မရှိ၊မသိ
“မရှို မသိ”
ကျွန်တော် ငဆန်နီ
ပန်းနီရောင်သန်း
နောက်ဆုံးပေါ် မြန်မာ ငွေစက္ကူ တထမ်းကြီး
မရှိ။
တရုတ်စကား
မသိ။
ခြင်ပေါက်ပွားမှု့ကင်းသောရပ်ကွက်တစ်ခု
မရှိ။
အာဏာပါဝါကြီးကြီးလူတစ်ယောက်
မသိ။
ခေတ်ပေါ်တိုက်ကြီးကြီး ဒန်း စီးခွင့်
မရှိ။
ခြစားမှု့ကင်းသောအစိုးရ
မသိ။
သူတောင်းစားကင်းသောလမ်း နှင့် အကျဉ်းသားကင်းသောထောင်။
မရှိ။
ဘယ်အချိန်သေမည် ဘယ်ဂတိလားမည်
မသိ။
ချစ်ခြင်းအားဖြင့် ကိုဆန်နီ ၁၄-၁၁-၂၀၁၁
8 comments
ပေါက်ဖော်
November 15, 2011 at 3:26 pm
ဝတ်မုှံလေး.အနော့်ကို ပြန်ချစ်မှာရား..မသိ
ထီပေါက်မှာလား..မသိ
အီးပေါက်မှာလား..သိ
သဂျီးဆီမှာ..၂လုံးပြူး… ရှိ
ကိုဆန်နီမှာ..၂လုံးပြူး…မရှိ
ပွိုင့်ချေးမှာလား………….မသိ
လခတိုပေးမှာလား………မသိ
မသိ..မရှိ..မသိ..မရှိ..
ကိုရင်စည်သူ
November 15, 2011 at 3:36 pm
မိုးယုစံလေးနဲ့ ဘယ်တော့နီးစပ်ပါ့မလဲ
မသိ…
ကွန်နက်ရှင်ကောင်းတဲ့ ဆိုင်တွေ မြန်မာပြည်မှာ
မရှိ…
သဂျီးထံမှ ပွိုင့် တစ်သိန်းဘယ်တော့ရမယ်
မသိ….
မသိ.. မရှိ.. မသိ…
MaMa
November 15, 2011 at 5:44 pm
စိတ်ရဲ့အေးချမ်းမှုတွေ အများကြီး ရှိ ပြီး
ပညာဗဟုသုတတွေ အများကြီး သိ မှာတော့ သေချာပါတယ်။ 🙂
blackchaw
November 15, 2011 at 6:11 pm
ဘာမှ မပါဘူးဆိုရင်တော့
မန်းဂဇက် ကိုလာခဲ့ပါ။
မန်းဂဇက်မှာ စာရေးဘို့
အာဏာပါဝါကြီးကြီးလူတစ်ယောက်နဲ့
သိစရာမလို။
မန်းဂဇက်မှာ စာရေးဘို့
ပန်းနီရောင်သန်း
နောက်ဆုံးပေါ် မြန်မာ ငွေစက္ကူ တထမ်းကြီး
ရှိစရာမလို။
မန်းဂဇက်မှာ စာရေးဘို့
တရုတ်စကား နားလည်စရာ မလို။
မန်းဂဇက်မှာ စာရေးဘို့
ရိုးသားပွင့်လင်းပြီး
ချစ်ခြင်းတရားတွေပဲလိုပါတယ်။
စိတ်ကူးမလွဲပါနဲ့
မန်းဂဇက်ကိုလာခဲ့ပါ။
windtalker
November 15, 2011 at 8:15 pm
အားလုံးရှိ ၊ အားလုံးသိ
ခက်ခဲလာရင် အဖြေညှိ
ပဟေဋ္ဌိ ဆိုတာ အသာထား
ဘဖော ပြတဲ့ ကိန်းဂဏန်းများ ဇယားကွက်ထဲမှာ
လက်ရှိကို ပကိတအတိုင်းမြင် ၊ ရင်မောရင်
ကိုဘလက် ရဲ ့မာတိကာကိုလှန်
ရင်မောပြေ မော်ဒယ်လေးများကို ခေါ် ( ဒါ့ပုံစာမျက်နှာ )
ကမ်းဝေး ၊ အလင်းစက် ရဲ ့ မော်ဒန်စာပေတွေကြားမှာ
ကိုပေါက် လမ်းသလားတာတွေ ကို ရှုစားရင်း
ရွာတော်ရှင် ၊ အတုန် ၊ နွယ်ပင် ၊ ပုချ် အစရှိတဲ့ လေဒီရိုက်တာတွေ ကို လေ့လာခြင်း
ကိုသစ်မင်း ရဲ ့ဝင်္ကဝုတိ္တ တွေ မှာ အတော်စားရင်း ( ဦးဏှောက် )
ဂဇာဂီရဲ ့ဟာသများမှာ ပျော်ပါးရင်း
ကိုရင်စည်သူ ့ဗေဒင်တွေ နဲ ့မော်ကြွားရင်း
ဘွားရွှေရဲ ့ ဖိုရမ်များမှာ အတော်သွားရင်း
တစ်နေကုန်သွားပေါ့ ဂေဇက်ရယ်
( ကိုဆန်နီ အတွက် မောင်ပေ အချိန်သုံးပုံ စာရင်း )
pooch
November 15, 2011 at 8:17 pm
ဘာမှမသိတော့ဘူး…. တကယ်ကို ဘယ်သူမှ မရှိတော့ဘူး…..မျှော်လင့်ချက်တွေ ပျက်စီး …….
ငါ့မှာ…….. ပိုက်ဆံမရှိတော့ဘူး…………..ဟူး……….
ဟီး..
windtalker
November 15, 2011 at 8:25 pm
ပုရှ် ….အဲဂလိုကြီး မပြောပါနဲ ့ကွယ်
ပုရှ် အဲ့ဂလို ရေးလိုက်တော့
ကိုယ်ကဘဲ မင်းလေးကို တစိမ်းဆန်နေသလို ဖြစ်နေတာ အကုန်သိကုန်မယ် ကွဲ ့
အမှန်ဆိုရင် ၊ မင်းလဲ မရှိ ၊ ငါလဲ မရှိ ၊ ငါ့ညီမပြောင်ဝင်း မပုရှ်ကွင်း မလား
🙂
ကိုပေါက်(မန္တလေး)
November 15, 2011 at 10:19 pm
မသိ+မရှိ= သတိ
မသိတာလား
မသိလို့မရှိတာလား
သိဘို့မလိုလို့ မရှိတာလား
ရှိဘို့ မလိုလို့ မသိတာလား
အထပ်ထပ်တွေး
အပြန်ပြန်မေး
မေးရင်းတွေး
တွေးရင်းမေး
နောက်ဆုံးတော့
မသိတာ မရှိတာ
သိတာ ရှိတာထက်
လက်တွေ့ကျတဲ့လိုအပ်ချက်ကတော့
“သတိ”မပြတ်ဘို့ဆိုတာကို
ဖျပ်ကနဲ့မြင်မှ ဘဝင်ကျသွားပါတယ်။
ဒါပေမယ့်
လူပိန်းတစ်ယောက်ရဲ့အတွေးဆိုတော့
မှားချင်လဲမှားနိုင်ပါသေးသဗျာ.