Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကျမ အမေ မပြောပြခဲ့တဲ့ ပုံပြင်များ

TTNUNovember 16, 20111min31810

ကျမအမေ မပြောပြခဲ့တဲ့ ပုံပြင်များ

ကျမမောင်အငယ်ဆုံးလေးက အမေရိကားမှာ မိသားစုလိုက် ပြောင်းရွှေ့နေထိုင်ပါတယ်။

ကျမတို့ မတွေ့ကြတာ နှစ်များစွာကြာပြီပေါ့။ သူက အမေ့ အချစ်ဆုံးသားထွေးလေးပါ။

မနေ့က Facebook ဝင်ကြည့်တော့ သူ့သမီးအကြီးမလေး Post တင်ထားတာ ဖတ်ရပါတယ်။

ကြီးဒေါ် အနေနဲ့ ပေမဲ့ သူတို့က ကျမရဲ ့ Facebook Friend တွေလေ။

Shwe Nemyo says:

How Do yu expect Kids to Listen to their Paarents

when Tarzan lives half Naked,
Cinderella comes home at midniqht,
Pinocchio lies all the time,
Aladdin is the kinqq of Thieves,
Batman drives at 200 mph
Sleepinqq Beauty is lazy,
and Snow White lives with 7 qquys.
(x We shouldn’t be surprised when kids Misbehave,
they qet it from their Story Books. Likee if yu Agreee c:

ဒါကျမတူမလေး ရွှေအိမ်စည်နေမျိုး ( အမေရိကား တွင် နေထိုင်သူ) ရေးထားတဲ့

(Facebook Post) က ကူးထားတာပါ။ သူ့မူရင်းအတိုင်း ဘာမှ မပြင်ဘဲ တင်လိုက်ပါတယ်။

ဒီမှာ ကျမ ကောက်ချက်ချပြချင်တာလေး ရှိလို့ပါ။ ကျမတို့တွေ ငယ်ငယ်တုန်းကလေ

မိဘ အထူးသဖြင့် အမေ….ကျမတို့ တမ်းတပြောဆိုနေကြရတဲ့ အမေ…

ဒီအမေဆုံးမပြောဆိုတာတွေ ကျမတို့များသံဖျား ကျောက်စောင်း ကျိုသော်ပြောင်း

ဆိုစကားနဲ့ အညီ ခါးလည်းလက်ခံ ငန်လည်းခေါင်းငြိမ့် တိတ်တိတ်လေး နေခဲ့ ကြရတယ်။

အခုတော့လေ ကလေးတွေ…အင်း လူငယ်တွေ… အမြင်၊အယူအဆတွေ ပြောင်းကြပြီထင်ပါ့။

ဒီလိုမြင်ကြတာလေ။

(၁) တာဇံ လုံပိုင်းလေးပဲဝတ်တာ

(၂) ဆင်ဒရဲလား ညဉ့်နက်သန်းခေါင် အပြင်ထွက်တာ

(၃) ပင်နော့ချို တစ်ချိန်လုံးညာပြောနေတာ

(၄) အလာဒင် သူခိုးဘုရင်ဖြစ်တာ

(၅) လင်းနို့လူသား တစ်နာရီ မိုင်(၂၀၀)နှုံးမောင်းတာ

(၆) စလိပင်းဗြူတီ အိပ်နေပြီး အပျင်းကြီးတာ

(၇) စနိုးဝှိုုက် လူပုလေးခုနှစ်ယောက်နဲ့အတူနေတာ

ဒါတွေလိုမျိုး လူငယ်တွေ ပြုမူနေထိုင်မှားယွင်းကြတာ အံအားမသင့်ကြပါနဲ့တဲ့။

ဒီသင်ခန်းစာတွေကို သူတို့ ပုံပြင်စာအုပ်ထဲကရကြတာပါတဲ့။

အင်း..ဟုတ်ပေသားပဲ။ ပုံပြင်တွေ ရေးခဲ့ ပြောခဲ့တဲ့ လူကြီးတွေမှာသာ အပြစ်ရှိတာပဲ။

တော်ပါသေးရဲ ့ အမေ  ကျမတို့ ကို ဒီပုံပြင်တွေ မပြောပြခဲ့လို့။ ( အော်… ကျမတို့ကလည်း

ဒီလိုမတွေးတတ်ခဲ့တာ တစ်ပိုင်းပေါ့နော်။)

