျှင် သောက်ပေမယ့် ..သေမယ့်ညနေတော့ ရေတိုက်တာတောင် မသောက်တော့ပါဘူး … ။ ခဏကြာတော့ သေရှာတာပါပဲ …

    ဘယ်လိုပဲဖြစ်ဖြစ် သံယောဇဉ်ဆိုတာမျိုးက ထားပြီးလျှင် ဖြတ်ဖို့ခက်ပါတယ် … ။ သတ္တဝါတွေလို သက်တမ်းတိုတဲ့ အကောင်လေးတွေပေါ်ထားတဲ့အခါ ၊ သံယောဇဉ်ကြောင့် သူတို့ သေသွားတဲ့အခါ စိတ်မကောင်းဖြစ်ပြီး ပူလောင်ရပါတယ် …. ။ နောက်ဆို … ဘယ်သတ္တဝါမှ ထပ်မမွေးတော့ဘူးလို့ စိတ်ကူးထားတယ် 😥 😥

  • ရွာ စောင့်နတ်

    April 6, 2012 at 12:04 pm

    Etone ရေ မြွေလေးအတွက် ရွာစောင့်နတ် စိတ်မကောင်းပါဘူးကွယ်…….. ညောင်ပင်မှာ အစောင့်လိုနေလို့ သူက အလုပ်လာလျှောက်တယ်ဗျ…. ဒါနဲ့ ခန့်လိုက်တော့ သူက ရွာထိပ်ညောင်ပင်မှာ လာနေမယ်ဆိုပီး Etone စီက ထွက်လာတာဖြစ်မယ်…… ကဲကဲ မြွေလေးအတွက် ကျုပ်စိတ်မကောင်းပါဘူးကွယ်.
    ပုံ/ရွာစောင့်နတ်

  • Rose Minn

    April 6, 2012 at 12:08 pm

    တုံရေ အမျှအမျှနဲ့ပေးလိုက်ပါလား။ ကိုယ့်ရဲ့ကုသိုလ်တွေကိုလေ။ သူကိုချစ်တဲ့စိတ်ကြောင့်ကိုယ့်မှာ ပူလောင်ရတာပါ။ သူအတွက်လို့စဉ်းစားလိုက်ရင် တုံ မပူပင်နိုင်တော့ပါဘူး။ ဝမ်းတောင်သာရအုံးမှာပါ။ သူလဲကောင်း တဲ့နေရာကိုရောက်စေကြောင်း ဆုတောင်းပေးလိုက်နော်။ မငိုနဲ့

  • Khaing Khaing

    April 6, 2012 at 12:11 pm

    ဟယ်မြွေလေးသေသွားပြီဟုတ်လား စိတ်မကောင်းလိုက်တာ … မီးလည်းအဲတိုင်းပဲ မမတုံ သတ္တဝါတွေ မွေးပြီး သူတို့နေမကောင်းဖြစ်တာတို့ သေတာတို့ဆို လူက အတော်ပူလောင်ရတယ် မြွေကိုတော့ ကြောက်တယ်ဗျာ လုံးဝမကိုင်ရဲဘူး မမတုံ ဒါ့ပုံကိုကြည့်ပြီးတောင်အသဲတွေယားနေတာ …… စိတ်မကောင်း မြွေလေးရေ အမျှ အမျှ အမျှ ………

  • သူရဇော်

    April 6, 2012 at 12:43 pm

    မြွေလေးတွက် ရက်လည်လေးဘာလေးလုပ်ပေးပေါ့ကွယ်

  • Mon Kit

    April 6, 2012 at 1:00 pm

    အဲမြွေကို မွန်ကစ်တို့ အညာမှာ မြွေစိမ်းမြီးဂျောက် ဆိုပီးခေါ်တယ်… သစ်ပင်ပေါ်မှာနေရင် နွယ်သစ်ကိုင်းလေးတွေနဲ့ မှားတတ်တယ်… အဆိပ်လဲ ပြင်းပါတယ်… ဆေးမမှီ ဘူးကြားတယ်… ရောင်းတဲ့သူက အဆိပ်ထုတ်ထားလားမသိဘူးး..
    ဘာဘဲဖြစ်ဖြစ် မြွေဆိုတာ လူဘဝနဲ့ နီးစပ်ကြပါတယ်… အိတုန်နဲ့ ရေစက်ရှိလို့ ခဏတာ လာဆုံသွားတာပေါ့… အမျှဝေပေးပါကွယ်… သနားပါတယ်… 🙁

