Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တစ်နှစ်မှာ လူပေါင်း တစ်သန်း လောက် လူကုန်းကူးမှု ရဲ့ သားကောင် အဖြစ် ခံရပါတယ်

လင်းဝေNovember 17, 20111min40913

မနေ့က star movies မှာ လာတဲ့ Trade ဆိုတဲ့ ရုပ်ရှင်ကို ကြည့်မိရင်း ရင်နာနာနဲ့ တွေးမိပါတယ်။
ဇာတ်လမ်းကတော့ မက္ကဆီကို စီးတီးက ကောင်မလေး တစ်ယောက် လူကုန်အကူးခံရတာကို သူ့အကို က ပြန်လိုက်ကယ်တဲ့ အကြောင်းကို ဇာတ်လမ်းလုပ်ပြီး ရိုက်ထားတာပါပဲ။
မက္ကဆီကိုကနေ ဖမ်းလာပြီး အမေရိကန်ပြည်ထောင်စု နယူးဂျာဆီအထိသယ်လာပြီး အင်တာနက်ကနေ တစ်ဆင့် လေလံတင် ရောင်းချတာပါ။ လူကို ကုန်ပစ္စည်းလို ပဲ အရောင်းအဝယ်လုပ်နေကြတာ။
ရုပ်ရှင်ဆိုတဲ့ အတိုင်း လောဂျစ်မျက်စိနဲ့ ကြည့်ရင် မဖြစ်နိုင်တာတွေများပေမယ့် ဒီရုပ်ရှင်ကတော့ ဇာတ်လမ်း ထက် ဖြစ်ပျက်နေတဲ့ အကြောင်းအရာကို မြင်ရစေတယ်။
အဲဒီမတိုင်ခင် လီးယမ်းနယ်လ်ဆင် ပါတဲ့ကားတကားလည်းရှိသေးတယ်။ သူ့သမီးက ပြင်သစ်ကို အလည်သွားတာ လေဆိပ်မှာ လူကုန်ကူးတဲ့သူနဲ့ တွေ့ပြီး ရောင်းစားဖို့ အဖမ်းခံလိုက်ရတာကို ရိုက်ပြထားတာပါပဲ။ သမီးကလည်း အရွယ်ရောက်နေပြီးသား အမေရိက ကနေ ပြင်သစ်ကို သွားလည်တာ။ အဖေလုပ်သူကို နောက်ဆုံးအချိန်လေးမှာ ကပ်ပြီး ဖုန်းဆက်နိုင်လို့ စီအိုင်အေ အဟောင်း အဖေ လုပ်သူက ပြင်သစ်အထိ လာကယ်ပေးတာကို ရုပ်ရှင်ပီပီသသ လူစွန့်စား စွမ်းဆောင်နိုင်သူ အဖေ အဖြစ်နဲ့ ရိုက်ပြထားတာပါ။

မနေ့က ကြည့်ဖြစ်တဲ့ကားကတော့ ဇာတ်လိုက်က အထူးတလည် လုပ်ပြတာ မပါဘဲနဲ့ ကလေးတွေ လူကုန်ကူးခံရတာ။ လူကြီးတွေ အလုပ်ရမယ် ပြောပြီး လူကုန်ကူးခံရတာတွေကို ထိထိမိမိ တင်ပြသွားနိုင်ပါတယ်။ ကြည့်ရင်းနဲ့ တော်တော် စက်ဆုပ်လာမိသလို သားကောင်ဘဝ ရောက်ရရှာသူတွေကိုလည်း အလွန်ပဲ သနားမိတော့တယ်။ သူတို့ မိဘ မောင်ဘွားများ ဘယ်လို ခံစားရမယ်ဆိုတာ လည်း အလွန်မှာ ကိုယ်ချင်းစာမိတယ်။ အဲဒီ ရုပ်ရှင် အဆုံးမှာ စာတန်းလေး ထိုးသွားတာက “ အမေရိကန်ပြည်ထောင်စုထဲကို တစ်နှစ်မှာ လူပေါင်း ငါးသောင်း(၅၀,၀၀၀) လောက် လူကုန်ကူးခံရပြီး ရောင်းစားခံရတဲ့ သားကောင်အဖြစ် ဝင်ရောက်နေပါတယ်တဲ့။ သူတို့ကို ကျနော်တို့ လိုက်မရှာလို့ မတွေ့တာပါတဲ့” နောက်ထပ်စာတန်းတစ်ခုကတော့ “ ကမာ္ဘတစ်ဝှမ်းမှာ နှစ်စဉ် လူပေါင်းတစ်သန်းလောက် လူကုန်ကူးမှု သားကောင်အဖြစ် ရောင်းဝယ်ဖောက်ကားခံနေရပါတယ်တဲ့”။ ဘယ်လောက် ကြောက်စရာကောင်းတဲ့ ကိန်းဂဏန်းလဲဗျာ။ လူကုန်ကူးမှုဟာ ကျား၊မ မရွေး အသက်အရွယ်မရွေး အဆင့်အတန်း မရွေး ကို သားကောင်အဖြစ် ကျဆင်းသွားစေနိုင်ပါတယ်လို့ ဆိုပါတယ်။