ခေတ်အတွေး အမြင်လေးတွေ ရဲရင့် လာတာ ကျမတို့လက်ခံရမှာပါ။ လက်ခံပေးရင်းနဲ့

အမေဆိုတဲ့ စကားလုံးလေးကို သိုးဆောင်းဘာသာစကားနဲ့ပဲ ပုံဖော်ထားတာရှာတွေ့လို့ပါ။

ပြုပြင်ပေးနိုင်မှာကတော့  အမေတွေ ပဲ မဟုတ်ပါလားရှင်။

(ရွှေအိမ်စည်နေမျိုး အား ကျေးဇူးတင်လျက်)

10 comments

  • MaMa

    November 16, 2011 at 7:54 am

    ကျမတို့တတွေ ငယ်ငယ်က ရွှေသွေး၊ တေဇ၊ ရွှင်ပြုံး၊ ရွှေကြာ၊ ရွှေဂေါင်းပြောင် စတဲ့ ကာတွန်းတွေကိုဖတ် အတုယူပြီး ကြီးပြင်းလာရတာလေ။ စင်ဒရဲလား၊ တာဇံ၊ စနိုးဝှိုက်၊ စူပါမန်းတွေ ဖတ်ပြီး ကြီးပြင်းလာကြတဲ့ ကလေးတွေကျတော့လည်း သူတို့ရဲ့ စာပေက သူတို့ကို ဆွဲခေါ်သွားတယ်လို့ပဲ ပြောရမယ် ထင်ပါတယ် ဆရာမကြီး ရှင့်။
    အဲဒါကြောင့် နုငယ်တဲ့အရွယ်မှာ ဖတ်တဲ့စာကို လူကြီးတွေက ရှေ့ဆောင်လမ်းပြပေးသင့်တယ် (ကလေးစာပေကို ရေးသားသူတွေမှာလည်း တာဝန်ရှိတယ်) လို့ ယူဆပါတယ်။ စဉ်းစားဆင်ခြင်ဉာဏ် ရင့်သန်လာတဲ့အချိန်မှာကျမှ စာမရွေးပဲ ဖတ်သင့်တယ်လို့ ပြောနိုင်မလား…..

  • ပေါက်ဖော်

    November 16, 2011 at 10:25 am

    ပုံကိုသေချာကြည့်မှ MOTHER ဖြစ်နေတာပဲ

    ကပေရေ….မဒမ်ကိုပြောလိုက်ဦး..
    ခလေးသုံးကောင်ကို ပုံပြောရင်…..မဟာဒုတ်တွေ..မပါစေနဲ ့လို ့
    😆

  • Moe Z

    November 16, 2011 at 10:27 am

    တီချယ်ရေ သမီးအမြင်မှာတော့ ပုံပြောပြတဲ့သူအပေါ်မှာ မူတည်ပါလိမ့်မယ်
    ပုံပြောတဲ့သူက ပုံပြင်တစ်ပုဒ်လုံးပြီးသွားရင် ခြုံငုံပြီးကောက်ချက်ချတာမျိုးလုပ်ပေးသင့်တယ်
    ကောင်းတာတွေရော မကောင်းတာတွေရောပေါ့

  • ကြောင်ကြီး

    November 16, 2011 at 1:11 pm

    တီချယ်ကြီးနာမည်ကို စတွေ့တွေ့ခြင်း ကိုယ့်အန်တီကြီးလို၊ အမေလို ခင်မိတယ်။ ဒါနဲ့ တီချယ်ကြီး တူမက ဘယ်အရွယ်ရှိဘီလည်း။ မိတ်ဆက်ပေးလို့ ရမရား။။။ ကြောင်ကြီး ရှက်ရှက်ပါ။ 😳

