ကပေ့ရဲ့ အာဂလူစွမ်း ..စူပါမန်း …၁၁ယောက် (၁၁)

ムラカミNovember 15, 20114min33117

ပါ့စ့်ပိုတ့် ထုတ်ပေးလိုက်သော မှတ်ချက်များကတော့ အံ့ဩကုန်နိုင်ဖွယ်ပင်ဖြစ်သည် ...
တိုင်းသိပြည်သိ ဇာတ်လိုက်ကျော် ကပေ့ ကို ကတော့ ဟိုကိုသွား ဒေါ်လှအပြား အတုလုပ်စား..
အတော်လေးတွင်ကျယ်ပီဆို ...အာချိယံ ငှက်ကထ ဖြစ်တဲ့အချိန်နဲ့တိုက်ပီး ဒင်းတို့ကို ပြန်ဆန့်ရှင်း လုပ်ပစ်မယ်
ဒေါ်လှ အပြား ပြိုလဲ စေရမဟဲ့  ဒါ့ကြောင့် ဂိုးစေသတည်း ...ဆိုပဲ..
သင်္ဘောသီးတွေ ကတော့ ကုန်းပေါ်သောင်တင်နေရင် အခွန်မရတဲ့အပြင် မျက်စိပါနောက်ဦးမှာကတကြောင်း
လိုခယ်လ် မှာနေရင်  အခွန်ကြွေးကျန် ဘယ်လိုမှ ရနိုင်စရာအကြောင်းမရှိတာကြောင့် ထွက်ခွင့်ပြုလိုက်သည်
ဟူ၍သာ ...ပန်ပန်ကော ဘာထူးသနည်း ....မဆလာဒေဝီ ဘွ က အခွန်အကြွေးများကို လာ့စ်ဘေးဂတ်စ်တွင်
အလုပ်ကြိုးစား၍ဆောင်စေ ဟု မှတ်ချက်ချ လေတော့သည်...
သည်လို နှင့် ပါ့စ်ပို့ အသီးသီး ကျပီးသကာလ....



ဝှူး ...အဝတ်အိတ်ကို ချကာ သက်ပြင်းမော ကို ရှိုက်ထုတ်လိုက်ပြီး အင်ဇာဂီ စကားစသည်...
ဇာ။ ဘယ့်နှယ့်လဲ ကပေ့ ...အားလုံး အဆင်ချောရဲ့လား...
ပေ။ အကုန် ပါ့စ်ပို့တ် ရပီ ဆြာသမား ...ဒါနဲ့ ခင်ညားကို ကျုပ် ပြောထားတဲ့ ကိစ္စလေး...
ဇာ။ အာ ...ခင်ညားနှယ့် လောထှာ ..ခရီးရောက်မဆိုက်
ပေ။ အာ ...ယူလည်း ယူသိချင်တာမေးတယ်လေ ..အိုင်လည်း အိုင် သိချင်တာလေး...အဟဲ..
ဇာ။ အိုခေတယ်ဗျ...ခင်ညာ့ ဟိုက အမေရိကား ဆိုတာကြီးကို အပီအပြင် ဖီလင် ဖစ်နေပြီ
      အလည်ခေါ်တဲ့ သဂျီးကိုလည်း တနေ့ ၃ခါလောက် ဦးချနေလေရဲ့ ...
     (သဂျီးကအလည်ခေါ်တယ်လို့ လှိမ့်ထားတာကိုး)
      တကယ်က စားရိတ်အကုန်ခံခေါ်ပေးတဲ့ ခင်ညားကို ချရမှာ အင်းလေ... ဦးမချလည်း တခုခုတော့ ချမှာပေါ့...
     ခစ်စ် ..
ပေ။ ဟေ့လူ ပေါက်ပန်းလေးဆယ် မပြောနဲ့နော် ..ခညား..
ဇာ။ အော် ...ဦးမချလည်း စိတ်ချ မှာပါလို့ ပြောတာပါ ..ဟိ...
ပေ။ အင်း ဒါနဲ့ မှော်ဆြာ ကိစ္စရောဗျ...
ဇာ။ ခင်ဗျား အပူသည်ပဲဗျ ..အတော် စိတ်ပူတတ်တာကိုး ....
      ပူနဲ့ ...မှော်ဆြာ့ မန်မိုရီကတ်ထဲက ပုံ မှတ်မိသေးတယ်မလား...
(မှော်ဆြာနှင့် မိုးဇက် တို့၏ တွေ့ဆုံပုံကို အပိုင်း ၄တွင်ရှု)



