အညာကောင်းသောအမေ

SonnyNovember 11, 20111min673

တန်ဆောင်မုန်းလပြည့် 10th November 2011

အစားအသောက်နဲ့ပတ်သက်ရင်

ဇီဇာကြောင် တတ်သော ကျွန်တော် နဲ့

ကျွန်တော့် အမေ့အကြောင်းကဗျာစပ်ချင်စိတ်ပေါ်လာတာနဲ့။

အညာကောင်းသောအမေ

အမေ လေ

မသေခင်က

ပုဇွန်းခေါင်းမှ

ငါ စားကောင်းတာတဲ့။

အမေလေ

မသေခင်က

ငါးဆို အရိုးမှ

ငါ စီဓါတ်* တိုးတာတဲ့။

အမေလေ

မသေခင်က

အဆီ စားရမှ

ငါ အအီပြေသားတဲ့။

အမေလေ

မသေခင်က

ကြက်သားကြိုက်တဲ့သားကို

ငါ အရိုးကိုက်ရမှ တဲ့။

                            ချစ်ခြင်းအားဖြင့် …ကိုဆန်နီ

*Vitamin C

3 comments

  • ပေါက်ဖော်

    November 11, 2011 at 2:19 pm

    အမေလေ..
    မသေခင်က..
    မုန် ့ဖိုး..နဲနဲပဲပေးတာ….
    အမေလေ..
    မသေခင်က..
    ပိုက်ချံရှိရက်နဲ ့..မချိဝူး.ပြောတာ..
    အမေလေ..
    မသေခင်က..
    ပိုက်ချံအိတ်ကို..နေရာစုံလျှောက်ဖွက်တတ်တာ…
    အမေလေ.
    မသေခင်က..
    တားကို….မိန်းမ အတင်းမပေးစားတာ..
    ခုတော့..
    🙄

  • ကြောင်လတ်

    November 12, 2011 at 10:46 am

    အမေတွေကို ချစ်တတ်ကြပါစေ။

Leave a Reply