မြန်မာပြည်မှာတောင် မန္တလေးဘက်က ရှေ့နေ အမျိုးသမီးကို တရုပ်ပြည်ဘက် ရောင်းစားလိုက်သေးတာ ပြန်လွတ်လာတော့မှ ဂျာနယ်ထဲပါလို့ သိရတော့တယ်။ အခုတစ်လော ကလေးတွေ အဖမ်းခံရတယ်ဆိုတာနဲ့ များ ဆက်စပ်နေသလားမသိပါဘူး။ ဒီတစ်ပါတ် ထုတ် ရန်ကုန်တိုင်းမ် စာစောင်ထဲမှာတော့ ပြန်လွတ်လာတဲ့ ကလေးလေး တစ်ယောက်ကို ဗျူးပြီး ရေးထားတာလေး လည်းပါတယ်။ တကယ် ကလေးတွေ ပျောက်နေတာ မဟုတ်ပါဘူး ဆိုပြီး ငြင်းနေကြသူကြီးများကို ရှာဖတ်စေချင်တာပါပဲ။ အခု ကလေးတွေကို ဖမ်းနေတာက ပေါ်တင်ကြီးဖြစ်နေပါပြီ။ လမ်းပေါ်မှာ နည်းနည်း လူပြတ်တာနဲ့ ဖမ်းသွားတော့တာပါပဲ။ ဟိုရုပ်ရှင်ထဲမှာလည်း ကလေးက မနက်စောစော စက်ဘီးလေး ထစီးတာကို လူပြတ်ချိန်စောင့်နေတဲ့ လူမုဆိုးတွေက ကားနဲ့ နောက်ကနေပြီး လိုက်ဖမ်းတာပါ။ ဥပဒေ စိုးမိုးမှုကို လှောင်ပြောင်သရော်နေသလိုဖြစ်နေပါပြီ။ ရဲတွေ လမ်းပေါ်မှာ ရှိနေတယ်။ ဒီကိစ္စကို စောင့်ကြည့်နေတယ် ဖမ်းဆီးအရေးယူနေတယ် ဆိုရင် လူဆိုးဆိုတာ နည်းနည်းတော့ တွန့်သွားမှာပါပဲ။

ကလေးတွေကို ဖမ်းတာက နှစ်မျိုး နှစ်စားရှိပါတယ်။ တောင်းစားခိုင်းဖို့နဲ့ ကလေးပြည့်တန်ဆာ အဖြစ် ရောင်းချ ဖို့ပါပဲ။ တောင်းစားခိုင်တဲ့ ဂိုဏ်းတွေ တကယ်ရှိသလား မရှိသလားဆိုတာကို တောင်းစားနေတဲ့ ကလေးတွေ အုပ်စုတွေနောက်ကနေ နောက်ယောင်ခံပြီး လိုက်ကြည့်ဖို့ လိုပါတယ်။ သေသေချာချာ ဖိဖိစီးစီး စုံစမ်းစေချင်ပါတယ်။ နောက်ပြီး ပြန်လွတ်လာတဲ့ကလေးတွေနဲ့ အတူ သတင်းတွေ တတ်နိုင်သမျှ လိုက်ယူပြီး ရောင်းစားနေတဲ့ အဖွဲ့တွေကို ဖြိုခွင်းဖို့လိုပါတယ်။ မြန်မာပြည်မှာ လူကုန်ကူးတာကို ကာကွယ်ဖို့ စီမံကိန်းတွေ ချမှတ် လုပ်ဆောင်နေတာကို အသိအမှတ်ပြုပါတယ်။ သို့သော် စီမံချက်တွေအတိုင်း ထိရောက်စွာ တကယ် နှိမ်နှင်းနိုင်ရဲ့လား ဆိုတာတော့ မသိပါဘူး။