    • etone

      April 6, 2012 at 2:06 pm

      မွန်းကစ်ရေ …… အဲ့ဒါ မြွေစိမ်းမြီးခြောက်မဟုတ်ပါဘူး ….. သူ့နာမည်က မြွေသူတော်ပါ
      မြွေစိမ်းမြီးခြောက်က ခေါင်းပိုတုတ်တယ် ကိုယ်လုံးအဲ့လောက်မရှည်ဘူး .. အရောင်က အစိမ်းရောင်တစ်မျိုးတည်း ရှိတယ် …. ။ ဒီလိုမြွေကတော့ … အရှည်တင် တစ်မီတာ ကျော်ပြီး ခေါင်းလေးသေးသေးလေးနဲ့ … အစွယ်မရှိဘူး .. (သွားလည်းမရှိဘူး) … သူများကို ကိုက်ဖို့ နေနေသာ ..သူ့ဘာသာသူတောင် ယိုင်ယဲ့ယဲ့လေ …. ။ အဲ့ဒါမျိုး အညာဒေသမှာ ရှိမရှိတော့မသိဘူး …. ။ ဒီမှာကတော့ အိမ်မှာ အလှမွေးကြတာပါပဲ ။ ကျွန်မမြွေက သားလေးပါ … အထီးအမ ခွဲနည်းခေါင်းကိုကြည့်ပြီးခွဲလို့ ရကြောင်း မြွေရောင်းသူဆီက သိခဲ့ရလို့လေ …. ။

      မြွေသူတော်က ဒီတစ်ရောင်တည်းမဟုတ်ဘူး … အဖြူ ၊ အဝါ ၊ အနီ ၊ ပန်းရောင် စသဖြင့် အရောင်စုံတယ် ။ကျွန်မက အစိမ်းရောင်ကြိုက်လို့ … မြွေကိုလည်း အစိမ်းလေး ဝယ်လိုက်တာပါ … ။ သူတို့တွေ ပုလင်းထဲ ကြပ်ကြပ်တည်းတည်း နေရတာကလည်း ..တကယ့်ကို ဝဋ်ပါပဲ … ။ 🙁 🙁

  • manawphyulay

    April 6, 2012 at 1:27 pm

    အဲမြွေက အဆိပ်ထုတ်ထားပြီးတာလား။ မြွေစိမ်းမြီးချောက်တော့ မြင်ဖူးပါတယ်။ အဲလို အိမ်မွေးတာတော့ တစ်ခါမှလုပ်ဖူးဘူးကြောက်တယ်။ ခုတော့ မြွေကျောင်းမယ်တော်ကြီးလုပ်နေတယ်ပေါ့လေ ထူးဆန်းပါ့…

    • etone

      April 6, 2012 at 2:27 pm

      ရွာ စောင့်နတ်ကြီးနော် …. ညောင်ပင်မှာမနေခိုင်းနဲ့နော် …. ။ သူများမြွေလေးကောင်းရာ သုဂတိလားပါစေလား .. အဟင့် … 🙁

      မရို့စ်ရေ …. တစ်ဖက်လှည့်တွေးလျှင်တော့လည်း … တိရိစာ္ဆန်ဖြစ်တဲ့ …သူ့အတွက် ဝဋ်ကျွတ်သွားတယ်ပေါ့နော် …. ။ သေသွားတာ သိလျှက်နဲ့တောင် … မလွှင့်ပစ်ရက်ပဲ သိမ်းထားမိတုန်းလေ …. ။ 😥

      မခိုင်ရေ…. သတ္တဝါလေးတွေမွေးပြီး သူတို့က အရင်သေသွားလို့ ခဏခဏ စိတ်မကောင်းဖြစ်ဖူးတယ် … ဒါကြောင့် မမွေးတော့ဘူးတွေးထားတာ … ဒီမြွေကျတော့လည်း သနားလို့ … ပြန်လွှတ်မယ်တွေးဝယ်လာရင်းက အစာရှာရမလွယ်မှာ စိုးတာရယ် ၊ သူများ သတ်ခံရမှာ စိုးတာရယ်နဲ့ …. ပြန်မလွှတ်ပဲ မွေးထားခဲ့တာ ….. ။ အဲ့ဒီကနေ သံယောဇဉ်တွယ်နေမိတာ ….။

