ဂဇက်တံခါးစောင့်ကြီး ကိုယ်ထင်ပြခြင်း။

black chawNovember 15, 20111min34632

“ရွာသူားတွေ သူတို့ရဲ့ တံခါးစောင့်ကြီးကို မျှော်နေကြတယ်နော် အချိန် ရရင် ကို်ယ်ထင်ပြဦး”ရယ်လို့

ကိုရင် နိုဇိုမိက သတိပေးလာတဲ့ အတွက် သွားရင်းလာရင်း ရေးထားသမျှလေးတွေကို ချက်ခြင်းပဲ (ကိုရင် နိုဇိုမိရေ အမိန့် နာခံပါတယ်နော)

ကိုယ်ထင်ပြလိုက်ပါတယ်ဗျာ။ အပျော်တမ်း အတွေးအရေးများလို့ သဘောထားပြီး အပြောအဆိုများ မှားယွင်းတာလေးတွေ ပါခဲ့ ရင် ခွင့်လွှတ်ကြပါလို့။

ဆရာ comegyi ၏ လေတိုက်ရာ အရပ်သို့ မျက်နှာမူကာ (၂) ဆိုတဲ့ ပို့စ်လေးကတော့ မော်ဒန်ကဗျာလေးတစ်ပုဒ်ပါ။ ကိုရှုံး က အားနာစွာနဲ့ ကွန်းမန့် လေးပေးထားပါတယ်။ ကိုသစ်မင်းကလည်း ကဗျာလေးတစ်ပုဒ်နဲ့ ကွန်းမန့်ပေးထားပါတယ်။

ကိုရှုံး ရဲ့ ကွန်းမန့်လေးကို အမှတ်တရ ဖေါ်ပြလိုက်ပါတယ်။

မြန်မာတော့ မြန်မာပဲ
အက္ခရာတွေ စီကာတော့ စဉ်ထားတာပဲ
နွေနေ့လည်ခင်းအိမ်မက်လို
ဂယောင်ခြောက်ခြားများ ဖြစ်နေရော့လား                                                         

အချိုမှုန့်မပါတဲ့ဟင်း
မြန်မာပါးစပ်နဲ့တွေ့သလို
အရသာ ပေါ့ပျက်ပျက်နဲ့
တယ်လဲ…
စားမဝင်လှဘူး                                                                                                   

 တာရာရောင်းတဲ့ မင်းဝေတော့
သူ့သမိုင်း သူရေးခဲ့ပြီ
ကိုမဲကြီးတော့
သမိုင်းတွေ စိုက်ထူနေတုန်း
ပေးလိုရင်း အလျဉ်းမသိသော်ငြား
ရေးသားသည့်စကားလုံးများ
သေချာစွာ ဖတ်ရှုပါ၏။
ဖင်ပြန်၊ခေါင်းပြန်
နောက်မှသည် ရှေ့သို့
အလယ်မှသည် အစသို့
အဘယ်လို ဖတ်ပါသော်ငြား
ဉာဏ်စဉ်မမှီကြောင်းအား
အားနာစွာ ဖွင့်ဆိုပါ၏။

ကိုရှုံးရေ နားမလည်ပါသော်လည်း ကွန်းမန့် ဝင်ချီးမြှင့်ပေးတဲ့ အတွက် comegyi ကိုယ်စား ကျေးဇူးတင်ကြောင်း ပြောပါရစေ။

လူကြိုက်များနေပါသော ဆရာ ကိုပေါက်၏ နွေးသီး ဆိုသည့် ပို့စ်လေးကို ဖတ်ဖြစ်ပါသည်။ အင်မတန်အရေးအသား ပြေပြစ်ချောမွေ့သော ရသ အရေးအဖွဲ့ တစ်ခုဟု ဆိုချင်ပါသည်။ ဇာတ်လမ်းကိုတော့ အသေးစိတ် ပြန်ရေးမပြတော့ပါ။ လွိုင်ကော်ကနေ အောင်ပန်းကို ပြန်လာသော အဓိက ဇာတ်ဆောင် ပိုပို ဆိုသည့် ကောင်မလေး၏ နောက်ကြောင်းပြန် ဇာတ်လေးဖြစ်ပါသည်။ သွေးသားမတော်စပ်သော်လည်း သွေးသားအရင်းလို ချစ်ကြပါသော ကိုကြီး နှင့် ပိုပို တို့၏ ဖြူစင်သော အချစ်ကို ဖွဲ့ဆိုထားသော ရသဝတ္ထုတိုလေးကို ရှားရှားပါးပါး ဖတ်ဖြစ်အောင်ဖတ်ကြပါဟု တိုက်တွန်းပါသည် ခင်ဗျား။ ကွန်းမန့်လေးများကလည်း သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်ကြမှာပါ ခင်ဗျာ။

ဆရာ ဘီလူးကြီး၏ မြောက်ဒဂုံ/ကလေးသူခိုး နောက်ဆက်တွဲသတင်း ဆိုတဲ့ ပို့စ်လေးကတော့ သတင်းလေးတစ်ပုဒ်ပါ။ ကလေးသူခိုးတွေအကြောင်း စိတ်ဝင်စားသူများ ဖတ်ကြည့်ကြဘို့ပါ။

ဆရာမောင်ဝိုင်း ရဲ့ ဂေါပက ပြသနာ ဆိုတဲ့ပို့စ်ကတော့ ဧရာဝတီတိုင်း အိမ်မဲမြို့နယ်အထက်ပိုင်း ရပ်ကွက် ဗလီကြီးရဲ့ ဂေါပက အရှုပ်အထွေး သတင်းလေးပါ။

ဒါ့ပုံဆရာ၊ မားကက်တင်းဆရာ ပုဂိ္ဂုလ်အကျော်အမော်လေး ဆရာ ဂိုင်း အင်ဇာဂီ ၏ ကပေ့ရဲ့အာဂလူစွမ်း စူပါမင်း(၁၁) ယောက် ၁ ကတော့ ဒါရိုက်တာ ဆောက်ဇာဂီ (ကိုးရီးယားနဲ့ တူအောင် နာမည်မှည့်ပေးထားတာပါ ဂိုင်းရေ)  ၏ ကိုးရီးယားစတိုင် ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။ ဇာတ်ဆောင်တွေကတော့ ရွာထဲက လူမိုက်ကြီးများ အဲလေ ရွာထဲမှ “ ဇ “ ရှိကြသူများ ပါဝင်ကြပါတယ်။ ဖတ်ပြီး ပြုံးလည်းပြုံးရမယ်၊ ရယ်လည်းရယ်ရမယ့် ဒါရိုက်တာအကျော်အမော် အင်ဇာဂီ ရဲ့ ဇာတ်လမ်းကို ကြည့်ဖြစ်အောင်ကြည့်ကြပါလို့ ကြော်ငြာထိုးပေးလိုက်ပါတယ် ဒါရိုက်တာ ဆောက်ဇာဂီရေ။ အကြည်တော် တောင် လက်မြှောက်ရမယ် ဂိုင်းရေ။

ဆရာ whowho ၏ ခန္ဓာတွင်း အစည်းအဝေး ၁ ကတော့ တရားလမ်းပြ ပို့စ်လေးပါ။

ဆရာ ဘကြီး၏ မျက်စိအောက်ရောက် မုဆိုးမှ သားကောင် ဖြစ်သွားကြသူများ၏ နောင်တ (ဒု) ဆိုတဲ့ ပို့စ်လေးက တော့ အမှောင်ခေတ်ရဲ့ ရှိုက်သံတစ်ခုလို့ ခေါ်ရမယ်ထင်ပါတယ်။ လူမဆန်တဲ့ စစ်ကြောရေးတွေရဲ့ နှိတ်စက်ညှင်း ပန်းမှုကို ခံခဲ့ရတဲ့ လူတစ်ယောက်ရဲ့ နောက်ကြောင်းပြန် ဖြစ်ပါတယ်။ အိမ်သာက ရေကိုတောင် သောက်ရေအဖြစ်သောက်ခဲ့ရတဲ့ အထိဖြစ်ခဲ့ရတဲ့ ဘကြီးရဲ့ ပို့စ်လေးကို ကွန်းမန့်လေးများ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ဖတ်ကြရမှာပါ။