တကမာ္ဘလုံးမှာ ဖြစ်နေတဲ့ ကိစ္စဆိုတော့ သိပ်စိုးရိမ်စရာပါ။ ဒီလူသားတွေကို အရောင်းအဝယ်လုပ်တဲ့ ဈေးကွက် ဘာဖြစ်လို့ ပေါ်လာတာလဲ။ လူသားတွေ ရောင်းဝယ်နေကြတဲ့ဈေးကွက် လိုအပ်ချက်က ဘာတုန်း။ အဓိက ကတော့ လိင်ကိစ္စပါပဲ။ နောက်ကတော့ အဓမ္မ လုပ်သားအဖြစ် စေခိုင်းတာ နဲ့ တောင်းရမ်းစားသောက်ခိုင်းတာပါပဲ။ ဒါတွေ ပပျောက်ဖို့ ဆိုတာကတော့ တကမာ္ဘလုံးအတိုင်းအတာအရ ပြည့်တန်ဆာ တွေကို နှိမ်နှင်းဖို့။ ရောင်းသူကော ဝယ်သူကိုပါ ဖမ်းဆီးဖို့။ အခု နိုင်ငံအများစုမှာက ပြည့်တန်ဆာ ဥပဒေမှာ ရောင်းသူကိုပဲ ဖမ်းတာများပါတယ်။ တဏှာအိုးများ ကိုတော့ မဖမ်းရပါဘူး။ ဈေးကွက်လိုအပ်ချက်ကို ဖြစ်စေတဲ့ စားသုံးသူတွေကို အရေးမယူသရွေ့ ဒီ လိုအပ်ချက်ကို ဖြည့်ဆည်းမယ့် အခန်းက ပါလာတာပါပဲ။ ကမာ္ဘကြီးမှာ လူ့ယဉ်ကျေးမှုက အဆင့်မြင့်လာတော့ ချမ်းသာတဲ့ နိုင်ငံတွေမှာ ပြည့်တန်ဆာအဖြစ် လုပ်ကိုင်သူတွေ နည်းပါးလာပြီး အရသာခံစားလိုသူတွေ အရေအတွက်က တက်လာပါတယ်။ ဒီလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ လူကုန်ကူးမှုတွေ တက်လာတာပါ။ ခြိမ်းခြောက်အကျပ်ကိုင်ခံရတဲ့ လိင်လုပ်သားတွေ နဲ့ နောက်ဆုံးမှာ ဘဝကို အရှုံးပေးပြီး မူလ သူတို့ဘဝဆီကို ပြန်မသွားရဲတော့တဲ့ သားကောင်များဟာ ဈေးကွက်အတွင်း သက်ဆင်းရောက်ရှိလာတော့တာပါပဲ။ လိင်ကိစ္စ စားသုံးသူများအနေနဲ့လည်း ၁၅မိနစ်၊ အလွန်ဆုံး ၁နာရီ လောက် ခံစားမှု အယားဖြေဖို့အတွက် လူတွေရဲ့ ဘဝတွေ ပျက်စီးနေတာကို ဆင်ခြင်ဖို့ကောင်းပါတယ်။ ကိုယ် သုံးစွဲတဲ့ ကိုယ်ပျော်ပါးတဲ့ လိင်လုပ်သား ဟာ ဘယ်လို ဒီဘဝ ရောက်လာတယ် ဆိုတာ သေချာသိဖို့ ခက်ပါတယ်။ အကောင်းဆုံးကတော့ ဒီကိစ္စ ကို ဆန့်ကျင်ကြဖို့ပါ။ အခုလောလောဆယ်မှာတော့ ကမာ္ဘကြီးမှာ လိင်ကိစ္စ ဝယ်ယူပျော်ပါးတာကို အပေါ်ယံမှာပဲ ဆန့်ကျင်ကြတာပါ။ ကမာ္ဘ့နိုင်ငံ မြို့ကြီးတိုင်းမှာ ညဘက် (night life) ဆိုတာ အလွန်ကိုမှ စည်ကားပြီး ဘာမှ မဖြစ်သလို ပုရိသတို့ ပွဲကြမ်းနေကြတာပါ။ စီးပွားရေးလုပ်ငန်းနဲ့ ခရီးသွားလာသူတစ်ယောက်ကို အထူးသဖြင့် လုပ်ငန်းရှင်သူဌေးတွေနဲ့ အရေးပါသူ ရာထူးကြီးသူများကို ညဖက်မှာ အဲဒီမြို့၊နိုင်ငံက အိမ်ရှင် စီးပွားဖက် မိတ်ဆွေရင်းချာက လိင်မှုနွယ်တာလေးနဲ့မှ ဧည့်ခံတာမျိုးမလုပ်ရင် နည်းနည်း အေးဆက်ဆက် ဆက်ဆံရေးလို ဖြစ်နေကြပါပြီ။ ဒါလိုလုပ်ရတာကလည်း ရွံရှာစက်ဆုပ်ဖွယ်ရာလို့ ဘယ်ပုရိသ ကမှ မမြင်ကြပါဘူး။ ဒီလို ရေစီးကြောင်းကြီးက ဒီလူကုန်ကူးမှုကို အဓိက ဖြစ်လာစေတာပါ။