      ကိုသူရရေ … ဘုန်းကြီးပင့်ပြီးတော့ အကျဉ်းချုံးအလှူလေးလုပ်ပေးမလားတော့ တွေးထားတယ် …. ဒါပေမယ့် … ရူး တိုးတိုးနော် …. ရွာဇရပ်ထဲ ကြော်ငြာဝင်တဲ့ …သင်္ကန်းတိုက်ပိုင်ရှင် အစ်မကြီးမသိစေနဲ့ …. 😛

      အစ်မ မနောကလေ … မြို့ထဲမှာ အလုပ်လုပ်နေပြီး … အဲ့မြွေတွေအကြောင်း မသိဘူးလား … ။ တစ်ရေးနိုးပြီး ထူးဆန်းတယ်ထဖြစ်တယ် …. မြွေစိမ်းမြီးခြောက်ကြီးတော့ ဘယ်သူက မွေးမှာတုန်း .. မတော် ကိုက်လို့ ….. အဝီစိရောက်နေဦးမယ် … ဟီးဟီး .. ဒီသားလေးက ပါးစပ်ထဲလက်ထည့်တာတောင် … သွားဖုံးပဲ ရှိလို့ ကိုက်မရဘူး …ကိုက်လည်း မကိုက်တတ်ဘူး … 😀

      • ဖားသက်ပြင်း

        April 6, 2012 at 2:37 pm

        သတ္တဝါလေးတွေ မွေးပြီး သူတို့က အရင်သေသွားလို့ ခဏခဏ စိတ်မကောင်းဖြစ်ဖူးတယ် …

        သည်လိုလုပ်ဗျာ ..ယောက်ျားယူပြီး ကလေးသာ မွေးတော့ …
        ကိုယ်အရင်သေဖို့ လည်း ရာနှုန်းများသလို ..
        ကိုယ့် ကိုယ်ပွားလေးတွေလည်း ကမာ္ဘမြေပေါ်မျိုးဆက်ချန်ထားပြီးသားဖြစ်ရဲ့…

        (ဆြာAKKO ဘီဘီတိုက်ပါ…)

        ဒက်ဂလောက်..ဒက်ဂလောက်..

        • etone

          April 6, 2012 at 2:46 pm

          အောင်မလေး ကိုဂီရဲ့ … အချွန်နဲ့ မရသလား …. ။
          ပြောမယ့်သာပြောတာ … ကလေးပိစိလေးတွေ သိပ်မချစ်တတ်ဘူး …. ။ ကလေးဆို .. လေးငါးနှစ်အရွယ်လေးမှ စချစ်တယ် … ။

          သတ္တဝါလေးတွေကတော့ ကိုယ်ထားသလိုနေ .. ကိုယ်ကျွေးတာစားတယ်လေ … ဖက်အိပ်လည်း ရှုရှူး ပေါက်မချတတ်ဘူး … ။ ကလေးဆိုလျှင်တောင် .. တဗြဲဗြဲအော်နေဦးမှာ … ။ ကလေးမချစ်တတ်လို့ …. သတ္တဝါတွေပဲ မွေးခဲ့တာပါ … 😛

  • Ma Ei

    April 6, 2012 at 2:56 pm

    အိတုန်ရေ…
    မြွေကလေး ကျန်းမာနေတယ်လို့သိထားပြီး
    ခုသေသွားပြီဆိုတော့ စိတ်မကောင်းပါဘူးကွယ်…
    အိမ်မှာက ကြောင်ကလေးတွေရှိတော့ သံယောဇဉ်ဖြစ်နေရတယ်…
    ကြောင်နဲ့ပါတ်သက်ရင်တော့ အစုံဘဲ…ကြောင်ဝမ်းဆွဲလဲလုပ်ဖူးရဲ့…
    သင်တန်းလဲပေးဖူးရဲ့…သေသွားရင် သတိရနေရရော…