ဆရာမ nikita ရဲ့ ဆံပင်နဲ့ ပတ်သက်ပြီး အယူသည်းမှုများကတော့ ဆံပင်နဲ့ ပတ်သက်တဲ့ လူတွေရဲ့ အယူသည်း မှုများကို ဖေါ်ထုတ်ရေးသားထားတာပါ။

နောက်တစ်ပုဒ်ကလည်း ဆရာမ nikita ရဲ့ လိင်အကျင့်ယိုယွင်းခြင်း (လိင်တူဆက်ဆံခြင်း) ဆိုတဲ့ ပို့စ်လေးကတော့ သမာကျမ်းစာက လိင်တူဆက်ဆံခြင်းကို အကျင့်ယိုယွင်းမှု အဖြစ် ရှုံ့ချထားကြောင်း ရေးထား တဲ့ ပို့စ်လေးပါ။ ကွန်းမန့်လေးများ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ပျော်စရာကောင်းတဲ့ ပို့စ်လေးဖြစ်ခဲ့ပါတယ်။ ကိုအောင်ပုရဲ့ ကွန်းမန့်လေးကို အမြည်းဖတ်ဘို့ ဖေါ်ပြပေးလိုက်ပါတယ်။

အမလေးပြောနေလိုက်ကြတာ
မူမှန်တာတွေရော မူမမှန်တာတွေရော
ကိုယ်ဖီးလာဘို့ ကိုယ်လုပ်တဲ့ကိစ္စ နှစ်ဦးနှစ်ဖက်ကြေနပ်ကြရင်ပြီးတာဘဲ
ကောင်းဘို့ကအရေးကြီးတယ်ဟေ့
လိင်တူချစ်သူတွေဆိုတာ နှိမ်ချပြီးပြောဘို့ မဆင်းစားကြနဲ့
သူများလိုအဖြစ်ရှိလို့လား
အဲ့ဒါ ထူးချွန်တာ
ထူးချွန်တာလို့ခေါ်တယ်
သူများဘက်စုံ ထူးချွန်တာကို မနာလိုဖြစ်နေကြတယ်လား
ခေတ်မှန်စနစ်မှန်နဲ့သာဆို
ဒို့က ဘက်စုံ ထုူးချွန် စံပြလူသားတွေဆိုပြီးတော့
စံပြမောင်တွေ ဖြစ်ဦးမှာ ဖြစ်ဦးမှာ
သိပလား ဒကတဲ
ဗျန်းဗျန်းဗျန်

ဆရာမ Etone ၏ ဘာမှန်းညာမှန်းရော သိရဲ့လား ဆိုတဲ့ ပို့စ်ကို ဆက်ဖတ်ဖြစ်ပါတယ်။ အလုပ်ကအပြန် အိမ်ကို ကားငှားပြန်လာတဲ့ Etone စစ်ဆေးရေးတွေရဲ့ စစ်ဆေးခြင်းကိုခံရပြီး ဖုန်းကြိုးတွေ့သွားလို့ အရစ်ခံရတာကို ပြန် ရေးထားတာပါ။ ကွန်းမန့် ၄ဝ နဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ဖတ်ကြရမယ့် ပို့စ်ပါဗျာ။

ဆရာမ we R one ၏ 350 campaign (သို့မဟုတ်) ပန်းတစ်ပွင့်တောင် သစ်ပင်စိုက်ပွဲ ပို့စ်ကတော့ Myanmar Youth in Action အဖွဲ့ရဲ့ မှော်ဘီမြို့နယ်အတွင်းရှိ ပန်းတစ်ပွင့်တောင်မှာ သစ်ပင်စိုက်ပျိုးကြတဲ့ အကြောင်း ဓါတ်ပုံလေးများနဲ့ ဖေါ်ပြထားတာပါ။

ဆရာ အီးတီ ရဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းကြီး အမှန်တကယ် ဖွံ့ဖြိုးတိုးတက်မည်လော ဆိုတဲ့ ပို့စ်ကတော့ တရုတ်ကြီး မြန်မာ ဆိပ်ကမ်းထွက်ပေါက်တွေကို အသုံးချဘို့ မျက်စိကျနေတဲ့ အကြောင်းလေးနဲ့ ရှေ့ရေးမျှော်တွေးတဲ့ သင်္ဘောသားတစ်ယောက်ရဲ့ အတွေးလေးပါ။ စာမြည်းလေး နည်းနည်း ဖေါ်ပြပါရစေ။

ကျွန်တော်တို ့ မြန်မာနိုင်ငံ နေရာအနေအထားက နေရာကောင်းဗျ။ မယုံရင် ကမာ္ဘမြေပုံကိုကြည့်၊ အရှေ့ အလယ်ပိုင်းကြီးမှာ။ သိတယ်မှတ်လား ကမာ္ဘအလယ်က မြန်မာလေ။ ဝမ်းနည်းစရာက ဖွံဖြိုးတိုးတက်ဆဲ နိုင်ငံ ဖြစ်နေတယ်။ လွန်ခဲ့တဲ့ နှစ် ၂ဝ လောက် ကထဲက ကြိုးစားပမ်းစား လုပ်ခဲ့ရင် အခုအချိန်မှာ မြန်မာဟာ ကမာ္ဘအလယ်မှာ လက်မထောင်လို ့ရနေမှာပါ။ အခုတော့ ကမာ္ဘမှာမြန်မာဆိုရင် နှာခေါင်းရှုံ ချင်ကြပါတယ်။ ဝေးဝေးမကြည့်နှင့် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်လိုကောင်ကိုတောင် ဆရာတင်ထားရတာသာကြည့်။ ကျွန်တော့်အမြင်မှာတော့  မြန်မာက တရုတ်ကို ကုန်သွယ်မှု အပိုင်းမှာ ကောင်းကောင်းကြီး လုပ်စားလို ့ရပါတယ်။ တရုတ်ရဲ့ ပင်လယ်ဆိပ်ကမ်းမြို ့တွေကရှေ့ ဘက်ခြမ်းမှာပဲရှိတာပါ။ ကျွန်တော် ၂၀၀ရ ခုနှစ်တုန်းက ရေနံတင်သင်္ဘောမှာ အလုပ်လုပ်ဘူးတယ်ဗျ။ သွားတာကတော့ ဒူဘိုင်း-တရုတ်၊ တရုတ်-ဒူဘိုင်း ပေါ့။ စင်္ကာပူ ကတော့ အသွား၊ အပြန်တိုင်း ဝင်တယ်။ မြန်မာနိုင်ငံ ကိုကိုးကျွန်းကြီး အောက်နားကလည်း အမြဲဖြတ်သွားတယ်။ တကွေ ့တပတ်ကြီးသွားရတာဗျ။ အခု တရုတ်တွေ မြန်မာနိုင်ငံကို မျက်စိကျနေပြီ။ စစ်တွေရေနက်ဆိပ်ကမ်းကနေ ရေနံတွေကို သူတို ့နိုင်ငံကို သွင်းလို ့ရအောင်လုပ်နေပြီ။ တရုတ်ကတော့ တော်တော်သက်သာသွားမှာဗျ။ တရုတ်တွေက မြန်မာနိုင်ငံကို သူတို ့နိုင်ငံရဲ့ အနောက်တံခါးပေါက် အဖြစ်အသုံးချချင်နေကြတယ်။ တရုတ်အဘို ့ကလည်းမဟာအခွင့်အရေးကြီးပဲလေ။ အဲဒီ အခွင့်အရေးကို မြန်မာတွေ ကောင်းကောင်းအသုံးချနိုင်ရင် ကောင်းမယ်။ စစ်တွေရေနက် ဆိပ်ကမ်း နှင့် ထားဝယ်ရေနက် ဆိပ်ကမ်း ကြီး ဆောက်လုပ်ပြီးစီးသွားရင် ရလာမယ့် အခွင့်အလမ်း၊ စီးပွားရေး နှင့် အလုပ်အကိုင်တွေက နည်းမှမနည်းပဲ။