နောက်တစ်မျိုး အဓမ္မလုပ်သားအဖြစ် စေခိုင်းခံရတာကတော့ အလုပ်ရှာနေသူများကို ထောင်ဖမ်းတဲ့ နည်းပါ။ လုပ်သားအင်အားရှားပါးတဲ့ တိုင်းပြည်နယ်မြေတွေမှာ labor intensive ကုန်ပစ္စည်းများ ကို ထုပ်လုပ်နေတဲ့ ကုန်ထုတ်လုပ်ငန်းတွေ က ဝယ်လိုအားပါပဲ။ မူလ ကုန်ပစ္စည်းထုတ်လုပ်သူများက လုပ်သားအင်အားပေါတဲ့အချိန်မှာ ကုန်ထုတ်လုပ်ငန်းကို တည်ထောင်ပြီးခါမှ အလုပ်ကြမ်းလုပ်လိုသူတွေ ရှားပါလာတဲ့အခါမှာတော့ အတင်းအကြပ် စေခိုင်ဖို့ အကြောင်းဖန်လာတာမျိုးဖြစ်ပါတယ်။ ဈေးပေါတဲ့ ကုန်ပစ္စည်းကို လုပ်သားအင်အား သုံးပြီး ထုတ်လုပ်ရတော့ လုပ်သားဈေးကွက်က ပေါက်ဈေးကိုလည်း လိုက်မပေးနိုင်ဖြစ်နေတဲ့ အခါမှာ အညစ်ပတ်ဆုံးနည်းလမ်းအဖြစ် မသေရုံတမယ် ပေးကျွေးပြီး အဓမ္မစေခိုင်းတော့တာပါပဲ။ ဒီလို အဓမ္မစေခိုင်းဖို့ လုပ်သားတွေ စုဆောင်းပေးတဲ့သူက လူကုန်ကူးသူဖြစ်လာပြီး ကုန်ထုတ်လုပ်သူက ဝယ်ယူသူ ဖြစ်လာတာပေါ့။ ဒါကလည်း တကမာ္ဘလုံးမှာ ဖြစ်နေတာပါ။ မြန်မာပြည်မှာတောင် မြစ်ဝကျွန်းပေါ်က ဖောင်တွေမှာ လုပ်ဖို့ ညာပြီး အဓမ္မစေခိုင်းခံနေရတာတွေကအစ လှိုင်သာယာက စက်ရုံတစ်ချို့မှာ မှတ်ပုံတင်သိမ်းပြီး လုပ်ခကို တစ်ဝက်ရှင်း တစ်ဝက်ချန်နဲ့ ညစ်ပြီး အလုပ်က မထွက်အောင် လုပ်ထားတာတွေအထိ ရှိနေပါပြီ။ ဒီအတွက်ကတော့ အစိုးရတွေအနေ နဲ့ အလုပ်သမားရေးရာ ဌာနတွေကို အလုပ်ရုံစစ်ဆေးမှု ပိုမိုအားကောင်လာအောင် လုပ်ပေးဖို့။ G to G ပုံစံတွေနဲ့ ကုန်ထုတ်လုပ်ငန်း သဘောသဘာဝ၊ လုပ်သားအင်အား၊ ဈေးကွက် နဲ့ ကုန်ပစ္စည်း တန်ဖိုးတို့ကို လေ့လာပြီး ကမာ္ဘတစ်ဝှမ်းလုံးမှာ အချို့ပစ္စည်းများကို ဖျက်သိမ်းခိုင်းတာ၊ ကုန်ပစ္စည်း အမယ်သစ်နဲ့ အစားထိုးဖို့ စားသုံးသူတွေကို ဖိအားပေးတာ၊ ဆွဲဆောင်တာတွေ လုပ်သင့်ပါတယ်။