ပေ။ အင်းလေ ...အဲ့ရာ ဘာဖစ်တုန်း ...Moe Z က စိတ်ဆတ်ပါဘိနဲ့ ဟိုလူ့ကို ခေါင်းရိုက်ခွဲလိုက်ပလား..
ဇာ။ ခင်ဗျားနှယ့် သူများကို လွှတ် အထင်သေးတာကိုး ....
      ဟိုက သိပ်သတိ္တကောင်းတာ ခင်ဗျားလိုများ မှတ်သလား....
ကပေ တွန့်ကနဲ ဖြစ်သွားသည် ...ဟုတ်တယ် ...သူ့မှာ လိုနေတာ သတ္တိ. .....
ကပေ့မျက်နှာ မချိုမချဉ်ဖြစ်လာသည် ...အတွေးတွေလည်း ဟိုမှသည်သို့



ဇာ ။ဟေ့လူကြီး ဘာတွေ ပီတိဖြာနေတာတုန်း ..စကား ဆက်ပါရစေဦး...
ပေ။ ဟဲဟဲ ...ပြောဗျာ ..ပြော မှော်ဆြာ ဘာတွေ သတိ္တစွမ်း ပြလိုက်တာတုန်း..
ဇာ။ ရေကန်စပ်မှာ သူရိုက်ထားတဲ့ ဒါ့ပုံ အွန်လိုင်းပေါ်ရောက်သွားချင်သလားတဲ့ ...
      မှတ်ကရောပဲ ......
      အဲ့သည့်တော့ ဟိုက သူ အလည်ခေါ်တာ ဘယ်ငြင်းနိုင်တော့မလဲဗျ...
      ကျုပ်တောင် ဘာမှ ဝင်မပြောလိုက်ရဝူး...
ပေ။ အယ်......
      ဟိုကသာ ရဲလို့ကတော့ သည်ဘဲ အထဲရောက်မယ့်ကိန်း....


ဇာ။ ရဲမလားဗျ... တိုင်ဟယ်တောဟယ် လုပ်ရင် အွန်လိုင်းမ ပျံ့တောင် အဲ့ပုံကြီးက
      တရားရုံး မှာ သက်သေ ဖြစ်မယ့်ဟာ ...
      ပီး ...ရွာသူား အပေါင်းက ဟို မင်းသမီးလေး တရားရုံးရောက်တဲ့ကိစ္စလို ဝိုင်းဖွကြဦးမယ်မလား ...
      ကိုယ့်ဆြာက တကယ့်ကို သတ္တိရှိရှိ နဲ့ အသည်းအညှာကို ဆွဲခါ ပစ်လိုက်တာ ..ဟင်းဟင်း...
      ပညာယူစမ်းပါ ဆြာပေရဲ့...
ပေ။ အော် ..ဒါကြောင့်လည်း မှော်ဆြာ ရယ်လို့ နာမည်ကြီးတာကိုး....

ထို့နောက်တွင်ကား ...အနှီနောက်တိုး ၂ယောက်၏ ပါ့စ်ပို့တ် ကိစ္စနှင့် ပြင်ဆင် ဝယ်ခြမ်း အစရှိသဖြင့် အလုပ်များနေတော့သတည်း...
(နောက်တိုး၂ယောက်ကား ...နိုင်ဂျံဂါး ကို ၁ခါမှ မတခါဖူးသော ပီဘိ တကြောင်း ....ဒေါ့ခ်တာအိတုန်၏ လက်ထဲတွင်
နေပြည်something ကြီးမှခက်ခဲလှစွာသော  ECကို လက်ဝယ်ပိုင်ပိုင် ရှိတာက တကြောင်းမို့ ...တလအတွင်း အိုခေမှာ စိုပြေလေတော့သည်)
သည်ကြားထဲ စာရင်းလိမ်ရန် အသေအချာ မှာထားရက်နှင့် ကပေတယောက် ဗျာများနေ၍ မလုပ်မိခဲ့လေရာ ...
မှော်ဆြာ ..အင်ဇာဂီ နှင့် ကပေါက်ဖော် တို့ထံမှ ပစ်ပစ်နှစ်နှစ် ဆဲဆိုရေရွတ်မှုကို တောက်လျောက် ခံပီးသကာလ...
ကပေတယောက် နာမည်ကျော် စာရင်းစစ် အန်တီစုံစုံ ထံသို့ ပြေးတပိုင်းနှင့် ဂိုးရလေတော့သည်...
သည်လိုနှင့် ဇာတ်လိုက်ကျော်ကြီး ကပေနှင့် အန်တီစုံစုံ တို့၏ ဆုံဆည်းမှုကား ...
----------------------------------------------------------------------------