ကွန်းမန့်လေးတွေ၊ ဓါတ်ပုံလေးတွေနဲ့ ဖတ်ကြည့်ရမယ့် ပို့စ်လေးပါဗျာ။

ကျွန်တော်တို့ သူကြီး ဆရာ kai က အစာငတ်ခံ ဆန္ဒပြခြင်း (ခင်မမမျိုး ရေးတဲ့) ဆိုတဲ့ ပို့စ် ကို တင်ပေးလာပါ တယ်။ ဒီပို့စ်မှာ လူ့ခန္ဓာကိုယ်ကို လက်နက်အဖြစ် အသုံးပြုခြင်း ခေါင်းစဉ်အောက်က နည်းလမ်းတွေကို ဖေါ်ပြ ပြီး အကြမ်းမဖက် နည်းလမ်းဖြစ်တဲ့ အစာငတ်ခံ ဆန္ဒပြခြင်းအကြောင်း ကို ဆွေးနွေးထားတာပါ။ မြန်မာ့သမိုင်းမှ ထင်ရှားသော ဆရာတော်ဦးဝိစာရ ရဲ့ အစာငတ်ခံဆန္ဒပြခဲ့တဲ့ အကြောင်း၊ မြန်မာပြည် စစ်အာဏာရှင် ဆန့်ကျင်ရေးသမိုင်းထဲမှ ကိုကိုးကျွန်းအစာငတ်ခံ ဆန္ဒပြတိုက်ပွဲများ အကြောင်း တွေနဲ့ အာဏာရှင်စံနစ် အဆုံးမသတ်သေးသရွေ့ အစာငတ်ခံဆန္ဒပြမှုတွေ ရှိနေဦးမှာ ဖြစ်ကြောင်းနဲ့ အဆုံးသတ်ထားပါတယ်။

မဆလ၊ နဝတ၊ နအဖ၊ ဦးသိန်းစိန်ရုပ်သေးအစိုးရစတဲ့အာဏာရှင်အဆက်ဆက်တို့ရဲ့အကျဉ်းထောင်တွေထဲမှာလဲ အစာငတ်ခံ ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ပြီး၊ အာဏာပိုင်တွေကိုဆန့်ကျင်အန်တုခဲ့ကြပါတယ်။မတရားမှုဟာ ဥပဒေဖြစ်နေသရွေ့၊ အာဏာတည်နေသရွေ့၊ဆန့်ကျင်တော်လှန်သူဆိုတာရှိနေစမြဲပါပဲ။ဒီလိုတော်လှန်သူတွေကို အကျဉ်းထောင်တွေထဲမှာ၊ တိုက်တွေထဲမှာ၊ ကျွန်းတွေမှာ နည်းမျိုးစုံနဲ့ ချုပ်နှောင်ထားရင်လဲ ကိုယ်ခန္ဓာကိုပဲ ချုပ်နှောင်လို့ရပေမယ့် တော်လှန်စိတ်ကိုတော့ ချုပ်နှောင်လို့ မရနိုင်ပါဘူး။ တော်လှန်စိတ်ကို မီးမောင်းထိုးပြတဲ့ အစာငတ်ခံ ဆန္ဒပြပွဲတွေ၊ ထောင်တွင်းတိုက်ပွဲတွေဟာ အချုပ်ခန်း၊ ထောင်အဆောင်များ၊ တိုက်များနဲ့ ကျွန်းတွေကနေ ပေါ်ထွက်ခဲ့၊ ပေါ်ထွက်ဆဲဖြစ်ပြီး၊ အာဏာရှင်စနစ် အဆုံးမသတ်သရွေ့ ဆက်လက် ပေါ်ထွက်နေဦးမှာပဲ ဖြစ်ပါကြောင်း

ကွန်းမန့်တွေထဲက ဆရာ maungmoenyo ရဲ့ ကွန်းမန့်လေးကို ဖေါ်ပြလိုက်ပါတယ်။

maungmoenyo says:                                                                                                   အစာငတ်ခံဆန္ဒပြခြင်း ကိုသက်ဆိုင်ရာအာဏာပိုင် (အထူးသဖြ

ဆရာမ Shwe Ei ရဲ့ သားဦးစနေ ဆိုတဲ့ ပို့စ်လေးကတော့ စနေနေ့မှာ မွေးတဲ့ သားဦး မိန်းကလေးတစ်ယောက်ရဲ့ နေရာက ဝင်ရေးပေးထားတာပါ။ မြန်မာတွေရဲ့ ရှေးရိုးစွဲ သားဦးစနေ မီးလိုမွှေ ဆိုတဲ့ စကားကြောင့် အဖွားဆီမှာ တစ်မတ်နဲ့ ရောင်းတာရယ်၊ ဓါးထမ်းပြီးကျော်ရတာရယ် ကိုလည်း ထည့်ရေးထားပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ သူကြီးက ကွန်းမန့်လေး ဝင်ပေးထားပါတယ်။ ဖတ်ကြည့်ပါ။

တပါတ်မှာ ရရက်.. ရာဟုပါတွက်ရင်မှ.. မွေးတဲ့လူသားတွေခမြာ.. ၈ခုရွေးချယ်ဖို့ရှိတာ..။အဲဒီမှာ.. လူသား၂ဦး ပေါင်းဖက်တဲ့ အိမ်ထောင်ကနေ.. အရင်ဆုံးမွေးတဲ့ လူသားကို.. (၈ပုံ၁ပုံနှုန်းနဲ့..)လူလူချင်း..မတရားခွဲခြားတာပဲလို့ ယူဆပါတယ်..။အခု ကမ္ဘာ့လူဦးရေ သန်း၇၀၀ဝ ပြည့်ပြီ..။အဲဒီလူတွေထဲ.. သဦးဖြစ်နေသူတွေ ၃ပုံ၁ပုံနဲ့တွက်..။
သန်း ၂၀၀ဝ အသာလေးရှိတယ်..။အဲဒီထဲက.. အနည်းဆုံး ၈ပုံ၁ပုံက.. သားဦးစနေတွေဖြစ်မှာပေါ့..။
ဆိုတော့..ဒီကမ္ဘာကြီးမှာ.. (ပျမ်းမျှထားရင်)လူပေါင်း..သန်း၂၅ဝ က စနေသား..သားဦးတွေ..။အောင်မလေးဗျာ..
တော်တော်ရုးသွမ်းတဲ့.. တော်တော်ဆိုးတဲ့ ရှေးစွန်းစွဲအယူပါ…။ မေ့လိုက်..မေ့လိုက်…။

ဆရာမ pan pan ရဲ့ နှလုံးသားရှာသူ ပို့စ်ကတော့ ဆရာမရဲ့အသက်၂ဝ အရွယ်ကရေးခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ပါ။ အသက်၂ဝ ဆိုတော့လည်း ၂ဝ အရွယ် ရဲ့ အလှပေါ့ ဆရာမ pan pan ရေ။

မော်ဒန် ဆရာလေး ကိုရင်စည်သူရဲ့ ကိုရင့်စေတနာ အလှူယတြာ ပို့စ်လေးကတော့ ရ ရက်သားသမီးတွေ ယတြာ လွယ်လွယ်ချေနိုင်အောင် လမ်းပြထားတဲ့ ပို့စ်လေးပါဗျာ။

