ဆာဖာရီ ရိုက်ချက်များ။

black chawNovember 16, 20116min19826

ဆာဖာရီ ဥယာဉ် (နေပြည်တော်) မှာ ရိုက်ခဲ့တဲ့ ပုံလေးတွေ တင်ပေးလိုက်ပါသည်။  မရောက်ဖူးသေးသူများ အတွက်ဖြစ်ပါတယ်။

ဆာဖာရီ ဥယာဉ် အဝင်မှ ရေပန်းအလှ၊ နောက်ကမိုးတိမ်နဲ့ကျတော့ လှသလိုလို။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

တရုတ်စကားပင်။ ဆာဖာရီဥယာဉ်မှာရှိသည်။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ဆာဖာရီ အဝင်ဝ။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

သားပိုက်ကောင်သားအမိ။ အထီးက ညာဘက်မှာ။ အမနားကို ကပ်ကိုမကပ်ဘူး။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

သံတိုင်တွေကြားက ကျားမကြီး။ ဘာတွေကိုလွှမ်းဆွေးနေတယ်မသိ။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ပင်ဂွင်းတွေကို အစာဝင်ကျွေးနေတဲ့ လူတစ်ယောက်။ စုတ်စုတ်ပြတ်ပြတ် ထားတာပါဗျာ။ တကယ်ပါ။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ကျားသစ်ငပျင်း။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ငန်းဖြူလေး လှတယ်ဗျာ။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

မျောက်လွှဲကျော် တစ်ကောင်ရဲ့ ပါဖောမန့် ။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ငန်းစုံတွဲ။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ကန်တော်မဟာမှာ မြူးတူးကြတဲ့ ငွေငန်းရိုင်းတွေပါဗျာ။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ဘလက်ရဲ့ ဆာဖာရီ ရိုက်ချက်။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

26 comments

  • ကိုရင်စည်သူ

    November 17, 2011 at 12:22 am

    ပင်ဂွင်းလေးတွေကို သနားတယ်ဗျာ..
    တကယ်ပါ.. ကိုချော..
    ကိုယ်ချင်းစာမိတယ်… 🙁 🙁
    မလုပ်ပေးနိုင်လဲ အစကတည်းက
    ဘာလို့ခေါ်လာတာလဲ…. လေတယ်..
    တကယ့်ကောင်တွေ ဒါပဲပြောတော့မယ်…

    ခင်တဲ့
    ကိုရင်စည်

  • MaMa

    November 17, 2011 at 7:27 am

    ကိုဘလက်လည်း ရိုက်ချက်ပြင်းတယ်နော်။ 🙂
    ငွေငန်းဖြူလေးနဲ့ ရေပန်းလေးကို ရိုက်ထားတာ အရုပ်လေးလား အောက်မေ့ရတယ်။
    မျောက်လွှဲကျော်ရဲ့ ပါဖောမန့်ကို အကြိုက်ဆုံးပဲ။ 😀

  • ဆူး

    November 17, 2011 at 8:19 am

    ဆာဖာရီ ထဲမှာ ကျားကို လှောင်အိမ်နဲ့ ထားလို့လား တိရိစာ္ဆန်ရုံနဲ့ ရောများ ရောသွားသလား တွေးမိတယ်။

  • blackchaw

    November 17, 2011 at 8:36 am

    ဟုတ်လိမ့်မယ် အန်တီဆူးရေ။ အဲဒီနေ့က လူတွေသိတ်များနေလို့ ကားနဲ့ ပတ်ဖို့ အစဉ်မပြေဘူးဗျာ။
    ဒါနဲ့ လမ်းလျှောက်ကြည့်လို့ရတဲ့ ဘက်ဝင်လိုက်တာ။ တိရာစာ္ဆန်ရုံ ရောက်သွားတယ်ထင်တယ်နော။
    အတူတူပဲ ဟုတ်ဘူးလားဗျ။ အန်တီဆူးရ။
    ဘလက်တော့ အန်တီဆူးနဲ့မှ အညာမိပြီထင်တယ်ဗျို့။

    • ဆူး

      November 17, 2011 at 9:04 am

      ဆူး ဆာဖာရီထဲမှာ ရိုက်ထားတဲ့ ပုံတွေ ရှိတယ်လေ.. အဲလိုမျိုး မဟုတ်ဘူး.. အလည်သွားကြည့်လိုက်ပေါ့။ ဟိဟိ