စုံ။ ဆို...
ပေ။ ဟိုလေ...
စုံ။ အိုကွယ် ...သူကလဲ...

အပျိုကြီးတယောက် ဘာတွေ အတွေးပေါက်သည် မသိ ....
ကပေ့မှာကလည်း စာရင်းလိမ်ဖို့ အပြောရခက်နေတာကတကြောင်း..
သူကိုယ်တိုင်လည်း ဒါမျိုး မလုပ်ဖူးသေးတော့ မျက်နှာသာမက နားရွက်များပင် နီတာရဲနေသည်...
အပျိုကြီး စိတ်ထဲဝယ် ... မ ဆို တခါမျှ မ မဘူးသော ပီဘိ လူပြို ရိုင်းလေး သဖွယ်ဖြစ်နေသော ဇာတ်လိုက်ကျော်
ကပေ တည်း...

ပေ။ ပြောရမှာ ခက်လို့ပါခည...
စုံ။ အို ...မောင်လေးရယ် ..ဘာများ ခက်လို့တုန်း ...ရဲရဲကြီးသာ ပြောချလိုက် ဟုတ်ပလား..
ပေ။ ကျနော်လည်း လေ ဒါမျိုး တခါမှ မကြုံဖူးတော့ ...အဲ့...
စုံ။ အော် ...မောင်လေးရယ် ...ခုတော့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီးကို ကြုံပီမလားကွယ့် ......
တုန်ရီသော လက်အစုံဖြင့် မျက်မှန်ကို ပင့်တင်ရင်း ....သိပ် စိတ်မဝင်စားဟန်ဖြင့်
ကွန်ပျူတာပေါ်မှ ဖတ်လက်စ ပိုစ့် ကို မန့်လိုက်သေးသည် ....အော် ..အပျိုကြီးဆိုတာ
မှင်မောင်း ကောင်းဖို့ လိုတယ်မဟုတ်ပါလား .....

ပေ။ ဟိုလေ ...ဟို ...တား တို့လေ ....လူငယ်ပီပီ ...လုပ်မှား ကိုင်မှားလေးတွေရှိလို့ ..
      အဟဲ ...စာရင်းလေးနည်းနည်း ...
စုံ။ ဘာ........
မာသည် ပြတ်သားသည် .... မာနနှင့် သိက္ခာ ကို တပြိုင်နက်တည်း စော်ကားလိုက်သည့်နှယ်ခံစားလိုက်ရသည်..
ဟုတ်တယ်လေ ..ကိုယ့်ချဉ်းကပ်လာသည့် ချာတိတ်လေး ဟု ထင်မှတ်ပီး မြောင်းဖောက်မိပါသည်..
ဒင်းက ထိုသို့ မဟုတ်သည့်အပြင် ကိုယ့် ပလော်ဖက်ရှင်နယ်ကိုပင် တုတ်နှင့် ထိုးနေသေးသည်....