ဆရာmayday ရဲ့ ကြိုက်သလောက်သာလုပ်ကြပေတော့ ဆိုတဲ့ ပို့စ်လေးက ဂျီမေးလ်အကောင့်အသစ်လုပ်ချင် သူများအတွက် အကူအညီပေးထားတာလေးပါ။ လိုအပ်သူများ ဖတ်နိုင်ဘို့ပါ။

ကပေ့ရဲ့ အာဂလူစွမ်း စူပါမင်း ၁၁ ယောက် ၂ ဆိုတဲ့ ပို့စ်ကတော့ ဆရာ inz@ghi လက်စွမ်းပြထားတဲ့ ဟာသဇာတ်လမ်းတွဲကြီးရဲ့ အဆက်ဖြစ်ပါတယ်။ ရယ်ချင်သူများ ဖတ်ကြဘို့ပါ။

အရေးအသားကောင်းကောင်းနဲ့ စာဖတ်သူကို ဆွဲဆောင်နိုင်စွမ်းရှိသော ဆရာ thit min ရဲ့ ကျွန်တော်ကြားဘူး သောပုံပြင်နှစ်ပုဒ် ပို့စ်လေးကို ဖတ်ဖြစ်ပါသည်။ ဖြစ်သမျှအကြောင်းအကောင်းကြီးပါပဲ ဆိုတဲ့ ပုံပြင်လေးတစ်ပုဒ်ရယ်၊ ငါး သုံးကောင် ဆိုတဲ့ ပုံပြင်လေးတစ်ပုဒ်ရယ် ကို ရေးပြပြီး ဒီလိုမေးခွန်းလေးနဲ့ အဆုံးသတ်ထားပါတယ်။

ကဲ ကျနော်တို့ ဖြစ်သမျှအကြောင်းအကောင်းချည်းဘဲဆိုပြီးလဲ နေခဲ့ “ရ” ပြီးပါပြီ။
ကံ= ကမ်မ=အလုပ် ဆိုတာကိုမစဉ်းစားဘဲ ဘာမှမလုပ်ထိုင်စောင့်နေတတ်တဲ့
ကံငါးလို ကံကိုဘဲပုံနေအုန်းမှာလား။
အချိန်မတန်ဘဲဝီရိရစိုက်ထုတ်ခဲ့မိတဲ့အမှားတွေလဲရှိချင်ရှိရှိခဲ့မှာပေါ့နော်။
ဉာဏ်ငါးလို ဉာဏ်ထုတ်ရမဲ့ အချိန်တန်နေပြီဆိုရင်တော့ အားကုန်ရုန်းပလိုက်ရမှာနော်။
ချင့်ချိန်ကြရအောင်ပါ။                                                                                            

  “အချိန်တန်ပြီလား”လို့။

ကိုယ်တိုင်ဖတ်ကြည့်ပြီး ကိုသစ်မင်း ပြောတဲ့ အချိန်တန်ပြီလား ဆိုတာ ကိုယ့်ကိုယ်ကို ပြန်သုံးသပ် ကြဖို့ပါဗျာ။

ဆရာကိုပေါက် ရဲ့ ကိုပေါက်လမ်းသလားနေသည် အပိုင်း၂၅ (တမိုးတမြေအောက်ကတောင်ကွဲစေတီ) ပို့စ်လေးကတော့ ဖိုတိုအက်ဆေး စီးရီးလေးဖြစ်ပါတယ်။ ဒိတစ်ခါ လွိုင်ကော်မြို့က တောင်ကွဲစေတီ ကို ဓါတ်ပုံတွေ ရိုက်ပြထားတာပါ။ ကိုပေါက် ရဲ့ ပရိသတ်အားလုံး အတွက်ပါဗျာ။

ဆရာ thit min ရဲ့ ချစ်ခင်ခဲ့ရပါသော အတိတ်တစ်ခု ဆိုတဲ့ ပို့စ်လေးကို ဆက်ဖတ်ရပါတယ်။ အဆောင်နေကျောင်းသားတစ်ယောက်ရဲ့ နောက်ဆုံးအချိန်လေးကို ဖွဲ့နွဲ့ထားပါတဲ့ ဆရာသစ်ရဲ့ ရေးချက်လေးတွေက ဖတ်တဲ့သူတွေကို လွမ်းမောစေပါတယ်။ နည်းနည်းလောက် အမြည်းလေးဖတ်ကြည့် ပါဗျာ။

တဦးပါးစပ်ထဲကမုံ့ကိုတဦးလုစားခွင့်ရှိခဲ့သောချစ်ခင်ရင်းနှီးမှုမျိုးရပါမည်ဟုမည်သူအာမခံပါမည်နည်း။ ရှိသမျှပိုက်ဆံကိုသူငယ်ချင်းများအတွက်အနှမြှောအတွန့်အတိုမရှိသောအသိုင်းအဝိုင်းမျိုးရပါမည်ဟု မည်သူအာမခံပါမည်နည်း။ တဦးနေမကောင်းလျှင်တဦးပြုစုပေးတတ်ယုံ(မိသားစုပုံစံထက်မက) ကိုယ်ချစ်ခင်စွဲလန်းသောမိန်းကလေးကိုရ သည်အထိကိုယ်အားဉာဏ်အားဖြင့်အနစ်နာခံကူညီတတ်ကြသောသူငယ်ချင်းမျိုးရပါမည်ဟုမည်သူအာမခံပါမည်နည်း။ ဤသို့သောသူငယ်ချင်းအသိုင်အဝိုင်းမျိုးနှင့်မည်သူသည်ခွဲချင်ပါအံ့နည်း။

အဆောင်နေပြီး ကျောင်းတက်ခဲ့ဘူးသူတို့အတွက် အလွမ်းပြေဖတ်စရာ ပို့စ်လေးပါဗျာ။

ဆရာ windtalker ရဲ့ ရူးချုင်ယောင်ဆောင်မနေနဲ့ ဆိုတဲ့ ပို့စ်လေးကို ဆက်ဖတ်ဖြစ်ပါသည်။ ပေါက်ဖေါ်၊ ဘီလူးကြီး၊ မောင်ပေ တို့ ရှိုးပွဲကြည့်ကြပုံကို ဟာသပုံစံလေးဖြင့်ရေးပြထားခြင်းဖြစ်ပါသည်။ ပြုံးချင်၊ ရယ်ချင်သူများ ဖတ်ကြဘို့ပါ။

ဆရာ ကိုရင်စည်သူရဲ့အကြင်ရွာသားများအတွက် မယားခုနှစ်မျိုးအကြောင်း ပို့စ်လေး ကိုလည်းဖတ်ဖြစ်ပါတယ်။ ကိုရင်ရေးတဲ့နိဒါဏ်းလေးကို အမြည်းဖတ်ကြည့်ပါ။

ဒီပိုစ့်လေးကို ရေးဖြစ်တာကတော့ လမ်းမှန်လျှောက်နေတဲ့ လင်သားအပေါ်မယားဝတ္တရားငါးပါးကျေပြွန်တဲ့ ဇနီးမယား များကိုရည်ရွယ်ပြီးရေးခြင်းမျိုးမဟုတ်ဘူးဆိုတာသိစေချင်ပါတယ်။လမ်းမှားကိုရောက်နေတဲ့ လင်သားပေါ် မယားဝတ္တရားငါးပါး မကျေပြွန်သေးသော ဇနီးမယားများ ဒီပိုစ့်လေးကိုဖတ်ပြီး အသိတစ်ခုခုရရှိစေလိုခြင်း၊ရရှိလိုက်သည့် အသိလေးကို အချိန်မှီ ပြုပြင်စေလိုခြင်း၊လင်သားအတွက် တကယ်တန်ဘိုးကြီးတဲ့ ဇနီးမယားတစ်ယောက်ဖြစ်စေလိုခြင်း၊ ကျွန်တော်အပါအဝင် အိမ်ထောင်ပြုမယ့် ရွာသားများအနေနဲ့လည်း ဘယ်လိုဇနီးမျိုးကိုရွေးချယ်သင့်တယ်။ အမျိုးသမီးများအနေနဲ့လည်း လင်သားအပေါ် ဘယ်လိုဇနီးမယားအဖြစ်နဲ့ ဘဝကိုဖြတ်သန်းတာကောင်းတယ်။ဘယ်လိုဇနီးမယားမဖြစ်အောင်မိမိကိုယ်ကို ကြိုးစားမယ်စတဲ့အချက်တွေကြောင့်ရယ်ပါ။