  • blackchaw

    November 17, 2011 at 9:12 am

    ကျွန်တော်တို့ တူဝရီး နှစ်ယောက် သွားတာကတော့ ဓါတ်ပုံမှာ မြင်ရတဲ့ အတိုင်း
    ဆာဖာရီ ဥယာဉ်ကို သွားတာပါ။ ဟိုရောက်မှ လူတွေအများကြီး နဲ့ ကားစီးဘို့က
    အကြာကြီးစောင့်ရမယ်ဆိုတော့ အဆင်ပြေအောင် ဝင်လို့ရတဲ့နေရာက ဝင်ပြီး လမ်း
    လျှောက်ကြည့်ကြတာပါ။ တော်သေးတာက ဆာဖာရီဥယာဉ်ထဲက တိရာစာ္ဆန်များလို့
    ခေါင်းစဉ်မတတ်မိတာပါပဲ။ ကျန်တာကတော့ ဆာဖာရီ ဥယာဉ် အဝင်မှာရိုက်ထားတာပါဗျာ။
    အခုတလော ကျွန်တော် ဓါတ်ပုံတင်ရတာ အဆင်မပြေပါဘူးဗျာ။
    တစ်ပုံနဲ့ တစ်ပုံ အဝေးကြီးတွေရောက်ရောက်နေပါတယ်။
    အဲဒါနဲ့ ခရီးသွားဆောင်းပါးလေး မဆက်ဖြစ်သေးပါ။

  • lone

    November 17, 2011 at 10:00 am

    တရုတ်စကားပင် က ဆာဖာရီ မှာပဲ ရှိတာမဟုတ်ပါဘူးနော်… lone တို့သိမ်ဇရပ်မှာတုန်းက lone တို့အိမ်မှာလဲရှိတယ်။ … တရုတ်စကားပွင့် က တို့စားလို့လည်းရတယ်။ သုပ်စားလို့လည်း ရတယ်။ အရမ်းစားလို့ကောင်းတယ်… ကိုဘလက်ချော က နဲနဲလောက်ခူးခဲ့တာမဟုတ်ဘူး….

  • ပေါက်ဖော်

    November 17, 2011 at 10:27 am

    ဟေ့…ကပေ..
    ဘာလို ့တွဲလောင်း ခိုနေတာလဲ

    အန်ကလယ်ရေ..ဂွတ်တယ်..ပုံတွေ..နာမည်ပေးထားတာ

    • windtalker

      November 17, 2011 at 7:36 pm

      အယ် ပင်ဂွင်းတွေ အစာမကျွေးဘဲ
      ဂေဇက်လာ ကမြင်းနေတယ်
      အလုပ်တော့ ပြုတ်တော့မှာဘဲ

      • ပေါက်ဖော်

        November 17, 2011 at 9:11 pm

        အလုပ်ပြုတ်ရင် တောက်တဲ့ ရှာပုံတော် ထွက်မှာပေါ့ဂျ
        😆

  • chitlay

    November 17, 2011 at 10:37 am

    ငန်းစုံတွဲလေးရယ် ငန်းဖြူလေးနဲ့ရေပန်းလေးရယ် ပုံ၂ပုံကို အကြိုက်ဆုံးပဲ … လှလဲလှတယ် .. မျောက်လွှဲကျော် တစ်ကောင်ရဲ့ ပါဖောမန့် ကိုတော့ ဖြူဖြူကျော်သိန်း မတွေ့ပါစေနဲ့ ဆုတောင်းပါတယ် …။ တော်ကြာ အဲ့လို ပါဖောမန့်မျိုး လိုက်လုပ်နေမှာစိုးလို့ … 🙂

    • Diamond Key

      November 17, 2011 at 1:15 pm

      ဟိုပုံတွေလဲ ပါဘူး……………………………………………. :mrgreen:

      • ပေါက်ဖော်

        November 17, 2011 at 3:40 pm

        အီးပုံလား..
        ကကြောင်ကြီး ပါပြီး ပြန်ဖုံးသွားတယ်လေ
        😆

  • ရွှေအိမ်စည်

    November 17, 2011 at 11:36 am

    တော်တော်ပူမဲ ့ပုံပါဘဲ…သူများတင်တာဘဲထိုင်ကြည့်တာအကောင်ဆုံး…
    ကျားသစ်ငပျင်း။မဟုတ်ဘူးထင်တယ်..ကြည့်ရတာ..သေချင်တယ်ဆိုပြီး..စိတ်ပျက်နေတာနေမှာပါ

  • weiwei

    November 17, 2011 at 3:03 pm

    big cats ငါးကောင် ရှိတယ် … ကိုကြောင်ကြီးအမျိုးတွေ … ကိုဘလက် မတွေ့ခဲ့ရဘူးမဟုတ်လား … 🙂

  • kai

    November 17, 2011 at 3:08 pm

    လူလည်း သိပ်မတွေ့ရဘူးနော…
    အဲဒီလိုကြီးလား..။
    စကားမစပ်..
    ကျားက.. အမမှန်းဘယ်လိုသိသလည်းဟင်င်င်..။ 😆