ထိုစဉ် စိတ်မချ၍လိုက်လာသော ကပေါက်ဖော် အခန်းတွင်း ဝင်လာသည်...
ဖော်။ စိတ်မရှိပါနဲ့ ခင်ဗျာ ...ကျနော် ဝင်ပြောပါရစေ..သည်းခံပါအစ်မရယ်
စုံ။ အို ...မကြားချင်ဘူး ရှင်တို့ အားလုံး ထွက်သွားကြ ....
ဖော်။ ရက်စက်တော့မှာလား မ ရယ် ......
စုံ ။ ဟင် .....
စကားလုံးက အပို အလိုမရှိ ကွက်တိ .....
တယောက်သောသူသည် တချိန်တုန်းက ထိုသို့ အတိအကျ ပြောဖြစ်ခဲ့သည်မဟုတ်ပါလား...
အန်တီစုံစုံ ၏ စိတ်ဝယ် လွန်ခဲ့သော အနှစ်၂ဝ ကို ပြန်ရောက်သွားလေသည် ...
အန်တီစုံစုံ ကျောင်းသူဘွ ...နောက်ဆုံးနှစ် နောက်ဆုံး စာမေးပွဲ
နောက်ဆုံးနေ့ နောက်ဆုံး အချိန် ...
နောက်ဆုံးအနမ်း နောက်ဆုံး အခန်း ...(အာ .. ရှုပ်ကုန်ပီ ...)



နောက်ဆုံးစာမေးပွဲပီးနောက် ရန်ကုန်တက္ကသိုလ် အနောက်ဘက် အင်းယားရေပြင်သည်
စုံစုံ့ အတွက်တော့ မျက်ရည် ကန်ကြီးသာ ...
မိုးဖွဲလေးများ ကျနေသည် ...မျက်ရည် မိုးတို့တည်း....
သူ ..ရောက်လာသည် ...
သူ့ထုံးစံ အတိုင်း ...မခို့တယို့ ပြုံးသည်...


စုံစုံ။ ညောင် (မောင် ဟုဖတ်ပါ..) တကယ် သွားတော့မယ်ပေါ့နော်...
ကိုကိုကြောင် သည် နှုတ်ခမ်းမွေး ၃ပင်ခန့်ကို လက်နှင့် သပ်လိုက်ပီး ...
ကြောင်။ သည်မယ် မ. ... ညောင် ကတော့ ညောင့် မေမေကို မလွန်ဆန်နိုင်ဘူး
             သည်တော့ မ လည်း ညောင် နဲ့အတူ လိုက်ခဲ့ဖို့ပြင်ပါ။




တကယ်တော့ ကိုကို ကြောင် တို့ မိဘများသည် အမေရိကားတွင် အချေခြ နေထိုင်
နေကြပြီဖြစ်သည် ..အင်္ဂလိပ်စာအပြင် တရုတ်စကားကို ကောင်းစွာ ပိုင်နိုင်သော
ဗမာပြည်ပေါက် တရုတ်များ ဖြစ်ရကား ...အမေရိကားဝယ်  ခရီးသွား အေဂျင်စီလေး
တည်ထောင်ကာ လုပ်ငန်းအောင်မြင်ကာစ အခြေအနေ ဗမာပြည်ကိုချစ်သော
သားအကြီးဆုံးဖြစ်သူ ကိုကိုကြောင် ကို နောက်ဆုံးနှစ်အပြီးတွင် မိဘများက
လုပ်ငန်း ဦးစီးရန် အတွက် အပြီးအပိုင် လှမ်းေခေါ်သည့် အချိန်ဖြစ်သည်။
မိဘများဘက်မှ ရည်းစားသနာ ရှိပါကလည်း အတူခေါ်လာပီး ဟိုမှာ
လက်ထပ်ထိမ်းမြားပေးမည် အားလုံးအိုခေ ဟု မီးစိမ်းပြ ထားသည့် ကာလ...




သို့သော် ပြသနာက အန်တီစုံစုံ တို့ဘက်မှာ ရှိသည်....
စုံစုံသည် ပိတောက်ပန်းများကို ချစ်သည် ...မိန်းကလေးများ ကျနော်ကျနော်နဲ့
ပြောတဲ့မြို့ကို ချစ်သည် ...အဖေနှင့် အမေ ကို ချစ်သည် ...ဧရာဝတီနှင့် ထူးအိမ်သင်
ကိုချစ်သည် ....ခင်မောင်တိုးနှင့် ဆည်းလည်းခတ်သံကို ချစ်သည် ....
ညီထွဋ်နှင့် မဟာ ကို ချစ်သည် ...သည်မြေ ကို မစွန့်ခွာလိုပေ .... သူကိုယ်တိုင်ကလည်း
ရွှေခြေကျင်းနှင့် စက်ဘီးနင်းသူ တေးရေးဆြာ စက်ဘီးခိုးမိလို့
လက်ဖက်ရည်ဆိုင်ထိုင်တိုင်း နောက်ကျောမလုံဖြစ်ရသော
သူခိုးတယောက် ဒုက္ခရောက်တဲ့မြို့သူ ...
သည်မြေ ကို မစွန့်လျင် ချစ်ဦးသူကိုသာ စွန့်ရပေတော့မည်. ...
ချစ်ဦးသူ၏ နောက်ဆုံးပြော  စကား သည်ကား ...
ကပေါက်ဖော် တိုက်တိုက်ဆိုင်ဆိုင် ပြောချလိုက်သော....
 ရက်စက်တော့မှာလား မ ရယ် ...... တဲ့ ......
--------------------------------------------------------------------------