စိတ်ဝင်စားသူများ ဖတ်ကြည့်ကြဘို့ပါ။

ဆရာ မောင်သန်းထွဋ် ဦး ရဲ့ စကားဂုဏ်ရည်ကတော့ စကားကြီး ၆ မျိုး ကိုဖေါ်ပြပြီး စကားပြော ဆင်ခြင်ကြဘို့ သတိပေးထားတဲ့ ပို့စ်လေးပါ။

ဆရာ မောင်သန်းထွဋ် ဦး ပဲရေးတဲ့ ငြိမ်းချမ်းသော သာသနာများနှင့် ဆရာများ အမြင် ၃ ကတော့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအတွက် ရေးထားတာပါ။ အောက်မှာပါတဲ့ ကွန်းမန့်လေးများနဲ့ အပြန်အလှန်ပြောဆိုနေကြပုံကို စိတ် ဝင်စားသူများ ဖတ်ကြည့်ဘို့ပါ။

ဆရာမ ရင်ငြိမ်းနွေ ၏ မီးပုံးပျံ လုပ်သူတစ်ယောက်ရဲ့ ရင်ခုန်သံ အတွဲ ၁ ကိုဖတ်ဖြစ်ပါသည်။ တောင်ကြီးမှာ လွှတ်ကြတဲ့ မီးပုံးပျံ ၃ မျိုးအကြောင်းရှင်းပြပြီး တစ်မျိုးဖြစ်တဲ့ စိန်နားပန် ဆိုတဲ့ မီးပုံးပျံအကြောင်း ကဗျာလေးရေးပြထားပါတယ်။ ဖတ်ကြည့်ကြစေချင်ပါတယ်။

သူက မှားလို့မရဘူး                                                                                                                            

သူက ဘဝကို                                                                                                                               

မီးတွေနဲ့ ရံပြီးတက်ရတယ်
မီးတွေကို ဆွဲပြီးတက်ရတယ်                                                                                                               

အဲ့ဒါမှ သူကလှနေပြီးတော့                                                                                                                      

 အဲ့ဒါမှ သူကပီသတယ်                                                                                                             

သူဟာမှားလို့မရဘူး                                                                                                                    

သူ့အတွက်ကျတော့                                                                                                       

လေမတိုက်လေကျေနပ်လေ                                                                                             

ဘဝဟာပေါ့ပါးနေလို့မရသလို                                                                                         

လေးပင်နေလို့လဲမရဘူး                                                                                                                       

မီးစာ ကိုတထစ်ချင်းလောင်ကျွမ်းပြီး                                                                                                     

တမြင့်ချင်း မြင့်မြင့်တက်ရတယ်                                                                                                

 သူဟာမှားလို့မရဘူး                                                                                                                  

သူဟာငြိမ်ငြိမ်လေးနဲ့ ငြိမ့်ငြိမ့်လေးတက်မှ                                                                                              

သူက စိန်နားပန်

တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော် ကို စိတ်ဝင်စားကြသူများ မီးပုံးပျံလွှတ်တဲ့လူတစ်ယောက်ရဲ့ ခံစားချက် လေးကို ဖတ်ဖြစ်အောင်ဖတ်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ ဒါပေမယ့် ဒါက အတွဲ ၁ နော်။

ဆရာ Diamond Key ရဲ့ ဆည်တော်လေး (သို့) မန္တလေးက ချောင်းသာ ပို့စ် ကတော့ မန္တလေး-ပြင်ဦးလွင် ကားလမ်း ၁၆ မိုင် လောက်မှာ ရှိတဲ့

ဆည်တော်လေး ရေလွှဲဆည် ရဲ့ အပန်းဖြေလို့ ရတယ်ဆိုတာ ဓါတ်ပုံလေး များနဲ့ ဖေါ်ပြထားတဲ့ ခရီးသွားလမ်းညွှန်ပို့စ်လေးပါ။ ကိုစိန်သော့ရဲ့ ထုံးစံအတိုင်း

လှပတဲ့ ဓါတ်ပုံလေးများကို ကြည့်ကြပါလို့ တိုက်တွန်းပါတယ်။

 

32 comments

  • blackchaw

    November 15, 2011 at 3:02 pm

    ဆရာမောင်မိုးညို ကွန်းမန့်လေး ပျက်နေတယ်ဗျာ။
    စိတ်မကောင်းဖြစ်မိပါတယ်။

  • ကိုရင်စည်သူ

    November 15, 2011 at 3:16 pm

    ဝေးလ်းး.. တံခါးစောင့်ကြီး
    ပြန်လာပီ… ဆရာသမားရေ..
    ခရီးထွက်ထားတာ ရွာထဲမှာ
    အကြွေးတွေများနေတယ်နော်..
    တော်တော် လိုက်ဖတ်ယူရမယ်နော့…
    အမြဲအားပေးနေတယ်ဗျို့….
    ဒါမျိုး ရေးနိုင်တယ်ဆိုတာ..
    ရွာကို တော်တော်ချစ်တယ်၊ သံယောဇဉ်ရှိတယ်ဆိုတာ
    ယုံကြည်ပါတယ်ဗျို့…
    မန်းဒလေးက ရွာသားတွေအတွက်ကော..
    ဘာလက်ဆောင်မှ မပါလာဘူးလား..
    ပရော်ကျစ်တို့ ဘာတို့ပေါ့… ဟဲဟဲ 🙂 🙂 🙂

  • Moe Z

    November 15, 2011 at 3:16 pm

    welcome back ဘဘ ဘလက် …

  • မှော်ဆရာ

    November 15, 2011 at 3:17 pm

    ဂေဇက်တံခါးစောင့်ကြီး ပျောက်နေလို့ မျှော်နေမိပါသေးတယ် … ကိုယ်ထင်ပြလို့ ဝမ်းသာပါ၏ …

  • nozomi

    November 15, 2011 at 3:22 pm

    ကိုချော ကျေးဇူးတင်ပါတယ်ဗျာ
    ခရီးကပြန်ရောက်ပြီလား?