လုပ်ငန်းရှင် တစ်ယောက် စီးပွားပြောင်းလုပ်ခိုင်းရတာ ဘာမှ မခက်ပါဘူး။ လူသားအားလုံးရဲ့ အနာဂတ်ကို ခေတ်သစ် ကျွန်စနစ် ဆီ ခြောက်လှန့်နေတာက လူ့ယဉ်ကျေးမှုကို အလွန်အကျဉ်းတန်စေပါတယ်။
ဒီအသိအမြင်နဲ့ ကျနော်တို့ ခေတ် လူ့သမိုင်းကို အားလုံး ကြိုးစားပြီးပြောင်းကြဖို့လိုပါပြီ။

13 comments

  • nozomi

    November 17, 2011 at 4:30 pm

    ပို့စ်လေးကို တော်တော် သဘောကျမိပါတယ်
    star movies မရှိတော့ Trade ကို မကြည့်လိုက်ရဘူး ၊ ကြည့်ချင်လိုက်တာ ၊ အပြင်မှာ အဲဒီဇာတ်လမ်းတွေ အခွေထွက်လားမသိဘူး

    မိဘ တစ်ယောက်အနေနဲ့ ကလေးပျောက်တဲ့ သတင်းတွေက စိတ်ပူစရာပါ ၊ ဘီလူးကြီးပို့စ် တစ်ခုမှာ ကျွန်တော်မန်းထားတာ “ရန်ကုန်တိုင်းဒေသကြီး အတွင်းထဲမှာ ၂၀၁၁ ဇန်နဝါရီ လ ကနေ အောက်တိုဘာလအထိ အသက် ၁၆ နှစ်အောက် ကလေးငယ် ပျောက်ဆုံးမှုဟာ ယောင်္ကျားလေး ၈၁ ၊ မိန်းကလေး ၁၁၃ ရှိတာမှာ ယောင်္ကျားလေး ၅၉ ၊ မိန်းကလေး ၇၆ ပဲ ပြန်တွေ့တယ် ၊ ယောင်္ကျားလေး ၂၂ ၊ မိန်းကလေး ၃ရ ယောက် ကတော့ ပျောက်ဆုံးဆဲ လို့ ဖော်ပြထားတယ်…

    ပျောက်တာက တစ်လ ကို အယောက် ၂ဝ နီးနီးပဲ ၊ အခုထိ ကျန်နေသေးတာ ၅၉ ယောက် ဆိုတာ စိုးရိမ်စရာ ပမာဏ ပဲ ၊ ဒီထဲ ကိုယ့်သား သမီး တူ တူမ များပါနေရင် ငြိမ်ငြိမ်လေး မှ ထိုင်နေနိုင်ပါ့မလား”

    တွေးကြည့်တာနဲ့တင် ငြိမ်ငြိမ်ထိုင်နေလို့ မရတဲ့ အခြေအနေပါ
    တာဝန်ရှိသူတွေက ထိထိရောက်ရောက် ဆောင်ရွက်ဘို့ လိုသလို ၊ ပြည်သူတွေဘက်ကလဲ အသိပညာ ရေချိန်မြင့်ဘို့၊ ပူးပေါင်း ဆောင်ရွက်ဘို့ လိုပါတယ်

    ဒီပို့စ် လို စတုတ္ထမဏ္ဍိုင် တွေရဲ့ အားကတော့ အရေးပါဆုံးလို့ မြင်တာပဲ

  • “ဘီလူးကြီး”ogre

    November 17, 2011 at 6:49 pm

    တာဝန်ရှိတဲ့သူတွေကို အဲဒါကိုကျွန်တော်သဘောမကျတာဗျ
    ခွေးတွေမိတ်လိုက်ပြီးရင် ထွက်ပြေးသလိုပဲ လေ
    ကိစ္စပြီးရင်သူလဲသူမဟုတ်သလိုကိုယ်မလုပ်သလိုနဲ့
    လူမြင်ကွင်းက ထွက်ပြေးသလိုပဲဗျ….။။။။
    တစ်ကယ် ဖြစ်နေရင်တောင် တစ်ကယ်မဟုတ်သလိုလို
    မလုပ်ကောင်းဘူးထင်တာပဲ…
    ကျုပ်တို့မြန်မာပြည်မှာ နောက်ခံသတင်းကြေငြာသူတွေ ရှိနေသေးသမျှ
    တိုက်ရိုက်ထုတ်လွင့်မပြနိုင်သေးသမျှ..
    မီဒီယာကို ကြိုးချည်ထားသမျှ တော့
    အမှန်ဆိုတာ..သူတို့ပြောတဲ့ ကောလဟာပေါ့ဗျာ။။။