    • etone

      November 16, 2011 at 3:54 pm

      ကလေးတွေ ငယ်ငယ်က ရှက်ရှက်ဆိုရင် ဘာကိုပြောတာလဲ သိကြတယ် … အုပ်ထားကြတယ် … ။ အခုတော့ ကိုကြောင်ကြီးက … ကြောင်ကြီး ရှက်ရှက်ပါ။ 😳 ဆိုတော့ … ဟီး … တီချယ်ကြီးရေ .. ဒါသက်သက် လူကြီးကို မရိုမသေလုပ်တာပဲ … ။ဒုတ်ပြခဲပြလုပ်တာပဲ …. ဒုတ်ကြီးကြီးနဲ့ ရိုက်ပါဗျို့

  • Shwe Ei

    November 16, 2011 at 2:24 pm

    အခုဗမာကလေးတွေ နိုင်ငံခြားကာတွန်းကားမှ ကြိုက်ကြတာမြင်ရတော့ နောင်လာမယ့်မျိုးဆက်သစ်တွေ ၃၈ဖြာမင်္ဂလာအကြောင်း သိကြပါတော့မလားတွေးပူမိပါတယ် တီချယ်ရေ (ကိုယ်တောင် ရေးတေးတေးဖြစ်နေလို့လေ)။ ပြီးတော့ ကလေးတွေအတွက် သီးသန့် စာတွေ ကဗျာတွေ ဖန်တီးပေးနိုင်တဲ့သူလဲ ရှားလာသလားလို့။

  • TTNU

    November 16, 2011 at 7:02 pm

    မမရေ…တီချာ့သဘောကတော့ စာရွေးဖတ်ရမယ် ဆိုပေမဲ့ ကလေးတွေမှာ ရွေးဖတ်နှိုင်တဲ့
    ရွေးအားသိပ်မရှိပါဘူး။ ကလေးဘဝမှာ ကာတွန်းဖတ်မယ်။အပျိုပေါက်လောက်အရွယ်မှာ
    အမေဖတ်ခိုင်းတဲ့ တိုင်းရင်းမေတို့ ဘာတို့နဲ့တွဲပြီး “ညီမလေးက အချစ်ကို ကိုးကွယ်သတဲ့လား”
    တို့၊ “မအေးပွင့်၊ မြင့်မြင့်စန်း၊လမ်း၃၀” တို့၊ “သူမ” တို့ ဖတ်နေပါပြီ။ ဘာကောင်းတယ်မကောင်းဘူး
    သိပ်မသိဘဲ အချစ်ကိုကိုးကွယ်ချင်တာလိုလို။ စုံထောက်မယ်လုပ်ချင်တာလိုလို၊ ဂျာနယ်ကျော်မမလေး
    ရဲ ့ ဇာတ်ကောင်မိန်းကလေးလို အိမ်တွင်းမှုနိုင်နင်းချင်တာလိုလို၊ ဇဝေဇဝါနဲ့ စာဖတ်ဝါသနာရခဲ့ပါတယ်။
    လမ်းချော်မသွားအောင်လူကြီးက ထိန်းရုံပဲထိန်းလို့ရမယ်။ဇက်ကချုပ်လမ်းပေါ်တည့်တည့်လျှောက်ခိုင်းရင်
    မရွေးချယ်နိုင်ဘဲ စာဖတ်တာပိုကြောက်သွားနိုင်ပြန်ပါတယ်။
    ကိုပေါက်ဖော်ရေ… MOTHER ကိုလွမ်းပြီလား။
    မိုးစက်လေးပြောတာ တီချာ သဘောတူတယ်။ ဒါကလည်း ကလေးတွေ ငယ်တုန်းနော်။ Teens တွေက
    ခက်သားနော်။ ကံမကောင်းလို့ ကိုယ့် သားသမီးဆယ်ကျော်သက်က ဘာပြောပြရမှန်းမသိအောင် ဂျီပြီ
    ဆိုရင်တော့…
    ကိုကြောင်ကြီးရေ… ရှင့် CV အရင်ပို့ပေးလိုက်နော်။ ဓါတ်ပုံ (၄)ပုံရှေ ့၊နောက်၊ဘေး(ဘယ်)၊ဘေး(ညာ)၊
    ရှက်ရှက်မပေါ်စေနဲ့။ ( ကိုယ်ရှက်သွားတာ လူမသိစေနဲ့ ပြောတာနော်)။:o
    ရွှေအိရေ… ကလေးစာပေတွေတော့ထွက်ပါတယ်။ တို့လူများကလည်း နိုင်ဂျန်ဂါး ကာတွန်းမှ ကြိုက်နေကြတာလေ။