    တံခါးစောင့် ပို့စ်တွေက ဖတ်နေကျ မဖတ်ရတော့ မနက်မိုးလင်း ကားစ မျက်နှာသစ်ဘို့ ရေ မရှိသလို ဖြစ်နေတယ် မနေတတ် မထိုင်တတ် ကြီးနဲ့ပေါ့

    အလုပ်တွေများနေမှာ ဆိုတော့ အားတော့ နာပါရဲ့ ၊ အချိန် ရရင်တော့ ကိုယ်ထင်လေးတွေ ခဏခဏ ပြပေးပါဗျာ

  • blackchaw

    November 15, 2011 at 3:25 pm

    သူကြီးရေ။
    အစာငတ်ခံဆန္ဒပြခြင်းဆိုတဲ့ ပို့စ် ကျမှပဲ
    သူကြီးရဲ့ မျက်နှာကို အိုးမဲ သုတ်သလိုဖြစ်ရပြီဗျာ။
    ခွင့်လွှတ်ပါ သူကြီးရေ။
    ကွန်းမန့်မှာပဲ ဆက်ဖတ်ကြပါတော့ ရွာသူားများခင်ဗျား။

    ကျွန်တော်တို့ သူကြီး ဆရာ kai က အစာငတ်ခံ ဆန္ဒပြခြင်း (ခင်မမမျိုး ရေးတဲ့) ဆိုတဲ့ ပို့စ် ကို တင်ပေးလာပါ တယ်။ ဒီပို့စ်မှာ လူ့ခန္ဓာကိုယ်ကို လက်နက်အဖြစ် အသုံးပြုခြင်း ခေါင်းစဉ်အောက်က နည်းလမ်းတွေကို ဖေါ်ပြ ပြီး အကြမ်းမဖက် နည်းလမ်းဖြစ်တဲ့ အစာငတ်ခံ ဆန္ဒပြခြင်းအကြောင်း ကို ဆွေးနွေးထားတာပါ။ မြန်မာ့သမိုင်းမှ ထင်ရှားသော ဆရာတော်ဦးဝိစာရ ရဲ့ အစာငတ်ခံဆန္ဒပြခဲ့တဲ့ အကြောင်း၊ မြန်မာပြည် စစ်အာဏာရှင် ဆန့်ကျင်ရေးသမိုင်းထဲမှ ကိုကိုးကျွန်းအစာငတ်ခံ ဆန္ဒပြတိုက်ပွဲများ အကြောင်း တွေနဲ့ အာဏာရှင်စံနစ် အဆုံးမသတ်သေးသရွေ့ အစာငတ်ခံဆန္ဒပြမှုတွေ ရှိနေဦးမှာ ဖြစ်ကြောင်းနဲ့ အဆုံးသတ်ထားပါတယ်။
    မဆလ၊ နဝတ၊ နအဖ၊ ဦးသိန်းစိန်ရုပ်သေးအစိုးရစတဲ့အာဏာရှင်အဆက်ဆက်တို့ရဲ့အကျဉ်းထောင်တွေထဲမှာလဲ အစာငတ်ခံ ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ပြီး၊ အာဏာပိုင်တွေကိုဆန့်ကျင်အန်တုခဲ့ကြပါတယ်။မတရားမှုဟာ ဥပဒေဖြစ်နေသရွေ့၊ အာဏာတည်နေသရွေ့၊ဆန့်ကျင်တော်လှန်သူဆိုတာရှိနေစမြဲပါပဲ။ဒီလိုတော်လှန်သူတွေကို အကျဉ်းထောင်တွေထဲမှာ၊ တိုက်တွေထဲမှာ၊ ကျွန်းတွေမှာ နည်းမျိုးစုံနဲ့ ချုပ်နှောင်ထားရင်လဲ ကိုယ်ခန္ဓာကိုပဲ ချုပ်နှောင်လို့ရပေမယ့် တော်လှန်စိတ်ကိုတော့ ချုပ်နှောင်လို့ မရနိုင်ပါဘူး။ တော်လှန်စိတ်ကို မီးမောင်းထိုးပြတဲ့ အစာငတ်ခံ ဆန္ဒပြပွဲတွေ၊ ထောင်တွင်းတိုက်ပွဲတွေဟာ အချုပ်ခန်း၊ ထောင်အဆောင်များ၊ တိုက်များနဲ့ ကျွန်းတွေကနေ ပေါ်ထွက်ခဲ့၊ ပေါ်ထွက်ဆဲဖြစ်ပြီး၊ အာဏာရှင်စနစ် အဆုံးမသတ်သရွေ့ ဆက်လက် ပေါ်ထွက်နေဦးမှာပဲ ဖြစ်ပါကြောင်း
    ကွန်းမန့်တွေထဲက ဆရာ maungmoenyo ရဲ့ ကွန်းမန့်လေးကို ဖေါ်ပြလိုက်ပါတယ်။
    maungmoenyo says: “အစာငတ်ခံဆန္ဒပြခြင်း ကိုသက်ဆိုင်ရာအာဏာပိုင် (အထူးသဖြင့် မြန်မာအာဏာပိုင်) တွေကဘယ်လိုတုံ့ပြန်မလဲ။ အမှန်တကယ်အားဖြင့် အစာငတ်ခံခြင်းသည်မိမိတောင်းဆိုလိုရာကိစ္စရဲ့တကယ့်အရှိုက်ကိုထိစေတဲ့ကိစ္စမဟုတ်ပါဘူး။ အဓိက ကပြည်တွင်းနဲ့ပြင်ပ ကမ္ဘာကြီးကဘယ်လောက်အတိုင်းအတာအထိသိသွားလဲ။ အဲ့ဒါကအဓိကဖြစ်စေပါတယ်။ ဆိုပါတော့အတိုက်အခံဘဲပြောပြော၊ မိမိယုံကြည်ချက်နဲ့ဆန့်ကျင်နေကြသူဘဲဆိုဆို၊ အစာငတ်ခံဆန္ဒပြရင်အာဏာပိုင်တွေ ပထမဆုံးထိန်းချုပ်ရတဲ့ကိစ္စကသတင်းမပေါက်ကြားရေးပါဘဲ ။ဘေးပတ်ဝန်းကျင်အရပ်ထဲ၊မြို့ထဲ ၊နိုင်ငံထဲဘယ်လောက်ပျံ့သွားသလဲ၊ အပေါ်ကဗိုလ်ချုပ်မင်းများအထိ ဘယ်လောက်သတင်းပေါက်ကြားသွားသလဲ။ အဲ့ဒါတွေကအဓိကဖြစ်ပါတယ်။အဲ့ဒီတော့အစာငတ်ခံဆန္ဒပြပြီဆိုရင် ကိုယ့်ဖာသာကြိတ်လုပ်လို့မရပါဘူး။ declareလုပ်ဖို့လူများများသိနိုင်ဘို့။ အဲ့ဒါအဓိကပါဘဲ။များများသိလေ၊ အာဏာပိုင်တွေကလိုက်လျောရလေပါဘဲ။ မယုံမရှိကြပါနဲ့ဗျာတို့။ ဒီလိုသတင်းအုံကြွမှုဒါဏ်ကို အာဏာပိုင်တွေ ရင်မဆိုင်နိုင်ကြပါဘူး။ သိတယ်မဟုတ်လား…စတုတ္ထမဏ္ဍိုင် ဆိုတာလေ”

    ကျွန်တော် တို့ သိတယ်ထင်ပြီး တကယ် မသိခဲ့ကြတဲ့ အစာငတ်ခံ ဆန္ဒပြခြင်းအကြောင်း သေသေချာချာ ရှင်းပြပေးထားတာ ဖြစ်တဲ့အတွက် ဖတ်ဖြစ်အောင် ဖတ်ကြပါဗျာ။

  • thit min

    November 15, 2011 at 3:59 pm

    ဒီလိုရှိတယ်ဗျ။
    ကျနော်တို့အဲဒီ စာ တွေဖတ်ခဲ့တုန်းကရလိုက်တဲ့ အရသာ နဲ့ ကိုဘလက်ပေးတဲ့အရသာက တမျိုးစီကောင်းနေလေ
    တော့ စာ တပုဒ်ထဲကို နှစ်မျိုး နှစ်ခါ ခံစားရတယ်ဗျ။ ဘာနဲ့အလားတူလဲဆိုတော့ ကိုယ် ကိုတိုင်ကလဲ ကောင်းတယ်ဆို
    တာသိပြီးသား စာ တပုဒ်ပေါ့ဗျာ။ ခင်ဗျားကထပ်ပြီး စိန်စီပေးလိုက်တယ်ပေါ့။ ဆိုလိုတာက ပိုတန်ဖိုး တက်သွားတယ်လို့။
    ခင်မင်စွာ၊(^^)