    • etone

      November 17, 2011 at 3:49 pm

      ကျွန်မလည်း အဲ့ဒါတွေးမိပါတယ် … ဘယ်လိုသိပါလိမ့်လို့ … ။ နောက်မှ ကိုယ့်ဘာသာကိုယ် ပြန်ဖြည့်တွေးပြီး ကျားနာမည်တွေဘာတွေ ကပ်ထားတာကြည့်ပြီး သိတာဖြစ်မယ်လို့ … မှတ်လိုက်တယ် .. ဟုတ်မဟုတ်တော့ ကိုချောကလက်ကြီးဖြေတာ စောင့်ဖတ်ပါတော့မယ် 🙂

  • နွယ်ပင်

    November 17, 2011 at 3:25 pm

    တစ်ခါမှမရောက်ဖူးသေးဘူးပဲ
    အခုတော့ ကိုဘလက်တင်ပေးတဲ့ ပုံလေးတွေနဲ့ပဲ
    ဆာဖာရီထဲ အလည်သွားလိုက်ဦးမယ် …. 🙂

  • blackchaw

    November 17, 2011 at 4:00 pm

    ဟားဟား သူကြီး ညံ့သွားပြီ။
    ကျားမက ကလေးသုံးကောင်နဲ့ဗျာ။
    ဓါတ်ပုံတွေက ရိုက်ထားတာတော့ အများကြီးပဲ။ ကလေး သေးသေးလေး
    သုံးကောင်မွေးထားလို့ သိတာပါ။
    အဲဒီကျားမက ယဉ်တယ်ဗျ။ သူ့ကို အစာကျွေးတဲ့လူက
    ခေါင်းကိုပွတ်ပေးရင် အင်အင်အင်အင် နဲ့ ညည်းပြီး ဇိမ်ခံတယ်ဗျာ။
    ဂိုင်းအင်ဇာဂီကိုတောင် သတိရတယ်။ အင်အင်အင်အင်…။

  • etone

    November 17, 2011 at 4:11 pm

    ကိုချောကလက်ကြီးရေ … ကျွန်မကတော့ အိပ်နေတဲ့ ကျားသစ်ကြီးကို အကြိုက်ဆုံးပဲ … ။ ချစ်စရာကောင်းလိုက်တာ …။ ဆောင်းတွင်းမှာ အေးအေးနဲ့ ဖက်ကွေးလိုက်ရလျှင်တော့ … နွေးနေမှာပဲ 😳

  • manawphyulay

    November 17, 2011 at 4:39 pm

    ဆာဖာရီကတော့ အများနဲ့သွားတာ ပိုပျော်ဖို့ကောင်းတယ်နော်။ တိရစ္ဆာန်ရုံမှာတော့ ကျားပြကွက်ဆိုပြီး ကျားတစ်ကောင်တောင် မတွေ့ခဲ့ပါဘူး။ နေပူတာသာ အဖတ်တင်တယ်သိလား။ ဒါနဲ့ ကိုဘလက် ကျားလှောင်အိမ်နဲ့က တိရစ္ဆာန်ရုံက မဟုတ်ဘူးလားရှင့်။

  • blackchaw

    November 17, 2011 at 4:59 pm

    အင်း Etone အကြံကတော့ ကြီးပါ့။
    ဆရာမ မနောရေ။ ဘယ်သွားအိပ်ပျော်နေတာလဲဗျာ။
    အပေါ်က ကွန်းမန့်တွေလည်း သေချာ မဖတ်ဘူး။
    ပြန်ဖတ်ရင် အဖြေပေါ်ပါတယ်။

  • Gipsy

    November 17, 2011 at 9:02 pm

    ရောက်ဖူးသေးဘူး… ကျေးဇူးပါ …
    ရှုခင်းလှလှလေးတွေ တင်ပေးပါဦး …
    အရမ်းပူတယ်.. အလှမ်းဝေးတယ်ပြောကြလွန်းလို့ ..
    နေပူတော်.. အဲလေ နေပြည်တော်ကို သွားရမှာ တွန့်နေသဗျ….။

  • Shanma TUmdy

    November 17, 2011 at 9:17 pm

    အောက်ဆုံးကပုံလေး အကြိုက်ဆုံး..

  • thit min

    November 21, 2011 at 9:09 pm

    အဖြစ်ဆိုးလိုက်တဲ့ ကျား နှယ်ကွာ။
    အိမ်ဆောက်တဲ့ သံချီ သံကွေး သံချောင်းနဲ့ နေ ရရှာတယ်။
    အော် ကျား လှောင်အိမ် သံချောင်း ကလဲ စားလို့ရသကိုး မင်းကြီးများ။(^^)

  • shweminnthar

    November 22, 2011 at 1:12 am

    ငွေငန်းရိုင်းတွေကအတော်လှသဗျာ..နောက်ထပ်ရိုက်ဖြစ်ရင်လဲတင်ပေးပါဦး..
    ကျုပ်လဲတစ်ခေါက်လောက်တော့အလည်သွားမလားလို့..
    တောက်တဲ့ကရှာလို့မတွေ့သေးဘူး…

Leave a Reply