မန္တလေးရောက် ဘလက်။

black chawNovember 12, 20111min21222

ကျွန်တော် ဒီနေ့ မနက် မန္တလေးတက္ကသိုလ် ထဲသို့ ဓါတ်ပုံရိုက် ဘို့ ရောက်ခဲ့ပါသည်။ မန္တလေးဝင်ဖြစ်တုန်း ကြုံလိုက်တာပါ။ ကျွန်တော် မန္တလေး

တက္ကသိုလ် နှင့် မရင်းနှီးပါ။ ရောက်လည်းမရောက်ခဲ့ဘူးပါ။ မနက် စောစော ရိုက်ဖြစ်ခဲ့တဲ့ ပုံလေးများက မန္တလေးသားများအတွက် အလွမ်းပြေ

ပါသည် ဆိုလျှင် ကျွန်တော် ရိုက်ရကျိုးနပ်ပါသည်။ ကိုပေါက်၊ ကိုစိန်သော့ နှင့် ကိုဝင်းတော့ကာ တို့ကို သတိရပါသည်။ အခြေအနေ နှင့် အချိန် လည်း

အဆင်မပြေပါသဖြင့် တွေ့ဘို့ မကျိုးစားတော့တာပါခင်ဗျား။ တတ်နိုင်သမျှ မေးမြန်းပြီး ရိုက်ခဲ့တာလေးတွေပါဗျာ။ ပုံတွေ တင်တာ ဘယ်လိုမှ အဆင် မပြေ

ပါသဖြင့် ရန်ကုန်ပြန်ရောက်မှ ဆက်တင်ပါတော့မယ်ဗျာ။ ဒီတစ်ပုံထဲနဲ့ ပို့စ်တစ်ခုတင်လိုက်တာ မဟုတ်ပါ။ မန်း မှာ ကျွန်တော့်အတွက် အင်တာနက် သုံးရတာ

ရန်ကုန်ထက် ပိုပြီး  ခက်ခဲ နေလို့ပါ။ ဘလက်ချော မန်းဂဇက်မှာ ရှိနေသေးကြောင်း သတင်းပို့တယ်လို့ပဲ သဘောထားပါဗျာ။

 

မန်း တက္ကသိုလ် အဝင်လမ်း။

 

 

 

 

 

 

 

 

 

 

22 comments

  • aungnng87

    November 12, 2011 at 4:13 pm

    အင်း..အင်း..သိပြီ။

  • Diamond Key

    November 12, 2011 at 4:21 pm

    ရောက်လာရင်လှမ်းခေါ်ရောပေါ့ မန်းတက္ကသိုလ် စောင့်မယ်ဆိုပြီး။
    ခေါ်ခဲ့ရင်တော့ မန်းတက္ကသိုလ်မြင်ကွင်း အပေါ်စီးက ကြည့်နိုင်ဖို့ အပင်ကောင်းကောင်း လာပြမှာပေါ့ဗျာ။

  • ကိုရင်စည်သူ

    November 12, 2011 at 4:41 pm

    သူပျောက်နေပါဒယ်လို့
    တွေးနေတုန်းရှိသေး…
    မန်းဒလေးတွားပီး..
    ဓါတ်ပုံရိုက်နေသကိုး…
    များများလေးရိုက်ခဲ့ပါဗျို့..
    ကိုရင်က မန်းလေး
    တခါမှမရောက်ဖူးဘူး… 🙁 🙁 :'(

  • ပေါက်ဖော်

    November 12, 2011 at 5:03 pm

    ဂလိုကိုး….
    သိပါဝူး..ရွာထဲ ပျောက်ချက်သားကောင်းနေလို ့..ကြေးပေါင်းများတက်နေသလားလို ့..
    ပြန်ပေါ်လာတာ..ဝမ်းသာပါတယ်.အန်ကယ်ချောရေ….
    မန်းလေးရောက်တုန်းလေး…အဟေး..ဟေး…ဘုရားလေးဘာလေး ဖူးခဲ့ပါလို ့..ပြောမို ့ပါ
    😆