အန်တီစုံစုံ အတိတ်မှ နိုးထလာသည် ....
ကပေါက်ဖော် ကို စကားပြန်ရန် အားယူနေစဉ်.....



အန်တီစုံစုံ၏ ရုံးခန်းအတွင်းသို့ တစုံတယောက် ဝင်လာသည် ....
ယူရိုပီယံ စတိုင်လ် Dolce & Gabbana ဝမ်းဆက် ဝတ်ဆင်ထားသည်..
ကပေ့လို ကလန်ကလားကြီး မဟုတ်သော်လည်း အရပ် အတော်မြင့်သည်...
ငယ်စဉ်က အသည်းစွဲခဲ့ရသော ဂျိမ်းစ် ဒင်းမ် နှင့် ခပ်ဆင်ဆင်တူသည်ဟု
အန်တီစုံစုံ အမှတ် မထင် တွေးမိလိုက်စဉ် လူရွယ်မှ ...

ကျနော်တို့ ငကြော် ကြိုက်တဲ့ကောင်စားတွေ မဟုတ်ပါဘူးဗျာ ...



ဖြစ်နိုင်ရင် ကူညီပေးပါ ....မကူညီဘူးဆိုရင်တောင်
အစ်မတော်ရဲ့ ပညာကို လေးစားလို့ ကျနော် က ကန်တော့တာပါ...
ကျနော့်နာမည် ..အရှေ့ကျွန်း အင်ဇာဂီပါ ....
ပြောပြောဆိုဆို လူးဝစ်ဗစ်တန် LV အိတ် အသစ်စက်စက် တလုံးနှင့်
ဂါ ပြီး ..အင်ဇာဂီ ဝင်ထိုင်လိုက်သည်....



သူ့စကားတွေအရ အန်တီစုံစုံ အကြောင်း ကကြီးမှ အ အကုန်သိနေသည်ကို
ဖော်ပြနေသည် .... အထူးသဖြင့် ငကြော်မကြိုက်တဲ့ကောင်စား ဆိုသောစကား...

အတိတ်သို့ တဖန် ခရီးဆက်ပါဦးမည် ...



သည်လိုနှင့် ကိုကိုကြောင်သည် မိဘစကားမပယ်ရှား နိုင်တော့ဘဲ
အမေရိကားသို့ ခရီးဆက်ရတော့သည် ...
ထိုခေတ်က လမ်းပမ်းဆက်သွယ်ရေး ယခုလောက်မကောင်းသေး..
ဗီဇာ ကိစ္စကလည်း ထွက်လာခဲ့ပီးကာမှ ဟိုဘက်က အင်တင်တင်လုပ်နေ၍
ထရန်စစ် အနေဖြင့် စလုံးဟူသော ကျွန်းလေးဝယ် ၁လခန့် သောင်တင်တော့သည်...




ကိုကို ကြောင်သည် အသည်းကွဲသည့်ရောဂါကို အရက်ဖြင့် နေ့ရောညပါ ကုစားတော့သည်...
မူလကတည်းက သူငယ်ချင်းအပေါင်းအသင်းပေါ သည့် ကိုကိုကြောင် ...ရွှေပေါသော
စလုံးယဉ်ကျေးမှုတွင် အသည်းကွဲသည်ကိုပင် ခေတ္တမေ့ကာ စီးမျောနေလေတော့သတည်း