  • ပေါက်ဖော်

    November 15, 2011 at 3:59 pm

    အန်ကယ်ချော….
    လှုပ်ရှားထား..
    အကြွေးနဲနဲများတယ်….
    ကျနော်တော့..ရသလောက်ဖတ်ရင်း..မသောက်ပဲနဲ ့ကို မူးမူးနေတာ..
    😯

  • kai

    November 15, 2011 at 4:07 pm

    တခါးစောင့်ကြီးရေ…
    လာမဲ့..နှစ်ကူးတရက်ရက်.. မိတ်ဆုံပါတီပွဲလေးလုပ်ပါလားဟင်…
    ဆူးမမတို့အုပ်စုနဲ့ တိုင်ပင်ပြီး.. စီစဉ်ပေးပါလား..။

    ကျုပ်က.. ဒီကနေ လက်ဆောင်ပိစိပေါက်စတွေပို့ပေးလိုက်မယ်..။
    ဂိမ်းကစားပြီး.. နိုင်တဲ့သူ ခွဲယူကြပေါ့…။ 😆

    • nozomi

      November 15, 2011 at 4:13 pm

      ထောက်ခံပါတယ် အမြန်ဆုံးအကောင်အထည်ဖော်ပေးပါ
      တတ်နိုင်တာ(အစား) ကူညီ ပါမည် 🙂

    • ကိုရင်စည်သူ

      November 15, 2011 at 4:23 pm

      သဂျီးရေးသမျှထဲ… ဒီတစ်ခုတော့
      လုံးဝထောက်ခံပါတရ်.. ထောက်ခံပါတရ်.. :mrgreen:
      မြန်မာပြည်မှာရှိတဲ့ ဂေဇက်ရွာသူားတွေအားလုံး
      နှစ်သစ်ကူးတစ်ရက် တွေ့ဆုံပွဲလုပ်ပေး…
      ပွဲစီစဉ်ကြီးကြပ်သူကို တံခါးစောင့်ကြီးကို တာဝန်ပေး…
      ဖန်အတွက်တော့ သဂျီးက အမေလိကားကနေ ဒေါ်လှစိမ်း
      လှမ်းပို့ပေးမယ်တဲ့…. လုပ်မယ်ဆိုလည်း မြန်မြန်လုပ်ကြပါဗျို့..
      ကိုရင်လည်း မကြာခင် အနောက်ပင်လယ်ထဲ
      သွားသီတင်းသုံးရတော့မယ်… 😀 😀 😀
      (ပွဲဖြစ်မြောက်လျှင် ကိုရင်မှ သိမ်း ငါးထောင် မတည်ငွေပေးပါ့မယ်…)
      သိမ်းထားတဲ့ ငါးထောင်ပါ… ဟီးဟီး… 😛 😛 😛

      • nozomi

        November 15, 2011 at 4:53 pm

        အဲဒီပွဲကျရင် ကိုရင့်ကတိ အတိုင်း ကျွန်တော့်ကို အရင်ဆုံးဟောပေးနော် 🙂

    • အီးတီ

      November 15, 2011 at 6:52 pm

      ဘဘချောခင်ဗျား ဖန်အတွက်ဆိုရင် (ပေ ဇာ ဖော် မှော် ) တို ့သဂျီးစီက ဘတ်ထားတဲ့ဒေါ်လှ ၁ သန်းရှိတယ်။

    • inz@ghi

      November 15, 2011 at 7:27 pm

      တိန် ….
      သဂျီး တို့ ကပ်စေးနှဲချက်
      ဆု ရမယ့် လက်ဆောင်တောင် လူစေ့မဟုတ်
      ရမယ့်ရတော့လည်း တေးတေးကွေးကွေးတဲ့

    • MaMa

      November 15, 2011 at 7:37 pm

      သဂျီးဆီက လက်ဆောင်ပို့မယ်ဆိုလို့ ဝမ်းသာသွားတယ်။ ပြီးတော့မှ ပိစိပေါက်စ တဲ့.. 😛
      ဘာပဲပြောပြော ဂိမ်းကစားပြီး… နိုင်တဲ့လူ ခွဲယူကြဆိုတော့ ကိုပေါက်ပြောသလို အထူးလူ မပါတာတော့ သေချာတယ်။ အဲဒါဆိုတော့ လက်ဆောင်ကို မျှော်လင့်လို့ ရသေးတယ်။ 😀

  • နွယ်ပင်

    November 15, 2011 at 4:58 pm

    အခုတစ်လော မအားတာနဲ့ ရွာထဲတောင်သိပ်မဝင်ဖြစ်ဘူး
    ကိုဘလက်ပိုစ့်ကို ဖတ်ကြည့်မှပဲ လွတ်သွားတာတွေ တော်တော်များတာပဲ
    ပြန်ဖတ်လိုက်ဦးမယ် ကျေးဇူးပါ ကိုဘလက်ရေ….

  • blackchaw

    November 15, 2011 at 5:23 pm

    ကြိုးစားပါမည် သူကြီးရေ။
    တတ်နိုင်သလောက်လုပ်ကြည့်ပါမယ်။
    သူကြီး မျက်နှာ မပျက်ရအောင်ပေါ့။
    ကောင်းတဲ့ အတွေးလေးပါဗျာ။

  • windtalker

    November 15, 2011 at 7:42 pm

    အကိုတို ့က အဲ့လို လုပ်တော့
    မန်းတလေးက လူတွေ ကျ မျက်နှာငယ်ရရှာပေါ့
    ဟွန် ့

    • ပေါက်ဖော်

      November 15, 2011 at 7:53 pm

      မန်းလေးမှာ တစ်ပွဲလုပ်ဖို ့..တစ်ဂျီးဆီက ဒေါ်လှနှစ်သန်း..မှာထားတယ်..
      အဲတာ..တဂျီးက နှစ်သန်း မရှိဝူးတဲ့…နှစ်ခြမ်းပဲရှိလယ်တဲ့..လိုချင်ရင်..တစ်ခြမ်းခွာသွားပါတဲ့
      😆

      • windtalker

        November 15, 2011 at 8:23 pm

        ဘာနှစ်ခြမ်း တုန်း ဟ
        နင် ့ဟာ က မရှင်းမရှင်း နဲ ့ ။ င့ဆီမတော့ နှစ်သန်းလဲ မရှိဘူး လို ့၊ သန် ့ရှင်းတယ်လို ့
        “ ရှင်းရှင်းပြောဘာလား…ရှင်းရှင်းပြောဘာလား ”

  • ရာဇဝင်လူဆိုး

    November 15, 2011 at 9:33 pm

    ‘တခါးစောင့်ကြီးရေ…
    လာမဲ့..နှစ်ကူးတရက်ရက်.. မိတ်ဆုံပါတီပွဲလေးလုပ်ပါလားဟင်…
    ဆူးမမတို့အုပ်စုနဲ့ တိုင်ပင်ပြီး.. စီစဉ်ပေးပါလား..။

    ကျုပ်က.. ဒီကနေ လက်ဆောင်ပိစိပေါက်စတွေပို့ပေးလိုက်မယ်..။
    ဂိမ်းကစားပြီး.. နိုင်တဲ့သူ ခွဲယူကြပေါ့…။ :lol:”

    သူကြီး၊ ကိုဘလက်နဲ့ အားလုံးသောရွာသားတွေ ညီညွတ်ကြလို့ ဒီလို မိတ်ဆုံပါတီလေး လုပ်နိုင်ခဲ့ကြရင် ဂေဇက်မိသားစုရဲ့ နှီးစပ်ရာ ဆင်းရဲချို့တဲသူ လူငယ် ၂ဝ လောက်ကို ကျနော်သင်တန်းမှာ သင်တန်းကြေး Free နဲ့ ကွန်ပြူတာ၊ အင်တာနက်၊ အသက်မွေးဝမ်းကျောင်းပညာ တွေကို ပညာဒါနအနေနဲ့ ကျနော် ကုသိုလ် ယူချင်ပါတယ်။

