ခေါစာပစ်ခံ ရင်ရိုးစုများ (၁)

koyin sithuNovember 17, 20111min54

ပင်လယ်ပြာဟာ အပြာရောင်ရှိတဲ့ ပြင်သစ်သူတစ်ယောက်လို ပန်းနုရောင် ဟာလီဒစ်ဗစ်ဆင် ဆိုင်ကယ်နောက်တွင် တင်၍ ဘုရင့်နောင် တံတားကို ဖြတ်ကူးချင်သူသည် သတ်သတ်လွတ်စားသူဖြစ်သည်။ ဘဝသံသရာဆိုတဲ့ စကားသည် ရာစုနှစ်သုံးစုအတွင်း မရိုးနိုင်အောင် ပေါ်ပြူလာ ဖြစ်နေတုန်းပင်။ ဖြစ်ချင်တာထက် ဖြစ်သင့်တာတွေ ပိုပြီး များနေတဲ့အခါ လမ်းမှားတွေကို သွားလက်စနဲ့ ဆက်သွားနေမိတဲ့အခါ စိတ်ဓါတ်တွေဆောက်တည်ရာမရခင်ဘဲ ရိုက်ချိုး ခံလိုက်ရသောအခါ (အစသဖြင့်….) ကျွန်တော့်မှာ ပြုံးရယ်ခြင်း၊ မဲ့ငိုခြင်းတွေကို ခါးသက်လာပါတော့သည်။ သိပ်မကြာလှပါ။

 

အနာဂတ်မှာ နံပါတ်မရှိတဲ့အခန်းလွတ်တွေကို မြည်းစမ်းကြည့်လိုက်ဦးမည်။ ကျွန်တော် သမုဒ္ဒရာထဲကို မြစ်ကြီး စီးဝင်လာခဲ့ပေမယ့် မင်းကိုတော့ ဗီတိုအာဏာနဲ့ တားဆီးရမှာပဲ။ လက်မှတ်တွေ၊ ဘွဲ့တွေ၊ အသိအမှတ်ပြု ကတ်ပြားတွေ အတွက်နဲ့ ဦးနှောက်အခွံထဲကို ဝေါဟာရများ ရိုက်သွင်းနေကြသူများကို ပညာတတ်ဟု ကျွန်တော်က အဓိပ္ပါယ် ဖွင့်ဆိုလိုက်ပါသည်။ ကန့်ကွက်လိုသူများသည် လျှောက်လွှာဝယ်၍ ကန့်ကွက်ရန်မလိုပါ။ နားလည်ခြင်းဖြင့် တစ်ဖက်ကမ်းက မိန်းကလေးကို ဒ