ပြသနာက ရေကူးကန် တခုမှ စသည် ...သိတယ်မလား စလုံးက နာမည်ကျော် တိုက်ခေါင်မိုး
က ရေကူးကန်ကြီး ...အဲ့သည့်မှာ ရုပ်ရှိရေလျှံ ကိုကိုကြောင်တယောက် ဗမာပြည်မှ ခေတ္တရောက်လာသော
ဒါတ်ရှင်မင်းသမီးလေး သင်္ချာဝင့်ကြော်နှင့် ရေကူးနေသည်....
ငယ်စဉ်က ဂဏန်းတွက်ရာတွင် ခကြာခန ဘဲဥကိုက်သဖြင့် သင်္ချာတော်စေရန် နာမည်တွင် သချင်္ာ ထည့်
ပေးထားကြောင်း မိခင် ဖြစ်သူမှ အင်တာဗျူးတခုတွင် ဆိုထားသည့် ရေကူးကန်နှင့် အကျိုးပေးလွန်းသည့်
မင်းသမီးလေးဖြစ်သည်...ခင်မင်သူ သူငယ်ချင်းများက မိကြော် ငကြော် အစရှိသဖြင့်ခေါ်တတ်ကြလေသည်..




တိုက်ဆိုင်စွာ ထိုခေတ်က နာမည်ကျော် စောက်ကိုရီးယား(south korea)ရုပ်သံတခုမှ ရေကူးနေသူများကို
အင်တာလာဗျူးစဉ် အတန်ငယ်ထွေနေသော ကိုကိုကြောင်တယောက် မင်းသမီးလေးကိုဖက်ရင်း
အာဘောင်အာရင်းသန်သန် အာလိုက်မိလေသည်...



ဖြစ်ချင်တော့ စောက်ကိုရီးယားကား အသည်းစွဲ အန်တီစုံစုံ ထို အင်တာဗျူးကို ကြည့်မိလိုက်သည်...
တောက် ၁လပင်မပြည့်သေး ... ရက်စက်တော့မှာလား မ ရယ် ဆိုသူက
ငကြော် ကြိုက်နေပီလေ ....ခံပြင်းဒေါသသည် ငယ်ထိတ် ထက်ရောက်လာ၏
ဒင်းတို့ကြောင်တွေ အဲ့လေ ..ယောက်ျားတွေ တယောက်မှ မကောင်းဘူး ...
ယောက်ျား ဘယ်တော့မှ မယူဘဲ အပျိုကြီး လုပ်ဖို့ ဆုံးဖြတ်လိုက်သည် ...
(ကပေနှင့်တွေ့မှ ဈာန်လျော ချင်သလိုလိုဖြစ်သွားသေးသည်...)




ဒီအကွက်တွေကို သိထားသော အင်ဇာဂီက ပိုင်ပိုင်နိုင်နိုင်ဝင်ပြောခြင်းဖြစ်ကြောင်း ရိပ်စားမိသည်...
သည်ငတိတွေ တခုခုစာရင်းလိမ်ဖို့ လာမှန်း သိသည် ....လုပ်မပေးချင် ..သို့သော် ...
ပစ်ရမှာလည်း အယ်လဗီ LV မဟုတ်ပါလား...
သို့နှင့် ပန်ပန်မှတဆင့် သဂျီးထံ အင်မတန် ပိရိ သေသပ်သော ဖောရှော အသုံးစာရင်းတက်သွားသည်
သူတို့ထံတွင် လေယာဉ်စရိတ်မှ လွဲ၍ ပိုငွေမရှိ။
သည်ကြားထဲ ကပေ ထီပေါက်သည် .. မှော်ဆြာ ဖဲဝိုင်းမှ ကျောက်တွေ နိုင်လာသည် ....
ကပေါက်ဖော် အမွေရသည် ....



ဒါတွေအားလုံး၏ နောက်ဝယ် အင်ဇာဂီနှင့် အန်တီစုံစုံ ရှိသည် ......ပိရိပါပေ့ ...အန်တီစုံစုံ...
အဘဖောမှာ  ရိပ်မိသလို ရှိသော်လည်း မဆိုင်သဖြင့် မပြောနိုင် ...
---------------------------------------------------------------

17 comments

  • ပေါက်ဖော်

    November 15, 2011 at 11:48 am

    ဒါရိုက်တာပေ ပြီးတော့..
    ဒါရိုက်တာ ဇာ လာပဟေ့..