  • မမရေ
    အထူးလူပါလာလို့ကတော့ အထူးလုလိုက်မှာပေါ့ဗျာ။

    ဘလက်ချောရေ…………………
    မောတယ်ဆိုပြိးတော့မရပ်လိုက်ပါနဲ့၊

    အချိန်ကုန်ခံ ငွေကုန်ခံ ဦးနှောက်အစားခံပြီးတင်ခဲ့တဲ့ပိုစ်တွေအတွက်
    ခံသုံးခံနဲ့ဆောက်တည်ခဲ့သမျှ
    ဘလက်ရဲ့အပြောတွေကြောင့်အမောတွေပြောသွားတာကြောင့်ပါ။
    ကောင်းနေတုန်းမရပ်ရဘူးနော်လို့………………

  • ba gyi

    November 16, 2011 at 9:28 am

    သဲကြီးမဲကြီးဖတ်ပြီး၊တစ်ခုမကျန် ချောချောလှလှပြန်စီပြီးရေးတတ်သော ကိုမဲချော ကြီးပါပေတည်း။
    သူကြီးမင်းရေ၊မန်းဂဇက်၏၊ စာပဒေသာဆုကြီးချီးမြှင့်ရတော့မလိုပါဗျား။
    သူကြီးမင်းအကြံပြုချက်ကလေးဖတ်ရတော့ မိသားစုဆိုတဲ့ အရသာတန်းကနဲပေါ်ရပါသည်၊ရွာသားတေ အားလုံးတွေ့ရရင် ကောင်းလေစွ။တတ်နိုင်သလောက်ဝိုင်းဝန်းကြပါမည်ဗျား။

  • Diamond Key

    November 16, 2011 at 9:38 am

    ဂေဇာတ်အနှစ်ချူပ်ကို ကိုယ်ထင်ပြပြီးထုတ်ပေးနေတဲ့ ဂဇက်တံခါးစောင့်ကြီး ကို သဂျီးပေးတဲ့ တာဝန်အတွက် အပြတ်ထောက်ခံ (မတ်တပ်ရပ်ပြပြီးတော့ကို ထောက်ခံ၊ လက်မြောက်ပြပြီးတော့ကို ထောက်ခံ) 😀 😀 😆 ပါတယ်ခင်ဗျား။

  • ရွှေအိမ်စည်

    November 16, 2011 at 10:19 pm

    ဦးဘလက်….(နောက်က လေဘယ်ဆိုပြီးထဲ ့လိုက်ရရင်)

    ကျနော်က..အခုလူလယ်ဖြစ်သွားပြိဗျာ……တခါးမှုး..စာအရင်ဖတ်တယ်….အဲ ့ဒိ့ထဲ ကမှ..အဟား….ရွေးဖတ်တတ်နေပြိဗျာ..။

    သိပြီးသားဆို..နိုးးးးးပေါ့…

    ကျေးဇူး…..အများကြီးပါ..တခါးစောင့်ကို..လာဘ်ထိုးပါတယ်….။
    နောက်ကျပေမယ်…တခါးလေးဖွင့်ထားပေးပါ။

    လေးစားလျှက်ပါ
    ရွှေအိမ်စည်

  • အေမီ

    November 16, 2011 at 11:24 pm

    အန်ကယ်ဘလက်…………
    ဒီပို့စ်ကတော်တော်ကောင်းတာပဲ…ခုမှဖတ်ဖူးတာပါ။ ဒီလေးကိုဖတ်ပြီး….ဂေဇတ်မှာဖတ်ရတာတော်တော် အဆင်ပြေသွားတာပေါ့။ စာညွှန်းလေးတွေ….စာမြည်းလေးတွေနဲ့ တော်တော်အဆင်ပြေတယ်။ နောက်လည်း ရေးပါဦး…အမြဲအားပေးပါမယ်။

    • ကိုရင်စည်သူ

      November 16, 2011 at 11:35 pm

      အယ်… အန်ကယ်ဘလက်လည်း ကျေးဇူးတင်တာလည်း တင်ပေါ့….
      မီခလေး ဖက်ရမဲ့ထဲမှာ ကိုရင့်ကိုလည်း မေ့ကျန်ခဲ့ဦးမယ်.. ဟီးး 😀
      (ကိုရင့် မယားကောင်းပို့စ်ဖတ်ဖို့ပြောတာ..) 😳 😳

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 17, 2011 at 12:06 am

    ဟုတ်ကဲ့ပါ ဆရာတို့
    လေးစားပါတယ်ဆရာတို့
    ဘာရယ်ဟုတ်ပါဘူး သတိထားမိတာ အားလုံး ဆရာတွေဖြစ်ကုန်ပြီဆိုတော့
    နောင် သုံးနှစ်လောက်ဆိုရင်
    ဗိုလ်ချုပ်တွေ ဖြစ်မယ်ထင်တယ်

  • blackchaw

    November 17, 2011 at 9:21 am

    “ဟိုတစ်နေ့က မိုးစက်က သူ့ကို ဆရာမ မိုးစက်လို့ သုံးနှုန်းထားသဖြင့် မိုးစက်က ဆရာမမဟုတ်ဘူးနော် လို့ ကွန်းမန့်မှ ပြောပါသည်။ မနေ့က ဆူးကလည်း ဆရာမ လို့ မခံယူဝံ့သေးပါ ဟု ပြောပြန်ပါသည်။ ကျွန်တော် ဆိုလိုသည်မှာ ကျွန်တော် တို့အားလုံး စာရေးသူများဖြစ်နေကြပါပြီ။ အခကြေးငွေ ရယူသော စာရေးဆရာမဟုတ်တောင် ကိုယ့်အမြင်ကိုယ့်အတွေးကို ဝေမျှနေကြသော စာရေးသူတွေဖြစ်နေကြပါပြီ။ ဒါကြောင့် ယောင်္ကျားဆိုရင် ဆရာ တတ်ခေါ်ပါသည်။ မိန်းကလေးဆိုလျှင် ဆရာမ တတ်ခေါ်ခြင်းဖြစ်ပါသည်။ မကောင်းသော စိတ်နှင့် ရိပြီးခေါ်ခြင်းမဟုတ်ပါကြောင်း ရွာထဲမှ စာရေးသူ ဆရာ ဆရာမများအား သိစေအပ်ပါသည်။”
    စာရေးဆရာတွေကို ဆရာလို့ ခေါ်ကြတယ်လေ ကိုအောင်ပုရယ်။
    မသင့်တော်ဘူးထင်ရင် မခေါ်တော့ပါဘူးဗျာ။

    • ကိုရင်စည်သူ

      November 17, 2011 at 9:37 am

      ဟုတ်တယ်… ကိုချောပြောတာ ထောက်ခံတယ်ဗျို့…
      ဆရာပဲ… ဆရာပဲ… ဆရာ မှမရရင် ဆရာကိုမလုပ်ဘူး..
      ရွာထဲမှာ ဆရာပေါက်စလေးတွေကနေ ဆရာ အကြီးကြီးတွေအထိ
      ရှိတယ်လေဗျာ.. မဟုတ်ဘူးလား..
      ဆရာချောတို့ကတော့ ဆရာချောတို့ပါပဲဗျို့…

  • ရွှေအိမ်စည်

    November 17, 2011 at 10:24 am

    ဆရာ ကလည်း…ဆရာကို..ဆရာလိုု ့….ဆရာကိုခေါ်ရင်..ဆရာကကော ဆရာစိတ်ဆိုးတတ်လာဟင်…
    ထော်..ထော်……..
    ဆရာကနဂိုထဲ က..ဆရာအရမ်းလုပ်ချင်နေတာ….ဆရာပြောတော့..ပိုဆရာလုပ်ချင်လာပြီ….

    ဆရာ ့သဘော ဆရာ…

Leave a Reply