  • ရာဇဝင်လူဆိုး

    November 12, 2011 at 5:21 pm

    ကိုဘလက်ကြီး ပြန်လာရင် ရွာထဲကလူတွေအတွက် ထိုးမုန့်တွေ ဝယ်ခဲ့မယ်ဆိုပဲ။ pm ထဲကနေ လိပ်စာတွေသာ ပို့ပေးလိုက်…

  • thit min

    November 12, 2011 at 5:31 pm

    ကောင်းပါလေ့ဗျာ။
    မန်းလေးယောက် (ကို)ဘလက်လေးတယောက်
    ပြုံးနေရီနေမယ်ပေါ့ဗျာ။
    ရွှေမန်းသားတွေ၊ရွှေမန်းသူတွေ တွေ့လို့မရဘူးဆိုတော့…………………
    “ပြောတော့ဘူးနော်”
    ဂရုစိုက်ပါလို့ဘဲမှာတော့မယ်ဗျို့။
    ခင်မင်သတိယစွာ။

  • “ဘီလူးကြီး”ogre

    November 12, 2011 at 5:38 pm

    ဆိုင်ကယ်တွေပေါချက်ကွယ်
    ပုဇဉ်းဖမ်းပြီး ဖင်ကြားညှပ်စီးနေသလားမှတ်ရတယ်…အံရော
    ကျန်တာလေးတွေ ဆက်တင်အုံးဗျို့..။။။။။

  • windtalker

    November 12, 2011 at 6:36 pm

    မန်းတလေးက လမ်းဘေးမှာ စူပါကပ်မစီးဘဲ ပြန်သွားတယ်ပေါ့လေ ။ လူဆိုး

  • naywoonni

    November 12, 2011 at 7:25 pm

    ခေတ်တွေပြောင်းသွားတော့ စက်ဘီးတွေ နေရာ ဆိုင်ကယ်တွေရောက်လားပေါ့…..။ ခင်မောင်ထူးရဲ့ ရွှေမန်းသူလေး ရှာခဲ့ပါဦး….။ ကျုံးနံဘေး စက်ဘီးစီးနေတဲ့ ကောင်မလေးပုံလေးတွေ့ရင် လက်မနှေးပဲ ရိုက်ခဲ့ပါဦး ….။ ဒါ့ပုံ ပြောတာနော်….ချော

  • inz@ghi

    November 12, 2011 at 7:49 pm

    ဘယ့်နှယ့် ဆြာ ဘလက် ….
    မန့်သ်လေး အတွေ့ အကြုံလေး ရှဲ ပါဦး..

  • Shwe Tike Soe

    November 12, 2011 at 9:14 pm

    ဝါး မန်းလေးမှာ အေးနေပြီးကိုး .. အင်းကျွန်တော်လဲ သွားမယ်.. အလွမ်းပြေတင်ပေးတာကျေးဇူးပါ..
    ရေးနေရင်းနဲ.တောင ်ဆိုင်ကယ်စီးချင်လာပြီဗျာ.. မန်းလေမှာ အေးရင် ဆိုင်ကယ်စီးရတာ အရမ်းအရသာရှိသမှ

  • TTNU

    November 12, 2011 at 10:02 pm

    ဘလက်ချောရေ
    မန္တလေးမှာ တီချာတို့လည်းရှိတယ်လေ။
    ဝင်လာပေါ့။ ဂဇက်အဖွဲ့ လူစုရင်ရတာပဲ။

  • Shanma TUmdy

    November 12, 2011 at 11:08 pm

    မန်းလေးက မိန်းထဲမှာ အင်တာနက်ဆိုင်ပေါပါတယ် … ကိုဘလက်ရယ်..