  • windtalker

    November 16, 2011 at 8:36 pm

    ဆရာမကြီး ရေ
    ကျုပ်ကတော့ ဒီရက်ပိုင်းအတွင်း “လူထုဦးလှ” ရဲ ့ကျောင်းကန်အနီးမှ မြန်မာ့ပုံပြင်များ ၁၊၂၊၃ တွေ ဝယ်ဖြစ်တာ ၂ ခါ ရှိပြီ ။ ကျုပ် ဒက်ဖားဖေ က ကျုပ် ငယ်ငယ်တုန်းက အဲ့စာအုပ်တွေ နဲ ့ကျုပ်ရဲ ့စိတ်ဓါတ်တွေ ကို ထိန်းကျောင်းပေးခဲ့တာပေါ့ ဂျာ ။ ယနေ ့ခေတ် မှာ ရေးနေကြတဲ့ ဂျာနယ် ၊ မဂ္ဂဇင်း များ က ဟာသအချို ့ဟာ ဆိုရင် ၊ အဲ့ပုံပြင်များကို အခြေခံထားခဲ့တာချည်းပါဘဲ ။
    အခုရက်ပိုင်းအတွင်း ငယ်ဘဝ ကို ပြန်သတိရနေလို ့အဲ့စာအုပ်များ ဝယ်ဖြစ်ပါတယ် ။
    ဆရာမကြီးအနေနဲ ့လည်း ဆရာမကြီး မြေးတွေ တပည့်များအတွက် ဖတ်စရာကောင်းကောင်းလေး ပေးစေချင်တယ် ဆိုရင်ဖြင့် ၊ လူထုဦးလှ ရေးတဲ့ ကျောင်းကန်အနီးမှ မြန်မာ့ ပုံပြင်များ စာအုပ်များ ၊ လူထုဦးလှ ရေးတဲ့ တိုင်းရင်းသား ပုံပြင်များ စာအုပ်များ ရှိကြောင်းပါ ။

    • TTNU

      November 16, 2011 at 9:22 pm

      ကိုဝင်းထောလခါရေ

      တော်လိုက်တာ။ ဒီကလေး ဘယ်ကျောင်းထွက်ပါလိမ့်။
      (ကျုပ် ဒက်ဖားဖေ က ကျုပ် ငယ်ငယ်တုန်းက အဲ့စာအုပ်တွေ နဲ ့ကျုပ်ရဲ ့စိတ်ဓါတ်တွေ ကို ထိန်းကျောင်းပေးခဲ့တာပေါ့ ဂျာ)
      ဒီလိုထိန်းပေးနိုင်တဲ့ဖခင် ဒီလိုလိုက်နာနိုင်တဲ့ သားသမီးဆိုရင်တော့
      အတိုင်းထက်အလွန်ပေါ့ကွယ်။
      အဲဒီ လူထုဦးလှ ပုံပြင်များကို ၁၉၈ရ နှစ်များလောက်တုန်းက
      (၁၀)တန်းသင်ရိုး အင်္ဂလိပ်စာမှာပြဌာန်းခဲ့တယ်လေ။
      (Wuthering Heights) မပြဌာန်းမီကပေါ့။

      • windtalker

        November 16, 2011 at 9:45 pm

        အနော် မသိသော အကြောင်းအရာများကို ပြန်လည် ဖြေကြားပေးပါသဖြင့်
        လွန်စွာ ကျေးဇူးတင်မိပါတယ် ခင်ဗျား ။

Leave a Reply