  • small cat

    November 17, 2011 at 7:34 pm

    လူကုန်ကူးမှုဆိုတာ တခြား တနိုင်ငံ ၊တမြို့ကိုရောင်းမှ မဟုတ်ပါဘူး၊
    ကိုယ့်မြို့ပေါ်တင် ဖျော်ဖြေရေးလုပ်သားအဖြစ် ခိုင်းစေနေတာတွေရှိပါတယ်၊
    ဒါမေဲ့ လုပ်တဲ့သူတွေကလည်း အခြေအနေအမျိုးမျိုးကြောင့်လုပ်နေရတာပဲ၊ စားဝတ်နေရေးလေ။

    ဝှူးးးးးးးးးးးး ကြောင်ကုန်ကူးမှုတွေ မရှိလို့တော်ပါသေးရဲ့

  • windtalker

    November 17, 2011 at 7:40 pm

    ကိုလင်းဝေကျော် ရေ
    ကျုပ်တို ့ဆီမလဲ ဆေးရုံတွေမှာ ကျောက်ကပ်လှူတာတို ့၊ အသည်းလှူတာတို ့
    ကောင်းကောင်းကြီး မတိုးတက်သေးလို ့ထင်ပါရဲ ့
    အလုခံရတယ် ဆိုတဲ့သတင်းသိပ်မကြားရသေးဘူးဗျာ
    နောက်ဆို ဘယ်လိုနေမလဲ မသိဘူး

    • inz@ghi

      November 17, 2011 at 7:50 pm

      သည်နေရာမှာ တိုက်ဆိုင်လို့ တခုမန့်မယ်ဗျာ
      ကျနော် ဗမာကား မကြည့်တာ ကြာပေါ့
      တခါလား ရန်ကုန်ပြန်တုန်း ဗမာကားတကား အားအားရှိလို့ကြည့်မိပါတယ်…
      ကောင်မလေးက နှလုံးလှူထားတယ်

      မိန်းမရှိတဲ့ဘဲ တဗွေ က သူ့မိန်းမနှလုံးရောဂါသည် အတွက်
      အဲ့သည့် ကောင်မလေးကို ချဉ်းကပ်ပီး သတ်ဖို့ ကြံတာကိုရိုက်ထားတာ ….
      နောက်ဆုံးကောင်မလေး ကိုယ့်ကိုကိုယ် သတ်သေတယ်
      နှလုံးလည်း ရသွားတယ်
      ဟိုဘဲ ထောင်ကျတယ်

      ကုလားကား ပြန်ရိုက်ထားတာတူပါတယ်ဗျာ
      အနှစ်သာရကတော့ ချာတူးလန်နေတာပဲ
      အနည်းဆုံးတော့ မျက်ကြည်လွှာ အသည်း နှလုံး ကျောက်ကပ်
      စတာတွေ လှူမယ့် စေတနာရှင် တွေကို လက်တွန့်အောင်လုပ်တဲ့ကား ဗျ
      personal data ပေါက်ကြားမှု သက်ဆိုင်ရာ ဌာနတွေကို လူတွေ အယုံအကြည်ကင်းမဲ့အောင်ပြုမှု
      စတဲ့ တိုင်းကျိုးပြည်ဖျက်ကားဗျ…
      သည်ကားမျိုး ထွက်လာနိုင်တာ ဆင်ဆာဆြာတွေ ၆၃နည်းနည်းမှမကျဝူး…

  • ပေါက်ဖော်

    November 17, 2011 at 8:23 pm

    တော်တော်.ယုတ်မာ..တော်တော်.အောက်တန်းကျတဲ့လူတွေပါဗျာ

  • naywoonni

    November 17, 2011 at 10:21 pm

    ဘယ်လောက်ပြောပြော ဘယ်သူမှဂရုစိုက်မှာမပါဘူး….။ သူတို့ကို မှမထိသ၍တော့…။ စိတ်ညစ်ဖို့ကောင်းလိုက်တာ………..