    • etone

      April 6, 2012 at 3:33 pm

      အန်တီအိရေ … နောက်များတော့ တော်ပါပြီ … ဘာကောင်မှ မမွေးတော့ဘူး .. တကယ် တကယ် … ။ 🙄

      အရင်ကမွေးခဲ့တဲ့ … ကြောင်တွေ သေသွားတော့ ကြောင်မျိုးဆက်ပြတ်ပြီမှတ်တာ … အခုလည်း အိမ်မှာ ကြောင်တစ်ကောင်ရှိတယ် …. နှစ်နှစ်ကျော်ပြီ အိမ်ကိုရောက်လာတာ .. ကိုယ်မမွေးပဲ ရောက်နေတော့လည်း ..သနားလို့ ကြောင်စာ ဝယ်ကျွေး ၊ ကြက်ဥတိုက်နဲ့ …. ကြောင်ကလည်း လည်တော့ .. အိမ်မှာပဲ သောင်တင်နေလေရဲ့ …. ။ ဟိုးတစ်လောကတောင် ရေခဲမုန့်ကြိုက်တဲ့ကြောင်လေးဆိုပြီး တင်လိုက်သေးတယ် … ။ အဲ့ကောင်က ကြောင်သာပြောတာ .. အသီးရွက် အရမ်းစားတယ် ။ ကန်စွန်းရွက် ၊ ဂေါ်ဖီထုတ်၊ မုန်လာဥနီ ၊မုန်လာဥ၊ ကိုက်လံ ၊ ကညွတ် ၊ ပန်းဂေါ်ဖီ ၊ ပြောင်းဖူး ၊ ဘူးသီး ၊ ရေခဲမုန့် ၊ ရေခဲချောင်း ၊ ကြက်ဥ အကုန်စားတယ် … ။ အရမ်းလည်း သိတတ် နားလည်တယ် …သင်လို့ရတယ် … ဒါကြောင့်လည်း .. သူ့ကို သံယောဇဉ်ဖြစ်နေရတာ … ။

      အဲ့ကောင်ပျောက်နေတာ ငါးရက်လောက်ရှိပြီ .. လူပျို လှည့်နေတယ်မှတ်လ်ို့ …. ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ မြွေလေးသေတဲ့ ညက သူလည်း ပြန်ရောက်လာတယ် … ခါးကြီးစောင်းပြီး … ဖင်တရွတ်တိုက်နဲ့ …ပြန်လာတာ ။ တကိုယ်လုံးလည်း ပိန်ချုံးပြိး ပေါင်မှာလည်း ကိုက်ရာ အကွက်လိုက်ကြီး …..ကြောင်အချင်းချင်းကိုက်ရင်း ပြုတ်ကျပြီး ခါးကျိုးသွားတာဖြစ်မယ် … ။ ဆေးခန်းခေါ်သွားလျှင် အနည်းဆုံးတော့ အပ်တစ်ချောင်းတော့ထိုးခံရမှာမို့ … အနာခံနိုင်မယ် မထင်ဘူး … ခုတော့အိမ်မှာပဲ အိပ်ယာထဲ သိပ်ပြီး အနာဆေးထည့်ပေးထားတယ် … ။တရက်နှစ်ရက်လောက်စောင့်ကြည့်လိုက်ဦးမယ် … အခြေနေဆိုးလာမှ ဆေးခန်းခေါ်တော့မယ် …. သနားလွန်းလို့ … ။ သူက အစာတောင် ထိုင်လျှက်မစားနိုင်ဘူး ..သူ့အဖြစ်ကလည်း …. ကြက်ဥလေးကို အစိမ်းဖောက်ပြီး …ပါးစပ်ထဲထည့်ပေးရတယ် … ။ တကယ်ပါပဲ ….. သံယောဇဉ် …. အတော်ဆိုးတယ် … 🙁

  • kai

    April 6, 2012 at 4:25 pm

    ကျုပ်သာအပြင်မှာအဲဒီမြွေကိုတွေ့ရင်.. တွေ့တဲ့နေရာကနေ.. သတ်တယ်..
    ဘယ်နှယ်..
    အဆိပ်ရှိမှန်းမသိ..မရှိမှန်းမသိ…။
    ကလေးဆော့လို့..ကိုက်ထည့်လိုက်ရင်..ဘယ်နှယ်လုပ်မလည်း..
    Risk မယူပါဘူး.. အသတ်ပဲ..။

    အခုတော့ သေပြီဆိုတော့.. စိတ်ပူတာနည်းနည်းသက်သာသွားတယ်..
    အိတုန်က.. အပြင်သွားလွှတ်မယ်ဆိုလို့.. စိတ်ပူနေတာ…။