  • Moe Z

    November 13, 2011 at 9:36 am

    ဘဘ ဘလက်ရေ မိုးစက်လည်းမန္တလေးရောက်နေတယ် .
    ဘယ်မှာတည်းတာလဲဟင် ရှောင်ရအောင်လို့
    ဘလက်ရဲ့ရိုက်ချက်ထဲမပါအောင် 😀

    • ကိုရင်စည်သူ

      November 13, 2011 at 10:59 am

      မိုးဂလေးရေ… ကိုရင်လည်း မန်းဒလေးရောက်နေတယ်…
      ဟိုလူကြီး ဘလက်ချော စူပါကပ်စီးပီး မန်းလေးမှာ အတို့ မိုးဇက်လေးကို
      လိုက်နှောက်ယှက်မှာစိုးလို့ ကိုရင် ဟာလီဒစ်ဗစ်ဇင်စီးပြီး 👿 👿 👿
      လိုက်စောင့်ရှောက်နေတာပါကွယ်… တော်ပီ.. ဆက်ရေးရင်
      ကြောင်ကြီးတို့ ပေါက်ပေလူးဂီ အုပ်စု လိုက်နှောက်ယှက်နေဦးမယ်.. 😛 😛 😛

    • windtalker

      November 13, 2011 at 11:01 am

      ပွင့်လျာမိုးလေး ရေ
      မန်းတလေးကို ရောက်ရင်ဖြင့်
      မန်းတလေးသားတွေ ဘယ်လောက် ဧည့်ဝတ်ကျေပြွန်တယ်ဆိုတာ
      တည်ခင်း ပြလိုက်ချင်စမ်းပါဘိ
      အမြန်ဆုံး ဆက်သွယ်လိုက်ပါနော်

      • Moe Z

        November 13, 2011 at 11:10 am

        မိုးစက်နဲ့မတွေ့အောင်သာရှောင်ပါကိုပေရာ
        အခုမန္တလေးမှ အလွဲများဆိုပြီးပို့စ်ရေးမလို့
        မပါချင်ရင်ကြည့်ရှောင် 😛

        • windtalker

          November 13, 2011 at 11:24 am

          ရော် တစ်ကယ်ပြောနေတာ
          ဖိုရမ်ထဲက ပရိုက်ဗိတ်မက်ဆေ့ ကနေ
          ဂျီတော့ လိပ်စာပို ့လိုက်မယ် နော်
          အက်လိုက်ပါနော်

        • ကိုရင်စည်သူ

          November 13, 2011 at 11:42 am

          အိုင်ပီကပေ့…
          ခင်ညား မြိုင်မဟာမိုးလေးကို..
          ဒီလို စောင့်ဖမ်းမယ်သိလို့…
          ကိုရင်စည်က ရွှေဘိုဂါတ်ကနေ
          ညတွင်းချင်း ဒိုကြီးစီးပီး လိုက်လာတာဗျ..
          PM ပို့လိုက်မယ်…
          မန်းလေးဘူတာကြီးက လှေကားအောက်မှာ
          ခေါင်းပေါင်းနဲ့ ပေါက်ဖော်ကိုမေးလိုက်..
          ကျုပ်ရှိတဲ့နေရာပြောလိမ့်မယ်…
          ပြုစုချင်ပြောတာနော်…

        • ပေါက်ဖော်

          November 13, 2011 at 1:06 pm

          မိုးလေးရယ်..
          ငဖော်ရီး လိုက်ပို ့မှာပေါ့..
          မန်းလေးမှာ ကပေတို ့လို လူဇိုးတွေ ပေါပါဘိသနှယ်..
          စိတ်မချလိုက်တာ နှမတော်ရယ်..

          အန်ကယ်ချောရေ…မန်းလေးရောက်တုန်း.
          မိုလေးကို စောင်မကြည့်ရှုလိုက်ပါနော်…..
          ကြောင် ပေ ဇာ စီ တို ့က ကျနော့်လို ယုံရတာဟုတ်ဝူးဗျ

          😆

  • ကြောင်ကြီး

    November 13, 2011 at 2:33 pm

    သူများပို့စ်မှာလာပြီး မဟုတ်တရုတ် လျောက်ရေးနေကြတယ်။ ခေတ်ကာလ သားသမီးများ တယ်ခက်သကိုး။။ သမီးလေး မိုးစက် ဦးကြောင်ကြီးဆီလာခဲ့။။။ ငါးကြော်ကောင်းကောင်း ရှိတဲ့နေရာ သိထားတယ်။ 😎

Leave a Reply