  • pooch

    November 17, 2011 at 10:42 pm

    ဟုတ်တယ် အခု အဲ့ဒီပြသာနာလည်း မသေးဘူး တော်တော်လေးကို ဆိုးဆိုးဝါးဝါးဖြစ်လာတာ သတိထားမိတယ်… အစက သိပ်မသိသာဘူး နယ်စပ်လောက်တင် အခု မြို့ကြီးတွေမှာပါ လူကုန်ကူးတာတွေဖြစ်လာကြတယ်…

    နောက် အဲ့ဒီလူကုန်ကူးတာနဲ့ ပတ်သတ်ပြီး အရမ်းဆိုးဝါးတာကြီးက ဘော့စနီးယားမှာ စစ်ပြီးစတုန်းက သွားခဲ့ရတဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးဆိုတဲ့ အဖွဲ့ကြီး ပါဝင်ပတ်သတ်နေတာကို ဖွင့်ချတဲ့ ကား Whistle Blower ကားရှိတယ် … အဲ့ဒီကား ဆုတောင်ရတယ်..

    စစ်ကြောင့် နိုင်ငံမဲ့ သွားတဲ့ မိန်းကလေးတွေ ခိုကိုးရာမဲ့သွားတဲ့ မိန်းကလေးတွေ ကို အဲ့ဒီ နိုင်ငံတကာက လာပြီး တာဝန်ထမ်းဆောင်ပါတယ်ဆိုတဲ့ ရဲတွေကိုယ်တိုင်က စားသုံးပြီး အနို်င်ကျင့် ရောင်းစားပြီး နှိပ်စက်တာ … အားလုံးက နာမည်ပျက်မှာ ကြောက်ပြီး မသိချင်ယောင်ဆောင်နေတဲ့ အချိန်မှာ တာဝန်သိတဲ့ အမျိုးသမီးက သတင်းဌာန တခုကနေ ကမာ္ဘကို ဖွင့်ပြတာ… တကယ့်အဖြစ်အပျက်

    ကြည့်ရင်း ကြက်သီးတွေတောင်ထတယ် ကိုယ့်ညီမ သားချင်းများသာဆိုုဆိုတဲ့စိတ်နဲ့ ယူကြုံးမရဖြစ်မိတယ်….

    ကယ်တင်ရှင်များကိုယ်တိုင်က အစားကြူးတဲ့ လူ့ဘီလူးများဖြစ်နေတာ တော်တော်ရက်စက်တယ် ကြောက်စရာလည်း ကောင်းတယ်…ရုတ်တရက်ကြီး လူတွေကို လူစိတ်တကယ်မရှိတော့ပါလားလို့ တွေးမိတယ်…..

    အဲ့ဒါကြီးက တကယ့်အဖြစ်ပျက်ဆိုတာကြီးကလည်း စိတ်ထဲ အတော် ခါးသီးမိတယ်….

    တဆက်ထဲတွေးမိတာက အဲ့လိုမဖြစ်အောင် ကျမတို့ လုပ်နိုင်တာကတော့ ကိုယ့်တိုင်းပြည်မှာ ကျောင်းနေစအရွယ်မှာကထဲက သိသင့်သိထိုက်တဲ့ အကြောင်းအရားများအားလုံးကို ပညာပေးအနေနဲ့ သိအောင်လုပ်ထားပေးရမယ် … ဒီလို လူကုန်ကူးတတ်တာမျိုးတွေပါ သိအောင်လုပ်ပေးထားရမယ်

  • ဦးလင်းမွေကြော်ပြောတာ နောက်တစ်ကားက Taken ဖြစ်မယ် ထင်ပါတယ်.. ဇာတ်အိမ်လေးကတော့ အတော်ကောင်းပါတယ်… တစ်မြေရပ်ခြားကို သွားရောက်မယ့် မိန်းကလေးများ အထူးသတိပြုသင့်ပါတယ်..