    ဟင်င်င်င်းးး

    • etone

      April 6, 2012 at 4:36 pm

      ဟွန်း … သဂျီးကတော့လေ …ဘယ်လို လူကြီးလည်း မသိဘူး … တကယ့်ကို အကြင်နာတရားမရှိတဲ့ လူပါပဲ … သားသမီးချင်း ကိုယ်ချင်းမစာလိုက်တာလေ … မုန်းထှာအေ .. ဟွန် ့ 👿 ကိုက်ချင်းကိုက်သွားပါတဲ့ သူ့ကလေးကတောင် ကိုက်ဦးမယ် … ။

      သူ့အသက်ကျတော့ သေမှာ ကြောက်တတ်လိုက်တာ .. တကတည်း .. အတော်တရားတယ် … ။ မြွေက ကိုက်ဖို့မပြောနဲ့ သွားလည်းမရှိ၊ အစွယ်လည်းမရှိပဲ …ပါးစပ်ထဲ တောင်လက်ထည့်လို့မရဘူးဆိုမှပဲ … ဟွန့် …. ။ အဲ့လိုသာ ကိုက်တတ်လျှင် လွန်ခဲ့တဲ့ ခြောက်လလောက်ကတည်းကအတူဆော့နေတဲ့လူ … သေနေလောက်ပြီ … ။ အခုတော့ အရှင်လတ်လတ်ကြီးစာရေးနေနိုင်သေးတယ် … ။ 🙄

  • Novy

    April 6, 2012 at 4:52 pm

    အိတုံရေ.
    မြွေကမကိုက်တက်ဘူးဆိုတော့မွေးကြည့်ချင်သာ
    လမ်းဘေးတွေမှာရောင်းနေတာတော့တွေတယ်
    ဒါပေမဲ့ အသည်းယားလို့ မကြည့်ဖြစ်ဘူး
    အိတုံ ပြောပုံအရဆိုရင်တော့ ချစ်စရာလေး
    ဒါပေမဲ့ အဲ့လောက် သတ်တိမရှိပါ

  • cobra

    April 6, 2012 at 8:45 pm

    အစ်မကလဲကျွန်တော့်ကိုပေးပါလား။
    ကျွန်တော်အရမ်းမွေးချင်နေတာ အိမ်မှာအဝါလေးတစေ်ကာင်ရှိတယ်။
    သေသွားပီ ထပ်ဝယ်မလို့မရောက်ဖြစ်တော့လို့မဝယ်ရဘူး။
    ကျွန်တော်လိုချင်တယ် ကျွန်တော့်ကိုပေးပါ..။

  • ငပွကြီး

    April 6, 2012 at 10:52 pm

    အော်……..တေတွားပါပြီလို့ ဆိုနေ ဒီမြွေဟောက်ကလဲ ဇွတ်…….

  • Khin Latt

    April 7, 2012 at 4:04 am

    တုံတုံရေ

    မြွေလေးအတွက် စိတ်မကောင်းပါဘူး။
    နှလုံးသား မပါဘဲ လက်တွေ့ နဲ့ယှဉ်တွေးရင် ကိုယ့်ကို ရစ်ထားတဲ့ သံယောဇဉ် တစ်မျှင်ပြတ်သွား တယ် တွေးပြီး စိတ်အေးအောင်နေပါ။
    ဘာသာရေး နဲ့ဖြေ မယ် ဆိုရင်တော့ ကံဆုံလို့ တွေ့ကြတယ်။ ကံကုန်လို့ ကွဲကြတယ်။ လို့ လဲတွေးပြီး စိတ်ဖြေပါ။
    တုံတုံ ရဲ့ မြွေသူတော်လေးက ကောင်းရာရောက်မှာပါ။ သေချာပါတယ်။
    သူ့မှာ မကောင်းမှု ပါနာတိပါတာ ကိုမှ ကျူးလွန်ခြင်း မရှိခဲ့တာနော်။

    နောက်တစ်မျိုးကတော့ “တကယ် သေသွားတာဟုတ်ရဲ့လား၊ ပူလွန်းလို့ ဟိုက်ဘာနိပ် (hibernate) များလုပ်နေရော့သလား။
    တစ်ချို့ အကောင်တွေ က အေးလွန်းရင် ဟိုက်ဘာနိပ် လုပ်တယ်ကြားဘူးလို့။
    အမှန် က အေးမှသာ လုပ်ကြတာပါ။
    သူလဲ ပူလို့ ခဏငြိမ်နေတာဆိုရင် ကောင်းမှာ။
    ဒါကတော့ အရီး စိတ်ကူးယဉ် ကြည့်တာ။

Leave a Reply