    ရှောင်လော့..ရှားလော့..
    ငယ်ကျိုးငယ်နာတွေဖော်နေပြီ… 😆

    • inz@ghi

      November 15, 2011 at 11:52 am

      ဘာရဲ .သင်္ချာဝင့်ကြော်နဲ့ မတွဲရလို့ မကျေနပ်တာလား တပေါက်ဖော်..:D

  • Moe Z

    November 15, 2011 at 11:53 am

    ကိုအင်ကြီးကို အဓိကဇာတ်လိုက်နေရာမှာထားပြီး
    ဝတ္ထုတစ်ပုဒ်ရေးပေးရမလား 😀 😀

    • inz@ghi

      November 15, 2011 at 11:55 am

      ကိုအင်ကြီး မလုပ်ပါနဲ့ အန်တီဇက်ရယ် ..
      တားတားက ပေါက် ပေ လူး ဂီ ထဲမှာ
      အငယ်ဆုံးလေးရယ်ပါ…..
      😀

  • blackchaw

    November 15, 2011 at 12:15 pm

    မိုးစက် ပေးတဲ့ နာမည်လေးက
    ချစ်ဖို့ကောင်းလိုက်တာ ဂိုင်းရေ။
    ကိုယ်လည်း အင်ကြီးလို့ ပြောင်းခေါ်ရကောင်းမလား မသိဘူး။
    နော အင်ကြီးရယ်။

    • inz@ghi

      November 15, 2011 at 12:37 pm

      တိန်. ..တားတားကို အညှိုးနဲ့ နာမည်ဝိုင်းဖျက်နေကြတယ်

  • ကိုရင်စည်သူ

    November 15, 2011 at 1:16 pm

    အနော်တို့ သင်္ဘောသီးတွေကို..
    အမေလိကားခေါ်ပီး… ဘာတွေလုပ်ဦးမလို့လဲ
    ဦးဂီ့ရယ်.. အဟင့်.. 🙁 🙁
    Zကလေးပေးတဲ့ အင်ကြီး ဆိုတဲ့နာမည်နဲ့
    ဂီ့လည်း သေချင်သေလို့ရသွားပါပီ့…
    ကိုအင်ကြီးရယ်… ဟဲဟဲ 😀 😀 😀

  • inz@ghi

    November 15, 2011 at 1:23 pm

    ……………
    အဘဖောနှင့် သင်္ဘောသီး၂လုံးမှာ ဖွတ်ကုန်ပနီ ထုတ် ပါမုန့်ကား ၂စင်းဝယ်ပီး
    ဘောကွင်းထဲသွားကာ အားနေ ကားပါတ်မောင်းနေကြသည်။ထူးဆန်းစွ…

    လည်လို့ အားရသွား၍ထင့် ယခု မိုးဇက်သည် မန့်သ်လေး ဘေးတွင် ကောင်းကောင်း အကတိုက်နေသည်။
    ဗမာ အကဖြစ်သည်။ ဆြာမခေါ်ပီးကို အပီအပြင် ဒန့်ခြင်းဖြစ်သည် ..ဆြာမကိုလည်းကြည့်လိုက်ဦး
    ယနေ့ဗမာပြည် နာမည်ကျော် ပီပါဟိမ်း တဲ့။

    XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

    မြန်မာ့ယဉ်ကျေးမှု အနုပညာ အငြိမ့်ပွဲ …

    အားလုံး ။ ဟာ ..အလို …
    ဆေးရုံကဆင်းလာသော သဂျီး က ပြောခြင်းဖြစ်သည်။ အဘ ပြုံးနေ၏
    အားလုံးက အံ့ဩ မင်သက်နေသည်။ ကမည့်လူကလည်း မိုးဇက်တဲ့….။
    အောင်မယ် …ရန်ကုန်က အငြိမ့်ကစားနေသော ဓါတ်ရှင်မင်းသား ၄ယောက်ပါ
    ခေါ်ထားလိုက်သေးသည်။ သဂျီးတို့ လက်သွက်ချက်။

    (အပိုင်း ၁၅လောက်မှာပါမယ် မျှော် ….)