  • nozomi

    November 18, 2011 at 9:13 am

    ကို လဝက ရေ တိုက်တိုက်ဆိုင်ဆိုင် ဗျ ၊ မနေ့ကညနေပိုင်း အခွေဆိုင် ရောက်တော့ အခွေထဲမှာ Trade တွေ့လို့ ဝယ်ကြည့်ဖြစ်တယ် ၊ ဟိုတစ်လောက ရွာထဲမှာ ညွှန်းထားတဲ့ Soul Surf က အခုထိ မတွေ့သေးဘူး Trade က ချက်ချင်း ရလိုက်တယ်

    ဇာတ်လမ်း အစ အဆုံး ကို ကောင်းတာပဲဗျ ၊ ဇာတ်လမ်းကလဲ ပီပြင်တယ် ဒီကားကြည့်လိုက်မိတာနဲ့ လိင်ကျေးကျွန်ဖြစ်နေရတဲ့ မိန်းကလေးတွေ ဒီလိုဘဝ ကလာကြတာပါလားလို့ တွေးမိ၊သနားမိ၊ဆင်ခြင် မိသွားရတယ် မီဒီယာရဲ့ အားသာချက်ပေါ့ ရည်ရွယ်ချက် အောင်မြင်တာပေါ့

    မြန်မာ မှာ ဒီအဖြစ်မျိုး ဒီအဖြစ်ထက်ဆိုးတာမျိုး တွေ အများကြီး ရှိနေတာပဲ ၊ လူကုန်ကူးမှုဇာတ်လမ်းတွေ အပီအပြင် ရိုက်ပြီး လူတွေစိတ်ထဲ ဆောင်ရန် ရှောင်ရန် တွေ ဝင်သွားရမှာ မြန်မာရိုက်တဲ့ကားကြည့်လိုက်ရင် အမျိုးသမီးရေးရာက ဇာတ်လမ်း တဝက်လောက်ပါတယ် ရဲတွေ ဝန်ထမ်းတွေ အားလုံးကလဲ အရမ်းကိုကောင်းလွန်နေကြတယ် တကယ့်သရုပ်မှန် မဟုတ်တော့ ဘယ်သူမှလဲ စိတ်မဝင်စားဘူး အောင်မြင်မှုလဲ မရဘူး ၊Trade ထဲမှာဆို မဟုတ်တာ လုပ်တဲ့ ရဲ အကြောင်းလဲ ပါတာပဲ တကယ့် အပြင်မှာ ဖြစ်နေတာမျိုး ဆိုတော့ စိတ်ဝင်စားပြီး သူတို့နဲ့ အတူ ကိုယ်ပါ စီးမျောသွားတော့တာပေါ့

    Trade ကို ညွှန်းပေးတဲ့ အတွက် ကို လဝက ကြီးကို ကျေးဇူးတင်ပါတယ်နော

  • လင်းဝေကျော်

    November 18, 2011 at 9:51 am

    ကိုနိုဇိုရေ ကြည့်ဖြစ်သွားပြီလား။ ကိုရှုံးပြောတဲ့ နာမည် Taken ဟုတ်တယ်။ မေ့နေတာ။
    Pooch ပြောသလို မြန်မာပြည်မှာလည်း Save the Children မှာလာလုပ်တဲ့ နိုင်ငံခြားသားက ကလေးတွေ ရောင်းစားနေလို့ ထောင်ကျပြီး သူ့နိုင်ငံကို ပြန်ပို့တာ ဂျာနယ်ထဲတောင်ပါလာသေးတယ်။

    ဒီလို လုပ်ပါလား။ လူကုန်ကူးတဲ့ အကြောင်း မြန်မာကား တစ်ကားရိုက်မယ်။ ကိုဘီလူး ကို ရဲလုပ်ခိုင်းမယ်လေ။ ပေါက်ဖော် နဲ့ ရာဇဝင်လူဆိုး တို့က လူဆိုး လုပ်ကြပေါ့။

    • Moe Z

      November 18, 2011 at 10:01 am

      ကောင်းတယ်ရိုက် ဇာတ်လမ်းရေးပေးမယ်
      ဦးလဝက ကဘာလုပ်မှာလဲ 🙂

      • inz@ghi

        November 18, 2011 at 10:22 am

        ဟယ် …မိုးဇိလေးလည်း ဂီဂီတို့လို ဇာတ်လမ်းရေးမယ်ပေါ့နော်…
        ဂီဂီ့ကို နေရာကောင်းလေးပေးနော်…. သင်္ဘောသီးတွေကို ဆိုမာလီတွေ လုပ်ခိုင်း
        တိရား ….မှော်ဆြာ ကတော့ သိတဲ့အတိုင်း…. ဂေး ပေါ့လေ..

        😀

Leave a Reply