    • အီးတီ

      November 15, 2011 at 2:15 pm

      ကိုအင်ကြီးဂီ ကတော့လုပ်ပီ သင်္ဘောသီး ၃လုံးကို ကားပတ်မောင်းခိုင်းထားတယ်။
      မမိုးဇက်ပေးတဲ့ နာမည်ကြိုက်တယ်။ ကိုအင်ကြီးလို ့ပဲ ခေါ်တော့မယ်ဗျာ။ စိတ်ဆိုးနဲ ့ 😀

      • inz@ghi

        November 15, 2011 at 2:25 pm

        MZ ချင်းတူတူကို တမူးပိုရှူခံလိုက်ရတယ် …ဟွန့် ..အင်ဂျီးဆိုတော့လည်း အင်ဂျီးပေါ့ဗျာ ..
        မန့်သ်လေးဘေး မှာ ကိုယ့်ဆြာတို့လူစု သောင်းကျန်းနေတုန်း တားတားက
        Mighty Male and Marvelous Myanmar Marketer လေး Min_Zarni ကလေ …Miami ကို Miganfox နဲ့အတူ Meeရထားကြီး Mileကုန်စီးပီး ..ခစ်ခစ် …ကြသတဲ့ကွယ်..

        • Moe Z

          November 15, 2011 at 2:36 pm

          Mighty Male and Marvelous Myanmar Marketer လေး Min_Zarni ကလေ …Miami ကို Miganfox နဲ့အတူ Meeရထားကြီး Mileကုန်စီးပီး ..ခစ်ခစ် နေတုန်း Mafia ဂိုဏ်းက Machine gun စာမိသွားပါဦးမယ်ကွယ် 😀

        • Diamond Key

          November 15, 2011 at 2:52 pm

          အင်ကြီးလို့ခေါ်တာမကြိက်ရင် အဆိုတော်ကြီး မိဆွေ ကို မေဆွိ လို့ခေါ်သလို နော်က –ီး –ျင် လို့
          ပြောင်းခေါ်ပေးမယ်နော်။
          ကိုအီး—-။ 😀 😀

        • inz@ghi

          November 15, 2011 at 2:57 pm

          ဝါး …. တူရုပ်မှ ပိုချိုးကုန်ဘီ …အင်ဂျီးနဲ့ပဲအားပေးပါတော့ဂျာ …
          ချွေးပြန်ထှာ …

          မိုးဇက် သင်းတော့လား …. 🙁

        • အီးတီ

          November 16, 2011 at 8:29 am

          မန့်သ်လေးဘေး မှာ ကိုယ့်ဆြာတို့လူစု သောင်းကျန်းနေတုန်း တားတားက
          Mighty Male and Marvelous Myanmar Marketer လေး Min_Zarni ကလေ …Miami ကို Miganfox နဲ့အတူ Meeရထားကြီး Mileကုန်စီးပီး ..ခစ်ခစ် …ကြသတဲ့ကွယ်..ဆိုတာဘာလဲဟင်။ နာမည်ထပ်ပြောင်းလိုက်မှာနော် ကို အင်စားကြီးလို ့ ဒါမှမဟုတ် ကို အင်ကြီးစား ပေါ့ 😀 ခစ်ခစ် ကို diamond key ပြောတဲ့ ကိုအီး—- လည်းမဆိုးဘူး။ ရွာထဲမှာ အီးအုပ်စုတောင့်လာတာပေါ့။ အီးတီ၊ အီးတုံး နဲ ့ ကိုအီး—-ပေါ့။

  • windtalker

    November 16, 2011 at 9:17 pm

    ရွာထဲမှာ ဟိုတစ်ယောက် ပြန်ပေါ်လာတာနဲ ့
    သူက စကားထဲက ဇာတိပြလာဘီ
    အားရှိ “ ချမယ် ” ဆိုတာချည်းဘဲ
    သွား..သွား…မြန်မြန်သာ ချချေ
    သည်တစ်ခါ ထပ်မပျောက်ခင်

    • ပေါက်ဖော်

      November 16, 2011 at 9:39 pm

      ရဲ….ကပေ….ရဲ……….
      oh yeah..oh yeah!

      • windtalker

        November 16, 2011 at 10:01 pm

        စပိ ( speak ) တွေ ကောလ် ( call ) နေဒါ
        အဲဒါ
        သဘောပေါက်ကြစမ်းဘာ

Leave a Reply